အခြေခံသို့ပြန်သွားခြင်း
သန္နိဌာန် ဆိုလျှင် ဖျက်ရန်၊ ပြင်ရန် လုပ်ထားသလေးဟုပင် ထင်ရသည်။ ဤအဖြစ်မှန်ကို ဟာသဖောက်ပြီး အချို့က ‘အောင်မြင်ဖော်ဆောင်နိုင်သော’ နှစ်သစ်ကတိကဝတ် ကိုသာ ပြုရန် အဆိုပြုသည်။ လူမှုကွန်ယက်၌ တွေ့ရသည့်စာသားအချို့မှာ - “မီးပွိုင့်တွင် အခြားကားသမားများကို လက်ပြနှုတ်ဆက်ပါ။” “မာရသွန်ပြိုင်ပွဲအတွက် စာရင်းပေးပါ။ သို့သော် ဝင်မပြိုင်ပါနဲ့။” “မနက်ဖြန်မှလုပ်မည် ဆိုသည့် အချိန်ဆွဲခြင်းကို ရပ်ပစ်ပါ။” “Siri (စီရီ - Apple ပစ္စည်းများမှ အသံဖြင့်ကူညီမှု)မှ မည်သည့်အကူအညီမှမယူဘဲ လမ်းပျောက်နေလိုက်ပါ။” “နေ့စဥ် လေ့ကျင့်ခန်းလုပ်သည့်ပို့စ် တင်သူကို မိတ်ဆွေအဖြစ်မှ ပြတ်စဲလိုက်ပါ။”
သို့သော် အသစ်တဖန် အစပြုခြင်းအယူအဆသည် အရေးပါသောကိစ္စဖြစ်ပြီး၊ ပြည်နှင်ခံ ယုဒလူမျိုးများအတွက် အလွန်လိုအပ်နေသောအရာလည်းဖြစ်သည်။ သူတို့၏ အနှစ် ၇၀ သုံ့ပန်းဘဝ၏ အနှစ်၂၀ ကျော်ခန့်တွင် ပရောဖက်ယေဇကျေလအားဖြင့် “သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးကို ငါတစ်ဖန်ဆောင်ခဲ့”မည် ဟူသော အားတက်စရာ…
မဆုတ်ယုတ်သွားသော ယုံကြည်ခြင်း
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Silver Lake (ငွေရောင်ရေကန်)၏ မြောက်ဘက်ကမ်းခြေတစ်လျှောက်ရှိ မြင့်မားသောသဲခုံများကြောင့် အနီးဝန်းကျင်ရှိအိမ်များမှာ ရွေ့လျားသောသဲထဲသို့ နစ်မြှုပ်မည့်အန္တရာယ်နှင့် ကြုံခဲ့ရသည်။ နေထိုင်သူများက သူတို့အိမ်ကိုကာကွယ်ရန် သဲမြေများကို အားတက်အားသရော ကြိုးစားရွှေ့ကြသော်လည်း အိမ်ကောင်းများ သူတို့မျက်စိရှေ့တင် နစ်မြုပ်သွားသည်ကို ကူညီရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ဦးက မကြာမီက ပျက်စီးသွားခဲ့သောအိမ်တစ်လုံးအား ရှင်းလင်းမှုကို ကြီးကြပ်ရင်း ထိုအန္တရာယ်ကိုကာကွယ်ရန် မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။ အိမ်ပိုင်ရှင်များအနေဖြင့် မခိုင်ခံ့သော မြေသားနံရံ၏အန္တရာယ်ကို မည်သို့ပင် ရှောင်ရှားနေပါစေ၊ ထိုသဲခုံများက ခိုင်ခံ့သောအခြေခံအုတ်မြစ် အထောက်အပံ့ကို လုံးဝမပေးနိုင်ပါ။
