ထွက်ပြေးပါ
ရိုးရာဂျပန်လူမျိုးတို့၏ ကိုယ်ခံပညာရပ် ‘aikido’ (အိုက်ကီဒို) သင်တန်းအစသည် အံ့ဩဖွယ်ရာ အမြင်ပွင့်စေသည်။ ‘စန်စေ’ သို့မဟုတ် ဆရာက တိုက်ခိုက်သူနှင့် ရင်ဆိုင်ရချိန်တွင် ပထမဦးဆုံးတုံ့ပြန်မှုမှာ “ထွက်ပြေးရန်” ဖြစ်သည်ဟုဆိုသည်။ “မပြေးနိုင်မှသာ တိုက်ခိုက်ပါ” ဟု သူက အလေးအနက် ပြောသည်။
“ထွက်ပြေးရမယ်”ဆို၍ ကျွန်တော်အံ့သြမိသည်။ အဆင့်မြင့် ကိုယ်ခံပညာ ကျွမ်းကျင်သောဆရာက မတိုက်ခိုက်ဘဲ ထွက်ပြေးရန် အဘယ့်ကြောင့်ပြောသနည်း။ ၎င်းသည် ပြန်တိုက်ခိုက်ရန်ဆိုသည့် သာမန်ရိုးရိုးအတွေးနှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံထင်ရသည်။ ပထမအဆင့်တွင် တိုက်ခိုက်မှုကို ရှောင်ခြင်းက မိမိကိုယ်ကို ကာကွယ်ရန် အကောင်းဆုံးသော အနေအထားဖြစ်ကြောင်း ရှင်းပြမှ “ဟုတ်သားပဲ” ဟု သဘောပေါက်သွားသည်။
သခင်ယေရှုကို ဖမ်းဆီးရန် လူများစွာရောက်လာသောအခါ ပေတရုသည် ကျွန်ုပ်တို့လုပ်မည့်ပုံစံအတိုင်း သူ၏ဓားကို ဆွဲထုတ်ကာ လူတစ်ဦးကို တိုက်ခိုက်သည် (မ ၂၆:၅၁၊ ယော ၁၈:၁၀)။ သို့သော် သခင်ယေရှုက…
ရက်ရောသောပေးလှူခြင်း
ဗိုလ်ချူပ်ကြီး Charles Gordon (ချားလ်စ် ဂေါ်ဒန်) (၁၈၃၃-၁၈၈၅)သည် ဘုရင်မကြီး Victoria (ဗစ်တိုးရီးယား)အား တရုတ်ပြည်နှင့် အခြားသောနေရာဒေသများတွင် အမှုထမ်းခဲ့သော်လည်း အင်္ဂလန်ပြည်တွင် နေထိုင်စဥ် သူ၏ဝင်ငွေ (၉၀) ရာခိုင်နှုန်းကို ပေးကမ်းလှူဒါန်းခဲ့သည်။ လန်ခတ်ရှိုင်းယားပြည်နယ်တွင် အစာ ရေစာခေါင်းပါးမှုကြုံနေသည်ဟု ကြားသောအခါ၊ သူသည် ကမ္ဘာ့ခေါင်းဆောင် တစ်ဦးထံမှ ရရှိသော ရွှေစင်ရွှေတံဆိပ်ပေါ်တွင် ရေးထိုးသော ကဗျည်းစာကို ဖျက်ပြီး၊ နိုင်ငံမြောက်ပိုင်းသို့ပို့လိုက်သည်။ ၎င်းရွှေကို အရည်ကျိုပြီးရောင်းရငွေဖြင့် ဆင်းရဲသားများအတွက် အစားအစာဝယ်ရန် မှာကြားခဲ့သည်။ ထိုနေ့တွင် သူ၏ နေ့စဥ်မှတ်တမ်း၌ “ဤလောကတွင် ကျွန်ုပ်၌ နောက်ဆုံးကျန်ရှိသည့်အရာ၊ ကျွန်ုပ်တန်ဖိုးထားရသည့်အရာကို သခင်ယေရှုအား ပေးပါ၏” ဟူ၍ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးဂေါ်ဒန်၏ ပေးကမ်းရက်ရောသောစေတနာသည် ကျွန်ုပ်တို့ ပေးလှူနိုင်သည်ထက် မြင့်မားသာလွန်နေသော်လည်း ဘုရားသခင်သည် လိုအပ်သူ၊ ဆင်းရဲသူများအား သတိပြုလျက် ကြည့်ရှုစောင့်ရှောက်ရန် သူ့လူတို့အား အစဥ်မိန့်မှာသည်။ မောရှေမှတစ်ဆင့်မိန့်ကြားသည့် ပညတ်တော်များ၌…
အဆုံး၌
ဝိညာဥ်ရေးရာ အားသစ်လောင်းသင်တန်းများတွင် ဦးဆောင်ရန် မကြာခဏဆိုသလို ကျွန်ုပ် နေရာပေးခံရသည်။ ရက်အနည်းငယ်မျှ ဆုတောင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ဖြင့် အချိန်ယူခြင်းသည် စိတ်ခံစားမှုနှင့် စိတ်စွမ်းရည်တို့ကို နက်နက်နဲနဲ အားပြည့်စေနိုင်သည်။ အစီအစဥ်တွင် ပါဝင်တက်ရောက်သူများအား “သင်ကွယ်လွန်ပြီး သတင်းစာနာရေးတွင် သင့်အမည်ပါလာသည်ဟု တွေးကြည့်ပါ။ သင့်အကြောင်းကို မည်သို့ဖော်ပြစေလိုသနည်း”ဟု ကျွန်ုပ်မေးလေ့ရှိသည်။ ရလဒ်အနေဖြင့် ပါဝင်တက်ရောက်သူအချို့က ၎င်းတို့၏ဦးစားပေးမှုများ ပြောင်းလဲကာ ဘဝအဆုံးသတ်ကောင်းရေးအတွက် ပန်းတိုင်ထားခဲ့ကြသည်။
တိမောသေဩဝါဒစာဒုတိယစောင် ၄ တွင် တမန်တော်ပေါလုနောက်ဆုံး ရေးသားသည်ဟု ထင်ရှားသောစာများပါရှိသည်။ သူ့အသက် (၆၀) ဝန်းကျင်နီးပါးခန့် ဖြစ်နိုင်သော်လည်း၊ သေခြင်းဘေးကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုသူ့ဘဝဆုံးလုနီးပြီဟု သူသတိထားမိသည် (၂ တိ ၄:၆)။ ယခုတွင် သာသနာခရီးစဥ်များ၊ အသင်းတော်သို့စာရေးခြင်းများ မရှိတော့ပေ။ သူ့ဘဝကိုသူ ပြန်လည်သုံးသပ်ကာ “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင် အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”…
နက်နဲ၍ ရစ်ပတ်ချည်နှောင်ထားသော တစ်စုံတစ်ရာ
အီရတ်မှပြောင်းရွှေ့လာသူ အမီနာ နှင့် အမေရိကန်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ဂျိုးဇက်တို့သည် နိုင်ငံရေးဆိုင်ရာ ဆန္ဒပြပွဲတစ်ခုတွင် တစ်ဘက်စီမှပါဝင်ခဲ့ကြသည်။ လူမျိုးရေးအရ၊ နိုင်ငံရေးအရ ခံယူချက်ကွဲပြားသူတို့သည် တစ်ဦးနှင့်တစ်ဦးအပေါ် မုန်းတီးမှုကို ဖုံးကွယ် ထိန်းချုပ်စရာအကြောင်းမရှိဟု ကျွန်ုပ်တို့ ရိုက်သွင်းခံထားရသည်။ သို့သော် လူအချို့က ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုလျက် ဂျိုးဇက်၏ရှပ်အင်္ကျီကို မီးရှို့ရန် ကြိုးစားသောအခါ အမီနာက အမြန်ဝင်ရောက် ကာကွယ်လိုက်သည်။ “လူသားတွေအနေနဲ့ ကျွန်တော်တို့တွေ နောက်ထပ် ကွဲပြားသင့်တယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမဲ့လည်း အခုဖြစ်ပျက်နေတာကတော့ ဖြစ်နေကျ အဆင်မပြေတဲ့ အခိုက်အတန့်လေးပါပဲ”ဟု ဂျိုးဇက်က သတင်းထောက်ကို ပြောခဲ့သည်။ နိုင်ငံရေးထက် ပိုမိုနက်နဲသော တစ်စုံတစ်ရာသည် အမီနာနှင့် ဂျိုးဇက်ကို ရစ်ပတ်ချည်နှောင်လျက်ရှိသည်။
ကျွန်ုပ်တို့၌ တစ်ဦးနှင့်တစ်ဦးအပေါ် တကယ့်ကို သဘောထားမတိုက်ဆိုင်မှုများရှိပြီး၊ လျစ်လျူ၍မရနိုင်သော ကြီးမားသည့် ကွဲပြားခြားနားမှုများဖြစ်လင့်ကစား ကျွန်ုပ်တို့ကိုပေါင်းစည်းထားသော အလွန်နက်နဲသည့်အမှန်တရားများ ရှိသည်။ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် ဖန်ဆင်းထားပြီး သူချစ်သော…
အသီးကောင်းက အပင်ရောင်းရသည်
ပျိုးပင်စိုက်ခင်း ပိုင်ရှင်တစ်ဦးသည် မက်မွန်ပျိုးပင်ကိုရောင်းရန် ဖြစ်နိုင်ခြေနည်းလမ်း အမျိုးမျိုးကို စဥ်းစားသည်။ အရွက်ဝေဖြာ ပျိုးပင်ငယ်များကို ဆာလာအိတ်ထဲတွင် တန်းစီပြီး လှလှပပ ခင်းကျင်းပြသရမည်လား။ ရာသီအလိုက်ပေါက်ရောက်သော အရောင်အသွေးစုံသည့် မက်မွန်ပင်ပုံများနှင့် စာအုပ်ဖန်တီးရမည်လား။ နောက်ဆုံးတွင် မက်မွန်ပင် ရောင်းထွက်စေမည့်အရာကို သူသိသွားသည်။ အနံ့ချိုမွှေးပြီး လိမ္မော်ရင့်ရောင် အမွှေးထူအခွံနှင့် မက်မွန်သီး ဖြစ်သည်။ မက်မွန်ပင်ကို ရောင်းရန် အကောင်းဆုံးနည်းလမ်းမှာ မက်မွန်သီးမှည့်ကို ခူး၊ အချိုရည်များ လက်ပေါ်သို့ အစက်စက်ကျသည်အထိ အသီးကိုခွဲပြီး ဝယ်ယူသူအား အသီးတစ်စိတ် ကမ်းပေးကာ အရသာကိုမြည်းစေခြင်းဖြစ်သည်။ အရသာကို မြည်းစမ်းပြီးနောက် မက်မွန်ပင်ကို သူတို့ဝယ်ချင်သွားမည် ဖြစ်သည်။
ဘုရားသခင်က သူသည် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း” ဟူသော ဝိညာဥ်အသီးများ လွှမ်းခြုံထားသူအဖြစ် သူ့ကိုယ်သူ ထင်ရှားဖွင့်ပြခဲ့သည် (ဂလ…
စိုင်မွန်၏အိမ်၌ စိတ်သက်သာရွှင်လန်းခဲ့ခြင်း
စိုင်မွန်၏အိမ်သို့အလည်သွားသည့် ခရီးစဉ်သည် ကျွန်တော့်အတွက် မမေ့နိုင်စရာဖြစ်ခဲ့သည်။ ကြယ်ရောင်လင်းလက်သည့် ကင်ညာနိုင်ငံ၊ ညာဟူရူရူမြို့၏ ညကောင်းကင်အောက်တွင် စိုင်မွန်၏အိမ်သို့ ညစာစားရန် ကျွန်တော်တို့သွားခဲ့သည်။ ဖုန်ပေနေသည့်ကြမ်းခင်းနှင့် ဖန်မီးအိမ်က စိုင်မွန်၏အခြေအနေကို ထင်ဟပ်ပြနေ သည်။ မည်သည့်ဟင်းလျာများ စားခဲ့သည်ကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ကျွန်တော်တို့သည် စိုင်မွန်အိမ်သို့အလည်လာသော စိုင်မွန်၏ဧည့်သည်များ ဖြစ်သောကြောင့် ဝမ်းမြောက်နေသည့် စိုင်မွန်၏အဖြစ်ကို ကျွန်တော်မမေ့နိုင်ပါ။ စိုင်မွန်၏ဧည့်ဝတ်ကျေပွန်မှုက သခင်ယေရှုကဲ့သို့ပင်ဖြစ်သည်။ အတ္တတစ်ကိုယ်ကောင်းစိတ်မရှိ၊ သက်ဝင်လျက် သက်သာရွှင်လန်းစေပါသည်။
ကောရိန္သုသြဝါဒစာပထမစောင် ၁၆:၁၅-၁၈ တွင် ရှင်ပေါလုက ဂရုစိုက်တတ်ပြီး ဧည့်ဝတ်ကျေသော သတေဖန်မိသားစုအကြောင်းကို ဖော်ပြထားသည်။ ထာဝရ ဘုရား၏လူတို့ကို ပြုစုအစေခံရန် သူတို့ကိုယ်ကိုကိုယ် ဆက်ကပ်ထားသည် (:၁၅)။ သူတို့၏ဧည့်ဝတ်ကျေမှုက မည်မျှသိသာသည်ဆိုလျှင် (:၁၇) ရှင်ပေါလုက “ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ” (:၁၈)ဟု ထုတ်ဖော်ပြောသည့်အထိ ဖြစ်သည်။
အခြားသူများနှင့်ဝေမျှရန် အခွင့်ရသည့်အခါ အစားအသောက်၊ အပြင်အဆင်၊ ပွဲနှင့်လိုက်ဖက်သော အခြားအရာများကိုသာ…
ကောင်းကင်မှအစာ
၂၀၂၀ ခုနှစ် သြဂုတ်လတွင် ဆွစ်ဇာလန်နိုင်ငံ အော်တန်မြို့တွင် ချော့ကလက်နှင်းမိုး ကျခြင်းကြောင့် မြို့သားများသည် အံ့သြတုန်လှုပ်သွားကြသည်။ ချော့ကလက်စက်ရုံ၏ လေဝင်လေထွက်စနစ် ချို့ယွင်းမှုကြောင့် ချော့ကလက်အမှုန်များလေထဲသို့ ပျံ့နှံ့ခဲ့သည်။ စား၍ရသော ချော့ကလက်အမှုန်များက ကားနှင့်လမ်းများကို ဖုံးလွှမ်းသွားပြီး တစ်မြို့လုံးမှာ သကြားလုံးဆိုင်ကဲ့သို့ မွှေးကြိုင်သွားတော့သည်။
စားကောင်းသောက်ဖွယ်များ ကောင်းကင်မှ “ထူးဆန်းစွာ” ကျလာသည့်အကြောင်းကို စဉ်းစားရင်း ထွက်မြောက်ရာကျမ်းမှ ဣသရေလလူမျိုးများအတွက် ဘုရားသခင်၏ ထောက်ပံ့မှု အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ပါ။ အဲဂုတ္ထုပြည်မှ အံ့သြဖွယ် လွတ်မြောက်လာပြီးနောက် ဣသရေလလူမျိုးများသည် ကန္တာရထဲတွင် စိန်ခေါ်မှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် အစာရေစာရှားပါးခြင်း ပြဿနာကို ကြုံရသည်။ ထို့နောက် ထာဝရဘုရားသည် လူတို့၏တိုးလျှိုးတောင်းပန်မှုကြောင့် စိတ်နှလုံးတို့ထိပြီး “မိုးကောင်းကင်မှ မုန့်မိုးကို ရွာစေ”ခဲ့သည် (ထွက် ၁၆:၄)။ နောက်နေ့နံနက်တွင် မုန့်များကို အမှန်တွေ့ခဲ့ရသည်။ မန္နမုန့် ဟုအမည်ရသော နေ့စဉ်ကျွေးတော်မူသောအစာကို အနှစ်…
ကိုယ်တော်ကို ဆာငတ်ပါ
“ဒီအာလူးကြော်ကို ဒါနောက်ဆုံးစားခြင်းပဲ”ဟု ကျွန်တော်တို့ ပြောပြီး၊ နောက် (၅) မိနစ်အကြာတွင် ဘာကြောင့် ထပ်စားချင်ကြသနည်း။ Michael Moss (မိုက်ကယ် မော့စ်) ရေးသားသည့် ‘Salt Sugar Fat’ (ဆား၊ သကြား၊ အဆီ) စာအုပ်တွင် ထိုမေးခွန်း၏အဖြေကို ဖော်ပြထားသည်။ သူက အမေရိကန်နိုင်ငံ၏ မုန့်ပဲသရေစာ ထုတ်လုပ်သူတို့သည် လူတို့၏သရေစာတောင့်တမှုကို မည်သို့ “ကူညီဆွဲဆောင်”ရမည်ကို သိသည်။ နာမည်ကြီးကုမ္ပဏီတစ်ခုက တစ်နှစ်လျှင် ဒေါ်လာသန်း (၃၀) အကုန်ခံပြီး စားသုံးသူများ၏အကြိုက် စိတ်ကျေနပ်မှုကို ဆုံးဖြတ်သတ်မှတ်ပေးသည့် “အစားအသောက်ဆိုင်ရာ အကြံပေးများ”ကို ခန့်ပြီး စားသုံးသူတို့ စားချင်သောက်ချင်စိတ် ဖြစ်လာမှုအပေါ် အမြတ်ထုတ်နိုင်ကြတော့သည်။
ထိုကုမ္ပဏီနှင့်မတူဘဲ ယေရှုခရစ်က ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ပြည့်ဝကျေနပ်စေသော “ဝိညာဉ်အစာ” ဟူသည့် စစ်မှန်သောအစာကို ဆာငတ်ခင်မွတ်အောင် မစသည်။ “ယေရှုကလည်း ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည်…
သာမန်မဟုတ်သော ရဲရင့်ခြင်းသတ္တိ
၁၄၇၈ တွင် အီတလီနိုင်ငံ၊ ဖလောရန့်ဒေသကို အုပ်ချုပ်သူ Lorenzo de Medici (လောရန်ဇို ဒီ မဒီချီ)သည် သူ့အသက်ကို အန္တရာယ်ပြုသည့်ဘေးမှ လွတ်မြောက်ခဲ့သည်။ သူ့ကိုရန်ပြုတိုက်ခိုက်လာချိန်တွင် သူ၏ပြည်သူပြည်သားများက တုံ့ပြန်ရန် ကြိုးစားရင်းမှ စစ်ပွဲစတင်လာသည်။ အခြေအနေ တစ်ဖြည်းဖြည်းဆိုးလာသည့်အခါ ရက်စက်သည့် King Ferrante I of Naples (နေပယ်လ်မြို့ဘုရင် ပထမမြောက် ဖာရန်တေး)သည် လော်ရန်ဇို၏ရန်သူဖြစ်လာသည်။ သို့သော် လော်ရန်ဇို၏ ရဲရင့်သောလုပ်ရပ်သည် အရာရာကို ပြောင်းလဲစေခဲ့သည်။ သူသည် ဘာလက်နက်မှ မပါဘဲ ရှင်ဘုရင်ထံ တစ်ဦးတည်းသွားရောက်တွေ့ဆုံခဲ့သည်။ သူ၏ရဲရင့်မှု၊ ဆွဲဆောင်နိုင် မှုနှင့် ထက်မြက်မှုက ဘုရင် ဖာရန်တေး၏ လေးစားမှုကို ရရှိခဲ့ပြီး စစ်ပွဲရပ်သွားသည်။
ဒံယေလသည်လည်း ရှင်ဘုရင်၏စိတ်နှလုံးတော်ကို ပြောင်းလဲစေခဲ့သည်။ ဗာဗုလုန်တွင် နေဗုခဒ်နေဇာမင်းအား စိတ်အနှောင့်အယှက်ပေးသည့် အိပ်မက်အနက်ကို မည်သူမျှမဖော်နိုင်သဖြင့် ရှင်ဘုရင် အမျက်ထွက်ပြီး…
ပြင်းထန်သောရုန်းကန်မှု
၁၈၉၆ ခုနှစ်၊ အီသီယိုးပီးယားနိုင်ငံ လူသူကင်းဝေးသောအရပ်တွင် စူးစမ်းလေ့လာသူ Carl Akely (ခါးလ်အက်ခလီ)သည် ပေါင် (၈၀) အလေးချိန်ရှိသည့် ကျားသစ် တစ်ကောင်၏ အမဲလိုက်ခံခဲ့ရသည်။ ထိုကျားသစ်သည် ၎င်း၏သွားများဖြင့် သူ၏လည်ပင်းကို ကိုက်ခဲရန် ခုန်အုပ်ဖို့ ကြိုးစားသည်ကို ခါးလ် မှတ်မိနေသေးသည်။ ကြီးမားသောသွားစွယ်များဖြင့် သူ့ညာလက်ကိုကိုက်ဆွဲသော်လည်း လွဲသွားသည်။ ကျားသစ်နှင့် ခါးလ်တို့ မြေကြီးေပေါ်၌ အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ် နပန်းလုံးနေသည်။ ခါးလ်သည် အားကုန်လျက် “မည်သူ အရင် အရှုံးပေးမလဲ”ဟု စောင့်ကြည့်ရမည့် အခြေအနေဖြစ်လာသည်။ နောက်ဆုံး ခါးလ်သည် အားကုန်သုံးကာ သူ၏လက်ချည်း သက်သက်ဖြင့် ကျားသစ်ကြီးကို လည်ပင်းညှစ်သတ်နိုင်ခဲ့သည်။
သခင်ယေရှုကို ယုံကြည်သူတို့သည်လည်း အခက်အခဲများကို ရှောင်လွဲ၍ မရဘဲ ကြုံတွေ့ကြရမည်။ ထိုအချိန်တွင် လက်လျော့လိုက်ချင်လောက်အောင်၊ အရှုံးပေးလိုက်ချင်လောက်အောင် ခက်ခဲနိုင်သည်။ ထိုအချိန်တွင် “မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီး”ပြီး ခိုင်ခံ့ခြင်းရှိရန်…