အသက်တာပြောင်းလဲစေသော ဝတ်ပြုကိုးကွယ်မှု
ကြောက်ရွံ့စိုးရိမ်မှုက သူမတစ်ကိုယ်လုံးကို လွှမ်းမိုးလျက် ဆေးရုံ၏အထူးကြပ်မတ် ကုသဆောင် အပြင်ဘက်၌ ဆူဇီ ငိုကြွေးမိသည်။ နှစ်လသားအရွယ် သူ့ကလေးငယ် ၏ သေးငယ်သောအဆုတ်အတွင်း၌ အရည်များပြည့်လျက်ရှိကာ ကလေးအသက်ကို ကယ်တင်ရန် သူတို့အကောင်းဆုံးကြိုးစားနေကြောင်း ဆရာဝန်များက ပြောသော်လည်း အာမခံချက်တစ်စုံတစ်ရာကိုတော့ မပေးခဲ့ပါ။ ထိုခဏတာအချိန်တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် “သိမ်မွေ့နူးညံ့သော သန့်ရှင်းသောဝိညာဥ်တော် ၏နှိုးဆော်မှုကို သူခံစားခဲ့ရကြောင်း” ဆူဇီက ဆိုသည်။ သီချင်းသီဆိုရန် ခွန်အားမရှိသောကြောင့် ဆေးရုံ၌ ရှိနေစဥ် နောက်ထပ်သုံးရက်အတွင်း သူ၏ဖုန်းဖြင့် ချီးမွမ်းခြင်းသီချင်းများကို ဖွင့်ခဲ့သည်။ ဝတ်ပြုကိုးကွယ်မှုပြုသည့်အခါ မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းကို သူတွေ့ရှိခံစားခဲ့ရသည်။ ယခုတွင် သူက “ဝတ်ပြုကိုးကွယ်ခြင်းက ဘုရားသခင်ကို ပြောင်းလဲစေတာမဟုတ်ဘဲ ကိုယ့်ကို ပြောင်းလဲစေတာ” ဖြစ်ကြောင်း ထိုအတွေ့အကြုံက သူ့အား သင်ကြားပေးခဲ့သည်ဟု ပြောပြခဲ့သည်။
စိုးရိမ်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် ဘုရားကို ဒါဝိဒ်ဟစ်ခေါ်ခဲ့သည် (ဆာ ၃၀:၁၀)။…
သေးငယ်သောနည်းလမ်းများဖြင့်
ကင်ဆာရောဂါ၏ ထိုးနှက်မှုကို ခံရသည့်အခါ Elsie (အယ်လ်စီ)သည် သခင်ယေရှုနှင့်အတူရှိရေး ကောင်းကင်အိမ်တော်သို့ပြန်ရန် အသင့်ဖြစ်နေခဲ့သည်။ သို့သော် သူမ ပြန်လည်သက်သာလာပြီး၊ ရောဂါကြောင့် မလှုပ်နိုင်မရှားနိုင် ဖြစ်ကျန်ခဲ့သည်။ ဘုရားသခင် သူ့အား အဘယ့်ကြောင့် အသက်ရှင်ခွင့်ပေးခဲ့သနည်းဟု သူဆင်ခြင်မိကာ “ဘယ်လိုကောင်းကျိုးတွေကို ကျွန်မလုပ်နိုင်မှာမို့လို့လဲ။ ကျွန်မမှာ ငွေကြေး၊ အစွမ်းအစတွေ များများစားစား မရှိတဲ့အပြင် လမ်းလည်း မလျှောက်နိုင်ဘူး။ သခင့်အတွက် ကျွန်မ ဘယ်လိုလုပ်အသုံးဝင်နိုင်မှာလဲ” ဟု ဘုရားရှင်အား သူမေးခဲ့သည်။
ထို့နောက် သေးငယ်ရိုးရှင်းသော နည်းလမ်းများဖြင့် အခြားသူတို့အား အစေခံနိုင်ကြောင်း သူသိရှိခဲ့ပြီး၊ အထူးသဖြင့် တိုင်းတစ်ပါးမှပြောင်းရွှေ့ လုပ်ကိုင်လာသည့် သူ့အိမ်ရှိ သန့်ရှင်းရေးအလုပ်သမားများအား ကူညီပေးခြင်းဖြစ်သည်။ သူတို့ကို တွေ့တိုင်း အစားအသောက်များနှင့် ငွေအနည်းငယ်ကို သူပေးကမ်းဝေမျှခဲ့သည်။ ထိုငွေကြေးလက်ဆောင် နည်းနည်းလေးသည် အလုပ်သမားများ၏စားဝတ်နေရေးအတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ ထိုသို့အစေခံခြင်းဖြင့် မိတ်ဆွေများနှင့် ဆွေမျိုးများ၏ ပေးကမ်းမှုမှတစ်ဆင့်…
