အမျိုးအစား  |  odb

ဘာကြောင့် ခွင့်လွှတ်ရမှာလဲ

သူငယ်ချင်းတစ်ယောက်က ကျွန်မကို လှည့်စားသွားရာ၊ သူမအား ခွင့်လွှတ်ရမည်ကို သိသော်လည်း ခွင့်လွှတ်နိုင်ပါ့မလားဆိုသည်ကို မသေချာခဲ့ပါ။ သူမ၏စကားလုံးများက ရင်ထဲထိလိုက်၍ တနုံ့နုံ့နာကျင်စေပြီး ဒေါသနာကျင်မှုများဖြင့် အံ့သြထိတ်လန့်မိသည်။ ကျွန်မ သူနှင့်ထိုအကြောင်းအရာကို ပြန်ပြောပြီး ခွင့်လွှတ်ကြောင်း ပြောလိုသော်လည်း သူမနှင့်ပြန်ဆုံတိုင်း ထိုနာကျင်မှုကို ပြန်ခံစားရသောကြောင့် ကျွန်မစိတ်ထဲတွင် အငြိုးအတေးများရှိသေးကြောင်း သိလာ သည်။ သို့သော် တစ်နေ့တွင် ဘုရားရှင်သည် ကျွန်မ၏ ဆုတောင်းချက်ကို အဖြေပေးပြီး လုံးလုံးလျားလျား မေ့ပျောက်ရန်အတွက် ခွန်အားပေးခဲ့သည်။ နောက်ဆုံးတွင် လုံးဝလွတ်လပ်သွားပါတော့သည်။
ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကဗဟိုချက်တွင် ခွင့်လွှတ်ခြင်းတရား ရှိပါသည်။ ကျွန်မတို့၏ကယ်တင်ရှင် သည်လည်း ကားတိုင်ပေါ်၌ သေလုမျောပါးဖြစ်နေသည့်တိုင် ခွင့်လွှတ်ပေးခဲ့သည်။ သူ့ကို သံနှင့်ရိုက်ပြီး ကားတိုင်ပေါ်တွင် အသေသတ်ခဲ့သူများကို ချစ်သောကြောင့် သူတို့ ပြုမိသော အပြစ်များကို ခွင့်လွှတ်ပေးရန် ခမည်းတော်ထံ ဆုတောင်း လျှောက်ခဲ့သည်။ ထိုခါးသည်းမှုနှင့် ဒေါသအမျက်၌ ချည်နှောင်မထားဘဲ…

အကောင်းဆုံး မိတ်ဆွေ

ကျွန်တော့် အသက် ၁၂ နှစ်တွင် ကျွန်တော်တို့မိသားစုသည် ကန္တာရအတွင်းရှိ မြို့တစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းအသစ်၌ ကာယလေ့ကျင့်ခန်းအချိန် ပြီးသည့်နောက် ကျွန်တော်တို့ ရေအိုးဆီသို့ အပြေးသွားခဲ့သည်။ ကျွန်တော်က အသက်ငယ်ပြီး ပိန်တာရိုးလေးဖြစ်သဖြင့် တန်းစီနေချိန်၌ တစ်ခါတစ်ရံ တွန်းထုတ်ခံရ သည်။ တစ်နေ့တွင် လူကောင်ကြီးပြီး အားရှိသည့် ကျွန်တော့် သူငယ်ချင်း ဂျိုးစ် က ထိုအဖြစ်ကို မြင်သွားသည်။ သူရုတ်ခြည်းဝင်လာကာ သူ့လက်ကြီးဖြင့် ကျွန်တော့်အတွက် လမ်းရှင်းပေးကာ `ဟိတ် ဘဲန်စ် အရင် ရေသောက်ပါစေ´ ဟုအော်လိုက်သည်။ ထိုအချိန်မှစပြီး ရေသောက်ချိန်၌ ကျွန်တော်အတွက် ပြဿနာမရှိတော့ပါ။
တစ်ပါးသူတို့၏ကြင်နာမှုကို မခံစားရသည့်အဖြစ်မျိုး ကြုံရသည်တွင် သခင်ယေရှု ထိုခံစားချက်ကို နားလည်သည်။ သမ္မာကျမ်းစာမှ ထိုသခင်သည် `မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူ´ ဟု ဆိုထားသည် (ဟေရှာ
၅၃း၃)။ သို့သော် သခင်ယေရှုသည်…

