အမျိုးအစား  |  odb

ကျောက်ဆောင်သို့ ပို့ဆောင်မူပါ

လေအခြောက်မှုတ်စက် ၀ယ်ရန် စတိုးဆိုင်သို့ သွားစဉ် အမျိုးသမီးကြီးတစ်ဦးမှာ ရှေ့တိုး နောက်ဆုတ်ပုံစံနှင့် လျှောက်လာသဖြင့် ‘‘သူလည်း ဒီစက်လာဝယ်တာထင်တယ်’’ ဟု တွေးမိကာ ဘေးကပ်ပြီး သူ့ကို ဦးစားပေးလိုက်သည်။ ထိုနောက် ကျွန်မတို့၏ ရပ်ကွက်အတွင်းဖြစ်ပွားနေသည့် တုပ်ကွေးဗိုင်းရပ်စ်အကြောင်း ပြောဖြစ်ပြီး သူက တုပ်ကွေးမိပြီးနောက် ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်း နောက်ဆက်တွဲ ဝေဒနာကို ခံစားနေရသည်။

အချိန်ခဏလေးအတွင်း သူက ထိုဗိုင်းရပ်စ်ပိုး အကြောင်း သူ့အထင်အမြင်များကို သမိုင်းကြောင်းချီ၍ ပျစ်ပျစ်နှစ်နှစ်ပြောနေသည်။ ကျွန်မက ဘာလုပ်ရမှန်းမသိဘဲ နားထောင်နေလိုက်သည်။ သူဆိုင်မှ ထွက်ခွာသွားသည့်တိုင် ဒေါသစိတ်မပြေ၊ စိတ်ရှုပ်ထွေးလျက်နှင့် ထွက်သွားသည်။ သူ၏စိတ်ရှုတ်ထွေးမှုကို ဖော်ပြခဲ့ပါသော်လည်း သူ့ကို ကျွန်မ ဘာအကူအညီမှ မပေးနိုင်ခဲ့ပါ။

ဣသရေလလူတို့၏ ဒုတိယမြောက်ရှင်ဘုရင် ဒါဝိဒ်မင်းသည်လည်း ဘုရားသခင်ထံသို့ သူ၏အမျက်ထွက်ခြင်း၊ စိတ်ရှုတ်ထွေးရခြင်းတို့ကို ဖော်ပြလျက်၊ ဆာလံသီချင်းများ ရေးဖွဲ့ခဲ့သည်။ သို့သော် ဘုရားသခင်က နားထောင်ရုံမျှမက…

တိုက်ရိုက်ညွှန်ကြားချက်

ကျွန်မ၏ဒုတိယသမီးသည် သူ့အစ်မ၏အိမ်ခန်း၌ အစ်မ၏ခုတင်ပေါ်တွင်မှ အလွန် အိပ်ချင်သည်။ ထို့ကြောင့် သူ့ကို ညစဉ်အစ်မအိပ်ယာထဲသိပ်ရင်း ‘‘ကိုယ့်အိပ်ယာ ထဲမှာဘဲ အိပ်နော်၊ နားမထောင်ရင် သမီးကို ပုခက်ထဲပြန်သိပ်ရလိမ့်မယ်’’ ဟု တင်းတင်းကြပ်ကြပ်သတိပေးသည်။ သို့သော်လည်း ညစဉ် အခန်းအပြင်ဘက် ရောက်နေသည်ကို တွေ့ရပြီး စိတ်ပျက်စရာ သမီးလေးကို ပုခက်ထဲ ပြန်သိပ်ခဲ့ရသည်။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးမှ ကျွန်မပြန်သိရသည်မှာ သူ့အစ်မက သူ့အခန်းဖော် ညီမလေးကို မလိုချင်၊ ထို့ကြောင့် သမီးငယ်ကို ‘‘အမေခေါ်နေတယ်’’ ဟု တတွင်တွင် ပြောသဖြင့် သမီးငယ်က အစ်မစကားအတိုင်း ကျွန်မကို ထွက်ရှာခြင်းဖြစ်သည်။ ရလဒ်က သူ့ပုခက်ထဲ ပြန်အိပ်ရခြင်းဖြစ်သည်။