သဲပေါ်အိမ်ဆောက်ခြင်းသည် အချည်းအနှီးသာဖြစ်ကြောင်း ရှင်ယေရှု သိသည်။ တပည့်တော်များအား မှားယွင်းသောပရောဖက်များကို မယုံကြည်ရန် သတိပေးပြီးနောက်၊ မေတ္တာနှင့်နာခံခြင်းသည် ပညာရှိမှုကို ပြသနေကြောင်း သူတို့အား ရှင်ယေရှု အခိုင်အမာပြောခဲ့သည် (မ ၇:၁၅-၂၃)။ “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ…
အချစ်များ ကုန်ဆုံးမသွားသောအခါ
“အဖိုး ကျွန်မကို ကမ်းခြေခေါ်သွားတဲ့အခါတိုင်း သူ့လက်ပတ်နာရီကိုချွတ်ပြီး အဝေးမှာ အမြဲထားလေ့ရှိတယ်။ တစ်ရက်ကျတော့ “ဘာလို့အဲ့လိုလုပ်တာလဲလို့ အဖိုးကို မေးမိတယ်” ဟု စန္ဒြာက ပြန်လည်အမှတ်ရရင်း ပြောပြသည်။
“မြေးလေးနဲ့အတူရှိနေတဲ့ အချိန်လေးတွေဟာ အဖိုးအတွက် ဘယ်လောက် အရေးပါလဲဆိုတာ မြေးကို သိစေချင်လို့လေ။ မြေးလေးနဲ့အတူ အချိန်တွေ ကုန်ဆုံးချင်လို့” ဟုအဖိုးက ပြုံးပြီး ဖြေပါသည်။
ထိုအမှတ်တရလေးကို အဖိုးဖြစ်သူ၏စျာပနအခမ်းအနားတွင် စန္ဒြာ ဝေမျှခဲ့သည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ ၎င်းသည် သူတို့မြေးအဖိုးနှစ်ယောက် အတူတူဖြတ်သန်းခဲ့သည့် သူအနှစ်သက်ဆုံး အမှတ်တရများအနက်တစ်ခုဖြစ်သည်။ အခြားသူတစ်ဦးက မိမိအတွက်အချိန်ပေးသောအခါ သူသည် မိမိအား တန်ဖိုးထား ကြောင်း ခံစားရသည်ကို ဆင်ခြင်မိရင်း ဘုရားရှင်၏ဂရုပြုသော မေတ္တာတော်အကြောင်း ရေးထားသည့် ကျမ်းပိုဒ်က အတွေးထဲဝင်လာသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အမြဲအချိန်ပေးသည်။ ဒါဝိဒ်မင်းကြီးက ဆာလံကျမ်း ၁၄၅ တွင် “လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်း…
ထိရောက်မှုရှိသော အသစ်တစ်ဖန်အစပြုခြင်း
Bryony (ဘရိင်ယန်နီ) အသက်သုံးဆယ်ရှိချိန်၌ သူဘယ်တုန်းကမှမကြိုက်ခဲ့သည့် အရောင်းဝန်ထမ်းဘဝ၌ ဆက်လက်ရှိနေသောကြောင့် ဝမ်းနည်းနေမိသည်။ သူမသည် အချိန်ဆွဲနေခြင်းကိုရပ်ပြီး အသက်မွေးဝမ်းကြောင်းအသစ်တခုကို ရှာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒေးဗစ် က နှစ်သစ်ကူးအကြိုည၌ မိမိကိုယ်ကို မှန်ထဲကြည့်ပြီး လာမည့်နှစ်သည် ကိုယ်အလေးချိန်ကျရမည့်နှစ်ဖြစ်သည်ဟု သန္နိဌာန် ချလိုက်သည်။ ဂျိမ်းစ်အတွက်မူ သူ၏ဒေါသပေါက်ကွဲမှုများ မလျော့သွားဘဲ လတစ်လသာ ကုန်ဆုံးသွားရာ၊ နောက်လတွင် သည့်ထက်ပိုပြီး ကြိုးစားမည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။
