ကိုယ်တော်၏ငြိမ်သက်ခြင်း
အလုပ်ခွင်၌ အာဏာလုမှုကြောင့် လျှို့ဝှက်ကြံစည်ခြင်းပယောဂများနှင့် လပေါင်းများစွာ ကျွန်မရင်ဆိုင်ခဲ့ရသည်။ စိတ်ပူပန်ခြင်းသည် ကျွန်မ၏ဒုတိယအကျင့်ဖြစ်သောကြောင့် ကျွန်မ၌ငြိမ်သက်ခြင်းရှိနေခြင်းက အံ့သြစရာဖြစ်သည်။ စိတ်ပူပန်ခြင်းထက် အေးချမ်းတည်ငြိမ်သောစိတ်ဖြင့် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုငြိမ်သက်ခြင်းသည် ဘုရားသခင်တစ်ပါးတည်းထံမှသာ လာသည်ကို ကျွန်မသိသည်။
၎င်းနှင့်ဆန့်ကျင်ဘက်မှာ ကျွန်မဘဝတွင် အရာရာအဆင်ပြေနေသော်လည်း စိတ်မငြိမ်မသက်ဖြစ်ရသည့်အချိန် ရှိခဲ့ဖူးသည်။ ဘုရားသခင်ကို ကိုးစားပြီး ကိုယ်တော်၏ဦးဆောင်မှုအပေါ် ယုံကြည်စိတ်ချရမည့်အစား မိမိ၏လုပ်ဆောင်နိုင်စွမ်းကို ကိုးစားခြင်းကြောင့် ကျွန်မထိုသို့ခံစားရခြင်းဖြစ်ကြောင်း ကျွန်မသိသည်။ ပြန်ပြောင်းဆင်ခြင်သော် စစ်မှန်သောငြိမ်သက်ခြင်းဖြစ်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် မိမိကြံုတွေ့ရသည့်အခြေအနေပေါ် မူမတည်ဘဲ ကိုယ်တော်အား မှီခိုကိုးစားမှုဖြင့်သာရရှိနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုရပါမည်။
မိမိ၏စိတ်နှလုံး တည်ကြည်သောအခါ ဘုရားသခင်၏ငြိမ်သက်ခြင်းကို ခံစားရမည်(ဟေရှာ ၂၆:၃)။ ဟေဗြဲဘာသာအရ ‘တည်ငြိမ်ခြင်း’ ဟူသည့် စကားလုံး၏အဓိပ္ပာယ်မှာ “မှီခိုခြင်း” ဖြစ်သည်။ ကိုယ်တော်၌မှီခိုလျှင် သူ၏ ငြိမ်သက်သောတည်ရှိမှုကို ကျွန်မတို့ခံစားရမည်ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားဆိုးညစ်သူတို့ကို နှိမ့်ချပြီး သူ့အား ချစ်သောသူအပေါင်းတို့၏ လမ်းခရီးကို ချောမွေ့စေတော်မူကြောင်းကို…
ဆုတောင်းခြင်း၏အနှစ်သာရ
Abraham Lincoln (အာဗြံဟံလင်ကွန်း)သည် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လာသည့်အခါ ပြိုကွဲနေသောနိုင်ငံအား ခက်ခက်ခဲခဲတာဝန်ယူဦးဆောင် ခဲ့ရသည်။ လင်ကွန်းအား အမြော်အမြင်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန် သော ခေါင်းဆောင်အဖြစ် သိမြင်ကြသော်လည်း အခြားအရာများထက် အဓိကကျသည်ဟု ပြော၍ရသည့် အရည်အချင်းတစ်ရပ်ရှိသည်။ သူ့အား ပေးအပ်သောတာဝန်ကို အကောင်အထည်ဖော်ရန် သူသည် အရည်အချင်းပြည့်ဝသူ မဟုတ်ကြောင်း သူ့ကိုယ်သူသိသည်။ သူ၏မပြည့်စုံမှုအပေါ် သူမည်သို့တုံ့ပြန်သနည်း။ “ဘယ်လိုမှမတတ်နိုင်ဘဲ ဘယ်သွားရမှန်းမသိတဲ့အဆုံး အကြိမ်ပေါင်းများစွာ ဒူးထောက်ခဲ့ရတယ်။ အဲဒီနေ့အတွက် ကျွန်တော့်မှာရှိတဲ့ ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပြည့်စုံလုံလောက်မှုမရှိတော့သလို ခံစားခဲ့ရတယ်”ဟု လင်ကွန်းက ထုတ်ဖော်ပြောခဲ့သည်။
