အမျိုးအစား  |  odb

ကိုယ်တော်ကို ဆာငတ်ပါ

“ဒီအာလူးကြော်ကို ဒါနောက်ဆုံးစားခြင်းပဲ”ဟု ကျွန်တော်တို့ ပြောပြီး၊ နောက် (၅) မိနစ်အကြာတွင် ဘာကြောင့် ထပ်စားချင်ကြသနည်း။ Michael Moss (မိုက်ကယ် မော့စ်) ရေးသားသည့် ‘Salt Sugar Fat’ (ဆား၊ သကြား၊ အဆီ) စာအုပ်တွင် ထိုမေးခွန်း၏အဖြေကို ဖော်ပြထားသည်။ သူက အမေရိကန်နိုင်ငံ၏ မုန့်ပဲသရေစာ ထုတ်လုပ်သူတို့သည် လူတို့၏သရေစာတောင့်တမှုကို မည်သို့ “ကူညီဆွဲဆောင်”ရမည်ကို သိသည်။ နာမည်ကြီးကုမ္ပဏီတစ်ခုက တစ်နှစ်လျှင် ဒေါ်လာသန်း (၃၀) အကုန်ခံပြီး စားသုံးသူများ၏အကြိုက် စိတ်ကျေနပ်မှုကို ဆုံးဖြတ်သတ်မှတ်ပေးသည့် “အစားအသောက်ဆိုင်ရာ အကြံပေးများ”ကို ခန့်ပြီး စားသုံးသူတို့ စားချင်သောက်ချင်စိတ် ဖြစ်လာမှုအပေါ် အမြတ်ထုတ်နိုင်ကြတော့သည်။

ထိုကုမ္ပဏီနှင့်မတူဘဲ ယေရှုခရစ်က ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ပြည့်ဝကျေနပ်စေသော “ဝိညာဉ်အစာ” ဟူသည့် စစ်မှန်သောအစာကို ဆာငတ်ခင်မွတ်အောင် မစသည်။ “ယေရှုကလည်း ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည်…

သာမန်မဟုတ်သော ရဲရင့်ခြင်းသတ္တိ

၁၄၇၈ တွင် အီတလီနိုင်ငံ၊ ဖလောရန့်ဒေသကို အုပ်ချုပ်သူ Lorenzo de Medici (လောရန်ဇို ဒီ မဒီချီ)သည် သူ့အသက်ကို အန္တရာယ်ပြုသည့်ဘေးမှ လွတ်မြောက်ခဲ့သည်။ သူ့ကိုရန်ပြုတိုက်ခိုက်လာချိန်တွင် သူ၏ပြည်သူပြည်သားများက တုံ့ပြန်ရန် ကြိုးစားရင်းမှ စစ်ပွဲစတင်လာသည်။ အခြေအနေ တစ်ဖြည်းဖြည်းဆိုးလာသည့်အခါ ရက်စက်သည့် King Ferrante I of Naples (နေပယ်လ်မြို့ဘုရင် ပထမမြောက် ဖာရန်တေး)သည် လော်ရန်ဇို၏ရန်သူဖြစ်လာသည်။ သို့သော် လော်ရန်ဇို၏ ရဲရင့်သောလုပ်ရပ်သည် အရာရာကို ပြောင်းလဲစေခဲ့သည်။ သူသည် ဘာလက်နက်မှ မပါဘဲ ရှင်ဘုရင်ထံ တစ်ဦးတည်းသွားရောက်တွေ့ဆုံခဲ့သည်။ သူ၏ရဲရင့်မှု၊ ဆွဲဆောင်နိုင် မှုနှင့် ထက်မြက်မှုက ဘုရင် ဖာရန်တေး၏ လေးစားမှုကို ရရှိခဲ့ပြီး စစ်ပွဲရပ်သွားသည်။

ဒံယေလသည်လည်း ရှင်ဘုရင်၏စိတ်နှလုံးတော်ကို ပြောင်းလဲစေခဲ့သည်။ ဗာဗုလုန်တွင် နေဗုခဒ်နေဇာမင်းအား စိတ်အနှောင့်အယှက်ပေးသည့် အိပ်မက်အနက်ကို မည်သူမျှမဖော်နိုင်သဖြင့် ရှင်ဘုရင် အမျက်ထွက်ပြီး…

