ကျွန်ုပ်တို့အထဲမှ တစ်ယောက်
ဇာတ်ကောင် ပီးနတ်စ် အမည်ရှိ ကာတွန်း ရုပ်ပြဇာတ်လမ်းကို ဖန်တီးသူ ချားစ်ရှော့လ်ဇ် (၁၉၂၂-၂၀၀၀) ၏ အောက်မေ့ဖွယ်အခမ်းအနားတွင် မိတ်ဆွေနှင့် လုပ်ဖော်ဆောင်ဖက်ဖြစ်သူ ကာတွန်း ဆရာမ ကေသီ ရိုက်စ်ဝိုက် က ချားစ်၏ စာနာစိတ်၊ ကြင်နာစိတ်များကို ဖော်ပြခဲ့သည်။ “သူဟာ လူသားအားလုံးရဲ့ခံစားမှုကိုသိတဲ့ ဇာတ်ကောင်တွေကို ဖန်တီးပေးပြီး ကျွန်မတို့ကို အထီးကျန် မဖြစ်အောင် ပြုလုပ်ပေးတယ်။ ကာတွန်းဆရာတွေကိုလည်း
စိတ်ပါကိုယ်ရောက် ပါဝင်ကူညီပေးပြီး၊ အထီးကျန်မှု မဖြစ်အောင် ဆောင်ရွက်ပေးတယ်။ ကျွန်မတို့ကို တိုက်တွန်း အားပေးတယ်။ ကျွန်မတို့ကို စာနာစကားပြောတယ်။ သူဟာ ကျွန်မတို့နဲ့ တစ်သွေးတစ်သားတည်းဖြစ်သလို ခံစားရစေ တယ်” ဟု ပြောပြခဲ့သည်။
ကျွန်ုပ်တို့အပေါ် နားလည်ပေးခြင်းမရှိ၊ မည်သူမျှ မကူညီနိုင်ဟု ခံစားရသည့်အခါ သခင်ယေရှုသည် သူ့ကိုယ်ကို ပေးဆပ်ခဲ့ကြောင်း၊ ကျွန်ုပ်တို့ မည်သူဖြစ်သည်၊ မည်သည့်ပြဿနာနှင့် ယနေ့ကြုံတွေ့နေရသည်ကို သခင်…
ကျွန်ုပ်၌ ရှိသမျှ
လူငယ်လေး အိုင်းဇက်ဝပ်စ် သည် မိမိအသင်းတော်၏တေးဂီတကဏ္ဍတွင် အားနည်းမှုရှိကြောင်းကို သတိထားမိပြီး၊ သူ့ဖခင်က ၎င်းကို ပိုမိုကောင်းမွန်အောင် ဖန်တီးရန် သူ့အား စိန်ခေါ်သည်။ အိုင်းဇက် ကလည်း ဖြစ်အောင်လုပ်ခဲ့သည်။ သူ၏ ‘‘လက်ဝါးကပ်တိုင်တော်ကိုကြည့်၍ အံ့ဩဖွယ်ကျူး’’ ဓမ္မသီချင်းသည် အင်္ဂလိပ်ဘာသာ ဖြင့် အလွန်မှအံ့မခန်းဖြစ်ပြီး အခြားသောဘာသာစကား ပေါင်းများစွာသို့ ပြန်ဆိုလျက် အသုံးပြုခြင်းခံရပါသည်။
ကြည်ညိုဖွယ်ရာ တတိယအပိုဒ်က ခရစ်တော် ကားတင်ခံရသည့်အရပ်သို့ ပို့ဆောင်ခံရသကဲ့သို့ ခံစားရစေ သည်။ ‘‘ကြည့်လော့ လက်ခြေ၊ နံဘေး၊ ခေါင်းတော်
ဒုက္ခမေတ္တာရောလျက် ယိုစီး၊ဤသို့ တစ်ခါတွေ့ဖူးသလော၊ ဆူးဦးရစ်တော်မတုနိုင်ပြီ။’’
အိုင်းဇက်ဝပ်စ် ခန့်ညားစွာ ဖော်ကျူးသည့် ကားတင် သတ်ခံရခြင်းသရုပ်သည် အလွန်ဆိုးဝါးပြီး စိတ်မသက်မသာ ဖြစ်စေသော ဖြစ်ရပ်အဖြစ် သမိုင်းတင်ကျန်ရစ်ခဲ့သည်။ ကားတိုင်အနီးရှိ သူတို့နှင့်အတူ ရှိနေသကဲ့သို့ ကျွန်ုပ်တို့ ခံစားရသည်။ ဘုရားသခင်၏ သားတော်သည် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။…
ဒီလောက်လွယ်လွယ်လေးကို ...
