ကျွန်ုပ်ကို ချစ်သေးရဲ့လား
(၁၀) နှစ်သမီးလေး လင်းလင်းသည် နောက်ဆုံး၌ မွေးစားခြင်းခံလိုက်ရသော်လည်း သူမကြောက်ရွံ့နေခဲ့သည်။ သူမကြီးပြင်းလာခဲ့ရသည့် မိဘမဲ့ဂေဟာတွင် အသေး ငယ်ဆုံးသောအမှားလုပ်မိရုံနှင့် အပြစ်ပေးခြင်းခံရသည်။ ကျွန်မသူငယ်ချင်းဖြစ်သော သူမ၏မွေးစားမိခင်ကို လင်းလင်းက “မေမေ၊ သမီးကို ချစ်လား” ဟုမေးသည်။ ကျွန်မသူငယ်ချင်းက ချစ်တယ်လို့ ပြန်ဖြေလျှင် လင်းလင်းက “သမီး အမှားလုပ်မိရင်ရော သမီးကို ချစ်အုံးမှာလား” ဟု ပြန်မေးသည်။
နှုတ်ဖြင့် မပြောသော်လည်း၊ ကျွန်ုပ်တို့ထဲမှအချို့သည် ဘုရားသခင်ကို စိတ်ပျက်အောင်လုပ်မိပြီဟု ခံစားရသောအခါ “ကိုယ်တော် ကျွန်ုပ်ကို ချစ်သေးရဲ့လား” ဟု မေးကောင်းမေးနိုင်သည်။ လောကတွင် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျရှုံးမှုနှင့် အပြစ်လုပ်ခြင်းများရှိနေမည်ကို ကျွန်ုပ်တို့သိသည်။ ထို့အပြင် ကျွန်ုပ်တို့အမှားများသည် ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သက်ရောက်မှုရှိနိုင်သလား ဆိုသည်ကို ကျွန်ုပ်တို့ တွေးလေ့ရှိသည်။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ တွင် ဘုရားသခင်၏မေတ္တာတော်ကို ကျွန်ုပ်တို့အတွက် အာမခံပေးထားသည်။ ကျွန်ုပ်တို့ကိုယ်စား…
ဘဝသက်တမ်း
၁၉၉၀ ခုနှစ်တွင် ပြင်သစ်သုတေသီများသည် Jeanne Calment (ဂျင်းခလ်မန့်)၏ အသက်ကို ကွန်ပြူတာနှင့်ခန့်မှန်းရာတွင် အချက်အလက်မှားယွင်းမှုနှင့် ကြုံခဲ့သည်။ သူမအသက်သည် ဆော့ဖ်ဝဲလ်ပရိုဂရမ်၏ ကန့်သတ်ချက်ထက်ကျော်လွန်ကာ (၁၁၅)နှစ် ဖြစ်နေသည်။ ပရိုဂရမ်ကိုရေးဆွဲသူများက မည်သူမှ ဤမျှကြာကြာ အသက်မရှင်နိုင်ဟု ယူဆခဲ့ကြသည်။ ဂျင်းသည် အသက် (၁၂၂) နှစ်အထိ အမှန်တကယ်ပင် အသက်ရှင်နေထိုင်သွားခဲ့သည်။
ဆာလံဆရာက “အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏” (ဆာ ၉၀:၁၀) ဟုရေးသားခဲ့သည်။ ၎င်းသည် ဂျင်းခလ်မန့်၏အသက်အရွယ်ထိပင် အသက်ရှည်စေကာမူ လောက၌ ကျွန်ုပ်တို့နေထိုင်ခွင့်ရသောအချိန် အကန့်အသတ်ရှိခြင်းကို ဥပမာပြတင်စားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝသက်တမ်းသည် အလုံးစုံကိုပိုင်သသော ချစ်မေတ္တာရှင် ဘုရားသခင်၏လက်တော်၌သာ ရှိသည် (:၅)။ ဝိညာဉ်ရေးနယ်ပယ်တွင် ဘုရားသခင်၏အချိန်မှာ “ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့လည်းကောင်း၊ ညဉ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏”…