မိမိ၏စွမ်းအား၊ အသိပညာနှင့် လုပ်ဆောင်နိုင်စွမ်းခွန်အားက အကန့်အသတ် ရှိပေရာ၊ ကြီးမားကြပ်တည်းသော ဘဝစိန်ခေါ်မှုများ၏ဖိစီးမှုကို ရင်ဆိုင်ရသည့်အခါ လင်ကွန်းကဲ့သို့ပင် အကန့်အသတ်မရှိ၊ အရာရာကိုတတ်စွမ်းနိုင်သည့် သခင်ယေရှု၌ ခိုလှုံအားကိုးရမည်ဖြစ်သည်။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” (၁ ပေ ၅:၇)ဟု…
ဂုဏ်သိက္ခာရှိသောအသက်တာ
ခက်ခဲပင်ပန်းသည့် အပြည်ပြည်ဆိုင်ရာ တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားအပြေးသမား Abel Mutai (အေဘဲလ်မူတိုင်)သည် ရှေ့ဆုံးမှဦးဆောင်နေပြီး အောင်နိုင်သူဖြစ်ရန် ကိုက်အနည်းငယ်သာလိုတော့သည်။ ပြေးလမ်းကြောင်း၏သင်္ကေတကို အကြည့်မှား၍ ပြိုင်ပွဲပန်းဝင်သည့်မျဉ်းကို သူဖြတ်ကျော်ပြီးဟုထင်ကာ အပြေးရပ်လိုက်သည်။ သူ့နောက် ဒုတိယနေရာမှလိုက်လာသော စပိန်နိုင်ငံသား Ivan Fernandez Anaya (အိုင်ဗင်ဖါနန်ဒတ်စ်အနယာ)သည် မူတိုင်၏အမှားကို တွေ့လိုက်သည်။ သူ့အတွက် ဗိုလ်စွဲရန် အခွင့်ကောင်းဖြစ်သော်လည်း သူသည် မူတိုင်ကိုလက်ကမ်းကာ ရွှေတံဆိပ်ရမည့်ပန်းတိုင်သို့ ညွှန်ပြပို့ဆောင်ပေးလိုက်သည်။ သတင်းထောက်များက အဘယ်ကြောင့် တမင်အရှုံးပေးလိုက်သနည်းဟု မေးသောအခါ အနယာ က မူတိုင်သာလျှင် အောင်နိုင်သူဖြစ်ထိုက်ကြောင်း၊ “ကျွန်တော်ရရှိမဲ့အောင်မြင်မှုက ဘယ်လောက်မွန်မြတ်လဲ၊ အဲဒီဆုတံဆိပ်က ဘယ်လောက်သိက္ခာရှိသလဲ၊ ကျွန်တော့်အမေက ဘယ်လိုထင်ကြေးပေးမလဲ” ဟုပြန်လည်ဖြေကြားသည်။ “အနယာ သည် အောင်မြင်မှုထက် ရိုးသားဖြောင့်မတ်မှုကို ရွေးချယ်ခဲ့သည်”ဟု သတင်းထောက်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
သုတ္တံကျမ်းတွင် ဂုဏ်သိက္ခာရှိစွာနှင့် စစ်မှန်သောအသက်တာ၊ သစ္စာရှိသောအသက်တာဖြင့် အသက်ရှင်လိုပါက မလျော်ကန်သောနည်းလမ်းထက် ဖြောင့်မတ်မှန်ကန်မှု၌အခြေပြုသော…
ဘုရားသခင်ဘယ်မှာလဲ
