အမျိုးအစား  |  odb

လက်ကျန်အကွာအဝေး

ကျွန်ုပ်၏ မီနီဗဲန်(Minivan)ကားဟောင်းတွင် ဆီလက်ကျန်ဖြင့် အကွာအဝေးမည်မျှ သွားနိုင်သည်ကို ပြသည့် DTE(Distance’Til Empty) ဒစ်ဂျစ်တယ်စနစ်ပါရှိသည်။ ၎င်းသည်တိကျသော မိုင်အကွာအဝေးကို ပြသည်။ ယနေ့ခေတ် ကားသစ်အများစုတွင် ဤစနစ်ပါရှိသည်။ ဆီ ထပ်မဖြည့်မီ ဆီလက်ကျန်ဖြင့် မည်မျှအကွာအဝေးထိ သွားနိုင်မည်ကို အတိအကျ သိရှိခြင်းသည် အသုံးဝင်ပြီး၊ အခက်မတွေ့အောင် ရှောင်နိုင်သည့် အရေးကြီးသော အချက်အလက် ဖြစ်သည်။

ပညတ်တော်ဆယ်ပါးသည် DTE ကဲ့သို့ ရှေးခေတ်အချက်ပြတစ်ခုဖြစ်သည်ကို သင်သိပါသလား။ ၎င်းကို ဥပုသ်နေ့ဟု ခေါ်သည်။ တင်စားပြောရမည်ဆိုလျှင် ခြောက်ရက်တာကုန်လွန်ပြီးနောက်၊ ထွက်မြောက်ရာကျမ်း ၂၀ တွင် “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်မလုပ်ရ” (:၈-၁၀)ဟု ဘုရားသခင် မိန့်တော်မူလျက် ဆီကုန်နေပြီဟု ကျွန်ုပ်တို့ကို အချက်ပြသည်။

ဤပညတ်တော်ကို လျစ်လျူရှုရန်…

ရဲရင့်သောရွေးချယ်မှု

Franco Zeffirelli(ဖရန်ကို ဇက်ဖ်ဖီရဲလီ)သည် ဝေဖန်ခံရသော ရှိတ်စပီးယားရိုမီယိုနှင့် ဂျူးလိယက်ဇာတ်လမ်းကို ရိုက်ကူးရန် ပြင်ဆင်နေချိန်တွင် သူသည် ရဲဝံ့စွာဆုံးဖြတ်ချက်ချခဲ့သည်။ သူသည် မထင်ရှားသည့် လူနှစ်ဦးကို အဓိကသရုပ်ဆောင်အဖြစ်ရွေးချယ်ခဲ့ပြီး ရှိတ်စပီးယားရေးခဲ့သည့် ဇာတ်ကောင်များ၏ အသက်အရွယ်နှင့် နီးစပ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် ဇက်ဖ်ဖီရဲလီ သည် ၁၇ နှစ်အရွယ် Leonard Whiting(လီယိုနာ့ဒ်ဝှိုက်တင်)ကို ရိုမီယိုအဖြစ်နှင့် ၁၆ နှစ်အရွယ် Olivia Hussey (အော်လီဗီယာ ဟူးဆေး)ကို ဂျူးလိယက် အဖြစ် ရွေးချယ်ခဲ့သည်။

နောက်ပိုင်းတွင် လောကကြီးသို့ ကိုယ်တော်၏ခွင့်လွှတ်ခြင်းသတင်းကို ယူဆောင်သွားမည့် တပည့်တော်များ အားရွေးချယ် ရာတွင် ယေရှုသည် အလားတူစွန့်စားမှုမျိုးလုပ်ခဲ့ရသည်ဟု အချို့က ယူဆမည်။ ထိုအချိန်က ဘာသာရေး ခေါင်းဆောင်များသည် တပည့်တော်အချို့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ချိန်ဖြစ်သည်။ တ ၄:၁၃ တွင် “ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏…

အခြေအမြစ်မရှိသောကြောက်ရွံ့မှုများ

ဂျူလီယာသည် သူမကြောက်ရွံ့သည့်အခါတိုင်းဖတ်နိုင်ရန် ခင်ပွန်းဖြစ်သူပေးပို့သော “မင်းကို ချစ်တယ်။ မင်းကိုဘယ်တော့မှ ထားမသွားဘူး” ဟူသည့်စာသားကို သိမ်းထားသည်။ ကလေးဘဝက ဒုက္ခကြုံခဲ့ရခြင်းကြောင့် သူချစ်ရသူများက သူမအား စွန့်လွှတ်မှာကို စိုးကြောက်စိတ်ရှိခဲ့သည်။ ခင်ပွန်းဖြစ်သူထံမှ အာမခံချက်ကို မကြာခဏတောင်းဆိုတတ်ပြီး၊ အလုပ်မှ ပြန်လာမည့်ခင်ပွန်းကို စိတ်လှုပ်ရှားစွာ စောင့်နေတတ်သည်။

ဆုတောင်းခြင်းနှင့် တိုင်ပင်အကြံပြုခြင်းများက ဂျူလီယာ၏ကြောက်ရွံ့မှုကို နည်းမှန်လမ်းမှန် တုံ့ပြန်နိုင်အောင် ကူညီပေးခဲ့သည်။ “ခင်ပွန်းရဲ့နှစ်သက်ဖွယ် ကတိစကားတွေနဲ့ ကျွန်မရဲ့ကြောက်ရွံ့မှုကို ရင်ဆိုင်ပါတယ်။ သူရဲ့ ကတိက မှန်တယ်။ သူ့ကတိအတိုင်း သူပြုမူတယ်လို့ ကျွန်မထင်ပါတယ်”ဟု သူမက ဆိုသည်။

ယေရောဗောင်မင်း၌လည်း အခြေအမြစ်မရှိသော ကြောက်ရွံ့မှုများရှိခဲ့သည်။ ရှောလမုန်၏ ဖောက်ပြန်လွဲမှားမှုကြောင့် ဘုရားသခင်သည် ယေရောဗောင်အား “(ဒါဝိဒ်)၏သားလက်မှနိုင်ငံတော်ကိုနှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်”(၃ရာ ၁၁:၃၅)ဟု ကတိပြုပြီးဖြစ်သည်။ အကယ်၍ သူနာခံလျှင် “(သူ့အဖို့) ဣသရေလနိုင်ငံကို ပေးမည်” (:၃၈) ဟု…

အရစ္စတိုတယ်(လ်)သာ နောက်ဆုံးညစာစားပွဲ၌ ရှိခဲ့လျှင်

အရစ္စတိုတယ်(လ်) (Aristotle)က မည်သူမျှ ဘုရားနှင့် မိတ်ဆွေမဖြစ်နိုင်ဟု ဆိုပါသည်။ အဘယ့်ကြောင့်နည်း။ ပေါင်းဖော်မိတ်ဖွဲ့မှုအတွက်သာတူညီမျှမှုရှိရန် လိုအပ်ပြီး၊ နိမ့်ပါးသောလူသားများနှင့် တန်းတူဖြစ်ရန် အဘယ်ဘုရားက ၎င်းတို့၏ မြင့်မြတ်သောအဆင့်အတန်းမှ ဆင်းလာမည်နည်း။

နိမ့်ကျသောလူသားဖြစ်ရန် မြင့်မြတ်သော အဆင့်အတန်းမှ ဆင်းကြွလာသော အရာခပ်သိမ်းဖန်ဆင်းရှင် (ဖိ ၂:၆-၈၊ ကော ၁:၁၆) ယေရှုသည် နောက်ဆုံးညစာစားပွဲ၌ရှိနေပြီး၊ သူ၏ တပည့်တော်များအား ကျွန်ဟူ၍မခေါ်၊ အဆွေဟူ၍ခေါ်မည် (ယော ၁၅:၁၅)ဟု မိန့်မှာခြင်းကြောင့် အကယ်၍ အရစ္စတိုတယ်(လ်)သည် ထိုညစာ စားပွဲ၌ (မ ၂၆:၂၆-၃၅) ရှိနေမည်ဆိုလျှင် သူဘာလုပ်မည်ကို ကျွန်ုပ်သိချင်မိသည်။

အရစ္စတိုတယ်(လ်)သည် ထိုစားပွဲတွင် ထိုင်နေသူများကိုမြင်လျှင်လည်း အံ့အားသင့်သွားမည်ပင်။ ထိုနေရာတွင် ရောမလူတို့နှင့်ရင်းနှီးသော အခွန်ခံမဿဲ၊ ရောမတို့အား ရှုတ်ချသော မျိုးချစ်ဇေလုတ် ရှိမုန် (မ ၁၀:၃-၄)၊ မိုးကြိုးသား ယာကုပ်နှင့်ယောဟန် (မာ ၃:၁၇)၊ တည်ငြိမ်သော ဖိလိပ္ပုတို့…

အဖိနှိပ်ခံများကို စောင်မခြင်း

ထင်ရှားသောဝန်ကြီးကတော် ဂျိုးစဖင်းဘတ်တလာ (Josephine Butler)သည် လူ့အသိုက်အဝန်းတွင် “နှစ်လိုဖွယ်အနည်းဆုံး” ဟုရှုမြင်ခံရသည့် “ည့ဥ်ငှက်- ပြည့်တန်ဆာ”အဖြစ်(အများအားဖြင့် မတရား)စွပ်စွဲခံရသော အမျိုးသမီးများ၏ အခွင့်အရေးအတွက် မဲဆွယ်စည်းရုံးနေပါလားဟု သူမကိုယ်သူမ သိလိုက်သည်။ ဘုရားသခင်အပေါ် နက်ရှိုင်းသောယုံကြည်ခြင်း၏လှုံ့ဆော်မှုဖြင့် (တပ်တွင်း၌ ကာလသားရောဂါကူးစက်မှုကို ကာကွယ်ရန်) အမျိုးသမီးများအပေါ် ရက်စက်ပြီး အန္တရာယ်ဖြစ်စေသည့် “ဆေးစစ်မှု” ခံယူရမည်ဟု ၁၈၆၀ ခုနှစ်၌ ပြဋ္ဌာန်းသည့် ဗြိတိသျှ ကူးစက်ရောဂါဆိုင်ရာ အက်ဥပဒေများကို သူမနှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သည်။

၁၈၈၃ ခုနှစ်၊ ပါလီမန်တွင် အက်ဥပဒေကို ပယ်ဖျက်ရန် မူကြမ်းကို ဆွေးနွေးနေချိန်အတွင်း ဝက်စ်မင်းစတာ (Westmister) ရှိ အမျိုးသမီးများနှင့်အတူ သူမ ဆုတောင်းခဲ့သည်။ “ဆင်းရဲသားရပ်ကွက်မှ စုတ်ပြတ်မွဲတေသည့် အမျိုးသမီးများ”နှင့် ရာထူးရာခံရှိ အမျိုးသမီး”တို့ အတူ ငိုကြွေးလျက်၊ အားနည်းသူများကို အကာအကွယ်ပေးရန် ဘုရားသခင်ထံတောင်းဆိုနေသည့်မြင်ကွင်းကြောင့် သူမ စိတ်လှုပ်ရှားခဲ့ရသည်။ မူကြမ်းကို အတည်ပြုသောသူအခါ…

ခရစ်တော်၏အလင်းတွင် လျှောက်လှမ်းခြင်း

တင်မ်(Tim)၏ဟိုတယ်အခန်းသည် ညဘက်တွင် ပို၍မှောင်နေပုံရသည်။ ညဘက်ထပြီး သူဘာမှမမြင်ရ၍ ချော်လဲလျှင် ခက်ပြီ။ သို့သော် တင်မ် အိပ်ရာမှထသောအခါ သူ၏ခုတင်အောက်မှ တောက်ပသော အလင်း လင်းလာသည်ကို မြင်ရ၍ သူအံ့ဩသွားခဲ့သည်။ ဆင်ဆာစနစ် ရွေ့လျားမှုအာရုံခံကိရိယာဖြစ်ပါသည်။ သူထပြီး ခြေလှမ်းမှသာလျှင် အလင်းလင်းပါသည်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်း၌ စိတ်ထက်သန်မှုဖြင့် လျှောက်လှမ်းရမည်ဟု ဆိုသည်။ ရှင်ပေါလုက ဧဖက်မြို့ရှိ သခင်ယေရှု၌ ယုံကြည်သူလူသစ်များအား “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။... မေတ္တာတရား၌ ကျင်လည်ကြလော့”(ဧ ၅:၁-၂)ဟု ပြောခဲ့သည်။ သို့သော် ထိုလမ်းကို လျှောက်ခြင်းက မည်သည့်ပုံစံ ဖြစ်မည်နည်း။

ခရစ်တော်၏နှစ်သက်ဖွယ်အလင်းထဲသို့ ကျွန်ုပ်တို့ခြေချလိုက်သည်နှင့် ညစ်ညူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ တပ်မက်ခြင်းစသည့် အပြစ်များကို ကျွန်ုပ်တို့ကျောခိုင်းခဲ့ပြီဖြစ်သည်။ ရှင်ပေါလုက “အကျိုးမဲ့သော မှောင်မိုက် အမှုတို့နှင့်မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏အပြစ်ကို ပြကြလော့”(:၁၁)ဟု ပြောခဲ့သည်။ ဧဖက်မြို့၌ ရုပ်တု ကိုးကွယ်မှု ကြီးထွားလာသော်လည်း “အထက်ကာလ၌…

ကိုယ်နှင့်စပ်ဆိုင်သူများကို ချစ်ခြင်း

ကျွန်ုပ်တို့မြို့၌ နွေနှောင်းပိုင်းမိုးကြိုးမုန်တိုင်း တိုက်ခတ်ပြီးနောက် အိမ်ကိုပျက်စီးစေသော သစ်ပင်သာမက သစ်ရွက်နှင့် သစ်ကိုင်းများ ပြန့်ကျဲနေသောခြံဝင်းကို အဓိကသန့်ရှင်းရေးလုပ်ရသည်။ နောက်တစ်နေ့တွင် အပျက်အစီးများနှင့် အမှိုက်သရိုက် သစ်ကိုင်းအကျိုးအပဲ့များကိုရှင်းလင်းနေရင်း “ငါတို့မှာ သစ်ပင်တစ်ပင်မှ မရှိဘူး” ဟု ကိုယ့်ဘာသာကိုယ် ဟာသလုပ်ပြီး တတွင်တွင် ပြောမိခဲ့သည်။ မှန်ပါသည်။ ကျွန်ုပ်တို့တွင် သုံးပေအမြင့် ထင်းရှူးပင်ငယ်သုံးပင်မှလွဲ၍ သစ်ပင်ကြီးများ မရှိပါ။ သို့သော် မုန်တိုင်းပြီးနောက် အိမ်နီးချင်းများ၏အပင်များမှ ကြွေကျသော သစ်ရွက်များကို အချိန်အတော်အတန်ယူ၍ ကျွန်ုပ်ရှင်းလင်းခဲ့ရသည်။

အိမ်နီးချင်းများက ကျွန်ုပ်တို့စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာတစ်ခုခုကို ပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြောဆိုခြင်းများကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်မည်နည်း။ သမ္မာကျမ်းစာ၌ ဝတ် ၁၉:၁၈၊ မ ၁၉:၁၉၊ မာ ၁၂:၃၁၊ ဂလာ ၅:၁၄၊ နှင့် ယာ ၂:၈ ကျမ်းပိုဒ်များ အပါအဝင် “ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်လော့” ဟု ကိုးကြိမ်တိုင် ရှင်းရှင်းဖော်ပြထားသည်။ အမှန်မှာ၊…

ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါ

မိသားစုဝင်များ လာရောက်လည်ပတ်ခြင်းမရှိသော ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ နေထိုင်သူများ၊ အိမ်ထဲ၌ တစ်ယောက်တည်း အထီးကျန်စွာ မနေချင်သောကြောင့် အပြင်သွားလျက် အချိန်ဖြုန်းသော မုဆိုးမ၊ ရင်ဖွင့်တိုင်ပင်စရာတစ်ဦးမှမရှိသော သာသနာ့ခေါင်းဆောင်များနှင့် လျစ်လျူရှုခြင်း ခံရလျက် အထီးကျန်လျက်ရှိသော အိမ်ယာမဲ့များ စသည်ဖြင့် အကြောင်းအမျိုးမျိုးနှင့် အထီးကျန်မှုကို ရင်ဆိုင်နေရသူများစွာကို လွန်ခဲ့သည့်နှစ်များတစ်လျှောက်တွင် ကျွန်မအားပေးတိုက်တွန်းလျက် သူတို့အတွက် ဆုတောင်းပေးခဲ့သည်။

အထီးကျန်မှုက မည်သည့်အချိန်၌ဖြစ်ပါစေ မည်သူ့ကိုမဆို ရိုက်ခတ်နိုင်ပါသည်။ အမေရိကန်နိုင်ငံ ဆရာဝန်များ အသင်းမှ ၂၀၂၃ ခုနှစ်၌ အထီးကျန်မှုကူးစက်ရောဂါအကြောင်း သတိပေးသည့် အကြံပေးစာတမ်းကို ထုတ်ဝေခဲ့သည်။ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူဦးရေ ထက်ဝက်ခန့်က အထီးကျန်မှုကို ခံစားခဲ့ရပြီး အထီးကျန်ခြင်းသည် နေ့စဥ် စီးကရက်တစ်ဒါဇင်သောက်သကဲ့သို့ ဆိုးရွားသည့်ထိခိုက်မှု ရှိနိုင်သည်ဟု ထိုအကြံပေးစာအရ သိရသည်။

မောရှေသည် သူ့နေရာ၌ဆက်ခံမည့်သူ ယောရှုထံ ခေါင်းဆောင်မှုကို လက်လွှဲရန် အသင့်ဖြစ်ချိန်၌ ဣသရေလလူမျိုးတို့အား ကတိတော်မြေသို့ ဝင်ရောက်ရာတွင် တိုက်ပွဲများကို…

ထာဝရသစ္စာတည်သော

အမေရိကန်နိုင်ငံ၊ ဝစ္စကွန်စင်ပြည်နယ် အရှေ့မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပက်ရှ်တီဂို (Peshtigo) မီးဘေးသည် အမေရိကန်နိုင်ငံသမိုင်း၌ လူအသေအပျောက်အများဆုံး တောမီးလောင်ကျွမ်းမှုဖြစ်သည်။ ထိုမီးလောင်ကျွမ်းမှုကြီးသည် လူသိပိုများသော ရှီကာဂိုမီးဘေးကြီးနှင့်(အောက်တိုဘာလ ၈ ရက်၊ ၁၈၇၁ ခုနှစ်) တစ်ညတည်း ဖြစ်ပွားခဲ့သော်လည်း လူသေဆုံးမှုမှာ ရာနှင့်ချီလျက် ပိုများခဲ့သည်။ သစ်သားအဆောက်အအုံများဖြင့် လျင်မြန်စွာ တိုးတက်လျက်၊ သစ်ထုတ်လုပ်ရေးနှင့် သစ်လုပ်ငန်းတစ်စိတ် တစ်ဒေသဖြစ်သော ပက်ရှ်တီဂိုမြို့သည် တစ်နာရီအတွင်း လေပြင်းဝင်ဝှေ့မှုကြောင့် ကြီးမားလာသည့် မီးတောက်များ၏ဝါးမျိုခြင်းကို ခံခဲ့ကြရသည်။

မီးလောင်ထားသည့် ကြွေထည်ပစ္စည်းနှင့် အုတ်ဖိုကြီးအပြင် မီးလောင်ပြီးနောက် ကျန်ခဲ့သည့်ပစ္စည်းအချို့တွင် ဖွင့်လျက်သား ကျမ်းစာအုပ်ငယ်တစ်အုပ် ပါဝင်သည်။ မီးတောက်များကြောင့် ကျမ်းစာအုပ်အဖုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး ပြင်းလွန်းသည့်အပူရှိန်က စာရွက်များကို တောင့်မာစေခဲ့သော်လည်း ကျမ်းစာအုပ်မှာ ပျက်စီးမှု မရှိခဲ့ပါ။ ထိုကျမ်းစာအုပ်ကို ပက်ရှ်တီဂိုမြို့ ပြတိုက်တွင် ကြည့်ရှုနိုင်ပါသည်။

ထိုကျမ်းစာအုပ်ငယ် မပျက်စီးဘဲ ကျန်နေခဲ့ခြင်းက အခြားသော ခက်ခဲရာအချိန် ၌…

လက်လွှတ်ခြင်းဖြင့် ငြိမ်သက်ခြင်းခံစားရသည်

လေးထောင့်ဘူး၏မျက်နှာပြင်လေးဘက်စလုံး၌ “ဘုရားသခင်ကို ပေးလိုက်ပါ”ဟု ရေးထားပြီး၊ ဘူးမှာ ပြည့်ကြပ်နေပါပြီ။ ဘူးထဲသို့ စာရွက်အပိုင်း နောက်တစ်ခုကို ထိုးထည့်လိုက်ရင်း ကေလာ မျက်ခုံးတွန့်မိသည်။ သက်ပြင်းချက်မဖြင့် ယခင်က သူထည့်ခဲ့သည့် ဆုတောင်းချက်များကို ထုတ်ကာ “ဒီဆုတောင်းချက်တွေကို နေ့တိုင်းနီးပါး ကျွန်မ အသံထွက်ဖတ်တယ်။ ဘုရားသခင် ကြားတယ်ဆိုတာ ကျွန်မဘယ်လို သေချာ သိနိုင်မလဲ”ဟု သူ့သူငယ်ချင်းကို ပြောသည်။ ချန်တယ်လ်သည် ကေလာအားသူမ၏ကျမ်းစာအုပ်ကို ကမ်းပေးရင်း “ဘုရားသခင်ဟာ သူရဲ့ကတိတော်ကို တည်စေတယ်ဆိုတာ ယုံကြည်ပြီး၊ ရေးလိုက်တဲ့၊ဖတ်လိုက်တဲ့ ဆုတောင်းချက်တိုင်းကို သူ့လက်ထဲ အပ်ကာ စိတ်ချလက်ချလက်လွှတ်လိုက်ခြင်းဖြင့် သိနိုင်ပါတယ်”ဟု ပြောသည်။

သခင်ယေရှု၌ ယုံကြည်သူများကို ရှင်ပေါလုက “သခင်ဘုရား၌ ဝမ်းမြောက်ရန်” တိုက်တွန်းပြီး၊ “သခင်ဘုရားသည် အနီးအပါး၌ ”ရှိခြင်းကြောင့်ဟု ထိုသို့တိုက်တွန်းရသည့် အကြောင်းပြချက်ကောင်းကို ပေးခဲ့သည်(ဖိ ၄:၄-၅)။ ပူပန်သည့်အတွေးများအစား ယုံကြည်ခြင်းအပြည့်ပါလျက် ဆုတောင်းရန်၊ တောင်းလျှောက်ချက်တိုင်းကို ကိုယ်တော်လက်ခံကြောင်း…