အမျိုးအစား  |  odb

အချိုရည်ဗူးခွံအလွတ်

မူကြိုအရွယ် ကလေးမိခင်များအတွက် အမှုတော်လုပ်ငန်းကို ကျွန်မဦးဆောင်ခဲ့စဉ်တွင်၊ မိခင်များ ရင်ဆိုင်ရသော အဆုံးမရှိသည့် တာဝန်များကိုဖော်ပြရန် ကလေးသေးခံလဲပေးခြင်း၊ နှာခေါင်းသုတ်ပေးခြင်း၊ အရုပ်များကောက်သိမ်းခြင်း စသည်ဖြင့် တင်စားချက်ပုံရိပ်များကို ရှာဖွေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ မျက်စိရှေ့ရှိ သောက်ပြီးသား ပိန်ရှုံ့နေသည့်အချိုရည်ဗူးခွံအလွတ်ကို တွေ့ခဲ့သည်။ မိခင်များသည် ပိန်ရှုံ့နေသည့် ဤဗူးခွံအလွတ်များကဲ့သို့ ခံစားနေကောင်းခံစားရနိုင်သည်။ ထိုအမှုတော်လုပ်ငန်းသည် မိခင်များအား သူတို့ကို ပြည့်ဝစေသူ -အသက်ရှင်သော ရေအရင်းအမြစ်ဖြစ်သည့် ယေရှုထံသို့ ပို့ဆောင်ပေးခဲ့သည်။

ယောဟန် ၇ တွင်၊ ဣသရေလလူမျိုးများအား တောကန္တာရတွင် ဘုရား သခင်၏ပို့ဆောင်မှုကို အောက်မေ့သော သကေနေပွဲသို့ သခင်ယေရှုသွားခဲ့သည် (:၁၀)။ ထိုပွဲတွင် ရေသွန်းခြင်းအခမ်းအနားပါဝင်ပြီး၊ အစိုဓာတ်သာလျှင် သီးပွင့်စေနိုင်ကြောင်းနှင့် မေရှိယဆောင်ကြဉ်းလာမည့် ဝိညာဉ်ရေးရာရေ၏ နိမိတ်အရိပ်ကို ဖော်ပြသည်။ သခင်ယေရှုသည် ထိုပွဲတော်၏စောင့်စား မျှော်လင့်ချက်ကို ပြည့်စုံစေသည်—“ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း…

ဘုရားသခင်ထံမှ ဝမ်းမြောက်ခြင်းနှင့် ခွန်အား

ပလတ်စတစ်ဗူးဟောင်းများကို ငှက်မွေးပုံ၊ မီးစလောင်းပုံစံများနှင့်ဆင်ဆင် ဖြတ်ညှပ်ကာ ခင်းကျင်းပြသထားသည့် အရောင်အသွေးစုံလင်လှသည့်အနုပညာ လက်ရာများကြားတွင်၊ နယူးအော်လင်းပြတိုက်မှ ဧည့်လမ်းညွှန်တစ်ဦးက ထိုပစ္စည်းများကို အသုံးပြုရသည့်အကြောင်းရင်းနှင့်စပ်လျဥ်း၍ “အခက်အခဲများစွာ ကြုံခဲ့ရတဲ့ မြို့တစ်မြို့အနေနှင့်၊ ကိုယ့်မှာရှိတဲ့အရာလေးတွေကို သုံးပြီး၊ ပျော်ရွှင်မှုနဲ့ အလှတရားကို ကျွန်တော်တို့ ဖန်တီးတတ်လာတယ်။ ခက်ခဲတဲ့အချိန်တွေကိုပဲ အာရုံစိုက်မနေဘဲ၊ ခံနိုင်ရည်ခွန်အားရှိခြင်းအတွက် ကျွန်ုပ်တို့ အောင်ပွဲခံကြတယ်”ဟု ရှင်းပြသည်။

