စိတ်နှလုံးတွင်
သူငယ်လေးတစ်ဉီးသည် ကျောင်း၌ စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရပြီးနောက် သူ့အဖေက မနက်တိုင်းကျောင်းမသွားမီ ရွတ်ဆိုရမည့် သစ္စာအဓိဌာန်တစ်ပုဒ်ကို သင်ပေးသည်။ “ယနေ့မနက် နိုးထခွင့်ပေးသည့်အတွက် ဘုရားသခင်ကိုကျေးဇူး တင်ပါ၏။ ယခု ကျောင်းသွားကာ စာသင်ပါမည်။ …ကိုယ်တော်ဖန်ဆင်း၍ဖြစ်စေ လိုသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါမည်။” ထိုသစ္စာအဓိဌာန်သည် ဖခင်တစ်ဉီးက သားဖြစ်သူအား သူ့အသက်တာတွင် လက်တွေ့လိုက်လျှောက်နိုင်ရန်နှင့် ဘဝတွင်သွေဖယ်မရသော စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန်ရာ၌ အသုံးချနိုင်အောင် ကူညီပေးခြင်းဖြစ်သည်။
ထိုနည်းအားဖြင့် သား၏မှတ်ဉာဏ်ထဲစွဲပြီး ထိုအဓိဌာန်အတိုင်း လိုက်လျှောက် နိုင်အောင် ဖခင်က စောင်မသည်။ ၎င်းသည် သဲကန္တာရထဲတွင် ဣသရေလလူမျိုး များအား ဘုရားရှင် မိန့်မှာသည့် "ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်(တရား ၆:၆-၇) ဟူသည့်ပညတ်ကို နာခံလုပ်ဆောင်ခြင်းပင်ဖြစ်သည်။
သဲကန္တာရတွင် အနှစ် ၄၀ကျင်လည်ရပြီးနောက် ဣသရေလ၏နောက်မျိုးဆက် တစ်ဆက်သည် ကတိတော်ပြည်သို့ဝင်ရောက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သူတို့သည် ဘုရားရှင်ကို ဗဟိုမပြုပါက…
အစွမ်းသတ္တိများမရှိတော့သောအခါ
နှစ်သက်ချစ်စဖွယ် သမီးလေးမဲလီဇာကို ကျွန်တော်တို့ ပြန်မရနိုင်တော့ပါ။ အထက်တန်းကျောင်းသူဘဝ ဝမ်းမြောက်စွာ ဘော်လီဘောကစားနေသည်ကို ကြည့်ခဲ့ရသည့် သာယာကြည်နူးဖွယ်အချိန်များသည် တဖြည်းဖြည်းနှင့်ကွယ်ပျောက် လေပြီ။ မိသားစုလိုက် လုပ်ငန်းဆောင်တာများလုပ်ဆောင်စဥ် ကျေနပ်နေသော ရှက်ပြုံး ပြုံးနေသည့်သူ့မျက်နှာပေါ်မှအပြုံးလေးကို သတိရစဥ် မပျော်နိုင်တော့ပါ။ သူ့အသက်၁၇နှစ်တွင် ကွယ်လွန်သွားသောခါ သူရှိနေခြင်းကြောင့် ပျော်ရွှင်ရမှုများ ပြည်ဖုံးကားချပြီးဆုံးသွားပါတော့သည်။