သင့်ကဏ္ဍနှင့် ဘုရားကဏ္ဍ
ကျွန်ုပ်၏သူငယ်ချင်း ဂျဲနစ်သည် နှစ်အနည်းငယ်အတွင်း သူမ၏ဌာနတွင် စီမံခန့်ခွဲမှုတာဝန်ကို လက်ခံရန် သူ့အား ကမ်းလှမ်းလာသောအခါ သူမ စိုးရိမ်ပူပန်ခဲ့သည်။ ဤကိစ္စအတွက် သူမ ဆုတောင်းရာ ထိုခန့်အပ်မှုကိုလက်ခံရန် ဘုရားရှင် နှိုးဆော်သည်ဟု ခံစားရသော်လည်း တာဝန်ကို နိုင်နိုင်နင်းနင်းလုပ်နိုင်ပါ့မလားဟု စိုးကြောက်ခဲ့သည်။ “အတွေ့အကြုံနည်းနည်းလေးနဲ့ ကျွန်မဘယ်လိုဦးဆောင်နိုင်မှာလဲ။ ကျွန်မမလုပ်နိုင်ဘူးဆိုရင် ကျွန်မကိုဘာလို့ ဒီရာထူးပေးရတာလဲ”ဟု ဘုရားကိုမေးခဲ့သည်။
နောက်ပိုင်းတွင် ဂျဲနစ်သည် ကမ္ဘာဦးကျမ်း ၁၂ တွင် အာဗြံအား ဘုရားသခင် စေခိုင်းခြင်းအကြောင်းကို ဖတ်ရပြီး အာဗြံလုပ်ဆောင်ရမည့်အပိုင်းသည် ဘုရားသခင် ပြလတံ့သောပြည်သို့ မိန့်တော်မူသည်အတိုင်း၊ သွားရန်ဖြစ်ပြီး အာဗြံသွားခဲ့သည် (:၁၊ ၄)။ ၎င်းသည် အရေးကြီးသောအရွှေ့ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ရှေးခေတ်က မည်သူမျှ မိမိနေရင်းပြည်ကို စွန့်၍ သွားလေ့မရှိပါ။ သို့သော် ဘုရားသခင်သည် အာဗြံအား သူအကျွမ်းဝင်သည့်အရာမှန်သမျှကို ချန်ရစ်ခဲ့ပြီး သူ့ကိုသာယုံကြည်ရန်နှင့် ကျန်အမှုအရာကို သူလုပ်ဆောင်မည်ဖြစ်ကြောင်း…
အံ့သြဖွယ် တိုင်ပင်ဖက်
ဘဝအခြေအနေက အရာရာ၌ စိတ်ဓာတ်ကျစရာပင်။ အထူးသဖြင့် လူငယ်များအတွက် အနာဂတ်မျှော်လင့်ချက်များ ပျောက်ဆုံးကုန်သည်။ ကပ်ရောဂါဘေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်နှင့် တိုင်းရေးပြည်ရေး မငြိမ်သက်မှုများအကြား ဘဝရှင်သန်ရပ်တည်မှု ခက်ခဲလာသည်။ စိတ်ဓာတ်ကျသည့်အခါ စိတ်ဖိစီးသည့်အခါ စိတ်ရောကိုယ်ပါ ခြေကုန်လက်ပမ်းကျ မောပန်းနွမ်းနယ်သည့်အခါ မည့်သူ့ကိုတိုင်ပင်ရမှန်းမသိဖြစ်လာသည်။ တချို့ကိစ္စရပ်များမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ရန်ခက်ခဲပါသည်။ ထိုအချိန်အခါမျိုးတွင် မိမိစိတ်နှလုံးကို အလုံးစုံနားလည်ပေးနိုင်မည့် တိုင်ပင်ဖော်လိုအပ်ပါသည်။
လုပ်ငန်းခွင်၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းတို့၌ ရှင်သန်လှုပ်ရှားတွင် နည်းပညာတိုးတက်မှုနှင့် လျင်မြန်စွာပြောင်းလဲနေသည့် တိုင်းရေးပြည်ရေး၊ ကမ္ဘာ့ရေးရာအခြေအနေများကြောင့် စိတ်ဖိစီးမှုပိုမိုကြုံတွေ့လာရသည့် ယနေ့ခေတ်၌ စိတ်ကျန်းမာရေးအထာက်အကူပြု ဆွေးနွေးတိုင်ပင်မှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဥ်များ ရေပန်းစားလာကာ ထိုအစီအစဥ်များကို အသုံးပြုသူများပြားလာပြီး အကျိုးရှိထိရောက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ တွေ့ရှိရသည်။
သို့ရာအတွင် ယုံကြည်သူများအတွက်မူ ထိုအစီအစဥ်များထက် သာလွန်ကောင်းမွန်သော အံ့သြဖွယ်တိုင်ပင်ဖက်တစ်ဦး ရှိနှင့်ပြီးသားဖြစ်သည်။ “နာမတော်မူကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်” သခင်ယေရှုပင်ဖြစ်သည် (ဟေရှာ ၉:၆)။ ထိုအံ့သြဖွယ်တိုင်ပင်ဖက်အား ကျွန်ုပ်တို့ ခံစားနေရသမျှ စိတ်အခြေအနေအားလုံးကို အိတ်သွန်ဖာမှောက် တိုင်ပင်ပြောပြနိုင်သည်။ ရင်ဖွင့်ငိုကြွေးနိုင်သည်။ လောကရှိ တိုင်ပင်ဆွေးနွေးမှုပေးသူများနှင့် ကွာခြားချက်မှာ ထိုအရှင် သခင်ယေရှုသည် စကြာဝဠာကမ္ဘာမိုးမြေကို ဖန်ဆင်းတော်မူသော ဥာဏ်တော်အနန္တ၊ တန်းခိုးတော်အနန္တပြည့်စုံသောအရှင်ဖြစ်ကာ ကျွန်ုပ်တို့ခံစားတွေ့ကြုံနေရသမျှအားလုံးကို ခံစားနားလည်ပေးရုံသာမက ငြိမ်သက်ခြင်းနှင့် ထွက်မြောက်ရာလမ်းကိုပါ ပြင်ဆင်ပေးသူဖြစ်သည်။ "ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ" (ဟေရှာ ၄၀:၃၁)။ ကြယ်များကို ရေတွက်လျက် အမည်နာမနှင့်တကွ ခေါ်တော်မူသော ကျွန်ုပ်တို့၏ ဆံပင်တစ်ချောင်းချင်းစီကိုပင် ရေတွက်သိရှိတော်မူသော ထိုအံ့သြဖွယ်တိုင်ပင်ဖက် သခင်ယေရှုနှင့် ဆွေးနွေးတိုင်ပင်ရမည့်အခွင့်အရေးအား လက်လွတ်ဆုံးရှုံးမခံဘဲ ယခုပင် ထိုသခင်ထံ တိုးဝင်ချဥ်းကပ်ကြပါစို့။
** ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် အထူးစာမူ…
ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုး
စတီဖန်သည် အလားအလာကောင်းသော လူရွှင်တော်ဖြစ်ပြီး အသုံးအဖြုန်းလည်းကြီးသည်။ သူသည် ခရစ်ယာန်မိသားစုတွင် ကြီးပြင်းခဲ့ပြီး၊ သူ့အဖေနှင့်အစ်ကို နှစ်ဦးမှာ လေယာဉ်ပျက်ကျပြီး ဆုံးပါးသွားသည့်နောက် သူ့စိတ်၌ သံသယများခိုဝင်ခဲ့သည်။ အသက် (၂၀) အစောပိုင်း၌ သူ့ယုံကြည်ခြင်း ပျက်ပြားခဲ့သည်။ သို့သော် တစ်ညတွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့၏ အေးစက်သောလမ်းများပေါ်တွင် ယုံကြည်ခြင်းကို ပြန်လည်တွေ့ရှိခဲ့သည်။ သူစိမ်းတစ်ဦးက သူ့အား အိတ်ဆောင် ဓမ္မသစ်ကျမ်းစာအုပ်ကိုပေးခဲ့ပြီး စတီဖန်သည် စာရွက်များကို လှန်လှောကြည့်ရာ ရှင်မဿဲခရစ်ဝင် ၆:၂၇-၃၄ ကို ဖတ်ရှုသင့်ကြောင်း အညွှန်းတွင် ဖော်ပြထားသည်။
စတီဖန်သည် ထိုကျမ်းချက်ကို လှန်ဖတ်ရာ၊ နှုတ်ထွက်စကားတော်များသည် သူ၏နှလုံးသား၌ တောက်လောင်လာသည်။ “ချက်ချင်းပဲ ကျွန်တော့်မျက်နှာ လင်းလက်သွားတယ်။ အအေးထဲ လမ်းထောင့်လေးမှာ ကျွန်တော်ရပ်ပြီး အဲ့ဒီဒေသနာကိုဖတ်နေခဲ့တာ။ ကျွန်တော့်ဘဝက အရင်လို မဟုတ်တော့ဘူး။ လုံးဝပြောင်းလဲသွားတယ်”ဟု သူပြန်ပြောင်းပြောခဲ့သည်။
၎င်းသည် နှုတ်ကပတ်တော်၏တန်ခိုးပင်။ သမ္မာကျမ်းစာသည် အသက်ရှင်သည့်အတွက်…
ဘုရားထံမှခွန်အားဖြင့် မိမိကိုယ်ကိုချုပ်တည်းခြင်း
၁၉၇၂ ခုနစ်၏လေ့လာချက်အရ ‘marshmallow test’ (မုန့်ချိုဖြင့်စမ်းသပ်မှု) သည် ကလေးများ၏ အလိုဆန္ဒထိန်းချုပ်နိုင်စွမ်းကို တိုင်းတာရာ၌ အထောက်အကူဖြစ်ခဲ့သည်။ ကလေးများအား ‘မုန့်ချို’ တစ်ခုစီပေးပြီးနောက် မစားသေးဘဲ (၁၀) မိနစ်ကြာ ချုပ်တည်းထားနိုင်ပါက နောက်တစ်ခုထပ်ရမည်ဟု ပြောပြသည်။ ကလေး (၃) ပုံ (၁) ပုံသည် ပိုကြီးသည့်ဆုလာဘ်အတွက် စားချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ကြသည်။ အခြား (၃) ပုံ (၁) ပုံမှာ စက္ကန့် (၃၀) အတွင်းမှာပင် ဝါးစားလိုက်သည်။
စောင့်ဆိုင်းနေရသည့်အနာဂတ်တွင် ပို၍အကျိုးကြီးမည်ကို သိသော်လည်း မိမိလိုချင်သည့်အရာနှင့် ဆွဲဆောင်ခံရပါက ကျွန်မတို့ မိမိကိုယ်ကို မနည်းထိန်းချုပ်ရသည်။ ရှင်ပေတရုသည် ကျွန်မတို့၏ယုံကြည်ခြင်း၌ ကာမဂုဏ်ချုပ်တည်းခြင်းအပါအဝင် အရေးကြီးသည့် အလေ့အကျင့်များကို ပေါင်းထည့်ရန် တိုက်တွန်းခဲ့သည် (၂ ပေ ၁:၅-၆)။ သခင်ယေရှု၌ယုံကြည်ခြင်းကို အခြေပြုလျက် ထိုယုံကြည်ခြင်း၏သက်သေအဖြစ် ကောင်းမြတ်ခြင်း၊ အသိပညာ၊ ကာမဂုဏ်ချူပ်တည်းခြင်း၊…
မိုးကောင်းကင်ရှိငှက်များ
နွေဥတု၏အပူရှိန် မြင့်တက်နေချိန် ကျွန်မကို ခြံရှေ့တွင် လှမ်းမြင်လိုက်သည့် ပြုံးပျော်နေသော ကျွန်မ၏အိမ်နီးချင်းက “လာကြည့်အုံး”ဟု တီးတိုးခေါ်သည်။ စိတ်ဝင်တစားနှင့် “ဘာလဲ”ဟု ကျွန်မ တိုးတိုးပြန်မေးရာ၊ သူမ၏အိမ်ရှေ့ဆင်ဝင်တွင် ချိတ်ဆွဲထားသည့် လေတိုက်လျှင်ခြူသံမြည်သည့်တူရိယာကို ညွှန်ပြရာ သတ္တုတူရိယာထိပ်ရှိ လဖက်ရည်ခွက်လေးသဖွယ် ကောက်ရိုးခွက်လေးကို တွေ့လိုက်ရသည်။ “ငှက်ပိတုန်းအသိုက်လေး၊ ငှက်ပေါက်လေးတွေ့လား။ သူတို့ အမေကို စောင့်နေတာ” ဟု သူပြောမှ အပ်အရွယ်ခန့် နှုတ်သီးငယ်လေးများ အပေါ်သို့ ထောင် ထွက်နေသည်ကို မြင်လိုက်ရသည်။ ထိုနေရာတွင် အံ့ဩမင်သက်မှုဖြင့် ကျွန်မတို့ ကြည့်နေရင်း ဓာတ်ပုံရိုက်ရန် ဟန်းဖုန်းကို ကျွန်မမြှောက်လိုက်သည်။ ကျွန်မ၏ အိမ်နီးချင်းက “အရမ်းနီးနီး မသွားနဲ့။ ငှက်အမေကြီး လန့်သွားမယ်” ဟု သတိပေးသည်။ သို့နှင့် ငှက်ပိတုန်းမိသားစုကို ကျွန်မတို့ အဝေးမှသာ ဓာတ်ပုံရိုက်ခဲ့ကြသည်။
သို့သော် မကြာမီ နောက်တစ်ပတ်မှာပင် ငှက်မေမေနှင့်ကလေးများ ၎င်းတို့တိတ်တဆိတ် ရောက်လာခဲ့သလိုပင်…
ကွဲပြားခြားနားသည့် အနာဂတ်ကို မှန်းဆခြင်း
အမေရိကန်နိုင်ငံ၊ ကမ်းဇက်စ်ပြည်နယ်၊ Neodesha (နီယိုဒက်ရှာ) မြို့ငယ်လေး၌ ရုတ်တရက်ဆင့်ခေါ်သည့် ကျောင်းစည်းဝေးပွဲသို့ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား အယောက် (၃၀၀) တို့ တန်းစီဝင်လာသည်။ ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် စေတနာစိတ်နှင့် မြို့ရှိ ကျောင်းသားတိုင်းအတွက် နောင် (၂၅) နှစ်တိုင် ကောလိပ်ကျောင်းစရိတ် ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားကြောင်း ကြားရသောအခါ သူတို့မယုံနိုင်ဖြစ်ပြီး ကျောင်းသားများ အလွန်အံ့အားသင့်ကာ ပျော်ရွှင်လျက် မျက်ရည်လည်ခဲ့ကြသည်။
နီယိုဒက်ရှာမြို့တွင် စီးပွားရေး အတော်ကျဆင်းခဲ့ခြင်းကြောင့် မိသားစုများစွာတို့သည် ကောလိပ်ကျောင်းလခအတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။ ဤလက်ဆောင်သည် ဘဝအလှည့်ပြောင်းတစ်ခုဖြစ်ပြီး လှူဒါန်းသူများကလည်း လက်ရှိမိသားစုများအတွက် အကျိုးရှိစေရေးနှင့် အခြားသူများ နီယိုဒက်ရှာသို့ ပြောင်းရွှေ့လာရေးတို့ကို မျှော်လင့်ခဲ့ကြသည်။ သူတို့၏ရက်ရောမှုသည် အလုပ်အကိုင်သစ်ဖန်တီးပေးခြင်းနှင့် သက်ဝင်ရှင်သန်လာခြင်းစသည့် မြို့လေး၏လုံးဝကွဲပြားသောအနာဂတ် ဖြစ်ပေါ်လာရေးကို မျှော်မှန်းခဲ့ကြသည်။
လူမျိုးတော်တို့သည် မိမိတို့ကိုယ်တိုင်၏လိုအပ်မှုကိုသာ တောင့်တခြင်းမျိုး မဟုတ်ဘဲ၊ ရုန်းကန်နေရသည့် ကိုယ်နှင့်စပ်ဆိုင်သူများ၏ အနာဂတ်သစ်အတွက်လည်း တွေးပေးတတ်သည့်…
ဝမ်းနည်းကြေကွဲခြင်းနှင့် ကျေးဇူးသိတတ်ခြင်း
ကျွန်မအမေ ဆုံးသွားပြီးနောက် သူမ၏အဖော် ကင်ဆာလူနာချင်းတစ်ဉီးက ကျွန်မထံလာပြီး “အစ်မအမေက ကျွန်မကိုသိပ်ကြင်နာတာပဲ။ ကျွန်မအစား သူသေသွားတာ အရမ်းဝမ်းနည်းတယ်” ဟု ရှိုက်ကြီးတငင် ငိုကြွေးပြီး ပြောခဲ့သည်။
“အစ်မအမေက ညီမကိုချစ်တယ်။ ညီမရဲ့သားတွေကြီးပြင်းလာတာကို ညီမ မြင်တွေ့ခွင့်ရဖို့ ဘုရားသခင်ဆီမှာ အစ်မတို့အတူ ဆုတောင်းပေးခဲ့တယ်”ဟု ကျွန်မ ပြောပြီး၊ သူ့လက်ကိုဆုပ်ကိုင်ရင်း သူမနှင့်အတူငိုကြွေးကာ၊ သူမသည် ငြိမ်ဝပ်လျက် ပူဆွေးရန် မစမည့်အကြောင်း ကျွန်မဆုတောင်းပေးခဲ့သည်။ လတ်တလောတွင် သူမ၏ဝေဒနာသက်သာလာပြီး သူမခင်ပွန်းနှင့် ကြီးပြင်းလာမည့်ကလေးနှစ်ဉီးကို ဆက်ချစ်ခွင့်ရသည့်အတွက် ဘုရားရှင်အား ကျေးဇူးတင်ပါသည်။
ယောဘသည် သားသမီးများအပါအဝင် အရာအားလုံး ဆုံးရှုံးလိုက်ရခြင်းကြောင့် သူ့ပူဆွေးသောက၏နက်နဲမှုကို သမ္မာကျမ်းမှဖော်ပြထားသည်။ ယောဘသည် ပူဆွေးမှုဖြင့် “မြေပေါ်မှာဝပ်လျက် ကိုးကွယ်”သည် (ယောဘ ၁:၂၀)။ ဝမ်းနည်းကြေကွဲမှု၊ မျှော်လင့်ခြင်းကိုပြသည့် ဝန်ခံအပ်နှံမှု၊ ကျေးဇူးသိတတ်မှုဖြင့် “ထာဝရ ဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည်…
ကျွန်ုပ်တို့၏နှလုံးသားတည်ရာအိမ်အစစ်
ဖြစ်ရပ်မှန်ဖြစ်သည့် သိုးထိန်းခွေးမျိုးနှင့် စပ်ထားသော ‘Bobbie the Wonder Dog’ (အံ့ဖွယ်ခွေး ဘော်ဘီ)သည် အိမ်မှ မိုင် (၂၂၀၀) ကျော် ဝေးကွာသောအရပ် နွေရာသီအားလပ်ရက်ခရီးတွင် မိသားစုနှင့်အတူနေရှိစဉ် မိသားစုနှင့်ကွဲပြီး ပျောက်သွားသည်။ မိသားစုမှ သူတို့အလွန်ချစ်သော အိမ်မွေးခွေးကို နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သဖြင့် သူမပါဘဲ စိတ်မကောင်းခြင်းများစွာဖြင့် အိမ်ပြန်ခဲ့ကြရသည်။
(၆) လကြာပြီးနောက် ဆောင်းကုန်ခါနီးတွင် ပိန်ချုံးစုပ်ဖွာနေပြီး ဇွဲကောင်းသော ဘော်ဘီသည် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ဆေလ်ဗာတန်မြို့ရှိ အိမ်တံခါးဝတွင် ပေါ်လာခဲ့သည်။ မြစ်၊ သဲကန္တာရနှင့် နှင်းဖုံးတောင်များ၊ အန္တရာယ်များသော ခရီးရှည်ကိုနှင်လျက် သူ့ချစ်သူများထံ အိမ်ပြန်လမ်းကို ဘော်ဘီရှာတွေ့ခဲ့သည်။
ဘော်ဘီ၏ မဆုတ်မနစ်ခရီးစဥ်အကြောင်းကို ရေးသားစာအုပ်ထုတ်ကြပြီး ရုပ်ရှင်ရိုက်ကာ ၎င်း၏မွေးရပ်မြေ၌ နံရံဆေးရေးပန်းချီဖြင့် သရုပ်ဖော်ရေးဆွဲကြသည်။ သူ၏သံယောဇဉ်က ရင်ကိုထိစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားတွင် ပို၍လေးနက်သောတောင့်တမှုကို ထည့်ထားပေးခြင်းကြောင့် ရင်ကိုထိခြင်း…