နေဟမိနှင့် ဣသရေလလူမျိုးတို့လည်း အခက်အခဲများနှင့် ကြုံခဲ့ရသော်လည်း၊ ဘုရားသခင်ပေးသော ဝမ်းမြောက်ခြင်းဖြင့် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်ခဲ့ကြသည်။ သူတို့သည် ၎င်းတို့၏ပြည်မှ အခြားပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး၊ နောက်ဆုံးတွင် ယေရုရှလင်သို့ ပြန်လာနိုင်ခဲ့သည် (နေ ၄:၇-၁၂)။ သို့သော် ပြန်ရောက်ပြီးနောက်၊ ယေရုရှလင်မြို့၏အကာအကွယ်မြို့ရိုးကို ပြန်တည်ဆောက်ရာတွင် ဟန့်တားဆန့်ကျင်မှုများနှင့် ကြုံခဲ့ရသည် (နေ ၆)။ မြို့ရိုးပြီးစီးပြီး၊ဘုရားသခင်၏တရားတော်စကားကို ကြားနာရန် စုဝေးကြ သောအခါ၊ သူတို့၏စိတ်နှလုံးများ ညှိုးငယ်လေးလံလျက် “လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ…

ကျေးဇူးတင်တတ်သောစိတ်ကို ပြုစုလေ့ကျင့်ခြင်း

“ဖေဖေ၊ ရေတစ်ခွက်လောက် ပေးပါလား”ဟု သမီးထွေးက ပြောရာ၊ “ရတာပေါ့”ဟု ပြောပြီး ကျွန်ုပ်ရေအပြည့်တစ်ခွက် ခပ်ပေးခဲ့သည်။ သူမက ဘာမှပြန်မပြောပါ။ ထို့နောက် အကြီးဆုံးသမီးကလည်း ထိုအတိုင်းတောင်းဆိုပြန်သဖြင့် ရေယူပေးသော်လည်း သူမကလည်း ဘာမှ မတုံ့ပြန်ခဲ့ပါ။ စိတ်အလိုမကျဖြစ်ကာ “ကျေးဇူးတင်တယ်လို့ တစ်ယောက်မှ မပြောကြဘူးလား။ ဒါလေးပြောဖို့ကို ဘာလို့အရမ်းခက်ခဲနေတာလဲ”ဟု လွှတ်ကနဲ ကျွန်ုပ်ပြောလိုက်သည်။

တစ်ခါတစ်ရံတွင် မိဘများ၏စိတ်အလိုမကျဖြစ်ချိန်သည် ကျွန်ုပ်တို့ကိုဘုရားသခင်သွန်သင်ရန်အချိန်ဖြစ်ပြီး၊ ထိုထက်ပိုကောင်းသည့်အချိန် မရှိပြီ။ ရုတ်ခြည်းပင် “ဟုတ်တယ် အာဒံ။ ကျေးဇူးတင်တယ်ပြောဖို့ ဘာလို့ဒီလောက် ခက်ခဲနေတာလဲ”ဟူ၍ သန့်ရှင်းသောဝိညာဥ်တော်၏ နူးညံ့သောတို့ထိမှုကို ကျွန်ုပ်ခံစားလိုက်ရသည်။ ကျေးဇူးတင်မှုကို ဖော်ပြမှုမရှိခြင်းသည် ကျွန်ုပ်ကလေးများ၏ပြဿနာသာမက ကျွန်ုပ်၏ပြဿနာလည်း ဖြစ်သည်။

ကျေးဇူးတင်ကြောင်းပြောရန် အဘယ့်ကြောင့် အလွန်ခက်သည်ကို ကျွန်ုပ် မသိပါ။ သို့သော် ကျေးဇူးမတင်တတ်ခြင်းသည် လူသားတို့၏အခြေအနေ တစ်စိတ်တစ်ပိုင်းဖြစ်ပုံရသည်။ ဆာလံကျမ်း၌ တိုး၍ကျေးဇူးတင်တတ်ရန် သင်ပေးသည့် စံနမူနာကို တွေ့ရပြီး၊ ဒါဝိဒ်နှင့်…

