သော့
Thomas Keating (သောမတ်စ် ခိတင်)သည် သူ၏ဂန္တ၀င်စာအုပ် ‘The Human Condition’ (လူ့အခြေအနေ)တွင် ဤအမှတ်ရဖွယ်ပုံပြင်ကို ရေးထားသည်။ အိမ်သော့ပျောက်နေသည့် ဆရာတစ်ဦးသည် မြေပေါ် ဒူးရောလက်ပါ ထောက်ပြီး မြက်ခင်းများကြားတွင် သော့ကို ရှာဖွေရာ၊ သူ၏တပည့်များက တွေ့သည့်အခါ ကူညီ၍ ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ပါ။ နောက်ဆုံးတွင် “ပို၍ဉာဏ်ကောင်းသည့် တပည့်တစ်ဦး”က “ဆရာ၊ ဆရာ့သော့ ဘယ်မှာပျောက်ခဲ့သလဲဆိုတာ မှတ်မိလား” ဟုမေးရာ ဆရာက “မှတ်မိတာပေါ့။ အိမ်ထဲမှာ ပျောက်တာ”ဟု ပြန်ဖြေသည်။ “ဒါဆိုဘာလို့ အပြင်မှာရှာနေတာလဲ” ဟု တပည့်များက အံ့အားသင့်စွာမေးရာ ဆရာက “မတွေ့ဘူးလား။ ဒီမှာအလင်းပိုရတယ်လေ” ဟု ပြန်ဖြေခဲ့သည်။
ကျွန်ုပ်တို့သည်လည်း “ဘုရား၏ချစ်မြတ်နိုးဖွယ် မျက်မှောက်တော်ကို ခံစားခြင်း ဟူသည့် ဘုရားနှင့်အကျွမ်းဝင်ရင်းနှီးမှု”သော့ကို ပျောက်တတ်ကြကြောင်း၊ “ထိုအတွေ့အကြုံ မရှိဘဲ မည်သည့်အရာမျှ အလုပ်မဖြစ်သလို ထိုအကျွမ်းဝင်မှုရှိပါက မည်သည့်အရာမဆို…
ဥယျာဉ်၏ အရှင်ဘုရား
လွန်ခဲ့သည့်နှစ်များစွာက Joni Mitchell (ဂျိုနီ မစ်ချယ်)သည် နတ်ဆိုးနှင့် “အပေးအယူ”လုပ်ပြီး ပိတ်မိနေသည့် လူသားမျိုးနွယ်ကို တွေ့ရှိသည့်အကြောင်း ‘Woodstock’ (ဝူ့စတော့မြို့)ဟူသည့် သီချင်းတစ်ပုဒ်ရေးစပ်ခဲ့သည်။ နားဆင်သူ များအား ရိုးရှင်းပြီး သာ၍ငြိမ်းချမ်းသော ဖြစ်တည်မှုကို ရှာဖွေရန်တိုက်တွန်းလျက် “ဥယျာဉ်တော်”သို့ ပြန်သွားခြင်းအကြောင်းကို သီဆိုခဲ့သည်။ ဘဝရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို တောင့်တနေသည့် မျိုးဆက်ကို သူရည်ညွှန်းခြင်း ဖြစ်သည်။
မစ်ချယ်ရည်ညွှန်းသော “ဥယျာဉ်”သည် ဧဒင်ဥယျာဉ်ဖြစ်သည်။ ဧဒင်သည် အစအဦးတွင် ဘုရားသခင် ကျွန်ုပ်တို့ အတွက်ဖန်ဆင်းထားသည့် သုခဘုံဖြစ်သည်။ အာဒံနှင့်ဧ၀တို့ စာတန်နှင့် အပေးအယူ မလုပ်မီအထိ ဥယျာဉ်ထဲတွင် ဘုရားသခင်နှင့် အချိန်မှန် တွေ့ဆုံခဲ့သည်(က ၃:၆-၇)။ စာတန်နှင့် အပေးအယူပြုပြီးနောက် တွင်မူ အခြေအနေက ကွဲပြားခဲ့သည်။ “နေအေးသောအချိန်တွင် ထိုဥယျာဉ်၌ ထာ၀ရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည် ကြားလျှင် အထံတော်မှ လွတ်ခြင်းငှာ…