လ၏အစ၊ နှစ်၏အစနှင့် အရေးပါသောမွေးနေ့များတွင် ပြောင်းလဲမှုဖြစ်စေရေးအတွက် ကတိပြုဖူးလျှင် သင်တစ်ယောက်တည်း မဟုတ်ပါ။ သုတေသီများက ၎င်းကို “ထိရောက်မှုရှိသော အသစ်တဖန်အစပြုခြင်း” ဟုပင် အမည်ပေးထားပြီး၊ ပြက္ခဒိန်မှအမှတ်အသားများသည် မိမိဘဝကိုအကဲဖြတ်မှုအတွက် ပိုမို လွယ်ကူစေပြီး ကျရှုံးမှုများကို ချန်ရစ်ကာ အသစ်တဖန်အစပြုရန် ကြိုးစားစေကြောင်း ဆိုသည်။ ပိုကောင်းသောသူ ဖြစ်ချင်သောကြောင့် အသစ်သောအစပြုမှုတစ်ခုကို ကျွန်ုပ်တို့တောင့်တတတ်ကြသည်။
သခင်ယေရှု၌ယုံကြည်ခြင်းက ဤတောင့်တမှုသည် ကျွန်ုပ်တို့အား…
နှုတ်ကပတ်တော်နှင့် နှစ်သစ်
Michellan (မီရှဲလန်)သည် ဖိလစ်ပိုင်တွင် ကြီးပြင်းလာခဲ့စဥ် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း သူမသည် စကားလုံးဝေါဟာရများကို အမြဲနှစ်သက်ခဲ့ပြီး ၎င်းမှနှစ်သိမ့်မှုများ ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဥ် တစ်နေ့တွင် သူမသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပထမအခန်းကြီးကို ဖတ်ပြီး သူမ၏ ကျောက်နှလုံးသားသည် လှုပ်ခတ်ခြင်းခံလိုက်ရသည်။ တစ်စုံတစ်ယောက်က “ဟုတ်ပြီ၊ မင်းစကားလုံးတွေကို နှစ်သက်တယ်။ ထာဝရကာလတိုင်တည်တဲ့ စကားတော်ရှိတယ်။ ယခုနှင့် ကာလအစဥ်အဆက် အမှောင်ကို ခွင်းနိုင်စွမ်းရှိတဲ့ နှုတ်ကပတ်တော်၊ လူ့ဇာတိခံတဲ့ နှုတ်ကပတ်တော်၊ သင့်ကိုပြန်ချစ်နိုင်တဲ့ နှုတ်ကပတ်တော်လေ”ဟု သူမကိုပြောနေသကဲ့သို့ပင် ခံစားခဲ့ရသည်။
ရှင်ယောဟန်ခရစ်ဝင်ကို ဖတ်ရှုသူများအား ကမ္ဘာဦးကျမ်းအစတွင် တွေ့ရသည့် “အစအဦး၌” (က ၁:၁)ကို သတိရစေသောစကားများဖြင့် အစပြုထားသည့်ခရစ်ဝင်ကျမ်းကို သူမဖတ်ရှုနေခြင်းဖြစ်သည်။ ရှင်ယောဟန်က အစအဦး၌ သခင်ယေရှုသည် ဘုရားသခင်နှင့်အတူရှိသည်သာမက ဘုရားသခင်ဖြစ်တော်မူကြောင်းကို ထုတ်ဖော်ပြရန် ရှာကြံခြင်းဖြစ်ပါသည် (ယော ၁:၁)။ ဤအသက်ရှင်သော နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ကိုခံယူပြီး “(ကျွန်ုပ်တို့အထဲတွင်)တည်နေ”ပါသည် (:၁၄)။…