ဝါရှင်တန် ပို့စ် သတင်းစာတွင် “Tech Titan’s Lastest Project: Defy Death” (သေခြင်းကိုအံတုခြင်း)ဟူသည့် ခေါင်းစီးဖြင့် Peter Thiele နှင့် အခြားနည်းပညာရှင်များ၏ လူ့သက်တမ်းကို ဆွဲဆန့်နိုင်အောင် အားထုတ်မှုအကြောင်းကို Ariana Cha က ရေးသား ခဲ့သည်။ ထိုစီမံကိန်းအတွက် ဘီလျံသန်းပေါင်းများစွာ အကုန်အကျခံရန် ပြင်ဆင်ထားပြီ ဖြစ်သည်။
သို့သော် ၎င်းတို့နောက်ကျခဲ့ပြီ်။ သေခြင်းကို ချိုးဖဲ့ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ “ယေရှုက ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်” (ယော ၁၁း၂၅-၂၆) ဟု မိန့်တော်မူသည်။ သူ့ကို ယုံကြည်ကိုးစား သူသည် မည်သည့်အခြေအနေတွင်မဆို၊ ဘာပဲဖြစ်နေ ဖြစ်နေ ဘယ်သောအခါမျှ မသေဟု…
ကိုယ်ပျောက်စေသော လက်စွပ်
ဂရိဒဿနိကဗေဒပညာရှင် ပလေတို (427-348 bc) သည် လူ့နှလုံးသားအမိုက်မှောင်မှ ထွန်းတောက်သောအလင်းရောင်ကို စိတ်ကူးဖြင့် ပုံဖော်တွေ့ရှိခဲ့သည်။ သူက မြေကြီး နက်နဲရာ၌ ဝှက်ထားသည့် ရွှေလက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့သည့် သိုးထိန်းတစ်ဦး အကြောင်း ပုံပြင်တစ်ပုဒ်ပြောပြသည်။ တစ်နေ့တွင် ငလျင်လှုပ်ပြီး တောင်စောင်းရှိ ရှေးဟောင်းသင်္ချိုင်းဂူကြီးပွင့်ကာ လက်စွပ်တစ်ကွင်း ပေါ်လာ သည်။ မထင်မှတ်ပဲ လက်စွပ်ကို သိုးထိန်းက တွေ့ရှိပြီး ထိုလက်စွပ်ကို စွပ်ထားသူသည် သူအလိုရှိသည်အတိုင်း ကိုယ်ယောင်ဖျောက်နိုင်ကြောင်း အံ့ဖွယ် မျက်လှည့်အစွမ်းကို လည်း သူသိလိုက်ရသည်။ မမြင်ရအောင် ကိုယ်ပျောက်စေ နိုင်စွမ်းနှင့် စပ်လျဉ်း၍ ပလေတို က “အဖမ်းခံရပြီး အပြစ်ပေးခံရမှာကို ပူစရာမလိုဘူးဆိုရင် လူတွေ အမှား မလုပ်ဘဲနေမှာလား”ဟု မေးခွန်းထုတ်ခဲ့သည်။
ရှင်ယောဟန် ခရစ်ဝင်ကျမ်းတွင် ထိုသဘောတရားကို သခင်ယေရှုက အခြားရှုထောင့်တစ်မျိုးဖြင့် ရှုမြင်ထားကြောင်း တွေ့ရသည်။ ကောင်းသောသိုးထိန်း ဖြစ်တော်မူသော သခင်ယေရှုသည်…
အကြွင်းမဲ့ ဝင်ရောက်ချဉ်းကပ်ခွင့်
