အမြဲသတိရှိပါ
အမျိုးသားတစ်ဦးနှင့် သူငယ်ချင်းတို့သည် နှင်းတောင်ပြိုကျနိုင်ကြောင်း သတိပေးဆိုင်းဘုတ်စိုက်ထူထားသည့် နှင်းလျောစီးအပန်းဖြေစခန်း၏ဂိတ်ဝင်ပေါက်ကိုဖြတ်ဝင်ကာ နှင်းလျှောစီးနေပါသည်။ နှင်းလျှောစီးသည့် ဒုတိယတစ်ကြော့တွင် တစ်စုံတစ်ယောက်က “နှင်းတောင်ပြိုပြီ” ဟု အော်ပြောသော်လည်း ထိုလူသည် မလွတ်ဘဲ နှင်းထုေအောက်၌ နှစ်မြှုပ်ဆုံးပါးသွားသည်။ အချို့က သူ့ကို အတွေ့အကြုံမရှိသော လူသစ်ဟုသမုတ်ကာ ဝေဖန်ကြသည်။ စင်စစ် သူသည် လူသစ် မဟုတ်ပါ။ “နှင်းတောင်ပြိုကျမှုဆိုင်ရာ လိုင်စင်ရ တောရိုင်းဒေသ ဧည့်လမ်းညွှန်” တစ်ဦးဖြစ်သည်။ နှင်းတောင်ပြိုကျမှုဆိုင်ရာလေ့ကျင့်မှု အများဆုံး ခံယူထားသော နှင်းလျှောစီးသူများသည် လွဲမှားသော ဆင်ခြင်များပေးတတ်ပြီး “(နှင်းလျှောစီးသူသည်) မဆင်မခြင် သတိမဲ့စွာ ပြုမူခဲ့ခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်” ဟု သုတေသီတစ်ဦးက ပြောကြားခဲ့သည်။
ဣသရေလလူမျိုးများသည် ကတိထားရာပြည်သို့ဝင်ရန် ပြင်ဆင်စဥ်တွင်၊ ဘုရားသခင်က သူ၏လူများကို အမြဲသတိချပ်ကာ နိုးနိုးကြားကြားရှိစေလိုသည်။ ထို့ကြောင့် သူ၏ “စီရင်ထုံးဖွဲ့ချက်များနှင့် ပညတ်တရားများ” အားလုံးကို နာခံရန် မိန့်မှာလျက် (တရား ၄:၁-၂)၊…
သင့်အသံကို အသုံးပြုပါ
လီစာသည် အသက် (၈) နှစ်အရွယ်ကတည်းက စကားထစ်သည့်ရောဂါဖြင့် ရုန်းကန်ခဲ့ရပြီး လူအများနှင့်စကားပြောဆိုရန် လိုအပ်သည့် လူမှုရေးအခြေအနေများကို ကြောက်ရွံ့ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စကားပြောကုထုံးအားဖြင့် သူမ၏စိန်ခေါ်မှုကို ကျော်လွှားရန် အထောက်အကူဖြစ်ခဲ့ပြီးနောက် လီစာသည် အခြားသူများကို ကူညီမစရန် သူမ၏အသံကို အသုံးပြုစိမ့်သောငှာ ဆုံးဖြတ်ခဲ့သည်။ သူမသည် စိတ်ထိခိုက်နာကျင်မှုများအတွက် အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းတစ်ခုတွင် အတိုင်ပင်ခံအဖြစ် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။
မောရှေသည် ဣသရေလလူမျိုးတို့ကို ကျွန်သုံ့ပန်းဘဝမှ ထုတ်ဆောင်ရန် ဦးဆောင်ရသည်တွင် စကားပြောဆိုခြင်းနှင့်ပတ်သက်၍ စိုးရိမ်သောကကို ရင်ဆိုင်ခဲ့ရသည်။ ဖာရောဘုရင်နှင့် စကားပြောရန် ဘုရားသခင်က ပြောသောအခါ မောရှေသည် သူ၏စကားပြောစွမ်းရည်ကို စိတ်မချသောကြောင့် ကန့်ကွက်ခဲ့သည် (ထွက် ၄:၁၀)။ ထာဝရဘုရားကလည်း “လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း” ဟုပြန်ပြောပြီးနောက် “သင်၏နှုတ်၌ ငါရှိ၍ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်” (:၁၁-၁၂)ဟု မောရှေအား ကတိပေးခဲ့သည်။
