အမျိုးအစား  |  odb

ကျွန်ုပ်တို့၏စစ်မှန်သောဖြစ်တည်မှု

လူတစ်ဉီးသည် ငါးစာရောင်းသည့်ဆိုင်တွင် ငါးဖမ်းကိရိယာဘူးကို ပထမဆုံးရွေးလိုက်သည်။ ဈေးဝယ်တွန်းလှည်းထဲသို့ ငါးမျှားချိတ်၊ ငါးကိုဆွဲဆောင်သည့် ကိရိယာများ၊ ဘော့ဘာ၊ ငါးမျှားကြိုးနှင့် ခဲသီးများ ထည့်လိုက်သည်။ နောက်ဆုံး၌ သက်ရှိငါးစာ၊ ငါးမျှားတံအသစ်နှင့် ရစ်ကြိုးတို့ကို ထပ်ပေါင်းထည့်လိုက်သည်။ ဆိုင်ရှင်က "အရင်က ငါးမျှားဖူးလား" ဟုမေးရာ သူက "မမျှားဖူးဘူး" ဟုပြန်ဖြေသည်။ ဆိုင်ရှင်က "ဒါကိုထပ်ယူရင် ပိုကောင်းမယ်"ဟု ပြောသည်။ ရှေးဉီးသူနာပြုသေတ္တာ ဖြစ်သည်။ သူလည်း သဘောတူကာ ငွေရှင်းပြီး ထွက်လာခဲ့သည်။ ထိုနေ့က ငါးတစ်ကောင်မှမမိဘဲ ငါးမျှားချိတ်နှင့် ဂီယာတို့‌ကြောင့် သူ့လက်ချောင်းများ၌ ရှရာစုတ်ပြဲဒဏ်ရာများသာရခဲ့သည်။

ရှိမုန်ပေတရုအတွက် ၎င်းသည် ပြဿနာမဟုတ်ပါ။ သူ့လှေကိုရေနက်ရာသို့ ရွှေ့ပြီး "ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့" (လု ၅:၄) ဟု ရှင်ယေရှုပြောလိုက်သည့် စကားကြောင့် အတွေ့အကြုံရင့်ကျက်သည့် တံငါသည်ရှိမုန်မှာ အံ့အားသင့်သွားရသည်။ တစ်ညလုံး ငါးတစ်ကောင်မျှမမိသော်လည်း ရှိမုန်နှင့် သူ့အပေါင်းအဖော်တို့ ပိုက်ကွန်ကိုချလိုက်ရာ…

နေပါရစေ

ကားရပ်ထားသည့်နေရာသို့ လျှောက်လာကြစဥ် ဇန်းဒါးသည် သူ့အမေလက်မှ ထွက်ပြေးပြီး ဘုရားကျောင်းတံခါးဆီသို့ တစ်ဟုန်ထိုးပြေးသွားသည်။ သူမပြန်ချင်ပါ။ အမေလည်း သူ့နောက်သို့ အပြေးလိုက်သွားပြီး သားကို ကြင်နာစွာဖြင့် ထွေးပွေ့ ခေါ်ယူလိုက်သည်။ သို့မှသာ အိမ်ပြန်နိုင်မည်ဖြစ်သည်။ ၄ နှစ်သားလေးဇန်းဒါးကို ရင်ခွင်ထဲတွင် မိမိရရ ပွေ့ချီမိသောအခါသူက တရှုံ့ရှုံ့ငိုပြီး အမေ့ပုခုံးကိုမှီကာ ဘုရားကျောင်းဘက်သို့ ငေးကြည့်ပြီးပါလာသည်။

ဇန်းဒါးသည် ဘုရားကျောင်း၌ သူငယ်ချင်းများနှင့်ကစားရသည့်အတွက် ပျော်ရွှင်နေခြင်းဖြစ်ကောင်းဖြစ်မည်။ သို့သော် သူ၏စိတ်အားထက်သန်မှုကဘုရားသခင်ကို ကိုးကွယ်လိုသော ဒါဝိဒ်၏ စိတ်ဆန္ဒပုံရိပ်ဖြစ်သည်။ နှစ်သိမ့်မှုနှင့်လုံခြုံမှုအတွက် ရန်သူများကို တားဆီးပေးရန် ဘုရားသခင်ထံ သူတောင်းဆိုခဲ့မည်ဖြစ်သော်လည်း "ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှာ ထာဝရဘုရား၏အိမ်တော်မှာ တသက်လုံးနေရမည်အကြောင်း" (ဆာ ၂၇:၄) ငြိမ်သက်ခြင်းရှိရန် သူတောင့်တခဲ့သည်။ မည်သည့်အရပ်၌ရှိရှိ သူနှလုံးသားသည် ဘုရားသခင်နှင့်အတူရှိရန်ကိုသာ မျှော်လင့်နေပြီး မျက်မှောက်တော်၌ မွေ့လျော်ချင်ပါသည်။ ဣသရေလလူမျိုး၏ အကြီးမြတ်ဆုံးဘုရင်မင်းနှင့်စစ်သူရဲကြီးသည် ငြိမ်ဝပ်ရာအချိန်ကို…

တန်ခိုးနှင့်ပြည့်စုံပြီး ချစ်နှစ်သက်ဖွယ်ကောင်းခြင်း

၂၀၂၀ ခုနှစ်တွင် အီကွေဒေါမှ Sangay (ဆန်းဂေး) မီးတောင် ပေါက်ကွဲခဲ့သည်။ ဘီဘီစီသတင်းတွင် "မဲမှောင်နေသောပြာမှုန့်ထုသည် မီတာ ၁၂,၀၀၀ ကျော်ထိ မြင့်မားခဲ့သည်" ဟုဖော်ပြပါသည်။ ထိုပြာမှုန့်သည် ဧက ၁၉၈,၀၀၀ အကျယ်အဝန်းရှိသည့် ပြည်နယ် (၄) ခုကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်သည် မှုန်မှိုင်းမှောင်မိုက်သွားပြီး လေထုလည်း သိပ်သည်းလာကာ အသက်ရှုရန် ခက်ခဲစေသည်။ စိတ်မချမ်းမြေ့ဖွယ် ထိုမြင်ကွင်းကို လယ်သမားကြီး Feliciano Inga (ဖလီစရာနိုအန်ဂါ)က "ဒီဖုန်မှုန့်တွေ ဘယ်က ရောက်လာမှန်းတော့မသိဘူး။ ကောင်းကင်မဲသွားတာပဲတွေ့ရပြီး တဖြည်းဖြည်းကြောက်လာကြတယ်"ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။

ဣသရေလလူမျိုးများသည် "တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက် မည်းသောအဆင်းမိုးတိမ်တိုက် ထူထပ်သောမှောင်မိုက်" (ထွက် ၄:၁၁)ကျသွားချိန်၌ အလားတူသော ကြောက်ရွံ့မှုမျိုးကို သိနာတောင်ခြေတွင် ခံစားခဲ့ရသည်။ ဘုရားသခင်၏အသံတော် မြည်ဟိန်း သွားကာ လူများသည် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။…

အဘယ်အရာကမျှ မခွဲခွာနိုင်ပါ

ဖရီစ် ၏ဖခင်သင်းအုပ်ဆရာသည် အင်ဒိုနီးရှားနိုင်ငံရှိ သေးငယ်သောကျွန်းပေါ်တွင် ရှေ့ဆောင်အဖြစ် ဧဝံဂလိလုပ်ဆောင်ရန် ဘုရားခေါ်သောအသံကို ဝန်ခံလျက် သွားခဲ့ရာ သူတို့မိသားစုသည် ယခင်က တိရစ္ဆာန်များထားသည့် ခနော်ခနဲ့တဲအိမ် တွင် နေထိုင်ခဲ့ရသည်။ ကြမ်းပြင်ပေါ်ထိုင်ကာ ချီးမွမ်းသီချင်းဆိုလျက် ခရစ်စမတ် ပွဲတော်ဆင်နွှဲနေစဥ် ကောက်ရိုးများဖြင့် မိုးထားသောခေါင်မိုးမှ မိုးရေများ စိမ့်ကျနေခဲ့သည်ကို ဖရီစ် အမှတ်ရမိသည်။ သို့သော် သူမ၏ဖခင်က "ဖရီစ်၊ အဖေတို့ ဆင်းရဲ နေတာ၊ ဘုရားက အဖေတို့ကို မချစ်လို့မဟုတ်ဘူးနော်" ဟု သတိပေးခဲ့ပါသည်။

အချို့က အသက်တာတွင် ကြွယ်ဝချမ်းသာ၊ ကျန်းမာပြီးအသက်ရှည်မှ ဘုရားကောင်းချီးပေးသော အသက်တာဟုမြင်ကြသည်။ ထို့ကြောင့် ခက်ခဲချိန်တွင် ဘုရားရှင် ကိုယ့်ကို ချစ်ရောချစ်သေးရဲ့လားဟု တွေးမိကောင်း တွေးမိပါလိမ့်မည်။ ရောမသြဝါဒစာ ၈:၃၁-၃၉ တွင် ရှင်ပေါလုက အခက်အခဲပြဿနာ၊ ညှဉ်းပန်းနှိပ်စက်မှု၊ အစာငတ်မွတ်ခြင်းဘေး အပါအဝင် မည်သည့်အရာကမျှ ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို…

ဘုရားသခင်၏အံ့သြဖွယ်ရာ ဖန်ဆင်းခြင်း

နွေဦးပေါက်ရာသီ သဘာဝအလှကိုခံစားရန် ကျွန်ုပ်၏ဇာတိမြို့ရှိ Grand River (ဂရဲန်းမြစ်) တစ်လျှောက် ကျွန်ုပ်တို့ဇနီးမောင်နှံ အေးအေးလူလူ လမ်းလျှောက် ထွက်ခြင်းက ထူးခြားအံ့ဖွယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ လိပ်ကြီး ငါးကောင်ခြောက်ကောင်ခန့်သည် လှုပ်ခတ်နေသောရေထဲရှိ သစ်တုံးပေါ်တွင် နေပူဆာလှုံနေကြသည်။ လပေါင်းများစွာ မတွေ့ခဲ့ရသော ဤတွားသွားသတ္တဝါများ၏ အံ့ဖွယ်မြင်ကွင်းကို မြင်လိုက်ရ၍ ကျွန်ုပ်တို့ပြုံးရယ်မိသည်။ ၎င်းတို့ပြန်ပေါ်လာသဖြင့် ကျွန်ုပ်တို့ ဝမ်းသာပြီး ဘုရားရှင်၏အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာကို ပျော်မွေ့ခံစားခဲ့ရသည်။

ဘုရားသခင်သည် ယောဘအား လမ်းလျှောက်ရင်း သဘာဝတရားကို ခံစား ရန် ခေါ်ခဲ့ပါသည် (ယောဘ ၃၈)။ ဒုက္ခပင်လယ်ဝေနေသူ ယောဘသည် ဖန်ဆင်းရှင်ဘုရားထံမှ သူ၌ဖြစ်ပျက်နေသောအခြေအနေအတွက် အဖြေကို လိုအပ်နေသည် (:၁)။ ဘုရားနှင့်အတူထွက်ခဲ့သောခရီးတွင် ဖန်ဆင်းခြင်းလက်ရာများမှတစ်ဆင့် သူမြင်တွေ့ခဲ့သောအရာများမှ သူလိုအပ်နေသော အားပေးမှုခွန်အားကို ရရှိခဲ့သည်။

ဘုရားသခင်သည် သူပုံဖော်ထားသည့် ခမ်းနားကြီးကျယ်သော ကမ္ဘာကြီး အားဖြင့် ယောဘကို သတိပေးသောအခါ ယောဘ၏ အံ့သြမှင်သက်သွားမှုကို…

သတင်းကောင်း

၁၉၄၁ ခုနှစ်တွင် ဥရောပတစ်ခွင် ကျယ်ပြန့်လာသော ဟစ်တလာ၏အုပ်ချုပ်မှုကြောင့် ဝတ္ထုရေးဆရာ John Steinbeck (ဂျွန်စတိန်းဘတ်ခ်)သည် စစ်ဘက်ဆိုင်ရာအားထုတ်မှုအတွက် ကူညီရန် တောင်းဆိုခံရသည်။ ရှေ့တန်းစစ်မျက်နှာပြင်သို့ စစ်တိုက်သွားရန်၊ တပ်သားများကို သွားအားပေးရန် မဟုတ်ဘဲ ဝတ္ထုတစ်အုပ်ရေးပေးရန် ဖြစ်သည်။ သို့ဖြင့် မတရားကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်ရောက်သွားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုအကြောင်းကို ရေးထားသော The Moon Is Down (လကွယ်သွားပြီ) ဂန္တဝင် စာအုပ်ထွက်လာသည်။ ထိုစာအုပ်ကို တရားမဝင်ပုံနှိပ်ပြီး နာဇီလက်အောက်ရောက်နေသော နိုင်ငံများသို့ လျှို့ဝှက်စွာဖြန့်ဝေခဲ့သည်။ ဝတ္ထုထဲတွင် မဟာမိတ်တပ်လာနေပြီဖြစ်ကြောင်း၊ ဝတ္ထုဇာတ်ကောင်များကို နမူနာယူပြီး စာဖတ်သူတို့လည်း သူတို့၏လွတ်လပ်မှုကို ကာကွယ်နိုင်ကြောင်း သတင်းပါးထားသည်။ The Moon Is Down အားဖြင့် လွတ်မြောက်မှုသည် လက်တစ်ကမ်း၌ရှိနေကြောင်း Steinbeck က သတင်းကောင်းဆောင်ကြဥ်းခဲ့သည်။

Steinbeck ၏ဝတ္ထုမှ ဇာတ်ဆောင်များကဲ့သို့ပင် ပထမရာစုနှစ်က ဂျူးလူမျိုးများသည်လည်း ရက်စက်သော ရောမအုပ်စိုးမှုအောက်သို့…

သင်တစ်ယောက်တည်း မဟုတ်ပါ

"မင်းကိုတွေ့ရတာ အရမ်းဝမ်းသာတယ်"၊ "ဟယ် နင်လည်းပါတယ်ပေါ့"၊ "မင်းဒီမှာ ရှိနေတာ ဝမ်းသာတယ်ဟေ့" စသည့် နှုတ်ဆက်သံများက နွေးထွေးပြီး့ ဖက်လဲတကင်းရှိလှသည်။ အမေရိကန်နိုင်ငံ၊ တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အမှုတော်လုပ်ငန်း၏ အဖွဲ့ဝင်များက ညပိုင်းအစီအစဉ် မစတင်မီ အွန်လိုင်းပေါ်၌ တွေ့ဆုံခဲ့ကြသည်။ဧည့်သည်ဆရာအနေနှင့် စကားပြောရမည့် ကျွန်မက ကိုလိုရာဒိုပြည်နယ်မှနေ၍ အွန်လိုင်းဗွီဒီယိုသို့ ဝင်လာသူ တစ်ယောက်ပြီးတစ်ယောက်ကို တိတ်တဆိတ်ကြည့်နေမိသည်။ ကျွန်မ မည်သူ့ကိုမှ မသိသဖြင့် အပြင်လူတစ်ယောက်ကဲ့သို့ ခံစားရသည်။ ရုတ်တရက် ကျွန်မ၏သင်းအုပ်ဆရာဝင်လာပြီး နှစ်ရှည်လများ သိကျွမ်း ခဲ့သည့် ဘုရားကျောင်းမှသူငယ်ချင်းလည်း ဝင်လာသည်။ သူတို့ကိုမြင်လိုက်မှ အထီးကျန်သည်ဟု မခံစားရတော့ပါ။ ဘုရားက အထောက်အပံ့ပို့လိုက်သလိုပင်။

ဧလိယသည် အာဟပ်နှင့်ယေဇဗေလတို့၏ အမျက်ဒေါသရန်မှ ရှောင်ပြေး ပြီးနောက် ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသောပရောဖက်ဟု ခံစားရသော်လည်း (၃ ရာ ၁၉:၁၀) သူတစ်ယောက်တည်း ကျန်ခဲ့သည် မဟုတ်ပါ။ ရက်ပေါင်း ၄၀၊ ညပေါင်း…

သခင်ယေရှု၏ စစ်မှန်သောနောက်တော်လိုက်

Christian Mustad (ခရစ္စတန်မာ့စတတ်)က သူပိုင်သော ပန်းချီဆရာ Van Gogh (ဗန်ဂိုး)၏ ရှုခင်းပန်းချီကို ပန်းချီကားစုဆောင်းသူ Auguste Pellerin (သြဂတ်စ်ဖဲလာရင်)အား ပြသသည့်အခါ Pellerin က တစ်ချက်ကြည့်ပြီး Van Gogh ၏ လက်ရာအစစ်မဟုတ်ဟု ပြောခဲ့သည်။ Mustad သည် ပန်းချီကားကို အိမ်ထပ်ခိုးတွင် နှစ်ပေါင်း၅၀ ကြာ သိမ်းထားလိုက်သည်။ Mustad ဆုံးသွားပြီးနောက် ထိုပန်းချီကားသည် နောက်ထပ် နှစ်ပေါင်း ၄၀ အတွင်း မကြာခဏ အစစ်ခံခဲ့ရသော်လည်း ၂၀၁၂ ခုနှစ်အထိ အတုဟုသာ သတ်မှတ်ခံရသည်။ ၂၀၁၂ ခုနှစ်တွင် ကျွမ်းကျင်သူပညာရှင်တစ်ဦးက ပန်းချီကား၏ကင်းဗတ် ပိတ်စမှ ချည်များ၏ အကွာအဝေးကို ကွန်ပျူတာဖြင့် ရေတွက်ခဲ့ရာ၊ ၎င်းသည် Van Gogh ၏အခြားပန်းချီကား၏ပိတ်စနှင့် အတူတူဖြစ်ပြီး ပိတ်တစ်ခုတည်းမှ ဖြတ်ထားသည်ကို တွေ့ရှိခဲ့သည်။ Mustad…

ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကျူးဧပါ

တပည့်တော်ဖြစ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပသည့် တစ်ပတ်တာလုံးတွင် အနောက်အလယ်ပိုင်းဒေသ၏ နွေဥတုအပူဒဏ်နှင့် စိုထိုင်းမှုဒဏ်ကို ကျွန်ုပ်တို့ ခံစားခဲ့ရသည်။ သို့သော် နောက်ဆုံးရက်တွင်မူ အရှေ့ဘက်မှလေအေးကို ခံစားခဲ့ရသည်။ ရာသီအပြောင်း လေအေးနှင့် ဘုရားပြုပေးသည့်အံ့ဖွယ်အရာအတွက် ကျေးဇူးတော်ချီးမွမ်းလျက် ရာနှင့်ချီသည့်လူတို့စုပေါင်းလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသည်။ စိတ်ရောကိုယ်ပါ ကျူးဧသီဆိုပြီး ခန္ဓာစိတ်ဝိညာဉ်ကို သခင့်ထံအပ်နှံလျက် လူများစွာတို့ လွတ်မြောက်ခြင်းကို ခံစားခဲ့ရသည်။ ၁၀ နှစ် ကြာပြီးမှ ထိုနေ့အကြောင်း ပြန်တွေးမိစဥ် ဘုရားရှင်ကိုချီးမွမ်းစဥ် ခံစားခဲ့ရသည့် ပကတိအံ့ဩမှု၊ ဝမ်းမြောက်မှုကို ပြန်လည်အမှတ်ရမိသည်။

ဒါဝိဒ်မင်းသည် ဘုရားသခင်ကို မည်သို့ စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းရမည်ကို သိသည်။ ယေရုရှလင်မြို့သို့ ဘုရားသခင်ကျိန်းဝပ်တော်မူရာ ပဋိညာဉ်သေတ္တာကို ယူဆောင်လာစဉ် သူသည် ဝမ်းမြောက်စွာ ကခုန်ခဲ့သည် (၅ ရာ ၁၅:၂၉)။ ဒါဝိဒ်ဇနီး မိခါလသည် သူ၏စိတ်လွတ်နေသည့်အခြေအနေကို ကြည့်ပြီး "စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု" (:၂၉)သည့်တိုင် သူမ၏ဝေဖန်မှုကြောင့် စစ်မှန်သော၊…

သခင်ယေရှုအမည်နာမ

"သား၊ အဖေ့မှာမင်းကိုပေးစရာအများကြီးမရှိဘူး။ ဒါပေမဲ့ အဖေ့မှာနာမည်ကောင်းရှိတယ်။ ဒါ့ကြောင့် အလဟဿဖြစ်အောင်မလုပ်ပါနဲ့" ဟူသည့် အမြော်အမြင်ရှိပြီးလေးနက်သည့် စကားကို Johnnie Bettis (ဂျွန်နီဘက်တိစ်)က ကောလိပ်တက်ရန် အိမ်မှထွက်ခွာသွားတော့မည့်သား Jerome (ဂျယွန်းမ်)အား ပြောခဲ့ခြင်းဖြစ်သည်။ နာမည်ကျော် အမေရိကန် ထူးချွန်ဘောလုံးကစားသမားအား ဆုချီးမြှင့်ပွဲတွင် Jerome က သူ့ဖခင်၏စကားကို ကိုးကားပြီး မိန့်ခွန်းပြောခဲ့သည်။ ဤပညာရှိစကားကို သူ့ဘဝတစ်လျှောက်လုံး မှတ်သားထားပြီး သူ၏သားကိုလည်း "သား၊ ငါတို့ရဲ့နာမည်ကောင်းထက် ပိုအရေးပါတဲ့အရာပေးဖို့ အဖေ့မှာဘာမှမရှိဘူး" ဟုအလားတူစကားကိုပြောပြီး သူ၏စိတ်ဝင်စားဖွယ်မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူတို့အတွက် နာမည်ကောင်းသည် အရေးကြီးသည်။ ကောလောသဲသြဝါဒစာ ၃:၁၂-၁၇ မှ ရှင်ပေါလု၏စကားများက မည်သူအား ကျွန်ုပ်တို့ကိုယ်စားပြုသည်ကို သတိပေးထားသည် (:၁၇)။ ပင်ကိုအကျင့်စရိုက်ဆိုသည်မှာ မိမိဝတ်ဆင်သည့် အဝတ်အထည်နှင့်တူပြီး အထက်ပါကျမ်းပိုဒ်တွင် "သခင်ယေရှုတံဆိပ်" ခတ်နှိပ်ထားသည့်အထည်များကို ဖော်ပြထားသည်။ "ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊…