အမျိုးအစား  |  odb

လူမသိသူမသိ ဘ၀ရှင်သန်ခြင်း

လွန်ခဲ့သော နှစ်ပေါင်းများစွာက စာရေးဆရာမ Jane Yolen ရေးသားသည့် ‘‘Working Up to Anon’’ (Anonymous) စာတမ်းကို The Writer မဂ္ဂဇင်းမှ ကျွန်ုပ်ဖြတ်ညှပ်ကပ် ယူထားသည်။ ထိုစာကို မကြာခဏ ဖတ်ဖြစ်ပြီး အတော်ဟောင်းနွမ်းနေပြီဖြစ်သည်။ ‘‘အကောင်းဆုံး အတော်ဆုံးစာရေးဆရာဆိုတာ တကယ်တော့ မျှော်လင့်ချက် ပြင်းပြစွာနဲ့ အမည်မသိစာရေးဆရာလို့ အခေါ်ခံချင်တဲ့ သူတွေဘဲ။ ရေးသား တဲ့ အကြောင်းအရာကသာ အရေးပါပြီး စာရေးသူက အဓိက မဟုတ်ပါ’’ ဟုသူရေး ခဲ့သည်။
ကျွန်ုပ်တို့ပြောနေသည့်အကြောင်းမှာ ကျွန်ုပ်တို့ အတွက် အသက်ပေးသော ကယ်တင်ရှင်ယေရှုအကြောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသော ယုံကြည်သူများနှင့် အတူ သခင်ဘုရား အတွက် အသက်ရှင်ပြီး အခြားသူများအား သခင့် မေတ္တာတော်ကို မျှဝေသည်။
ရောမသြ၀ါဒစာ ၁၂း၃-၂၁ တွင် သခင်ယေရှု၏ နောက်တော်လိုက်အချင်းချင်း…

ဤသူကား အဘယ်သို့သောသူနည်း

‘‘စားပွဲပေါ်က ပစ္စည်းတွေအားလုံး သိမ်းပြီး စာရွက်နဲ့ခဲတံပဲ ထုတ်ထားပါ’’ ဟူသည့် စကားက ‘‘အစမ်းစာမေးပွဲ စစ်ဆေးမှုအချိန်ရောက်လာကြောင်း ကြေငြာလိုက်သည့် ထိတ်လန့်စရာစကားဖြစ်သည်။
မာကုအခန်းကြီး ၄ တွင် သခင်ယေရှု၏ တစ်နေ့တာအစမှာ ဂါလိလဲအိုင်အနီးတွင် သွန်သင်မှုဖြင့် အစပြုပြီး၊ ဂါလိလဲအိုင်တွင်း စစ်ကြောခံရ ခြင်းဖြင့် အဆုံးသတ်သည်။ သခင်ယေရှု ဟောပြောသွန်သင် သည့် နေရာအဖြစ် အသုံးပြုသောလှေမှာ ကိုယ်တော်နှင့် သူ၏တပည့်တော် လက်တစ်ဆုပ်စာကို တစ်ဖက်ကမ်းသို့ ပို့ဆောင်ရသေးသည်။ တစ်ဘက်ကမ်းသို့ကူးစဉ် ပင်ပန်း နေသောသခင်က လှေနောက်ပိုင်း၌ အိပ်ပျော်နေပြီး ထိုစဉ်မုန်တိုင်းကျလေသည် (း၃၇)။ အစောပိုင်းက လူပရိသတ်တို့ကို ‘‘နားထောင်ကြလော့’’ (း၃) ဟူ၍ သခင် မိန့်တော်မူခဲ့သည်။ ယခု ‘‘တိတ်ဆိတ် ငြိမ်ဝပ်စွာနေ’’ ဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူချက်မှာ (း၃၉) ထိုသခင်၏ ရိုးစင်းပြီး တန်ခိုးနှင့်ပြည့်စုံသည့်အမိန့်တော် ဖြစ်သည်။
လေသည်…

