ဘုရားသခင်အပေါ် ရိုးသားခြင်း
သုံးနှစ်သားအရွယ် ကျွန်တော့်မြေး၏တစ်နေ့တာက စိတ်ရှုပ်ထွေးမှုနှင့် အစပြုခဲ့သည်။ သူအနှစ်သက်ဆုံးအင်္ကျီကို သူရှာမတွေ့၊ သူစီးချင်သည့် ရှူးဖိနပ်က အလွန်ပူနေသည်။ သို့နှင့် သူ့အဖွားအပေါ် ပုံကြီးချဲ့၊ ဒေါသချောင်းချောင်းထွက်ကာ ထိုင်ငိုတော့သည်။
‘‘ဘာကြောင့် ဒီလောက်ဝမ်းနည်းရတာလဲ မြေးရယ်’’ ဟု ကျွန်တော်မေးလိုက်ပြီး ကျွန်တော်တို့ ခဏလေး စကားပြောဖြစ်သည်။ သူငြိမ်သက် သွားပြီးနောက်မှ ‘‘ဖွားဖွားအပေါ် သားကောင်းရဲ့လား’’ ဟု ကျွန်တော် ဖြည်းညှင်းစွာ မေးလိုက်သည်။ မြေးက သူ့ရှူးဖိနပ်ကို နှံ့နှံ့စပ်စပ် ကြည့်ပြီးနောက် "မကောင်းဘူး သားသား ဆိုးခဲ့တယ်၊ တောင်းပန်ပါတယ်" ဟု တုံ့ပြန်ခဲ့သည်၊
ကျွန်တော့် နှလုံးသားအရည်ပျော်သွားသည်။ သူဘာလုပ်ခဲ့သည်ကို ငြင်းဆန်မည့် အစား သူရိုးသားခဲ့သည်။ ထို့နောက် အမှားလုပ်သောအခါ ခွင့်လွှတ်ရန်နှင့် ပို၍ ကောင်းမွန်စွာ နေထိုင်ပြုမူနိုင်အောင် မစရန် သခင်ယေရှုထံ ကျွန်တော်တို့ဆုတောင်းခဲ့သည်။
ဟေရှာယ ၁ ၌ သူတို့ကျူးလွန်ခဲ့သော အမှားများအတွက်…
ငြိမ်သက်ခြင်းကို မည်ကဲ့သို့ရှာဖွေမည်နည်း
‘‘ငြိမ်သက်ခြင်းကို သင်ဘယ်လိုထင်လဲ’’ ဟု နေ့လည်စာအတူ စားနေစဉ် ကျွန်မ၏ သူငယ်ချင်းက မေးသည်။ ‘‘ငြိမ်သက်ခြင်းလား၊ ကျွန်မသေချာမသိဘူး၊ ဘာဖြစ်လို့မေးတာလဲ’’ ဟု ဇဝေဇဝါဖြစ်လျက် ပြန်မေးရာ သူငယ်ချင်းက ‘‘ကောင်းပြီ၊ ဝတ်ပြုနေတုံးက ရှင့်ခြေထောက် လှုပ်နေပြီး အခြားနေရာကို စိတ်ရောက်နေတာ တို့တွေ့တယ်။ ဘုရားသခင်က သူ့ကို ချစ်တဲ့သူတွေကိုပေးတဲ့ ငြိမ်သက်ခြင်းကို ရှင်ဆင်ခြင်မိသလား’’ ဟု ပြောခဲ့သည်။
ကြာခဲ့ပါပြီ။ ထိုနေ့က ကျွန်မသူငယ်ချင်း၏ မေးခွန်း ကြောင့် အနည်းငယ် နာကျင်ခံစားရသော်လည်း ၄င်းသည် ကျွန်မအတွက် ငြိမ်သက်ခြင်းခရီးကို အစပြုပေးခဲ့သည်။ ဘုရားသခင်၏လူများသည် ခဲယဉ်းဆိုးယုတ်မှုကြား၌ပင် ငြိမ်သက်ခြင်း၏ ကောင်းကျိုးချမ်းသာကို မည်ကဲ့သို့ ပွေ့ပိုက် အလေးထားသည်ကို ကျမ်းစာထဲ၌ ကျွန်မ စတင်လေ့လာ ခဲ့သည်။ ကောလောသဲမြို့သားများထံ ရေးသားသော ပေါလု၏ စာ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို သူတို့နှလုံးသားထဲတွင် အုပ်စိုးခွင့်ပေးရန် တမန်တော်ပေါလု၏မိန့်ကြားချက်ကို ကျွန်မ…
ယခု သင်ဆာလောင်ပါသလား
ဘာလုပ်ရမည်ကို သောမတ်သိသည်။ သူသည် အိန္ဒိယရှိ ဆင်းရဲသောမိသားစုမှ မွေးဖွားခဲ့ကာ အမေရိကန်မိဘများ၏ မွေးစားခြင်းခံခဲ့ရသည်။ အိန္ဒိယသို့ အလည်အပတ် ပြန်လာသည့်ခရီးတွင် ဇာတိမြို့ရှိ ကလေးများ၏လိုအပ်မှုများကို မြင်တွေ့ခဲ့ပြီး ကူညီ ရမည်ကို သူသိသည်။ သို့နှင့် အမေရိကန်သို့ ပြန်သွားပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူမည်၊ ပြီးနောက် ပိုက်ဆံစုဆောင်းပြီး အနာဂတ်တွင် ပြန်လာရန် စီစဉ်ခဲ့သည်၊
ထိုနောက် ရှင်ယာကုပ် ၂း၁၄-၁၈ မှ ‘‘တစ်စုံ တစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုး ရှိသနည်း’’ ဟူသည့်ကျမ်းပိုဒ်ကို ဖတ်ရှုမိပြီးနောက် ‘‘အမေ၊ သမီးဗိုက်ဆာတယ်’’ ဟု သူ့ဇာတိနိုင်ငံမှ မိန်းကလေးငယ် တစ်ဦး သူ့မိခင်ထံ အော်ဟစ်ငိုကြွေးသံကို သောမတ်ကြားယောင်ရင်း သူငယ်စဉ်က အလွန်အမင်း ဆာလောင် သဖြင့် အမှိုက်ပုံးတွင် စားစရာရှာဖွေခဲ့သည့်အချိန်ကို ပြန်လည်သတိရမိပြီး ကူညီရန်အရေး…
မျက်မှန်အသစ်မှတဆင့်
“သစ်ပင်တစ်ပင်လုံး၏ အစိမ်းရောင်အဆင်းကို မှုံဝါးဝါးမြင်ရတာထက် သစ်ရွက်တစ်ရွက် ချင်းစီကို မြင်ရတာက ပို၍အံ့သြစရာကောင်းတယ်” ဟု ကျွန်မအဖေက ပြောပါသည်။ ဒီထက်မှန်သည့်စကားမရှိတော့ပါ။ ကျွန်မသည် ထိုအချိန်က အသက် ၁၈ နှစ် သာရှိပြီး မျက်မှန်အသစ်တပ်ဆင်ရန်ကိုလည်း စိတ်မ၀င်စားပါ။ သို့သော် ဘယ်အရာကို ကြည့်ကြည့် မှုံဝါးနေသော ကျွန်မအမြင်အားလုံးကို မျက်မှန်သစ်က ပြောင်းလဲလှပစေသည်။
နှုတ်ကပတ်တော်ကို လေ့လာသည့်အခါ သစ်ပင်များ ကို မျက်မှန်မတပ်ဘဲ ကြည့်သကဲ့သို့ ကျမ်းစာအုပ်ကို ကြည့်သဖြင့် မြင်သင့်သလောက်မမြင်ရပါ။ သို့သော် အသေးစိတ် လေ့လာပါက ငြီးငွေ့စရာကောင်းသော ကျမ်းပိုဒ် များသည် စိတ်ဝင်စားစရာဖြစ်လာသည်။
ကျွန်မ ထွက်မြောက်ရာကျမ်းကို ဖတ်သည့်အခါ ပို၍ သိသာသည်။ ဣသရေလလူတို့အကြား ဘုရားသခင် ယာယီ ကျိန်းဝပ်မည့် တဲတော် တည်ဆောက်ရန် ညွှန်ကြားချက်သည် အလွန်မှ စိတ်နောက်ကျိ ငြီးငွေ့စရာဖြစ်သည်။ သို့သော် အခန်းကြီး ၂၅…
ငါးမန်း မကိုက်သည့်အချိန်
ကျွန်မ၏ကလေးများသည် စိတ်လှုပ်ရှားနေကြသော်လည်း ကျွန်မကတော့ ရတက် မအေးဖြစ်နေသည်။ အထူးပြုလုပ်ထားသောရေကန်ထဲရှိ ငါးမန်း၏ကျောကို ပွတ်သပ်၍ ရသော ငါးပြတိုက်သို့ ကျောင်းအားရက်အတွင်း သွားရောက်လည်ပတ်ခဲ့သည်။ သူများ လက်ချောင်းတွေကို တစ်ခါမျှမကိုက်ဘူးလားဟု ကျွန်မက စောင့်ရှောက်သူ တာဝန်ခံအားမေးကြည့်ရာ ထိုငါးမန်းတွေကို အခုလေးတင် ဝလင်စွာ အစာကျွေးထားသည်သာမက ပိုပိုသာသာပင် ကျွေးထား ကြောင်း စောင့်ရှောက်သူတာဝန်ခံက ပြန်ဖြေသည်။ သူတို့သည် မဆာသောကြောင့် လူတွေကိုလည်း မကိုက်ပါ။
ထိုကဲ့သို့ ငါးမန်း၏ကျောကိုပွတ်သပ်ခြင်းကို မြင်ရသောအခါ သုတ္တံကျမ်းတွင်ဖေါ်ပြသော “စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သော သူမူကား ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏” (သု ၂၇း၇) ဟူသော သင်ခန်းစာကို နားလည်စေပါသည်။ ဆာငတ်ခြင်းတည်းဟူသော ခန္ဓာအတွင်း ဟာလာဟင်းလင်းဖြစ်ခြင်းသည် ကျွန်မတို့၏ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့်စွမ်းရည်ကို ကျဆင်းစေသည်။ အခြားသူများအပေါ် ရန်လိုစိတ်ကို ဖြစ်စေနိုင်သော်လည်း ကိုယ့်ကိုကိုယ် ပြည့်ဝအောင် ဖြည့်တင်းပေးထား…
ဘုရားသခင်မှလမ်းလွှဲပေးခြင်းများ
အထူးသဖြင့် အခြားသူများကို အစေခံရန် ဘုရားသခင်က လမ်းဖွင့်ပေးသည်ဟု ခံစားရ ချိန်တွင် “ခွင့်မပြုပါ” သို့မဟုတ် “အခုမဟုတ်သေးပါ” ဟု အပြောခံရလျှင် အလွန်ခံရခက် ပါသည်။ ကျွန်တော်၏အမှုတော်လုပ်ငန်း အစောပိုင်းတွင် လုပ်ရမည့်အလုပ်နှစ်ခုသည် ကျွန်တော်၏ကျွမ်းကျင်မှုနှင့် အသင်းတော်၏လိုအပ်မှုနှင့် အံဝင်ဂွင်ကျ ဖြစ်သော်လည်း ထိုအလုပ်နှစ်ခုလုံးကို လုပ်ဆောင်ရန် အခွင့်အလမ်းပိတ်နေ သည်။ ထိုစိတ်မကောင်းစရာအဖြစ်ကို ကြုံရပြီးနောက်တွင် အခြားအခွင့်အရေးတစ်ခုပေါ်လာပြီး ကျွန်တော်အရွေးခံခဲ့ရ သည်။ ထိုသာသနာလုပ်ငန်းတွင် ကျွန်တော်၏အသက်တာကို လှုပ်ခတ်ခဲ့သည့် သင်းအုပ်ဆရာအဖြစ် ၁၃ နှစ်တာ လုပ်ဆောင် ခဲ့ရပါသည်။
တမန်တော်ဝတ္ထုအခန်းကြီး ၁၆ တွင် ဘုရားရှင်က ရှင်ပေါလုနှင့် သူ၏အဖွဲ့တို့အား နှစ်ကြိမ်တိုင် ပြန်လည် လမ်းညွှန်ခဲ့သည်။ ပထမအနေဖြင့် သူတို့အား “သန့်ရှင်းသော ဝိညာဉ်တော်သည် အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ တားမြစ်တော်မူသည်” (း၆)။ ထိုနောက် “မုသိပြည်သို့ရောက်၍ ဗိသုန်ပြည်သို့သွားမည်ပြုကြစဉ် ဝိညာဉ်တော်…
ကြိုးကိုဖြေလျော့ပေးခြင်း
ခရစ်ယာန်အဖွဲ့အစည်းတစ်ခု၏ အမှုတော်တာဝန်မှာ ခွင့်လွှတ်ခြင်း မေတ္တာစွမ်းအားဖြင့် အနာငြိမ်းခြင်းစွမ်းရည်ကို ပိုမိုမြင့်တင်ပေးရန်ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုတွင် ပျော်ရွှင်စရာအစီအစဉ်တစ်ခု ပါဝင်သည်။ ထိုအရာမှာ အမှားပြုသောသူနှင့် ပြစ်မှားခံရသူတို့ကို ကျောခြင်းကပ်၍ ကြိုးဖြင့် ပူးတွဲချည်ထားပြီး ပြစ်မှားခံရသူသာလျှင် ထိုကြိုးကို ဖြည်ပေးနိုင်သည်။ ပြစ်မှားခံရသူက မည်သို့ပင် ပြုပြု သူ့နောက်တွင် လူတစ်ဦးဦးရှိနေမည်။ ခွင့်လွှတ်ခြင်းမရှိဘဲ၊ ကြိုးကိုမဖြည်ဘဲ သူလွတ်မြောက်မည်မဟုတ်ပေ။
အမှားလုပ်မိ၍ ဝမ်းနည်းကြေကွဲနေရသူတစ်ဦးအား ခွင့်လွှတ်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ခံစားရသော ခါးသီးမှုနှင့် နာကျင်မှုများမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်မည် ဖြစ်သည်။ ကမ္ဘာဦးကျမ်းတွင် အစ်ကိုဧသောထံမှ သားဦး အခွင့်အရေးကို ယာကုပ်ခိုးယူပြီးနောက် နှစ်ပေါင်း ၂၀ ကွဲကွာ သွားခဲ့ကြသည်။ အချိန်ကြာမြင့်စွာ ကွဲကွာပြီးနောက် ဘုရားသခင်က ယာကုပ်အား သူ၏နယ်မြေသို့ ပြန်သွားရန် ပြောသည် (က ၃၁း၃)။ စကားတော်ကို နားထောင်သော်လည်း ကြောက်ရွံ့စိုးစိတ်ဖြင့် အစ်ကိုဧသောထံ လက်ဆောင်…
သင်အပေါ် ချီးကျူးထောမနာပြုသည့်စကား
သစ္စာရှိသော အမျိုးသမီးတစ်ဦး၏ ဈာပနသို့သွားခဲ့ပြီးနောက် ကျွန်ုပ်၏စိတ်ထဲတွင် သူ့အကြောင်းကိုသာ အာရုံစိုက်နေမိသည်။ သူသည် အသင်းတော်ပြင်ပ၌၊ အိမ်နီးနားချင်းနှင့် မိတ်ဆွေများကြား၌ လူသိထင်ပေါ်သူ မဟုတ်ပါ။ သို့သော် သူမက သခင်ယေရှု၊ သူမ၏ သားသမီး ၇ ယောက်နှင့် မြေး ၂၅ ယောက်ကို အလွန်ချစ်သည်။ မျက်နှာထားပြုံးရွှင်ပြီး သဒ္ဓါစိတ်ထက်သန်သည်။ ဘောလုံးကို အလွန်ဝေးဝေးရောက်အောင် ရိုက်နိုင်သည်။
ဒေသနာကျမ်းက “မသာအိမ်သို့သွားခြင်းသည် ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏” (၇း၂)၊... “ပညာရှိ သောသူတို့၏နှလုံးသည် မသာအိမ်၌ရှိ၏။” (၇း၎) ဟုဆို၏။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် အရေးကြီးဆုံးသော အရာ ဘာဖြစ်သည်ကို ကျွန်ုပ်တို့သင်ယူကြရခြင်းကြောင့်ပါ။ New York Times တွင်သတင်းရေးသားသူ David Brooks က လူတို့တောင့်တသည့်အကျိုး နှစ်ပါးရှိသည်၊ တစ်မျိုးမှာ ကိုယ်ရေးအချက်အလက်အပျံစားနှင့် အမြင်ကောင်းခြင်းကို တောင့်တသည်။ နောက်တစ်မျိုးမှာ ဈာပနအခမ်းအနားတွင် ကိုယ့်အကြောင်း…
အချည်းနှီးသောအရာများကို မီးရှို့ဖျက်ဆီးပစ်ခြင်း
၁၄၉၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဘုန်းတော်ကြီးဂျီရိုလာမာစဗွန်နာရိုလာသည် မီးပုံတစ်ခုကို မီးစတင်မွှေးလိုက်သည်။ လူများအား အပြစ်ပြုလုပ်မိစေရန် သို့မဟုတ် ဘာသာရေး ကိုးကွယ်မှုတာဝန်များကို လျစ်လျူရှုမိစေရန် ဆွဲဆောင်သည့် အနုပညာလက်ရာများ၊ အလှအပပစ္စည်းများ၊ စက်ပစ္စည်းများနှင့် အဝတ်အစားများကို ထိုဘုန်းတော်ကြီးနှင့် သူ၏ နောက်လိုက်များက လပေါင်းများစွာ စုဆောင်းပြီး ထိုပွဲအတွက် ပြင်ဆင်ကြသည်။ သတ်မှတ်သောနေ့ရောက်လျှင် ထောင်ပေါင်းများစွာသော ထိုအချည်းနှီးသောပစ္စည်းများကို အီတလီနိုင်ငံ ဖလောရင့်စ် ပြည်သူ့ရင်ပြင်တွင် စုပုံ၍ မီးရှို့ပစ် ကြသည်။ ဤအဖြစ်အပျက်သည် အချည်းနှီးသော အရာများအား မီးတင်ရှို့ခြင်း - Bonfire of the Vanities အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုလာကြသည်။
“ထို့ကြောင့် လက်ယာ မျက်စိဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။... ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုလက်ကို ဖြတ်ပစ်လော့” (မ ၅း၂၉-၃၀)…
ဝမ်းမြောက်စွာ ကစားပါ
ကျွန်ုပ်တို့၏သား ဘရိုင်ယန်သည် အထက်တန်းကျောင်း ဘတ်စကက်ဘော နည်းပြ ဖြစ်သည်။ တစ်နှစ်တွင် သူတို့အသင်းသည် ဝါရှင်တန်ပြည်နယ် ဘတ်စကက်ဘော ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အသွားတွင် မြို့ပေါ်ရှိရင်းနှီးသော သူငယ်ချင်းများက “ဒီနှစ် မင်းတို့အသင်းအနိုင်ရမှာလား” ဟုမေးကြသည်။ ကစားသမားနှင့် နည်းပြဆရာ တို့သည် ဖိအားပေးမှုကို ခံစားရသည်။ ဘရိုင်ယန်က အသင်း၏ဆောင်ပုဒ်ကို “ဝမ်းမြောက်စွာ ကစားပါ” ဟု အမည် တပ်ပေးလိုက်သည်။
ရှင်ပေါလုက ဧဖက်မြို့ရှိ သင်းထောက်တို့အား “ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်” (တ ၂၀း၂၄) ဟု ပြောသောစကားကို ကျွန်ုပ်ဆင်ခြင်မိ သည်။ သူ၏ရည်မှန်းချက်သည် သခင်ခရစ်တော်ပေးအပ်သော အလုပ်ကို ပြီးစီးအောင် ဆောင်ရွက်ရန်ဖြစ်သည်။ “ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်” သို့တည်းမဟုတ် ဘရိုင်ယန်ပြောသကဲ့သို့ “ဝမ်းမြောက်စွာ ကစားပါမည်” ဟူသော ဆောင်ပုဒ်ကို ကျွန်ုပ်၏ဆောင်ပုဒ်နှင့် ဆုတောင်းအဖြစ်သတ်မှတ်လိုက်သည်။ ထိုနှစ်တွင် ဘရိုင်ယန်တို့အသင်းသည် ပြည်နယ်…