ပေါ့ပေါ့ပါးပါး ခရီးသွား
ဂျိမ်း(စ်)သည် အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့မှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့အထိ မိုင်ပေါင်း ၁၂၅ဝ ရှည်လျားသည့် တစ်ကိုယ်တော်စက်ဘီးခရီး စွန့်စားခန်းကို စတင်ခဲ့သည်။ သူခရီး စခဲ့သည့်နေရာမှ မိုင် (၉၅ဝ)ခန့်ဝေးသည့် ဘစ်ဆားကမ်းမြောင်ဒေသတွင် ကျွန်မ၏သူငယ်ချင်းတစ်ဦးနှင့် သူဆုံခဲ့သည်။ စခန်းချရန် လိုအပ်သည့်အသုံးအဆောင်များ လမ်းတွင် အခိုးခံရကြောင်း သူပြောပြသောအခါ ကျွန်မသူငယ်ချင်းက စောင်နှင့်အနွေးထည်တို့ လိုအပ်ပါက ယူသွားရန် ပြောခဲ့သည်။ သို့သော် သူငြင်းခဲ့သည်။ တောင်ဘက် ပူနွေးသောအပိုင်းသို့ဦးတည်နေ၍ ဝန်ကိုလျှော့ပစ်ရန် လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ ခရီးဆုံးနှင့်နီးလာလေလေ ပင်ပန်းမှုဒဏ်က ဖိစီးလေလေဖြစ်သဖြင့် သူ၏ဝန်ထုတ်များကို လျော့ချရန် လိုအပ်ပါသည်။
ဂျိမ်း(စ်)၏အတွေးသည် ပါးနပ်သည်။ ဟေဗြဲသြဝါဒစာရေးသူ ထောက်ပြနေသော သင်ခန်းစာသည်လည်း ထိုအချက်ပင်ဖြစ်သည်။ ဘဝခရီးနှင်သောအခါ “ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား”ရန် (၁၂:၁) အထူးလိုအပ်သည်။ အားမာန်နှင့်ဆက်လက်လျှောက်လှမ်းနိုင်ရေး ဝန်ပေါ့ရန် လိုသည်မဟုတ်ပါလား။
သခင်ယေရှုကို…
ထာဝရဘုရား သိတော်မူ၏
စိတ္တဇပန်းချီကားကြီးရှေ့၌ရပ်လျက် အနုပညာကိုခံစားနေသော ချစ်သူနှစ်ဦးသည် ပန်းချီကားအောက်နားတွင် အဖုံးဖွင့်ထားသောဆေးဘူးနှင့် စုတ်တံတို့ကိုတွေ့လိုက်သည်။ “မပြီးပြတ်သေးသောလက်ရာ”ဖြစ်ပြီး မည်သူမဆိုပါဝင်ရေးဆွဲနိုင်သည်ဟု အထင်မှားကာ သူတို့သည် ဆေးရောင်အချို့ဖြည့်စွက်ခြယ်ခဲ့ကြသည်။ အမှန်စင်စစ် မူရင်းပန်းချီဆရာက ပန်းချီကားကိုရေးဆွဲပြီးသည့်သဘောနှင့် ဆေးဘူးနှင့်စုတ်တံတို့ကို တမင်ပြသထားခြင်းသာဖြစ်သည်။ မှတ်တမ်းဗီဒီယိုကို ပြန်ကြည့်ပြီးနောက် ၎င်းသည် နားလည်လွဲမှုသက်သက်သာဖြစ်ကြောင်း အသိအမှတ်ပြုပြီး အရေးမယူခဲ့ပေ။
