ကိုယ်ချင်းစာနာလျက် အစားဝင်ခံစားပေးခြင်း၏အစွမ်း
R70i သက်ကြီးဝတ်စုံကို ၀တ်ဆင်လိုက်သည်နှင့် အသက် ၄၀ ကျော်အရွယ်၏ အိုစာမှုကို ခံစားရတော့သည်။ အမြင်အာရုံ မှုန်ဝါးလျက် နားလည်း မကြားရတော့ပါ။ လှုပ်ရှားမှု များလည်း နှေးကွေးကျဆင်းသွားသည်။ ထိုဝတ်စုံကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၀န်ထမ်းများက ၎င်းတို့၏သက်ကြီးလူနာများအပေါ် ပိုနားလည်စာနာနိုင်အောင် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Wall Street Journal
ကိုယ်စားလှယ် ဂျော့ဖရီ ဖောင်းလာ သည် ထိုဝတ်စုံကို ၀တ်ဆင်ခဲ့ပြီးနောက် ဤသို့ရေးသားခဲ့သည်။ ‘‘မမေ့နိုင်စရာ အတွေ့အကြုံ၊ စိတ်ပျက်အားလျော့မှုကို ခံစားရသည့် အချိန်၌ ဤအတွေ့အကြုံက အသက်ကြီးလာစဉ် မည်သို့ ဖြစ်သည်ကို ထောက်ပြသည်သာမက ကိုယ်ချင်းစာလျက် အစားဝင် ခံစားပေးနိုင်အောင် ဤ၀တ်စုံက အထောက်အကူ ပြုသည်။ ကျွန်ုပ်တို့၏အနီးဝန်းကျင်ကမ္ဘာလေးအပေါ် မိမိ၏ အထင်အမြင်များကို ပုံသွင်းပြုပြင်ပေးနိုင်သည်’’။
အခြားသူတစ်ဦး၏ ခံစားချက်ကို နားလည်ခြင်း၊ မျှဝေခံစားပေးခြင်းသည် အစွမ်းတန်ခိုးတစ်မျိုးဖြစ်သည်။ သခင်ယေရှု၏နောက်တော်လိုက်များ ပြင်းထန်စွာ…
တန်ခိုးကြီးတော်မူသောဘုရားသခင်
ပင်လယ်ကမ်းစပ်၌ လေအဟုန်အတိုင်း လှုပ်ရှားရင်း ရေလှိုင်းပေါ်ဝယ် ရေလွှာလျှောစီးကာ စွန်လွှတ်နေသူများကို ကြည့်ရင်း ကျွန်မ ပျော်ရွှင်ကြည်နူးမိသည်။ ‘‘အဲဒီလို ဘုတ်ပြား စီးရင်း စွန်လွှတ်နေကြတာ ကြည့်ရတာ ခက်သလိုဘဲ’’ ဟု ကမ်းစပ်သို့ ဆင်းလာသူ တစ်ဦးကို မေးကြည့်ရာ၊ သူက ‘‘မခက်ပါဘူး၊ ရိုးရိုးရေလွှာလျှောစီးရတာထက် ပိုတောင် လွယ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လေအားကို ထိန်းပြီး သုံးလို့လေ’’ ဟု ပြောပြသည်။
ထိုနောက် ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း ရေလွှာလျှောစီးသူကို ယိမ်းနွဲ့လှုပ်ရှားစေသည်သာမက ကျွန်မ မျက်နှာပေါ်သို့ ဆံနွယ်စများဝဲကျစေသော လေ၏ အစွမ်းကို စဉ်းစားရင်း ကျွန်မတို့၏ ဖန်ဆင်းရှင်ဘုရားသခင်ကို ဆင်ခြင်မိသည်။ ဓမ္မဟောင်းကျမ်းမှ ပရောဖက်အာမုတ် ရေးသားသောကျမ်းတွင်လည်း ‘‘တောင်တို့ကို လုပ်၍ လေကို ဖန်ဆင်းထသော (ဘုရားသခင်သည်) နံနက်အလင်းကို အမိုက်ဖြစ်စေ’’ သည်ဟု ရေးသားထားသည် (း၁၃)။