ခရစ်စမတ်ရောက်ရန် တစ်ရက်ပိုနီးလာပြီ
“ခရစ်စမတ်ပြီးသွားပြီလို့ ကျွန်မ မယုံနိုင်ဘူး”ဟု မရွှင်မပျဖြစ်နေသော သမီးက ဆိုသည်။ သူမည်သို့ခံစားရသည်ကို ကျွန်ုပ်သိသည်။ ခရစ်စမတ်၏နောက်ဆက်တွဲ ကြောင့် စိတ်မသာမယာခံစားရနိုင်သည်။ လက်ဆောင်များကို ဖွင့်ဖောက်ပြီး၊ ခရစ်စမတ်သစ်ပင်နှင့် မီးလုံးများကို ဖြုတ်သိမ်းပြီးဖြစ်သည်။ အင်အားမဲ့သောခံစားချက်ဖြင့် ဇန်နဝါရီလထဲဝင်လာပြီး အားလပ်ရက်အတွင်း တိုးလာသည့် ကိုယ်အလေးချိန်ကို လျော့ရန်အရေးက စောင့်ကြိုနေ၏။ ခရစ်စမတ်အချိန်အခါအတွက် ရင်မောစရာ၊ ပြင်ဆင်စရာများသည် အဝေးကြီးလိုသေးသည်ဟု ခံစားရသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ခရစ်စမတ်ပစ္စည်းများကို ပြန်လည် သိမ်းဆည်းစဉ်က ‘ပြက္ခဒိန်ကို ဘယ်လိုကြည့်ကြည့် နောက်နှစ်ခရစ်စမတ်ရောက်ဖို့ တစ်ရက် ပိုနီးလာကြောင်း’ ကျွန်ုပ်သိသည်။ ၎င်းကို ကျွန်ုပ် မကြာခဏပြောတတ်လေ့ရှိသည်။
သို့သော် တစ်ခဏတာ ခရစ်စမတ်ပွဲ ဆင်နွဲခြင်းထက် လောကသို့ ရှင်ယေရှု ကယ်တင်ခြင်းကို ဆောင်ယူလာခြင်းနှင့် ကိုယ်တော်၏ပြန်အလာကို ကျွန်ုပ်တို့စောင့်စား မျှော်လင့်ခြင်းဟူသည့် စစ်မှန်သည့် ဝိညာဉ်ရေးရာက ပို၍အရေးကြီးသည်။ ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာခြင်းအား စောင့်ကြည့်နေခြင်း၊ စောင့်ဆိုင်းခြင်း၊ မျှော်လင့်ခြင်းအကြောင်းကို…
ရွှေထက်ကောင်းသော
အမေရိကန်ပြည်ထောင်စု ရွှေအလုအယက်ရှာကြချိန်အတွင်း ရွှေရှာသူ Edward Jackson (အက်ဒွပ် ဂျက်ဆင်)သည် ကယ်လီဖိုးနီးယားပြည်နယ်သို့ ခရီးပြုလေရာ၊ ရောဂါဘယ၊ သေကြေပျက်စီးမှုအပြည့်နှင့် မြင်းလှည်းခရီးနှင်ခဲ့ရပုံကို ၁၈၄၉ ခုနှစ်၊ မေလ ၂၀ ရက် ဒိုင်ယာရီ၌ ရေးသားညည်းတွားခဲ့သည်။ “အို ကျွန်ုပ်ရဲ့အရိုးတွေကို ဒီမှာ မထားခဲ့ပါနဲ့၊ ဖြစ်နိုင်ရင် အိမ်မှာပဲပြန်မြှုပ်ပေးပါ”ဟု ရေးသားခဲ့သည်။ နောက်ထပ် ရွှေရှာသူ John Walker (ဂျွန် ဝေါ့ကာ)က “ဒါဟာ သင်စိတ်ကူးမြင်ယောင်ကြည့်နိုင်တဲ့ ထီပေါက်စဉ်ပဲ။ အခြားသူတွေကို လာဖို့ အကြံမပေးဘူး”ဟု ရေးသားခဲ့သည်။
အမှန်စင်စစ် ဝေါ့ကာသည် အိမ်ပြန်လာပြီး လယ်နှင့် နွားခြံလုပ်ငန်း၊ ပြည်နယ်တွင်းနိုင်ငံရေးစသည်တို့လုပ်ကိုင်ပြီး အောင်မြင်မှုရခဲ့သည်။ သူ့မိသားစုဝင် တစ်ဦးက အမေရိကန် ရုပ်မြင်သံကြားအစီအစဉ် “Antiques Roadshow” (ရှေးဟောင်း ပစ္စည်း အစီအစဥ်)သို့ ဝေါ့ကာ၏ ဝါကျင့်ကျင့်စာများကို ယူဆောင်ခဲ့ရာ ၎င်းတို့ကို ဒေါ်လာထောင်ချီ…
ခြင်္သေ့၊ သိုးသူငယ်၊ ကယ်တင်ရှင်
အမေရိကန်နိုင်ငံရှိ နယူးယောက်ပြည်သူ့စာကြည့်တိုက်အဝင်၌ ခံညားလှသည့် ခြင်္သေ့ကျောက်ရုပ်တုနှစ်ခုက အပေါ်စီးမှ လွှမ်းမိုးထားသည်။ စကျင်ကျောက်ဖြင့်ထုလုပ်ထားပြီး ၁၉၁၁ ခုနှစ် စာကြည့်တိုက်ကို လှူဒါန်းသောအခမ်းအနားကတည်းက ၄င်းတို့ ဝင့်ကြွားစွာ ရှိနေကြသည်။ စာကြည့်တိုက်တည်ထောင်သူများအား ဂုဏ်ပြုသောအားဖြင့် ၄င်းတို့ကို အစ၌ Leo Lenox (လီယိုလဲနက်စ်)နှင့် Leo Astor (လီယိုအာစတာ)ဟု နာမည်ပြောင် ပေးထားသည်။ သို့သော် ၁၉၃၀ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း နယူးယောက်မြို့ဝန် Fiorello LaGuardia (ရော်ရယ်လို လဂွါးဒီယာ)က ၄င်းတို့ကို Fortitude (ဇွဲ)နှင့် Patience (သည်းခံခြင်း)ဟု ပြန်ပြီး အမည်ပေးခဲ့သည်။ ၎င်းသည် နယူးယောက်မြို့သားများ ထုတ်ဖော်ပြသင့်သည့် အကျင့်ကောင်းများဖြစ်သည်ဟု သူယုံကြည်ခြင်းကြောင့်ဖြစ် သည်။ ယနေ့ထိလည်း ထိုခြင်္သေ့များကို ‘ဇွဲနှင့်သည်းခံခြင်း’ဟု ခေါ်ဆိုဆဲဖြစ်သည်။
အခက်ပြဿနာကြုံရချိန်၌ ခွန်အားပေးသူ၊ အသက်ရှင်ပြီး တန်ခိုးကြီးသောခြင်္သေ့ကို နှုတ်ကပတ်တော်မှ ဖော်ပြထားသည်။ ၎င်းကို…
ကြီးမြတ်သည့်ဉာဏ်ပညာ
“စိတ်ဝိညာဉ်၏အခြေအနေကို ထောင့်ပေါင်းစုံမှစောင့်ကြည့်ရန် သိုးထိန်းအတွက် ကြီးမြတ်သည့် ဉာဏ်ပညာနှင့် မျက်လုံးပေါင်းတစ်ထောင် လိုအပ်၏”ဟု ချစ်လှစွာသော အသင်းတော်ဖခင်ကြီး John Chrysostom (ဂျွန်ခရီစော့စတွမ်) ရေးခဲ့သည်။ ဝိညာဉ်ရေးအရ တစ်ပါးသူများကို ကောင်းစွာဂရုစိုက်ခြင်းသည် ရှုပ်ထွေးမှုရှိကြောင်း