ယေရမိမြည်တမ်းစကားတွင် ပရောဖက်ကြီးရေးထားသောစကားက နှလုံး ကြေကွဲတတ်ခြင်းသဘောကို သူနားလည်ကြောင်းဖော်ပြနေသည်။ "ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့်မျှော်လင့်စရာအကြောင်း ပျက်လေပြီ" ဟု သူဆိုသည်(၃:၁၈)။ သူကြုံရသည့်အခြေအနေသည် သင်နှင့်ကျွန်ုပ်၏ အခြေ အနေထက် အဆဆကွာခြားသည်။ သူသည် ဘုရားရှင်တရားစီရင်မည့် အကြောင်း ကိုဟောပြောပြီး ယေရုရှလင်မြို့ ဖမ်းသွားသိမ်းဆည်းခံရခြင်းကို မြင်ခဲ့ရသူဖြစ်သည်။ ရှုံးနိမ့်ခြင်းကြောင့်(:၁၂)၊ အထီးကျန်ခြင်းကြောင့်(:၁၄)၊ ဘုရားရှင်၏စွန့်ပစ်ခြင်း ခံရ ခြင်းကြောင့်(:၁၅-၂၀) အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်းမရှိတော့ပေ။
သို့သော် ၎င်းသည် အဆုံးသတ်မဟုတ်ပါ။ ဝန်လေး၍ကြေကွဲနေသော ယေရမိက မျှော်လင့်စရာအလင်းတန်းရှိသေးကြောင်း မြည်တမ်းခဲ့သည်(:၂၁)။…
အမှောင်ထဲမှ အလင်း
ကျွန်ုပ်တို့၏မြို့သစ်လေး၌ ကြမ်းတမ်းသောမုန်တိုင်းရိုက်ခတ်ပြီးနောက် စိုထိုင်းမှု မြင့်တက်လာပြီး ကောင်းကင်မှာလည်း မှောင်မဲနေသည်။ ကျွန်ုပ်သည် ခွေးလေး ကာလီကို ခေါ်ပြီး ညနေခင်းလမ်းလျှောက်ထွက်ခဲ့သည်။ ဤနယ်မြို့သစ်လေးသို့ မိသားစုလိုက် ပြောင်းရွေ့လာပြီးနောက် ကြုံရသည့် ကြီးမားသောစိန်ခေါ်မှုအခက်အခဲများကြောင့် စိတ်ထဲလေးလံ နေသည်။ စီစဉ်ထားသောအရာများက နည်းမျိုးစုံ ဖြင့် မျှော်လင့်ထားသလို မျှော်မှန်းထားသလို ဖြစ်မလာသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ အရှိန်လျော့ပြီး သက်သောင့်သက်သာလမ်းလျှောက်လျက် ကာလီ က မြက်ပင်များကို နမ်းရှုံ့စဥ် အိမ်ဘေးမှ စမ်းချောင်းစီးဆင်းသံကို နားထောင်နေ မိသည်။ စမ်းချောင်းအနီးပေါက်ရောက်နေသော တောရိုင်းပန်းလေးများပေါ်သို့ သေးငယ်သောအလင်းလေးများ ပျောက်လိုက်ပေါ်လိုက်ဖြင့် ပျံဝဲနေသည်။ ပိုးစုန်းကြူးများဖြစ်ပါသည်။
အမှောင်ထဲ၌ တဖိတ်ဖိတ်လင်းနေသည်ကိုကြည့်စဥ် ဘုရားရှင်သည် ကျွန်ုပ်ကို ငြိမ်သက်မှုဖြင့် ပတ်ရစ်လိုက်သည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း”ပေးသည်ဟု ဆာလံဆရာဒါဝိဒ်သီဆိုခဲ့ကြောင်း တွေးမိသည်(ဆာ ၁၈:၂၈)။ ဘုရားရှင်သည် သူ၏မှောင်မိုက်ကိုအလင်းသို့ ပြောင်းလဲပေးသည်ကို ဝန်ခံကာ ဘုရားရှင်၏ထောက်ပံ့မှုနှင့်…
အဖိုးအခကြီးသောပျော်ရွှင်မှု
