မုရန်၏အဓိပ္ပာယ်
ယနေ့သည် “We Three Kings of Orient Are” (ကျွန်ုပ်တို့ အရှေ့ဖျားမှဘုရင်သုံးပါး) တေးသီချင်း၌စပ်ဆိုထားသော သူငယ်တော်ယေရှုထံ ပညာရှိများ လာရောက်ခြင်းကို ဂုဏ်ပြုသည့် ‘Epiphany’ ‘ဧဖိဖနေ’နေ့ဖြစ်သည်။ ထိုပညာရှိတို့သည် ဘုရင်များမဟုတ်၊ အရှေ့ဖျားမှလာကြခြင်းလည်း မဟုတ်သလို ထိုသူတို့သည်
သုံးဦးတည်း ဟုတ်ချင်မှလည်း ဟုတ်မည်။
သို့သော် လက်ဆောင် သုံးမျိုးပါလာကြပြီး၊ သီချင်းထဲတွင် လက်ဆောင်တစ်ခုချင်းစီအကြောင်း စပ်ဆိုထားသည်။ ဗက်လင်မြို့သို့ မာဂုပညာရှိများ ရောက်လာသောအခါ “မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏” (မ ၂:၁၁)။ လက်ဆောင်များသည် သခင်ယေရှု၏လုပ်ဆောင်ရမည့် သာသနာလုပ်ငန်းစဉ်များကို ကိုယ်စားပြုသည်။ ရွှေသည် ဘုရင်အဖြစ် သူ၏အခန်းကဏ္ဍကို ကိုယ်စားပြုသည်။ သန့်ရှင်းရာဌာန၌ မီးရှို့သော နံ့သာပေါင်းနှင့် ရောနှောထားသော လောဗန်သည် သူ၏ဘုရားဖြစ်ခြင်းကို ဖော်ပြနေသည်။ လူသေအလောင်းကို…
လမ်းဆုံလမ်းခွ၌ရှိသော ဘုရားသခင်
ရက်အတန်ကြာဖျားနာပြီးနောက် ကိုယ်ပူချိန်တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ကျွန်မ၏ ခင်ပွန်းသည် အရေးပေါ်ကုသပြုစုမှုခံရန် လိုအပ်လာသည်။ ဆေးရုံကလည်း သူ့ကို ချက်ချင်းဆေးရုံတက်ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် တိုးတက်မှုရှိလာသော်လည်း ဆေးရုံမှဆင်းနိုင်သည့်အခြေအနေတော့ မရှိသေးပါ။ ခင်ပွန်းနှင့်အတူ ရှိနေပေးရမည်လား (သို့) လူများစွာနှင့် လုပ်ဆောင်ရမည့် စီမံချက်များစွာပါဝင်သည့် အရေးကြီးအလုပ်နှင့် ခရီးထွက်ရမည်လားဟု ရွေးချယ်ရန် ကျွန်မအခက်တွေ့ခဲ့ရပါသည်။ ကျွန်မ၏ခင်ပွန်းကတော့ သူနေကောင်းသွားမှာပါဟု အခိုင်အမာပြောပြီး အလုပ်ကို သွားလုပ်ရန်သာပြောသော်လည်း သူနှင့်အလုပ်ကြားတွင် ကျွန်မဗျာများစိတ်ပူပန်ခဲ့ရပါသည်။
ဘုရားလူများသည်လည်း ဘဝအတွက်ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ကိုယ်တော်၏အကူအညီလိုအပ်ပါသည်။ သို့သော် ဘုရားသခင် ဖော်ပြညွန်ကြားချက်များကို လူတို့စိတ်မစွဲ၊ မလိုက်နာခြင်းက ဆိုးလှသည်။ ထို့ကြောင့် သခင်၏ပညတ်တော်များကို လိုက်နာခြင်းအားဖြင့် “အသက်”ကို ရွေးချယ်ရန် မောရှေက လူတို့အား မေတ္တာရပ်ခံခဲ့သည် (တရား ၃၀:၁၉)။ နောက်ပိုင်းတွင် ထိန်းကြောင်းရန်ခက်ခဲသော ဘုရားသခင်၏လူတို့အား ကိုယ်တော်၏လမ်း၌ လျှောက်လှမ်း လိုက်နာရန် ပရောဖက် ယေရမိက တိုက်တွန်းသွေးဆောင်ခဲ့သည်။ “လမ်းနားမှာ…
ခရစ်တော်၌ ငြိမ်သက်စွာယုံကြည်ခြင်း