ယုံကြည်ခြင်း ခရီးစဉ်

လျူဝေါလစ် ရေးသားသည့် ဘင်ဟား - ခရစ်တော်အကြောင်းဇာတ်လမ်းဝတ္ထုသည် ၁၈၈၀ တွင် စတင်ထုတ်ဝေဖြန့်ချိသည်မှစ၍ ရိုက်မလောက်၊ ထုတ်တိုင်းကုန်ဖြစ်ပြီး ၁၉ ရာစု၏ အလွှမ်းမိုးနိုင်ဆုံးသော ခရစ်ယာန်စာပေအဖြစ် သတ်မှတ်ခံရသည်။  ထိုဝတ္ထုက သခင်ယေရှုအကြောင်း ဖြစ်ရပ်မှန်နှင့် ဂျူးသူကြွယ်လေး ယုဒ ဘင်ဟား အကြောင်းကို ဇာတ်အိမ်ဖွဲ့၍ ရေးသားထားခြင်းဖြစ်သည်။
Humanities မဂ္ဂဇင်းတွင် စာရေးဆရာမ အေမီ လစ်ဖ်ဆင်က ထိုဝတ္ထုကို ရေးသားရင်းမှ စာရေးဆရာ လျူဝေါလစ်၏ အသက်တာပြောင်းလဲသွားသည်ဟု ဖော်ပြ ရေးသားခဲ့သည်။ သခင်ယေရှု ဝေဒနာခံစားရသည့် မြင်ကွင်း”
သရုပ်တွင် ဇာတ်ကောင် ဘင်ဟား က စာဖတ်ပရိသတ်ကို ဆွဲခေါ်သွားသလို လျူဝေါလစ် ကိုလည်း သခင်ယေရှု ခရစ်တော်အား ယုံကြည်သက်ဝင်လာစေရန် ပို့ဆောင် ခဲ့သည်။ “နာဇရက်မြို့သားကို ကျွန်တော် တွေ့ခဲ့တယ်။ … ဘယ်သာမန်လူသားကမှ မလုပ်နိုင်တဲ့အမှုကို ဒီလူပြုခဲ့တာ ကျွန်တော်…

တစ်သက်တာ သိုးထိန်း

ကျွန်မ၏သားလေး အတန်းတက်သွားသောအခါ `သားဆရာမကို သားတစ်သက်လုံး လိုချင်တယ်´ ဟု အော်ငိုပါသည်။ ဆရာအပြောင်းအလဲသည် ဘ၀၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်အောင် ရှင်းပြရသည်။ တစ်သက်တာ တည်မြဲသော ပေါင်းသင်းဆက်ဆံရေးများ ရှိပါသလားဟု ကျွန်မတို့ တွေးကောင်း တွေးမိမည်။
တစ်သက်တာ  တည်မြဲသော ဆက်ဆံရေး တစ်ခုကို ဘိုးဘေးကြီး ယာကုပ်က တွေ့ရှိခဲ့သည်။ ယာကုပ်သည် မယုံနိုင်စရာ အပြောင်းအလဲများစွာနှင့် ဘ၀ရှင်သန်ခဲ့ရပြီး သူချစ်ရသူများကိုလည်း ဆုံးရှုံးခဲ့ရပြီးနောက် သူ့ဘ၀၌ မပြတ် အစဉ်အမြဲတည်ရှိသော အရာတစ်ခုကို သူသိရှိခဲ့သည် “...ဘုရားသခင်၊ ငါ့ကို တစ်သက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်သည် … ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော” ဟု သူဆုတောင်းခဲ့သည် (ကမ္ဘာ ၄၈း၁၅-၁၆)။
ယာကုပ်သည် သိုးထိန်းဖြစ်ခဲ့ဖူးပေရာ သူနှင့်ဘုရားသခင်၏ဆက်ဆံရေးကို သိုးထိန်းနှင့်သိုး၏ဆက်ဆံရေးဖြင့် နှိုင်းယှဉ်ခဲ့သည်။ သိုးအကောင်ပေါက်လာသည်မှ တစ်ဖြည်းဖြည်းကြီးပြင်းကာ အသက်ကြီးသွားချိန်အထိ သိုးထိန်းက…

သူတော်ကောင်းလမ်း

ကျွန်တော့်ဇနီး ကယ်ရိုလိုင်းနှင့်အတူ လန်ဒန်သို့ ရောက်ရှိခဲ့စဉ်၊ လမ်းသွားရင်းမှ သူတော်ကောင်းလမ်း - `Godliman Street´ ဟူသည့်လမ်းကို တွေ့လိုက်ရသည်။ ထိုလမ်း၌ နေထိုင်ခဲ့သူတစ်ဦးသည် သူတော်စင်ကဲ့သို့ အလွန်ကောင်းမွန်ကြည်ညိုဖွယ် အသက်တာနှင့် အသက်ရှင်ခဲ့ခြင်းကြောင့် `ထိုသူတော်ကောင်း၏လမ်း´ ဟု လူသိများ ထင်ရှားခဲ့ခြင်းဖြစ်ကြောင်း မှတ်သားခဲ့ရသည်။ ဤတွင် ဓမ္မဟောင်းကျမ်းမှ အဖြစ်အပျက်တစ်ခုကို ကျွန်တော် သတိရမိသည်။
လမ်းမှားပြီးပျောက်နေသည့် မြည်းအချို့ကို ရှာဖွေ ရန်ရှောလုနှင့်အတူ ငယ်သားတစ်ဦးကို သူ၏ဖခင်က စေလွှတ် လိုက်သည်။ ရက်ပေါင်းများစွာ ရှာဖွေသော်လည်း မြည်းကို မတွေ့ပါ။ ရှောလုက လက်လျှော့ပြီး အိမ်ပြန်ရန် ပြင်သည်။ သို့သော် သူ၏ငယ်သားက ပရောဖက် ရှမွေလ ရှိသည့် ရာမအရပ်သို့ ညွှန်လျက် “ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏လူတစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွား ကြစို့။…

ထာဝရတည်မြဲသောအရာကား အဘယ်နည်း

များမကြာမီက အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့် ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက “စာမေးပွဲ လေးကြိမ် ဖြေဆိုခဲ့ရတဲ့ ကျောင်းသားဘ၀ကို ပြန်ပြောင်းဆင်ခြင်ကြည့်တော့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီးပဲ။ … ကြောက်ဖို့ကောင်းတယ်၊ တကယ့်ကို ကြောက်ဖို့ ကောင်းတယ်။ ဘယ်အရာမှ မမြဲဘူး” ဟု ရေးသားခဲ့သည်။
အချိန် ၂ နှစ်တာအတွင်း ကိစ္စများစွာ ဖြစ်ပျက်သွား နိုင်သည်။ အလုပ်ပြောင်းခြင်း၊ မိတ်ဆွေသစ်ရရှိခြင်း၊ ဖျားနာခြင်း၊ သေခြင်းတရားနှင့် ကြုံတွေ့ရခြင်း စသည်ဖြင့် ဖြစ်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘ၀ကို ပြောင်းလဲစေသည့် အတွေ့အကြုံများက ကျွန်ုပ်တို့ကို အလစ်ချောင်းလျက် ထုထောင်းရန် စောင့်နေသည်။ ၎င်းကို ကျွန်ုပ်တို့အနေဖြင့် မသိနိုင်၊ သို့သော် ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဘဘုရားသည် ပြောင်းလဲတော်မမူကြောင်း သိရခြင်းက အလွန် နှစ်သိမ့်သက်သာရာဖြစ်သည်။
ဆာလံဆရာက “ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်ဆုံးရပါ”(ဆာ ၁၀၂း၂၇)ဟုဆိုသည်။ ဤသမ္မာတရား၏ရည်ညွှန်းချက်က…

