အလင်းထဲတွင် အသက်ရှင်ခြင်း
မဲမှောင်သော နံနက်ခင်းပေ။ အမည်းရောင် တိမ်တိုက်များက ကောင်းကင်၌ ပြည့်နှက် နေပြီး ပတ်ဝန်းကျင်မှာ အုံ့မှိုင်းနေသဖြင့် ကျွန်ုပ်စာဖတ်ရန် မီးဖွင့်ဖို့ လိုသည်။ အခန်း၌ လင်းထိန်သွားမှ နေသားတကျ ဖြစ်သွားသည်။ အပြင်ကို မျှော်ကြည့်လိုက်သောအခါ လေက တိမ်များကို အရှေ့ဘက်သို့ တွန်းပို့လိုက်သဖြင့် ကောင်းကင်ကြီး ကြည်လင် သွားကာ နေမင်း၏အလင်း ထွက်ပေါ်လာသည်။
မြင်ကွင်းကို ကောင်းစွာတွေ့ရရန် ပြတင်းပေါက်ဆီသို့ ကျွန်ုပ် လှမ်းသွားခဲ့စဉ် အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။ “အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍၊ မှန်သော အလင်းသည် ထွန်းတောက်လျက်ရှိ၏” (၁ ယော ၂း၈)။ တမန်တော် ရှင်ယောဟန်က ထိုစကားများအား ယုံကြည်သူ များကို အားပေးရန် ရေးသားခဲ့ခြင်းဖြစ်သည်။ သူက “မိမိ ညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည် ထိုသူ၌မရှိ” (း၁၀) ဟု…
သတင်းကောင်း
အင်တာနက်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်းများမှ ကမ္ဘာသတင်းများက ကျွန်ုပ်တို့အား တရစပ် ပူပင်စေသည်။ သတင်းအများစုက ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ စစ်ပွဲနှင့် စီးပွားရေး ပြဿနာစသည့် အမှားအယွင်းများကို အသားပေးဖော်ပြကြသည်။ သို့သော် ဝမ်းနည်းစရာနှင့်စိတ်ပျက်စရာ အမှောင်သတင်းများကို ထိုးဖောက်သည့် ကောင်းသတင်း များကို တစ်ခါတစ်ရံ တွေ့ရသည်။
ကျမ်းစာတွင် ဓမ္မဟောင်းကျမ်းမှ လူနှစ်ဦး၏ စကားက
ပဋိပက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် လူများအတွက် ကြီးမားသည့် မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်။
ရက်စက်၍ တန်ခိုးအင်အားကြီးသော တိုင်းပြည်အပေါ်သို့
ဘုရားသခင်၏စီရင်ခြင်း ကျရောက်မည့်အကြောင်းဖော်ပြ လျက် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းစကားကို
ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာကြည့်ကြ လော့” (နာဟုံ ၁း၁၅) ဟု နာဟုံက ပြောထားသည်။ ထိုသတင်းက ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်ခံရသူများအတွက် မျှော်လင့်ခြင်းပေးသည်။ ဆင်တူယိုးမှား စကားကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့ရသည်။ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို…
ပိုက်ဆံ
အလုပ်ဟု ဆိုခြင်းထက် ဘုရားသခင်စေခိုင်းသောအမှုဟု ကျွန်တော်ခံယူထားသော ကျွန်တော့်၏ အစောပိုင်း အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင်စဉ် အခြားကုမ္ပဏီ တစ်ခုမှ ပို၍ သိသာများပြားသော လစာဖြင့် ရာထူးတစ်ခု ကမ်းလှမ်းလာသည်။ ထိုပြောင်းရွေ့မှုသည် ကျွန်တော့်မိသားစုအတွက် သေချာပေါက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ကျွန်တော်က အလုပ်သစ်ကို လိုက်ရှာဖွေနေခြင်း မဟုတ်ဘဲ
လက်ရှိအလုပ်ကို ကျွန်တော် နှစ်သက်ပြီး ၎င်းသည် ခေါ်ယူ စေစားခံရသည့် အလုပ်ဖြစ်သည်မှာ သေချာသည်ထက် သေချာသည်။
သို့သော် ပိုက်ဆံ...။ အသက် ၇၀ ရှိပြီဖြစ်သော အဖေထံဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြသည်။ တစ်ချိန်က
ထက်မြက်ခဲ့သော အဖေ့၏အသိဉာဏ်မှာ နှစ်ကြာရှည်စွာ လေဖြတ်မှုကြောင့် နှေးသွားသော်လည်း အဖေ့၏ အဖြေက ပြတ်သည်။ “ပိုက်ဆံအကြောင်းပဲ ခေါင်းထဲထည့်မထားနဲ့လေ၊ မင်းဘာလုပ်မှာလဲ။”
ချက်ခြင်းပင် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိနှစ်သက်သောအလုပ်ကို…
ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို အစေခံခြင်း
ဘုရားသခင်သည် သူ၏အလုပ်များ ပြီးမြောက်ရန်အတွက် ကျွန်ုပ်တို့၏ ဆုတောင်း ခြင်းကို မကြာခဏ အသုံးပြုသည်။ ဤအချက်ကို ပရောဖက်ဧလိယအား ဘုရားသခင် စကားပြောရာတွင် တွေ့ရသည်။ ဣသရေလတိုင်းပြည်တွင် သုံးနှစ်ခန့်ကြာမျှ မိုးခေါင်ရေရှားခြင်းကို အဆုံးသတ်ရန် “ငါသည်လည်း မြေပေါ်မှာ မိုးရွာစေမည်”
(ယာ ၅း၁၇) ဟု ကတိပေးပြီးပြီဖြစ်သော်လည်း “ဧလိယ သည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြား၌ ထားလျက်” မိုးရွာစေရန် အပြင်းအထန် ဆုတောင်းခဲ့သည် (၃ ရာ ၁၈း၄၂)။ ထိုနောက် သူဆက်လက် ဆုတောင်းခဲ့ပြီး “ခုနှစ်ကြိမ်” တိုင် မိုးရွာမည့် လက္ခဏာရှိမရှိ သူ့ကျွန်အား ပင်လယ်ကိုသွား၍ ကြည့်ရန် စေလွှတ်
ခဲ့သည် (း၄၃)။
ဘုရားသခင်သည် သူ၏အလုပ်၊ အမှုတော်တွင် ကျွန်ုပ်တို့ နှိမ့်ချလျက် ဇွဲကြီးစွာ ဆုတောင်းခြင်းဖြင့် ပူးပေါင်း…
မိတ်ဆွေပေးသော ဒဏ်ရာများ
ချားလ်စ် လိုဝယ်ရီ သည် ကျောအောက်ပိုင်း နာကျင်မှုအကြောင်းကို သူ့သူငယ်ချင်းအား ညည်းညူကာ ရင်ဖွင့်သည်။ သူကို စာနာနားလည်နှစ်သိမ့်ရန် သူ မျှော်လင့်ခဲ့သော်လည်း ရိုးသားပွင့်လင်းစွာ ဝေဖန်ချက်ကိုသာ ရရှိခဲ့သည်။ သူ့မိတ်ဆွေက ‘‘ခင်ဗျားရဲ့ ပြဿနာက ကျောနာနေတယ်လို့ ကျွန်တော်မထင်ဘူး၊ ခင်ဗျားရဲ့ အစာအိမ်က ပြဿနာပဲလို့ ထင်တယ်။ ခင်ဗျားရဲ့ အစာအိမ်က သိပ်ကြီးလွန်းနေတဲ့ အတွက် အနောက်ဘက်ကို တွန်းထုတ်နေတာဘဲဖြစ်မှာ’’ ဟု ပြောခဲ့သည်။
REV! မဂ္ဂဇင်းတွင် ချားလ်စ် က သူသည် စိတ်မကောင်းဖြစ်လျက် စိတ်နာသွားရန် သွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့ကြောင်း ဝေမျှခဲ့သည်။ သို့နှင့် သူဝိတ်ချလိုက်ရာ ခါးနာသည့်ဝေဒနာ ပျောက်ကင်းသွားသည်။ `ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ ကောင်း၏။ အဆွေခင်ပွန်း သည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေးကြောင်း´ ချားလ်စ် နားလည်ခဲ့ရသည် (သု ၂၇း၅-၆)။
မကြာခဏဆိုသလို…
တိုက်တွန်းခွန်အားပေးခြင်း ဆုကျေးဇူး
အဆိုတော် Merle Haggard ၏ ခေတ်ဟောင်းတေး တစ်ပုဒ်ဖြစ်သော ‘‘If we make it Through December’’ ထဲတွင် သမီးလေးအတွက် ခရစ်စမတ်လက်ဆောင်ဝယ်ပေးရန် ငွေမရှိ၊ စက်ရုံမှ အလုပ်ပြုတ်လာသော လူတစ်ယောက် အကြောင်း သီဆိုထားပါသည်။ ခရစ်စမတ်ချိန်ခါသမယသည် နှစ်တစ်နှစ်၏ပျော်ရွှင်ဖွယ်အချိန်ဖြစ်သော်လည်း သူ့ဘ၀ မှာမူ အမှောင်ကျပြီး ရက်စက်လေခြင်း။
စိတ်ဓာတ်ကျအားငယ်ခြင်းသည် ဒီဇင်ဘာလနှင့် လိုက်လျောညီထွေမှုမရှိသော်လည်း ကြီးကျယ်လာနိုင်သည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်က မြင့်နေနိုင်ပြီး ၀မ်းနည်း ပူဆွေးမှု
သောကများလည်း နက်နဲနိုင်သည်။ ထို့ကြောင့် အနည်းငယ် သော အားပေးမှုသည် အလွန် အဓိပ္ပာယ်ရှိ သည်။
ကုပရုပြည်မှ လေ၀ိအမျိုးသား ယောသေသည် သခင်ယေရှု၏ ကနဦးတပည့်တော် နောက်လိုက်များထဲမှ တစ်ယောက် အပါအ၀င်ဖြစ်သည်။ တမန်တော်များက သူ့ကို
သက်သာခြင်း၏သားဟု အဓိပ္ပာယ်ရသော ဗာနဗ အမည်သစ်
ပေးခဲ့သည်။…
အသံများဖြင့် ၀န်းရံလွှမ်းခြုံထားသော
ဝေါဒစ်နီစတူဒီယို သည် ရုပ်ရှင်လောကတွင် အသံပိုင်းဆိုင်ရာ နည်းပညာကို ပထမဆုံး မိတ်ဆက်ပေးခဲ့သူဖြစ်သည်။ ၎င်းကို`သဘာဝဆန်ဆန် ပေါင်းစပ်ထားသော အသံ´(သို့)
`အသံများဖြင့်ဝန်းရံလွှမ်းခြုံထားခြင်း´ ဟု ခေါ်သည်။ ထုတ်လုပ်သူများက ရုပ်ရှင်ကြည့် ပရိတ်သတ်များအား ဂီတသံကို ဆန်းသစ်စွာ ခံစားကြားစေချင်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းသည် ပထမဆုံးသောအသံလွှမ်းခြုံမှု မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယေရုရှလင် မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး၍ ဆက်ကပ်ပွဲတွင် ပရောဖက်နေဟမိက ၎င်းကို အစပြုမိတ်ဆက်ပေးခဲ့သည်။ ‘‘ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ ငါခေါ်၍ ချီးမွမ်းရာ သီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏’’ ဟု (နေ ၁၂း၃၁) ဖော်ပြထားသည်။ သီချင်းဆိုရသော လူနှစ်စုသည် မြို့ရိုး၏တောင်ဘက်စွန်း နောက်ချေးတံခါးမှ စ၍ချီသွားကြသည်။ တစ်စုသည် လက်ဝဲဘက်မှ၊ ကျန်တစ်စုသည် လက်ျာဘက်မှ ဗိမာန်တော်သို့…
လှပသော ညီညွတ်စည်းလုံးခြင်း
သားရဲသတ္တ၀ါကြီး ၃ ကောင် ပွတ်သီပွတ်သပ် ကစားနေသည်ကို မြင်ရသည်မှာ တစ်မူထူးခြားနေသည်။ သို့သော် ၎င်းသည် ဂျော်ဂျီယာ တိရစ္ဆာန်ရုံ၌ နေ့စဉ် မြင်ရသော မြင်ကွင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်က ခြင်္သေ့၊ ဘင်္ဂလားကျားနှင့် ၀က်ဝံနက်စသည့် သားရဲ ၃ ကောင်တို့သည် လအတော်ကြာ ရက်စက်စွာနှိပ်စက်ခံရပြီးနောက် နောဧသင်္ဘော တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ ၏ ကယ်ဆယ်ခြင်း ခံရပါသည်။ လက်ထောက်ဒါရိုက်တာက “သူတို့ကို ခွဲထားချင်ပေမဲ့ သူတို့က မိသားစုအနေနဲ့ ရောက်လာတာဖြစ်တဲ့အတွက် အတူတူထားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်’’ ဟုပြောပါသည်။ ၎င်းတို့ နှိပ်စက်ခံခဲ့ရစဉ်အတွင်း ထိုသတ္တ၀ါ ၃ ကောင်သည် တစ်ကောင်နှင့်တစ်ကောင် မတူညီမှုများကို အမှုမထားဘဲ လိုက်လျော ညီထွေစွာ အတူတကွ ငြိမ်းချမ်းစွာ နေထိုင် ခဲ့ကြသည်။
စည်းလုံးခြင်းသည် လှပကောင်းမွန်သောအရာ တစ်ခု ဖြစ်သည်။ ဧဖက်မြို့ရှိ ယုံကြည်သူများထံ ရှင်ပေါလု၏…
မပြောင်းလဲသော သနားခြင်းကရုဏာ
ကျွန်တော်ကလေးဘ၀က L. Frank Baum ရေးသားသော Land of Oz စာအုပ်များကို စွဲလန်းနှစ်သက်စွာ ဖတ်ခဲ့သည်။ မကြာသေးမီက Rinkitink in Oz
မူရင်းလက်ရာကို ပြန်လည်ဖတ်ရှုခံစားဖြစ်သည်။ အစားထိုး၍မရသော၊ လက်တွေ့ ကျပြီး ကောင်းမြတ်လှသော ဘုရင်ကြီး Rinkitink ၏ မွန်မြတ်သောနှလုံးသားနှင့် ကိုးရိုးကားယားနိုင်ပုံအကြောင်း Baum ၏ရွှတ်ရွှတ် နောက်နောက် အရေးအသားကို ကျွန်တော် သဘောကျ ရယ်မိပြန်သည်။ အိမ်ရှေ့မင်းသားငယ် Inga က `ဘုရင်ကြီးရဲ့ နှလုံးသားက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ်။ အဲဒါက ဉာဏ်အမြော်အမြင်ရှိတာထက် ပိုကောင်းတယ်´ ဟူ၍ အပေါ်လွင်ဆုံးဖော်ပြခဲ့သည်။
ရိုးစင်းပြီး အဓိပ္ပာယ်ရှိလေစွ။ မိမိနှင့် ရင်းနှီးသူ တစ်ဦး၏ နှလုံးသားကို ကြမ်းတမ်းသောစကားများဖြင့် မနာကျင်စေသူ မည်သူရှိသနည်း။ ထိုသို့နာကျင်စေခဲ့၍ ငြိမ်းချမ်းငြိမ်သက်မှုကို ကျွန်ုပ်တို့ ဖျက်ဆီးပစ်ပြီး မိမိချစ်ခင်သူများ အပေါ်ပြုခဲ့သည့်…
ခရစ်စမတ်မီးလုံးများ
နှစ်စဉ် ခရစ်စမတ် မရောက်မီ ရက်သတ္တပတ်များတွင် ကမ္ဘာလှည့်ခရီးသည်တို့ စိတ်ဝင်စားသောနေရာဖြစ်သည့် စင်္ကာပူနိုင်ငံ၏ Orchard လမ်းကို အံ့ဖွယ်ကမ္ဘာတစ်ခု အသွင် ရောင်စုံမီးလုံးများနှင့် ဆင်ယင်ထားသည်။ စီးပွားရေး အချက်အချာကျသော လအတွင်းတွင် ဤကဲ့သို့ ရောင်စုံမီးများ ဆင်ယင်ထားခြင်းမှာ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများတွင် ခရီးသည်များ ပိုက်ဆံ သုံးဖြုန်းရန်ဖြစ်သည်။ ဈေးဝယ်သူများမှာ ပွဲဈေးလျှောက်ရင်း၊ ခရစ်စမတ်ကယ်ရယ် သီချင်းများ နားဆင်ရင်း၊ ဖျော်ဖြေမှုများကို ကြည့်ရှု ခံစားရင်း ခရစ်စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။
ပထမဦးဆုံး `ခရစ်စမတ်အလင်း´ သည် လျှပ်စစ် မီးကြိုးများ၊ နီယွန်မီးလုံးများဖြင့် ဆင်ယင်ထားခြင်းမဟုတ်ဘဲ ‘‘ထာဝရဘုရား၏ဘုန်းတော် ထွန်းတောက်’’ လျက် အလင်း
ဖြာခဲ့သည် (လု ၂း၉)၊ မည်သည့်ကမ္ဘာလှည့် ခရီးသည် တစ်ယောက်မျှ မတွေ့မြင်ခဲ့ရပါ။ လယ်ကွင်းပြင်ရှိ သိုးကျောင်းသား အနည်းငယ်သာ မြင်တွေ့ခဲ့ရသည်။ ထိုနောက်တွင် ကောင်းကင်တမန်တို့၏ ‘‘ကောင်းကင် ဘ၀ဂ်ဝယ်…