ပြင်းထန်သောရုန်းကန်မှု

၁၈၉၆ ခုနှစ်၊ အီသီယိုးပီးယားနိုင်ငံ လူသူကင်းဝေးသောအရပ်တွင် စူးစမ်းလေ့လာသူ Carl Akely (ခါးလ်အက်ခလီ)သည် ပေါင် (၈၀) အလေးချိန်ရှိသည့် ကျားသစ် တစ်ကောင်၏ အမဲလိုက်ခံခဲ့ရသည်။ ထိုကျားသစ်သည် ၎င်း၏သွားများဖြင့် သူ၏လည်ပင်းကို ကိုက်ခဲရန် ခုန်အုပ်ဖို့ ကြိုးစားသည်ကို ခါးလ် မှတ်မိနေသေးသည်။ ကြီးမားသောသွားစွယ်များဖြင့် သူ့ညာလက်ကိုကိုက်ဆွဲသော်လည်း လွဲသွားသည်။ ကျားသစ်နှင့် ခါးလ်တို့ မြေကြီးေပေါ်၌ အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ် နပန်းလုံးနေသည်။ ခါးလ်သည် အားကုန်လျက် “မည်သူ အရင် အရှုံးပေးမလဲ”ဟု စောင့်ကြည့်ရမည့် အခြေအနေဖြစ်လာသည်။ နောက်ဆုံး ခါးလ်သည် အားကုန်သုံးကာ သူ၏လက်ချည်း သက်သက်ဖြင့် ကျားသစ်ကြီးကို လည်ပင်းညှစ်သတ်နိုင်ခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူတို့သည်လည်း အခက်အခဲများကို ရှောင်လွဲ၍ မရဘဲ ကြုံတွေ့ကြရမည်။ ထိုအချိန်တွင် လက်လျော့လိုက်ချင်လောက်အောင်၊ အရှုံးပေးလိုက်ချင်လောက်အောင် ခက်ခဲနိုင်သည်။ ထိုအချိန်တွင် “မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီး”ပြီး ခိုင်ခံ့ခြင်းရှိရန်…

စကြဝဠာကြီးကို ဆော့ကစားနေသည်

၁၉၈၀ နှစ်များအစောပိုင်းတွင် ဘုရားသခင်ကိုမယုံကြည်သော နာမည်ကျော် နက္ခတ်ပညာရှင်တစ်ဉီးက “သဘာဝပင်ကိုယ်အသိဖြင့် အကြောင်းတရားများကို အနက်ဖွင့်ဆိုရမည်ဆိုလျှင် ဉာဏ်ကြီးရှင်တစ်ဦးက ဇီဝ၊ ရူပ၊ ဓာတု သဘောတရားများကို အသုံးချကာ ဆော့ကစားနေခြင်းဖြစ်သည်”ဟု ရေးသားခဲ့သည်။ ဤသိပ္ပံ ပညာရှင်၏အမြင်၌ စကြဝဠာကြီးတွင် ကျွန်ုပ်တို့လေ့လာနေသည့် အရာအားလုံးကို ‘တစ်စုံတစ်ခု’က ဒီဇိုင်းပြုလုပ်ထားကြောင်း နိယာမများက သက်သေပြနေသည်။ “ဤသဘာဝတရားကြီး၌ စကားထဲထည့်ပြောထိုက်သည့် လှည့်စားသောစွမ်းအင် တစ်ခုမှ မရှိပါ”ဟု သူထပ်ဆိုခဲ့သည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့ မြင်တွေ့ရသမျှ အရာရာတိုင်းသည် တစ်စုံတစ်ဉီးက ကြိုတင်စီစဉ်ထားသလို ကွက်တိဖြစ်နေသည်။ သို့သော်လည်း ထိုပညာရှင်သည် ဘုရားမဲ့ဝါဒီတစ်ဉီးအဖြစ် ဆက်ရှိနေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော်ခန့်က ဉာဏ်ပညာထက်မြက်သူတစ်ဉီးက ကောင်းကင်ကြီးကိုကြည့်ပြီး အခြားတစ်နည်းဖြင့် နိဂံုးချုပ်ခဲ့သည်။ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကို လည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ် ဆင်ခြင်သော်၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။…