Martin Handford (မာတင်ဟန်းဖော့)သည် ‘Where’s Waldo?’ (ဝေါ်လ်ဒို ဘယ်မှာလဲ) ဟူသည့် ကလေးများအတွက် ပဟေဠိပေါင်းချုပ်ကို ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံး ဖန်တီးခဲ့သည်။ ရှာရခက်သောဇာတ်ကောင်က အနီအဖြူအစင်းကျား ရှပ်အင်္ကျီ၊ ခြေအိတ်နှင့်လိုက်ဖက်သောဦးထုပ်၊ အပြာရောင်ဂျင်းဘောင်းဘီ၊ အညိုရောင်ဘွတ်ဖိနပ်နှင့် မျက်မှန်တို့ကို ဝတ်ဆင်ထားသည်။ ကမ္ဘာတစ်ဝန်းရှိ နေရာ ဒေသအမျိုးမျိုးတွင် ဇာတ်ကောင်အမျိူးမျိူးဖြင့် ပြည့်နေသော ရှုပ်ထွေးသည့် သရုပ်ဖော်ရုပ်ပုံတွင် ဟန်းဖော့သည် ရှင်းလင်းသောမြင်ကွင်း၌ ဝေါလ်ဒိုကို ပါးနပ်စွာ ဝှက်ထားသည်။ ဝေါ်လ်ဒိုကို အမြဲရှာရမလွယ်ကူသော်လည်း ဖန်တီးသူက သူ့အား အမြဲရှာတွေ့မည်ဖြစ်ကြောင်း ကတိပေးသည်။ ပဟေဠိစာအုပ်တွင် ဝေါ်လ်ဒိုအား ရှာဖွေခြင်းသည် ဘုရားသခင်အား ရှာဖွေခြင်းနှင့် မတူညီသော်လည်း ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က သူအား ရှာတွေ့မည်ဖြစ်ကြောင်းကိုလည်း ကတိပေးထားသည်။
ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်သည် သူ၏လူမျိူးတော်တို့အား ၎င်းတို့ ဖမ်းသွားခေါ်ဆောင်ခံရသည့်ပြည်တွင် တိုင်းတစ်ပါးသားအဖြစ် မည်ကဲ့သို့ ဆက်လက်နေထိုင်ရမည်ကို ညွှန်ကြားခဲ့သည်…
ထို့အပြင် အခြားသောလူခုနစ်ဦး
၂၀၂၀ ခုနစ်၊ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလစ်မြို့အနီးတွင် ရဟတ်ယာဥ်ပျက်ကျပြီး လူ (၉)ဦး သေဆုံးခဲ့သည့်သတင်းမှာ ကြေကွဲစရာဖြစ်သည်။ သတင်းအများစုက “NBA (ဘက်စကတ်ဘော)နာမည်ကျော် Kobe Bryant (ခိုဘီဘရိုင်းယန့်)နှင့်သမီး Gianna (ဂျီအန်နာ/ဂျီဂျီ) နှင့် အခြားသောလူ (၇)ဦးတို့သည် မတော်တဆထိခိုက်မှုတွင် သေဆုံးခဲ့သည်” ဟုအစပြုသည်။
ဤကဲ့သို့အခြေအနေဆိုးမျိုးတွင် နာမည်ကျော်ပုဂ္ဂိုလ်များကို အဓိကထားသည် မှာ သဘာဝကျပြီး နားလည်နိုင်ပါသည်။ ခိုဘီနှင့်သူ၏ အဖိုးတန် ဆယ်ကျော်သက်သမီးဂျီဂျီတို့၏ သေဆုံးမှုသည် ပြောမပြနိုင်လောက်သည့် ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း ဘဝပန်းချီကားချပ်ထဲတွင် “အခြားသောခုနစ်ဦး” ဖြစ်သည့် ဖေတွန်၊ စာရာ၊ ခရစ်တီးနာ၊ အယ်လစ်စာ၊ ဂျွန်၊ ခီရီနှင့် အာရာတို့သည် သိပ်အရေးမပါဟု ခွဲခြားသောမျဥ်း မရှိကြောင်း ကျွန်ုပ်တို့စိတ်ထဲတွင် သိမှတ်ရပါမည်။
ဘုရားသခင်၏အမြင်တွင် လူသားတစ်ဦးချင်းစီသည် အရေးကြီးကြောင်း ကျွန်ုပ်တို့သတိရရန် လိုအပ်သည်။ လူမှုအသိုင်းအဝိုင်းက ချမ်းသာ၍…
ဘုရားသခင်၏ကောင်းသောကော်
မကြာသေးမီက အမေရိကန်နိုင်ငံရှိ Penn State (ဖန်းစတိတ်)တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ကပ်အား အလွန်ကောင်းပြီး ပယ်ဖျက်နိုင်သော ကော်အသစ်တစ်မျိုးကို တီထွင်ခဲ့သည်။ ၎င်းတို့၏ဒီဇိုင်းသည် ခြောက်သွေ့သောအခြေအနေများတွင် မာပြီး စိုသောအခါ ပျော့သွားတတ်သည့်ခရု၏ ချွဲကျိကျိအနှစ်ကို နမူနာယူကာ တီထွင်ထားခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်သဘာဝရှိသော ခရု၏ချွဲကျိကျိအနှစ်သည် ပူ၍စိုထိုင်းသောအခြေအနေတွင် ခရုများလုံခြုံ လွတ်လပ်စွာသွားနိုင်ရန်နှင့် အန္တရာယ်ရှိမည့်လှုပ်ရှားမှုမျိုးတွင် မိမိပတ်ဝန်းကျင်၌ လုံခြုံစွာတွယ်ကပ်နေရန် ထိန်းပေးသည်။
သဘာဝတရားမှတွေ့ရှိရသော ချွဲကျိကျိအနှစ်ကို သုတေသီတို့ အတုယူတီထွင်ခြင်းက သူ၏လေ့လာတွေ့ရှိမှုနှင့်စပ်လျဥ်း၍ ပြောပြသည့် သိပ္ပံပညာရှင် Johannes Kepler (ရိုးဟားနက်စ်ခက်ပလာ)၏ သရုပ်ဖော်ချက်ကို ဆင်ခြင်မိစေသည်။ သူသည် “ဘုရားသခင် သူ့အား ဂရုစိုက်မှုအပေါ် ဆင်ခြင်တွေးတောခြင်းဖြစ်သည်” ဟုပြောခဲ့သည်။ ဘုရားသခင်သည် မြေကြီးနှင့် မြေကြီး၌ရှိသော အပင်များ (က ၁:၁၂)၊ ပင်လယ်သတ္တဝါများအားလုံးနှင့် ပျံတတ်သောငှက်မျိုးများ (:၂၁)၊ “မြေပေါ်မှာတွားတတ်သော တိရိစ္ဆာန်မျိုးအပေါင်း” (:၂၅)နှင့် “မိမိပုံသဏ္ဌာန်နှင့်အညီ လူကို”ဖန်ဆင်းကြောင်း…
ရိုးရိုးလေးပဲ ပြောပါ
“ကယ်တင်ခြင်းကို တောင်းခံပါတယ်။ သခင်ယေရှုအကြောင်းသိချင်ပါတယ်။” အီးမေးလ်စာက တိုသော်လည်း အလျင်လိုနေသည်။ အံ့ဩဖွယ်တောင်းဆိုမှုပါ တကား။ သခင်ယေရှုကို မယုံကြည်လက်မခံရသေးသော စိတ်မပါသည့် မိတ်ဆွေများ၊ မိသားစုများနှင့် မတူဘဲ ထိုသူအား အထူးတလည် သိမ်းသွင်းစည်းရုံးရန်ပင် မလို။ ကျွန်မလုပ်ဆောင်ရမည်မှာ ဧဝံဂေလိဟောပြောခြင်းနှင့် စပ်လျဥ်း၍ မိမိ၏ သံသယများကို ဘေးဖယ်ပြီး၊ ထိုသူ၏တောင်းဆိုမှုအတွက် အဖြေဖြစ်မည့် အဓိကအချက်များ၊ ကျမ်းချက်များအပါအဝင် စိတ်ချရလောက်သည့် စာအုပ်စာပေများကို ရိုးသားစွာ ဝေငှရန်ဖြစ်သည်။ ထိုမှအစပြုကာ ယုံကြည်ခြင်းအားဖြင့် သူ၏ခရီးလမ်းကို ဘုရားသခင်လမ်းပြမည် ဖြစ်သည်။
ကန္တာရ၌ခရီးပြုရင်း ဟေရှာယအနာဂတ္တိကျမ်းကို အသံထွက်ဖတ်နေသော အဲသယောပိ ဘဏ္ဍာထိန်းအမတ်အား ထိုမျှရိုးရှင်းသော ဧဝံဂေလိတရားဝေမျှခြင်းကို ဖိလိပ္ပုဟောပြောသရုပ်ပြခဲ့သည်။ “ဖတ်သောအရာကို နားလည်ပါ၏လောဟု (သူ)မေးမြန်း”ရာ (တ ၈:၃၀)၊ “ထိုအမတ်ကလည်း သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း ဟုဆို”ခဲ့သည် (တ ၈:၃၁)။ “ဖိလိပ္ပု အား မေးမြန်းလျှင်၊ ဖိလိပ္ပုသည်…
အတိတ်တွင် ပျောက်ဆုံးကျန်ခဲ့ပြီ
နိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူပြီး စာရိတ္တပျက်စီးမှုကြောင့် ကိုးရီးယားဘုရင် Yeongjo (ရုန်ဂျို) (၁၆၉၄-၁၇၇၆)သည် ပြုပြင်ပြောင်းလဲမှုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ရွှေမျှင်ဖြင့် ချည်ထိုးပန်းထိုးသည့် ရိုးရာပညာရပ်ကို ပိတ်ပင်တားဆီးခဲ့သည်။ မကြာမီ မှာပင် အဆင့်ပေါင်းများစွာဖြင့် လက်ရာမြောက်စွာ လုပ်ဆောင်ရသည့်ပညာမှာ တိမ်မြှုပ် ပျောက်ကွယ်သွားပြီး အဖိုးတန်ပညာရပ်ကို ဆုံးရှုံးခဲ့ရသည်။
၂၀၁၁ ခုနှစ်တွင် ပရော်ဖက်ဆာ Sim Yeon-ok (စင်မ်ရော်န်အုပ်ခ်)က နှစ်ရှည် ပျောက်ဆုံးခဲ့သော ရိုးရာဓလေ့ကို ပြန်လည်ဖော်ထုတ်လိုသည်။ လုပ်နည်းကိုမှန်းဆ၍ အနီရင့်ရောင်စက္ကူပေါ်တွင် ရွှေချပ်လွှာပါးပါးကို ကပ်ကာ သေးသွယ်သော ရွှေချည်မျှင်ချောင်းများရအောင် ညှပ်ယူပြီး လုပ်ဆောင်မှုအဆင့်ဆင့်ကို ပြန်လည်ဖန်တီးဖော်ထုတ်ကာ ရှေးအနုပညာကို ပြန်လည်သက်ဝင်စေခဲ့သည်။
ထွက်မြောက်ရာကျမ်းတွင် အာရုန်၏ယဇ်ပုရောဟိတ်ဝတ်လုံကို ရွှေချည်ဖြင့်ချုပ်လုပ်ခြင်း အပါအဝင် ထူးကဲသော အတိုင်းအတာများဖြင့် တဲတော်ကို ဆောက်လုပ်ရန် ဖော်ပြထားသည်။ ကျွမ်းကျင်သောပညာသည်တို့သည် “ရွှေကို အပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို…
ကရန် ထလာခြင်း
လူများစွာတို့ ဖြန့်ဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကျက်သရေရှိသော အဘွားအို တစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တစ်ချိန်ကကျော်ကြားခဲ့သော ဘဲလေးကချေသည် Marta González Saldaña (မာတာ ဂန်ဇားလေ့စ် ဆာဒါးညှာ)သည် ယခုတွင် မှတ်ဉာဏ်ချို့တဲ့သည့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရသည်။ သို့သော် Tchaikovsky (ချိုင်းကော့စကီ)၏ ‘Swan Lake’ (ဘဲငန်းကန်) သီချင်းကို ဖွင့်ပြသည့်အခါ အံ့ဖွယ်အမှု ဖြစ်လာသည်။ သီချင်းအရှိန်မြင့်လာသည့်အခါ သူမ၏ချည့်နဲ့သောလက်များ တစ်ဖြည်းဖြည်းမြှောက်လာပြီး ပထမခရာမှုတ်သံ ကြားလိုက်သည့်အခါ ကုလားထိုင်ပေါ်၌ စတင်လှုပ်ရှား ကပါတော့သည်။ သူမ၏စိတ်နှင့်ရုပ်ခန္ဓာက ယိုယွင်းသော်လည်း သူ့စွမ်းရည်က ကျန်နေသေးသည်။