ဆွေးနွေးချက်၏တစ်စိတ်တစ်ဒေသ အဖြစ် ခရီစော့စတွမ်က ဤစာသားများကို ရေးသားခဲ့ခြင်း ဖြစ်သည်။ လူတစ်ဦးဦးအား ကုစားပေးရန် အတင်းအကြပ်လုပ်ဆောင်၍ မရနိုင်သောကြောင့် တစ်ပါးသူများ၏နှလုံးသားကို ထိတွေ့နိုင်ရန် စာနာခြင်းနှင့် သနားကရုဏာကို လိုအပ်ကြောင်း သူအသားပေးပြောခဲ့သည်။
သို့သော် ၄င်းသည် ဘယ်ခါမှနာကျင်မှုကို မဖြစ်စေရဟု မဆိုလိုကြောင်း ခရီစော့စတွမ်က ဂရုစိုက်ရန် သတိပေးခဲ့သည်။ “နက်နက်နဲနဲ ခွဲစိတ်မှု လိုအပ်နေသူတစ်ဦးကို သက်ညှာပြီး နက်နက်ရှိုင်းရှိုင်းမခွဲစိတ်ပါက အစိတ်အပိုင်းအချို့ကို ဖြတ်တောက်လိုက်သော်လည်း ကင်ဆာကတော့ ကျန်နေမည်ဖြစ်သည်။ သို့သော် လိုအပ်နေသည့်ခွဲစိတ်မှုကို အကြင်နာတရားမရှိဘဲ ခွဲစိတ်ပြန်ပါက မကြာခဏ ဆိုသလို လူနာသည် သူ၏နာကျင်ခံစားရမှုအတွက် စိတ်ပျက်ဝမ်းနည်းကာ ရှိသမျှကို…
ဘုရားသခင်၏လက်ယာလက်
ကျွန်မ၏ခွေးအိုကြီးဝီလ်ဆင်ကို မြက်တောထဲ လွှတ်လိုက်ပြီး တစ်ဆက်တည်း ခွေးပျိုလေးခို့ချ်ကို လည်ပတ်ကြိုးဖြေပေးလိုက်သည်။ ခို့ချ်၏ လည်ပတ်ကြိုးကို ကုန်းကောက်လိုက်စဉ် သူက ယုန်တစ်ကောင်ကို တွေ့ပြီး လိုက်သဖြင့် ကျွန်မ၏ညာလက်မှ ခွေးလည်ပတ်ကြိုးလွတ်သွားပြီး လက်သူကြွယ်ကို ပတ်ရစ်ဆွဲသွားသည်။ ကျွန်မလည်း မြက်ပေါ်လဲကျသွားပြီး နာကျင်စွာ အော်ညည်းမိခဲ့သည်။
အရေးပေါ်ကုသမှုပြီးနောက် ခွဲစိတ်ကုသရန် လိုအပ်ကြောင်းသိလိုက်ရသဖြင့် “ကျွန်မက စာရေးဆရာလေ။ ဘယ်လိုစာရိုက်ရမလဲ။ ကျွန်မရဲ့နေ့စဉ်တာဝန်တွေကို ဘယ်လိုလုပ်ရမလဲ” ဟု ဘုရားရှင်၏မစမှုကို တောင်းခံခဲ့သည်။ ကိုယ်တော်က သူ့နည်းလမ်းအတိုင်း နေ့စဉ်သမ္မာကျမ်းစာဖတ်ရှုခြင်းမှ ကျွန်မကို စကားပြောခဲ့ သည်။ “သင်၏ဘုရားသခင် ထာဝရဘုရားက မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်” (ဟေရှာ ၄၁:၁၃)။ ထိုကျမ်းပိုဒ်၏ ရှေ့နောက်အကြောင်းအရာကို ဖတ်ကြည့်သောအခါ ဟေရှာယမှ ဘုရားသခင်၏ သတင်းစကားကို ယုဒပြည်ရှိ ကိုယ်တော်၏လူများအား ကြားပြောပေးသည့် အကြောင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားရှင်နှင့် အထူးတလည်ဖြစ်သည့်…