အမျိုးအစား  |  odb

သစ္စာတည်ရန် သတ္တိ

ကြောက်ရွံ့ခြင်းသည် ဟာဒဿ နှင့် အမြဲမပြတ်ရှိနေသောအဖော်ဖြစ်သည်။ ဟာဒဿ သည် ၁ ရာစုနှစ်က သက်ရှင်နေထိုင်ခဲ့သည့် ဂျူးအမျိုးသမီးငယ်လေးတစ်ဦး ဖြစ်ပြီးစာရေးဆရာ Francine Rivers ၏ A Voice in the Wind စာအုပ်မှစိတ်ကူးယဉ် ဇာတ်ကောင်တစ်ဦးဖြစ်သည်။ ဟာဒဿ သည် ရောမမိသားစုတစ်ခု၌  ကျွန်ခံရပြီး နောက်ပိုင်း ခရစ်တော်ကို သူယုံကြည်ခဲ့သည်တွင် နှိပ်စက် ညှဉ်းဆဲခြင်းခံရမည်ကို ကြောက်ရွံ့နေသည်။ ခရစ်ယာန် များသည် ရွံရှာမုန်းတီးခံရကြကြောင်း၊ လူမြောက်မြားစွာ သတ်ဖြတ်ခံရကြောင်း၊ အရီနာကွင်း၌ ခြင်္သေ့စာ အကျွေးခံရ ကြောင်းကို သူသိသည်။ စစ်ကြောခြင်းခံရလျှင် သမ္မာတရား အတွက်ရပ်တည်ရန် သူ၌ ခွန်အားရှိပါမည်လား။

သူအကြောက်ရွံ့ဆုံး  အစိုးရိမ်ဆုံးအမှု အမှန်တကယ်ဖြစ်လာသောအခါ ခရစ်ယာန် ဘာသာကို မုန်းတီးကြသော သူ့သခင်မနှင့် အခြားရောမအရာရှိများနှင့် သူရင်ဆိုင်တွေ့ရ တော့သည်။ သူ၌ ရွေးချယ်စရာ နှစ်ခုရှိသည်။ ခရစ်တော်၌ ယုံကြည်ခြင်းကို…

ခွန်အားအစွမ်းရမည့်အရပ်သို့ ပြေးခြင်း

‘‘တိုက်ကွက် - ၄’’  အထက်တန်းကျောင်း၌ ကျွန်ုပ် ဓားသိုင်းအားကစား စတင်ကစားစဉ်ကကျွန်ုပ်၏နည်းပြက သူရွှေ့လိုက်သည့် တိုက်ကွက်ကို ပြန်လည်ခုခံရန် မှန်ကန်သည့် အနေအထား တိုက်ကွက်ကို အော်ပြောပေးသည်။ သူ ပြင်းပြင်းထန်ထန် ဖိတိုက်လာသော် ပြန်လည်တိုက်ခိုက်နိုင်ရန် ကျွန်ုပ်မှာ နားစိုက်ထောင်ကာ ချက်ခြင်းတုံ့ပြန်ရသည်။

ထိုသို့ နိုးနိုးကြားကြားနှင့် နားစိုက်ထောင်ခြင်းက မတရားသောမေထုန်ပြုရန် ဖြားယောင်းခံရစဉ် ကျမ်းစာ၏ သွန်သင်ချက်ကို ချက်ခြင်းနာခံတတ်ရန် စေ့ဆော်ပေးသည်။ ၁ ကော ၆း၁၈ ၌ ရုပ်တုကိုးကွယ်သူများ၏ဗိမာန်ရှိ လိင်ကျွန်ဘုရားမများနှင့်  ဆက်ဆံရန် သွေးဆောင်ခံရသည့် ယုံကြည်သူများကို ရှင်ပေါလုက ‘‘မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့’’ဟု မိန့်ကြားခဲ့သည်။ ရံဖန်ရံခါ ခက်ခဲ သော အခြေအနေများ၌ ကျွန်ုပ်တို့ ‘‘ခိုင်ခိုင်မာမာ’’  ရပ်တည် ရသော်လည်း (ဂလာ ၅း၁၊ ဧ ၆း၁၁)၊ ဤနေရာတွင် ကျမ်းစာက ‘‘ရှောင်ပြေးကြလော့’’ ဟု  ကျွန်ုပ်တို့အတွက်…

