အမျိုးအစား  |  odb

မပျက်စီးနိုင်သော ယုံကြည်ခြင်း

ဒိုင်အန်းဒေါ့ခိုကင်း (Dianne Dokko Kim)နှင့်သူ၏ခင်ပွန်းတို့သည် ၎င်းတို့၏ သားကို အော်တစ်ဇင်ဝေဒနာရှင်ဟု သိရသောအခါ မသန်စွမ်းသောသားသည် လောက၌ သူမထက် ပိုကြာကြာအသက်ရှင်နိုင်‌ကြောင်း ဖြစ်နိုင်ခြေရှိသည့် အဖြစ်မှန်နှင့် ရုန်းကန်ခဲ့ရသည်။ “ကျွန်မမရှိရင် သူဘယ်လိုလုပ်မှာလဲ”ဟု ဘုရားရှင်ထံ သူမ အော်ဟစ်ခဲ့သည်။ မသန်စွမ်းကလေးများကို စောင့်ရှောက်နေရသည့် အခြားမိဘများ၏မစပံ့ပိုးမှုအားဖြင့် ဘုရားသခင် သူမကို ဝန်းရံခဲ့သည်။ မကြာခဏပေါ်လာသည့် ရှင်းပြ၍မရနိုင်သော အပြစ်ရှိသည်ဟု ခံစားရစိတ်၊ လိုအပ်မှုရှိသည်ဟုခံစားရစိတ်၊ စိုးကြောက်မှုများကြားတွင် ဘုရားရှင်ကို ယုံကြည်ကိုးစားနိုင်အောင် ကိုယ်‌တော်က ဒိုင်အန်းကို ခွန်အားဖြည့်ပေးခဲ့သည်။ အဆုံးတွင် သူမရေးသားသည့် “Unbroken Faith” စာအုပ်၌ ဒိုင်အန်းသည် မသန်စွမ်းကလေးများကို စောင့်ရှောက်ပျိုးထောင်ရသူများအတွက် “ဝိညာဥ်ရေးရာ ပြန်လည်ကောင်းမွန်”လာရေး မျှော်လင့်ချက်ကို ကမ်းလှမ်းပေးခဲ့သည်။ သူမ၏သား ကြီးကောင်ပေါက်အရွယ်ရောက်သောအခါ ဒိုင်အန်း၏ ယုံကြည်ခြင်းက ပြည်ဝကြံ့ခိုင်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သူတို့သားအမိကို အစဥ်အမြဲ ဂရုပြုမည်ကို သူမယုံကြည်စိတ်ချသည်။

ဘဝ၏မသေချာမရေရာမှုများကြောင့်…

ဆုံးရှုံးခြင်းအားဖြင့် အနိုင်ရခြင်း

“အောင်မြင်မှု မရှိခြင်းသည် အောင်မြင်ခြင်းထက် အမှန် ပို၍ စွမ်းအားကြီးသည်” ဟု ပရောဖက်ဆာ Monica Wadhwa (မော်နိခါဝါ့ဒ်ဝေါ့)က ဆွေးနွေး ပြောဆိုခဲ့သည်။ သူမ၏သုတေသနပြုချက်အရ လူသည် အောင်မြင်ချိန်တွင် မဟုတ်ဘဲ အောင်မြင်လုနီးနီးအချိန်တွင် သွက်လက်အားပြည့်ဆုံး၊ လှုပ်ရှားရန် လှုံ့ဆော်မှုအခံရဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ တစ်စုံတစ်ဦး၏ရည်မှန်းချက် ပျက်ပြီး ကျရှုံးခြင်းက လူကို ဆက်လက်ရှင်သန်ပြီး ကြိုးစားရုန်းကန်အားထုတ်ရန် လှုံ့ဆော်မှုပေးတတ်ပြီး၊ တစ်ဘက်တွင် အလွယ်တကူ အောင်မြင်မှုရရှိခြင်းက စွမ်းအားနှင့် လှုံ့ဆော်လှုပ်ရှားနိုင်စွမ်းတို့ကို ချည့်နဲ့စေတတ်သည်။