သခင်ယေရှုကို ညွှန်ပြခြင်း

နယူးယောက်မြို့လမ်းမပေါ်တွင် အသက်ရွယ်ကြီးရင့်သူတစ်ဦးသည် အားကစားလုပ်ရင်းပြေးနေစဉ်၊ အိမ်ခြေမဲ့တစ်ဦး၏အကူအညီတောင်းသည့် စာရေးထားသည့် ကတ်ပြားအနီးတွင် စုတ်ပြဲနေသော အားကစားဖိနပ်တစ်ရံကို သတိပြုမိသဖြင့် ရပ်လိုက်သည်။ သူသည် သူနှင့် အိမ်ခြေမဲ့သူ၏ဖိနပ်ဆိုဒ်တူကြောင်း တွေ့သောအခါ၊ သူ့ထက် အသက်ငယ်သော ထိုသူအား “ငါ့ဘဝတစ်လျှောက်လုံး ဘုရားသခင်က ငါ့အပေါ် အလွန်ကောင်းခဲ့ပြီး ကောင်းချီးများပေးခဲ့တယ်။ ဒါကြောင့် မင်းဆီကို ကောင်းချီး ပြန်လည်စီးဆင်းစေချင်ပါတယ်” ဟု အရင်ရှင်းပြ ပြီးမှ သူ၏ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပေးလိုက်ကာ ခြေဗလာနှင့် အိမ်သို့လမ်းလျှောက်ပြန်ခဲ့သည်။

ဤသူသည် ဘုရားသခင်က သူ့ကို ကောင်းစွာစောင့်ရှောက်ခဲ့သည့်အတွက် အခြားသူကို ကြင်နာမှုပြသခဲ့သကဲ့သို့၊ သခင်ယေရှုကို ယုံကြည်သူများအားလည်း “သနားစုံမက်ခြင်း...တို့ကို ယူတင်ဝတ်ဆောင်ကြ”ရန် (ကော၃:၁၂) ဘုရားသခင်စေစားသည်။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်၊ ပြောဆိုသည်ဖြစ်စေ၊ “သခင်ယေရှု၏ နာမတော်ကိုထောက်၍” (:၁၇) လုပ်ဆောင်သင့်သည်။ သနားစုံမက်ခြင်းနှင့်အတူ “ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း”(:၁၂) စသည်တို့ကိုလည်း…

မေ့မရနိုင်သောသင်ခန်းစာများ

“အိမ်ခေါင်မိုးသင်းအုပ်ဆရာ”ဟု လူသိထင်ရှားသည့် ကော်ရေးဘရွတ်စ်(Corey Brooks)သည် ရပ်ရွာပြောင်းလဲမှုကို လှုံ့ဆော်ရန် ချီကာဂိုမြို့တောင်ပိုင်းရှိ သူ၏ ဘုရားကျောင်း ခေါင်မိုးပေါ်တွင် ၃၄၃ ရက် နေထိုင်ခဲ့သည်။ သူသည် သူ့အတွက် မမေ့နိုင်သော သင်ခန်းစာ ၄ ခုဖြစ်သည့် ဇွဲလုံ့လရှိခြင်း၏အစွမ်း၊ သမ္မာသတိရှိခြင်း၏အရေးပါမှု၊ ရပ်ရွာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရေး၏တန်ဖိုးနှင့် ပညာရေး၏ အကျိုးသက်ရောက်မှုတို့ကို သင်ပေးခဲ့သည့်သူ၏မူလတန်းဆရာမဂျိုးစတုတ်စ်(Joe Stokes)အား ဂုဏ်ပြုကျေးဇူးတင်သည့် ပို့စ်ကို အွန်လိုင်းတွင် တင်ခဲ့သည်။

သုတ္တံကျမ်း ၃ မှ ရှောလမုန်၏ဉာဏ်ပညာကို ကိုင်စွဲခြင်းဖြင့်၊ လူမှုအသိုင်း အဝိုင်းအပေါ် အကျိုးသက်ရောက်မှုရှိသောနည်းလမ်းများဖြင့် ကျွန်ုပ်တို့ ကြိုးစားအသက်ရှင်နိုင်ပါသည်။ ဘုရားသခင်ကို ယုံကြည်ပြီး အပြုသဘော တွန်းအားပေးသူများဖြစ်ရန် စေစားခံရသူတို့အတွက် ရှောလမုန်က “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားရန်”(:၅)၊ “ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်ရန်”(:၇)၊ “ကိုယ်ဥစ္စာကို ထာဝရဘုရားအားပူဇော်ရန်”(:၉)၊ “ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေရန်”(:၁၁)စသည့် သင်ခန်းစာ ၄ ခုကို…