အပြစ်အစွန်းအထင်းကို သခင်ယေရှုဖယ်ရှားပေးသည်
ရှပ်အင်္ကျီကို အဝတ်ခြောက်ခံစက်ထဲ၌ မွှေနောက်ရှာဖွေရင်း “လာနောက်နေတာလား” ဟု ကျွန်ုပ်အော်ငေါက်မိသည်။ အင်္ကျီကိုတွေ့ရှိခဲ့သော်လည်း ပြဿနာတက်ပြီ။ကျွန်ုပ်၏ရှပ်အင်္ကျီအဖြူ၌ မှင်စွန်းထင်နေသည်။ စင်စစ် ကျားသစ်ကွက်ကဲ့သို့ မှင်ကွက်များက အင်္ကျီတစ်ထည်လုံးကို လိမ်းသုတ်ထားသလိုဖြစ်နေသည်။ အင်္ကျီအိတ်ကပ်များကို သေချာစွာ မစစ်ဆေးခဲ့မိ၍ မှင်ယိုနေသည့်ဘောပင်က အင်္ကျီတစ်ထည်လုံးကို စွန်းထင်းသွားစေခြင်းဖြစ်သည်။
အပြစ်ကို ဖော်ပြရန်အတွက် ‘အစွန်းအထင်း’ ဟူသည့်စကားလုံးကို သမ္မာ ကျမ်းစာ၌ မကြာခဏ အသုံးပြုထားသည်။ အစွန်းအထင်းက အဝတ်အထည်ထဲသို့ စိမ့်ဝင်လျှင် ထိုအထည်ကို ပျက်စီးစေသည်။ ထိုအရာမှာ သူတို့၏အပြစ်အစွန်းအထင်းကို မိမိတို့ကိုယ်တိုင် ဆေးကြောသန့်စင်ရန် မတတ်နိုင်ကြောင်း ဘုရားသခင်က ပရောဖက်ယေရမိမှ တစ်ဆင့် သူ၏လူမျိုးတော်အား သတိပေးလျက် အပြစ်ကို ဖော်ပြသည့် ပုံစံဖြစ်သည်။ “သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာ ထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏” (ယေ ၂:၂၂)။
ကျေးဇူးတော်ကြောင့်…
အမှန်တကယ် အသက်ရှင်သည်
၂၀၀၀ ခုနှစ်တွင် သင်းအုပ်ဆရာ Ed Dobson (အက်ဒ်ဒေါ့ဆန်)၌ ALS သေစေနိုင်သော အာရုံကြောဆဲလ်များ ယိုယွင်းလာမှုရောဂါကို တွေ့ရှိသောအခါ လူထောင် ပေါင်းများစွာက ဆုတောင်းပေးခဲ့ကြသည်။ ရောဂါပျောက်ကင်းရန် ယုံကြည်ခြင်းဖြင့် ဆုတောင်းပါက ဘုရားရှင် ချက်ချင်းအဖြေပေးမည်ဟု လူများစွာက ယုံကြည်သည်။ (၁၂) နှစ်ကြာ ရောဂါနှင့်ရုန်းကန်ရပြီးနောက် အက်ဒ်၏ကြွက်သားများ တစ်ဖြည်းဖြည်း ကျုံလှီလာကာ (သူမကွယ်လွန်မီ သုံးနှစ်အလိုတွင်) ဘုရားသခင်သည် သူ့အား ယခုထိတိုင် မကုစားပေးခြင်းက ဘာကြောင့်လို့ ထင်သနည်းဟု တစ်စုံတစ်ဦးက သူ့အား မေးခဲ့သည်။ “ကောင်းသောအဖြေမရှိ၍ ဘုရားသခင်ကို ကျွန်တော် မမေးခဲ့ပါဘူး”ဟု သူဖြေခဲ့သည်။ “အဖြေတွေရဖို့သာ အမြဲတမ်းစိတ်စွဲနေရင် ကျွန်မတို့ တကယ်အသက် ရှင်နိုင်မှာမဟုတ်ဘူး”ဟု သူ၏ဇနီး Lorna (လော်နာ)က ဖြည့်စွက်ပြောခဲ့သည်။
အက်ဒ်နှင့်လော်နာ၏ စကားများ၌ ဘုရားသခင်အား လေးစားအလေးထားမှုကို သင်ရိပ်မိပါသလား။ ဘုရားသခင်၏ဉာဏ်ပညာတော်သည် သူတို့ထက် သာလွန်ကြောင်း သူတို့သိသည်။…
ကျွန်ုပ်တို့၏စစ်မှန်သောခိုလှုံရာမှာ ဘုရားရှင်ဖြစ်သည်
