အမျိုးအစား  |  odb

ရှိမုန်ပြောသည့်စကား

ရာဖြူ့ရာဘင်ဒရာနတ် အမည်တွင်သူသည် သီရိလင်္ကာနိုင်ငံတွင် ၁၀ နှစ်ကျော်မျှ လူငယ်ဌာနတွင် လုပ်ကိုင်ခဲ့သည်။ သူသည် ညနက်သည့်အထိ လူငယ်များနှင့် အတူသွား၊ အတူစားသည်။ သူတို့ပြောစကားများကို နားထောင်ပေးသည်။ သူတို့ကို ဆွေးနွေး အကြံပေးသည်၊ သူတို့ကို သင်ကြားပို့ချပေးသည်။ လူငယ်များနှင့် အလုပ်လုပ်ရ သည်ကို သူနှစ်သက်သော်လည်း အလားအလာကောင်းသည့် ကျောင်းသားများသည် ယုံကြည်ခြင်းမှ သွေဖည်သွား လျှင် သူအလွန်စိတ်ထိခိုက်သည်။ အချို့နေ့ရက်များတွင် သူသည် ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ တွင် ဖော်ပြသည့် ရှိမုန် ပေတရုကဲ့သို့ ခံစားရသည်။
ရှိမုန်သည် တစ်ညလုံး ကြိုးစားပမ်းစား ငါးရှာသော်လည်းငါးတစ်ကောင်မျှမရသဖြင့် (း၅)၊ ပင်ပန်းနွမ်းနယ်၍ စိတ်ပျက် နေခဲ့သည်။ ခရစ်တော်က “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” (း ၄) ဟု ပြောလျှင် ရှိမုန်က “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုပြန်လျှောက်လေ၏(း…

အချိုနှင့်အချဉ်

လမ်းလျှောက်တတ်ခါစကျွန်မသားငယ်သည် သံပုရာသီးခြမ်းကို ကိုက်မိရာ နှာခေါင်းကိုရှုံ့၊လျှာကိုထုတ်၊ မျက်လုံးကိုမှိတ်ပြီး “ရှဉ်တယ်”(ချဉ်တယ်) ဟု စကား မပီကလာ ပီကလာနှင့်ပြောသည်။ ကျွန်မ တခစ်ခစ်ရယ်လျက် သံပုရာသီးခြမ်းကိုယူပြီး အမှိုက်တောင်းထဲသို့ ပစ်ထည့်ရန် ပြင်လိုက်သည်။
သူက ကျွန်မထံ ကမူးရှူးထိုးပြေးလာရင်း “မပစ်နဲ့၊ ထပ်ပေးအုံး” ဟုပြောရင်း သံပုရာခြမ်းကို စုပ်လျက် တစ်မြုံ့မြုံ့ လုပ်နေသည်။ နောက်ဆုံး ကျွန်မကို သံပုရာခွံပေးပြီး ထွက်သွားရာ ကျွန်မ မျက်နှာရှုံမိပါသည်။
ကျွန်မ၏အသက်တာတွင် ချိုမြိန်သော အတွေ့အကြုံ များကိုသာ တွေ့ကြုံခံစားလိုသည်။ ထို့ကြောင့် ခါးသီးသော အရာကို မကြုံတွေ့လိုသော ချဉ်တူးသောဆင်းရဲဒုက္ခကို မနှစ်မြို့သော ကျွန်မ၏ခံစားမှုကို မျှဝေခံစားသူ ယောဘ၏ ဇနီးကို ပြန်လည် သတိရမိသည်။
အမှန်စင်စစ် ဆင်းရဲခြင်းဒုက္ခဝေဒနာများ ရင်ဆိုင် ရခြင်းကို ယောဘလည်း မပျော်ပါ။ သို့သော် သူမလိုလားသည့် အခြေအနေများကြားတွင် ဘုရားသခင်ကို ချီးမြှောက်ခဲ့သည်…

နေ့စဉ်ဆုတောင်းချက်

သားများငယ်စဉ်က နံနက်တိုင်း ဘတ်စ်ကားမှတ်တိုင်သို့ မသွားမီ ဆုတောင်းပေးသော သူ့မိခင်ကြီးအတွက် အဆိုတော်နှင့် သီချင်းရေးစပ်သူ ရောဘတ်ဟမ်းလက် က “ကျွန်ုပ်အတွက် ဆုတောင်းပေးသောအမျိုးသမီး” ဟူသော ဂုဏ်ပြုတေးသီချင်းကို စပ်ဆိုခဲ့သည်။ ဟမ်းလက် သီဆိုသည့် ထိုသီချင်းကို ငယ်ရွယ်သောမိခင်တစ်ဦးက ကြားခဲ့ပြီးနောက် သူ့သားနှင့်အတူ ဆုတောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအခါ ဖြစ်ပေါ်လာသည့် ရလဒ်က ကြည်နူးကျေနပ်စရာပါ။ အိမ်တံခါးဝမှမထွက်မီ မိခင်က သားအတွက် ဆုတောင်းပေးလိုက်သည်။ ငါးမိနစ် အကြာတွင် သူသည် ဘတ်စ်ကားမှတ်တိုင်မှ သူ၏ သူငယ်ချင်းများကိုခေါ်၍ အိမ်သို့ပြန်လာသဖြင့် မိခင်က မေးရာ “သူတို့ရဲ့ အမေတွေက သူတို့အတွက် ဆုမတောင်းပေးဘူး” ဟု သားလေးက ပြန်ဖြေလိုက်တော့သည်။
ဧဖက်သြဝါဒစာစောင်တွင် ရှင်ပေါလုက ကျွန်ုပ်တို့အား “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်းကြရန်” တိုက်တွန်းနှိုးဆော်ထားသည်(၆း၁၈)။ မိသားစုတွင်း၌ နေ့စဉ် ဘုရားသခင်အပေါ် အမှီပြုခြင်းကိုပြရန်…

ပန်းတိုင်အရောက် ပြေးကြစို့

၂၀၁၆ ခုနှစ် ရီယို အိုလံပစ်ပြိုင်ပွဲ၏ မီတာ ၅၀၀၀ ပြေးပွဲတွင် ယှဉ်ပြိုင်သူ အပြေးသမားနှစ်ဦးကို ကမ္ဘာမှအာရုံစိုက် စိတ်ဝင်စားခဲ့သည်။ နယူးဇီလန်နိုင်ငံသူ နီကီ ဟမ်ဘလင်နှင့် အမေရိကန်နိုင်ငံသူ အက်ဘီ ဒီ ဒက်ဂိုစတီနိုတို့သည် မီတာ ၃၂၀၀ ခန့်တွင် တိုက်မိပြီး လဲကျသွားခဲ့ကြသည်။ အက်ဘီသည် လျင်မြန်စွာ ပြန်ထနိုင်ခဲ့သည်။ သို့သော် ရပ်ပြီးနီကီကို ကူညီခဲ့သည်။ သူတို့နှစ်ယောက် ပြန်စပြေးပြီး မကြာမီ အက်ဘီ မှာ ချော်လဲကျခြင်းကြောင့် သူ၏ ညာဘက် ခြေထောက်တွင် ဒဏ်ရာရသွားသဖြင့် ဒယီးဒယိုင် ဖြစ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏မိတ်ဆွေကို ပန်းတိုင်အထိရောက်အောင်ပြေးရန် အားပေးရမည့် နီကီ့အလှည့် ရောက်လာသည်။ အက်ဘီ ပန်းဝင်လာသောအခါ သူ့ကို ဖက်ယမ်းရန် နီကီ စောင့်နေသည်။ အလွန်လှပသော အပြန်အလှန် ဖေးမမှုမြင်ကွင်းပါတကား။
ထိုမြင်ကွင်းက ကျွန်မအတွက် သမ္မာကျမ်းစာထဲမှ ကျမ်းချက်တစ်ပိုဒ်ကို…

အကောင်းဆုံးအပိုင်း

ကျွန်တော်ငယ်စဉ်က အမေမုန့်ထည့်ပေးလျှင် ‘‘သူ့မုန့်က သားမုန့်ထက် ကြီးတယ်’’ ဟူ၍ ကျွန်တော်တို့ညီအစ်ကို စကားများလေ့ရှိသည်။ ကျွန်တော်တို့၏ ဘာမဟုတ်သော ငြင်းခုံမှုကို အဖေက သတိပြုမိပြီး တစ်နေ့တွင် ပြုံးလျက် အမေ့ထံ သူ၏ပန်းကန်ကို ထိုးပေးကာ ‘‘ကျေးဇူးပြု၍ မင်းနှလုံးသားလောက်ကြီးတဲ့ အပိုင်းပေးပါ’’ ဟု အဖေက ဆိုသည်။ ကျွန်တော်တို့ ညီအစ်ကိုမှာ အံ့သြပြီး ငြိမ်သက်စွာ ကြည့်နေစဉ် အမေက ရယ်မောလျက် အဖေ့ကို အကြီးဆုံး အပိုင်းကို ပေးလိုက်သည်။
သူတစ်ပါး၏စည်းစိမ်ဥစ္စာအပေါ် ကျွန်တော်တို့ အာရုံစိုက်မိလျှင် မနာလိုဝန်တိုစိတ် ၀င်လာသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်မှ လောကီစည်းစိမ်ထက် သာ၍တန်ဖိုးရှိသောအရာကို ကျော်၍မြင်စေသည်။ ဆာလံဆရာက ‘‘အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း…

ညွှန်ကြားသူကို စောင့်ကြည့်ပါ

ထင်ရှားကျော်ကြားသော ကမ္ဘာ့တယောပညာရှင် ဂျော့ရှုဝါ ဘဲလ် သည် အဖွဲ့ဝင် ၄၄ ယောက် နှင့် ဖွဲ့စည်းထားသော သံစုံတီးဝိုင်းတစ်ခုဖြစ်သည့် St. Martin in the Fields သင်တန်းကျောင်းကို တစ်မူထူးခြားစွာ ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်သည်။ တုတ်တံကို ဝှေ့ယမ်းပြီး ညွှန်ကြားမည့်အစား အခြားတယောတီးခတ်သူများနှင့်အတူ သူကိုယ်တိုင် တယောတီးပြီး ညွှန်ကြားသည်။ ‘‘ဘယ်လို အခြေအနေမှာ ဘယ်လိုတီးရမလဲဆိုတာကို သူတို့ နားလည် နိုင်တဲ့ အချက်ပြ ညွှန်ကြားမှုတွေကို တယောတီးနေရင်းနဲ့မှ ကျွန်တော် ပေးနိုင်တယ်။ ကျွန်တော့်တယောသံအကျ၊ ကျွန်တော့် မျက်ခွံပင့်တာ၊ ကျွန်တော်တယောထိုးတဲ့ ဘိုးတံကို ဆွဲပုံဆွဲနည်း တွေကအစ သူတို့ နားလည်တယ်။ တီးဝိုင်းထဲက ကျွန်တော်လိုချင်တဲ့အသံက ဘာလဲဆိုတာ သူတို့သိတယ်’’ ဟု ဘဲလ် က ကော်လိုရာဒို ပြည်သူ့အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
တီးဝိုင်းအဖွဲ့ဝင်များက ဂျော့ရှုဝါ ဘဲလ်ကို စောင့်ကြည့်…

အတားအဆီးများကို ဖယ်ရှားလိုက်ခြင်း

အကျဉ်းသားများကို လူမှုအသိုင်းအ၀ိုင်းသို့ ပြန်ဝင်ဆံ့အောင် အကူအညီပေးသည့် ‘‘အိမ် The House’’ ဂေဟာသို့ အင်္ဂါနေ့တိုင်း ကျွန်မ သွားပြီး မေရီနှင့်တွေ့သည်။ သူက ထောင်မှထွက်ကာစ၊ ဆေးစွဲခြင်းကို တွန်းလှန်နေရပြီး သားနှင့် ကွဲကွာနေသည့်ဘ၀၊ ကျွန်မဘ၀နှင့် သူ့ဘ၀က တစ်ခြားစီဖြစ်သည်။ သူသည် လူ့အသိုင်းအ၀န်းပြင်ပ၌ ရှိနေသူ- အပခံရသူဟု လူတို့ပြောကောင်း ပြောမည်။
လူ့အသိုင်းအ၀န်းပြင်ပတွင် ရှင်သန်ရသောဘ၀ကို မေရီနည်းတူ သြနေသိမ်သည်လည်း သိနားလည်သည်။ ကျွန်တစ်ယောက်အနေနှင့် သူ့သခင် ဖိလေမုန်ကို ပြစ်မှားပြီး ထောင်ထဲရောက်ခဲ့သည်။ ထောင်တွင် ရှင်ပေါလုနှင့်တွေ့ပြီး ခရစ်တော်ကို ယုံကြည်ခဲ့သည်။ သြနေသိမ်၏အသက်တာ ပြောင်းလဲသွားသော်လည်း ကျွန် ဖြစ်နေဆဲပါ။ သြနေသိမ်ကို ကျွန်အဖြစ်မမှတ်ဘဲ၊ ညီအစ်ကိုကဲ့သို့ လက်ခံရန် တိုက်တွန်း သည့်စာကို သြနေသိမ်မှ တစ်ဆင့် ဖိလေမုန်ထံသို့ ရှင်ပေါလု ပို့လိုက်သည် (ဖိ ၁း၁၆)။
ဖိလေမုန်က သြနေသိမ်ကို…

ဒေါသကို ထိန်းချုပ်ကွပ်ကဲခြင်း

ကျွန်မသူငယ်ချင်းတစ်ယောက်နှင့် ညနေစာစားနေစဉ် သူ့အမျိုးတစ်ယောက်ကို သူစိတ်ပျက်နေကြောင်း ရင်ဖွင့်သည်။ သူ့ကို သရော်လှောင်ပြောင်ပြီး ဂရုမစိုက်သည့် အမူအကျင့်များဖြင့် သူစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့ကို စကားပြောရန် သူတွန့်ဆုတ်နေခဲ့သည်။ ထိုပြဿနာကို ထိပ်တိုက် ဖြေရှင်းရာ၌လည်း လှောင်ပြောင်သရော်သော အပြုအမူဖြင့် တုံ့ပြန်မှုကိုသာ ရခဲ့သည်။ ထိုအခါ သူဒေါသအိုးပေါက်ကွဲ လေရာ နှစ်ဖက်အသိုင်းအ၀ိုင်း စိတ်သဘောထား ကွဲလွဲပြီး မိသားစု ရင်းနှီးမှု ပြိုပျက်လေတော့သည်။
ကျွန်မလည်း ဒေါသပြဿနာကို ထိုနည်းနှင်နှင် ဖြေရှင်းခဲ့ခြင်းကြောင့် ထိုပြဿနာကို ကျွန်မ နားလည်သည်။ လူလူချင်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသည့် အချိန်များ ရှိခဲ့သည်။ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦး ပြောလိုက်သောစကားက ကျွန်မ၏ဒေါသကို ထိပါးလာပါက ကျွန်မမျိုသိပ်လိုက်သည်။ ထိုသူ (သို့) အခြားသူတစ်ဦးဦး နောက်တစ်ကြိမ်လာပြော၊ လာလုပ်သည်တွင် ကျွန်မ ပေါက်ကွဲတော့သည်။
ထို့ကြောင့် ဧဖက် ၄း၂၆…

အဖေနာမည် ဘယ်လိုခေါ်သလဲ

အရှေ့အလယ်ပိုင်းဒေသ၌ ကျွန်မ ဆဲလ်ဖုန်းသွားဝယ်စဉ်က သမားရိုးကျမေးခွန်းများ ဖြစ်သည့် အမည်၊ နိုင်ငံသား၊ လိပ်စာ စသည်ဖြင့် အမေးခံခဲ့ရသည်။ ပြီးနောက်တွင် စာရေးက လျှောက်လွှာပုံစံကို ရေးဖြည့်ပြီး၊ ‘‘ခင်ဗျား အဖေနာမည် ဘယ်လိုခေါ်သလဲ’’ ဟု မေးရာ၊ ထိုမေးခွန်းကြောင့် ကျွန်မအံ့အားသင့်ရပြီး၊ ၎င်းသည် အဘယ်ကြောင့် အရေးကြီးရသနည်း ဟု အတွေးနက်ခဲ့သည်။ ကျွန်မတို့၏ ယဉ်ကျေးမှု၌ ဖခင်နာမည်ကို သိသိ မသိသိ အရေးမကြီး သော်လည်း ဤအရပ်၌မူ မိမိမည်သူမည်ဝါဖြစ်သည်ကို သက်သေပြရန် လိုအပ်သည်။ အချို့သောယဉ်ကျေးမှု အသိုင်းအ၀ိုင်း၌ မျိုးရိုးဇာတိမှာ အရေးကြီးသည်။
မျိုးရိုးဇာတိသည် အရေးကြီးကြောင်း ဣသရေလလူတို့လည်း ယုံကြည်ကြသည်။ သူတို့ မျိုးနွယ်စု၏ဖခင်ကြီး အာဗြဟံအတွက် ဂုဏ်ယူကြပြီး၊ အာဗြဟံ၏အမျိုးအနွယ်ဖြစ်ခြင်းကြောင့် ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရသည်ဟု တွေးထင်ကြသည်။ သူတို့၏ လူသားမျိုးရိုးဇာတိသည် ၀ိညာဉ်ရေးရာမိသားစုနှင့်ဆက်စပ်နေသည်ဟု သူတို့ မှတ်ထင် ယူဆကြသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်ပိုင်း…

ကျွန်ုပ်တို့၌ ဘုရင်ရှိပြီ

ကျွန်မစိတ်တိုင်းကျ မဖြစ်သည့်အခြေအနေတွင် ခင်ပွန်းဖြစ်သူကို ထိခိုက်နာကျင်စေသော စကားများနှင့် ထိုးနှက်ပြီး၊ ကျွန်မ၏လွဲမှားသောစိတ်ထားကို ဖော်ပြသည့် ကျမ်းပိုဒ်နှင့် သတိပေးလာသည့် သန့်ရှင်းသောဝိညာဉ်တော်၏ အမိန့်အာဏာကိုလည်း ကျွန်မ ဥပေက္ခာပြုခဲ့သည်။ ကျွန်မ၏ တယူသန် မာန်မာနကြောင့် အိမ်ထောင်ရေးကို ထိခိုက်စေသင့် သလား၊ ဘုရားသခင်ကို မနာခံသူ ဖြစ်သွားသင့်ပါသလား။ လုံးဝ မဖြစ်သင့်ပါ။ သို့သော် ဘုရားသခင်နှင့် ခင်ပွန်းသည်ထံမှ ခွင့်လွှတ်ခြင်းကို တောင်းခံပြီးနောက် ကျွန်မမှာ ဒဏ်ရာများနှင့် ငုတ်တုတ် ကျန်ခဲ့သည်။ ပညာနှင့်ပြည့်သည့် အကြံပေးမှုကို လျစ်လျူရှုခြင်း၏ရလဒ်၊ မည်သူ့ကိုမျှ အရေးမစိုက်ခဲ့သည့် ကိုယ့်အပြစ်နှင့်ကိုယ်ပင်။
ဣသရေလ လူများသည်လည်း မနာခံ ကလန်ကဆန် လုပ်ခဲ့သည့်အချိန်ရှိသည်။ မောရှေ ဘုန်းဝင်စားပြီးနောက် ယောရှုသည် ဣသရေလလူ များကို ကတိတော်ပြည်သို့ ဦးဆောင်ခေါ်သွားသည်။ သူ၏ဦးဆောင်မှုအောက်၌ ဣသရေလလူတို့သည် ဘုရားရှင်ကို အစေခံခဲ့သည် (သူကြီး ၂း၇)။ သို့သော် ယောရှုနှင့်…