ကိုးစားခဲ့သမျှ ရေတွက်မှတ်သား
ကျွန်မခင်ပွန်းနှင့် ကျွန်မသည် သခင်ခရစ်တော်ထံ အသက်တာကို မအပ်နှံမီက ကွာရှင်းပြတ်စဲရန်ကိစ္စကို အတည်စဉ်းစားခဲ့ကြသည်။ သို့သော် ဘုရားသခင်ကိုချစ်ပြီး နာခံရန် ဆက်ကပ်ခဲ့သည့်နောက် ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး ပြန်လည်ကတိပြုဝန်ခံခဲ့ကြ သည်။ အကြံဉာဏ်များကို ရှာဖွေတောင်းခံရင်း ကျွန်မတို့ တစ်ဦးချင်းစီကို လည်းကောင်း၊ ဇနီးမောင်နှံအဖြစ်လည်းကောင်း ပြုပြင်ပြောင်းလဲပေးပါရန် သန့်ရှင်းသော ၀ိညာဉ်တော်ကို ခေါ်ဖိတ်ခဲ့ကြသည်။ ကောင်းကင်ဘုံရှင် အဘဘုရားကလည်း ကျွန်မတို့နှစ်ဦး၏ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာအောင် ဆက်လက် စောင်မသည်။ မည်သို့ပင် ဖြစ်လာဖြစ်လာ ကိုယ်တော့်ကို ချစ်တတ်၊ ကိုးစားတတ်အောင်၊ ကျွန်မတို့ဇနီးမောင်နှံ အချင်းချင်း ချစ်တတ်အောင် သွန်သင်ပေးသည်။
သို့နှင့် ကျွန်မတို့၏ ၂၅ နှစ်မြောက် ငွေရတု မင်္ဂလာနှစ်ပတ်လည်နီးလာပြီ။ သို့သော် စုံစမ်းစစ်ကြောခံရသည့် အဖြစ်တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုပေးခဲ့သည့် အမှု များကို မှတ်သားဆင်ခြင်လျက် ကိုယ်တော်၌ အမှီပြုရမည့်အစား မလိုအပ်ဘဲ စိုးရိမ် ပူပန်လျက်၊…
ဘုရားသခင်၌ အမြစ်စွဲတည်နေသည်
ကျွန်မမိတ်ဆွေများ အိမ်သစ်သို့ပြောင်းရွေ့သွားသောအခါ ခြံစည်းရိုးအနီး၌ ၀စ်တီးရီးယား ပန်းပင်ကို စိုက်ပျိုးခဲ့သည်။ နောက် ၅ နှစ်အကြာတွင် လာဗင်ဒါပန်းရနံ့ သင်းနေမည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။ ထိုပန်းပင်ကို သေချာစွာ အပင်ချိုင် ပြုပြင်လျက် အနှစ် ၂၀ ကျော်မျှ ပန်းအလှပန်းရနံ့ကို ကြည်နူးခံစားခဲ့ကြသည်။ သို့သော် တစ်ဖက်ခြံမှ အိမ်နီးချင်းက ပေါင်းသတ်ဆေးသုံးရင်း သူ့ခြံဘက်၌ သုံးခြင်းဖြစ်သော်လည်း ပန်းပင်သေသွားသည်။ ပေါင်းသတ်အဆိပ်က မြေကြီးထဲ စိမ့်ဝင်ပြီး ပန်းပင်၏ အမြစ်များ ပျက်စီးသွားခြင်းကြောင့် ပန်းပင်သေသွားခြင်းဖြစ်မည်ဟု သူတို့ထင်မိသည်။ သို့သော် အံ့သြစရာမှာ နောက်တစ်နှစ်တွင် မြေကြီးပေါ်မှ အစို့အတက်လေးများ ပြန်ထွက်လာသည်။
ဘုရားသခင်ကို ကိုးစားသည့် ဘုရားသားသမီးများနှင့် ဘုရားသခင်၏လမ်းတော်ကို လျစ်လျူရှုသူများကို ပရောဖက် ယေရမိက ရှင်သန်ကြီးထွားသောအပင်နှင့် ပျက်စီးသော အပင်တို့နှင့် နှိုင်းယှဉ်ဖော်ပြသည်။ ဘုရားရှင်၏ နောက်တော် လိုက်လျှောက်သူများသည် ရေရှိရာအရပ်၌ အမြစ်ဖြာပြီး အသီးသီးမည် (ယေ…
ဘုရားသခင် ပြင်ဆင်ဖြည့်ဆည်းပေးသည်
ကျွန်မရုံးခန်း၏အပြင်ဘက်တွင် အေးမြသည့်ဆောင်းရာသီကို အံတုလျက် ရှဥ့်ကလေးများ အစာသိုလှောင် စုဆောင်းနေသည်။ ၎င်းတို့၏ဆူညံရှုပ်ရှက်ခတ်နေကြပုံက ရယ်စရာ၊ ချစ်စရာဖြစ်သည်။ သမင်အုပ်ကြီးက အသံမမြည်ဘဲ ကျွန်မတို့ ခြံအနောက်ဘက်မှ ဖြတ်သွားနိုင်သော်လည်း ရှဥ့်လေးတစ်ကောင်တည်းကပင် ကျူးကျော်သူများ ၀င်ရောက် လာသည့်ပမာ ဆူညံနေသည်။
ထိုသတ္တ၀ါနှစ်မျိုး၏ အခြားသော မတူညီကွဲပြားမှု များလည်း ရှိသေးသည်။ သမင်များက ဆောင်းတွင်းအတွက် အစာကို ပြင်ဆင်စုဆောင်းရန် မလို၊ နှင်းကျလာသည်နှင့် ၎င်းတို့မှာ ကျွန်မတို့ခြံထဲရှိ အလှစိုက်ထားသည့်အပင်များ အပါအ၀င် တွေ့သမျှအရွက်များကို ရှာဖွေစားသောက်သည်။ ရှဥ့်များက ထိုကဲ့သို့ပြုပါက အစာငတ်ကြလိမ့်မည်။ ၎င်းတို့အတွက် သင့်လျော်သည့်အစာ မရှာနိုင်ဖြစ်သွားမည်။
သမင်များနှင့်ရှဥ့်လေးများက ဘုရားသခင် ကျွန်မတို့ကို ဂရုပြုစောင်မပုံ နည်းလမ်း များကို ကိုယ်စားပြု ဖော်ပြနေသည်။ အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းရန် ကိုယ်တော်ပြင်ဆင်ပေးပြီး ကျွန်မတို့စုဆောင်းထားသမျှအရာများ ပြတ်လပ်ကုန်လျှင် ကျွန်မတို့၏လိုအပ်မှုအတွက် ကိုယ်တော်က ဖြည့်ဆည်းပေးသည်။ လိုအပ်မှုရှိလာမည့်…
ပို၍ သာလွန်ထူးမြတ်ကောင်းမွန်သော
ကျွန်မမိခင်၏မွေးနေ့ပြီး၍ နောက်တစ်နေ့သည် ကျွန်မမွေးနေ့ဖြစ်သည်။ လူငယ်ဖြစ်သည့် အလျောက် အမေလည်း ပျော်ရွှင်နိုင်အောင်၊ ကျွန်မလည်းဝယ်ပေးနိုင်သည့် လက်ဆောင်တစ်ခုခုကို ကျွန်မစဉ်းစားသည်။ ကျွန်မ၀ယ်ပေးသမျှကို အမေက မြတ်မြတ်နိုးနိုးနှင့် လက်ခံသည်။ နောက်တစ်နေ့ ကျွန်မမွေးနေ့ရောက်သော် အမေက လက်ဆောင် ပြန်ပေး သည်။ အမေ့လက်ဆောင်က ကျွန်မ၏လက်ဆောင်ထက် အဆဆသာပါသည်။ ကျွန်မလက်ဆောင်လေး မျက်နှာငယ် သွားအောင် တမင်လုပ်ခြင်း မဟုတ်ပါ။ အမေက သူတတ်နိုင်သည်အတိုင်း ရက်ရောစွာ ပေးခြင်းဖြစ်ပြီး ကျွန်မ လက်ဆောင်ထက် အဆဆသာသွားခြင်း ဖြစ်သည်။
အမေ့အတွက် လက်ဆောင်ပေးချင်သော ကျွန်မဆန္ဒ အားဖြင့် ဘုရားသခင် ကျိန်းဝပ်ရာနေရာကို ဆောက်ပေး လိုသည့် ဒါဝိဒ်၏ဆန္ဒကို ပြန်အောက်မေ့သတိရမိသည်။ သူနေထိုင်သည့်နန်းတော်နှင့် ဘုရားသခင် ကိုယ်ထင်ပြ၊ ကျိန်းဝပ်သည့်တဲတော်တို့မှာ မယှဉ်သာ၊ တစ်ခြားစီဖြစ်နေသည်ကို ခံစားရလျက် ဗိမာန်တော်ကို သူ တည်ဆောက်လိုသည်။ ဒါဝိဒ်၏စိတ်ဆန္ဒကို ဖြည့်ဆည်းလိုက်လျော ပေးခြင်းထက် ဘုရားသခင်သည်…
ကန္တာရထဲ၌ အသက်ရှင်နိုင်ရေး
၁၉၆၀ ခုနှစ်များအတွင်းက အဆိုတော်သုံးဦးဖြင့် ဖွဲ့စည်းထားသော ကင်းစတန်ထြီအို (Kingston Trio) တေးဂီတအဖွဲ့သည် ‘‘Desert Pete’’ သီချင်းကို ဖြန့်ချိခဲ့သည်။ ဤသီချင်းမှာ သဲကန္တာရ၌ သွားစဉ် လက်နှိပ် ရေတုံကင်တစ်ခုကို တွေ့ရှိလိုက်သည့် ရေငတ်နေသောနွားကျောင်းသားလေးအကြောင်းကို စပ်ဆိုထားသည်။ ရေတုံကင် အနီးတွင် Desert Pete သည် စာတိုလေးရေးကာ ထိုစာကို ဖတ်မိသူသည် ရေခရားထဲမှ ရေကိုမသောက်ရန်၊ ထိုရေသည် တုံကင်မှရေချူရန်အတွက်ဖြစ်ကြောင်း ရေးထားသည်။
နွားကျောင်းသားသည် ထိုရေခရားထဲမှ ရေကို သောက်လိုက်ရန် သွေးဆောင်ခြင်းခံရသော်လည်း သူ့စိတ်ကို ထိန်းပြီး စာထဲ၌ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက် သည်။ သူ၏နာခံမှုအတွက် အကျိုးထူးကို ခံစားရသည်။ အေးမြသောရေကို သူ့စိတ်တိုင်းကျ ဝလင်စွာ သောက်သုံးခဲ့ ရသည်။ အကယ်၍ သူသည် ယုံကြည်ခြင်းဖြင့် မလုပ်ဆောင် ပါက သူစိတ်ကျေနပ်သည့်အထိ မသောက်ရသည့်အပြင် နွေးနေသည့်ရေကိုသာ…
ရုပ်ဖျက်ထားသော သခင်ယေရှု
ကျွန်မ၏သူငယ်ချင်းသည် သူ၏ယောက္ခမကြီးကို ပြုစုရင်း “အမေဘာကို အမျှော်လင့် အတမ်းတဆုံးလဲ” ဟု မေးလိုက်သည်။ ယောက္ခမကြီးက “ငါ့ရဲ့ခြေကို ဆေးပေးစေချင် တယ်” ဟုပြောသည်။ “ဘယ်လောက်မုန်းဖို့ကောင်းလိုက်လဲ။ သူအဲဒီလို ကျွန်မကို ခိုင်းတိုင်း ကျွန်မသိပ်မုန်းတယ်။ ကျွန်မစိတ်ထဲမှာ ခံစားရတာကို သူမသိပါစေနဲ့လို့ ဘုရား သခင်ထံ တောင်းလျှောက်ခဲ့တယ်” ဟု သူ ဝန်ခံသည်။
သို့သော် တစ်နေ့တွင် သူငယ်ချင်း၏ညည်းညူ တတ်သော အတွေးအခေါ်သည် လျှပ်တစ်ပျက် ပြောင်းလဲ သွားသည်။ ရေဇလုံနှင့် တဘက်ကိုယူကာ သူ၏ယောက္ခမ ရှေ့တွင် ဒူးထောက်ပြီး “ကျွန်မအပေါ်ကို မော့ကြည်လိုက်တဲ့ တဒင်္ဂလေးမှာ သခင်ယေရှုရဲ့ ခြေတော်ကို ဆေးနေသကဲ့သို့ ကျွန်မခံစားလိုက်ရတယ်။ သူဟာ သခင်ယေရှုခရစ်တော် ရုပ်ဖျက်ထားသူပဲ” ဟု သူပြောပြသည်။ ထိုနောက်ပိုင်းတွင် သူသည် ယောက္ခမကြီး၏ခြေကို ဆေးပေးရခြင်းအတွက် ဂုဏ်ယူ ၀မ်းမြောက်ခဲ့သည်။
ထိုအဖြစ်အပျက်ကိုကြားရပြီးနောက် သံလွင်တောင်ပေါ်တွင်…
ညီအစ်ကို အချင်းချင်း
အသက်တစ်နှစ်ခန့်သာ ကွာသော်လည်း ကျွန်တော်နှင့်ကျွန်တော့်၏ညီသည် တစ်ဦးနှင့် တစ်ဦး “ပြိုင်ဆိုင်ခြင်း” - တစ်နည်းအားဖြင့် ရန်ဖြစ်ရင်း” ကြီးပြင်းလာကြသည်။ အဖေက သိပြီး အမေကတော့ သိပ်မသိပါ။
ကျွန်တော်တို့၏ ဇာတ်လမ်းသည် “မွေးချင်းတို့၏ယှဉ်ပြိုင်ခြင်း ရာဇဝင်အကျဉ်းချုပ်”ဟုခေါင်းစဉ်တပ်ရမည့် ကမ္ဘာဦးကျမ်းမှ အချက်အလက်များနှင့်
ကိုက်ညီသည်။ ကာဣနနှင့် အာဗေလ (က ၄)၊ ဣဇာက်နှင့် ဣရှမေလ (၂၁း၈-၁၀)၊ ယောသပ်နှင့် သူ၏အစ်ကိုများ (ဗင်္ဃာမိန်မပါ) (အခန်းကြီး ၃၇) စသည့် ဇာတ်လမ်းများကို ကြည့်ပါ။ သို့သော် ညီအစ်ကိုအချင်းချင်း မုန်းတီးမှုတွင် ယာကုပ်နှင့်ဧသောတို့ကို မည်သူမျှ မမီ။
ဧသောသည် သူ၏အမွှာညီ(ယာကုပ်)က သူ့ကို နှစ်ကြိမ်တိုင်တိုင် လှည့်စားခဲ့သဖြင့် ယာကုပ်ကို သတ်ချင်စိတ် ပြင်းထန်ခဲ့သည် (၂၇း၄၁)။ ဆယ်စုနှစ်များ ကုန်လွန်ပြီးနောက် ယာကုပ်နှင့်ဧသောတို့ ပြန်လည်သင့်မြတ်သွားကြသော်လည်း (အခန်းကြီး ၃၃)၊ ၎င်းတို့မှဆင်းသက်သော ဧဒုံလူနှင့်ဣသရေလလူမျိုးတို့အကြား မုန်းတီးမှုများ…
အခြားသောချစ်ခြင်းတစ်မျိုး
ကျွန်တော် နှစ်သက်သော အသင်းတော်ပေါင်းများစွာထဲမှ အသင်းတော်တစ်ပါးသည် လူ့အဖွဲ့အစည်းသို့ ပြန်လည်ပါဝင်ခွင့်ရရေး ထောင်ထွက်များအကြား သာသနာပြုခြင်း လုပ်ငန်းကို နှစ်ပေါင်းများစွာကပင် ဆောင်ရွက်သည်။ ယခုအခါ ဘဝမျိုးစုံ လူတန်းစား မျိုးစုံမှ လာသော အသင်းသားများဖြင့် အသင်းတော်ကြီးပွားနေပေပြီ။ ထိုအသင်းတော်ကို ကျွန်တော် အလွန်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် မှန်းဆမြင်ယောင်သည့် ကောင်းကင်နိုင်ငံနှင့် တူခြင်းကြောင့် ဖြစ်သည်။ ၎င်းအသင်းတော်တွင် သခင် ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် နှောင်ဖွဲ့လျက် ကယ်တင်ခြင်း ခံရသည့် အပြစ်သားပေါင်းစုံတို့ ပါဝင်သည်။
တစ်ခါတစ်ရံ အသင်းတော်သည် အပြစ်လွှတ်ခြင်း ခံရသော အပြစ်သားများ၏ လုံခြုံစွာ ခိုလုံရာနေရာနှင့် မတူဘဲ ဈေးကြီးပေးရသောသီးသန့် ကလပ်တစ်ခုနှင့် ပို၍တူနေသည် ကို တွေ့ရသည်။ လူ့သဘာဝအရ “မိမိနှင့် အဆင်ပြေသူ၊ ပေါင်းဖော်ရသည်မှာ မိမိအတွက် သက်သောင့်သက်သာဖြစ်သူများနှင့်သာ တွဲဖက်လိုပြီး အခြားသူများ၏ ခံစားချက်များကိုအရေးမပါသကဲ့သို့ ပြုမူတတ်ကြသည်။ ၎င်းကို သခင်ယေရှု…
သင်၏လုံခြုံရာနေရာ
မိသားစုဆွေမျိုးများ ပြန်လည်တွေ့ဆုံခြင်းပွဲသို့ တက်ရောက်ရန် ကျွန်မ သမီးနှင့်အတူ စီစဉ်ခဲ့သည်။ သူသည် ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေသဖြင့် ကျွန်မက ကားမောင်း ပေးမည်ဟု ပြောခဲ့သည်။ သူက “ကောင်းတယ်။ ဒါပေမဲ့ သမီးကားနဲ့ဆို ပိုစိတ်ချရတယ်။ မောင်းနိုင်တယ်မဟုတ်လား” ဟုမေးသည်။ သူ၏ကားက ကျွန်မ၏ ကျဉ်းကျဉ်းကြပ်ကြပ် ကားနှင့်စာလျှင် ကျယ်ကျယ်ဝန်းဝန်းရှိသည်ဟု သူယူဆ နေသလားဟုအထင်ဖြင့် သူအား “မေမေ့ကားက ကျဉ်းကျုံ့ နေလို့လား” ဟုမေးလိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်မ ကားက ကျွန်မအတွက် စိတ်ချရတဲ့နေရာဖြစ်လို့ပါ။ ကျွန်မ အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရလို့ပါ”ဟုသူဖြေသည်။
သူ၏သုံးသပ်ချက်က ကျွန်မ၏ကိုယ်ပိုင် “လုံခြုံသည့်နေရာ” ကို စဉ်းစားရန် စိန်ခေါ်နေသည်။ ရုတ်ခြည်းပင် သုတ္တံကျမ်း ၁၈း၁၀ ကို ဆင်ခြင်မိသည်။ “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သော သူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” ဓမ္မဟောင်း ခေတ်ကာလတွင်…
အလှတရားများ မဆုံးနိုင်သောအချိန်
Grand Canyon ချိုင့်ဝှမ်းဒေသမှ ရှုမျှော်ခင်းကို ကျွန်တော် အလွန်သဘောကျသည်။ ကျောက်တောင်စွန်းပေါ်မှ လှမ်းမျှော်ကြည့်လိုက်တိုင်း ကျွန်တော့်ကို အံ့သြမိန်းမောသွား စေသည့် ဘုရားသခင်၏လက်ရာတော် စုတ်ချက် အသစ်အသစ်ကို တွေ့ရသည်။
Grand Canyon ချိုင့်ဝှမ်းဒေသသည် မြေပြင်ပေါ်ရှိ ကြီးမားသော ချိုင့်ကလိုင် မျှသာ ဖြစ်သော်လည်း ၎င်းကို ကြည့်ပြီး ကောင်းကင်နိုင်ငံကို
ကျွန်တော် ဆင်မြင်မိသည်။ အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦးက ရိုးသားစွာ ‘‘ကောင်းကင်နိုင်ငံက ပျင်းစရာ ကောင်းမနေဘူးလား။ ဘုရားသခင်ကို တစ်ချိန်လုံး ချီးမွမ်း ရတာ ငြီးငွေ့စရာလို့ မထင်မိဘူးလား’’ ဟုမေးဖူးသည်။ သို့သော် မြေကြီးပေါ်မှ ချိုင့်ကလိုင်တစ်ခုကို ကြည့်မ၀နိုင်၊ အံ့မခန်းအလှများကို ခံစားရသည်ဆိုပါလျှင် အလှတရား၏ အရင်းအမြစ်၊ ကျွန်တော်တို့၏ ချစ်ဖွယ်သော ဖန်ဆင်းရှင်ကို ပြီးပြည့်စုံသော အံ့ဖွယ်ဖန်ဆင်းခြင်း အသစ်များနှင့် တစ်နေ့ တစ်ချိန်တွင်…