ထာဝရဘုရားသခင်သည်…
ကောင်းစွာသိနားလည်ခြင်း
နိုင်ငံရပ်ခြားမှ ကျွန်မတို့ မွေးစားသည့် သားငယ်လေးကို အိမ်သို့ ခေါ်ဆောင်လာချိန်တွင် သူသည် လပေါင်းများစွာ အစာကောင်းစွာ မစားရဘဲ အာဟာရချို့တဲ့သည့် ကလေးငယ် ဖြစ်ခြင်းကြောင့်၊ အထူးသဖြင့် အစားအသောက်ကောင်းများ ကျွေးပြီး မေတ္တာမိုးကြီး ရွာလိုက်ရန် ကျွန်မ စိတ်စောမိသည်။ သို့သော် ကျွန်မတို့ မည်မျှပင် ကြိုးစားလည်း၊ အထူးကုများနှင့်ပြသလည်း သူကတော့ ပိန်လှီမြဲပင်။ သုံးနှစ် ကြာပြီးနောက်မှ သူပုံမှန်မစားနိုင်သောအစာ ရှိကြောင်း သိလိုက်ရပြီး ထိုအစားအစာများကို ဖယ်ရှားလိုက်မှ လအနည်းငယ်အတွင်း သူ့အရပ် ၅ လက်မခန့် ထွက်လာ သည်။ ကလေး၏ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည့် အစာများကို မသိဘဲ ကျွေးမိခြင်းကြောင့် ကျွန်မ ၀မ်းနည်း ခံစားရသကဲ့သို့ ယခုတွင် သူ၏ကျန်းမာရေး ကောင်းမွန် တိုးတက်လာခြင်းအတွက်လည်း ကျွန်မ ၀မ်းမြောက်ရသည်။
ဗိမာန်တော်၌ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ပညတ္တိကျမ်းကို ပြန်တွေ့သောအခါ ယောရှိမင်းသည်လည်း…
ဘုရားသခင်သိတော်မူ၏
အသင်းတော်၌ နာကျင်ခံစားနေရသည့် အမျိုးသမီးတစ်ဦးကို ဒဲန်နီးစ် မြင်တွေ့ပြီး စိတ်ထိခိုက်ကာ သူ့ကို မည်သို့မစနိုင်မည်နည်းဟု တွေးခဲ့သည်။ အပတ်စဉ် သူ့ကို တွေ့ဆုံအားပေးနှစ်သိမ့်ပြီး အတူတကွ ဆုတောင်းကြသည်။ သို့နှင့် ဒဲန်နီးစ်သည် သူ့ကို အားပေးစောင်မလမ်းပြသူ ဖြစ်လာသည်။ သို့သော် အသင်းတော်ခေါင်းဆောင်များက ဒဲန်နီးစ်၏ အားထုတ်မှုကို မမြင်၊ ထိုအမျိုးသမီးကို မစမည့်သူ တစ်ဦးဦးကို တာဝန်မပေးဘဲ ရှိနေသည်။ မည်သူမျှ ထိုအမျိုးသမီးကို တာဝန်မယူဟုသာ ဝေဖန်နေကြသည်။
မည်သည့် ချီးမွမ်းမှုမျိုးကိုမှ ဒဲန်နီးစ် မလိုချင် သော်လည်း သူ့အနေနှင့် စိတ်အားလျော့လာသည်။ ‘‘ကျွန်မက ဘာမှမလုပ်ဘဲ နေနေတာကျနေတာဘဲ’’ ဟု သူရင်ဖွင့်သည်။
သို့သော် တစ်နေ့တွင် ထိုအမျိုးသမီးက ဒဲန်နီးစ်၏ နှစ်သိမ့်အားပေးမှုအတွက် သူအလွန်ကျေးဇူးတင်ကြောင်း ပြောလာရာ၊ ဒဲန်နီးစ် အားတက်သွားသည်။ ‘‘သူ့အတွက် မင်းရှိနေပေးတာ ငါသိတယ်’’ဟု ဘုရားသခင် သူ့ကိုပြောလိုက်သကဲ့သို့ သူခံစားလိုက်ရသည်။…
လူသားချင်းပေမို့
ရပ်ရွာ၌ မည်သည့်အခန်းကဏ္ဍကို တာဝန်ယူရသနည်းဟူသည့် မေးခွန်းက တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူမဖြစ်ပါ။ သို့သော် ထိုမေးခွန်း အမေးခံရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် သူ့တံဆိပ်ပြားထုတ်ပြခြင်း၊ သူ့ရာထူးကို ပြောကြားခြင်းမပြုဘဲ ‘‘ကျွန်တော်တို့ဟာ ပဋိပက္ခအရေးအခင်းကြားက လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူသားတွေ ပါဘဲ’’ ဟု ဖြေကြားခဲ့သည်။
လူသားချင်းအပေါ် သာတူညီမျှ သဘောထားသည့် ထိုစိတ်ဓာတ်အားဖြင့် ရောမတို့၏ညှဉ်းပန်းနှိပ်စက်မှုကို ခံရသည့် ပထမရာစုနှစ်မှ ခရစ်ယာန်များထံ ရေးသားပေးပို့ သည့် ရှင်ပေတရု၏ သတင်းစကားကို သတိရမိသည်။ ‘‘သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနား စုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့’’ (၁ ပေ ၃း၈) ဟု ရှင်ပေတရုက ညွှန်ကြားသည်။ ဒုက္ခအကျဉ်းအကြပ်ထဲ ရောက်နေသူများအပေါ် အကောင်းဆုံး တုံ့ပြန်ပေးနိုင်သော နည်းလမ်းမှာ လူသားချင်း စာနာထောက်ထားလျက် မိမိတို့လည်း လူသားချင်းဖြစ်ကြောင်း…
စစ်မှန်သော စိတ်နှလုံးတည်နေရာ
ကျွန်တော်တို့ အနှစ်နှစ် အလလ မွေးထားသည့် တယ်ရီယာ ခွေးလေးတစ်ကောင်ရှိသည်။ ထိုခွေးမျိုးက သန်မာပြီး မြေတူးကာ ရန်သူကို လိုက်သည်။ ကျွန်တော်တို့၏ ခွေးမလေးက မူရင်းအမဲလိုက်ခွေးဗီဇမှ အဆက်ဆက် မျိုးစိတ်ကွဲသည့် ခွေးမျိုးဖြစ်သော်လည်း ထိုမူရင်းဗီဇက ရှိနေဆဲဖြစ်သည်။ တစ်ကြိမ်တွင် ကျွန်တော်တို့ခြံအနောက်ရှိ ကျောက်တုံး အောက်မှ ပွေးကောင်တစ်ကောင်ကို တွေ့ပြီး မည်သို့မျှ ထိန်းမရဘဲ ကျောက်တုံးအောက်သို့ အနက်ပေ အတော် များများ တူးခဲ့ဖူးသည်။
ယခု အောက်ပါမေးခွန်းကို ဆင်ခြင်ပါ။ လူသား ကျွန်တော်တို့အနေဖြင့် မည်သည့်အရာနောက်သို့ မရမက လိုက်နေသနည်း။ မည်သူမျှ မတက်ဖူးသည့်တောင်၊ မိုးထိလုသောတောင်ကမ်းပါး စသည်တို့ကို အဘယ်ကြောင့် တက်ကြသနည်း။ သဘာဝအဆီးအတား အခက်အခဲများကို အံတုလျက် အဘယ်ကြောင့် အခက်ခဲဆုံး၊ အန္တရာယ်အရှိဆုံး အလုပ်များလုပ်နေသနည်း။ အချို့က ၎င်းကို ၀ါသနာ ထုံပြီး စွန့်စားလိုစိတ်ကြောင့် ဖြစ်သော်လည်း ပေးဆပ်ရမှုက…
ကောက်ရိတ်သိမ်းပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲ
လွန်လေပြီးသော နှစ်ပေါင်းထောင်ချီသည့်ကာလက ဘုရားသခင်သည် သူ့လူများ လုပ်ဆောင်ရမည့်ပွဲတော်ကို မောရှေအားဖြင့် ပညတ်သစ် ပေးခဲ့သည်။ ထွက် ၂၃း၁၆ မှ မောရှေ၏ မှတ်တမ်းအရ ထာဝရဘုရားသည် ‘‘လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည် ကာလ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ ... သိုထားပွဲကို လည်းကောင်း ခံရမည်’’ ဟုမိန့်ကြားခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မြေအသီးအနှံရိတ်သိမ်းပွဲကို ထိုနည်း သဘောအတိုင်း ကျင်းပကြသည်။ ဂါနာနိုင်ငံတွင် ယမ် ကောက်ရိတ်သိမ်းပွဲကို ဆင်နွဲသည်။ ဘရာဇီးတွင် Dia de Acao de Gracas - အစာရေစာအတွက် ကောက်နှံများကို ပေးသနားသည့်အတွက် ကျေးဇူးတင်သည့်ပွဲတော် ကျင်းပ ကြသည်။ တရုတ်ပြည်တွင်မူ ‘လမုန့်ပွဲတော်’ကို ဆင်နွဲကြ သည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ကျေးဇူးတော် ချီးမွမ်းခြင်းပွဲကို…
အသံဗလံပြုလျက် ရွှင်လန်းစွာ ကြွေးကြော်
ကျွန်မ ပုံမှန်တက်ရောက်ပါဝင်နိုင်မည့် အသင်းတော်တစ်ပါးပါးကို ရှာဖွေခဲ့စဉ်က ကျွန်မ မိတ်ဆွေတစ်ဦးသည် သူ့အသင်းတော်၏ အစီအစဉ်တစ်ခုသို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူက ကျွန်မအလွန်နှစ်သက်သည့်သီချင်းဖြင့် ပရိသတ်ကို ဦးဆောင်သည်။ ထို့ကြောင့် ကောလိပ်တက်စဉ်က သံစုံအဖွဲ့ခေါင်းဆောင်၏ ‘‘ရှင်းလင်းပြတ်သား ကျယ်လောင်စွာ’’ သီဆိုရန် တိုက်တွန်း ခဲ့ခြင်းကို သတိရလျက် သီချင်းကို အားပါးတရ သီဆိုချီးမွမ်း လိုက်သည်။
သီချင်းဆုံးသော် ကျွန်မမိတ်ဆွေ၏ ခင်ပွန်းက ကျွန်မဘက်လှည့်ပြီး ‘‘မင်းအသံကျယ်ကျယ်ဆိုတာဘဲ’’ ဟု ပြောသည်။ သူ့မှတ်ချက်က ကျွန်မကို ချီးကျူးခြင်းတော့ မဟုတ်တန်ရာ၊ သို့နှင့် ကျွန်မ၏အသံကိုထိန်းပြီး ကျွန်မအနီး အနားရှိလူများထက် အသံတိုးအောင် သတိထားကာ၊ ကျွန်မ၏သီဆိုမှုကို လူများဝေဖန်နေမည်လားဟု တွေးရင်း သီဆိုသည်။
သို့သော် တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်မအနီးမှအမျိုးသမီးတစ်ဦးကို ကျွန်မသတိထားမိသည်။ သူက မိမိကိုယ်ကို ထိန်းမနေဘဲ မြတ်နိုးကြည်ညိုစိတ်နှင့် ချီးမွမ်း သီဆိုနေသည်။ သူ့ကိုကြည့်ပြီး…
မေပယ်စေ့များ
