အမျိုးအစား  |  odb

သခင်ယေရှု၏အကူအညီကို ကျွန်ုပ်တို့လိုအပ်သည်

နောက်ဆုံးတော့ ကျွန်တော်၏ဖခင်လည်း အိုမင်းယိုယွင်းနိုင်ကြောင်းကို သဘောပေါက်နားလည်ခဲ့ရသည့်နေ့ရက် ရောက်လာခဲ့ပြီ။ ကလေးဘဝကအဖေ၏သန်မာမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ပုံတို့ကို ကျွန်တော်သိမြင်ခဲ့သည်။သို့သော် ကျွန်တော်အရွယ်ရောက်စ အစောပိုင်းနှစ်များတွင် သူ၏နောက်ကျော၌ ထိခိုက်ဒဏ်ရာရပြီးနောက် အဖေသည် တစ်ချိန်ချိန်တွင် ဆုံးပါးသွားနိုင်ကြောင်းကို ကျွန်တော်သဘောပေါက်လိုက်သည်။ အဖေ့ကိုရေချိုးခန်းသို့ တွဲခေါ်ခြင်း၊ အ၀တ်အစားကူလဲပေးခြင်းနှင့် ရေခွက်ကို ပါးစပ်ထိရောက်အောင် တေ့တိုက်ပေးရခြင်း စသည်ဖြင့် ကူညီနိုင်ရန် မိဘများနှင့် ကျွန်ဝောာ်အတူနေထိုင်ခဲ့သည်။ ထိုအရာများသည် အဖေ့ကို နှိမ့်ချစေသည်။ အသေးအမွှားအရာလေးများကို သူကိုယ်တိုင်လုပ်ဆောင်ရန် ကြိုးပမ်းမှုအချို့ရှိခဲ့သော်လည်း “မင်းရဲ့အကူအညီ မပါဘဲနဲ့ ငါဘာမှမလုပ်နိုင်တော့ဘူး” ဟု သူ၀န်ခံခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူပြန်လည်သန်စွမ်းလာသော်လည်း ဤအတွေ့အကြုံက ကျွန်တော်တို့နှစ်ဦးစလုံးကို ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် လိုအပ်ကြောင်း အရေးကြီးသည့်သင်ခန်းစာကို သင်ပေးခဲ့သည်။

ကျွန်တော်တို့ အချင်းချင်းကိုလိုအပ်နေစဥ်မှာပင် သခင်ယေရှုကို ပိုပြီးလိုအပ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅ တွင် စပျစ်နွယ်ပင်နှင့်အကိုင်းခက်သရုပ်က ကျွန်တော်တို့ ဆက်လက်ခံယူနေရသည့် ဥပမာဖြစ်သည်။ အခြားကျမ်းတစ်ပိုဒ်ကမူ ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးသလို ကိုယ့်ကိုကိုယ်…

ထိန်းသိမ်းကွပ်ကဲရသည့် အခွင့်ထူး

အားလပ်ရက်ခရီးထွက်စဉ်က ကျွန်မနှင့်ကျွန်မအမျိုးသားတို့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း လျော့ရိလျော့ရဲ ခြံခတ်ထားသော လေးထောင့်ကွက်သဲမြေထုကြီးကို အမှတ်မထင်တွေ့ခဲ့သည်။ ပင်လယ်လိပ်တစ်ကောင်စီ၏ ဥကျင်းများကို ကာကွယ်ရန် တာဝန်ယူထားသော လုပ်အားပေးအဖွဲ့နှင့် တစ်နေကုန် အလုပ်လုပ်ခဲ့ရကြောင်း လူငယ်တစ်ဦးက ရှင်းပြသည်။ ဥမှပေါက်သည်နှင့် လူသားများနှင့် အခြားတိရစ္ဆာန်များရှိနေမှုက ၎င်းတို့၏ရှင်သန်ရေးကို ခြိမ်းခြောက်နေပြီး အသက်ရှင်ရန်အခွင့်အလမ်း လျော့နည်းစေသည်။ “ကျွန်တော်တို့ အကောင်းဆုံးလုပ်တာတောင် သိပ္ပံပညာရှင်‌တွေရဲ့ခန့်မှန်းချက်အရ အကောင်ရေ (၅၀၀၀)မှာ တစ်ကောင်ပဲ အရွယ်ရောက်အကောင်ကြီးဘဝ ရောက်နိုင်တယ်” ဟု သူပြောပြခဲ့သည်။ သို့သော် ဆိုးရွားလှသည့် ဤကိန်းဂဏန်းကြောင့် ထိုလူရွယ် စိတ်မပျက်ပါ။ လိပ် အ‌‌ကောင်ပေါက်လေးများကို ကြင်နာစွာကြည့်ရှုလိုသည့် သူ၏စိတ်ပြင်းပြမှုသည် ပင်လယ်လိပ်များကိုချစ်ပြီး ကာကွယ်လိုသော ကျွန်မ၏စိတ်ဆန္ဒကို ပိုမိုအားကြီးစေခဲ့သည်။ဘုရားဖန်ဆင်းထားသည့် သတ္တဝါအားလုံးကို ဂရုစိုက်ရန် ဘုရားပေးတာဝန်ကို သတိပေးသည့် ပင်လယ်လိပ်လည်ဆွဲသီးကို ယခုကျွန်မဆွဲထားသည်။

ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းသည့်အခါ သတ္တဝါ‌အယောက်စီတိုင်းနေထိုင်ပြီး ရှင်သန်နိုင်သည့်နေရာကို သူပြင်ဆင်ပေးသည် (က ၁:၂၀-၂၅)။…

ဆုတောင်းပတ္ထနာသည် ကမ္ဘာမြေကြီးကိုကိုင်လှုပ်သော်

ဒေါက်တာ Gary Greenberg (ဂယ်ရီဂရင်းန်ဘာ့ခ်) ပုံကြီးချဲ့ကာ ဓာတ်ပုံရိုက်ထားသည့် ကမ္ဘာတစ်ဝန်းမှ သဲများ၏ပုံသဏ္ဌာန်သည် သတ္တုဆား၊ ခရုခွံနှင့် သန္တာ ကျောက်အစိတ်အပိုင်းများ၏ စိုပြေတောက်ပသည့်အရောင်အကွက်များနှင့် အံ့ဩစွဲမက်ဖွယ် ဖြစ်သည်။

သဲအကြောင်းကိုနားလည်ရန်မှာ ထင်သလောက်မလွယ်ကူကြောင်း သူတွေ့ရှိခဲ့သည်။ Arenology (သဲများလေ့လာခြင်းဗေဒ)တွင် သဲများ၏သတ္တုဆားပါ၀င်မှုကို အနုစိတ်ခွဲခြမ်းလေ့လာခြင်းဖြင့် တိုက်စားမှု၊ ကမ်းစပ်ရေစီးကြောင်းနှင့် ကမ်းရိုးတန်းအပေါ်၎င်းတို့၏သက်ရောက်မှုအလားအလာတို့ကိုပါ ဖော်ထုတ်နိုင်သည်။ သဲအနည်းငယ်‌မှပင် အလွန်အဖိုးတန်သည့် အချက်အလက်များကို ရရှိနိုင်သည်။

သဲတစ်ပွင့်ကဲ့သို့သော ဆုတောင်းချက်တစ်ခုသည်လည်း လေးနက်သောအရာဖြစ်နိုင်သည်။ နှုတ်ပတ်တော်တွင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးချိန်၌ဆုတောင်းခြင်း၏တန်ခိုးကို ဖော်ပြထားသည်။ ဗျာဒိတ်ကျမ်း ၈ တွင် “သန့်ရှင်းသူ အပေါင်းတို့၏ပတ္ထနာများ” ပါသည့် ရွှေလင်ပန်းကို ကိုင်ထားသည့် ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကို ရှင်ယောဟန် တွေ့မြင်ခဲ့သည် (:၃)။ “ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊…

အသက်နှင့်ယှဉ်သော ဆုံးမခြင်း

“ဖြစ်ချင်တော့ဟယ်၊ မကြာသေးခင်က ငါတို့စကားအချေအတင် ဖြစ်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး မပျော်ရွှင်ရပါဘူး။ ဒါပေမဲ့ သူ့အနားက လူတွေ မနာကျင်ရ လေအောင် သူမရဲ့စိတ်ထားနဲ့ အပြုအမူတွေကို ပြောပြဖို့လိုတယ်လို့ ငါခံစားရတယ်” ဟု ရှယ်လီက သူမပြုစုပျိုးထောင်ပေးနေရသည့် မိန်းမပျိုလေးအကြောင်း ပြောပြသည်။ အဆင်မပြေဖြစ်ခဲ့သော်လည်း သူတို့စကားပြောခြင်းသည် အကျိုးဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့သည်။ ရက်သတ္တပတ်များကြာပြီးနောက် သူတို့နှစ်ဦးသည် နှိမ့်ချခြင်းနှင့်ပတ်သက်သည့် ခေါင်းစဥ်ဖြင့် အသင်းတော်အတွင်း ဆုတောင်းခြင်းကို ဦးဆောင်ခဲ့သည်။

အသင်းတော်ပြင်ပ သာမန်ပြုစုပျိုးထောင်ခြင်းတွင်လည်း ကျွန်ုပ်တို့သည် ခရစ်ယာန် ညီအစ်ကိုမောင်နှမများနှင့် ခက်ခဲသည့်စကားဝိုင်း (၁)ခု (သို့) (၂)ခု ရှိစမြဲ ပင်။ မပြောင်းလဲသောဉာဏ်ပညာနှင့် ပြည့်စုံသည့် သုတ္တံကျမ်းတွင် ဆုံးမခြင်းနှင့် ဆုံးမမှုကိုခံယူတတ်သည့် နှိမ့်ချခြင်း၏အရေးပါမှုကို ထပ်ခါထပ်ခါ ဖော်ပြထား သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများသည် အသက်နှင့်ယှဉ်ပြီး စစ်မှန်သည့် ဉာဏ်ပညာဆီသို့ ပို့ဆောင်ပေးသည် (သု ၁၅:၃၁)။…

အတူတကွရှိနေခြင်းအမှု၌

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်တွင် ကယ်လီသည် ဦးနှောက်ကင်ဆာ‌ကြောင့်အသေအလဲခံစားခဲ့ရသည်။ ထို့နောက် သူမ၏နှလုံးနှင့်အဆုတ်တို့တွင် အရည်များ စုလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရသည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်သူမ၏မိသားစုဝင်များ သူ့ကိုလာရောက်မကြည့်ရှုနိုင်ခဲ့ပါ။ သူမ၏ခင်ပွန်း‌ ဒေ့ဗ်သည် တစ်စုံတစ်လုပ်ပေးရန် စိတ်ဆုံးဖြတ်ခဲ့သည်။

ချစ်ခင်ရသူများကို အတူတကွစုဝေးစေပြီး မိမိပြောလိုသည့်အကြောင်းများပါသည့် ဆိုင်းဘုတ်ကြီးများကို ပြုလုပ်ပေးရန် သူတို့ကို တောင်းဆိုခဲ့သည်။ သူတို့လုပ်ပေးခဲ့ကြသည်။ နှာခေါင်းစည်းများ ၀တ်ဆင်ထားသည့် လူအယောက် (၂၀)သည် ဆေးရုံအပြင်လမ်းမကြီးပေါ်၌ “အကောင်းဆုံးမေမေ”၊ “ချစ်တယ်”၊ “ငါတို့ နင်နဲ့အတူရှိတယ်” စသည့် ဆိုင်းဘုတ်ကြီးများကိုင်ကာ ရပ်နေကြသည်။ သူနာပြု၏ အကူအညီဖြင့် ကယ်လီသည် လေးလွှာရှိ ပြတင်းပေါက်ဆီသို့ ရောက်ရှိခဲ့သည်။ “ကျွန်တော်တို့ မြင်ရသမျှက နှာခေါင်းစည်းနှင့် ဝှေ့ယမ်းပြနေတဲ့ လက်တစ်ဘက်ပဲ။ ဒါပေမဲ့ လှပတဲ့နှာခေါင်းစည်းနဲ့ ဝှေ့ယမ်းပြနေတဲ့လက်ပါ”ဟု သူမ၏ခင်ပွန်းက လူမှုကွန်ရက်ပေါ်၌ ထိုကဲ့သို့တင်ခဲ့သည်။

သူအသက်ကြီးရင့်လာချိန်တွင် ရောမ၌အကျဉ်းချခံရစဥ် တမန်တော်ရှင်ပေါလုသည် အားအင်လျော့ကာ အထီးကျန်မှုကို ခံစားခဲ့ရပြီး “ဆောင်းကာလမရောက်မီ…

မင်းအပိုင်ဖြစ်အောင် လုပ်ပစ်လိုက်၊ ဘော်ဒါ

၂၀၀၂ ခုနစ် ဇွန်လ(၁၁)ရက်တွင် American Idol (အမေရိကန် အသည်းစွဲ)သီချင်းပြိုင်ပွဲကြီးကို စတင် ကျင်းပခဲ့သည်။ အပတ်စဉ်တိုင်းတွင် မျှော်လင့်ချက်အပြည့်နှင့် ပြိုင်ပွဲဝင်များသည် နာမည်ကြီးသီချင်းများကို မိမိတို့ကိုယ်ပိုင်ဟန်ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ကြည့်ရှုသူ ပရိသတ်များက ပြိုင်ပွဲနောက်တစ်ဆင့်တက်ရန် သင့်တော်သူကို မဲပေးခဲ့ကြသည်။

“ဒီသီချင်းကို မင်းသီချင်းဖြစ်အောင်လုပ်လိုက်တာပဲ၊ ဘော်ဒါ” ဟူသည့်မှတ်ချက်က ပြိုင်ပွဲ၏ဒိုင်တစ်ဦးဖြစ်သည့် Randy Jackson (ရန်ဒီ ဂျက်ဆင်)၏ ကိုယ်ပိုင်အကဲဖြတ်ချက်ဖြစ်သည်။ သီဆိုသူသည် ရင်းနှီးသည့်တေးသွားကို သေချာစွာလေ့လာပြီး တစ်မူထူးစွာ ဆန်းသစ်ပြောင်းလဲပြီး ကိုယ်ပိုင်ဟန်ဖြင့် ဖျော်ဖြေပါက သူထိုကဲ့သို့ ချီးမွမ်းလေ့ရှိသည်။ “ကိုယ်ပိုင်ဖြစ်အောင်လုပ်ခြင်း”သည် တစ်စုံတစ်ရာကို လုံးဝဆန်းသစ်ပြောင်းလဲလိုက်ပြီးနောက် ပရိသတ်ကို ချပြလိုက်ခြင်းဖြစ်သည်။

ရှင်ပေါလုက ကျွန်ုပ်တို့အား မိမိတို့၏ယုံကြည်မှုကို ပိုင်နိုင်သေချာစေပြီး ပြန်လည်ဖော်ပြနိုင်ရေး တစ်စုံတစ်ရာလုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဖိလိပ္ပိသြဝါဒစာ ၃ တွင် ရှင်ပေါလုသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းအတွက် သူ၏ကိုယ်ပိုင် အားထုတ်ကျင့်ကြံမှုကို ငြင်းပယ်ကာ…

နေရောင်ကွက်များ

ပူနွေးသောနွေရာသီနေ့ရက်ဖြစ်ပြီး ကျွန်တော်နှင့် ကျွန်တော်၏ (၄)နှစ်အရွယ် မြေးမလေး မော်လီတို့ ဘောလုံးကစားပြီးနောက် အနားယူနေကြသည်။ ရေခွက်ကိုယ်စီနှင့် ဆင်ဝင်အောက်၌ ထိုင်နေစဉ် မော်လီက ခြံဝင်းထဲကြည့်ပြီး “နေရောင်ကွက်တွေကို ကြည့်လိုက်ပါဦး” ဟုပြောသည်။ နေရောင်က သစ်ရွက်ထူများကြားမှ ထိုးဖောက်ဖြတ်သန်းဖြာကျလာသဖြင့် အရိပ်ထဲ၌ အလင်းပုံစံကွက်များ ပေါ်နေသည်။

နေရောင်ကွက်များသည် အမှောင်နေ့ရက်များတွင် မျှော်လင့်ခြင်းကို ရှာဖွေရန်အတွက် လှပသည့်ပုံရိပ်များလား။ စိန်ခေါ်မှုများနှင့်ကြုံတွေ့ရချိန်၊ သတင်းကောင်းများ မကြားရချိန်တွင် မှောင်မိုက်အရိပ်များ၌ အာရုံရောက်မည့်အစား အလင်း၌သာ ကျွန်တော်တို့ အာရုံစိုက်နိုင်ပါသည်။

ထိုအလင်းသည် သခင်ယေရှုပင်ဖြစ်သည်။ ရှင်မဿဲသည် ဟေရှာယအနာဂတ္တိကျမ်းကို ကိုးကားပြီး “မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏” (မ ၄:၁၆၊ ဟေရှာ ၉:၂)ဟု လောက၌ ထွန်းလင်းသည့် အလင်းအကြောင်းကို သခင်ယေရှုကြွလာချိန်တွင် ဖော်ပြခဲ့သည်။ “သေမင်း၏ နိုင်ငံအရိပ်တွင်” ကျွန်ုပ်တို့နေထိုင်လျက်ရှိပြီး၊…

ဘုရား၏ကောင်းမြတ်ခြင်းများ လိုက်လာခြင်း

အထက်တန်းကျောင်းသူဘဝက ပထမဦးဆုံး ကျွန်မအလုပ်ဝင်ခဲ့သည့် အမျိုးသမီးအထည်စတိုးဆိုင်တွင် လုံခြုံရေးအမျိုးသမီးသည် ဈေးဝယ်သူကဲ့သို့ ဝတ်ဆင်ကာ သူခိုးဟုသူ‌တွေးထင်သည့် အမျိုးသမီးများနောက်သို့ လိုက်ကြည့်ခဲ့သည်။ စတိုးဆိုင်ပိုင်ရှင်များ သံသယရှိသည့်အတိုင်း မှန်နေသည့်လူများလည်းရှိသည်။ ဒုက္ခပေးမည့်ဟန် မရှိသူများကိုဖြင့် လွှတ်ထားသည်။ ကျွန်မလည်း စတိုးဆိုင်တွင် ပစ်မှတ်ထားခံရပြီး အလိုက်ခံခဲ့ရသော်လည်း လုပ်ကွက်များကို သိနေခြင်းကြောင့် စိတ်၀င်စားဖွယ် အဖြစ်အပျက်ဟုပင် ပြောရမည်။

ဆန့်ကျင်ဘက်အနေဖြင့် ဘုရား၏ကောင်းမြတ်ခြင်းနှင့်ကရုဏာကောင်းချီးမင်္ဂလာများ သူ့နောက်လိုက်ပါလာကြောင်း ဒါဝိဒ်ကြေညာခဲ့သည်။ ဤဆုကျေးဇူး နှစ်ပါးသည် သူ့နောက်သို့ သံသယ‌ကြောင့်မဟုတ်ဘဲ စစ်မှန်သောချစ်ခြင်းကြောင့် လိုက်ပါခဲ့သည်။ ထိုကျေးဇူးအစုံကို ဧဝံ‌‌‌ဂေလိဆရာ Charles Spurgeon (ချားလ်စ် စပါဂျင်)က “စောင့်ရှောက်သူ ကောင်းကင်တမန်အမွှာ” ဟု ခေါ်ပြီး ၎င်းတို့သည် ဆိုးရွား သည့်နေ့ရော၊ ကောင်းမွန်သည့်နေ့များတွင်ပါ ယုံကြည်သူများနောက်သို့ ကပ်လျက်လိုက်ပါသည်။ “အုံ့မှိုင်းသော ဆောင်းရက်များနှင့် တောက်ပသောနွေရက် များတွင်ပါ ကျေးဇူးတော်က ကျွန်ုပ်တို့၏လိုအပ်မှုများကို ဖြည့်ဆည်းပေးပြီး၊ ကရုဏာတော်က ကျွန်ုပ်တို့၏အပြစ်များကို…

တစ်ကမ္ဘာလုံး သီချင်းဆိုကြသည့်အခါ

၁၉၇၀ ပြည့်နှစ်များ၏ ကြော်ငြာသီချင်းသည် မျိုးဆက်တစ်ခုကို နိုးကြွစေခဲ့သည်။ ‘The Real Thing’ (စစ်မှန်သည့်အရာ)ဟူသည့် ကိုကာကိုလာကမ်ပိန်း၏ အစိတ်အပိုင်းအနေဖြင့် ဖန်တီးခဲ့သည့် သီချင်းကို The New Seekers အင်္ဂလိပ်အဆိုရှင်အဖွဲ့မှ သီချင်းအပုဒ်ရှည်အဖြစ် ပြန်လည်သီဆိုခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ဂီတမှတ်တမ်းတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ရောမမြို့ပြင် တောင်ထိပ်ပေါ်၌ လူငယ်တစုသီဆိုခဲ့သည့် မူရင်းရုပ်သံအဆိုမူကိုဖြင့် လူ အများစု မမေ့နိုင်ပါ။ သူတို့သည် စိတ်ကူးယဥ်ဆန်ဆန် ပျားပိတုန်းများ၊ သစ်သီးပင်များနှင့် တစ်မျိုးတစ်ဘာသာ နှစ်သက်ဖွယ်ကောင်းခဲ့သည့်သီချင်းကို အသံလွှင့် သီဆိုခြင်းဖြင့် နှလုံးသားနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် သီချင်းဆိုရန် ကမ္ဘာကြီးကို သင်ပြချင်ခဲ့သည့် တေးရေးဆရာ၏ဆန္ဒကို ထင်ဟပ်ဖော်ကျူးခဲ့သည်။

ထိုစိတ်ကူးအိပ်မက်ကဲ့သို့သော၊ သာ၍ကြီးမြတ်သောအရာကို တမန်တော်ရှင်ယောဟန်က ဖော်ပြခဲ့သည်။ “ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိသမျှသော ဝေနေယျ သတ္တဝါအပေါင်းတို့” သီဆိုမည့် သီချင်းကို…

သော့

Thomas Keating (သောမတ်စ် ခိတင်)သည် သူ၏ဂန္တ၀င်စာအုပ် ‘The Human Condition’ (လူ့အခြေအနေ)တွင် ဤအမှတ်ရဖွယ်ပုံပြင်ကို ရေးထားသည်။ အိမ်သော့ပျောက်နေသည့် ဆရာတစ်ဦးသည် မြေပေါ် ဒူးရောလက်ပါ ထောက်ပြီး မြက်ခင်းများကြားတွင် သော့ကို ရှာဖွေရာ၊ သူ၏တပည့်များက တွေ့သည့်အခါ ကူညီ၍ ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ပါ။ နောက်ဆုံးတွင် “ပို၍ဉာဏ်ကောင်းသည့် တပည့်တစ်ဦး”က “ဆရာ၊ ဆရာ့သော့ ဘယ်မှာပျောက်ခဲ့သလဲဆိုတာ မှတ်မိလား” ဟုမေးရာ ဆရာက “မှတ်မိတာပေါ့။ အိမ်ထဲမှာ ပျောက်တာ”ဟု ပြန်ဖြေသည်။ “ဒါဆိုဘာလို့ အပြင်မှာရှာနေတာလဲ” ဟု တပည့်များက အံ့အားသင့်စွာမေးရာ ဆရာက “‌မတွေ့ဘူးလား။ ဒီမှာအလင်းပိုရတယ်လေ” ဟု ပြန်ဖြေခဲ့သည်။

ကျွန်ုပ်တို့သည်လည်း “ဘုရား၏ချစ်မြတ်နိုးဖွယ် မျက်မှောက်တော်ကို ခံစားခြင်း ဟူသည့် ဘုရားနှင့်အကျွမ်းဝင်ရင်းနှီးမှု”သော့ကို ပျောက်တတ်ကြကြောင်း၊ “ထို‌အတွေ့အကြုံ မရှိဘဲ မည်သည့်အရာမျှ အလုပ်မဖြစ်သလို ထိုအကျွမ်းဝင်မှုရှိပါက မည်သည့်အရာမဆို…