ယော်ဒန်မြစ်အရှေ့ဘက်ခြမ်းရှိ ဣသရေလလူမျိုးတို့သည်လည်း ထူးကဲသော ယဇ်ပုလ္လင်ကို တည်ထောင်သဖြင့် နားလည်မှုလွဲခံခဲ့ရခဲ့ဖူးသည်။ မြစ်အနောက်ဘက်ကမ်းမှ လူမျိုးတို့သည် ယင်းလုပ်ရပ်ကို ဘုရားသခင်ကိုပုန်ကန်သောလုပ်ရပ် ဟုမှတ်ယူပြီး အမျက်ထွက်ကြသည်။ တဲတော်သည်သာ ထာဝရဘုရား အလိုတော်နှင့်ညီသည့် ဝတ်ပြုရာနေရာဖြစ်ကြောင်း လူတိုင်းသိသည် (ယောရှု ၂၂:၁၆)။
ထာဝရဘုရားအား ကိုးကွယ်ရန်၊ ယဇ်မျိုးတို့ကိုပူဇော်ရန် ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံတူ တည်ခြင်းသာဖြစ်ကြောင်း မြစ်အရှေ့ဘက်မှ လူမျိုးစုခေါင်းဆောင်တို့ ရှင်းပြသောအခါ တင်းမာမှုများ ဖြေလျော့သွားသည်။ နောင်ကာလ၌ ၎င်းတို့သားမြေးများသည် အခြားသော ဣသရေလလူမျိုးသားမြေးတို့နှင့် ဝိညာဥ်ရေးရာနှင့် ဘိုးဘေးဘီဘင်ချင်း သက်ဆိုင်မှုကို သိမှတ်နိုင်ခြင်းငှာတည်သော…
ရင့်ကျက်ပြောင်းလဲရန် အလိုတော်ရှိသည်
ပင်လယ်ဖြန်း (sea squirt) ဟူသောသတ္တဝါသည် အလွန်တစ်ရာထူးဆန်းသည်။ ၎င်းသည် ပင်လယ်ကြမ်းပြင်မှ ကျောက်တုံးနှင့်ခရုခွံများပေါ် ကပ်တွယ်ထားပြီး ရေစီး ကြောင်းအတိုင်း ယိမ်းနွဲ့နေသော ပလပ်စတစ် ပြွန်လေးကဲ့သို့ ဖြစ်သည်။ ဖြတ်သန်း စီးဆင်းနေသော ပင်လယ်ရေမှ အာဟာရဓာတ်များကို ရယူအားပြုရင်း ငယ်နုစဉ် ရှင်သန်သည့်သက်တမ်း လွန်ပြီး ယခုတွင် ငြိမ်သက်စွာ ဆက်လက်ရှင်သန်နေသည်။
ပင်လယ်ဖြန်းလေး၏ဘဝသည် ဖားလောင်းဘဝမှ စတင်ပြီး ကျောရိုးတိုင်နှင့်ဦးနှောက်က အစာရှာရန်နှင့် အန္တရာယ်ကိုသိရန် ထောက်ပံ့ပေးသည်။ ငယ်ရွယ်စဉ်က သမုဒ္ဒရာကို စူးစမ်းရှာဖွေရင်း အသက်ရှင်ကြသော်လည်း အရွယ်ရောက်သောအခါ ပြောင်းလဲလာသည်။ ကျောက်တုံးတွင် ထာဝရကုပ်တွယ်ရင်း စူးစမ်းရှာဖွေမှုမပြု၊ ဆက်လက်ကြီးထွားမှု မပြုကြတော့ပါ။ သက်တမ်းကုန်မည့်ရက်ကို မျှော်နေသယောင် ကိုယ့်ဦးနှောက်ကိုပင်ပြန်စားမိသော သတ္တဝါများ ဖြစ်ကြသည်။
လှုပ်လီလှုပ်လဲ့နှင့် တွေးခေါ်ချင့်ချိန်ခြင်းမရှိဘဲ ရေလှိုင်းအတိုင်းယိမ်းနွဲ့ရင်း ပင်လယ်ဖြန်းလေးများ၏ဘဝကဲ့သို့ အသက်မရှင်ကြရန် ရှင်ပေတရုက ကျွန်ုပ်တို့ကို သတိပေးလျက်ရှိသည်။ ရင့်ကျက်ကြီးထွားခြင်းသည် ဘုရားပကတိကို ဆက်ဆံနိုင်သူဖြစ်ခြင်းကြောင့်…
အနာပျောက်ကင်းသည့်ပမာ အသက်ရှင်ခြင်း
အိန္ဒိယပြည်မှ ညီအစ်မနှစ်ယောက်သည် မွေးစကပင် အမြင်ကွယ်ခဲ့သည်။ သူတို့၏ ဖခင်မှာ တာဝန်အကျေဆုံးသောဖခင် ဖြစ်လင့်ကစား သူ့သမီးနှစ်ယောက်အတွက် မျက်စိအလင်းပေးနိုင်မည့် ခွဲစိတ်ခ မတတ်နိုင်ခဲ့ပါ။ သို့သော် သူတို့နေထိုင်ရာဒေသသို့ ယာယီစီမံချက်ဖြင့် ကွင်းဆင်းဆရာဝန်တစ်ဖွဲ့ ရောက်ရှိလာသည်။ ခွဲစိတ်မှုအပြီး နောက်တစ်နေ့မနက်တွင် သူနာပြုဆရာမက ပတ်တီးဖြေပေးရာ၊ ကလေးမလေးနှစ်ဦး၏မျက်နှာ၌ အပြုံးပန်းများဝေနေသည်။ တစ်ဦးကမူ “အမေ၊ ကျွန်မမြင်ရပြီ၊ ကျွန်မမြင်နိုင်ပြီ” ဟု ဝမ်းသာအားရအော်လိုက်သည်။
မွေးစကပင် ခြေမသန်စွမ်းသူတစ်ဦးသည်လည်း ဗိမာန်တော်အဝ သူထိုင်နေကျ နေရာလေး၌ မလှုပ်မယှက်ထိုင်ရင်း တောင်းစားနေခဲ့သည်။ ရှင်ပေတရုက “ငါ၌ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့” (တ ၃:၆)ဟု ဆိုသည်။ ထိုလူသည် “ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏” (:၈)။
မျက်မမြင် ညီအစ်မနှစ်ဉီးနှင့်…
ဘုရားသခင် သင့်ကို မြင်တော်မူသည်
ကလေးနှစ်ဉီး၏တာဝန်ကို တစ်ယောက်တည်းထမ်းနေရသော ကျွန်မသူငယ်ချင်းအယ်မာ့အတွက် နံနက်စောစောအချိန်များသည် ပျော်ရွှင်ဖွယ် မကောင်းလှပါ။ “အရာအားလုံးက တိတ်ဆိတ်နေတဲ့အခါ ပူပန်စရာတွေက ခေါင်းထဲဝင်လာရော။ အိမ်အလုပ်တွေလုပ်နေရင်း ကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ ငွေရေးကြေးရေး ကိစ္စတွေကို ပူနေမိတယ် ”ဟု သူမပြောဖူးသည်။
သူမခင်ပွန်း သူ့ကို ထားခဲ့ပြီးနောက်ပိုင်း ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရန် သူတာဝန်ယူရင်ဆိုင်ခဲ့သည်။ “ရုန်းကန်ရပေမယ့် ဘုရားရှင်က အမြဲကျွန်မနဲ့ကျွန်မမိသားစုကို ကြည့်နေတယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မအလုပ်နှစ်ခု လုပ်နိုင်ဖို့ ခွန်အားပေးတယ်။ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတယ်။ ဘုရားရဲ့ ကာကွယ်စောင်မမှုကို ကျွန်မကလေးတွေ ေနေ့တိုင်းခံစားရတယ်”ဟု သူဆိုသည်။
