အမျိုးအစား  |  odb

မေတ္တာက ကျွန်ုပ်တို့ကို ထိန်းကြောင်းသည်

လူမျိုးနှင့်ခေါင်းဆောင်အပေါ် တာဝန်စောင့်သိမှုအမှတ်အသား ဆေးမင်ကြောင်ပုံကို ဆမိုအာကျွန်းသား လူငယ်ယောက်ျားလေးအများစုလက်တွင် ထိုးထားသည်။ ထို့ကြောင့် ထိုအမှတ်အသားသည် ဆမိုအာ အမျိုးသား ရပ်ဘီ ဘောလုံးအားကစား အသင်းဝင်များ၏ လက်မောင်းများတွင် ရှိသည်။ ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးပွဲသွားကစားသောအခါ ဆေးမင်ကြောင်ကို အဆိုးမြင်သော အိမ်ရှင်ဂျပန်လူမျိုးတို့ အတွက် သူတို့၏ထိုအမှတ်အသားသည် ပြဿနာတစ်ရပ်ဖြစ်ကြောင်း သူတို့ နားလည်သည်။ ဆမိုအာကစားသမားတို့သည် အသားရောင် လက်ရှည် အသားကပ်များကို ဝတ်ဆင်ကာ သူတို့၏ဆေးမင်ကြောင်ပုံများကို ဖုံးအုပ်လျက် မိတ်ဆွေဖြစ်ခြင်း ချစ်ကြည်ရေးအပြုအမူကို ပြခဲ့သည်။ “ဂျပန်လူမျိုးတို့ရဲ့ အလေ့အထကို ကျွန်ုပ်တို့နားလည်သိရှိထားပြီး လေးစားမှုလည်း ရှိပါတယ်။ ကျွန်ုပ်တို့ပြတဲ့အပြုအမူက ပြဿနာမဖြစ်ဘဲ အဆင်ပြေဖို့ ကျွန်ုပ်တို့ အသေအချာ လုပ်ပါမယ်” ဟု အသင်းခေါင်းဆောင်က ရှင်းပြသည်။

လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထင်မြင်ထုတ်ဖော်ချက်ကို အလေးထားသည့် မျက်မှောက်ခေတ်တွင် ရောမသြဝါဒစာ၌ မိမိကိုယ်ကိုထိန်းချုပ်ကန့်သတ်ခြင်း သဘောထားကို ရှင်ပေါလုရေးသားခဲ့ခြင်းက ထူးခြားချက်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတစ်ပါးအတွက် မိမိ၏အခွင့်အရေးကို…

ဘဝခက်ခဲသည်ဖြစ်စေ၊ အဆင်ပြေသည်ဖြစ်စေ

၁၉၈၆ ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့တွင် အမေရိကန်အာကာသယာဉ်ချဲလင့်ဂျာ (Challenger)သည်လွှတ်တင်ပြီးပြီးချင်း ၇၃ စက္ကန့်အကြာတွင် တစ်စစီပေါက်ကွဲ ပျက်ကျသွားခဲ့သည်။ တိုင်းသူပြည်သားများအားပြောသော နှစ်သိမ့်စကားတွင် သမ္မတရော်နယ်ရေဂင် (Ronald Reagan)က ဒုတိယကမ္ဘာစစ်အတွင်းက လေသူရဲ John Gillespie Magee ရေးသားသည့် "High Flight - အမြင့် ပျံသန်းခြင်း"ကဗျာမှ "မည်သူမျှ ဖြတ်သန်းဝင်ရောက်ဖူးခြင်းမရှိသေးသော သန့်ရှင်းမြင့်မြတ်ရာ အာကာသ နယ်ပယ်" နှင့် "ဘုရားသခင်၏ မျက်နှာတော်ကို တို့ထိရန် သူ့လက်ကို ဆန့်ထုတ်မိ"ခြင်း စသည့် စာသားများကို ကိုးကား ဖော်ပြခဲ့သည်။

ဘုရားသခင်၏မျက်နှာတော်ကို ကျွန်မတို့တကယ်မထိတွေ့နိုင်သော်လည်း အံ့သြမှင်သက်ဖွယ် နေဝင်ချိန်အလှ (သို့) သဘာဝတရားရှိ ငြိမ်းချမ်းဆိတ်ငြိမ် သောနေရာတစ်ခုအားဖြင့် ဘုရားသခင် ကျွန်မတို့အနီးအနားတွင်ရှိကြောင်း ခံစားမှုကို ကျွန်မတို့ တစ်ခါတစ်ရံ တွေ့ကြုံခံစားရတတ်ပါသည်။ အဆိုပါ အချိန် အခိုက်အတန့်ကို "ကန့်သတ်ချက်များကျဉ်းမြောင်းလာသည့် ငြိမ်းချမ်းရာ နေရာများ" ဟု…

ခရစ်တော်၌ အပေါင်းအဖော်များ

ဟားဗတ်တက္ကသိုလ်၏ "အရွယ်ရောက်သူများ ဖွံ့ဖြိုးတိုးတက်မှု"ဆိုင်ရာလေ့လာ ဆန်းစစ်မှုသည် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်စွာလုပ်ဆောင်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ရလဒ်အနေဖြင့် ကောင်းမွန်သောရင်းနှီးကျွမ်းဝင်မှုဆက်ဆံရေးများ၏ အရေးပါ သော သဘောသဘာဝကို ပို၍ကောင်းစွာ သိရှိနားလည်လာခဲ့သည်။ ထို လေ့လာ ဆန်းစစ်မှုကို ၁၉၃၀ ပြည့်နှစ်ကာလများတွင် ဟားဗတ်တက္ကသိုလ်ရှိ ဒုတိယနှစ် ကျောင်းသား ၂၆၈ ဦးပါဝင်သောအဖွဲ့နှင့် စတင်ခဲ့ပြီး၊ ဘော်စတွန် မြို့တွင်းပိုင်းတွင် နေထိုင်သူ ၄၅၆ ဦးကိုပါ တိုးချဲ့လေ့လာခဲ့သည်။ စစ်တမ်း ကောက်သူများက လေ့လာမှု၌ပါဝင်ခဲ့သူများကို တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ဆေးကုသမှုမှတ်တမ်းများကိုလည်း နှစ်အနည်းငယ်လျှင် တစ်ကြိမ် ပုံမှန်လေ့လာခဲ့သည်။ ရင်းနှီး ကျွမ်းဝင်မှုရှိသည့် ဆက်ဆံရေးများသည် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် အရေးကြီးဆုံးအချက်ဖြစ်ပြီး၊ မိမိအနီးဝန်းကျင်၌ မှန်ကန်သင့်လျော်သော မိတ်ဆွေများရှိလျှင် ပိုမိုနက်နဲသော ဝမ်းမြောက်မှုကိုကျွန်ုပ်တို့ခံစားရမည်ဖြစ်သည်။

ဤအချက်သည် ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၁ တွင် ရှင်ပေါလုဖော်ပြထား သည့်အချက်ကို ထင်ဟပ်နေသလိုပင်။ ရှင်ပေါလုသည် ထောင်တွင်းမှ…

သမ္မာတရား၌ ကျောက်ဆူးချ

ရင်သပ်ရှုမောဖွယ် အကွက်အပြောက်ဒီဇိုင်းဖော်ထားသည့် အင်္ဂတေနံရံများ အပါအဝင် ထူးခြားသည့်သွင်ပြင်များရှိသည့် နှစ်၁၀၀ပြည့်လုနီးသော အိမ်ကြီးတွင် ကျွန်ုပ်၏မိသားစုနေထိုင်ကြသည်။ ဤနံရံများနှင့်ပတ်သက်ပြီး နံရံပေါ်ဓာတ်ပုံ ချိတ်ဆွဲပါက သစ်သားအခံပေါ် သံကိုအရင်ရိုက်ရန် (သို့) အင်္ဂတေချိတ်ကို အသုံးပြုရန် အိမ်ဆောက်သူက ကျွန်ုပ်ကို ဂရုစိုက်ရန်သတိပေးခဲ့သည်။ သို့မဟုတ် ပါက ကြမ်းပြင်ပေါ် ဓာတ်ပုံကျကွဲကာ နံရံမှာလည်း ကြည့်ရဆိုးသည့်အပေါက်ဟောင်းလောင်းဖြစ်သွားနိုင်ချေရှိသည်။

ကျမ်းစာထဲမှ မထင်ရှားလှသည့် ဧလျာကိမ် ဆိုသူကို ဖော်ပြရန် ပရောဖက် ဟေရှာယက နံရံ၌ရိုက်ထည့်ထားသည့်သံမှို ပုံဥပမာကို အသုံးပြုခဲ့သည်။ မိမိတို့၏ ခွန်အားအစွမ်းကိုသာ ကြည့်တတ်သော အကျင့်စာရိတ္တပျက်ပြားသည့် နန်းတော်အုပ် ရှေဗနနှင့် ဣသရေလလူမျိုးတို့ကဲ့သို့ မဟုတ်ဘဲ (ဟေရှာ ၂၂:၁၅-၁၉) ဧလျာကိမ်သည် ဘုရားသခင်ကို ကိုးစားယုံကြည်သည်။ ဟေဇကိမင်း၏ နန်းတော်အုပ်အဖြစ်သို့ ဧလျာကိမ်ရာထူးတိုးခံရမည့်အကြောင်း ပရောဖက်ပြုရင်း ဧလျာကိမ်ကို "မြဲသောအရပ်၌စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေမည်" (:၂၃) ဟု ဟေရှာယ ရေးသားခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားနှင့်…

ဥယျာဉ်ထဲ၌

ကျွန်မ၏ဖခင်သည် ဓမ္မသီချင်းဟောင်းများ သီဆိုရခြင်းကို နှစ်သက်သည်။ သူ့အကြိုက်သီချင်းတစ်ပုဒ်မှာ "In the Garden”(ဥယျာဉ်ထဲ၌) ဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူ၏ဈာပနတွင် ကျွန်မတို့ ထိုသီချင်းကို သီဆိုခဲ့သည်။ ထပ်ကျော့သီဆိုရန်အပိုဒ်မှာ ရိုးရှင်းသည်။ "ကျွန်ုပ်နှင့်အတူ လျှောက်လှမ်းလျက်၊ စကားပြောလျက်၊ ကျွန်ုပ်ကို သူပိုင်ကြောင်းဆိုပေ။ ထိုနေရာ၌ လျှောက်လှမ်းစဥ် ကိုယ်တော်နှင့်မျှဝေသော ဝမ်းမြောက်ခြင်းကို မည်သူမျှမသိ နားမလည်နိုင်ပြီ။" ထိုသီချင်းက အဖေ့ကိုသာမက ကျွန်မကိုလည်း ဝမ်းမြောက်စေသည်။

ဓမ္မတေးရေးဆရာ C. Austin Miles က ၁၉၁၂ ခုနှစ် နွေဦးအချိန်တွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၂၀ ကို ဖတ်ရှုပြီးနောက် ဤသီချင်းကို ရေးစပ်ခဲ့ကြောင်း ဆိုပါသည်။ "အဲဒီနေ့က ဒီကျမ်းပိုဒ်ကိုဖတ်တဲ့အခါ ကျွန်တော် လည်း အဲဒီနေရာမှာ ရောက်ရှိနေသလို ခံစားခဲ့ရတယ်။ မာရိက သခင့်ရှေ့မှောက် ဒူးထောက်ပြီး 'ရဗ္ဗုနိ (ဆရာ)'လို့ ခေါ်လိုက်တဲ့ သူ့ဘဝရဲ့အံ့ဖွယ်အခိုက်အတန့်လေးကို…

လှိုင်းစီးခြင်း

ကျွန်မ၏ခင်ပွန်းက ကျောက်ဆောင်ပေါများလှသည့် ကမ်းခြေတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်ရင်း ဟာဝါရီမိုးကုတ်စက်ဝိုင်းကို ဓာတ်ပုံရိုက်နေစဉ် ကျွန်မ ကျောက်တုံးကြီးတစ်ခုပေါ်ထိုင်ကာ နောက်တစ်ကြိမ် ဆေးစစ်ရမည့်အရေး အတွက် သောကရောက်နေသည်။ ကျွန်မအိမ်ပြန်ရောက်လျှင် ထိုပြဿနာက စောင့်ကြိုနေမည်ဖြစ်သော်လည်း ထိုအခိုက်အတန့်၌ ငြိမ်သက်ခြင်းကို ကျွန်မ လိုအပ်နေသည်။ တလိမ့်လိမ့်တက်လာသောရေလှိုင်းများက မဲနက်ကြမ်းတမ်း သည့် ကျောက်ဆောင်များကို ရိုက်ခတ်လွင့်စင်သွားခြင်းကို ကျွန်မငေးကြည့်ရင်း ရေလှိုင်းထဲမှ အရိပ်မဲလေးတစ်ခုကို ကျွန်မ ရိပ်ကနဲမြင်လိုက်သဖြင့် ကျွန်မ၏ ကင်မရာကို ချဲ့ကြည့်ရာ ထိုအရိပ်မှာ ပင်လယ်လိပ်တစ်ကောင်ဖြစ်ပြီး အေးချမ်းစွာ လှိုင်းစီးနေခြင်းပါ။ ၎င်း၏ရေယက်များကို ကားထားပြီး ငြိမ်ဝပ်စွာ ရှိနေသည်။ ဆားနံ့သင်းသောလေပြေလေညင်းသို့ ကျွန်မမျက်နှာမူလိုက်ပြီး ပြုံးလိုက်သည်။

"ကောင်းကင်သည် (ဘုရား၏)အံ့ဖွယ်သောအမှုတော်တို့ကို … ချီးမွမ်းကြ"၏ (ဆာ ၈၉:၅)။ ကျွန်ုပ်တို့၏ တုနှိုင်းမမီသောဘုရားသခင်သည် "သမုဒ္ဒရာဟုန်းခြင်း ကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏"(:၉)။ ကိုယ်တော်သည် "လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်…

အဖိုးအခ

မိုက်ကယ်အင်ဂျလို(Michelangelo)၏လက်ရာများသည် ယေရှုသက်တော်စဉ်ကို များစွာဖော်ပြထားသော်လည်း ဆွတ်ပျံ့ဖွယ် အကောင်းဆုံးလက်ရာတစ်ခုသည် အရိုးရှင်းဆုံး လက်ရာတစ်ခုလည်း ဖြစ်သည်။ ၁၅၄၀ ပြည့်နှစ်များအတွင်း သူသည် ယေရှု၏ မယ်တော်က အသက်မဲ့သောခရစ်တော်၏ခန္ဓာအား ပွေ့ထားပုံ(Pietà) ကို သူ့မိတ်ဆွေ ဗစ်တိုးရီးယား ကိုလိုနာအတွက် ပုံဆွဲပေးခဲ့သည်။ မြေဖြူဖြင့်ရေးဆွဲထားသော ပုံတွင် မာရိက ငြိမ်သက်နေသည့်သားတော်ကိုပွေ့ရင်း ကောင်းကင်သို့ မျှော်ကြည့်နေသည့်ပုံကို သရုပ်ဖော်ထားသည်။ မာရိ၏အနောက်မှ ထူထားသော ကားတိုင်၏ရောင်ခြည်တန်းက ကဗျာဆရာ ဒန်တီ(Dante)၏ Paradise ကဗျာ မှ "တိုင်တော်၌ အသွေးတော်၏အဖိုးအခ အဘယ်မျှကြီးသည်ကို သူတို့မစဉ်းစားမိ ခဲ့ပါ" ဟူသည့် စာသားများကို ဖော်ကျူးနေသည်။ မိုက်ကယ်အင်ဂျလို၏ဆိုလိုရင်းက အလွန်လေးနက်သည်။ သခင်ယေရှု၏အသေခံခြင်းကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင် သောအခါ သခင်ပေးဆပ်ခဲ့သည့်အဖိုးအခကိုပါ ထည့်သွင်းစဉ်းစားရမည်။

ကိုယ်တော် အသက်ထွက်အံ့ဆဲဆဲ၌ "အမှုပြီးပြီ" (ယော ၁၉:၃၀) ဟူသော ကြွေးကြော်ချက်၌ ခရစ်တော်ပေးဆပ်ခဲ့သောအဖိုးအခကို အမိအရဖော်ပြထား သည်။…

တကယ့်ကိုပဲ အကူအညီဖြစ်တယ်

ခရစ်ယာန်ရေဒီယိုအသံလွှင့်ဌာနသို့ ဖုန်းခေါ်လာသူတစ်ဦးက သူ၏ဇနီး ခွဲစိတ်မှုခံယူပြီး ဆေးရုံဆင်းပြီဖြစ်ကြောင်းပြောပြခဲ့သည်။ ထို့နောက် ကျွန်ုပ်နှလုံးသားကို နက်ရှိုင်းစွာထိတွေ့သွန်သင်ခဲ့သည့်အရာတစ်ခုကို သူဝေမျှခဲ့သည်။"ကျွန်တော်တို့ ဖြတ်ကျော်ခဲ့တဲ့ဒီကာလအတွင်းမှာ အသင်းတော်မိသားစုတိုင်းက ကျွန်တော်တို့ကို ဂရုပြုစောင့်ရှောက်ခဲ့တာ တကယ့်ကိုပဲ အကူအညီဖြစ်ခဲ့တယ်" ဟုဆိုသည်။

ဤရိုးရှင်းလှသောစကားကို ကျွန်ုပ်ကြားရသောအခါ ခရစ်ယာန်များ၏ ဧည့်ဝတ်ပြုမှုနှင့် ဂရုစိုက်မှုသည် အဖိုးတန်ပြီး လိုအပ်ကြောင်းကို ကျွန်ုပ်အား ပြန်လည်အမှတ်ရစေသည်။ ယုံကြည်သူအချင်းချင်း၏ တစ်ဦးအပေါ်တစ်ဦး မေတ္တာပြပံ့ပိုးကူညီခြင်းသည် အသက်တာကိုပြောင်းလဲစေသည့် ဧဝံဂေလိတရား၏တန်ခိုးကို သရုပ်ဖော်သော ကြီးမြတ်သည့်နည်းလမ်းများ ဖြစ်ကြောင်း ကျွန်ုပ်စပြီး စဉ်းစားမိသည်။ ‌

ရှင်ပေတရုသြဝါဒစာပဌမစောင်၌ တမန်တော်ကြီးက ယခုခေတ်တွင် တူရကီနိုင်ငံဟုခေါ်သည့်ဒေသများမှ ပထမရာစုအသင်းတော်များ ဖြန့်ဝေ ဖတ်ရှုရမည့် စာတစ်စောင်ကို ရေးသားခဲ့သည်။ ထိုစာထဲ၌ သူ့မိတ်ဆွေပေါလု ရေးသားခဲ့သည့် "အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ ပြုကြလော့" (ရော ၁၂:၁၃) ဆိုသည့်အချက်ကို မဖြစ်မနေလုပ်ဆောင်ရန် သူက စာဖတ်သူ များအား ပြောကြားခဲ့သည်။ ရှင်ပေတရုက "အချင်းချင်း…

အမြော်အမြင်ရှိစွာ ပေါင်းမြက်ရှင်းခြင်း

ကျွန်မ၏မြေးများ နောက်ဖေးခြံထဲ ပြေးလွှားနေသည်။ ဂိမ်းကစားနေခြင်း များလား။ မဟုတ်ပါ။ ပေါင်းမြက်များ ဆွဲနုတ်နေခြင်းပါ။ မြေးအငယ်ဆုံးလေးက "အမြစ်ပါပါအောင်ဆွဲနုတ်ပစ်လိုက်တယ်" ဟုပြောပြီး ကြိုးစားမှုရလဒ် မြက်ပုံကြီး ကို ပြသည်။ ကျွန်မတို့ ပေါင်းမြက်များရှင်းသည့်ထိုနေ့၌ သူပျော်ရွှင်သည်။ ဒုက္ခပေးသောအန္တရာယ်ကို ရှင်းလင်းပစ်ခြင်းဟူသော ပေါင်းမြက်များကို အမြစ်မှ ဆွဲနုတ်ရခြင်းမှာ ပျော်စရာကောင်းလှပါသည်။ သို့သော် ဝမ်းမြောက်ပျော်ရွှင်ခြင်းမတိုင်မီ ရှင်းလင်းခြင်းလုပ်ရန် ရွေးချယ်မှုက အရင်လာပါသည်။

ရည်ရွယ်ချက်နှင့် ပေါင်းမြက်ရှင်းခြင်းက မိမိ၏အပြစ်ကို ဖယ်ရှားပစ်ခြင်း၏ ပထမအဆင့်ဖြစ်သည်။ သို့ဖြစ်၍ ဒါဝိဒ်က "အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော ၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ ... ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု ... မူပါ"ဟု ဆုတောင်းခဲ့သည် (ဆာ ၁၃၉:၂၃-၂၄)။

ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင် ဖော်ပြပေးရန် တောင်းခံခြင်းဖြင့် အပြစ်ကို ရှင်းလင်းခြင်းက အမြော်အမြင်ရှိသည့်နည်းလမ်း ဖြစ်သည်။…

မင်းနှာခေါင်းကို ငါယူလိုက်ပြီ

ဘရွတ်ကလင်းပြတိုက်ရှိ အီဂျစ်အနုပညာပြခန်းတာဝန်ခံ အက်ဒွက် ဘလဲဘတ် (Edward Bleiberg) အား ဧည့်သည်များ အများဆုံးမေးသောမေးခွန်းတစ်ခုမှာ “ရုပ်ထုတွေရဲ့ နှာခေါင်းက ဘာကြောင့်ကျိုးနေတာလဲ” ဟူ၍ ဖြစ်သည်။

သဘာဝအရ လွဲရှောင်မရသောဖြစ်ပျက်ခြင်းသဘောကို ဘလဲဘတ် အပြစ်တင်၍မရပါ။ နှစ်ဘက်မြင်ဆေးရေးရုပ်ပုံများပင်လျှင် နှာခေါင်းများ မပါပေ။ ထိုကဲ့သို့သောပျက်ယွင်းမှုက တမင်ရည်ရွယ်ပြီးလုပ်ထားကြောင်း သက်သေမရှိသော်လည်း သူ မှန်းဆပြီး ပြောပြသည်။ အီဂျစ်ဘုရားများကို ရန်သူများက သတ်လိုသဖြင့် "Got Your Nose" "မင်းနှာခေါင်းကို ငါယူလိုက်ပြီ" ဟူသော ကစားနည်းကဲ့သို့ပင် ကျူးကျော်လာသောစစ်တပ်က ရုပ်ထု များ၏နှာခေါင်းကို ချိုးလိုက်သဖြင့် ထိုရုပ်တုများအသက်မရှူနိုင်တော့ပေ။

တကယ်ကြီးလား။ အဲဒါကြောင့်လား။ ဤကဲ့သို့သောဘုရားများနှင့် ဆိုလျှင် သူဒုက္ခရောက်နိုင်ကြောင်း ဖာရောဘုရင် ကြိုသိသင့်သည်။ သူ၌ စစ်တပ်ကြီးနှင့် တစ်နိုင်ငံလုံးက သူ့သစ္စာခံသူများရှိသည်မှာ အမှန်ဖြစ်သည်။ ဟေဗြဲလူများမှာမူ မောရှေအမည်ရှိ ကြောက်တတ်သည့် ဝရမ်းပြေးတစ်ဦးက ဦးဆောင်သည့် ပင်ပန်းနွမ်းနယ်နေသောကျွန်များသာ…