မှားယွင်းသောအသံကို နားထောင်မိခြင်း၏ အကျိုးဆက်ကို လူတိုင်းခံယူရသည်။ သူ့ကိုယ်စား မိန့်ကြားရန် လူတစ်ဦးကို ဗေသလမြို့သို့ ဘုရားသခင် စေလွှတ်ခဲ့ရာ သူ့ကို ဘာမှမစားမသောက်ရန်၊ လာရာလမ်းအတိုင်း မပြန်ရန် သေချာစွာ…

နှစ်ချို့ပညာဉာဏ်

၂၀၁၀ ခုနှစ်က စင်္ကာပူနိုင်ငံ၏သတင်းစာတွင် သက်ကြွယ်အငြိမ်းစား ၀န်ထမ်းရှစ်ဦး၏ ဘ၀အတွေ့အကြုံမှ စစ်ထုတ်ကောက်နုတ်ထားသည့် ဘ၀သင်ခန်းစာများပါဝင်သည့် အထူးသတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သည်။ သတင်းအစတွင် ‘‘သက်ကြွယ်ဘ၀က စိတ်နှင့် ခန္ဓာအတွက် စိန်ခေါ်မှုအခက်အခဲများ ယူဆောင်လာစဉ် အခြားသော နယ်ပယ်ကဏ္ဍ တစ်ခုသို့လည်း ထိုးဖောက်သွားသည်။ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာဆိုင်ရာ ဗဟုသုတအသိပညာများ ကြွယ်ဝစွာ ရှိနေပါသည်။ ထိုအရည်အသွေးများကို သိပ္ပံပညာရှင်များက ဖိုးသက်ကြွယ်တို့၏ပညာဟု ယခုတွင် စတင်ခေါ်ဆိုနေပြီ’’ ဟူ၍ သတင်းကို အစပြုထားသည်။

မှန်ပါသည် သက်ကြွယ်များ၏ပညာသည် ကျွန်ုပ်တို့ အတွက် ဘ၀အကြောင်းကို များစွာသင်ကြားပေးနိုင်သည်။ သို့သော် သမ္မာကျမ်းစာ၌ ဤအချက်ကို အသိအမှတ်မပြု ခဲ့သည့် မင်းတစ်ပါးကို တွေ့ရသည်။

ရှောလမုန်မင်းကြီး နတ်ရွာစံသောအခါ ဣသရေလလူတို့သည် စုရုံးစည်းဝေးလျက် မင်းသစ် ရောဗောင် ထံဝင်လျက် ခမည်းတော် ရှောလမုန်မင်း ကောက်ခံသည့် လေးသော အခွန်အခကို ပေါ့စေမည့်အကြောင်း တောင်းလျှောက်ကြသည်။ အပေးအယူအနေဖြင့်…

ယခုတော့ဖြင့် နှုတ်ဆက်ပါသည်။

ကျွန်မ၏မြေးမလေး အယ်လီဇာနှင့် ကျွန်မတို့ကြား၌ နှုတ်ဆက်ခွဲခွာချိန်ရောက်တိုင်း လုပ်နေကျအကျင့်တစ်ခုရှိသည်။ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦးဖက်ပြီး ပြဇာတ်ထဲကလို အသံကျယ်ကျယ်ဖြင့် ၂ စက္ကန့်မျှ မြည်တမ်းကြသည်။ ထိုနောက်မှ ခြေတစ်လှမ်းဆုတ်ပြီး  ‘‘နောက်မှ ပြန်တွေ့မယ်’’ ဟုပြောကာ လှည့်ထွက်သွားကြသည်။ ပြောင်ချော်ချော် အမူအကျင့် ဖြစ်သော်လည်း ‘‘မကြာမီ’’ ပြန်တွေ့ကြမည်ဟု    ကျွန်မတို့နှစ်ဦးသား မျှော်လင့်ချက်ရှိပါသည်။

သို့သော် တစ်ဦးနှင့်တစ်ဦး တွယ်တာကြင်နာသူများ အတွက်မူ ခွဲခွာရခြင်းသည် နာကျင်စရာဖြစ်ပြီး ခံယူရန် ခက်ခဲလှသည်။ ဧဖက်မြို့မှ အသက်ကြီးသူများကို ရှင်ပေါလု နှုတ်ဆက်စကားဆိုသည်တွင် ‘‘နောက်တစ်ဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့်’’၊ ‘‘ထိုသူ အပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကို ဖက်ယမ်းလျက် သူ့ကို နမ်းကြ၏’’ (တ ၂၀း၃၇-၃၈)။

သေခြင်းအားဖြင့် ခွဲခွာရလျက် ဤဘ၀၌ နောက်ဆုံးသောနှုတ်ဆက်စကား ဆိုရချိန်က အနာကျင်ဆုံး အကြေကွဲရဆုံး ဖြစ်သည်။ ထိုသို့…

သူငယ်ကဲ့သို့

ချီးမွမ်းခြင်းသီချင်း၏တေးသွားသံစဉ်နှင့်အညီ ကလေးမလေးတစ်ဦး ၀မ်းမြောက်စွာဖြင့်  လှပကျက်သရေရှိစွာ လှုပ်ရှားလျက် ကနေသည်။ ဘုရားကျောင်းခန်းမ၏အလယ်လူသွားလမ်း၌ သူတစ်ဦးတည်းသာရှိပြီး တေးသွားအလိုက် ခြေဖျားထောက်လိုက်၊ လက်အပေါ် မြှောက်လိုက်၊ တစ်ပတ်လှည့်လိုက်နှင့် စီးမျော ကနေသည်။ သူ့အမေက နှုတ်ခမ်းထက်၌ အပြုံးပန်းဝေလျက် သမီးကို မတားဘဲ ကြည့်နေသည်။

ကျွန်မ ကလေးမလေးကို ကြည့်ရင်း စိတ်ပျော်လာကာသူနှင့်အတူ လိုက်ကချင်သော်လည်း ထွက်မကခဲ့ပါ။ မိမိ ကိုယ်ကို သတိမထားမိလောက်အောင် ၀မ်းမြောက်မှုကို ဖော်ပြခဲ့သည့် ကလေးဘ၀က အချိန်ကို ကျွန်မ ပြန်သတိရ မိသည်။ ကလေးဆန်သည့်အပြုအမူများကိုဖယ်ပြီး ကျွန်မတို့ ကြီးထွားရင့်ကျက်ရမည်ဖြစ်သော်လည်း ၀မ်းမြောက်မှုနှင့် အံ့သြကြည်နူးမှုကို ချုပ်တည်း လက်လွတ်ဆုံးရှုံးခံရန် မဆိုလိုပါ။ အထူးသဖြင့် ဘုရားသခင်နှင့် ကျွန်မတို့၏ဆက်ဆံ ရင်းနှီးအကျွမ်းဝင်မှုတွင် ဖြစ်သည်။

သခင်ယေရှု ဤလောက၌ ကျင်လည်စဉ်က ကလေးသူငယ်များကို ကြိုဆိုခဲ့ပြီး သူ၏ သွန်သင်မှုတွင်လည်း ကလေးသူငယ်ကို ရည်ညွှန်းသည့်အကြောင်းများ ပါရှိသည် (မ ၁၁း၂၅၊ ၁၈း၃၊…