နောင်တတရား၏လက်ဆောင်

“နိုး၊ ကျွန်တော်လုပ်တာမဟုတ်ဘူး”ဟု ဂျိန်း၏ဆယ်ကျော်သက်အရွယ် သားငယ်ကငြင်းသည်။ သားငယ်အမှန်အတိုင်းပြောခြင်း မဟုတ်မှန်းသူသိ၍ သူစိတ်မကောင်း ဖြစ်သွားသည်။ စိုင်မွန်အား ဘာဖြစ်တာလဲဟု ထပ်မမေးခင် ဘုရားရှင်ထံဆုတောင်း လိုက်သည်။ စိတ်တိုပြီး ဂျိန်း လက်ရွယ်မိသည့်အချိန်ထိ စိုင်မွန် ဆက်လိမ်နေသည်။ သူမ အချိန်ခဏယူမည်ဆိုကာ လှည့်ထွက်လိုက်သည့်အခိုက် ပုခုံးပေါ်သို့ လက်တစ်ဘက်ကျလာသည်ကို ခံစားရပြီး သားထံမှ တောင်းပန်စကားကို ကြားခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြမှုကို သိပြီး သူနောင်တရခဲ့ပါသည်။

ဓမ္မဟောင်းမှ ယောလအနာဂတ္တိကျမ်းတွင် ထာဝရဘုရားသည် သူ့ထံစိတ်နှလုံးအကြွင်းမဲ့ ပြန်လာခြင်းကို ကြိုဆိုနေခြင်းကြောင့် (၂:၁၂) သူ့လူတို့အား အပြစ်မှအမှန်တကယ် နောင်တရရန် ကိုယ်တော်ဖိတ်ခေါ်သည်။ အပြင်ပန်း နောင်တရရုံသက်သက် မဟုတ်ပဲ “အဝတ်ကို မဆုတ်ဘဲ၊ နှလုံးကို ဆုတ်လျက်” မာကြောသော စိတ်သဘောပြောင်းလဲမှုကို ဘုရားသခင်ရှာဖွေသည်။ ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော” ရှိကြောင်း…

ခွန်အားအပြည့်နှင့် အဆုံးသတ်ခြင်း

ကျွန်မ၏မိနစ် (၄၀) စာ လေ့ကျင့်ခန်းအပြီးတွင် ကျွန်မ၏နည်းပြက “ခွန်အားအပြည့်နဲ့ အဆုံးသတ်မယ်နော်”ဟု အော်ပြောလိမ့်မည်မှာ သေချာသည်။ ကျွန်မသိသည့် ကိုယ်ကာယနည်းပြတိုင်းလိုလိုက လေ့ကျင့်ခန်း အပြီးသတ်လောက်တွင် ဤစကားလုံးကို သုံးတတ်သည်။ လေ့ကျင့်ခန်းတစ်ချိန်စာ၏ အဆုံးသတ်သည် လေ့ကျင့်ခန်းအစကဲ့သို့ အရေးကြီးသည်။ လူ့ခန္ဓာကိုယ်သည် အတန်ငယ် လှုပ်ရှားပြီးသည့်အခါတွင် နွမ်းနယ်လာပြီး လှုပ်ရှားမှုအရှိန် နှေးကွေးလာသည်ကို နည်းပြများက သိကြသည်။

သခင်ယေရှုနှင့် လျှောက်လှမ်းရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော်၏တပည့်တော်အနေဖြင့် သေချာပေါက်ညှဉ်းဆဲခြင်းခံရမည့် ယေရုရှလင် မြို့သို့ သွားရမည်ဖြစ်ပြီး သူ့အနေဖြင့် အကောင်းဆုံး အဆုံးသတ်လိုအပ်သည်ဟု ဧဖက်အသင်းတော်မှ အသက်ကြီးသူများကို ပြောသည် (တ ၂၀ :၁၇-၂၄)။ သို့သော် ပေါလုသည် ခိုင်မာတည်ကြည်သည်။ ဘုရားသခင်လုပ်စေချင်သည့် အမှုကိုပြုရန်၊ သူအစပြုခဲ့ပြီးသည့်အမှုကို အဆုံးသတ်ရန် သူ၌ ရည်မှန်းချက်ရှိသည်။ သူ့၌ “ဘုရား၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို” ကြားပြောရန် တာဝန်ရှိသည်(:၂၄)။…

ကောင်းချီးမင်္ဂလာကို ကျော်သွားခြင်း

၁၇၉၉ ခုနှစ်က (၁၂) နှစ်သား Conrad Reed (ခွန်ရတ် ရိဒ်)သည် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ မိသားစုပိုင်လယ်ကွင်းငယ်၌ ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်မှ ရွှေရောင်လက်နေသည့် ကျောက်တုံးကိုတွေ့ပြီး နယ်မြေပြောင်းရွှေ့အခြေစိုက်သူ ဆင်းရဲသားလယ်သမား ဖခင်ကိုပြရန် အိမ်သို့ယူလာသည်။ ကျောက်တုံး၏တန်ဖိုးကိုမသိသော ဖခင်က တံခါးခုသည့်ခုတုံးအဖြစ် အသုံးပြုသည်။ သူတို့မိသားစုသည် ထိုကျောက်တုံးအနီး နှစ်များစွာ ကျော်ဖြတ်သွားလာခဲ့သည်။