တေးသံစဉ်ကို ကြားလိုက်ရသည်နှင့် ကျွန်တော်တို့ ၆ ယောက်လုံး စတင်လှုပ်ရှားလိုက်ပါတော့သည်။ အချို့က ဖိနပ်စွပ်ကြစဥ် အချို့မှာ ခြေဗလာဖြင့်ပင် တံခါး ပေါက်သို့ ရောက်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အိမ်အပြင်လမ်းတိုင်း ပြေးကာ ရေခဲမုန့်ကားကို အမှီပြေးလိုက်ပါတော့သည်။ နွေရာသီ၏ ပထမဆုံး နွေးထွေးသောနေ့ဖြစ်သည့် ဤနေ့ကို အေးမြချိုမြိန်သောရေခဲမုန့်ဖြင့် ကြိုဆိုခြင်း ထက် သာ၍ကောင်းသောအရာမရှိပါ။ ရိုးရိုးလေးပါ။ ဤအမှုက ပျော်ရွှင်မှုကိုပေး သောကြောင့် ကျွန်တော်တို့ပြုလုပ်ပါသည်။ စည်းကမ်းတာဝန်ကြောင့် မဟုတ်ပါ။
မဿဲ ၁၃:၄၄-၄၆ တွင် နှိုင်းယှဉ်ပြသော ပုံဥပမာလေးနှစ်ခုတွင် ဆိုလိုရင်းမှာ "ရှိသမျှကိုရောင်းချခြင်းသည် တစုံတခုကို ရယူလိုခြင်းကြောင့်ဖြစ်သည်။" ၎င်းက စွန့်လွှတ်ပေးဆပ်ခြင်းအကြောင်းဖြစ်မည်ဟု ကျွန်တော်တို့တွေးကောင်းတွေးမိမည်။ ဆိုလိုရင်းမှာ ထိုသို့မဟုတ်။ စင်စစ် ပထမပုံဥပမာတွင် ဝမ်းမြောက်ခြင်းကြောင့် ထိုသူ သည် ရှိသမျှရောင်းပြီး လယ်ကိုဝယ်ခြင်းဖြစ်သည်။ ဝမ်းမြောက်ခြင်းသည် ပြောင်းလဲ မှုကိုဖြစ်စေသည်။ လိပ်ပြာမလုံခြင်းကြောင့်၊ တာဝန်အရကြောင့် မဟုတ်ပါ။…
အခိုက်အတန့်များကို တန်ဖိုးထားခြင်း
Su Dongpo (ဝါ) Su Shi သည် တရုတ်ပြည်၏နာမည်ကြီးကဗျာဆရာနှင့် အက်ဆေးရေးဆရာတစ်ယောက်ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခံရစဉ် လကို ကြည့်ပြီး သူ့ညီဖြစ်သူအား မည်မျှလွမ်းဆွတ်ကြောင်း ကဗျာရေးခဲ့သည်။ “လမင်းကြီးက ပေါ်လိုက် ကွယ်လိုက်၊ ငါတို့လည်း ပျော်လိုက် ဝမ်းနည်းလိုက်၊ တွေ့ဆုံလိုက် ခွဲခွာလိုက်နဲ့၊ ဟောင်းနွမ်းအချိန်လို ဘယ်အရာမှမပြည့်စုံ၊...” “မိုင်ပေါင်းများစွာ ဝေးနေရလည်း ချစ်ခင်ရသူများ အသက်ရှည်ပြီး အတူရှိနေချိန်၏လှပသောမြင်ကွင်းများကို ရှုမြင်နိုင်ကြပါစေသား” ဟုသူရေးစပ်ထားသည်။
သူ့ကဗျာသည် ဒေသနာကျမ်းမှအချက်ကို ထင်ဟပ်ပြနေသည်။ ဒေသနာဆရာ (၁:၁) ဟု အမည်ရသည့် ကျမ်းရေးသူက "ငိုရသောအချိန်နှင့်ရယ်ရသောအချိန်…ဖက်ယမ်းရသောချိန်နှင့် မဖက်ယမ်းဘဲခွဲခွာ၍နေရသောအချိန်"ရှိကြောင်း ဖော်ပြ ထားသည်(၃:၄-၅)။ ဆန့်ကျင်ဘက်အချိန်နှစ်ခုကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြင့် ဒေသနာဆရာသည် Su Dongpo နည်းတူ ခပ်သိမ်းသောအရာဟူသမျှသည် အဆုံးရှိကြောင်း ပြောကြားသည်။
လကွယ်လိုက် ပေါ်လိုက်ဖြစ်ခြင်းကို မည်သည့်အရာကမျှ ပြည့်စုံခြင်းမရှိ သည့်လက္ခဏာအဖြစ် Su Dongpo သိမြင်ခဲ့သလို…
အရှက်တကွဲအကျိုးနည်း