အဲဂုတ္ထုပြည်သူ ကျွန်မလေး ဟာဂရသည်လည်း ဘုရားသခင်မြင်တော်မူခြင်း ဟူသည့်သဘောကို နားလည်သည်။ အာဗြံ၏ကိုယ်ဝန်လွယ်ထားရသည့်နောက် စာရဲကို မထီမဲ့မြင်ပြုခြင်းကြောင့် (က ၁၆:၄) သခင်မ၏ညှဉ်းဆဲမှုကိုခံရပြီး၊ နောက်ဆုံးတွင် သဲကန္တာရထဲ ထွက်ပြေးရသည့်ဘဝ ရောက်သွားသည်။ သူမနှင့် မမွေးသေးသည့် ရင်သွေးငယ်အတွက် မျှော်လင့်ချက်မဲ့ပြီး စမ်းတဝါးဝါး…
ရှာဖွေတွေ့ရှိမှုတစ်ခု
၂၀၂၁ ခုနှစ်က ရေငုပ်နေစဉ်၊ ဂျနီဖာ၏မျက်လုံးများသည် မြစ်ကြမ်းပြင်ရှိ အစိမ်းရောင် ပုလင်းငယ်ကို စူးစိုက်ကြည့်ရင်း “တစ်သက်မှာ တစ်ခါသာ ရှာဖွေတွေ့ရှိရသော”အရာကို သူကောက်ယူခဲ့သည်။ ပုလင်းထဲတွင် ၁၉၂၆ ခုနှစ်က လူငယ်တစ်ဦး သူ၏ (၁၈)နှစ်မြောက် မွေးနေ့တွင် ရေးထားသောစာပါရှိသည်။ ထိုစာတွင် ပုလင်းကိုတွေ့လျှင် သူအား ပြန်ပေးရန်တောင်းဆိုထားသည်။ ထိုကြောင့် ထိုသူ၏ ဝမ်းမြောက်ပျှော်ရွှင်သွားသော မိသားစုဝင်တစ်ဦးကို ဖေ့စ်ဘွတ်မှတဆင့် ဂျနီဖာ ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၉၅ တွင် ထိုသူ ကွယ်လွန်ခဲ့သော်လည်း၊ သူ၏တစ်ချိန်က လျို့ဝှက်မှတ်စုတိုသည် ဂျနီဖာနှင့် ထိုသူ၏မိသားစုအား ပျော်ရွှင်စေခဲ့သည်။
ဓမ္မရာဇဝင်စတုတ္ထစောင် ၂၂:၈ တွင် ယဇ်ပရောဟိတ်မင်း ဟိလခိသည် “ပညတ္တိကျမ်းစာစောင်ကိုဗိမာန်တော်၌” တွေ့ရှိခဲ့ပြီး ၎င်းသည် တစ်မူထူးခြားသော တွေ့ရှိမှုဖြစ်ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ ယဇ်ပရောဟိတ်မင်းသည် တရားဟောရာကျမ်း ဖြစ်နိုင်သည့်ကျမ်းကို တွေ့ရှိခဲ့သည်။ ရှင်ဘုရင်သည် ထိုကျမ်းစာပါ သတင်းစကားကို ကြားသောအခါ၊ အလွန်စိတ်တို့ထိသွားသလို…
နှိမ့်ချမှုကို သင်ပေးသော သရေစာအိတ်
သရေစာမုန့်အိတ်လေးက သေးငယ်သော်လည်း အမေရိကန်သာသနာပြုတစ်ဦးကို သင်ခန်းစာကြီးကြီး သင်ပေးခဲ့သည်။ ဒိုမီနီကန်သမ္မတနိုင်ငံ၌ သူအလုပ်လုပ်စဥ် တစ်ညနေတွင် ဘုရားကျောင်းဝတ်ပြုစည်းဝေး၌ အာလူးကြော်ထုပ်ကို စားရန်ဖောက်လိုက်သည်။ ထိုစဥ် သူမ သိပ်မသိသော အမျိုးသမီးတစ်ဦးသည် အိတ်ထဲမှ အကြော်အချို့ကို နှိုက်ယူသွားသည်။ အခြားသူများလည်း လာရောက်ယူကြသည်။