လွန်ခဲ့သောနှစ်အတန်ကြာက ကျွန်တော့်မိတ်ဆွေတစ်ဦးက သူနှင့်အတူ ကြေးစား ဂေါက် ပြိုင်ပွဲ ကြည့်ရန် ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့သည်။ ပထမဦးဆုံး ဂေါက် ပြိုင်ပွဲကို ကြည့်ရသူအနေဖြင့် ဘာကြည့်လို့ကြည့်ရမှန်း မသိခဲ့ပါ။ ဂေါက်ကွင်းသို့ ရောက်သောအခါ လက်ဆောင်များ၊ သတင်းအချက်အလက်များ၊ ဂေါက်ကွင်းမြေပုံများ ရရှိသဖြင့် အံ့ဩ ခဲ့ရသည်။ အကောင်းဆုံးမှာ ကျင်းအမှတ် - ၁၈ ရှိ V.I.P အထူးဆောင်သို့ ဝင်ခွင့်ရပြီး အစားအသောက် အခမဲ့ စားသောက်ခွင့်ရသည်။ ထိုင်စရာနေရာရသည်။ မိမိဘာသာ ဆိုလျှင် အထူးဆောင်သို့ ကျွန်တော် ဝင်ခွင့်ရမည် မဟုတ်ပါ။ အဓိကမှာ ကျွန်တော့်မိတ်ဆွေဖြစ်ပြီး သူအားဖြင့် ကျွန်တော်ဝင်ခွင့်ရရှိခြင်းဖြစ်သည်။
ဘုရားသခင်နှင့်ဝေးကွာပြီး နောက်တွင် မိမိဘာသာ ဆိုလျှင် ကျွန်တော်တို့သည် လုံးဝမျှော်လင့်ချက်မဲ့သောဘဝ ဖြစ်သည်။ သို့သော် ကျွန်တော်တို့၏အပြစ်များကို ယူတင် ဝတ်ဆောင်သူ သခင်ယေရှုက ကျွန်တော်တို့အား သူ့အသက်နှင့် ဘုရားသခင်ထံဝင်ခွင့်ကို…
စိတ်နှလုံးအကြွင်းမဲ့
ကာလက်သည် စိတ်နှလုံး စုံလင်သူဖြစ်သည်။ ကတိထားတော်မူသောပြည်ကို သွားရောက်စုံစမ်းရသည့် သူလျှို ၁၂ ဦးတွင် သူနှင့် ယောရှုတို့ အပါအဝင်ဖြစ်ပြီး မောရှေနှင့် လူအပေါင်းတို့ရှေ့မှောက်၌ အစီရင်ခံရကြသည်။ “ကာလက်ကလည်း ချက်ခြင်း ချီသွား၍ ထိုပြည်ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်” ဟုဆိုသည် (တော ၁၃း၃၀)။ သို့သော် ကျန်လူ ၁၀ ဦးကမူ အောင်မြင်နိုင်မည့်ပုံ မပေါ်ဟု ဆိုကြသည်။ ဘုရားသခင်၏ကတိတော်ထက် အတားအဆီး အခက်အခဲကိုသာ သူတို့မြင်သည် (း၃၁-၃၃)။
သူလျှို ၁၀ ဦး၏ စကားကြောင့် လူအပေါင်းတို့ စိတ်အားလျော့ပြီး ဘုရားသခင်ကို အပြစ်တင်မြည်တမ်း ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့ တောထဲ၌ အနှစ် ၄၀ လှည့်လည်ခဲ့ရတော့သည်။ သို့သော် ကာလက်က စိုးစဉ်းမျှ လက်မလျော့၊ နောက်မဆုတ်ခဲ့ပါ။ “ငါ့ကျွန် ကာလက်မူကား ထူးခြားသောသဘောရှိ၍ ငါ့နောက်သို့ လုံးလုံးလိုက်သော…
တကယ့်လက်တွေ့ကမ္ဘာ