သူ့ကို ပထမတော့ ကျွန်တော်သတိမထားမိပါ။ ကျွန်တော်တည်းခိုသောဟိုတယ်တွင် နံနက်စာစားရန်အောက်ထပ်သို့ဆင်းလာလျှင် စားသောက်ခန်းထဲတွင် အရာရာတိုင်းသည် သန့်ပြန့်လျက်ရှိပါသည်။ ဘူဖေးပြင်ဆင်ထားသောစားပွဲ၌ အစားအသောက်များအပြည့်ရှိသည်။ ရေခဲသေတ္တာထဲ၌လည်း အစားအသောက်များအပြည့်နှင့် မီးဖိုချောင်ပစ္စည်းများကို သပ်ရပ်စွာ သိမ်းဆည်းထားသည်။ အရာရာတိုင်း စနစ်တကျရှိနေသည်။
ထို့နောက်မှ ကျွန်တော်သူ့ကိုမြင်သည်။ မာန်မာနမရှိဘဲ၊ နှိမ့်ချလျက် လိုအပ်သည်များကို ဖြည့်ပေး၊ သန့်ရှင်းပေးသည်။ သူ့ကို သတိထားမိအောင် လုပ်နေခြင်းလည်း မဟုတ်ပါ။ သူ့ကို အချိန်ကြာကြာ စောင့်ကြည့်မိလေ ကျွန်တော်ပို၍အံ့သြမိသည်။ သူက သွက်လက်စွာ အလုပ်လုပ်သည်။ မျက်စိလျင်ပြီး အခြားသူများ လိုမှမဟုတ်ဘဲ လျော့သွားသောအစားအစာကို လျှင်မြန်စွာပြန်လည် ဖြည့်တင်းပေးသည်။ ကျွန်တော်ကိုယ်၌က အစားအသောက်ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့်အတွက် သူ၏အာရုံ မလစ်ဟင်းစေဘဲ အသေးစိတ် စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်းကို သတိထားမိသည်။ သူ့ကို လူအနည်းငယ်သာ သတိပြုချင်ပြုမိမည်ဖြစ်သော်လည်း သူသည် သစ္စာရှိရှိ လုပ်ကိုင်နေခြင်းကြောင့် အရာရာ ကောင်းမွန်ပြည့်စုံနေသည်။
ထိုသူ၏ စေ့စေ့စပ်စပ် အလုပ်လုပ်တတ်မှုကိုကြည့်ပြီး…
မျှော်လင့်ခြင်းကို လိုက်လံရှာဖွေခြင်း
အဏ္ဏဝါဗေဒပညာရှင် Sylvia Earle (စေးလ်ဗီယာ အာလ်)သည် သန္တာကျောက်တန်းများ ပျက်စီးယိုယွင်းမှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ သို့နှင့် ကမ္ဘာလုံးဆိုင်ရာ “hope spots” (မျှော်လင့်ခြင်းနေရာများ) ပေါ်ပေါက်လာအောင် လှုပ်ရှားဆောင်ရွက်သည့် ‘Mission Blue’ (အပြာရောင်မစ်ရှင်)အဖွဲ့ကို သူမတည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ထိုထူးခြားသောနေရာများသည် “ပင်လယ်သမုဒ္ဒရာ ကျန်းမာရေးအတွက် အရေးပါသောနေရာများ”ဖြစ်ပြီး ကမ္ဘာမြေရှိ လူသားတို့၏ဘဝ ရှင်သန်ရပ်တည်မှုအပေါ် သက်ရောက်မှုဖြစ်စေသည်။ ထိုနေရာများကို ရည်ရွယ်ချက်ဖြင့် ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ရေအောက်ကမ္ဘာ၏ဖွဲ့စည်း ဖြစ်တည်မှုကို ပြန်လည်တည်ဆောက်ခြင်းနှင့် ပျောက်ဆုံးတော့မည့်ရေသတ္တဝါမျိုးစိတ်များကိုပြန်လည်ထိန်းသိမ်းခြင်း၏ အပြန်အလှန်ဆက်နွယ်မှုကို သိပ္ပံပညာရှင်များ မြင်တွေ့ခဲ့သည်။
ဆာလံ ၃၃ တွင် ဘုရားသခင်သည် နှုတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖြစ်တည်စေပြီး ထိုအရာအားလုံး ခိုင်ခံ့မြဲမြံစေရေးကိုလည်း သေချာစွာ စီမံထားကြောင်း ဆာလံဆရာက သိမှတ်ဝန်ခံသည် (:၆-၉)။ ဘုရားရှင်သည် လူမျိုးအဆက်ဆက်နှင့် တိုင်းနိုင်ငံများကို အုပ်စိုးတော်မူသည်နှင့်အညီ (:၁၁-၁၉) ဆက်ဆံရေးများကို ပြန်လည်သင့်မြတ်စေခြင်း၊ အသက်ကယ်တင်ခြင်းနှင့် မျှော်လင့်ချက်များ ရှင်သန်တက်ကြွစေခြင်းတို့ကို…