ထိုဗီဒီယိုကို မြင်လိုက်ရချိန်၌ ကောရိန္သုသြဝါဒစာပထမစောင် ၁၅ မှ ထမြောက်ခြင်းနှင့် ပတ်သက်ပြီး တမန်တော်ရှင်ပေါလု၏ သွန်သင်ချက်များသို့ ကျွန်ုပ်၏အတွေး ရောက်သွားသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အပင်ပေါက်စေရန် မြေ၌စိုက်သည့်အစေ့နှင့်နှိုင်းပြီး၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် အိုခြင်း၊ နာခြင်းကြောင့် အသရေမဲ့ပြီး…
ကျွန်ုပ်တို့၏အချိန်ကို ပြန်လည်သိမ်းယူခြင်း
၁၉၆၀ ပြည့်နှစ်များတွင် ကျွန်မ၏အမေသည် ကျွန်မ၏အဖေနှင့်လက်ထပ်နိုင်ရေး ကောလိပ်ဆက်မတက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကျွန်မကို ပြောပြခဲ့သည်။ သို့သော် အိမ်တွင်းမှုသိပ္ပံဆရာမ ဖြစ်ချင်သည့် သူမ၏အိမ်မက်ကို အမြဲဖက်တွယ်ထားဆဲပင်။ ကလေးသုံးယောက်မွေးပြီးသည့်နောက်၊ အမေသည် ဘွဲ့ရမဟုတ်သော်လည်း အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၏ ကျန်းမာရေးဌာနတွင် လက်ထောက်အာဟာရဗေဒပညာရှင် ဖြစ်လာခဲ့သည်။ အိမ်တွင်းမှုသိပ္ပံ ဆရာမကဲ့သို့ပင် အာဟာရပြည့်၀သော အစားအစာများကိုရွေးချယ်ရန် ကိုယ်တိုင်ချက်ပြုတ်ပြခဲ့သည်။ သူမ၏ဘ၀နှင့်အိပ်မက်အကြောင်းကို ကျွန်မအား ပြန်ပြောပြရင်း သူမ၏ဆုတောင်းသံကို ဘုရားသခင်ကြားပြီး သူမဖြစ်ချင်သည့်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့သည်ဟု သက်သေခံခဲ့သည်။
ကျွန်မတို့၏ဘဝတွင်လည်း ထိုကဲ့သို့ဖြစ်နိုင်ပါသည်။ ကျွန်မတို့၏ အစီအစဉ်က တစ်ခု၊ တကယ့်လက်တွေ့က တစ်ခြားဖြစ်နေတတ်သည်။ သို့သော် ဘုရားသခင်နှင့်သာဆိုလျှင် ကျွန်မတို့၏အချိန်နှင့်ဘဝသည် သူ၏ကရုဏာ၊ ချစ်ခြင်းနှင့် ပြုပြင်တည်ဆောက်ပေးခြင်းတို့ ထင်ဟပ်နေသည့် အသက်တာအသွင်သို့ ကူးပြောင်းသွားနိုင်သည်။ ဘုရားသခင်သည် ယုဒလူမျိုးများအား ကျိုင်းကောင်များကြောင့် ဆုံးရှုံးပျက်စီးခဲ့ရသောနှစ်များကို ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် (ယောလ ၂:၂၅)။ စိန်ခေါ်မှုများနှင့် ဖြစ်မလာသေးသော အိပ်မက်များကို…