ကျွန်တော့်ဘဝ၏အရှက်ရဆုံးအချိန်မှာ အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းသားနှင့် သူငယ်ချင်းများရှေ့တွင် ကျောင်း၏ နှစ်၅၀ပြည့် နှစ်ပတ်လည်မိန့်ခွန်း ပြောရသော အချိန်ဖြစ်သည်။ ဖတ်ကြားမည့်စာရွက်ကိုကိုင်ပြီး မိန့်ခွန်းပြောမည့် စင်ပေါ်တက် လာကာ လူအုပ်ကြီးကို ကြည့်လိုက်သည်။ သို့သော် ကျွန်တော့်မျက်လုံးများသည် ရှေ့တန်းတွင် ဘွဲ့ဝတ်ရုံများကို ကျကျနဝတ်ဆင်ထားပြီး ရုပ်တည်ကြီးများနှင့်ထိုင် နေသော ပါမောက္ခများအပေါ်တွင်သာ ရောက်နေပါသည်။ နှုတ်ခမ်းများလည်း ခြောက်ကပ်လျက် အာရုံစူးစိုက်မှုပျောက်သွားသည်။ စာကြောင်းများကို ထစ်ထစ် ငေ့ါငေါ့ဖြင့်စပြောပြီးနောက် လက်တန်းလျှောက်ပြောမိသည်။ ကိုယ်ဘာပြောနေမှန်း မသိဘဲ အဓိပ္ပာယ်မရှိ ရမ်းသမ်းပြောနေသဖြင့် ပရိသတ်များလည်း နဝေတိမ်တောင် ဖြစ်ကုန်သည်။ ထိုအခါ ထိတ်လန့်ပြီး စာမျက်နှာများကို လျှောက်လှန်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ၊ အဆုံးသတ်နိုင်ခဲ့ပြီး ကိုယ့်ထိုင်ခုံသို့ပြန်ထိုင်ကာ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိသည်။ ကျွန်တော်သေသာသေလိုက်ချင်သည်။
သို့သော် ထိုအရှက်ကွဲခြင်းသည် နှိမ့်ချခြင်းကိုဖြစ်စေပါက ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားရှင်၏နှလုံးသားကို ဖွင့်နိုင်သောသော့ ဖြစ်သည်။ နှုတ်ကပတ်တော်၌ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်…
မော့ကြည့်လိုက်ပါ
ရုပ်ရှင်ထုတ်လုပ်သူ ဝီလီအိုဗာစထရိ သည် တစိမ်းတရံများအား အားကောင်း သော အဝေးကြည့်မှန်ပြောင်းဖြင့် လပုံကိုပြသသောအခါ သူတို့သည် အနီးကပ်မြင် ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကာ တီးတိုးအာမေဋိတ်သံများ ထွက်လာပါ သည်။ “ထိုအံ့မခန်းမြင်ကွင်းကိုမြင်ရတဲ့အခါ ကိုယ့်ထက်ပိုကြီးတဲ့အရာရှိတယ်ဆိုတဲ့အံ့သြမှုကြီးက ကိုယ့်ကိုလွှမ်းမိုးသွားတယ်” ဟု အိုဗာစထရိ က ရှင်းပြခဲ့သည်။
ဆာလံဆရာဒါဝိဒ်လည်း ဘုရားရှင်၏ ကောင်းကင်မှအလင်းတန်းကိုကြည့်ပြီး အံ့သြခံစားခဲ့ရသည်။ “လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်...၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း” (ဆာ ၈:၃-၄)။
နှိမ့်ချခြင်းအပြည့်နှင့်မေးသော ဒါဝိဒ်၏မေးခွန်းက ကျွန်ုပ်တို့၏အံ့အားသင့်မှု အတွက် မှန်သောအမြင်ရှုထောင့်ကိုပေးသည်။ ဘုရားရှင်သည် ကောင်းကင်သစ် နှင့် မြေကြီးသစ်ကို ဖန်ဆင်းပြီးသောအခါ နေနှင့်လကို ကျွန်ုပ်တို့ မလိုအပ်တော့ ကြောင်း အတွေးကိုပေးပါသည်။ သည့်အစား ရှင်ယောဟန်က ဘုရားရှင်၏ ဘုန်းတော်သည် လိုအပ်သောအလင်းကိုပေးမည် ဟုဆိုသည်။…
ခွဲခွာခြင်းတွင် ညီညွတ်နေခြင်း
လုပ်ဖော်ကိုင်ဖက် တင်းမ် နှင့် ပရောချက်တစ်ခုကို အတူတကွလုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသောအခါ အယ်ဗင်သည် ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင် လိုက်ရပါတော့သည်။ ထိုအလုပ်ကို လုပ်ဆောင်မည့်နည်းလမ်းအပေါ် သူတို့၏ အကြံ၊ အစီအစဥ်များက အလွန်ကွဲပြားနေသောကြောင့်ဖြစ်သည်။ တစ်ယောက်၏ အမြင်ကို အပြန်အလှန်လေးစားလျက်နှင့် သူတို့၏နည်းလမ်းက ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ပဋိပက္ခကြီးလာသည်။ သို့သော် အချင်းမများမီ သူတို့နှစ်ဦး သည် သူတို့၏မတူညီမှုများကို သူတို့ဆရာနှင့်ဆွေးနွေးရန် သဘောတူခဲ့ပြီး ဆရာက သူတို့နှစ်ယောက်ကို အဖွဲ့ခွဲထား လိုက်ပါတော့သည်။ ထိုနေ့၌ အတူတူလုပ်ရမှ စည်းလုံးခြင်းမမည်ကြောင်း စည်းလုံးညီညွတ်ခြင်းနှင့်ပတ်သက်သည့် သင်ခန်းစာကို အယ်ဗင် ရလိုက်ပါတော့သည်။
အာဗြံဟံသည်လည်း သူ့လူနှင့် လောတလူတို့ ဗေသလမြို့၌ တစ်ယောက် တစ်လမ်းစီ လမ်းခွဲရန် အကြံပြုခဲ့စဥ်က ထိုအမှန်တရားကိုနားလည်ခဲ့ပေလိမ့်မည် (က ၁၃:၅-၉)။ သူတို့ နှစ်ဦးလုံး၏တိရိစ္ဆာန်များအတွက် နေရာမလုံလောက်တော့ သောအခါ အာဗြံဟံက အမြော်အမြင်ရှိစွာဖြင့် အဖွဲ့ခွဲရန် အကြံပြုလိုက်သည်။…
အရောင်အသွေးစုံစွာ
ရာစုနှစ်အတော်ကြာကြာမျှ လန်ဒန်မြို့သည် ကမ္ဘာပေါ်ရှိလူမျိုးစုပေါင်းများစွာ စုပေါင်းနေထိုင်သည် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဂျာနယ်လစ် Glyn Robersts က "အသားအရောင်စုံလင်စွာ၊ ဘာသာစကားအမျိုးမျိုးနှင့် အတားအဆီး အပိတ်အပင်မရှိ သွားလာလှုပ်ရှားနေသည့်လူထုကြီးသည် လန်ဒန်မြို့၏အကောင်းဆုံးအရာဖြစ်သည်" ဟု အင်္ဂလန်ပြည်၏မြို့တော်အကြောင်းကို ရေးသားခဲ့သည်။ အနံ့မျိုးစုံ၊ အသံမျိုးစုံနှင့် ကမ္ဘာတစ်ဝန်းရှိလူမျိုးပေါင်းစုံ၏ ရောသမမွေမြင်ကွင်းက ယနေ့တိုင် သက်သေအဖြစ် ရှိနေဆဲပါ။ မတူညီကွဲပြားမှု ၏အလှတရားသည် ကမ္ဘာ့အံ့သြဖွယ် အကောင်းဆုံးမြို့များထဲမှတစ်မြို့ ဖြစ်သည့် လန်ဒန်မြို့၏အံ့မခန်းသော အစိတ်အပိုင်းပင်ဖြစ်သည်။
လူသားများမှီတင်းနေထိုင်ရာမြို့များနည်းတူ လန်ဒန်မြို့သည်လည်း အခက် အခဲ နှင့်မကင်းပါ။ အပြောင်းအလဲများက စိန်ခေါ်မှုကိုဖြစ်စေသည်။ ယဉ်ကျေးမှု ပဋိပက္ခများ ဖြစ်ပွားသည်။ ထို့ကြောင့် လူသားတို့လက်နှင့် တည်ဆောက်ထားသော မည့်သည့်မြို့ကိုမဆို ကျွန်ုပ်တို့၏ထာဝရအိမ်တော်နှင့် နှိုင်းယှဉ်၍မရပါ။
ဘုရားရှင်၏မျက်မှောက်တော်သို့ တမန်တော်ယောဟန်ပို့ဆောင်ခံရသောအခါ ကောင်းကင်နိုင်ငံ၌ ရွေးနှုတ်ခြင်းခံရသူတို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် မတူညီကွဲပြားမှု ၏အစိတ်အပိုင်းတခုဖြစ်ပါသည်။ ရွေးနှုတ်ခြင်းခံရသူများကလည်း “စာစောင်ကိုယူ၍ တံဆိပ်တို့ကိုဖွင့်ထိုက်တော်မူ၏။ အကြောင်းကား…
အခွင့်အရေးမယူပါ
လျော့ရက်ရရှိရေးအတွက် ထောင်သားများက လမ်းဘေးရှိအမှိုက်များကောက်နေစဉ် ကြီးကြပ်သူ ဂျိမ်း လဲကျသွားသည်။ ဂျိမ်းကိုကူညီရန် ထောင်သားများ ပြေးသွားပြီး သူ့ကို အရေးပေါ်ရှေးဦးကုသမှုဖြင့် ပြုစုပေးကြသည်။ ထောင်သားတစ်ဦးက ဂျိမ်း၏ ဖုန်းဖြင့် အကူအညီတောင်းခဲ့သည်။ ထောင်သား များသည် သူတို့၏ကြီးကြပ်သူ လေဖြတ်သွားသည့်အဖြစ်ကို လျစ်လျူရှုလျက် အခြေအနေကို ဆိုးသွားစေခြင်း (သို့) သူတို့ထွက်ပြေးရန်အတွက် ထိုအခြေအနေကို အသုံးချလိုက်ခြင်းထက် ကြီးကြပ်သူကို ချက်ခြင်းဆေးကုသမှုပေးခဲ့ခြင်းအတွက် နောက်ပိုင်းတွင် ရဲဋ္ဌာနမှ၎င်းတို့ကို ကျေးဇူးတင်ခဲ့သည်။
ထောင်သားများ၏ကြင်နာသည့်အပြုအမူနှင့် ပေါလုနှင့်သိလတို့အကျဥ်းကျ စဉ်က အတွေ့အကြုံတို့ မတူပါ။ သူတို့၏အဝတ်အစားများကိုချွတ်၊ ရိုက်နှက်ကာ ထောင်၌ဖမ်းချုပ်ထားစဥ် ပြင်းထန်စွာမြေငလျင်လှုပ်၍ သူတို့၏သံကြိုးများ ပြုတ် ထွက်ကုန်ပြီး ထောင်တံခါးများလည်း ပွင့်သွားသည် (တ ၁၆:၂၃-၂၆)။ ထောင်မှူး နိုးလာသော် ထောင်သားများထွက်ပြေးပြီဟုထင်ပြီး (ထောင်သားများ လွတ်သွား သည့်အတွက် ခံရမည့်ပြစ်ဒဏ်အတိုင်း) မိမိကိုယ်ကိုအဆုံးစီရင်ရန်ပြင်လိုက်သည်။ “ငါတို့အပေါင်းသည် ရှိကြ၏”ဟု ပေါလုအော်ပြောသောအခါ ထောင်သား…