မြက်ပင် သို့မဟုတ် ကျေးဇူးတော်

ကျွန်တော့်သူငယ်ချင်း အာချီသည် ရုံးအားလပ်ရက်တွင် ခရီးထွက်ပြီး အိမ်သို့ပြန် အရောက် သူ၏အိမ်နီးချင်းမှ ငါးပေအမြင့် သစ်တိုင်ခြံစည်းရိုးများဖြင့် သူ့ပိုင်မြေအတွင်း ခြံခတ်ထားသည်ကိုတွေ့ရသည်။ အာချီသည် ခြံစည်းရိုးကိုဖယ်ပေးရန် အိမ်နီးချင်းနှင့် ရက်သတ္တပေါင်းများစွာ ညှိနှိုင်းခဲ့သည်။ ကုန်ကျငွေကိုလည်းမျှ၍ခံပေးရန် သူက ကမ်းလှမ်းသည်။ သို့သော်လည်း မအောင်မြင်ပါ။ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်တန်းနိုင်သော်လည်း သူထိုကဲ့သို့ မလုပ်ပါ။ ဘုရားသခင်၏ကျေးဇူးတော်ကို သူ့အိမ်နီးချင်းအား ပြသလိုသောကြောင့်ဖြစ်သည်။

“အာချီသည် သူရဲဘောကြောင်သူဖြစ်သည်။” ဟု သင်ထင်ကောင်းထင်မည်။ မဟုတ်ပါ။ သူသည် ခွန်အားနှင့် ပြည့်ဝသူဖြစ်သည်။ သူပိုင်သော မြက်ခင်းလေး တစ်ကွက်စာကို မနှမျောဘဲ ကျေးဇူးတော်သက်သက်ကို ပြသလို၍ ထိုသို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

အာဗြံနှင့်လောတတို့သည်လည်း မိမိတို့ပိုင်ဆိုင်သော တိရိစ္ဆာန်များကြောင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြရသည်ဟု ကျွန်တော်ယူဆပါသည်။ အာဗြံ၏ နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား (မယုံကြည်သူများ)တို့သည် ထိုပြည်၌ နေကြ သတည်း”…

ဘုရားသခင်က ကျွန်ုပ်တို့ကို ဖြည့်ဆည်းပေးသောအခါ

“ငါဘာလုပ်ခဲ့မိတာလဲ” ဟုမေးမိချိန်သည် ဘဝ၏စိတ်အလှုပ်ရှားရဆုံးသောအချိန် ဖြစ်သင့်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ကျွန်ုပ်အတွက် အထီးကျန်ခြင်းကိုသာ ဖြစ်စေ ခဲ့သည်။ အဖြစ်က ဤသို့ဖြစ်သည်။ တက္ကသိုလ်အောင်ပြီးနောက် ပထမဦးဆုံးသော အလုပ်တစ်ခုကို ကျွန်ုပ်ကြီးပြင်းလာသောဇာတိမြို့နှင့် မိုင်ပေါင်းရာချီဝေးသော မြို့ကြီး တစ်မြို့တွင် ရရှိခဲ့သည်။ မကြာမီပင် ထိုစိတ်လှုပ်ရှားမှုကြီး   ပျောက်ကွယ်သွားသည်။ ပရိဘောဂများမရှိသည့် တိုက်ခန်း သေးသေးလေးတွင်နေရပြီး ထိုမြို့ကိုလည်းမကျွမ်း၊ ထိုမြို့မှလူတစ်ဦးတစ်ယောက်ကိုမျှလည်း မသိ။ အလုပ်က စိတ်ဝင်စားစရာကောင်းသော်လည်း အထီးကျန်မှုက ကျွန်ုပ်စိတ်ကို ကြေမွစေသည်။

တစ်ညတွင် နံရံကိုမှီ၍ထိုင်ကာ ကျမ်းစာအုပ်ကို ဖွင့်လျှက် လှန်လှော်၍ကြည့်စဉ်၊ ဆာ ၁၆ ငယ် ၁၁ မှ ဘုရားသခင်၏ကတိတော်က ကျွန်ုပ်၏စိတ်နှလုံးကို ဖြည့်ဆည်းပေးသည်။ “အိုအဘ၊ ကျွန်ုပ်ကို ပေးထားသော အလုပ်သည် ကျွန်ုပ်နှင့်ကိုက်ညီသောအလုပ် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်အလွန် ငြီးငွေ့ ပါ၏။ ကိုယ်တော် ကျွန်ုပ်နှင့်နီးကပ်စွာရှိနေကြောင်းကို ကျွန်ုပ်အား…