ကိုစီ ၏သတ္တိ

တိုဂိုနိုင်ငံ မိုနိုမြစ်အတွင်း နှစ်ခြင်းမင်္ဂလာခံယူရန် စောင့်ဆိုင်းနေစဉ် ထွင်းထုထားသည့် ဆွေးမြေ့နေသော ကမ္ဗည်းတိုင် သစ်တိုင်တစ်ခုကို ကိုစီ ကောက်ယူလိုက်သည်။ ၎င်း၏မိသားစုသည် ဆွေစဉ်မျိုးဆက် အဆက်ဆက် ထိုပစ္စည်းများကိုသာ ကိုးကွယ်ခဲ့ ကြသည်။ ယခုမူ ထိုသစ်တိုင်ကို မီးပုံထဲသို့ ပစ်ထည့်နေသည်ကို မိသားစုများ ၀ိုင်းကြည့် နေကြသည်။ ထိုဘုရားကို မိမိတို့၏အကောင်းဆုံး ကြက်များဖြင့် နောက်ထပ်ပူဇော်စရာ မလိုတော့ပါ။
အနောက်နိုင်ငံများတွင် ရုပ်တုများကို ဘုရားနေရာ တွင် အစားထိုးသောအရာများဟု ခရစ်ယာန်အများစုက တင်စားမှတ်ယူကြသည်။ အနောက်အာဖရိကရှိ တိုဂိုနိုင်ငံ တွင် ရုပ်တုဆင်းတုများသည် ဘုရားကို ကိုယ်စားပြုပြီး လူကိုမခိုက်အောင် ပူဇော်ပသရသည်။ ရုပ်တုနှင့် ကမ္ဗည်းတိုင်များကို မီးရှို့ပြီး နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် မှန်သော ဘုရားသခင်အား သစ္စာခံသည့် ယုံကြည်သူလူသစ်အနေဖြင့် မိမိ၏ခံယူချက်ကို သတ္တိရှိရှိ ဖော်ထုတ်ခြင်း ဖြစ်သည်။
ရှင်ဘုရင် ယောရှိသည် အသက် ၈ နှစ်ရှိသော်…

သခင်စကားသည် နောက်ဆုံးသောစကား

နှစ်ဆယ်ရာစု အလယ်ခေတ်၌ အင်တိုက်အားတိုက် တက်တက်ကြွကြွရှိသော ခရစ်ယာန် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ The Navigators အဖွဲ့ကို တည်ထောင်သူလည်းဖြစ်သူ ဒေါ်စင် ထရော့မင်း သည် ခရစ်ယာန်များ၏အသက်တာတွင် သမ္မာကျမ်းစာသည် အရေးပါကြောင်း အထူးအလေးအနက်ထားသည်။ ထရော့မင်းသည် နေ့တစ်နေ့တာ ကုန်ဆုံးချိန်တိုင်း `သခင့်စကားသည် နောက်ဆုံးသောစကား´ ဟူသည့် ဆောင်ပုဒ်ကို နေ့စဉ်ကျင့်သုံးသည်။ အိပ်ယာသို့ မ၀င်မီ ကျမ်းပိုဒ်တစ်ပိုဒ် (သို့) အလွတ်ရပြီးသား ကျမ်းပိုဒ်ကို အာရုံပြုဆင်ခြင်ပြီး မိမိ၏အသက်တာတွင် ထိုကျမ်းပိုဒ်က မည်သို့မည်မျှ စိုးမိုးနေရာယူသည်ကို ဆုတောင်းသည်။ နေ့စဉ် သူ၏တစ်နေ့တာ တွေးတောဆင်ခြင်ခြင်းကို ဘုရား သခင်၏စကားတော်ဖြင့် သူအဆုံးသတ်လိုသည်။
ဆာလံဆရာဒါဝိဒ်က “အိပ်ယာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ … အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ၀မ်းမြောက်ပါမည်” (ဆာ ၆၃း၆-၇) ဟု ရေးသားခဲ့ပါသည်။…