Fred (ဖရက်)၏ဇနီး ကွယ်လွန်ပြီးနောက် သူ၏အပေါင်းအသင်းများနှင့် တနင်္လာနေ့ မနက်စာကို အတူစားသုံးနေသ၍ သူ၏နာကျင်ကြေကွဲမှုကို သူကြံ့ကြံ့ခံနိုင်မည်ဟု သူခံစားရသည်။ အငြိမ်းစား မိတ်ဆွေချင်းတို့က သူ့စိတ်ဝိညာဥ်ကို အားပေးမြှင့်တင်ပေးသည်။ ဝမ်းနည်းမှုများဝင်လာတိုင်း မိတ်ဆွေများနှင့်အတူ ထပ်မံတွေ့ဆုံပျော်မွေ့ရန် ဖရက် တွေးမိသည်။ ဖရက်အတွက် ၎င်းတို့၏တွေ့ဆုံရာ အခန်းထောင့်က စားပွဲသည် သူ၏ဝမ်းနည်းခံစားရမှုမှ လွတ်မြောက်လုံခြုံရာနေရာဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ မိတ်ဆွေအချို့မှာ ဖျားနာကြပြီး အချို့မှာ ကွယ်လွန်သွားကြ၍ ထိုတွေ့ဆုံမှု အဆုံးသတ်သွားသည်။ ထိုဟာကွက်က ဖရက် အား သူငယ်ရွယ်စဥ်က တွေ့ရှိခဲ့သော ဘုရားသခင်ထံတော်မှ နှစ်သိမ့်သက်သာရာကို ရှာဖွေစေခဲ့သည်။ “အခုကျွန်တော် မနက်စာကို တစ်ယောက်တည်း စားတယ်။ ဒါပေမဲ့ ရှင်ယေရှုအတူရှိတယ်ဆိုတဲ့ အမှန်တရားကို စွဲကိုင်ဖို့ ကျွန်တော်သတိရတယ်။ အစာစားပြီးလို့ စားပွဲကထလာတော့ ကျွန်တော့်ရဲ့ ကျန်ရှိနေသေးတဲ့နေ့ရက်တွေကို တစ်ဦးတည်းရင်ဆိုင်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော် သိမှတ်ခဲ့တယ်” ဟု သူပြောသည်။…
ပျော်ပွဲဆင်နွဲ ပွဲခံရန်အချိန်
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ကျွန်ုပ်တို့၏ ယခင်အသင်းတော်သည် ဗတ္တိဇံမင်္ဂလာကို Rivanna (ရီဗာနာ) မြစ်ထဲတွင် ပြုလုပ်ခဲ့သည်။ ထိုနေရာတွင် မကြာခဏ နေသာကာ နွေးထွေးသော်လည်း ရေမှာ အေးစက်လှသည်။ တနင်္ဂနွေနေ့ဝတ်ပြုခြင်း အပြီးတွင် ကားများနှင့် ခရီးသွားယာဥ်တို့ဖြင့် မြို့တော်ပန်းခြံသို့ ကျွန်ုပ်တို့ ခရီးပြုကြသည်။ ပန်းခြံထဲတွင် အနီးအနားရှိလူများသည် လေဝဲ ပလပ်စတစ်ပြားများကို ပစ်လွှတ်ဆော့ကစားကြပြီး ကလေးကစားကွင်းတွင် ကလေးများနှင့်ပြည့်နေ သည်။ ကျွန်ုပ်တို့သည် မြစ်ကမ်းနဘေးသို့ ဖြည်းဖြည်း လမ်းလျှောက်သွားခဲ့သည်။ ရေခဲတစ်မျှအေးစက်သောရေတွင် မတ်တပ်ရပ်လျက် ကျွန်ုပ်သည် ကျမ်းပိုဒ်ကို ဖတ်ရှုကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ ဗတ္တိဇံခံသူများကို ရေနှစ်ခြင်းပေးခဲ့သည်။ အရိုးထဲထိ အေးစိမ့်မှုကို ခံစားရလျက် သူတို့ ရေထဲမှ ထလာသောအခါ ကောင်းချီးဩဘာပေးလျက် လက်ခုပ်တီးသံများ ပေါ်ထွက်လာသည်။ မြစ်ကမ်းပေါ်သို့ သူတို့တက်လာစဥ် မိတ်ဆွေများနှင့် မိသားစုတို့က ဗတ္တိဇံမင်္ဂလာခံယူခဲ့ကြသူများကို ပွေ့ဖက်ကြိုဆိုကာ အားလုံးလည်း စိုရွှဲကုန်ကြသည်။ ကိတ်မုန့်များ၊…
ကောင်းမှုအတွက် တန်ဆာပလာများ