ကိုယ်တော်အတွက်တန်ဖိုးရှိသူဖြစ်ပါစေ

သူ့အမည်ရင်းမှာ ဒေးဗစ်ဖြစ်သည်။ သို့သော်လည်း သူ့အား “လမ်းပေါ်မှတယောပညာရှင်” ဟုခေါ်ဝေါ်ကြသည်။ ဒေးဗစ်သည် ဖရိုဖရဲနေတတ်သော အသက်ကြီးသူတစ်ဦးဖြစ်ပြီး မြို့ပေါ် လူစည်ကားသည့်နေရာများတွင် ဖြတ်သွားဖြတ်လာသူများအား သူ၏တယောဖြင့် ကျွမ်းကျင်စွာ တီးခတ်ဖျော်ဖြေပေးသူတစ်ယောက်ဖြစ်သည်။ နားထောင်သူများကလည်း သူ၏တီးခတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် သူရှေ့တွင်ချထားသော တယောအိတ်ထဲသို့ ငွေများကိုထည့်ပေးသည်။ ဒေးဗစ်က ပြုံးပြီး ခေါင်းငြိမ့်ကာ တယောကို ဆက်၍ တီးခတ်သည်။ မကြာမီက ဒေးဗစ် ကွယ်လွန်သွားသည့်အခါ သတင်းစာတွင် သူ၏နာရေးကြော်ငြာပါလာသည်။ သူသည် ဘာသာစကားများစွာ ပြောတတ်သူ၊ အထင်ကရတက္ကသိုလ် တစ်ခုမှ ဘွဲ့ရထားသူ၊ ထို့ထက်မက သူသည် လွန်ခဲ့သော နှစ်များက လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက် အရွေးခံသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ အချို့သူများက သူ၏အပြင်ပန်းသဏ္ဌာန်ကိုသာကြည့်ပြီး အကဲဖြတ်ခဲ့ကြ၍ သူ၏အောင်မြင်မှုများအတွက် အံ့သြမိကြသည်။

ကျမ်းစာမှ “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့် အညီ လူကိုဖန်ဆင်းတော်မူ၏။” (က၁း၂၇)ဟု ကျွန်ုပ်တို့အား ဖော်ပြထားသည်။ ထိုအချက်က…

ဖုန်းသုံးရန်သတ်မှတ်ထားသောနယ်မြေ

ဆဲလ်ဖုန်းတို့၏အားသာချက်တစ်ခုမှာ အခြားသူများထံသို့ မည်သည့်နေရာမှမဆို ဆက်သွယ်နိုင်ခြင်းပင်ဖြစ်သည်။ လူအများက မော်တော်ကားမောင်းနေစဉ် ဖုန်းဖြင့်စကား ပြောခြင်း၊ စာတိုပို့ခြင်းများ ပြုလုပ်ကြသဖြင့် ပြင်းထန်သောယာဉ်တိုက်မှုများ ဖြစ်ပေါ် စေသည်။ ထိုသို့ ပြဿနာများမဖြစ်စေရန် ကမ္ဘာ့နေရာတော်တော်များများတွင် အာရုံ ထွေပြားစေမည့် ကားမောင်းနှင်ခြင်းအမှုကို တရားဥပဒေ အရ ခွင့်မပြုပါ။ အမေရိကန်နိုင်ငံ၏ အဝေးပြေးလမ်းမများ ပေါ်တွင် ဆဲလ်ဖုန်းဖြင့် ဖုန်းပြောလိုလျှင်သော်လည်းကောင်း၊ စာတိုပို့လိုလျှင်သော်လည်းကောင်း ပြောနိုင်ပို့နိုင်ရန် နေရာများ သတ်မှတ်ထားပြီး ဖုန်းသုံးလိုပါက လမ်းဘေးတွင် ကားကို ရပ်ပြီး လုံခြုံစိတ်ချစွာ စိတ်ကြိုက်သုံးနိုင်ကြောင်း လမ်းဘေးသတိပေးဆိုင်းဘုတ်များဖြင့် အသိပေးထားသည်။

