အမျိုးအစား  |  odb

သူငယ်ကဲ့သို့

လွန်ခဲ့သောနှစ်များစွာက ည၀တ်ဆုတောင်းအပြီးတွင် ‘‘အမေ၊ ဘုရားသခင်ဘယ်မှာ ရှိလဲ’’ ဆိုသည့် ၂ နှစ်သမီးလေး၏မေးခွန်းကြောင့် ကျွန်တော့်ဇနီး အံ့အားသင့်သွားသည်။

‘‘ဘုရားသခင်ဟာ ကောင်းကင်ဘုံမှာ ရှိတယ်။ နေရာတိုင်းမှာလည်း ရှိတယ်။ အခုလည်း အမေတို့နဲ့အတူရှိတယ်။ တကယ်လို့ သမီးရဲ့နှလုံးသားထဲမှာ ကိန်းဝပ်ရှိနေဖို့ သမီးသာ သူ့ကိုဖိတ်ခေါ်ရင်လည်း သမီးနှလုံးသားထဲမှ သူရှိ နိုင်တယ်’’ ဟု Luann က ပြန်ဖြေခဲ့သည်။

‘‘သမီးရဲ့နှလုံးသားထဲမှာ သခင်ယေရှုကို ရှိစေချင်တယ်’’‘‘တစ်ရက်ရက်မှာ သူ့ကို ပြောလို့ ရပါတယ်’’‘‘အခုပဲ နှလုံးသားထဲမှာ သူ့ကို ရှိစေချင်ပါတယ်။’’

သို့နှင့် သမီးလေးက ‘‘သခင်ယေရှု၊ ကျေးဇူးပြု၍ သမီးရဲ့နှလုံးသားထဲကို ၀င်လာပြီးတော့ သမီးနှင့်အတူ ရှိတော်မူပါ’’ ဟု ဆုတောင်းခဲ့သည်။ ထိုမှစ၍ ဘုရားသခင်နှင့် အတူလျှောက်လှမ်းသည့် သူ၏ယုံကြည်ခြင်းခရီးလမ်း စတင်ခဲ့သည်။

သခင်ခရစ်တော်၏တပည့်တော်များက ‘‘သခင်၊ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ်ပါအံ့သနည်း’’ ဟုမေးသောအခါ…

ဝမ်းမြောက်ခြင်း

မြန်ဆန်လွန်းလှစွာဖြင့် ကျွန်မသက်ကြီးပိုင်းသို့ ရောက်လာပါတော့မည်။ ယခုတော့ မရောက်သေးပါ။ ရာသီနှစ်လများက မြင်းဒုန်းစိုင်းစီးသကဲ့သို့ လျင်မြန်စွာကုန်လွန်သည်။ တစ်ခါတစ်ရံတွင် အချိန်ကို ဖြည်းဖြည်းချင်းသာ ကုန်လွန်သွားစေချင်သည်။ မည်သို့ပင် ဖြစ်စေ ၀မ်းမြောက်ခြင်းကို ကျွန်မခံစားရသည်။ နေ့ရက်တိုင်းသည် ဘုရားသခင် ပေးသနားသည့် နေ့သစ်များ ဖြစ်သည်။ ‘‘ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍...ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြုခြင်းငှာ လည်းကောင်းလျောက်ပတ်ပေ၏’’ ဟု ဆာလံဆရာနှင့်အတူ ကျွန်မ ရွတ်ဆို နိုင်သည် (ဆာ ၉၂း၁-၂)။

ကျွန်မ၏အသက်တာ၌ ဘ၀အတွက် ရုန်းကန်ရမှုများ ရှိပြီး တစ်ခါတစ်ရံ အခြားသူများခံစားရသည့်နာကျင်မှုနှင့်  အခက်အခဲများကို နားမလည်နိုင်ဖြစ်ရသော်လည်း ဆာလံဆရာနှင့်အတူ ‘‘လက်တော်နှင့် ပြုပြင်သမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုရန်’’ (း၎) ထာဝရဘုရားသခင် အခွင့်ပေး သည်။ မိသားစု၊ မိတ်ဆွေများ၊ စိတ်ကျေနပ်စရာကောင်းသည့် အလုပ်အကိုင်စသည့် ဘုရားပေးထားသော ကောင်းချီးမင်္ဂလာများအတွက် ၀မ်းမြောက်ရသည်။…