ရာဇဝတ်သားကို ဖမ်းမိပြီးနောက်၊ စုံထောက်က ပြစ်မှုကျူးလွန်သူအား မျက်မြင် သက်သေများစွာရှိနေလျက် မျက်နှာပြောင်တိုက်ပြီး၊ တစ်စုံတစ်ဦးအား အဘယ့်ကြောင့်တိုက်ခိုက်သနည်း ဟုမေးသည်။ သူ၏တုံ့ပြန်မှုအဖြေမှာ ရင်သပ် ရှုမောဖွယ်ဖြစ်သည်။ “သူတို့ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ လူတွေ ဘယ် တော့မှ မလုပ်ကြဘူး။” ထိုမှတ်ချက်သည် “အပြစ်ရှိသောအသိတရား”ကို သရုပ်ဖော်နေသည်။ ပြစ်မှုကျူးလွန်သည်ကိုသိသော်လည်း လျစ်လျူရန်ရွေးချယ်ခြင်းဖြစ်သည်။
အလားတူ အပြစ်ရှိသောအသိတရားမျိုးကို တမန်တော်ရှင်ယာကုပ်က “ထို့ကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” ဟုမိန့်ကြားထားသည် (ယာ ၄:၁၇)။
ကိုယ်တော်၏ ကြီးမြတ်သောကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဤကမ္ဘာလောကတွင် ကောင်းသောကိုယ်စားလှယ်များဖြစ်ရန် ကျွန်ုပ်တို့ကို ဘုရားသခင် ပုံဖော်ထားသည်။ ဧဖက်သြဝါဒစာ ၂:၁၀ တွင် “အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို…
အနိုင်ဂိုး
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တူရကီနိုင်ငံတွင် ကျင်းပသော ဘောလုံးပွဲ၌ Christian Atsu (ခရစ္စတန်အာစူ)သည် သူ၏အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကျော်ကြားသူ ဘောလုံးအားကစားသမားသည် ကလေးအရွယ်ကပင် သူ၏မိခင်နိုင်ငံ ဂါနာနိုင်ငံတွင် ခြေဗလာဖြင့် ဘောလုံးကန် လေ့ကျင့်ခဲ့သည်။ ခရစ္စတန်သည် သခင်ခရစ်တော်ကို ယုံကြည်သူဖြစ်သည်။ “သခင်ယေရှုက ကျွန်တော့်ဘဝဖြစ်ပျက်သမျှမှာ အကောင်းဆုံးအရာပဲ” ဟု သူပြောသည်။ ခရစ္စတန် သည် ဆိုရှယ်မီဒီယာပေါ်တွင် သမ္မာကျမ်းချက်များကို တင်သည်၊ သူ၏ယုံကြည်ခြင်း အကြောင်းကို ထုတ်ဖော်ပြောကြားကာ မိဘမဲ့ကလေးများအတွက် ကျောင်းတစ်ကျောင်းတွင် ငွေကြေးထောက်မခြင်းအားဖြင့် ယုံကြည်ခြင်းကို လက်တွေ့ဖော်ဆောင်ခဲ့သည်။
သူအနိုင်ဂိုးသွင်းပြီးနောက်တစ်နေ့တွင် တစ်ချိန်က သမ္မာကျမ်းစာ၌ အန္တိအုတ် မြို့ဟုခေါ်သည့် Antakya (အန်ထာ့ခ်ယာ)မြို့တွင် ယူကျုံးမရဖွယ် မြေငလျင်လှုပ်ခဲ့သည်။ ခရစ္စတန်အာစူ နေသော တိုက်ခန်းအဆောက်အအုံ ပြိုကျခဲ့ပြီး သူသည် သူ၏ကယ်တင်ရှင်ထံသို့ ဘုန်းတော်ဝင်စားသွားခဲ့သည်။
လွန်ခဲ့သောနှစ်နှစ်ထောင်က အန္တိအုတ်မြို့သည် ကနဦးအသင်းတော်၏…
စကားလုံးများအတွက် တာဝန်ယူမှု