ဘွားရုသ၏ဇာတ်လမ်း

ဘွားရုသသည် သူ့အကြောင်း ပြောပြတိုင်း မျက်ရည်မကျဘဲမနေ၊ အသက် ၈၀ ကျော် အရွယ်၌ ဟိုနားဒီနားပင် မသွားနိုင်တော့သည့်ဘ၀၌ သူသည် အသင်းတော်၏ လှုပ်ရှားမှု များ၌ အခရာကျသည့် ပုံမပေါ်ပါ။ ကားကြုံလိုက်ရန် အခြားသူတို့အပေါ် အမှီပြုရသည်။ သူ တစ်ဦးတည်းနေထိုင်ခြင်းကြောင့် သူ၏လွှမ်းမိုးမှု တစ်စုံတစ်ရာကြီးကြီးမားမား မရှိပါ။
သို့သော် သူ့ဘ၀အကြောင်းကို သူပြောလေ့ရှိသည့် ပြောနေကျအတိုင်း ပြောပြရလျှင် ဘွားရုသသည် ဘုရားရှင်၏ ကျေးဇူးတော်ကို ထင်ရှားစွာ ဖော်ပြသည့် စံနမူနာဖြစ်သည်။ ယခင် အသက် ၃၀ အရွယ်ခန့်က သူ့ သူငယ်ချင်းတစ်ဦးက သူ့ကို အစီအစဉ်တစ်ခုသို့ ဖိတ်ခေါ်သဖြင့် သွားရောက် ခဲ့သည်။ တရားဟောဆရာတစ်ဦး၏ ဟောပြောချက်ကို သူကြားရ လိမ့်မည် ဟု ရုသ မထင်ခဲ့ပါ။ ‘‘သိရင်တောင် မသွားပါဘူး’’ ဟု သူဆိုသည်။ သူ၌ရှိသည့် ‘‘ဘာသာတရားအသိ’’များက သူ့အတွက်…

နက်နဲအံ့သြဖွယ်ရာများကို သိရှိနားလည်ခြင်း

Peanuts ကာတွန်းဖန်တီးရှင် ချားစ်ခရုဇ်၏ ဟာသဉာဏ်၊ ထိုးထွင်းဉာဏ်ကို ကျွန်တော် အမြဲသဘောကျသည်။ သူရေးဆွဲသည့် ကာတွန်းတစ်ကွက်မှာ အသင်းတော်မှ လူငယ်များ အကြောင်းကို သရုပ်ဖော်ထားသည်။ ကာတွန်းတွင် လူငယ်လေးတစ်ဦးသည် ကျမ်းစာအုပ်ကို ကိုင်ရင်း သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောနေသည်။ သူပြောသည့်စကားမှာ ‘‘ဓမ္မဟောင်းကျမ်းရဲ့ နက်နဲအံ့သြဖွယ်ရာကို သိရအောင် ငါ ပထမခြေလှမ်း လှမ်းလိုက်ပြီ။ ... ငါကျမ်းစာ စဖတ်တော့ မလို့လေ’’ ဟူ၍ဖြစ်သည် (Teen-Ager Is Not a Disease)။
၁၁၉ ခုမြောက်သော ဆာလံကျမ်းတွင် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးကို ခံစားနားလည် လိုသည့် ဆာလံဆရာ၏ဆာလောင်မှုများ ပြည့်လျှံနေသည်။ ‘‘ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက် ပါ၏။ တစ်နေ့လုံးဆင်ခြင် အောက်မေ့လျက်နေပါ၏’’ (း၉၇)။ ထိုပြင်းပြစိတ်က ဉာဏ်ပညာနှင့် နားလည်နိုင်သောဉာဏ်ကို တိုးစေသည်။ ဘုရားသခင်ကို တိုး၍ နာခံစေသည် (း၉၈-၁၀၀)။…

ကိုးစားခဲ့သမျှ ရေတွက်မှတ်သား

ကျွန်မခင်ပွန်းနှင့် ကျွန်မသည် သခင်ခရစ်တော်ထံ အသက်တာကို မအပ်နှံမီက ကွာရှင်းပြတ်စဲရန်ကိစ္စကို အတည်စဉ်းစားခဲ့ကြသည်။ သို့သော် ဘုရားသခင်ကိုချစ်ပြီး နာခံရန် ဆက်ကပ်ခဲ့သည့်နောက် ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး ပြန်လည်ကတိပြုဝန်ခံခဲ့ကြ သည်။ အကြံဉာဏ်များကို ရှာဖွေတောင်းခံရင်း ကျွန်မတို့ တစ်ဦးချင်းစီကို လည်းကောင်း၊ ဇနီးမောင်နှံအဖြစ်လည်းကောင်း ပြုပြင်ပြောင်းလဲပေးပါရန် သန့်ရှင်းသော ၀ိညာဉ်တော်ကို ခေါ်ဖိတ်ခဲ့ကြသည်။ ကောင်းကင်ဘုံရှင် အဘဘုရားကလည်း ကျွန်မတို့နှစ်ဦး၏ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာအောင် ဆက်လက် စောင်မသည်။ မည်သို့ပင် ဖြစ်လာဖြစ်လာ ကိုယ်တော့်ကို ချစ်တတ်၊ ကိုးစားတတ်အောင်၊ ကျွန်မတို့ဇနီးမောင်နှံ အချင်းချင်း ချစ်တတ်အောင် သွန်သင်ပေးသည်။
သို့နှင့် ကျွန်မတို့၏ ၂၅ နှစ်မြောက် ငွေရတု မင်္ဂလာနှစ်ပတ်လည်နီးလာပြီ။ သို့သော် စုံစမ်းစစ်ကြောခံရသည့် အဖြစ်တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုပေးခဲ့သည့် အမှု များကို မှတ်သားဆင်ခြင်လျက် ကိုယ်တော်၌ အမှီပြုရမည့်အစား မလိုအပ်ဘဲ စိုးရိမ် ပူပန်လျက်၊…

ဘုရားသခင်၌ အမြစ်စွဲတည်နေသည်

ကျွန်မမိတ်ဆွေများ အိမ်သစ်သို့ပြောင်းရွေ့သွားသောအခါ ခြံစည်းရိုးအနီး၌ ၀စ်တီးရီးယား ပန်းပင်ကို စိုက်ပျိုးခဲ့သည်။ နောက် ၅ နှစ်အကြာတွင် လာဗင်ဒါပန်းရနံ့ သင်းနေမည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။ ထိုပန်းပင်ကို သေချာစွာ အပင်ချိုင် ပြုပြင်လျက် အနှစ် ၂၀ ကျော်မျှ ပန်းအလှပန်းရနံ့ကို ကြည်နူးခံစားခဲ့ကြသည်။ သို့သော် တစ်ဖက်ခြံမှ အိမ်နီးချင်းက ပေါင်းသတ်ဆေးသုံးရင်း သူ့ခြံဘက်၌ သုံးခြင်းဖြစ်သော်လည်း ပန်းပင်သေသွားသည်။ ပေါင်းသတ်အဆိပ်က မြေကြီးထဲ စိမ့်ဝင်ပြီး ပန်းပင်၏ အမြစ်များ ပျက်စီးသွားခြင်းကြောင့် ပန်းပင်သေသွားခြင်းဖြစ်မည်ဟု သူတို့ထင်မိသည်။ သို့သော် အံ့သြစရာမှာ နောက်တစ်နှစ်တွင် မြေကြီးပေါ်မှ အစို့အတက်လေးများ ပြန်ထွက်လာသည်။
ဘုရားသခင်ကို ကိုးစားသည့် ဘုရားသားသမီးများနှင့် ဘုရားသခင်၏လမ်းတော်ကို လျစ်လျူရှုသူများကို ပရောဖက် ယေရမိက ရှင်သန်ကြီးထွားသောအပင်နှင့် ပျက်စီးသော အပင်တို့နှင့် နှိုင်းယှဉ်ဖော်ပြသည်။ ဘုရားရှင်၏ နောက်တော် လိုက်လျှောက်သူများသည် ရေရှိရာအရပ်၌ အမြစ်ဖြာပြီး အသီးသီးမည် (ယေ…

ဘုရားသခင် ပြင်ဆင်ဖြည့်ဆည်းပေးသည်

ကျွန်မရုံးခန်း၏အပြင်ဘက်တွင် အေးမြသည့်ဆောင်းရာသီကို အံတုလျက် ရှဥ့်ကလေးများ အစာသိုလှောင် စုဆောင်းနေသည်။ ၎င်းတို့၏ဆူညံရှုပ်ရှက်ခတ်နေကြပုံက ရယ်စရာ၊ ချစ်စရာဖြစ်သည်။ သမင်အုပ်ကြီးက အသံမမြည်ဘဲ ကျွန်မတို့ ခြံအနောက်ဘက်မှ ဖြတ်သွားနိုင်သော်လည်း ရှဥ့်လေးတစ်ကောင်တည်းကပင် ကျူးကျော်သူများ ၀င်ရောက် လာသည့်ပမာ ဆူညံနေသည်။
ထိုသတ္တ၀ါနှစ်မျိုး၏ အခြားသော မတူညီကွဲပြားမှု များလည်း ရှိသေးသည်။ သမင်များက ဆောင်းတွင်းအတွက် အစာကို ပြင်ဆင်စုဆောင်းရန် မလို၊ နှင်းကျလာသည်နှင့် ၎င်းတို့မှာ ကျွန်မတို့ခြံထဲရှိ အလှစိုက်ထားသည့်အပင်များ အပါအ၀င် တွေ့သမျှအရွက်များကို ရှာဖွေစားသောက်သည်။ ရှဥ့်များက ထိုကဲ့သို့ပြုပါက အစာငတ်ကြလိမ့်မည်။ ၎င်းတို့အတွက် သင့်လျော်သည့်အစာ မရှာနိုင်ဖြစ်သွားမည်။
သမင်များနှင့်ရှဥ့်လေးများက ဘုရားသခင် ကျွန်မတို့ကို ဂရုပြုစောင်မပုံ နည်းလမ်း များကို ကိုယ်စားပြု ဖော်ပြနေသည်။ အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းရန် ကိုယ်တော်ပြင်ဆင်ပေးပြီး ကျွန်မတို့စုဆောင်းထားသမျှအရာများ ပြတ်လပ်ကုန်လျှင် ကျွန်မတို့၏လိုအပ်မှုအတွက် ကိုယ်တော်က ဖြည့်ဆည်းပေးသည်။ လိုအပ်မှုရှိလာမည့်…

ပို၍ သာလွန်ထူးမြတ်ကောင်းမွန်သော

ကျွန်မမိခင်၏မွေးနေ့ပြီး၍ နောက်တစ်နေ့သည် ကျွန်မမွေးနေ့ဖြစ်သည်။ လူငယ်ဖြစ်သည့် အလျောက် အမေလည်း ပျော်ရွှင်နိုင်အောင်၊ ကျွန်မလည်းဝယ်ပေးနိုင်သည့် လက်ဆောင်တစ်ခုခုကို ကျွန်မစဉ်းစားသည်။ ကျွန်မ၀ယ်ပေးသမျှကို အမေက မြတ်မြတ်နိုးနိုးနှင့် လက်ခံသည်။ နောက်တစ်နေ့ ကျွန်မမွေးနေ့ရောက်သော် အမေက လက်ဆောင် ပြန်ပေး သည်။ အမေ့လက်ဆောင်က ကျွန်မ၏လက်ဆောင်ထက် အဆဆသာပါသည်။ ကျွန်မလက်ဆောင်လေး မျက်နှာငယ် သွားအောင် တမင်လုပ်ခြင်း မဟုတ်ပါ။ အမေက သူတတ်နိုင်သည်အတိုင်း ရက်ရောစွာ ပေးခြင်းဖြစ်ပြီး ကျွန်မ လက်ဆောင်ထက် အဆဆသာသွားခြင်း ဖြစ်သည်။
အမေ့အတွက် လက်ဆောင်ပေးချင်သော ကျွန်မဆန္ဒ အားဖြင့် ဘုရားသခင် ကျိန်းဝပ်ရာနေရာကို ဆောက်ပေး လိုသည့် ဒါဝိဒ်၏ဆန္ဒကို ပြန်အောက်မေ့သတိရမိသည်။ သူနေထိုင်သည့်နန်းတော်နှင့် ဘုရားသခင် ကိုယ်ထင်ပြ၊ ကျိန်းဝပ်သည့်တဲတော်တို့မှာ မယှဉ်သာ၊ တစ်ခြားစီဖြစ်နေသည်ကို ခံစားရလျက် ဗိမာန်တော်ကို သူ တည်ဆောက်လိုသည်။ ဒါဝိဒ်၏စိတ်ဆန္ဒကို ဖြည့်ဆည်းလိုက်လျော ပေးခြင်းထက် ဘုရားသခင်သည်…

ကန္တာရထဲ၌ အသက်ရှင်နိုင်ရေး

၁၉၆၀ ခုနှစ်များအတွင်းက အဆိုတော်သုံးဦးဖြင့် ဖွဲ့စည်းထားသော ကင်းစတန်ထြီအို (Kingston Trio) တေးဂီတအဖွဲ့သည် ‘‘Desert Pete’’ သီချင်းကို ဖြန့်ချိခဲ့သည်။ ဤသီချင်းမှာ သဲကန္တာရ၌ သွားစဉ် လက်နှိပ် ရေတုံကင်တစ်ခုကို တွေ့ရှိလိုက်သည့် ရေငတ်နေသောနွားကျောင်းသားလေးအကြောင်းကို စပ်ဆိုထားသည်။ ရေတုံကင် အနီးတွင် Desert Pete သည် စာတိုလေးရေးကာ ထိုစာကို ဖတ်မိသူသည် ရေခရားထဲမှ ရေကိုမသောက်ရန်၊ ထိုရေသည် တုံကင်မှရေချူရန်အတွက်ဖြစ်ကြောင်း ရေးထားသည်။
နွားကျောင်းသားသည် ထိုရေခရားထဲမှ ရေကို သောက်လိုက်ရန် သွေးဆောင်ခြင်းခံရသော်လည်း သူ့စိတ်ကို ထိန်းပြီး စာထဲ၌ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက် သည်။ သူ၏နာခံမှုအတွက် အကျိုးထူးကို ခံစားရသည်။ အေးမြသောရေကို သူ့စိတ်တိုင်းကျ ဝလင်စွာ သောက်သုံးခဲ့ ရသည်။ အကယ်၍ သူသည် ယုံကြည်ခြင်းဖြင့် မလုပ်ဆောင် ပါက သူစိတ်ကျေနပ်သည့်အထိ မသောက်ရသည့်အပြင် နွေးနေသည့်ရေကိုသာ…

ရုပ်ဖျက်ထားသော သခင်ယေရှု

ကျွန်မ၏သူငယ်ချင်းသည် သူ၏ယောက္ခမကြီးကို ပြုစုရင်း “အမေဘာကို အမျှော်လင့် အတမ်းတဆုံးလဲ” ဟု မေးလိုက်သည်။ ယောက္ခမကြီးက “ငါ့ရဲ့ခြေကို ဆေးပေးစေချင် တယ်” ဟုပြောသည်။ “ဘယ်လောက်မုန်းဖို့ကောင်းလိုက်လဲ။ သူအဲဒီလို ကျွန်မကို ခိုင်းတိုင်း ကျွန်မသိပ်မုန်းတယ်။ ကျွန်မစိတ်ထဲမှာ ခံစားရတာကို သူမသိပါစေနဲ့လို့ ဘုရား သခင်ထံ တောင်းလျှောက်ခဲ့တယ်” ဟု သူ ဝန်ခံသည်။
သို့သော် တစ်နေ့တွင် သူငယ်ချင်း၏ညည်းညူ တတ်သော အတွေးအခေါ်သည် လျှပ်တစ်ပျက် ပြောင်းလဲ သွားသည်။ ရေဇလုံနှင့် တဘက်ကိုယူကာ သူ၏ယောက္ခမ ရှေ့တွင် ဒူးထောက်ပြီး “ကျွန်မအပေါ်ကို မော့ကြည်လိုက်တဲ့ တဒင်္ဂလေးမှာ သခင်ယေရှုရဲ့ ခြေတော်ကို ဆေးနေသကဲ့သို့ ကျွန်မခံစားလိုက်ရတယ်။ သူဟာ သခင်ယေရှုခရစ်တော် ရုပ်ဖျက်ထားသူပဲ” ဟု သူပြောပြသည်။ ထိုနောက်ပိုင်းတွင် သူသည် ယောက္ခမကြီး၏ခြေကို ဆေးပေးရခြင်းအတွက် ဂုဏ်ယူ ၀မ်းမြောက်ခဲ့သည်။
ထိုအဖြစ်အပျက်ကိုကြားရပြီးနောက် သံလွင်တောင်ပေါ်တွင်…