အသင်းတော်ဖြစ်နေခြင်း

နေသာသောနေ့လည်ခင်းတစ်ခုတွင် လျှောက်လမ်းပေါ်၌ အိမ်နီးချင်းဆူဒန်မိသားစုနှင့်အတူ ရောင်စုံမြေဖြူခဲများဖြင့် ကျွန်မတို့ ပုံရေးဆွဲခဲ့ကြသည်။ သူတို့အိမ်၏ဘေးအိမ်၌ လူတစ်စုသည် ဝတ်ပြုကိုးကွယ်နေကြရာ ထိုအိမ်မှသီချင်းဆိုသံများကို ကျွန်မတို့ကြားရသည်။ ကျွန်မနှင့်စကားပြောနေသည့် မိခင်မှာ သိချင်စိတ်ကြောင့် သူနှင့်ကျွန်မ ထိုအိမ်နားသို့လျှောက်သွားပြီး နားထောင်သဖြင့် ဝတ်ပြုသူများက ကျွန်မတို့ကို ခေါ်ဖိတ်ခဲ့သည်။ နှစ်ခြင်းခံရန် ရေဖြည့်ထားသည့်ကန်ထဲတွင် ရပ်နေသည့်လူငယ်က သူ့အပြစ်များအတွက် ခွင့်လွှတ်ခြင်းခံယူပြီး ယေရှုရှင်နောက်သို့ လိုက်ရန် မိမိကိုယ်ကိုအပ်နှံကြောင်း ပြောခဲ့သည်။

ဘေးအိမ်ခြံဝင်းအတွင်း၌ပင် ကယ်တင်ခြင်းသက်သေခံချက်ကို ကြားရခြင်းက ကျွန်မတို့အတွက် ထူးမြတ်သောအခွင့်အရေးဖြစ်သည်။ ဤအဖွဲ့သည် ကျွန်မတို့ရပ်ကွက်၌ရှိသည့် အသင်းတော်ပင်ဖြစ်သည်။

သခင်ယေရှုသည် ကမ္ဘာတစ်ဝန်းတွင် သူ၏အသင်းတော်ကို တည်ဆောက်နေပါသည်။ သခင်ယေရှုပြန်လည်မတက်ကြွမီနေ့ရက်များတွင် သူ့နောက်တော် လိုက်များအား သူတို့အထဲ၌ ကျိန်းဝပ်မည့်သန့်ရှင်းသောဝိညာဉ်ကို စေလွှတ်တော်မူမည်၊ သူတို့သည် “မြေကြီးစွန်းတိုင်အောင်” သူ၏သက်သေဖြစ်မည့်အကြောင်း သခင်မိန့်ကြားခဲ့သည်(တ ၁:၈)။ ဝိညာဉ်တန်ခိုးဖြင့် သူတို့ဟောပြောသွန်သင်မှုများအားဖြင့် သခင်သည် သူ၏အသင်းတော်ကို တည်ဆောက်မည်ဖြစ်သည်။ ထိုခဏခြင်းတွင် ဘုရားသခင်သည် “ကယ်တင်ခြင်းခံရသောသူတို့ကို…

စေတနာစိတ်ဖြင့် ဧည့်ဝတ်ကျေပွန်ခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က နိုင်ငံရေးအပြောင်းအလဲကြောင့် ထွက်ပြေးလာ သည့် ဒုက္ခသည်များကို ကျွန်ုပ်တို့၏ဘုရားကျောင်းက လက်ခံခဲ့သည်။ မိသားစု များသည် အိတ်ငယ်လေး၌ ဆန့်သလောက်သာ ပစ္စည်းများသယ်လာခဲ့ရသည်။ အသင်းတော်မှ မိသားစုများတွင် အချို့က အခန်းကျဥ်းသာ ရှိသော်လည်း
၎င်းတို့၏ အိမ်များတွင် လက်ခံကာ နေရာထိုင်ခင်းပေးခဲ့သည်။

ထိုကဲ့သို့ပျူငှာသောဧည့်ဝတ်ပြုခြင်းသည် ကတိတော်ထားရာပြည်သို့ မဝင်ရောက်မီ ဣသရေလလူမျိုးများအား မိန့်မှာခဲ့သည့် ဘုရားသခင်၏ ပညတ်တော်ကို ထင်ဟပ်စေသည်။ စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်၍ သီးနှံရိတ်သိမ်းခြင်း၏အရေးပါမှုကို သူတို့နားလည်ကြသည်။ နောင်နှစ်သီးနှံ မပေါ်မီအထိ အသက်ဆက်ရန် မရှိမဖြစ် အစားအစာများ လိုအပ်နေမည်ပင်။ သို့သော် ရိတ်သိမ်းချိန်အတွင်း ကျန်ခဲ့သည့်ကောက်နှံများကို ပြန်၍မရိတ်သိမ်းရန် “တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ချန်ထားခဲ့ရမည်”(တရား ၂၄:၁၉)ဟု ဣသရေလလူမျိုးများကို ဘုရားရှင်မိန့်မှာခဲ့သည်။ သူတို့တွင် လုံလောက်စွာရှိပြီဟု သိပြီးမှပေးကမ်းခြင်းမျိုး မဟုတ်ဘဲ “သင်ပြုလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်”ဟူသော ဘုရား၏ထောက်ပံ့မှုအပေါ် ယုံကြည်စိတ်ချလျက် ရက်ရောစွာ…

သင့်စိတ်နှလုံး၌ ရှိသည့်အတိုင်း ဆုတောင်းပါ

ဘရန်ဒါ နှင့် အက်ဒီတို့ ကားပေါ်ရောက်သော်၊ သူတို့၏ကြာသပတေးနေ့ ညနေခင်းထုံးစံကို စလိုက်ကြသည်။ “မင်းဘယ်မှာ စားချင်လဲ”ဟု အက်ဒီမေးရာ၊ “အိုး ကိစ္စမရှိဘူး။ ဘယ်နေရာဖြစ်ဖြစ် ငါအဆင်ပြေတယ်”ဟု ဘရန်ဒါက ပြန်ဖြေသည်။ ယခင်က ဤနေရာသို့ အက်ဒီ ရောက်ဖူးသဖြင့် “ကောင်းပြီ။ The Windmill (လေရဟတ်)ဆိုင်ဆိုရင်ရော ဘယ်လိုလဲ”ဟု ထပ်မေးရာ၊ ဘရန်ဒါမှာ ဆတ်ခနဲ ဖြစ်သွားပြီး၊ “မဟုတ်ဘူး။ အဲ့နေရာကလွဲပြီး ဘယ်နေရာဖြစ်ဖြစ်ရတယ်”ဟု ပြောသဖြင့် အက်ဒီသက်ပြင်းချမိသည်။ “ကဲ၊ ဒါဆိုဘယ်သွားချင်လဲ”ဟုမေးရာ၊ ဘရန်ဒါက “တကယ်ပါဆို၊ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်”ဟု ထပ်မံပြောဆိုပြန်သည်။

ဟာသကားများကဲ့သို့ပင် ထိုအခိုက်အတန့်က မည်မျှစိတ်ကသိကအောင့် ဖြစ်ရသည်ကို သိနေသောကြောင့် ကြည့်ရုံနှင့်ပင် ရယ်စရာကောင်းနေသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်တာ၌လည်း ထိုသို့ဖြစ်နိုင် သည်။ ကျွန်ုပ်တို့သည် ဇဝေဇဝါဖြစ်တတ်လွန်းကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဒံယေလအနာဂတ္တိကျမ်း ၉ ပါဆုတောင်းချက်တွင် သူအလိုရှိရာကို ဒံယေလ ရဲဝင့်စွာ ပြောဆိုကြောင်း…