ဖြစ်ရပ်ဆိုးတစ်ခုအပြီးတွင် ပညာရေးအဖွဲ့အစည်းများထံမှ ၎င်းတို့အပြစ်ရှိကြောင်း ဝန်ခံမှုကို မကြားရသလောက် ဖြစ်သည်။ သို့သော် အသက် (၁၇) နှစ်အရွယ် ကျောင်းသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက် တစ်နှစ်အကြာတွင် ဂုဏ်သိက္ခာရှိသော ကျောင်းတစ်ကျောင်းက ထိုကျောင်းသားအား ကာကွယ်ရန် “ဆိုးယုတ်စွာ တာဝန်ပျက်ကွက်ခဲ့ကြောင်း” ဝန်ခံခဲ့သည်။ ထိုကျောင်းသားသည် အဆက်မပြတ်အနိုင်ကျင့်ခံခဲ့ရပြီး၊ တာဝန်ရှိသူများက ထိုအနိုင်ကျင့်မှုများကို သိသော်လည်း သူ့ကို အနည်းငယ်မျှသာ ကာကွယ်ပေးခဲ့သည်။ ယခုတွင် ထိုကျောင်းသည် အနိုင်ကျင့်ခံရမှုများကို တိုက်ဖျက်ရန်နှင့် ကျောင်းသားများ၏စိတ်ကျန်းမာရေးအတွက် အရေးပါသောအရာများကို ဆက်ကပ်လုပ်ဆောင်နေပြီဖြစ်သည်။
အနိုင်ကျင့်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုသည် စကားလုံးများ၏အစွမ်းထက်မှုကို ဖော်ပြနေသည့် သိသာသောဥပမာတစ်ခုဖြစ်သည်။ သုတ္တံကျမ်းတွင် “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ”သောကြောင့် (၁၈:၂၁) စကားလုံးများ၏အကျိုးသက်ရောက်မှုကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် သဘောမထားရန် သွန်သင်ထားသည်။ ကျွန်ုပ်တို့ပြောသောစကားသည် တစ်ပါးသူကို မြှင့်တင်ပေးနိုင်သလို ဖျက်ဆီးစေနိုင်သည်။ အဆိုးဆုံးမှာ၊ ရက်စက်ကြမ်းကြုတ်သော စကားလုံးများသည်…
ကောင်းချီးဖြစ်စေသော ကျိုးပဲ့ကြေကွဲမှုများ
သူ့နောက်ကျောက ကွေးနေပြီး တုတ်ကောက်နှင့် လမ်းလျှောက်နေရသော်လည်း နှစ်ပေါင်းများစွာ ဝိညာဉ်ရေးရာသိုးတော်စုကို ထိန်းကျောင်းပြုစုမှုက သူသည် သူ၏ခွန်အားအရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို ကိုးစားအမှီပြုသည့် သက်သေ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် Reverend William Barber II (ဒုတိယမြောက် ဆရာတော် ဝီလျံဘားဘာ) သည် ကျောရိုးပူးပြီး ချိနဲ့သွားစေသော ပြင်းထန်ရောဂါတစ်မျိုးကို ခံစားရပြီး ဆေးကုသမှုခံခဲ့ရသည်။ “ဘားဘာ၊ ဘုရားကျောင်းမှာ မသန်စွမ်းသူတစ်ယောက်က သင်းအုပ်ဆရာလုပ်မှာကို လူတွေလိုချင်မှာ မဟုတ်တဲ့အတွက် သင်းအုပ်အလုပ်အပြင် တခြားလုပ်စရာကိုလုပ်ဖို့ တွေးထားဖို့ လိုမယ်ထင်တယ်” ဟု သူ့အား မညှာမတာ ပြောကြားမှုများရှိခဲ့သည်။ သို့သော် ဘားဘာ က ထိုနာကျင်စရာသုံးသပ်ချက်ကို အောင်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို သင်းအုပ်ဆရာအဖြစ် အသုံးပြုရုံသာမကဘဲ အားနည်းသူများနှင့် အငယ်ဆုံးသောသူများအတွက် ရပ်တည်ပြောဆိုပေးသူ၊ အားကိုးလေးစားထိုက်သူ ဖြစ်ခဲ့သည်။
မသန်စွမ်းသူများနှင့် မည်သို့ ဆီလျော်စွာ လုပ်ကိုင်ရမည်ကို လောကကြီးမှ…