ဝါ့ဒ်ဝေါ့၏အမြင်သည် သခင်ခရစ်တော်နောက်လိုက်ခြင်းကို အပြေးပြိုင်ပွဲ အဖြစ် ရှင်ပေါလုခိုင်းနှိုင်းထားသော (၁ကော ၉:၂၄-၂၇ နှင့် ဖိ ၃:၁၂-၁၄ ) ကျမ်းပိုဒ်နှစ်ပိုဒ်အပေါ် ထိုးထွင်းဉာဏ် အမြင်သစ်ကို ပေးသည်။ ဥပမာနှစ်ခုလုံး တွင် ရှင်ပေါလုက ယုံကြည်သူများအား ခရစ်တော်နောက် လိုက်လျှောက်ခြင်းနှင့် ကယ်တင်ခြင်း သတင်းကောင်းအတွက် ရှိသမျှအစွမ်းကုန် ကြိုးစားအားထုတ်၍…

ကျွန်ုပ်တို့ကို စဥ်းစားနားလည်ပေးသော ဘုရားသခင်

“ငါ့ဒဏ်ရာကို ကြည့်ချင်လား “ဟု ကျွန်ုပ်မိတ်ဆွေဘီလ် (Bill)က မေးသည်။ သူသည် လွန်ခဲ့သောနှစ်များစွာက လှေကားပေါ်မှ ပြုတ်ကျပြီး ကိုယ်အောက်ပိုင်း သေသွားသည်။ ယခုတွင် ခွဲစိတ်ကုသမှုတစ်ခုမှ ပြင်းထန်သောရောဂါပိုး ကူးစက်မှုကြောင့် ဆေးရုံတင်ထားရသည်။ သူ နောက်ထပ် ရင်ဆိုင်ရသည့် အခက်အခဲကို ပြောဆိုရင်း၊ စောင်ကိုလှပ်ကာ ရောဂါကူးစက်မှုကို ကုသသည့် ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးရှည်ကြီးကို ပြသည်။ “နာလား”ဟုမေးရာ၊ “ငါဘာမှ မခံစားရဘူး”ဟု သူက ဖြေသည်။

သူပြောပြီးပြီးချင်းမှာပင်၊ သူနှင့်မိတ်ဆွေဖြစ်သည့် နှစ်များတစ်လျှောက် သူ့ဒဏ်ရာကြောင့် သူ၏လှုပ်ရှားရွေ့လျားနိုင်စွမ်းနှင့် ခံစားမှုစွမ်းရည် နှစ်ခုစလုံး မရှိတော့သည်ကို ကျွန်ုပ် မသိခဲ့ပါလားဟု ကိုယ့်ကိုကိုယ် သိလိုက်သည်။ သူနှင့် သူနေ့စဥ်ရင်ဆိုင်ရသော နာကျင်မှုဒဏ်ရာကို ကျွန်ုပ်ကောင်းစွာ သိနားလည်ခြင်းမရှိ၊ သူ့အပေါ် စာနာစိတ် မရှိခဲ့ပါလားဟု ကျွန်ုပ်ရှက်မိသည်။

ကျွန်ုပ်မိတ်ဆွေနှင့်ပတ်သက်၍ ကျွန်ုပ်နားလည်စဥ်းစားပေးမှု မရှိခြင်းက ယုဒရှင်ဘုရင် ဟေဇကိမင်းပြုခဲ့သည့်အရာတစ်ခုကို သတိရစေသည်။…

ဘုရားရှင် အသိဆုံးပါ

ဆက်ကျော်သက်တူမလေး၏ကျန်းမာရေးအတွက် ကျွန်မ စိတ်ပူခဲ့ပြီး၊ သူ့ရောဂါအတွက် သဘာဝကုထုံးရှိကြောင်း ကြားသိရသော စိတ်သက်သာရာရခဲ့သည်။ သို့သော် ကျွန်မညီမက သူ့သမီး၏ဆေးရာဇဝင်ကို ကြည့်ပြီး ဘေးထွက်ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု ခံစားခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ညီမနှင့်ငြင်းခုံလိုသော်လည်း မငြင်းခုံဖြစ်ခဲ့ပါ။ ကျွန်မမည်မျှစိတ်ပူပါစေ သူ့မိခင်ကို ကျွန်မ လေးစားအလျော့ပေးရပါမည်။

နောက်ပိုင်းတွင် ဆရာဝန်တစ်ဦးက “ဒီသဘာဝကုထုံးက သူမအတွက် ပြင်းထန်တဲ့ ဓာတ်မတည့်တဲ့တုံ့ပြန်မှုကို ဖြစ်စေနိုင်တယ်”ဟု ကျွန်မတို့ကို ပြောခဲ့သည်။ ကျွန်မတူမလေး၏ကောင်းကျိုးအတွက် ကျွန်မ မသိနိုင်သည့်အရာကို သူ့မိခင်က သူ့သမီးအတွက် အကောင်းဆုံးအရာကို အမှန်တကယ် အသိဆုံးဖြစ်သည် ။
ကျွန်မချစ်ရသည့် အခြားသူများအတွက် စိုးရိမ်ပြီး၊ ကျွန်မအထင်၌ သူတို့ရရှိသင့်သည့် အကူအညီရရန် ဘုရားသခင်မစပါမည့်အကြောင်း ကျွန်မဆု‌တောင်းခဲ့ချိန်တွင် အထက်ပါအဖြစ်ကို ကျွန်မ ပြန်သတိရသည်။ ထိုအခါ ကျွန်မထက် သူတို့ကို ချစ်ပြီး၊ ကျွန်မသိသည်ထက် သူတို့ကိုပိုသိကျွမ်းသူ ဘုရားသခင်သည် အကောင်းဆုံးကို အသိဆုံးဖြစ်ကြောင်း ကျွန်မသတိရမိသည်။

(ဟေရှာ…

နက်နဲသောအရပ်၌

San Fruttuoso (စံဖရူတူအောဇို)ဘာသာရေးကျောင်းဆောင်သည် အီတလီနိုင်ငံ၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ကွေ့တွင် တည်ရှိသည်။ ထိုနေရာသို့ လှေ (သို့) ခြေလျင်ဖြင့်သာ သွားလာနိုင်သည်။ သို့သော် ထိုပင်လယ်ကွေ့တွင် ရတနာများ ခိုအောင်းနေသည်။ ရေငုပ်သမားများ စွန့်စားပြီး ပေ ၅၀ ခန့် အောက်သို့ ဆင်းလိုက်လျှင် လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို စတင်မြင်လာရမည်ဖြစ်သည်။ ထိုသူမှာ တွင်းနက်ကြီးအတွင်းမှ ခရစ်တော်ရုပ်တုဖြစ်သည်။ ၎င်းသည် ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဦးဆုံး ရုပ်တုဖြစ်ပြီး၊ ထိုနက်နဲသောအရပ်မှ ကောင်းကင်သို့လက်မြောက်ထားသော သခင်ယေရှုပုံကြေးရုပ်တုဖြစ်သည်။

နက်နဲသောအရာနှင့် သင်ကြုံဖူးကောင်းကြုံဖူးပါလိမ့်မည်။ ဆာလံ ၆၉:၂-၃ တွင် “နက်လှသောရွှံထဲမှာ ကျွံပါပြီ” “အော်ဟစ်၍ ပင်ပန်းပါပြီ” ဟုဆိုထားသည်။ ရန်သူများ၏လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရပြီး မိသားစုနှင့် ကင်းကွာနေသည့် (:၄၊ ၇-၁၂) ဆာလံဆရာမှာ အခြားသူများထံမှ သက်သာရာရှာမတွေ့ဘဲ (:၂၀)၊ ထိုဆင်းရဲခြင်း၏ဝါးမျိုမှုခံရပြီး၊ နက်နဲရာ၌ နှစ်မြှုပ်မှာကို…

ဘုရားရှင်၏ ကြီးမားသောတန်ခိုးတော်

ကြီးမားသော ရေခဲမုန်တိုင်းကြောင့် ဓာတ်အားလိုင်းများ မိုင်ပေါင်းများစွာ ပြတ်တောက်ခဲ့၍ ကျွန်မတို့ မြို့လေးမှာ အမှောင်ထုဖုံးလွှမ်းသွားခဲ့သည်။ လျှပ်စစ်မီးပြတ်တောက်သဖြင့် ကျွန်မတို့၏ မိတ်ဆွေအတော်များများမှာ သေလုမတတ် အေးခဲလှသည့်ဆောင်းရာသီ၌ အပူပေးစက် ဖွင့်၍မရတော့ပါ။ မိသားစုများက ရပ်ကွက်အတွင်း ဓာတ်အားပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့် ထရပ်ကားများကို မြင်တွေ့လိုသည်။ နောက်မှ လိုအပ်နေသူများကို ကူညီပေးရန် မော်တော်ယာဉ်များ စေလွှတ်မှု ကွပ်ကဲရေးဌာနအဖြစ် ဘုရားကျောင်းတစ်ခု၏ကားရပ်နားရန်နေရာကို ယာယီအသုံးပြုခွင့်ပေးကြောင်း ကျွန်မကြားသိခဲ့ရသည်။

ပြုပြင်ရေးကားများအကြောင်း ကြားရသည့်အခါ တမန်တော်ဝတ္ထုမှ သခင်ယေရှု တပည့်တော်များကို မိန့်ကြားခဲ့သည့်အရာက ကျွန်မအတွေးထဲဝင်လာသည်။ သခင်သည် ရှင်ပြန်ထမြောက်ပြီး ရက် ၄၀ အတွင်း တပည့်တော်တို့အား ကိုယ်ထင်ရှားပြလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်း သွန်သင်ခဲ့သည် (တ ၁:၃)။ ကောင်းကင်နိုင်ငံသို့ ပြန်လည်မတက်ကြွမီ “သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရမည်” ဟု နောက်ဆုံးကတိပေးခဲ့သည်။
ဘုရားသခင်၏တုနှိုင်းမရသောဘုန်းတန်ခိုးတော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တပည့်တော်တို့ ရရှိခံစားရမည်ဟု…

သွား၍ပြောကြားလော့

အဲလိယက်(Elliot)သည် တစ်ပါးသူများအား သခင်ယေရှုအကြောင်းကို ဝေမျှသက်သေခံရန် အလွန်စိတ်ထက်သန်သူ ဖြစ်သည်။ သူသည် တောင်အာရှနိုင်ငံမှ အသင်းတော် ခေါင်းဆောင်များအား တိမောသေဩဝါဒစာဒုတိယစောင်ကို တစ်ပတ်တာသင်ကြားပေးစဉ်အတောအတွင်း ရှင်ပေါလုမှ တိမောသေအား နှုတ်ဆက်မှာကြားခဲ့ပုံကို ဝေမျှခဲ့သည်။ ခေါင်းဆောင်များအား ဧဝံဂေလိသတင်းကောင်းကို ဝေမျှရာတွင် ရှက်ကြောက်ရန် မလိုဘဲ၊ ရှင်ပေါလုကဲ့သို့ ဧဝံဂေလိတရားအတွက် ဆင်းရဲဒုက္ခခံလျက် လုပ်ဆောင်ရန် သူတိုက်တွန်းခဲ့သည်။ ရက်အတန်ကြာတွင် ထိုနိုင်ငံ၌ ဧဝံဂေလိ လုပ်ဆောင်ခြင်း၊ ဘာသာကူးပြောင်းခြင်းကို တားမြစ်ထားသည့်အကြောင်းကို သူသိခဲ့ရ၍၊ ထိုခေါင်းဆောင်တို့သည် ဧဝံဂေလိတရားကို ဇွဲရှိရှိ၊ သတ္တိရှိရှိ ဆက်လက်ကြွေးကြော်ရန် သူတို့အတွက် အလွန်ပူပန်သောစိတ်နှင့် အဲလိယက် ဆုတောင်းပေးခဲ့သည်။

ဧဝံဂေလိသတင်းကောင်းကို ဝေမျှပြောကြားရာတွင် များစွာအန္တရာယ်ရှိ‌ကြောင်း ရှင်ပေါလုသိသည်။ သူ့အနေနှင့် အကျဉ်းကျခံခဲ့ရပြီး(:၈၊ ၁၆)၊ သူ၏ဟောပြောသွန်သင်မှုများကြောင့်(:၁၁-၁၂) ရိုက်နှက်ညှဥ်းပန်းမှုများ၊ ခဲနှင့်အပစ်ခံရမှုများ စသည်ဖြင့် အခြားအခြားသော ဒုက္ခအခက်အခဲများစွာကိုလည်း ကြုံခဲ့ရသည် (၂ ကော ၁၁:၂၃-၂၉ ကို…

ဝါး!

အမှုတော်မြတ်လုပ်ငန်းတွင် လုပ်ကိုင်နေသူများ ပြန်လည်အားပြည့်လန်းဆန်းစေရန်နှင့် ခွန်အားယူရန်အတွက် ပုဂ္ဂိုလ်တစ်ဦးမှ တန်ဖိုးကြီးစွာပေးဝယ်ထားသော အားသစ်လောင်းစင်တာသို့ ရောက်ရှိသွားသော ကျွန်တော်တို့ အဖွဲ့သားများထံမှ “ဝါး”ဆိုသော တုန့်ပြန်မှုကို ကြားခဲ့ရပါသည်။ နှစ်ထပ်ကုတင်များ၊ ကုတင်ကျယ်ကြီး များပါသည့် အိပ်ခန်းအစုံများကို မြင်တွေ့ရသောကြောင့် အားလုံးအံ့အားသင့်ခဲ့ရသည်။ သပ်ရပ်စွာ တပ်ဆင်ထားသော မီးဖိုချောင်နှင့် ထမင်းစားခန်းသည် မျက်စိအပြူးသားနှင့် ကြည်နူးမှုကို ဖြစ်ပေါ်စေသည်။ အားလုံးကိုမြင်ခဲ့ပြီဟု တွေးလိုက်ချိန်မှာပင်၊ မိုးလုံလေလုံဘက်စကက်ဘောကွင်းအပါအဝင် နောက်ထပ်အံ့ဩစရာများလည်း ရှိနေပါသေးသည်။ အံ့ဩစရာတိုင်းက အံ့ဩလောက်ပေသည်။

ရှေးက ယေရုရှလင်မြို့တွင် ရှောလမုန်မင်းကြီး နန်းစံစဉ် ရှေဘမိဘုရား သွားရောက်လည်ပတ်သောအခါ၌ ထိုကဲ့သို့ပင် တုံ့ပြန်ခဲ့သည်။ ရှောလမုန်မင်းကြီး၏ ပညာအလုံးစုံနှင့် သူတည်ဆောက်သောနန်းတော်ကို မြင်တွေ့ ရသည့်အခါ သူမအံ့ဩမိန်းမောခဲ့ရသည် (၃ရာ ၁၀:၄၅)။ ရာစုနှစ်များ ကုန်လွန်ခဲ့ပြီးနောက် ဒါဝိဒ်မင်းကြီး၏ တော်ဝင်မျိုးနွယ် သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး အခြားတစ်နည်းတစ်လမ်းအားဖြင့် လူအပေါင်းတို့ကို အံ့အားသင့်စေပြန်သည်။ သူသွားလေရာရာ၌ သူ၏အံ့ဩဖွယ်ဉာဏ်ပညာနှင့်…