သားတော်သည်လည်း ထမြောက်တော်မူ၏
Ernest Hemingway (အဲနက်စ် ဟဲမင်းဝေး) ၏ ပထမဆုံးထုတ် ဝတ္ထုရှည်ထဲတွင် ပထမကမ္ဘာစစ်ဒဏ်ကို မကြာမီကခံခဲ့ရသော အရက်သမား သူငယ်ချင်းတစ်စုအကြောင်းကို ရေးထားသည်။ အပျက်အစီးများသည့်စစ်ပွဲကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရသည့်ဒဏ်ရာအမာရွတ်များကို ဖြေဖျောက်ရန် ပါတီပွဲသွားခြင်း၊ စွန့်စားမှုများပြုလုပ်ခြင်း၊ နေရာအနှံ့သွားရောက် အနားယူကြသည်။ အမြဲပင် အရက်သေစာဖြင့် နာကျင်ခံစားမှုများကို ဖြေဖျောက်စေသော်လည်း မည်သူမျှ မပျော်ရွှင်ပါ။
ဟဲမင်းဝေး က သူ့ဝတ္ထုကို ‘The Sun Also Rises’ (နေမင်းကြီးလည်းထွက်လာပြီ) ဟုအမည်ပေးထားပြီး၊ ၎င်းကို ဒေသနာကျမ်းမှ (၁:၅) တိုက်ရိုက်ယူ၍ သုံးထားသည်။ ဒေသနာကျမ်းတွင် ရှောလမုန်မင်းကြီးက သူ့ကိုယ်သူ “ဒေသနာဆရာ” အဖြစ် ရည်ညွှန်းပြီး (:၁)၊ “ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြသည်” ဟုသူသတိပြုမိ၍ (:၂)၊ “လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုး ရှိသနည်း” ဟုမေးခွန်းထုတ်ခဲ့သည် (:၃)။ နေသည် ဝင်လျက်ထွက်လျက်ရှိခြင်း၊ လေသည်လည်း…
သခင်ယေရှု၌ အသစ်သောကိုယ်ပိုင်လက္ခဏာ
“ကျွန်တော်အရင်ကလူ မဟုတ်တော့ဘူး။ အခုလူသစ်ဖြစ်သွားပြီး။” ထိုရိုးရှင်းသော စကားမှာ ကျောင်းစုံညီစည်းဝေး၌ ကျောင်းသားများအား ပြောနေသော ကျွန်တော့် သား၏စကားများဖြစ်ပြီး၊ သူ၏အသက်တာတွင် ဘုရားသခင်ပြုပေးသည့် ပြောင်းလဲမှုကို ဖော်ပြလိုက်ခြင်းဖြစ်သည်။ တစ်ချိန်က ဘိန်းဖြူစွဲခဲ့သူ ဂျော်ဖရီသည် ယခင်က သူ့ကိုယ်သူ အပြစ်နှင့်အမှားများ ပြုလုပ်သူတစ်ဦးအဖြစ် မြင်သည်။ သို့သော် ယခုအခါ ဘုရားသခင်၏သားအဖြစ် သူ့ကိုယ်သူမြင်လာပြီဖြစ်သည်။
သမ္မာကျမ်းစာ၌ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ ကော ၅:၁၇)ဟု ကတိတော်အားဖြင့် ကျွန်ုပ်တို့အား တိုက်တွန်းနှိုးဆော်ထားသည်။ ကျွန်ုပ်တို့သည် မည်သူပင်ဖြစ်စေ၊ အတိတ်က မည်သို့ပင်ပြုမူ အသက်ရှင်သည်ဖြစ်စေ၊ သခင်ယေရှုအား ကယ်တင်ရှင် အဖြစ်ယုံကြည်ပြီး ကားတိုင်အားဖြင့် ကမ်းလှမ်းပေးခဲ့သည့် ခွင့်လွှတ်ခြင်းကို လက်ခံမည်ဆိုလျှင် ကျွန်ုပ်တို့သည် လူသစ်ဖြစ်လာပါပြီ။ ဧဒင်ဥယျာဉ်မှ စခဲ့သော အပြစ်ကြောင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့ ဝေးကွာခဲ့ရသော်လည်း “ခရစ်တော်အားဖြင့်…
ဖြောင့်မတ်မှန်ကန်သောမြို့
၂၀၀၀ ခုနှစ် နှစ်သစ်ကူးအကြိုနေ့တွင် အမေရိကန်နိုင်ငံ၊ ဒီထရွိုက်မြို့တော်ရှိ အာဏာပိုင်တို့သည် နှစ် (၁၀၀) သက်တမ်းရှိပစ္စည်းများ ထည့်မြှုပ်ထားသည့် သေတ္တာကို ဖွင့်ခဲ့ကြသည်။ ကြေးနီသေတ္တာအတွင်း၌ သာယာဝပြောကြွယ်ဝမှုနှင့် စပ်လျဥ်းသည့်အမြင်ကို ဖော်ပြသော မြို့ခေါင်းဆောင်အချို့တို့၏ မျှော်လင့်ချက်အပြည့်နှင့် ခန့်မှန်းချက်တို့ ပါရှိသည်။ သို့သော် မြို့တော်ဝန်၏သတင်းစကားမှာမူ ကွဲပြားသည်။ သူက “အခြားအရာတွေထက် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် မြို့တစ်မြို့အနေနှင့် ဖြောင့်မတ်မှန်ကန်စွာ တိုးတက်ရှင်သန်လာခဲ့ပြီး၊ ဒီတရားမျှတဖြောင့်မတ်ခြင်းဟာ နိုင်ငံရဲ့အဆင့်အတန်းဂုဏ်သိက္ခာကို ချီးမြှင့်မြှောက်စားတယ်ဆိုတာ အားလုံးနားလည်သဘောပေါက်ခြင်းဆိုတဲ့ သာလွန်မြင့်မြတ်တဲ့ မျှော်လင့်ချက်ကို ဖော်ပြခွင့်ရရှိကြပါစေ” ဟုပြောခဲ့သည်။
အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းထက် အနာဂတ်နိုင်ငံကြီးသားများသည် တရားမျှတပြီး ဖြောင့်မတ်ခြင်း၌ တိုးတက်ရှင်သန်စေရန် မြို့တော်ဝန်က ဆန္ဒပြုခဲ့သည်။ သခင်ယေရှုက “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏” (မ ၅:၆) ဆိုသောအချက်ကို သူကောက်နုတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ပြီးပြည့်စုံသောစံနှုန်းကို တွေးမိသောအခါ…
သောကပွားစိတ်ဝိညာဉ်၊ ရိုးသားသောဆုတောင်း
၁၉၅၇ ခုနှစ် ဇန်နဝါရီလတွင် သူ၏နေအိမ်၌ ဗုံးမပေါက်ကွဲမီ သုံးရက်အလိုတွင် ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)သည် သူ့ဘဝတစ်လျှောက်လုံး အမှတ်ရစေမည့်အရာနှင့် ကြုံတွေ့ခဲ့ရသည်။ ခြိမ်းခြောက်သော ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် ကင်းသည် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုမှ လွတ်မြောက်နိုင်မည့်နည်းဗျူဟာကို တွေးနေခဲ့သည်။ ထို့နောက် သူ၏ဝိညာဉ်မှ ဆုတောင်းခြင်းများထွက်ပေါ်လာသည်။ “မှန်ကန်တယ်လို့ ကျွန်တော် ယုံကြည်တဲ့အရာအတွက် ရပ်တည်နေပါတယ်။ ဒါပေမဲ့ အခုကျွန်တော်ကြောက်နေပြီ။ ကျွန်တော့်ဆီမှာ ဘာမှ မကျန်တော့ဘူး။ ကျွန်တော်တစ်ယောက်ထဲ မရင်ဆိုင်နိုင်တဲ့အဆင့်ကို ရောက်နေပြီ။” သူဆုတောင်းပြီးသောအခါ တည်ငြိမ်သောယုံကြည်စိတ်ချမှုကို ခံစားရပြီး၊ “ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေ ထွက်သွားတယ်။ ကျွန်တော့်ရဲ့မရေရာမှုတွေ ပျောက်သွားတယ်။ ကျွန်တော် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့အသင့် ဖြစ်နေပြီ”ဟု ကင်း ရေးမှတ်ခဲ့သည်။
ရှင်ယောဟန်ခရစ်ဝင် ၁၂ တွင် သခင်ယေရှုက “ငါသည် စိတ်နှလုံးပူပန်ခြင်းရှိ၏” ဟုဝန်ခံခဲ့သည်…
အသက်သရဖူ
အသက် (၁၂) နှစ် အရွယ် LeeAdianez Rodriguez-Espada (လီအဒီယာနက်ဇ် ရိုဒရီဂက်ဇ် အက်စ်ပါဒါ) သည် ၅ ကီလိုမီတာ (၃ မိုင်ကျော်) အပြေးပြိုင်ပွဲတွင် နောက်ကျမည်ကို စိုးရိမ်နေသည်။ သူမ၏စိုးရိမ်စိတ်ကြောင့် သူမ၏ပြေးပွဲ စတင်ချိန်ထက် ဆယ့်ငါးမိနစ်စောပြီး မာရသွန်တစ်ဝက်ပြိုင်ပွဲ (၁၃ မိုင်ကျော်) ပြေးမည့်သူများနှင့် သူတာထွက်ခဲ့သည်။ လီအဒီယာနက်ဇ် သည် အခြားအပြေးသမားများနှင့်အတူ တူညီသောစည်းချက်အတိုင်း ရှေ့ခြေနောက်ခြေချကာ မှန်မှန်ပြေးခဲ့သည်။ လေးမိုင်တွင် ပန်းဝင်စည်းကို မည်သည့်နေရာတွင်မျှမမြင်ရသောအခါ သူမသည် ပိုရှည်လျားပြီး ပိုမိုခက်ခဲသော အပြေးပြိုင်ပွဲကို ပြေးနေကြောင်း သဘောပေါက်လိုက်သည်။ သို့ရာတွင် ပြိုင်ပွဲမှ နုတ်ထွက်ခြင်းမပြုဘဲ ဆက်လက်ပြေးနေခဲ့သည်။ မာရသွန်တစ်ဝက်ပြိုင်ပွဲဝင်တစ်ဦးသည် အမှတ်မထင် (၁၃.၁) မိုင်ပြေးပွဲကို ပြီးမြောက်ခဲ့ပြီး ပန်းဝင်သူ ၂၁၁၁ ဦးတွင် ၁၈၈၅ အဆင့်ကို ရရှိခဲ့သည်။ ၎င်းသည် မဆုတ်မနစ်သော ဇွဲလုံ့လပေတည်း။
ပထမရာစုနှစ်က…
အခြားသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း
ဖိလစ် (Philip) ၏ဖခင်သည် ပြင်းထန်သောစိတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အိမ်မှထွက်ခွာကာ လမ်းပေါ်တွင် လေလွင့်နေထိုင်ခဲ့သည်။ စင်ဒီ (Cyndi) နှင့် သူမ၏သားငယ်လေး ဖိလစ်သည် သူ့အား တစ်နေကုန်ရှာဖွေခဲ့ပြီး ဖိလစ်သည် သူ့ဖခင်ကျန်းမာရေး အတွက် အမှန်ပင် စိုးရိမ်ခဲ့သည်။ သို့နှင့် သူ့မိခင်အား သူ့ဖခင်နှင့်အိမ်ယာမရှိသူများ နွေးထွေးမှုရှိမရှိကို မေးခဲ့သည်။ အဖြေအဖြစ် သူတို့သည် အဆိုပါဒေသရှိ အိုးမဲ့အိမ်မဲ့များအတွက် စောင်များနှင့် အအေးဒဏ်ကို ကာကွယ် ပေးသည့် အသုံးအဆောင်ပစ္စည်းများကို အားထုတ်လျက် စုဆောင်းဖြန့်ဝေခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ စင်ဒီသည် ဆယ်စုနှစ်တစ်စုကျော်ကြာသည်အထိ ထိုအလုပ်ကို သူမ၏အလုပ်ဟု မှတ်ယူခဲ့ပြီး၊ သူမ၏သားအတွက်၊ နွေးထွေးသော အိပ်စရာနေရာမရှိသည့်အခက်အခဲကို သတိပြုမိစေသည့် သူမ၏ဘုရားသခင်အပေါ် နက်ရှိုင်းသော ယုံကြည်ခြင်းအတွက် သူမ၏ ဂုဏ်ယူဝမ်းမြောက်ခဲ့သည်။
သူတစ်ပါး၏လိုအပ်ချက်အပေါ် တုံ့ပြန်ဖြည့်ဆည်းတတ်ရန် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ကို သင်ပေးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထွက်မြောက်ရာကျမ်းတွင် မောရှေသည် လိုအပ်မှုများပြားလှသူများအား…