အားလုံးကို ချစ်သည်

၂၅ မိုင် ရှည်လျားပြီး၊ ၁၅ မိုင် ကျယ်ဝန်းသော စင်္ကာပူကျွန်းလေးပေါ်မှ ရှားရှားပါးပါး ကွင်းပြင်ကျယ်၌ တည်ဆောက်ထားသော အသင်းတော်၌ ကျွန်ုပ်သွားရောက်ဝတ်ပြု ခဲ့သည်။ လွန်လေပြီးသောအချိန်က နိုင်ငံရပ်ခြားမှ ကျွန်ုပ်တို့နိုင်ငံတွင် လာအလုပ်လုပ်ကြ သူများသည် တနင်္ဂနွေနေ့ရောက်တိုင်း အသင်းတော်ပိုင်မြေပေါ်၌ လာရောက်ပြီး ပျော်ပွဲစား ထွက်ကြသည်။

ဤကိစ္စကြောင့် အသင်းတော်သို့ လာရောက်ဝတ်ပြု သူများ၏တုံ့ပြန်မှုအသံမျိုးစုံ ထွက်လာသည်။ အချို့က လည်ပတ်သူများက အမှိုက်သရိုက်များ ချန်ရစ်ထားခဲ့ မည်ကို ပူပန်ကြသည်။ အချို့ကလည်း အသင်းတော်ပိုင် မြေ၀ိုင်းလေးမှ ဘယ်မှသွားစရာမလိုဘဲ ရောက်လာကြသည့် သူစိမ်းဧည့်သည်အုပ်စုကို အိမ်ရှင်မှ ဧည့်ဝတ်ကျေပြွန်မှု ပြသရန် ဘုရားရှင်ပေးသော အခွင့်အရေးဟု မြင်ကြသည်။

ဣသရေလလူများသည်လည်း သူတို့ခေတ်အချိန်၌ အလားတူ အဖြစ်မျိုး ကြုံဆုံ ခဲ့ရပါလိမ့်မည်။ သူတို့၏နိုင်ငံသစ်တွင် အခြေချနေထိုင်ပြီးနောက်ပိုင်း အခြားသူများနှင့် မည်သို့ဆက်သွယ်ဆက်ဆံရမည်ကို ရုန်းကန်အဖြေရှာခဲ့ရသည်။ သို့သော် ဘုရားသခင်က တိုင်းတစ်ပါးသားများကို…

သခင်ဦးဆောင်ရာသို့ လိုက်ပါခြင်း

ကျွန်တော်ငယ်စဉ်က အသင်းတော်၏တနင်္ဂနွေနေ့ညနေပိုင်း ၀တ်ပြုစည်းဝေး အစီအစဉ်ကို စောင့်မျှော်နေမိသည်။ တနင်္ဂနွေညအစီအစဉ်သည် ကျွန်တော်တို့အတွက် သာသနာပြုဆရာ (သို့) အထူးဖိတ်ကြားထားသည့် ဆရာများဟောပြောဝေငှသည့် တရားဒေသနာကို ကြားနာရမည့်အချိန်ဟု အဓိပ္ပာယ်သက်ရောက်သည်။ ထိုအချိန်က စိတ်လှုပ်ရှား ပျော်ရွှင်စရာဖြစ်သည်။ ထိုဆရာများသည် မိသားစုနှင့်မိတ်ဆွေများ၊ ၎င်းတို့၏အချိန်၊ နေရပ်၊ စည်းစိမ်နှင့် အလုပ်အကိုင်များကို စွန့်ပြီး တစ်စိမ်းတစ်ရံကြား၊ အကျွမ်းမ၀င်သောအရပ်၊ တစ်ချို့ဆိုလျှင် အသက်အန္တရာယ် ရှိသည့် အရပ်ဒေသများသို့ သွားပြီး ဘုရားသခင်ကို အစေခံ ကြခြင်းကြောင့် ၎င်းတို့၏ဝေငှသက်သေခံချက်များက ကျွန်တော့်အတွက် နိုးဆော်မှုဖြစ်သည်။

ထိုသာသနာပြုဆရာများနည်းတူ ဧလိရှဲသည် ဘုရားသခင်၏ နောက်တော်လိုက်လျှောက်ရန် အရာများစွာကို စွန့်ခဲ့ရသည် ( ၃ ရာ ၁၉း၁၉-၂၀)။ ဧလိယအားဖြင့် ဘုရားသခင် သူ့ကိုအမှုတော်အတွက် မခေါ်မီက သူသည် လယ်သမားဖြစ်သည်ဟူသည့် အချက်မှလွဲ၍ သူ့အကြောင်းကို ကျွန်တော်တို့ မသိရပါ။ တစ်နေ့ သူလယ်ထွန်နေစဉ်၊ ပရောဖက်ဧလိယ…

ရှေ့ပြေးအဖွဲ့

ကျွန်မ မိတ်ဆွေတစ်ဦးသည် လက်ရှိ သူနေထိုင်နေသည့် ဇာတိမြို့မှ မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးကွာသည့် မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေသည်။ သူတို့ဇနီးမောင်နှံသည် ပြောင်းရွှေ့မည့်ကိစ္စကို တာဝန်ခွဲဝေယူကြသည်။ ခင်ပွန်းသည်က မြို့ပေါ်၌ နေထိုင်မည့်ကိစ္စကိုစီစဉ်ပြီး သူက အိမ်၌ပစ္စည်းများ သိမ်းဆည်းထုတ်ပိုးသည်။ သူက နေရာသစ်၊ အိမ်သစ်၏အနေအထားကို ကြိုတင်သွားကြည့်ခြင်းလည်းမရှိ၊ အိမ်ရှာသည့်ကိစ္စ၌လည်း မပါခဲ့ဘဲ ပြောင်းရွေ့ရန် သတ္တိရှိသည့် သူ့ကို ကျွန်မအံ့သြမိသည်။ အဘယ်ကြောင့် စိတ်ချလက်ချ ရှိနေနိုင်သည်ကို မေးမြန်းကြည့်ရာ၊ သူအနေနှင့် စိုးရိမ်စိတ် ရှိကြောင်း ၀န်ခံပြီး အိမ်ထောင်သက်တစ်လျှောက်လုံးတွင် ခင်ပွန်းသည်က သူ့အကြိုက်၊ သူ့လိုအပ်ရာကို ကောင်းစွာ သိရှိပြီး ဖြည့်ဆည်းပေးခြင်းကြောင့် ခင်ပွန်းသည်ကို သူစိတ်ချနိုင်ခြင်းဖြစ်ကြောင်း ပြောပြသည်။

အထက်ခန်းတွင် သခင်ယေရှုသည် သူအပ်နှံခံရမည့်အကြောင်းနှင့် အသေခံ ရမည့်အကြောင်းများကို တပည့်တော်တို့အား ပြောပြသည်။ ၎င်းသည် သခင်ယေရှု၏ လောက အသက်တာ အမှောင်ကျသည့် အချိန်နာရီဖြစ်ပြီး တပည့်တော်တို့၏…

ကျေးဇူးတော်ခွက်ဖလား

ကွန်ပြူတာဖြင့် ကျွန်မအလုပ်လုပ်နေစဉ် အီးမေးဝင်လာကြောင်း အချက်ပြ စာတန်းလေး ပေါ်လာသည်။ စိတ်ဝင်စားစရာပါ။ ‘‘သင်သည် ကောင်းချီးမင်္ဂလာဖြစ်သည်’’တဲ့။

သိချင်ဇောဖြင့် စာကို ဖွင့်ဖတ်လိုက်ရာ အဝေးတစ်နေရာရှိ မိတ်ဆွေတစ်ဦးက ကျွန်မတို့မိသားစုအတွက် ဆုတောင်းပေးနေကြောင်း ပြောလာသည့်စာဖြစ်နေသည်။ သူက မီးဖိုချောင်ရှိ စားပွဲပေါ်တွင် ‘‘ကျေးဇူးတော်ခွက်ဖလား’’  ထားရှိပြီး ဓာတ်ပုံပါရှိသည့် ခရစ်စမတ်ကတ်လေးတစ်ခု ထည့်ထားသည်။ ပြီးနောက် ဓာတ်ပုံထဲရှိမိသားစုအတွက် အပတ်တိုင်း ဆုတောင်းပေးသည်။ သူ့စာ၌ ‘‘သင်တို့ကို အောက်မေ့သောအခါခါ ... ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏’’ ဟူသည့် ကျမ်းပိုဒ်ကို ရေးထားပြီး ဘုရားသခင်၏ မေတ္တာတော်ကို အခြားသူများနှင့်ဝေမျှသည့် ကျွန်မတို့၏ သာသနာလုပ်ငန်းအတွက် အလေးထားကြောင်း ဖော်ပြ သည်။ သူသည် ဧဝံဂေလိတရား အဖို့အလိုငှာနှင့် ကျွန်မတို့နှင့် အတူဝန်ထမ်းခြင်းတည်း။

ကျွန်မသူငယ်ချင်းက ထိုကျမ်းချက်လေးကို ကျွန်မထံ တမင်တကာ ပို့ပေး လိုက်ခြင်း ဖြစ်သည်။ ထိုစာကို…

ငါ့ကို စိတ်ချပါ။

ကောလိပ်ကျောင်းအောင်ပြီးနောက် လစာမကောင်းသည့်အလုပ်တစ်ခုကို ကျွန်မဝင်လုပ် သည်။ ငွေကြေးအတော် ကြပ်တည်းခဲ့၍ ထမင်းနောက်တစ်နပ် စားဖို့ပင် မလောက်ငှခဲ့ပါ။ ထို့ကြောင့် ကျွန်မကို နေ့စဉ်ကျွေးမွေးရန် ဘုရားသခင်ကို အားကိုးရန် သင်ယူခဲ့ရသည်။

ထိုအခါ ပရောဖက်ကြီးဧလိယ၏အတွေ့အကြုံကို ကျွန်မပြန်သတိရမိသည်။ သူလည်း နေ့စဉ်စားရေးသောက်ရေးအတွက် ဘုရားရှင်ကို အားကိုးခဲ့ရသည်။ ဣသရေလပြည်၌ မိုးခေါင်စေမည် အကြောင်း ဘုရားသခင်၏စီရင်ခြင်းကို ပရောဖက်ပြု ဟောကြား ပြီးသည့်နောက် ဘုရားသခင်က သူ့ကို တောအရပ် ခေရိတ်ချောင်းသို့ ပို့ဆောင်ခဲ့ပြီး ကျီးအကို အသုံးပြုလျက် ဧလိယအတွက် အစာများ ပို့ဆောင်ပေးသည်။ ချောင်းထဲမှ ရေများက သူ့ကို ရွှင်လန်းစေခဲ့သည် (၃ ရာ ၁၇း၁-၄)။

သို့သော် မိုးခေါင်သောကာလတွင် တဖြည်းဖြည်းနှင့် ချောင်းရေခမ်းခြောက် သွားသည်။ ထိုအခါ ဘုရားသခင်က ‘‘ဇိဒုန်ပြည်၊ ဇရတ္တုမြို့သို့သွား၍ နေလော့။ ထိုမြို့၌ နေသော မုဆိုးမတစ်ယောက်သည် သင့်ကို…

အပြစ်အနာအဆာ

ကျွန်ုပ်တို့ရပ်ကွက်အနီးဝန်းကျင်၌ ခိုလှုံသူဒုက္ခသည်များကို နေရာချပေးသဖြင့် ဤ ဧရိယာအတွင်းရှိ အသင်းတော်များတွင် တက်ရောက်သူ များပြားတိုးပွားလာသည်။ ဤတိုးပွားမှုနှင့်အတူ စိန်ခေါ်မှုများလည်းရှိသည်။ အသင်းသားများက ယဉ်ကျေးမှုချင်း၊ ဘာသာစကားချင်းမတူ၊ ၀တ်ပြုပုံချင်းမတူသည့် လူသစ်များကို မည်သို့ကြိုဆိုရမည်ကို သင်ယူရသည်။ ဤမတူညီမှုများက ကသိကအောင့် အခြေအနေများကို ဖြစ်စေနိုင်သည်။

နားလည်မှုလွဲခြင်း၊ သဘောထား မတိုက်ဆိုင်ခြင်း များကို နေရာတကာ၌ ကြုံဆုံရတတ်သည်။ အသင်းတော် ၌လည်း ဤပြဿနာနှင့် မကင်းပါ။ ဤသို့ မတူညီမှုများကို ကောင်းစွာ မဖြေရှင်းနိုင်လျှင် ကွဲပြားမှုများ ဖြစ်သွားနိုင်သည်။

ယေရုရှလင်မြို့ရှိ ကနဦးအသင်းတော်သည် တိုးပွား လာသည့် တစ်ချိန်တည်းမှာ  ကွဲပြားသောယဉ်ကျေးမှု အက်ကြောင်းကိုလိုက်ပြီး  ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ ဂရိစကားပြော ဟေလေနစ်ဂျူးများက အာရမစ်စကားပြော ဂျူးများကို အပြစ်တင်ကြသည်။ ‘‘တပည့်တော်တို့သည် ... နေ့ရက်အစဉ်တိုင်း လုပ်ကျွေးသောအခါ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍…

နေရာတိုင်းတွင်ရှိခြင်း၊ မည်သည့်နေရာတွင်မှ မရှိခြင်း

မိတ်ဆွေတစ်ဦး၏မိသားစုတွင် ကျွန်တော်တို့နှင့်ဘ၀တူ ဆယ်ကျော်သက်သမီးလေး လင်းဆေးကို ကားမတော်မဆတိုက်မှုဖြင့် ဆုံးရှုံးခဲ့ရပြီး ဒေသခံသတင်းစာ၌ မိခင်က သမီးမိတ်ဆွေတစ်ဦး၏မိသားစုတွင် ကျွန်တော်တို့နှင့်ဘ၀တူ ဆယ်ကျော်သက်သမီးလေး လင်းဆေးကို ကားမတော်မဆတိုက်မှုဖြင့် ဆုံးရှုံးခဲ့ရပြီး ဒေသခံသတင်းစာ၌ မိခင်က သမီးအတွက် ချီးကျူးဂုဏ်ပြုစာတစ်စောင် ရေးခဲ့သည်။  ဓာတ်ပုံများစွာနှင့် အမှတ်ရစရာများကို တစ်အိမ်လုံးအနှံ ကပ်ထားသည့်အကြောင်းများကို ဖွဲ့နွဲ့ရေးပြီး ‘‘နေရာတိုင်းတွင် သမီးလေး ရှိသည်၊ သို့သော် မည်သည့်နေရာတွင်မှ သမီးမရှိ၊’’ ဟု ရေးသားထားသည်။ ထိုစာသားက အထိမိဆုံးဖြစ်သည်။

ဓာတ်ပုံမှတစ်ဆင့် သမီးလေးသည် ကျွန်မတို့ကို ပြန်၍ ပြုံးပြနေသော်လည်း ထိုအပြုံးကို ဖြစ်စေသော သက်ရှိ ရုပ်ခန္ဓာဖြင့် မည်သည့်နေရာတွင်မှ မတွေ့နိုင်၊  သမီးက ကျွန်တော်တို့၏နှလုံးသား၌၊ အတွေးထဲ၌၊ ဓာတ်ပုံများ၌  နေရာတိုင်းတွင် ရှိသည်။ သို့သော် မည်သည့်နေရာတွင်မှ သူတို့ရှိမနေ။

သို့သော် လင်းဆေး နှင့် မယ်လီဇာ တို့ မည်သည့်…

မိတ်ဆွေဖြစ်လေ့မရှိသည့်တိရိစ္ဆာန်များ

ဖေ့ဘွတ်မှကျွန်မ၏သူငယ်ချင်းများသည် တစ်ကောင်နှင့်တစ်ကောင် မတည့်သော တိရိစ္ဆာန်လေးများ အတူတကွ ချစ်ခင်စွာရှိနေသော ဗီဒီယိုများကို တင်လေ့ရှိကြသည်။ မကြာမီက  ခွဲမရအောင်ဖြစ်နေသော ခွေးနှင့်ဝက်၊ သမင်နှင့်ကြောင်၊ ကျားပေါက်လေး များကို ပြုစုစောင့်ရှောက်နေသောမျောက်ဝံ စသည့် ဗီဒီယိုများကို ကြည့်ခဲ့ရသည်။

ဤသို့ ဖြစ်လေ့ဖြစ်ထမရှိသော ရင်းနှီးမှုများကို တွေ့ရသောအခါ ဧဒင်ဥယျာဉ်၏သရုပ်ကို အမှတ်ရမိသည်။ အာဒံနှင့်ဧ၀သည် ဘုရားသခင်နှင့်သော်လည်းကောင်း၊ သူတို့ အချင်းချင်းသော်လည်းကောင်း လိုက်လျောညီထွေစွာ နေထိုင်ခဲ့သည်။ အစာအတွက် အပင်ကို ဘုရားရှင် ပြင်ဆင် ပေးသောကြောင့် တိရိစ္ဆာန်များလည်း ငြိမ်းချမ်းစွာ အတူ နေထိုင်ခဲ့မည်ဟု ကျွန်မတွေးထင်မိသည် (က ၁း၃၀)။ သို့သော် ဤချမ်းမြေ့ဖွယ်မြင်ကွင်းသည် အာဒံနှင့်ဧ၀တို့ အပြစ်ပြုမိသောအခါ ပျက်စီးသွားသည် (၃း၂၁-၂၃)၊ ယခုတွင် လူသားချင်း ရင်းနှီးဆက်ဆံမှုနှင့် သဘာဝ ဖန်ဆင်းခြင်းလက်ရာများတွင် ရုန်းကန်ရမှုနှင့် ပဋိပက္ခများ အစဉ် ဖြစ်ပေါ်နေတော့သည်။

သို့သော် တစ်နေ့တွင်…