ယာဉ်မောင်းများအား ဖုန်းသုံးစွဲမှုများကို တားမြစ်ကန့်သတ်ထားသော်လည်း အခြားတစ်ဘက်တွင် အကန့်အသတ်မရှိဆက်သွယ်နိုင်သောအရာမှာ - ဆုတောင်းခြင်း ပင်ဖြစ်သည်။ ဘုရားသခင်က သွားလာသည့်အခါသော်လည်းကောင်း၊ ငြိမ်သက်စွာ ထိုင်နေလျှင်သော်လည်းကောင်း၊ အချိန်မရွေး သူအားခေါ်ရန်ပြောရန် ဖိတ်ခေါ်လျက် ရှိသည်။ ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက ဘုရားသခင်နှင့်ဆက်သွယ်လိုပါက “မခြားမလပ်ဆုတောင်းရန်” (၁ သက် ၅း၁၇)…

ကျွန်ုပ်တို့သည် မကျိုးမပဲ့ မပျက်မစီး

ကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦးအနေဖြင့် အရာရာတိုင်း သာယာခြောက်သွေ့ခြင်းကယ်လီဖိုးနီးယားပြည်နယ်သားတစ်ဦးအနေဖြင့် အရာရာတိုင်း သာယာခြောက်သွေ့ခြင်းကိုသာ နှစ်သက်သည်။ ချမ်းအေးခြင်းဟူသမျှနှင့် ခပ်ကင်းကင်းနေသည်။ သို့ရာတွင် နှင်းများဖြင့် ဝေဆာနေသောလှပသည့်ဓာတ်ပုံများကိုဖြင့် ကျွန်မနှစ်သက်သည်။အီလီနွိုက်ပြည်နယ်မှသူငယ်ချင်းက သူ၏ပြတင်းပေါက်အပြင်ဘက် ဆောင်းရာသီ ရှုခင်းပုံများကို ပြလျှင် ကျွန်မ မပြုံးဘဲ မနေနိုင်။ သို့သော် ရေခဲပုံဆောင်ခဲများ၏အလေးချိန်ကြောင့် သစ်ကိုင်းများ ကိုင်းညွတ်နေသည်ကိုတွေ့ရသောအခါ ၀မ်းနည်းမိသည်။

ရေခဲပုံဆောင်ခဲများ၏အလေးချိန်ကို သစ်ကိုင်း မကျိုးမီအထိ မည်မျှကြာကြာ ခံစားနေရမည်နည်း။ နှင်းခဲ၏ ဖိစီးမှုကြောင့် အကိုင်းကျိုးတော့မည်ကို ကြည့်ရင်း စိတ်သောက ဖိစီးမှုကြောင့် ကိုင်းညွှတ်နေသည့် ကျွန်မ ပုခုံးကို သတိပြုမိစေသည်။

သခင်ယေရှုက မတည်မြဲသောလောကီအရာများသည် ရတနာအစစ်အမှန်များ မဟုတ်ကြောင်းကို အတည်ပြုပြောဆိုခဲ့သည်။ ထို့ကြောင့် မိမိတို့၏ပူပင်သောကများကို စွန့်လွှတ်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ စကြ၀ဠာကြီးကိုဖန်ဆင်းသူ၊ ထိန်းသိမ်း စောင့်ရှောက်သူသည် သူ၏သားသမီးများကိုချစ်ပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေး သဖြင့် ပူပင်သောကများဖြင့် အချိန်မဖြုန်းသင့်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်ကိုသိပြီး ကျွန်ုပ်တို့ကို…