သေခြင်းတရား၏ဓားသွားအောက်၌

Sabin Howard (ဆာဘင်းဟားဝဒ်)၏ A Soldier’s Journey “စစ်သားတစ်ဦး၏ခရီးစဉ်” ဆိုသော ထူးခြားပန်းပုလက်ရာမှာ ကြည့်ရှုသူများကို တက်ကြွမှုနှင့် နာကျင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားရစေသည်။ ၎င်းသည် ပထမကမ္ဘာစစ်မှ စစ်သားတစ်ဦး၏ဘဝကောက်ကြောင်းကို ကြေးရုပ် ၃၈ ရုပ်ဖြင့် သရုပ်ဖော်လျက် ၅၈ ပေ အကျယ်ရှိနံရံတွင် ထုလုပ်ထားပြီး၊ ၂၀၂၄ ခုနှစ်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထိုရုပ်တုများမှာ စစ်ထွက်ခါနီး မိသားစုကို နှုတ်ဆက်နေသည့်ပုံ၊ ထို့နောက် စစ်၏ အနိဌာရုံကို ဖော်ကျူးသည့် ရုပ်တုများနှင့်၊ နောက်ဆုံး သမီးက စစ်ပြန်ဖခင်၏ ပက်လက်လှန်ထားသည့် စစ်ခမောက်ထဲ ကြည့်နေပုံတို့ဖြစ်သည်။ သူမ၏အမြင်၌ ဒုတိယကမ္ဘာစစ် စစ်ကြိုအရိပ်ကိုသာ တွေ့ခဲ့ရသည်။

ဟားဝဒ်က “လူသားများသည် အမြင့်ဆုံးသို့ရောက်နိုင်သကဲ့သို့ တိရိစ္ဆာန်အဆင့်သို့ နှစ်မြှုပ်သွားနိုင်ကြောင်း” - လူ့သမိုင်းတစ်လျှောက် ဖြစ်ပေါ်သည့် အဖြစ်အပျက် ဆက်စပ်မှုကို ရှာဖွေတင်ဆက်ခြင်းဖြစ်သည်။ စစ်ပွဲက ထိုအဖြစ်မှန်ကိုဖွင့်ပြခဲ့ပေသည်။…

အသစ်ပြုပြင်သောမျှော်လင့်ခြင်း

ထိုင်း (Thai) တစ်ယောက် ခေါင်းစားနေသည်။ သူ၏ ၁၈ နှစ်အရွယ်သားသည် အခုတလော စာကြည့်တိုက်၌ အဘယ့်ကြောင့် အချိန်အတော်များများကို ကုန်လွန် စေသည်ကို သူသိချင်နေသည်။ သူ၏သားသည် အထီးကျန်စိတ် (autistic) ဝေဒနာသည်ဖြစ်ပြီး၊ အခြားသူများနှင့်စကားပြောခဲသည်။အတန်းပြီးလျှင် အိမ်သို့တန်းပြန်လာသူဖြစ်သည်။ မည်သည့်က သူအား ပြောင်းလဲသွားစေသနည်း။ သူအား အတင်းအကြပ် မေးမှ နောက်ဆုံးတွင် “နာဗင် (Navin) နဲ့အတူ စာလေ့လာနေတာပါ”ဟုဖြေသည်။

နာဗင် သည် သူ၏အတန်းဖော်ဖြစ်ပြီး ထိုင်း၏သားမှာ အတန်းထဲတွင် စာမလိုက်နိုင်၍ ရုန်းကန်နေရသည်ကို သူသတိထားမိပြီး၊ သူနှင့် အတူ စာလုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ၁၈ နှစ်အတွင်း ပထမဦးဆုံး ရင်းနှီးသောမိတ်ဆွေ တစ်ဦးကို ရလိုက်ခြင်းက သူ၏သားသည် သူငယ်ချင်းမရနိုင်တော့ဟု မျှော်လင့်ချက်မဲ့စွာ လက်လျော့ခဲ့သော ဖခင်အတွက် ကြီးမား‌သောခွန်အားကို ဖြစ်စေသည်။

အကူအညီလိုအပ်သူတစ်ဦးအတွက် ဂရုတစိုက်ဖြင့် အတူရှိပေးသူ ရှိပါက…