ဘုရားသခင်၏…
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
၁၉၁၇ ခုနှစ်တွင် ငွေကြေးအဆင်မပြေဖြစ်နေသော အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ လုပ်ငန်းရှင် Frederick Lehman (ဖရက်ဒရစ်လီမန်)သည် “ဘုရားသခင်၏ချစ်ခြင်းမေတ္တာ” ဟူသော ဓမ္မသီချင်းစာသားကို ရေးစပ်ခဲ့သည်။ သူသည် စျာန်ဝင်နေချိန်၌ ပထမနှစ်ပိုဒ်ကို မြန်မြန်ဆန်ဆန် ရေးနိုင်ခဲ့သော်လည်း တတိယအပိုဒ်ကို ရေးမရ ဖြစ်နေခဲ့သည်။ ထိုအခါ ယခင်နှစ်များက ရှာတွေ့ရှိခဲ့သော ထောင်နံရံ၌ ရေးထားသည့် ကဗျာတစ်ပုဒ်ကို သူပြန်သတိရမိသည်။ အကျဉ်းသားတစ်ဦးသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစွာ သိရှိနားလည်ကြောင်း ကျောက်နံရံပေါ်တွင် ရေးခြစ်ကဗျာဖွဲ့ခဲ့သည်။ ကဗျာစာသားက လီမန်၏ဓမ္မသီချင်းနှင့် ကိုက်ညီနေသဖြင့် ထိုကဗျာကို သီချင်း၏တတိယအပိုဒ်အဖြစ် ရေးလိုက်သည်။
လီမန် နှင့် ထောင်ထဲမှ ကဗျာဆရာကဲ့သို့ ကျွန်ုပ်တို့၌ ခက်ခဲဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရသောအချိန်များ ရှိကြသည်။ ထိုသို့ စိတ်ပျက်အားငယ်ချိန်တွင် “(ဘုရားသခင်၏) အတောင်တော်အရိပ်၌ ခိုလှုံပါ၏” (ဆာ ၅၇:၁)ဟူ၍ ဆာလံဆရာဒါဝိဒ်၏စကားအတိုင်း ပြောနိုင်ပါသည်။ ကျွန်ုပ်တို့၏အခက်အခဲများကို ဘုရားသခင်ထံ “အော်ဟစ်နိုင်ပါသည်”…
သေးငယ်သောကြင်နာမှု
အမန်းဒါ သည် ဘိုးဘွားရိပ်သာများစွာတွင် အလှည့်ကျဝင်ထွက်ကာ စောင့်ရှောက်မှုပေးသော သူနာပြုတစ်ဦးဖြစ်ပြီး၊ တစ်ခါတစ်ရံ သူမ၏ (၁၁) နှစ်အရွယ်သမီး ရူဘီ ကို အလုပ်သို့ ခေါ်လာလေ့ရှိသည်။ တစ်ခုခုလုပ်ပေးနိုင်ရန်အတွက် ရူဘီက ရိပ်သာရှိ ဘိုးဘွားများကို “အဘိုးတို့မှာ အရာသုံးမျိုး ရရှိနိုင်မယ်ဆိုရင် ဘာလိုချင်လဲ” ဟု မေးသည်။ ထို့နောက် သူတို့၏အဖြေများကို သူမ၏မှတ်စုစာအုပ်၌ ရေးမှတ်ထားပါသည်။ အံ့သြစရာမှာ သူတို့၏ဆန္ဒအများစုမှာ ဝက်အူချောင်း၊ ချောကလက်မုန့်၊ ဒိန်ခဲ၊ ထောပတ်သီး စသည့် အသေးအမွှားလေးများသာဖြစ်သည်။ ထို့ကြောင့် ရူဘီသည် သူတို့၏ရိုးရှင်းသောဆန္ဒများကို ကူညီဖြည့်ဆည်းပေးရန်အတွက် ‘GoFundMe’ ရန်ပုံငွေရှာသည့် ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့သည်။ လက်ဆောင်ပစ္စည်းများ ပေးအပ်သောအခါတွင် ပွေ့ဖက်ပေးသေးသည်။ “အဲဒါက ဘိုးဘိုး ဘွားဘွားတို့ကို အားဖြစ်စေတယ်။ တကယ်ပါ” ဟု သူမက ပြောပါသည်။
ရူဘီကဲ့သို့ ကရုဏာနှင့်ကြင်နာမှုကို ကျွန်ုပ်တို့ပြသသောအခါ ကျေးဇူးပြုတတ်၍ သနားကြင်နာတတ်သည့်…
နှစ်ခုလုံး မှန်ပါသည်
ဆယ်စုနှစ်သုံးစုကြာပြီးနောက် Feng Lulu (ဖန်လုလု)သည် မွေးမိဘများနှင့် ပြန်လည် ဆုံစည်းခဲ့သည်။ လမ်းလျှောက်တတ်စအရွယ်တွင် အိမ်အပြင်၌ကစားနေစဥ် ပြန်ပေးဆွဲခံရသော်လည်း ‘All-China’ တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ ကူညီမှုဖြင့် နောက်ဆုံးတွင် သူမရှိသည့်နေရာကို ခြေရာခံနိုင်ခဲ့သည်။ ပြန်ပေးဆွဲခံရစဉ်က အလွန်ငယ်သောကြောင့် လုလုသည် အဖြစ်မှန်ကို မမှတ်မိပါ။ မိဘများက မကျွေး မွေးနိုင်၍ သူ့ကိုရောင်းစားသည်ဟု ယုံကြည်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် အမှန်တရားကိုသိရသောအခါ မေးခွန်းများစွာ၊ ခံစားချက်ပေါင်းများစွာ ခံစားခဲ့ရသည်။
ယောသပ်သည် အစ်ကိုများနှင့်ပြန်လည်ဆုံတွေ့သောအခါ ရှုပ်ထွေးမှုကို ခံစားခဲ့ရဟန်ရှိသည်။ လူငယ်ဘဝတွင် အစ်ကိုများက သူ့ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းစားခဲ့သည်။ နာကျင်စရာအလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ယောသပ်အား အာဏာတန်ခိုးရှိသော ရာထူးသို့ ပို့ဆောင်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးသောကာလတွင် အစ်ကိုများ အဲဂုတ္တုပြည်သို့ ရိက္ခာဝယ်ရန် ရောက်လာသောအခါ မရည်ရွယ်ဘဲ သူ့ထံမှ ဝယ်ယူခဲ့ကြရသည်။
သူတို့ပြစ်မှားခဲ့သောအရာမှ ဘုရားသခင်ရွေးနုတ်ကြောင်း ယောသပ်သိရှိခြင်းကြောင့် “ကြီးစွာသောကယ်တင်ခြင်းအားဖြင့်…
အရင်းအမြစ်
၁၈၅၄ ခုနှစ်တွင် လန်ဒန်မြို့၌ တစ်စုံတစ်ခုသောအရာသည် လူထောင်ပေါင်းများစွာကို သေစေခဲ့သည်။ ညစ်ညမ်းသောလေထုဟု လူများက ထင်ကြသည်။ အမှန်ပါ။ ပုံမှန် မဟုတ်သောအပူရှိန်ကြောင့် မိလ္လာစွန့်ရေဆိုးများရှိသည့် River Thames (သိမ်းစ် မြစ်ရေ)မှာ ပုပ်စော်နံပြီး ယင်းအနံ့သည် အလွန်ဆိုးရွားသောကြောင့် ၎င်းကို ‘The Great Stink’ (အနံ့ဆိုးကြီး)ဟု လူသိများခဲ့သည်။
သို့သော် လေထုက အဆိုးဆုံးပြဿနာ မဟုတ်ပါ။ ညစ်ညမ်းသောရေသည် ကာလဝမ်း ကပ်ရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်ကြောင်းကို Dr. John Snow (ဒေါက်တာဂျွန်စနိုး)၏ သုတေသနပြုချက်က ဖော်ပြထားပါသည်။
ကောင်းကင်ထိ ပုပ်စပ်နံစော်နေသော အခြားပြဿနာတစ်ခုကို ကျွန်ုပ်တို့လူသားများ သတိပြုမိခဲ့သည်မှာ ကြာပါပြီ။ ပျက်စီးနေသောကမ္ဘာတွင် နေထိုင်လျက် ထိုပြဿနာ၏အရင်းအမြစ်ကို အလျင်စလို မှားယွင်းစွာဖော်ထုတ်ပြီး ရောဂါလက္ခဏာအနေနှင့်သာ ကုသကြသည်။ အမြော်အမြင်ရှိသော လူမှုရေးအစီအစဉ် နှင့် မူဝါဒများသည် ကောင်းကျိုးပြုသော်လည်း၊ လူ့အဖွဲ့အစည်းဖျားနာရသည့်…
မိတ်ဆွေတို့၏အမွေ
အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာဆရာအဖြစ်ရော၊ ဘတ်စ်ကတ်ဘောနည်းပြ အဖြစ်ပါ လုပ်ခဲ့သည့် ၁၉၇၀ ခုနှစ်တွင် သူနှင့်ကျွန်တော် စတွေ့ခဲ့သည်။ ထိုစဉ်က သူသည် အရပ်မြင့်မြင့် ကလန်ကလားနှင့် ပထမနှစ်ကျောင်းသားဖြစ်သည်။ မကြာမီ ကျွန်တော်၏ ဘတ်စ်ကတ်ဘောအသင်းနှင့် အတန်းများသို့ သူပါဝင်တက်ရောက်ခဲ့ပြီး မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ထိုမိတ်ဆွေသည် နှစ်ပေါင်းများစွာ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး ကျွန်တော်အငြိမ်းစားယူချိန် နှုတ်ဆက်ပွဲတွင် ကျွန်တော့်ရှေ့ရပ်ကာ ကျွန်တော်တို့၏ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်း၀င်မှု၏ အမွေအနှစ်အကြောင်း ဝေမျှခဲ့သည်။
ကျွန်တော်တို့ကို အားပေးပြီး၊ သခင်ယေရှုနှင့်သာ၍နီးစေသည့် ဘုရား၏ ချစ်ခြင်းမေတ္တာအားဖြင့် ဆက်နွယ်နေကြသည့် မိတ်ဆွေများ၏ ထူးခြားချက်ကား အဘယ်နည်း။ သုတ္တံဆရာက မိတ်ဆွေများ၏ ချစ်ကြည်ရင်းနှီးခင်မင်မှုတွင် အားတက်ဖွယ် အစိတ်အပိုင်း (၂) ခုပါ၀င်ကြောင်း နားလည်ခဲ့သည်။ ပထမအချက်မှာ အကြံပေးဖို့ရော၊ အကြံရယူဖို့ရော မလွယ်ကူသည့်တိုင် စစ်မှန် သော မိတ်ဆွေများသည် တန်ဖိုးရှိသည့်အကြံကိုသာ ပေးသည်။ “အဆွေခင်ပွန်းသည်…
ပညာရှိလား၊ ပညာမဲ့လား
ကျွန်တော် (၁၀) နှစ်သားအရွယ်က ခေတ်ပေါ်ခရစ်ယာန်တေးဂီတအဖွဲ့၏ သီချင်း ကက်ဆက်ခွေကို လူငယ်အဖွဲ့သူငယ်ချင်းထံမှ တောင်းပြီး အိမ်သို့ယူခဲ့သည်။ ဟိန္ဒူမိသားစုတွင် ကြီးပြင်းခဲ့ပြီး ခရစ်တော်၏ကယ်တင်ခြင်း ဆုကျေးဇူးကို ရခဲ့သူ ကျွန်တော့်အဖေက လက်မခံခဲ့ပါ။ အိမ်၌ ဝတ်ပြုကိုးကွယ်ခြင်းသီချင်းကိုသာ သူဖွင့်စေခဲ့သည်။ “ဒါက ခရစ်ယာန်အဖွဲ့ပါ”ဟု ကျွန်တော်ရှင်းပြသော်လည်း သူ့စိတ်မပြောင်းလဲပါ။ အတန်ကြာပြီးနောက် ကျွန်တော့်အားထိုသီချင်းများကို တစ်ပတ်ခန့် နားထောင်စေပြီး၊ ၎င်းတို့သည် ကျွန်တော့်ကို ဘုရားနှင့်နီးစေသလား (သို့) ပိုဝေးစေသလားကို ဆုံးဖြတ်ပါဟု အဖေအကြံပြုခဲ့သည်။ ထိုအကြံတွင် အထောက်အကူပြုသော ပညာဉာဏ်ပါရှိပါသည်။
ဘဝတွင် အမှားအမှန် ထင်ရှားပေါ်လွင်သည့် အရာများရှိသော်လည်း ကြိမ်ဖန်များစွာ အငြင်းပွားဖွယ်ကိစ္စများနှင့်သာ ကျွန်တော်တို့နပမ်းလုံးနေကြသည် (ရော ၁၄:၁-၁၉)။ ဘာလုပ်ရမည်ကို ဆုံးဖြတ်ရာ၌ နှုတ်ကပတ်တော်မှ ဉာဏ်ပညာကို ကျွန်တော်တို့ ရှာဖွေနိုင်ပါသည်။ ရှင်ပေါလုက “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်”ရန် ဧဖက်မြို့ရှိ ယုံကြည်သူ တို့အား နှိုးဆော်ခဲ့သည်…
ကိုယ်နှင့်စပ်ဆိုင်သူများကို ချစ်ခြင်း
ကိုရိုနာကပ်ရောဂါကာလအတွင်း သီးခြားနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ထားချိန်တို့တွင် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)၏ ‘Letter from a Birmingham Jail’ (ဘာမင်ဟန် ထောင်တွင်းမှစာ)တွင် ပါရှိသည့်စကားများ မှန်ကန်ခဲ့သည်။ မတရားမှုနှင့်ပတ်သက်၍ မာတင်က အခြားမြို့တွင် ဖြစ်ပျက်နေသည့်အရာအတွက် ပူပန်မှု မရှိဘဲ မြို့တစ်မြို့၌ ဘာမှမဖြစ်သလို ထိုင်မနေနိုင်ကြောင်း၊ “ရှောင်ဖယ်၍မရသည့် ပတ်သက်ဆက်နွယ်မှု၌ ကျွန်ုပ်တို့ပိတ်မိနေပြီး ကြမ္မာဟူသည့် ဝတ်ရုံလွှာတစ်ခုတည်း၏ တုပ်နှောင်မှုခံနေရသည်။ တစ်ယောက်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်ဆိုလျှင် ကျွန်တော်တို့ အားလုံးအပေါ်လည်း သွယ်ဝိုက်၍ သက်ရောက်မှုရှိသည်”ဟု သူမှတ်ချက်ချခဲ့သည်။
ထိုနည်း၎င်းပင် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုလျှော့ချရန် ကမ္ဘာတစ်ဝန်းနိုင်ငံကြီးများနှင့် မြို့ကြီးများတွင် ဝင်ခွင့်ပိတ်ပင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်ုပ်တို့၏ဆက်နွယ်မှုကို ပို၍ထင်ရှားစေသည်။ တစ်မြို့ကို ထိခိုက်လျှင် မကြာမီ အခြားမြို့ကိုပါ ထိခိုက်မည်ဖြစ်သည်။
လွန်ခဲ့သည့်ရာစုနှစ်များစွာက ဘုရားသခင်သည် အခြားသူများအပေါ် ကရုဏာပြရန် သူ့လူမျိုးအား မိန့်မှာခဲ့ပြီး၊…
တနင်္လာနေ့အတွက် ကျေးဇူးတင်စရာ
တနင်္လာနေ့များကို ကျွန်မကြောက်လန့်ခဲ့ဖူးသည်။ ကျွန်မ၏ယခင်အလုပ်တွင် ရထားပေါ်မှ ဆင်းလိုက်ပြီးနောက် ရုံးသို့ မိနစ်အနည်းငယ်ဖြစ်ဖြစ် နောက်ကျရောက်လိုရောက်ငြား ဘူတာရုံတွင် ခဏတဖြုတ်ထိုင်ခဲ့လေ့ရှိသည်။ သတ်မှတ်ထားသော နောက်ဆုံးရက်အတိုင်း အလုပ်များပြီးစီးနိုင်ရန်နှင့် စိတ်ဆတ်သည့် အလုပ်ရှင်၏ဒဏ်ခံရခြင်းများအပေါ် စိုးရိမ်ကာ ကျွန်မ၏နှလုံးခုန်သံများ မြန်လာသည်။
စိတ်ဓာတ်ကျဖွယ်အလုပ်လုပ်ရမည့် နောက်တစ်ပတ်တာကို စတင်ရန်မှာ အချို့သူများအတွက် ခက်ခဲလှသည်။ အလုပ်တွင် စိတ်သောကရောက်ရပြီး အသိအမှတ်ပြုမခံရဟု ခံစားရတတ်သည်။ ရှောလမုန်မင်းကြီးက “လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလန်းသောအမှုအလုံးစုံတို့၌ အဘယ် အကျိုးရှိသနည်း။ သူ၏နေ့ရက်အပေါင်းတို့သည် ၀မ်းနည်းခြင်း၊ သူ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏” ဟု အလုပ်၏ပင်ပန်းခက်ခဲမှုကို ဒေသနာကျမ်း ၂:၂၂-၂၃ တွင် ရေးသားခဲ့သည်။
ဉာဏ်ပညာကြီးသည့်မင်းက စိတ်ဖိစီးမှုနည်းအောင် (သို့) လုပ်ရကျိုးနပ်သည့်အလုပ်မျိုးအတွက် နည်းလမ်း မပေးခဲ့သော်လည်း မိမိအမြင်ကို ပြောင်းလဲရန် သူပြောခဲ့သည်။ မိမိ၏အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ ဘုရား၏မစမှုဖြင့် အလုပ်၌ စိတ်ကျေနပ်မှုရှာဖွေရန်…