ကျွန်ုပ်ကို ဘုရားသခင် တွေ့သည်

ခင်ပွန်းဖြစ်သူ လေဖြတ်သွားပြီးနောက် ဆန်(Sun)၏ဘဝသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။ ခင်ပွန်း၏နေ့စဉ်ဝေယျာဝစ္စများကို ကူညီပေးရပြီး၊သူ၏ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုများနှင့်လည်း အသားကျအောင် ရင်ဆိုင်နေထိုင်ခဲ့ရသည်။ ၁၇ နှစ်တိုင် ခင်ပွန်းသည်အား သစ္စာရှိရှိပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် ခင်ပွန်းသည် ချော်လဲခြင်းကြောင့် သူ၏ကျန်းမာရေး ပိုဆိုးလာသည့်အခါ၊ ပြုစုစောင့်ရှောက်ရခြင်းသည် သူမအတွက် အလွန်လေးသောဝန်ဖြစ်လာခဲ့ပြီး စိတ်ကျဝေဒနာကို ခံစားခဲ့ရသည်။ “ကျွန်မရဲ့ယုံကြည်ခြင်းတွေ ပျောက်ကုန်ပြီလို့ ခံစားခဲ့ရပြီး ဘုရားကို မမြင်နိုင်ခဲ့ဘူး”ဟု သူမဝန်ခံခဲ့သည်။

သို့သော် ပြန်ပြောင်းကြည့်လျှင် ဘုရားသခင်သည် သူမကို တွေ့မြင်ခဲ့ကြောင်း ယခု ဆန် ယုံကြည်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခင်ပွန်းဖြစ်သူ၏နာတာရှည်ရောဂါအတွက် အိမ်တွင်းဆေးဘက်ဆိုင်ရာပြုစုစောင့်ရှောက်မှုနှင့် သူနာပြုအကူတို့ကို ပြင်ဆင်ပေးကာ၊ ခင်ပွန်းသည်ကို ပြုစုနေရသည့် ဆန်၏စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများအတွက်လည်း ဆန်ကို ပံ့ပိုးပေးရန် လူမှုဝန်ထမ်းများကို စေလွှတ်ပေးခဲ့သည်။

ဟာဂရ၏ဇာတ်လမ်းတွင် ဘုရားသခင်သည် မြင်သောဘုရားသခင်အဖြစ် ကိုယ်ထင်ရှားခဲ့သည်။ ကမ္ဘာဦးကျမ်း ၁၆ တွင် သခင်မ၏ညှဉ်းပန်းမှုကြောင့် ကျွန်မ…

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

အင်္ဂါနေ့ဖြစ်၍ အားကစားရုံတွင် လမ်းကြောင်းအတိုင်း ပတ်လျှောက်နေသူများသည် လက်ယာရစ်အတိုင်းလျှောက်ရန် ဖြစ်သည်။ ကျွန်တော့်ဇနီးပါဝင်သော ပထမအသုတ်က လက်ယာရစ်အတိုင်း လျှောက်ကြသည်။ ထို့နောက် အခြားသူတစ်ဦးက လက်ဝဲရစ်လမ်းကြောင်းကို လျှောက်သည်။ သူမ၏သူငယ်ချင်းအချို့က သူနှင့်အတူလိုက်လျှောက်ပြီး၊ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူမနောက်ကို လိုက်သဖြင့် ရုတ်တရက်လမ်းကြောင်းမှာ ပရမ်းပတာဖြစ်သွားပြီး၊ ပုံမှန်ပြန်ဖြစ်ရန် မိနစ်အနည်းငယ်ကြာခဲ့သည်။

လမ်းကြောင်းမှားအတိုင်း လျှောက်သူများသည် ထိခိုက်နစ်နာစေလိုသောဆန္ဒမရှိသော်လည်း ၎င်းတို့၏လွှမ်းမိုးနိုင်စွမ်းကို မတွေးဘဲ မနေနိုင်တော့ပါ။ လမ်းမှားသို့ ဦးတည်သွားနေသူက လူတစ်ဦးမက လူတစ်ဦးပြီးတစ်ဦးကို ဦးဆောင် သွားသည်။ ၎င်းသည် သုတ္တံ ၁၃:၂၀ မှ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသောဖော်ပြချက်နှင့် ခပ်ဆင်ဆင်ဖြစ်သည်။ လမ်းမှားလျှောက်နေသူနောက် လိုက်ခြင်းသည် ပြဿနာသို့ ဦးတည်နေသည်။

ဂလာတိသြဝါဒစာ ၅ တွင် ပေါလုက ထိုသို့သောအမှားသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးတိုးတက်မှုကို မည်သို့ရပ်တန့်စေနိုင်ကြောင်း ရှင်းပြထားသည်။ “အထက်က…