ရိုင်းလိုက်တာဟု သာသနာပြုဆရာမ တွေးမိသော်လည်း နောက်ပိုင်းတွင် နှိမ့်ချစေသောသင်ခန်းစာကို သဘောပေါက်နားလည်ခဲ့သည်။ သူအမှုတော်ဆောင်ရန် သဘောတူထားသည့် တိုင်းပြည်၏ယဉ်ကျေးမှုကို နားမလည်သေးပါ။ အမေရိကန်နိုင်ငံတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးပေးသော်လည်း ဒိုမီနီကန်သမ္မတနိုင်ငံရှိလူများသည် အသိုင်းအဝိုင်းဖြင့်နေထိုင်ကြောင်း သူသိလာခဲ့သည်။ အစားအသောက်နှင့် ကုန်ပစ္စည်းများကို မျှဝေခြင်းက လူအချင်းချင်း၏ဆက်ဆံပုံဖြစ်သည်။ သူမနိုင်ငံ၏နည်းလမ်းက ပိုကောင်းခြင်းမဟုတ်ဘဲ မတူညီခြင်းသာဖြစ်သည်။ “ကိုယ့်အကြောင်းကို ပြန်သိရှိရတာ အရမ်းနှိမ့်ချရိုကျိုးစရာပါပဲ” ဟု သူမ ဝန်ခံခဲ့သည်။ သူမ၏ကိုယ်ပိုင်အစွဲ၊ ဘက်လိုက်မှုများကို ပြန်မြင်လာပြီး၊ အခြားသူများနှင့် နှိမ့်ချစွာ ဝေမျှခြင်းက ဒေသခံတို့အား ပို၍ကောင်းစွာအစေခံနိုင်ရန် အထောက်အကူဖြစ်စေကြောင်း သင်ယူခဲ့ရသည်။
“နှိမ့်ချမှုဖြင့်…
မလိုလားသောဧည့်သည်များ
ခိုင်းလ် နှင့် အဲလစ်စင်သည် ထူးခြားဆန်းပြားသော နေရာတစ်ခုတွင် ဟန်းနီးမွန်း ထွက်ခဲ့ကြသည်။ သူတို့အိမ်ပြန်ရောက်သောအခါ ခိုင်းလ်၏ခြေထောက်များတွင် ထူးဆန်းပြီး ယားယံသောအဖုများ ထွက်လာသည်ကို တွေ့ရှိခဲ့သည်။ သူတို့အား ကူးစက်ရောဂါအထူးကုထံပြသရန် ညွှန်းကြပြီး၊ ထိုအဖုများသည် ခိုင်းလ်၏ ညှပ် ဖိနပ်အသစ်ကြောင့်ဖြစ်သောပြည်ဖုများမှတဆင့် အသားထဲသို့ ကပ်ပါးငယ်များ ဝင်ရောက်ခြင်းကြောင့်ဟု ဆရာဝန်က ဆိုသည်။ စိတ်ကူးယဥ်အပန်းဖြေခရီးသည် မလိုလားသော ‘ဧည့်သည်များ’ ၏စိန်ခေါ်မှုတိုက်ပွဲဖြင့် အဆုံးသတ်ခဲ့ရသည်။
အပြစ်ကိုတိုက်ဖျက်ရန် ဘုရားရှင်ထံ မစမှုမတောင်းခံပါက ဘုရားနှစ်သက်သောအသက်တာဖြင့် အသက်ရှင်နေထိုင်မည့် စိတ်ကူးအိပ်မက်က မလိုလားအပ်သော ဧည့်သည်များဖြစ်သည့် အပြစ်နှင့်မနာခံမှုတို့နှင့် စစ်ဖြစ်ခြင်းသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဒါဝိဒ်သိသည်။ သဘာဝလောကတွင် ဘုရားသခင်ကို မည်သို့ပုံဖော်ပြထားကြောင်း (ဆာ ၁၉:၁-၆)နှင့် ကိုယ်တော်၏သွန်သင်ချက်တွင် တွေ့ရသော ကိုယ်တော်၏ဉာဏ်ပညာ (:၇-၁၀)ကို ဒါဝိဒ်စပ်ဆိုပြီးနောက် မရည်ရွယ်သော၊ မောက်မာသော၊ တမင်မနာခံမှုအန္တရာယ်မှ ကာကွယ်ရန် ဘုရားသခင်ကို ဒါဝိဒ်တောင်းဆိုခဲ့သည်။ “မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကို…