အမျိုးအစား  |  odb

မပြောင်းလဲသောအရာ

ကောလိပ်တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရန်အတွက် ကျွန်တော့်ဇနီး ကာရီနှင့်ကျွန်တော် လွန်ခဲ့သော ၃၅နှစ်က ချစ်ကျွမ်းဝင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ရှိ စန်တာဘာဘရာ မြို့လေးသို့ ခရီးပြုခဲ့ကြသည်။ ကျွန်တော်တို့ လူငယ်ဘဝက လည်ပတ်ခဲ့သော နေရာတော်တော်များများဆီသို့ သွားရောက် လည်ပတ်ရန်လည်း ဆုံးဖြတ်ထားကြသည်။ သို့သော် ကျွန်တော်အလွန်နှစ်သက်ခဲ့သည့် မက်ဆီကန် စားသောက်ဆိုင်သို့ ရောက်သောအခါ ဆောက်လုပ်ရေး ပစ္စည်းများရောင်းသော စတိုးဆိုင်ဖြစ်နေသည်။ နံရံပေါ်တွင် ရပ်ကွက်အတွင်း နှစ်ပေါင်း ၄၀ ၀န်ဆောင်မှုပေးခဲ့သည့် စားသောက်ဆိုင်အမှတ်တရ သံပြားကမ္ဗည်းလေး ချိတ်ဆွဲ ထားသည်။

ခြောက်ကပ်ကပ်ဖြစ်သော်လည်း တစ်ချိန်က ရောင်စုံစားပွဲများ၊ တောက်ပသော ထီးများနှင့် သက်ဝင်နေသော ရင်းနှီးပြီးသား လျှောက်လမ်းနေရာလေးကို လှမ်းကြည့် မိသည်။ အရာများစွာ ပြောင်းလဲခဲ့ပါသည်။ သို့သော် ထိုပြောင်းလဲမှုများကြားတွင် ဘုရားရှင်၏ သစ္စာတော်ကား ပြောင်းလဲမသွားပေ။ ဒါဝိဒ်သည် နက်ရှိုင်းစွာဖြင့် ဆာလံ ၁၀၃း ၁၅-၁၇ တွင်…

အကန့်အသတ်ဘောင်အတွင်း

ကျွန်ုပ်၏ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက ကျွန်ုပ်တို့ မိသားစုအတွက် ကော်လီ ခွေးတစ်ကောင် လက်ဆောင်ပေးသည်။ ထိုခွေးက အမလေးဖြစ်ပြီး သားမပေါက်နိုင် တော့သည့် အရွယ်ဖြစ်သည်။ မကြာမီ ကျွန်ုပ်တို့ သိလိုက်သည်မှာ ထိုခွေးလေးသည် သူ့ဘဝတစ်လျှောက်လုံး လှောင်အိမ်သေးသေးလေး၌သာ နေထိုင်ခဲ့ခြင်းပင်။ ကန့်သတ်ထားသည့် အဝန်းအဝိုင်းအတွင်း၌သာ လှုပ်ရှား သွားလာခဲ့ရသည်။ မျဉ်းဖြောင့်ပေါ်၌ မပြေးနိုင်၊ ပြေးလွှား ဆော့ကစားရန် ခြံဝင်းကျယ်၌ လွှတ်ထားသော်လည်း သူ့ကို ခြံခတ်ထားသည်ဟုသာ ထင်သည်။

ကနဦးခရစ်ယာန်အများစုမှာ ယုဒလူများဖြစ်ပြီး ၎င်း တို့သည် မောရှေ၏ပညတ်ဝင်းကြီး၌ နေသားကျခဲ့ကြသည်။ ပညတ်တော်များက ကောင်းပါသည်။ ၎င်းတို့သည် အပြစ်ကို ဖော်ပြပြီး သခင်ယေရှုထံ ပို့ဆောင်ပေးရန် (ဂလာ ၃း၁၉-၂၅) ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ သို့သော် ယခုတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့် သခင် ခရစ်တော်၏ လွတ်ခြင်းအခွင့်အားဖြင့် ၎င်းတို့၏ယုံကြည်ခြင်းအသစ်ကို ရှင်သန်ပြရမည့် အချိန်ဖြစ်သည်။ ယခု သူတို့…

ကြီးမားသောအမှု

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်းကို ဖြိုချသည့်သတင်းကို ကြားသောအခါ တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြသည်။ ၂၈နှစ်တာလုံး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ပိုင်းခြားထားသောတံတိုင်းကြီးသည် ပြိုကျပြီး ပြန်လည်ပေါင်းစည်း ကြတော့မည်။ ဝမ်းမြောက်ခြင်း၏ဗဟိုချက်သည် ဂျာမနီနိုင်ငံ ဖြစ်သော်လည်း စောင့်စား ကြည့်ရှုနေကြသော ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ သည်လည်း စိတ်လှုပ်ရှား ခံစားကြရသည်။ ကြီးမားသော အမှုကြီး ဖြစ်ပျက်နေပါသည်။

ဣသရေလလူမျိုးတို့ အခြားတိုင်းတစ်ပါးသို့ ကျွန်အဖြစ် ခေါ်ဆောင်ခြင်းခံရပြီးနောက် နှစ်ပေါင်း ၇၀ အကြာ ဘီစီ ၅၃၈ တွင် မိမိတို့၏တိုင်းပြည်သို့ ပြန်လာ ရခြင်းသည် အလွန်အရေးပါသည့်ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဣသရေလသမိုင်းတွင် ဝမ်းမြောက်ခြင်းနှင့်ပြည့်သည့် အချိန်ကို ပြန်ပြောင်းကြည့်ရင်း ဆာလံ ၁၂၆ ကို အစပြု ထားသည်။ ‘‘ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့် လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့် လည်းကောင်း…

သင့်ရင်ထဲမှအသံကို အသုံးပြုပါ

ကမ္ဘာကျော်စန္ဒယားဆရာကြီးတစ်ဦးနှင့်တွေ့ဆုံရန် ကျွန်တော်အားဖိတ်ကြားပါသည်။ ကျွန်တော်သည် ဂီတလောကတွင် ကြီးပြင်းလာသူဖြစ်ပြီး အသင်းတော်တွင် ပင်တိုင် သီချင်းဆိုသူ၊ တယောနှင့်စန္ဒယားကိုလည်း တီးခတ်သူဖြစ်သည့်အတွက် ယခုလို ရတောင့်ရခဲ အခွင့်အရေးအတွက် စိတ်လှုပ်ရှားမိသည်။

ထိုစန္ဒယားဆရာကြီးနှင့်တွေ့ရန် ရောက်သွားသည့် အချိန်တွင် သူသည် အင်္ဂလိပ်စကား မတောက်တစ်ခေါက် သာ တတ်သည်ကို သတိထားမိပြီး ကျွန်တော်တစ်ခါမျှ မတီးဖူးသည့် ချယ်လိုတယောကြီးကို တီးခတ်ရန် ပေးလာ၍ ကျွန်တော် အံ့အားသင့်မိသည်။ သူက ကျွန်တော့်ကို တီးရန် တိုက်တွန်းပြီး သူက ကူညီတီးပေးမည်ဟုပြောပါသည်။ ကျွန်တော်သည် တယောတီးသကဲ့သို့ ဂီတသင်္ကတများကို အသံစမ်းလိုက်သည်။ မရပါ။ ကျွန်တော်တို့နှစ်ဦး၏ တီးခတ်မှုက တစ်ယောက်တစ်ခြားစီ ဖြစ်နေတော့သည်။

ကျွန်တော်နိုးလာပြီး ထိုဖြစ်ရပ်အားလုံးသည် အိပ်မက်ဖြစ်နေကြောင်း သိလိုက် သည်။ သို့သော် ထိုဂီတနောက်ကြောင်းခံသည့် အိပ်မက်သည် အမှန်ပင်ဖြစ်ပြီး “မင်းသီချင်းဆိုတတ်တာကို မင်းဘာလို့ မပြောလိုက်တာလဲ” ဟူသည့်အသံက ရင်ထဲ၌ စွဲကျန်ခဲ့သည်။…

အသက်ရှင်ပါ-ဆုတောင်းပါ-ချစ်ပါ

သခင်ယေရှုကို အင်မတန်ယုံကြည်ကိုးစားသောမိဘနှစ်ပါး၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာသူ နာမည်ကြီး အပြေးသမားဂျက်စီအိုဝင်သည် ယုံကြည်ခြင်းပြည့်ဝပြီး ရဲရင့်သူတစ်ဦးအဖြစ် ဘ၀ရှင်သန်နေထိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဘာလင်မြို့တွင် ကျင်းပသော အိုလံပစ်အားကစားပွဲတော်အတွင်း အမုန်းတရားနှင့်ပြည့်နေသော နာဇီများ နှင့် သူတို့၏ခေါင်းဆောင် ဟစ်တလာ၏ရှေ့မှောက်တွင် အမေရိကန် နိုင်ငံ အားကစားအဖွဲ့မှ အာဖရိကန် အမေရိကန် တစ်ဦးဖြစ်သော အိုဝင်သည် ရွှေတံဆိပ် ၄ ခု ဆွတ်ခူး ခဲ့သည်။ ထို့ပြင် အပြေးသမား ဂျာမန်လူမျိုး လုဇ်လောန် နှင့်လည်း သူငယ်ချင်းဖြစ်ခဲ့သည်။ ယုံကြည်ခြင်းကို ရှင်သန်ပြသည့် အိုဝင်၏ လုပ်ရပ်ရိုးရိုးလေးက နာဇီဝါဒဖြန့်မှု ဆောင်ပုဒ်များ ကြားတွင် ဘ၀ရှင်သန်ခဲ့သူ လုဇ်လောန် ၏အသက်တာကို ရိုက်ခတ်တို့ထိခဲ့သည်။ နောက်ပိုင်းတွင် လောန် က “ဘာလင်မှာတုံးက မင်းကို ပထမဆုံးအကြိမ် တွေ့တဲ့အခါ မင်းဒူးထောက်ဆုတောင်းနေတာတွေ့တော့ ငါတောင် ဘုရားကိုယုံချင်သလို ဖြစ်လာ တယ်”…

သီဆိုကျူးဧရခြင်း၏အကြောင်းရင်း

စည်းနှင့်ကမ်းနှင့် နေထိုင်သူအနေဖြင့် ကျွန်တော့်ဘက်မှ ပျက်ကွက်မှုဟုဆိုရပါမည်။ ကျွန်တော် အိပ်ပျော်သွားခြင်းကြောင့်ပါ။ ကျွန်တော့်ကလေးများသည် ညပိုင်းတွေ့ဆုံပွဲ အတွက် အပြင်သို့ထွက်သည့်အခါ ၎င်းတို့ကို အချိန်ကန့်သတ်ပေးထားသည်။ ကလေးများက လိမ္မာပါသည်။ စည်းကမ်းနာခံကြသည်။ သို့သော် ကျွန်တော့်အကျင့်က အိမ်ရှေ့တံခါးမကြီးဖွင့်သံ ကြားရသည့်အထိ စောင့်ဆိုင်းနေ တတ်သည်။ သူတို့အိမ်သို့ လုံခြုံစွာ ပြန်လည်ရောက်ရှိကြောင်း သိလို၍ ဖြစ်သည်။ ထိုသို့စောင့်ရန်မလိုသော်လည်း ကျွန်ုပ်က စောင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်ညတွင် ကျွန်တော်နိုးလာစဉ် သမီးက ပြုံးလျက် “ဖေဖေ၊ ကျွန်မ ဘေးအန္တရာယ်ကင်းစွာ ပြန်ရောက်ရှိလာပါပြီ။ ဖေဖေ ပြန်အိပ်တော့လေ” ဟု ပြောပါသည်။ သတိထား သော်လည်း တစ်ခါတစ်ရံ အဖေများ အိပ်ပျော်သွားတတ်သည်။ ငါစောင့်နေရတာဟုဝါကြွားစရာမရှိ၊ အဖေလည်း လူသားပေမို့ မဟုတ်ပါလား။

သို့သော် ဘုရားသခင်သည် မည်သည့်အခါမျှ ထိုကဲ့သို့မဖြစ်ပါ။ ဆာလံ ၁၂၁ ၌ ကိုယ်တော်သည် သူ၏သားသမီးများအား…

နောက်ထပ်အခွင့်အရေး

ကျွန်မတို့အိမ်အနီး၌ စက်ဘီးအဟောင်းဆိုင်တစ်ဆိုင်ရှိပြီး ထိုဆိုင်တွင် စွန့်ပစ်စက်ဘီး များကို ပြုပြင်ပြီး လိုအပ်နေသော ကလေးငယ်များအား လှူတန်းသည်။ ဆိုင်ပိုင်ရှင် အာနီကလပ်ခ်သည် လူမှုဘ၀၀န်းကျင်၌ ရုန်းကန်ရှင်သန်နေရသော အိုးမဲ့အိမ်မဲ့များ၊ မသန်စွမ်းသူများနှင့် စစ်မှုထမ်းဟောင်းများ စသည်တို့ကိုလည်းပေးသည်။ စက်ဘီး များသည် ထပ်မံအသုံးခံခွင့်ရသကဲ့သို့ စက်ဘီးရရှိသူများ အနေနှင့်လည်း တစ်ခါတစ်ရံ ဘဝသစ် စတင်ရန် အခွင့်ရခြင်း ဖြစ်သည်။ တစ်ကြိမ်တွင် စစ်မှုထမ်းဟောင်းတစ်ဦးသည် စက်ဘီးစီးပြီး အလုပ်အင်တာဗျူးတစ်ခု သွားဖြေခဲ့သည်။

ဒုတိယအကြိမ်ရရှိသည့် အခွင့်အရေးများသည် အထူးသဖြင့် ဘုရားသခင်ထံမှလာသော အခွင့်အရေး ဖြစ်ပါက လူ့အသက်တာကို ပြောင်းလဲစေနိုင်သည်။ ဣသရေလပြည် တွင် အကျင့်ပျက်လာဘ်စားမှု၊ လိမ်လည်မှုနှင့် စက်ဆုပ်ဖွယ် အပြစ်ဒုစရိုက်များ ကျူးလွန်လျက် “ကောင်းသောပြည်သား အပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ” (မိ ၇း၂) ဟု ပရောဖက်မိက္ခာသည် ကြေကွဲဝမ်းနည်းစွာ မြည်တမ်းခဲ့သည်။ ထိုခေတ်ကာလတွင် ဘုရားသခင်သည်…

ဉာဏ်ပညာတော်ကြောင့် အံ့အားသင့်ရခြင်း

“ကျွန်မ အသက်ကြီးလာလေလေ အဖေက ပိုပညာရှိလေလေ ဖြစ်လာတယ်လို့ ထင်မိတယ်။ တစ်ခါတစ်ရံ ကျွန်မ သားနဲ့စကားပြောရင် အဖေ့ရဲ့စကားတွေက ကျွန်မ နှုတ်ကနေ ထွက်ထွက်လာတယ်”။

ကျွန်တော့်သမီး၏ပြောပုံဆိုပုံကြောင့် ကျွန်တော်ရယ်မိသည်။ ကျွန်တော်၏ သားသမီးများကို ပြောဆိုဆုံးမရာတွင်လည်း ကျွန်တော့် မိဘများ ပြောခဲ့သော စကားလုံးများကို မကြာခဏ အသုံးပြု ခဲ့သည်။ ကျွန်တော် မိဘဖြစ်လာသည့်အခါ ကျွန်တော့် မိဘများ၏ ဉာဏ်ပညာအပေါ် အမြင်ပြောင်းလဲ လာသည်။ ယခင်က မိုက်မဲမှုဟု ကျွန်တော်ထင်ခဲ့သည့်အရာများက ယခုအခါ ကျွန်တော် ထင်သည်ထက် ပို၍ပညာသားပါသည်ကို တွေ့ရှိလာသည်။ ယခင်က ၎င်းကို မသိခဲ့ပါ။

သမ္မာကျမ်းစာက “ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက် သာ၍ ပညာရှိ၏” ဟု (၁ ကော ၁း၂၅) တွင် သွန်သင်ထားသည်။ “အဘယ်သို့နည်း ဟူမူကား ဘုရားသခင်၏ပညာတော်စီရင်သည်နှင့်အညီ လောကီသားတို့သည် မိမိတို့ ပညာအားဖြင့်…

စိတ်လျော့အနားယူသင့်သည်

ဒစ္စနေး ကာတွန်း Rescurers Down Under မှ ထိခိုက်ဒဏ်ရာရသော ပင်လယ်ဇင်ယော်ငှက်ကြီး ဝေလ်ဘာအား ဆရာဝန်က စူးရှသောအသံဖြင့် “မင်းစိတ်ကို ဖြေလျော့ထားစမ်းပါ” ဟု အမိန့်ပေးလိုက်သည်။ ဝေလ်ဘာက “စိတ်လျော့ထားရမယ် ဟုတ်လား။ ငါစိတ်လျော့ထားပြီးလေ” ဟု ပြန်ပြောသော်လည်း သူကြောက်နေသည်။ “ဒါ့ထက် စိတ်လျော့ရရင်တော့ သေဖို့ဘဲ ရှိတော့တယ်” ဟု ခနဲ့တဲ့တဲ့ တုံ့ပြန်သည်။

သင်နားလည်ပါသလား။ (ချိန်းလွှကို အရေပြား ပေါ်ရှိ အကြောမျှင်များ ဖယ်ထုတ်မည့် ကရိယာဟု အမည်ပြောင်းခေါ်သည့်) ဆရာဝန်၏လုပ်ရပ်က သံသယ ဖြစ်စရာပါ။ ဝေလ်ဘာ စိတ်ဒွိဟဖြစ်မည်ဆို ဖြစ်သင့်ပါသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သေရေးရှင်ရေး အသက်အန္တရာယ်နှင့်တွေ့ကြုံရလျှင် အမှန်ပင် ကြောက်စိတ်ဝင်လာပြီး မကြောက်သည့် ဟန်ဖြင့် နေမည်ဆိုလျှင် ရယ်စရာဖြစ်နေပေမည်။

အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည့်အချိန်တွင် စိတ်အေးလက်အေးနေရန် တိုက်တွန်း ပါက ဟာသဖြစ်လိမ့်မည်။ “သေခြင်းကြိုးတို့သည် ဝိုင်း၍…

အစေခံနှလုံးသား

စားဖိုမှူး၊ အစီအစဉ်ရေးဆွဲသူ၊ အဟာရပြည့်ဝအောင်ဆောင်ရွက်သူ၊ လူနာပြုစုသူ စသည့်အလုပ်များသည် ယခုခေတ် မိခင်များ၏တာဝန်ဝတ္တရားအချို့ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း သုတေသနပြုချက်အရ မိခင်များသည် သားသမီးအရေးအတွက် တစ်ပတ်လျှင် နာရီပေါင်း ၅၉ နာရီ မှ ၉၆ နာရီခန့် အလုပ်လုပ်ရသည်။

မိခင်များ ပင်ပန်းနွမ်းနယ်ကြသည်မှာ မဆန်းပါ။ မိခင်ဘ၀ဟူသည် ကမ္ဘာကြီးကို ထိန်းကျောင်းနိုင်ရန် ပညာ သင်ယူလျက်ရှိသော သားသမီးများအတွက် အချိန်နှင့် အင်အားကို ပေးဆပ်ရခြင်းပင်ဖြစ်သည်။

ကျွန်မ၏နေရက်များသည် ရှည်ကြာလျက်ငြီးငွေ့စွာ ခံစားရလျက် အခြားသူများကို ပြုစုခြင်းသည် အကျိုးကျေးဇူး ရှိပါသည်ဟု ကိုယ့်ကိုကိုယ်ပြန်၍ သတိပေးရန် လိုအပ်ချိန်တွင် သခင်ယေရှုက အခြားသူများကို အစေခံသူတို့အား အခိုင်အမာ မိန့်ကြားသည့်စကားအားဖြင့် မျှော်လင့်ချက်ကို ကျွန်မတွေ့ရှိခဲ့သည်။

ရှင်မာကုခရစ်ဝင်ကျမ်းတွင် ကိုယ်တော်၏တပည့်တော်များသည် သူတို့အထဲ၌ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြသည်။ သခင်ယေရှုက ငြိမ်သက်စွာ ထိုင်နေပြီးနောက် “သင်တို့အထဲ၌ အရင်အဦး…