ကျွန်တော့်ကလေးများ ငယ်စဉ်က အိမ်နီးချင်းခြံထဲရှိ မေပယ်ပင်မှ ကြွေကျလာသည့် တောင်ပံနှစ်ခုသဏ္ဌာန် မေပယ်ပွင့်များကို ပြေးလွှားဖမ်းဆော့ရသည်ကို ၎င်းတို့ အလွန် သဘောကျသည်။ မေပယ်ပွင့်၏အတောင်ပံသည် မေပယ်စေ့ဖြစ်သည်။ နွေဦးရာသီ နှောင်းပိုင်းတွင် မေပယ်ပွင့်များသည် ရဟပ်ယာဉ်၏ဒလက်များပမာ ချာချာလည်ပြီး မြေပေါ်သို့ ကြွေကျသည်။ ၎င်းမေပယ်စေ့များ၏သဘာဝမှာ လေဟုန်နှင့် စီးမျောရန် မဟုတ်ဘဲ မြေပေါ်သို့ကျလျက် အပင်ပေါက် ရှင်သန်ရန် ဖြစ်သည်။
ကားတင်သတ်ခြင်း မခံရမီတွင် သခင်ယေရှုသည် တပည့်တော်များအား ‘‘လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင် မူကား များစွာသောအသီးကို သီးတတ်၏’’ (ယော ၁၂း၂၃-၂၄) ဟု မိန့်တော်မူခဲ့သည်။
တပည့်တော်များက သခင်ယေရှုကို မေရှိယအဖြစ် ချီးမြှောက်ရန် ဆန္ဒရှိသော်လည်း သခင်သည် အသက်ပေးရန် ကြွလာတော်မူပြီး သူ့ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းခံရကာ အသစ်ဖြစ်စေသည်။…
နောက်တစ်ခုဖြစ်ပြန်ပြီ
ကျွန်တော်တို့၏ ခြံအနောက်ရှိ ချယ်ရီပင်အိုကြီးမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ သေတော့မည့်ပုံပေါ်လာ၍ သစ်ပင်ပြုစုကုသသူ ကျွမ်းကျင်ပညာရှင်ကို ကျွန်တော် ခေါ်လိုက်သည်။ ထိုသူက အပင်ကို စစ်ဆေးကြည့်ပြီး ၎င်းသည် ‘‘အလွန်အမင်း စိတ်ဖိစီး ခံရခြင်းကြောင့်’’ ချက်ခြင်း ဂရုစိုက်ပြုစုကုသရမည်ဟု ပြောသည်။ ကျွန်တော့်ဇနီး ကယ်ရိုလင်းက သစ်ပင်ကို ကြည့်ပြီး ‘‘နောက်တစ်ခုဖြစ်ပြန်ပြီ’’ ဟု ရေရွတ်ကာ လှည့်ထွက်သွားသည်။ ပြဿနာများ တစ်ခုပြီး တစ်ခု ဆက်တိုက်ရင်ဆိုင်ရသည့် ရက်သတ္တပတ်ဖြစ်သည်။
သားရေးသမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ငွေရေးကြေးရေး၊ ကျန်းမာရေးနှင့် ကိုယ်စိတ်ကျန်းမာ ချမ်းသာရေး စသောအရေးများဖြင့် စိုးရိမ်သောကများသော ရက်သတ္တပတ်ကို ကျွန်တော်တို့အမှန်တကယ် ကြုံရသည်။ သို့သော်လည်း အခြေအနေအရပ်ရပ်တို့ မည်သို့ပင် စိတ်အနှောင့်အယှက် ဖြစ်ပါလေစေ၊ကျွန်တော်တို့ ငြိမ်ဝပ်စွာရှိနေနိုင်ကြောင်း ‘‘ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏’’ (ယော ၁၄း၂၇)ဟု သခင်ယေရှု စိတ်ချမှုပေးခဲ့သည်။
သခင်ယေရှု၏တစ်နေ့တာသည်လည်း ပူပင်သောကနှင့်…