သနားစုံမက်တတ်သော စိတ်နှလုံး

အလွန်လူစည်ကားသော ဖျော်ဖြေရေးပန်းခြံတစ်ခုတွင် ဂီတပဒေသာတင်ဆက်မှု အစီအစဉ်တစ်ခုကို ကျွန်တော်တို့အဖွဲ့ ခုနှစ်ယောက် သွားရောက်ကြည့်ရှုကြသည်။ အတူတကွ တစ်စုတစ်စည်းတည်း ထိုင်လို၍ ခုံတန်းတစ်ခုတွင် တိုးဝှေ့၍ထိုင်ကြစဉ် အမျိုးသမီးတစ်ဦးသည် သူ၏အဖော်နှစ်ဦးအတူ ကျွန်တော်တို့အကြား တိုးဝင်လာသည်။ ကျွန်တော့်ဇနီးက ကျွန်တော်တို့ အတူတကွထိုင်လိုကြောင်း ပြောသော်လည်း ထိုအမျိုးသမီးက `တော်တော်ဆိုးတာဘဲ´ ဟုပြောရင်း သူနှင့်သူ့အဖော်နှစ်ဦးတို့ အတင်းတိုးဝှေ့ ထိုင်သည်။
သို့နှင့် ကျွန်တော်တို့မှာ အရှေ့လေးယောက်၊ အနောက် သုံးယောက် နှစ်တန်းထိုင်ခဲ့ရသည်။ ထိုစဉ် ကျွန်တော့်ဇနီး စူးက ထိုအမျိုးသမီးနှင့်အတူ အထူးကူညီမစမှု လိုအပ်သော အသက်ကြီးသူတစ်ဦးပါလာကြောင်း သတိထား မိသည်။ သူ၏သူငယ်ချင်းများကို ဂရုစိုက်နိုင်အောင် တစ်စုတစ်ဝေးထဲ ရှိနေစေရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၍ ကျွန်တော်တို့၏ စိတ်ကသိကအောက်ဖြစ်မှုများ ရုတ်ချည်းပျောက်ကွယ်သွားသည်။ “ဒီလိုလူတွေ ကျပ်သိပ် နေတဲ့နေရာမှာ သူ့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပေါ့” ဟု စူးက ဆိုသည်။ မှန်ပါသည်။…

မြင်ကွင်းများ၏နောက်ကွယ်တွင်

ကျွန်တော့်သမီးသည် သူ့သူငယ်ချင်းထံဖုန်းဖြင့် စာပို့ပြီး သူ့မေးခွန်းကို အမြန်ဆုံးပြန်လည် ဖြေကြားရန် မျှော်လင့်စောင့်စားသည်။ စာကို လက်ခံရရှိသူမှဖတ်ရှုပြီးကြောင်း သူ့၏ဖုန်းက ဖော်ပြသဖြင့် စိုးရိမ်စွာဖြင့် ပြန်စာကို စောင့်မျှော်နေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ပြန်စာနောက်ကျသည့်အတွက် စိတ်ရှုပ်ထွေးပြီး စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ညည်းတွားသည်။ စိတ်မရှည်နိုင်ဖြစ်နေရာမှ သူတို့နှစ်ဦးကြား ပြဿနာတစ်ခုခုရှိ၍ စာမပြန်ခြင်းလားဟု သူစိုးရိမ်သွားသည်။ နောက်ဆုံး၌ ပြန်စာပို့လာသဖြင့် သမီးမှာ စိတ်ပေါ့ပါးသွားပြီး သူတို့၏ဆက်ဆံရေးသည် ကောင်းမွန်လျက်ရှိကြောင်း စိတ်အေးသွားသည်။ သူ့သူငယ်ချင်းက သူ၏မေးခွန်းကို တိကျသေချာစွာ ဖြေကြားနိုင်ရန် အချက်အလက်များကို ရွေးချယ်ရှာဖွေနေခြင်းကြောင့် ကြာသွားခြင်းဖြစ်သည်။
ဓမ္မဟောင်းကျမ်းမှ ပရောဖက် ဒံယေလသည်လည်း စိုးရိမ်ပူပန်မှုဖြင့် အဖြေတစ်ခုကို စောင့်မျှော်ခဲ့သည်။ ကြီးစွာသော စစ်တိုက်ခြင်းနှင့်ဆိုင်သောရူပါရုံကို မြင်ရပြီးနောက် ဒံယေလသည် အစာရှောင်၍ နှိမ့်ချစွာ ဆုတောင်းလျက် ဘုရားသခင်အား ရှာဖွေခဲ့သည် (၁၀း၃၊၁၂)။ သုံးပတ်ကြာသည့်တိုင် အဖြေမရခဲ့ (း၂၊၁၃)။ အဆုံးတွင် ကောင်းကင်တမန်…