နောက်ဆုံးစကား

တစ်နေ့တွင် တက္ကသိုလ်တစ်ခုမှ ဒဿနိကဗေဒအတန်းတစ်တန်း၌   ကျောင်းသား တစ်ဦးသည် ပါမောက္ခတစ်ဦး၏အမြင်နှင့်ပတ်သက်ပြီး စိတ်ဆိုးလောက်သည့် ဝေဖန်ချက် မှတ်ချက်ပေးခဲ့သည်။ ဆရာသည် ထိုကျောင်းသားကို ကျေးဇူးတင်ခဲ့ပြီး အခြားထင်မြင်ဝေဖန်ချက်ကို ဆက်လက်ဆွေးနွေးသွားသည်။ ထိုအပြုအမူသည် အခြား ကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။ ထိုကျောင်းသား ကို အဘယ်ကြောင့်  မတုံ့ပြန်မချေပသနည်းဟု သူ့ကို မေးမြန်းရာ၊ ‘‘ ဒါဟာ နောက်ဆုံးစကား၊ ငါ့စကားအတည်ပဲလို့ ပြောစရာမဖြစ်ရဆိုတဲ့ စည်းမျဉ်းကို လေ့ကျင့်နေတာပါ’’ ဟု ဆရာက ပြန်ဖြေခဲ့သည်။

ထိုဆရာသည် ဘုရားကို ချစ်ကြောက်ရိုသေသူ တစ်ယောက် ဖြစ်ပြီး၊ သူသည် မေတ္တာပြလျက် နှိမ့်ချသော စိတ်ထားကို ယူတင်ဝတ်ဆောင်လိုသူဖြစ်သည်။ သူ့စကား  များက အခြားဆရာတစ်ဦးကို သွားသတိရစေသည်။ ထိုသူမှာ ဒေသနာကျမ်းကို ရေးသားခဲ့သူဖြစ်သည်။ စိတ်ဆိုးနေသူတစ်ဦးကို မည်သို့ ဆက်ဆံရမည်ကို အတိအလင်းမညွှန်ပြထားသော်လည်း ဘုရားသခင်ကို ချဉ်းကပ်ရာ၌ စဉ်းစားမဆင်ခြင်၊ နှလုံးသားနှင့်နှုတ်ကို စောင့်စည်းမှုမရှိ…

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း

‘‘ပျော်ရွှင်နေရင်းနဲ့ အချိန်တွေ ကုန်သွားပါတယ်’’ဟူသည့်ဆိုရိုးစကားသည် မည်သို့ ပေါ်လာမှန်း မသိသော်လည်း အတွေ့အကြုံများအရဆိုလျှင် မှန်ကန်သည်ဟု ထင်မြင် ရသည်။ မိမိ လုပ်ချင်သည့်အလုပ် လုပ်နေရလျှင်၊ မိမိအတူရှိနေချင်သူနှင့် ရှိနေရလျှင် ဘ၀ကြီးက သာယာလျက် အချိန်ကုန် မြန်လှသည်။

ဤ‘‘အဖြစ်မှန်’’က ဗျာဒိတ်ကျမ်း အခန်းကြီး ၄ ၌ ဖော်ပြထားသည့် အဖြစ်အပျက်ကို အမြင်သစ်ဖြင့် ရှုမြင်စေ သည်။ ဘုရားသခင်၏ပလ္လင်တော်အနီးရှိ သတ္တ၀ါလေးပါး သည် စကားတစ်လုံးတည်းကို ထပ်ခါတလဲလဲ ပြောနေခြင်း မှာ အလွန်ပျင်းရိငြီးငွေ့စရာဟု ယခင်က ကျွန်ုပ်တွေးခဲ့မိသည်။

ယခု ထိုသို့ မတွေးတော့ပါ။ ထိုသတ္တ၀ါလေးပါးသည် သခင်၏ပလ္လင်တော်အနီးအပါး၌ နေရပြီး၊ သူတို့၏မျက်လုံး များစွာဖြင့် မြင်တွေ့နေရမည့် မြင်ကွင်းများကို ဆင်ခြင်မိသည် (း၆၊ ၈)။ ဘုရားသခင်၏ပညာတော်နှင့် တစ်ကိုယ်ကောင်း ဆန်ပြီး အပြောင်းအလဲမြန်သော၊ ထိန်းကျောင်းရခက်သော  လူသားများအပေါ်ထားရှိသည့် သခင်၏ကရုဏာတော်ကို ၎င်းတို့မြင်ပြီး တအံ့တသြဖြစ်နေမည်။…

မျှော်လင့်ခြင်း အစစ်အမှန်

မကြာသေးမီက မိတ်ဆွေတစ်ဦးနှင့်အတူ Empire State အဆောက်အဦးသို့ ကျွန်တော် သွားရောက်လည်ပတ်ခဲ့သည်။ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စီတန်း၍ သွားနေသည့်လူတန်းကြီးက သိပ်မရှည်ဟု ထင်ရသော်လည်း ကျွန်တော်တို့အထဲသို့ ရောက်သောအခါ ဧည့်ခန်းမ၌လည်း လူအပြည့်၊ လှေကား၌ တက်ဆင်းလျက်၊ တစ်ခန်းဝင်တစ်ခန်းထွက် လှည့်ပတ်ကြည့်ရှုနေကြသည့် လူများစွာကို တွေ့ရသည်။ အကွေ့တစ်ကွေ့မှ ထွက်လိုက် တိုင်း ဆက်သွားစရာ၊ ဆက်ကြည့်စရာများ ရှိနေကြောင်းပြသနေသည်။ ဆွဲဆောင်နေသည့် အခင်းအကျင်းများ၊ ကြည့်ရှုစရာ ခေါင်းစဉ်များဖြင့် ဧည့်ပရိသတ်များ သိပ်မများ သည့် ပုံပေါ်အောင် လုပ်ဆောင်ထားသော်လည်း အကွေ့ ထောင့်တစ်တစ်နေရာဆုံးတိုင်း ဆက်သွားရဦးမည်ဖြစ်၍ စိတ်ပျက်မှုကို ခံစားရတော့သည်။

တစ်ခါတစ်ရံ ဘ၀လောကဓံ၏ စိတ်ပျက်စရာများကပိုဆိုးပါသည်။ မိမိမျှော်လင့်သည့်အလုပ်ကို မရ၍ စိတ်ပျက်ရသည်။ စိတ်ချယုံကြည်မိသည့် မိတ်ဆွေက စိတ်ပျက်စရာဖြစ်ရသည်။ အချစ်ရေးကလည်း ထင်သလို ဖြစ်မလာ၊ ထိုသို့ စိတ်ပျက်အားလျော့စရာများကြားတွင် ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ရွှင်လန်းစေသည့်…

အသက်ပေးသော ဘုရားသခင်

ဆောင်းတွင်းကာလများအနက် အရိုးကွဲမတတ်ချမ်းအေးသည့်နှစ်တစ်နှစ်တွင် ပြင်းထန် ရှည်ကြာသည့် ဆောင်းရာသီအအေးဒဏ်ကို ကျွန်တော်တို့ တစ်မြို့လုံးခံစားခဲ့ရပြီးမှ နွေးထွေးသော နွေဦးကာလရောက်ရှိလာသည်။ ရက်သတ္တနှစ်ပတ် ဆက်တိုက် အိမ်အပြင်ရှိ သာမိုမီတာအပူချိန်တိုင်းကရိယာမှ သုညမှတ်အောက် အနုတ် (-၂၀ ဒီဂရီ စင်တီဂရိတ်၊ - ၅ ဒီဂရီ စင်တီဂရိတ်) သို့ ပြညွှန်နေသည်။

ဆိုးဆိုးဝါးဝါးအေးသည့် တစ်မနက်ခင်းတွင် ငှက်ကလေးများ၏အော်မြည်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်သည်။ ရာချီမဟုတ်သည့်တိုင် ငှက်အကောင်များစွာ တို့၏ရင်ဖွင့်သံများပင်ဖြစ်သည်။

ငှက်ပညာရှင်များ၏အဆိုအရ ဆောင်းတွင်း နှောင်းပိုင်း မနက်ခင်းများ၌ ကြားရသည့် တေးသီငှက်များ၏ တေးသံသည် အများအားဖြင့် ငှက်အဖိုများ၏အသံဖြစ်ပြီး၊ ငှက်အမကို ဆွဲဆောင်ခြင်းနှင့် ၎င်းတို့၏နယ်ပယ်ပိုင်နက် ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ ငှက်ကလေးများ၏ စိုးစီစိုးစီအော်မြည်သံများ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် သတ္တ၀ါလေးများကို ထောက်မကျွေးမွေးလျက် အသက်ဆက်စေကြောင်း၊ ကြီးပွားစေကြောင်း ကျွန်တော့်ကို သတိပေးလာသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသက်ကိုပေးသော…

ချစ်မေတ္တာစိတ်နှင့် ‘‘တို့လည်းလိုက်မယ်’’

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကာရီစာသည် ရေဘေးဒဏ်သင့် လူစီယားနား ပြည်နယ်၏ပျက်စီးမှုဓာတ်ပုံများကို လူမှုမီဒီယာသို့ တင်ခဲ့သည်။ နောက်တစ်နေ့တွင် ထိုဒေသမှ အကူအညီလိုအပ်နေသူတစ်ဦး၏စာတိုကို သူတွေ့ခဲ့ရသည်။ နောက် ၅ နာရီ အတွင်း ကာရီစာနှင့် ခင်ပွန်း ဘော်ဘီတို့သည် မိုင် ၁၀၀၀ ခရီး အစပြုမည်ဖြစ်၍ အကူအညီပေးရန် လိုက်ပါကြရန် အခြားသူများကို ဖုန်းဆက် ပါတော့သည်။ ရေဘေးကြောင့် နေအိမ်များ ဆိုးဝါးစွာ ပျက်စီးသွားသူများကို အစေခံဝန်ထမ်းရန် လူ ၁၃ ဦးတို့ ၂၄ နာရီအတွင်း ခရီးပြုခဲ့ကြတော့သည်။

ပစ္စည်းများ သယ်ယူပို့ဆောင်ရန်၊ အပျက်အစီးများ ဖြိုချရှင်းလင်းရန်၊ သူတို့တစ်ခါမျှ မရောက်ဖူးသည့်ဒေသ၌ မျှော်လင့်ချက် အလင်းရောင်ထွန်းညှိပေးရန် ဤလူ ၁၃ ဦးတို့သည် လုပ်လက်စအလုပ်များကို ချန်ရစ်ပြီး ၁၇ နာရီ ကြာမျှ ခရီးနှင်ခဲ့ကြသည်။ မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးခဲ့သနည်း။…

စိတ်သဘောနှင့်ဆိုင်ပါသည်

အလုပ်မှအိမ်သို့ ကားမောင်းပြန်လာရင်း ရယ်ဂျီနာတစ်ယောက် စိတ်ပျက်မောပန်း နေသည်။ ထိုနေ့မနက်က မိတ်ဆွေတစ်ဦးပေးပို့လာသည့် မက်ဆေ့ဂ်ျမှ ၀မ်းနည်းစရာ သတင်းဖြင့် တစ်နေ့တာအစပြုခဲ့သည်။ တစ်ဖန် ၀န်ထမ်းများအစည်းအဝေး၌ သူပေးသည့် အကြံအဉာဏ်များကို လုပ်ဖော်ကိုင်ဖက်များက တစ်ခုမှ လက်မခံသည့်အဖြစ်နှင့် ရင်ဆိုင် ရသည်။ ဘုရားသခင်နှင့်စကားပြောရင်း တစ်နေ့တာ၏ ဖိစီးမှုများကို ဘေးချိတ်ပြီး ပြုစုစောင့်ရှောက်ရေးဂေဟာ၌ သွားရောက်နေထိုင်သည့် သူငယ်ချင်း မာရီယာထံသို့ သွားလည်မည်၊ ပန်းစည်းပေးလျက် သူအံ့သြသွားအောင် လုပ်ရန် ရယ်ဂျီနာ ဆုံးဖြတ်လိုက်သည်။ မာရီယာက သူ့အပေါ် ဘုရားသခင်၏ကောင်းမြတ်ခြင်းများကို ဝေငှပြောပြ သောအခါ ရယ်ဂျီနာ စိတ်ဓာတ်တက်ကြွပြီး ရွှင်လန်း အားတက်သွားသည်။ ‘‘တို့မှာ ကိုယ်ပိုင်ကုတင်ရယ်၊ ကုလားထိုင်ရယ် ရှိတယ်။ တစ်နေ့ ထမင်းသုံးနပ် စားရတယ်၊ သူနာပြုတွေရဲ့ စောင့်ရှောက်မှုလည်းရတယ်။ ကိုယ်တော်က တို့ကိုချစ်ပြီး တို့က ငှက်ကလေးတွေကို ချစ်တယ်ဆိုတာ သူသိလို့ တို့ပြတင်းပေါက်မှာ ငှက်ကလေးတွေကို…

ကတိများ

ကျွန်တော့်သမီးထွေးလေးနှင့်ကျွန်တော်တို့ ရံဖန်ရံခါ ဆွဲဆိတ်တမ်းကစားကြသည်။ သူ့အပေါ်ထပ်တက်လျှင် ကျွန်တော်က နောက်မှလိုက်ပြီး သူ့ကို ဆွဲဆိတ်သည်။ စည်းကမ်းမှာ သူ့ကို ဖြည်းဖြည်းလေးသာ ဆိတ်ရပါသည်။ ထို့ပြင် သူလှေကားထစ်ပေါ်၌ ရှိနေချိန် တွင်သာ ဆွဲဆိတ်နိုင်သည်။ အပေါ်ထပ်သို့ရောက်သွားလျှင် ဆိတ်၍မရတော့ပါ။ တစ်ခါတစ်ရံ သူက ကစားလိုစိတ်မရှိဖြစ်ပြီး ကျွန်တော် နောက်မှပါလာလျှင် လေသံမာမာဖြင့် ‘‘မဆိတ်ကြေးနော်’’ ဟု ပြောတတ်သည်။ ထိုအခါမျိုးတွင် ‘‘မဆိတ်ပါဘူး။ ... ဖေဖေ ကတိပေးပါတယ်’’ ဟု ကျွန်တော်ပြန်ဖြေရသည်။

ကတိဆိုသည့်အရာက ဘာမှ မဟုတ်၊ အရေးမပါဟု ထင်ရသည်။ သို့သော် ကျွန်တော်ပြောသည့်အတိုင်း ကတိတည် သောအခါ သမီးက ကျွန်တော့်သဘောထားကို နားလည် သိမြင်လာသည်။ အပြောနှင့်အလုပ်ညီသည်ဟု သူခံစားရ သည်။ ကျွန်တော့်စကားကို သူယုံကြည်နိုင်ကြောင်း သူသိ လာသည်။ ထိုသို့ ကတိတည်ခြင်းက အသေးအမွှားကိစ္စ ဖြစ်သော်လည်း ကတိပေးခြင်း၊ ကတိတည်ခြင်းသည် ကျွန်တော့်အမြင်ဖြင့်ပြောရလျှင် လူမှုပေါင်းသင်းဆက်ဆံရေး…

ငါ့ကို မစခြင်းအကြောင်း

ဂုဏ်သတင်းမွှေးသည့် Brooklyn Tabernacle သံစုံအဖွဲ့သည် ၀ိညာဉ်ရေးကို အားဖြည့်ပေးသော ဓမ္မတေးသီချင်းများအားဖြင့် ဆယ်စုနှစ်များစွာအတွင်း လူများစွာ အတွက် ကောင်းချီးမင်္ဂလာများစွာ ဖြစ်စေခဲ့သည်။ ဥပမာ - ဆာလံ ၁၂၁ ကို အခြေပြုသည့် ‘‘ငါ့ကို မစခြင်းအကြောင်း’’ ဟူသည့် သီချင်းသည် စိတ်ဝိညာဉ်ကို ရွှင်လန်းငြိမ်ဝပ်စေသည်။

ဆာလံ ၁၂၁ တွင် ‘အရာခပ်သိမ်းကို ဖြစ်တည်စေသောဘုရားသခင်၌ ယုံကြည်ကြောင်း’ လူတစ်ဦး၏၀န်ခံချက်ဖြင့် အစပြုထားသည်။ အရာခပ်သိမ်းကို တည်ရှိတည်စေသူသည် ဆာလံဆရာ၏ မစခြင်းအကြောင်း ပေါ်ထွက်ရာ အရင်းအမြစ်ဖြစ်သည် (း၁-၂)။ ဆိုလိုသည်မှာ တည်ငြိမ်မှု (း၃)၊ အချိန်ပြည့် ဂရုပြုမှု (း၃-၄)၊ အစဉ်တည်ရှိခြင်းနှင့်ကွယ်ကာခြင်း (း၅-၆)၊ ယခုဘ၀နှင့် ထာဝရကာလအတွက် မကောင်းမှုမှန်သမျှမှ စောင့်ထိန်းပေးမှုတို့ကို (း၇-၈)ဘုရားသခင်ပေးနေသည်။

သမိုင်းတစ်လျှောက် ဘုရား၏လူများသည် နှုတ်ကပတ်တော်မှ အထောက်အထား များကို ယူပြီး သခင်သည် သူတို့၏မစခြင်းအရင်းအမြစ်ဖြစ်ကြောင်း သီချင်းများအားဖြင့် ဖော်ပြကြသည်။…