နောက်ဆုံးတွင် ခွန်ရတ်၏ (၁၇) ပေါင်လေးသော ထိုရွှေတုံးကြီးကို ဒေသခံ ရတနာကုန်သည်တစ်ဉီးက မြင်သွားသည်။ များမကြာမီတွင် ရိဒ်မိသားစု ချမ်းသာလာပြီး သူတို့၏လယ်ကွက်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဉီးဆုံး ရွှေထွက်သည့် နေရာဖြစ်လာသည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ၏ကိုယ်ပိုင် အစီအစဉ် နည်းလမ်းများကိုသာ အာရုံစိုက်ပြီး ကောင်းချီးမင်္ဂလာကိုမသိဘဲ ကျော်ဖြတ်သွားကြသည်။ ဘုရားရှင်ကို မနာခံခြင်းကြောင့် ဗာဗုလုန်သို့ ဖမ်းသွားခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများအတွက် နောက်တစ်ဖန် လွတ်မြောက်ခွင့်ကို ပေးမည်ဟု ကိုယ်တော်မိန့်ကြားသည်။…

ဝေငှကြားပြောရန် အစဥ် ထိုက်တန်သည်

ကျွန်မယုံကြည်သူဖြစ်လာပြီးနောက်၊ ကျွန်မ၏မိခင်ကို ကယ်တင်ခြင်းသတင်း စကား ပြောပြသည်။ ကျွန်မမျှော်လင့်ထားသလို ယေရှုခရစ်တော်ကို ယုံကြည်လာခြင်းထက် အမေ ကျွန်မကို တစ်နှစ်စကားမပြောဘဲ နေခဲ့သည်။ ယေရှုနောက်လိုက်ဟု ကြွေးကြော်သူများနှင့် ဆိုးဝါးသောအတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့် ခရစ်တော်ကို ယုံကြည်သူများအား အမေ မယုံကြည်ရဲတော့ပါ။ အမေ့အတွက် ဆုတောင်းလျက် အပတ်စဥ် သူ့အား ဆက်သွယ်သည်။ အမေ ကျွန်မကို စကားမပြောသည့်ကာလအတွင်း သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မ၏စိတ်နှလုံးကို ပြုပြင်ပြီး ကျွန်မကိုနှစ်သိမ့်ပေးသည်။ နောက်ဆုံးတွင် သူမ ကျွန်မ၏ဖုန်းကို ကိုင်သောအခါ သူ့ကိုမေတ္တာပြလျက် ဘုရားသခင်၏သမ္မာတရားကို အခွင့်အခါရတိုင်း ပြောပြရန် ဆက်ကပ်ခဲ့သည်။ အမေနှင့်ကျွန်မ ပြန်လည်သင့်မြတ်ပြီးနောက်တွင် အမေက ကျွန်မကို အတော်ပြောင်းလဲသွားသည်ဟု ပြောလာသည်။ တစ်နှစ်ခန့်ကြာပြီးနောက်တွင် အမေက ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလာပြီး ရလဒ်အားဖြင့် ကျွန်မနှင့်အမေ၏ဆက်ဆံရေး ပိုနက်ရှိုင်းလာသည်။

ရှင်ယေရှုကိုယုံကြည်သူတို့သည် လူသားတို့အတွက် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည့် ခရစ်တော်ထံသို့…