လွန်ခဲ့သော ၂၀၀၂ ခုနှစ်က ၁၇ နှစ် သမီးငယ်လေး မယ်လီဇာကို ယာဉ်မတော်တဆမှုဖြင့် ဆုံးရှုံခဲ့ရပြီး နောက်ပိုင်း နှစ်ကာလများတစ်လျှောက်တွင် ကျွန်တော်သည် “တကယ်လို့များ” ဟူသည့် အတွေးကမ္ဘာထဲဝင်ရောက်နေကြောင်း သိလာရသည်။ ဝမ်းနည်းဖွယ် ထိုဇွန်လ ညနေခင်းအကြောင်း ပြန်စဉ်းစားရင်း “ပြန်ပြောင်းလို့ရမယ်ဆိုလျှင် ... မယ်လေးအား အိမ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်စေချင်ပါသည်”ဟု ရင်နင့်လျက် ခံစားရသည်။
လက်တွေ့တွင် “တကယ်လို့များ” ဟူသည့် အတွေး ကမ္ဘာက ကျွန်တော်တို့အတွက် ကောင်းသောနေရာ မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့ကို နောင်တနှင့် ဝမ်းနည်း စေသော၊ မရေရာသည့် မှန်းဆချက်များနှင့် မျှော်လင့်ချက်မဲ့ စေသောအရပ်ဖြစ်သည်။ လက်တွေ့ဘဝ၌ ကြေကွဲရပြီး ဝမ်းနည်းစရာများ၊ အဆုံးမသတ်နိုင်ဖြစ်နေရ၍ ကျွန်တော်တို့ အနေဖြင့် “တကယ့်လက်တွေ့”ကမ္ဘာ၌ နေလျှင် အသက်တာ ပိုမိုကောင်းမွန်ပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားလိမ့်မည်။
ထိုကမ္ဘာတွင် မျှော်လင့်ခြင်း၊ ခွန်အားပေးမှုနှင့်…
ဆက်ပြေး
The Amazing Race သည် ကျွန်တော့်အကြိုက် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည်။ ဤအစီအစဉ်တွင် လင်မယားစုံတွဲ ၁၀ တွဲကို ရွေးချယ်ပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ဆုံမှတ်တစ်နေရာမှတစ်နေရာသို့ ရထား၊ ဘတ်စ်ကား၊ တက္ကစီ၊ စက်ဘီး၊ ခြေလျင် စသဖြင့် ညွှန်ကြားသည့်အတိုင်း သွားရသည့် ပြိုင်ပွဲဖြစ်သည်။ သတ်မှတ်ထားသည့် ပန်းတိုင်သို့ အရင်ဆုံးရောက်ရှိသွားသည့် စုံတွဲအတွက် ဆုငွေမှာ ဒေါ်လာတစ်သန်းဖြစ်သည်။
တမန်တော်ရှင်ပေါလုက ခရစ်ယာန်အသက်တာကို ပြိုင်ပွဲဖြင့် ခိုင်းနှိုင်းထားပြီး သူကိုယ်တိုင်ပင် ပန်းတုံးတိုင်သို့ မရောက်သေးကြောင်း ဝန်ခံပြောဆိုသည်။ “ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုယ်ကို မထင်သော်လည်း ငါပြုသော အမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏” (ဖိ ၃း၁၃-၁၄)။ ရှင်ပေါလုသည် နောက်သို့ပြန်လှည့်ကြည့်ကာ အတိတ်မှ ချို့ယွင်း…
ကူးစက်ပျံ့နှံ့သော ဧဝံဂေလိသတင်းကောင်း
ဘော်စတွန်ပြည်နယ်ရှိ နော့အစ်တန် တက္ကသိုလ်မှ Viral Texts စီမံကိန်းတစ်ရပ်ကို လုပ်ဆောင်ပြီး ၁၈၀၀ ပြည့်နှစ်များခေတ်၏လူမှုမီဒီယာကွန်ရက်ဖြစ်သည့် သတင်းစာမှ တစ်ဆင့် ပုံနှိပ်ဖော်ပြသည့်အကြောင်းအရာများ မည်သို့ ပျံ့နှံ့သည်ကို လေ့လာကြသည်။ စာမူတစ်ပုဒ်သည် အကြိမ် ၅၀ ထက်မနည်း ပြန်လည်ပုံနှိပ် ဖော်ပြရပါက ၎င်းကို စက်မှုခေတ်၏ ကူးစက်ပျံ့ပွားမှုကို ဖြစ်စေသော အရာ/စာမူဟု သတ်မှတ်ခံရသည်။ စမစ်ဆိုးနီးယား မဂ္ဂဇင်းတွင် ဘရစ်ထ် ပီတာဆန်က မိမိ၏ယုံကြည်ခြင်းကြောင့် အသတ် ခံရသည့် သခင်ယေရှု၏နောက်တော်လိုက်များအကြောင်း ၁၉ ရာစုနှစ်၏သတင်းများကို အကြိမ်ပေါင်း ၁၁၀ ထက်မက စာစောင်အမျိုးမျိုးတွင် ပုံနှိပ်ဖော်ပြသည်ကို တွေ့ရကြောင်း သူသတိပြုမှတ်သားမိသည်ဟု ရေးသားခဲ့သည်။
သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံ စာရေး ရာ၌ သခင်ယေရှုအကြောင်းကို ရဲရင့်ခြင်းစိတ်၊ ဝမ်းမြောက်ခြင်းစိတ်ဖြင့် သက်သေခံခြင်းအတွက် ၎င်းတို့ကို ရှင်ပေါလုမှ ချီးကျူးခဲ့သည်။ “သင်တို့ထံက သခင်ဘုရား၏ နှုတ်ကပတ် တရားတော်အသံသည်…
ကမ်းနား သစ်ပင်
ဤသစ်ပင်လေးအပေါ် မနာလိုဖြစ်မိသည်။ မြစ်ကမ်းနားတွင် ပေါက်ရောက်သဖြင့် မိုးလေဝသအစီရင်ခံစာကို မကြောက်၊ အပင်ခြောက်သွားနိုင်သည့် အပူချိန်ကိုမမှု၊ မရေရာသော အနာဂတ်အတွက် စိုးရိမ်စရာမလိုပေ။ မြစ်ရေကြောင့် အာဟာရနှင့် အအေးဓာတ်ရရှိသည်။ အရွက်များက နေရောင်ခြည်ကို ခံယူသည်။ အမြစ်များက မြေကြီးတွင် ခိုင်မာစွာ ကုပ်ထားသည်၊ အရွက်များက လေကို သန့်စင်ပေးသည်။ နေပူဒဏ်မှလွတ်အောင် သူ့အရိပ်၌ အများသူငါတို့ ခိုလှုံနိုင်သည်၊။
ဆန့်ကျင်ဘက်အားဖြင့် ပရောဖက်ကြီးယေရမိက ခြောက်သွေ့သော ချုံပုတ်ကို ညွှန်ပြသည် (ယေ ၁၇း၆)။ မိုးကုန်သည်နှင့် နေပူရှိန်ကြောင့် မြေသားခြောက်သွေ့သွား သည်။ ၎င်း၏အရွက်များ ညှိုးနွမ်းသွားပြီး မည်သူ့ကိုမျှ အရိပ် အသီးအပွင့် မပေးနိုင်။
အဘယ်ကြောင့် ပရောဖက်ကြီးက စိမ်းလန်းဖွံ့ဖြိုးသောအပင်နှင့် သွေ့ခြောက် သော အပင်ကို နှိုင်းယှဉ်ပြသနည်း။ သူ၏လူတို့အား ကျွန်ခံရာ အဲဂုတ္တုပြည်မှ အံ့ဖွယ်ရာ ကယ်နှုတ်ခဲ့ခြင်းကို ပြန်လည်သတိရစေရန်ဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်း…