အက္ခရာတင်ထားသည့် ဝမ်းနည်းကြေကွဲမှု

ဖြစ်တောင့်ဖြစ်ခဲပြီး ကုသ၍မရနိုင်သော ဉီးနှောက်အကြိတ်ကင်ဆာဖြစ်နေပြီ ဟူသည့်ဆေးစစ်ချက်ရလဒ် ထွက်လာပြီးနောက်တွင် ကယ်ရိုလိုင်းသည် အသည်းအသန် ဖျားနာသည့် ကလေးလူနာနှင့် ၎င်းတို့၏မိသားစုများအတွက် ဓာတ်ပုံရိုက်ပေးသည့် ပရဟိတလုပ်ငန်းကို လုပ်ဆောင်ပေးခြင်းဖြင့် ဘဝမျှော်လင့်ချက်အသစ်၊ ဘဝရည်မှန်းချက်အသစ်ကို ပြန်လည်ရရှိခဲ့သည်။ ဤလုပ်ငန်းအားဖြင့် “ဝမ်းနည်းကြေကွဲချိန်နှင့် ရောဂါအသည်းအသန်ဖြစ်နေချိန်များ၌ ရှိမည်မဟုတ်ဟု ခံစားရသည့် လှပသောအချိန်များ”တွင်ပါ ကလေးလူနာနှင့် မျှဝေခံစားသည့် အဖိုးတန်အချိန်လေးကို မိသားစုအတွက် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ “အဆိုးဆုံး မြင်ယောင်ကြည့်နိုင်တဲ့အတိုင်းအတာအထိ ခက်ခဲနေချိန်မှာ အဲဒီမိသားစုတွေက ဖြစ်နေတဲ့အခြေအနေကို လျစ်လျူရှုပြီး မေတ္တာပြချစ်ကြင်နာဖို့ ရွေးချယ်ခဲ့တယ်” ဟု သူတွေ့ရှိရသည်။

ယူကျုံးမရ စိတ်ထိခိုက်ရသည့်အဖြစ်မှန်နှင့် ထိုအခြေအနေကြားမှ တင့်တယ်လှပမှုနှင့် မျှော်လင့်ခြင်းကို ခံစားရခြင်းဟူသည့် ဝမ်းနည်းကြေကွဲမှု၏အမှန်တရားကို ဆုပ်ကိုင်နားလည်ရေးက မပြောပြနိုင်လောက်သောစွမ်းအားတစ်ခု ရှိနေပါသည်။

ယောဘဝတ္ထု၏အပိုင်းများစွာသည် ယူကျုံးမရဖြစ်စေသည့် ဆုံးရှုံးမှုများအားဖြင့် ယောဘ၏ဘဝခရီးကို အရှိအတိုင်း ရိုးသားစွာ အမိအရဖော်ပြလျက် ဝမ်းနည်းကြေကွဲမှုကို ချပြသည့် ဓာတ်ပုံနှင့် တူပါသည် (၁:၁၈-၁၉)။ ယောဘနှင့်…

နေကြာတိုက်ပွဲ

ကျွန်ုပ်အိမ်အနီးဝန်းကျင်ရှိ သမင်များနှင့်ကျွန်ုပ်အကြား နေကြာပန်းနှင့် ပတ်သက်၍ ကွဲပြားသောအမြင် (၂) မျိုးရှိခဲ့သည်။ နွေကူးရာသီတိုင်း၌ နေကြာပင်ကို ကျွန်ုပ်စိုက်သောအခါ နေကြာပန်းများပွင့်လန်းလာရန် မျှော်လင့်သည်။ သို့သော် မိတ်ဆွေသမင်များကမူ အဆုံး၌ထွက်ပေါ်လာသည့်ပန်းကို ဂရုမစိုက်ဘဲ ဘာမှမကျန်တော့သည့်အထိ အပင်ကို ကိုက်ဝါးလိုကြသည်။ ခွာကွဲခြေ (၄) ချောင်း သတ္တဝါမိတ်ဆွေများ အပင်ကိုမကိုက်စားမီ အပင်အရွယ်ရောက်ပြီး ဖူးငုံပွင့်လန်းလာမည့်နေကြာပန်းများကို စောင့်ကြည့်ရန်မှာ နှစ်စဉ် နွေရာသီတိုက်ပွဲပင်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်နိုင်ပြီး၊ တစ်ခါတစ်ရံ သမင်များ နိုင်ကြပါသည်။

သခင်ယေရှုအား ယုံကြည်သူအဖြစ် မိမိအသက်တာကို တွေးကြည့်လျှင် ကျွန်ုပ်တို့နှင့် ရန်သူစာတန်ကြား ရင်ဆိုင်ရသည့်တိုက်ပွဲကို အလွယ်တကူမြင်နိုင်ပါ သည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ဝိညာဉ်ရေးရာရင့်ကျက်မှုသို့ ဉီးတည်သွားမည့် စဥ်ဆက်မပြတ် ကြီးထွားတိုးတက်ရန်ဖြစ်ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေနိုင်မည့် အသက်တာဖြစ်အောင် မစမည်ဖြစ်သည်။ မာရ်နတ်က ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပြီး မတိုးတက်အောင် ဆီးတားလိုသည်။ သို့သော် သခင်ယေရှုသည်…