အမျိုးအစား  |  odb

ဝတ်ပြုကိုးကွယ်ခြင်းပွဲတော်များ

ကြီးမားသည့်ပွဲလမ်းတစ်ခုသို့ တက်ရောက်ခြင်းက အံ့ဩဖွယ်နည်းလမ်းဖြင့် သင့်ကို ပြောင်းလဲစေနိုင်ပါသည်။ ယူကေနှင့်အမေရိက၌ ရက်ပေါင်းများစွာ စုရုံးကြသည့်ပွဲတော်တွင် လူပေါင်း (၁၂၀၀) ကျော်နှင့် ထိတွေ့ဆက်ဆံရပြီးနောက် ကြီးမားသည့်ပွဲတော်များသည် ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ထိန်းချုပ်လမ်းညွှန်မှုနှင့် မိမိ၌ရှိသည့်အရင်းအမြစ်များအား တစ်ပါးသူတို့နှင့် ဝေမျှလိုစိတ်၌ပင် သက်ရောက်မှုရှိကြောင်းကို သုတေသီ Daniel Yudkin (ဒန်နီယယ်ရက်ကင်)နှင့် အပေါင်းအပါများက လေ့လာတွေ့ရှိခဲ့သည်။ သူတို့၏သုတေသနပြုချက်အရ ပွဲတက်ရောက်သူ (၆၃) ရာခိုင်နှုန်းသည် ထိုပွဲတော်၌ “ပြုပြင်ပြောင်းလဲမှု” အတွေ့အကြုံကို ခံစားခဲ့ကြရပြီး၊ ထိုအတွေ့အကြုံအားဖြင့် လူလူချင်း ပို၍ ဆက်နွယ်မှုရှိလာပြီး၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုနှင့် သူတို့လုံးဝမသိကျွမ်းသည့် သူစိမ်းတစ်ရံဆံတို့အပေါ် ပို၍ ရက်ရောကြင်နာစိတ်များ ဖြစ်ပေါ်ခဲ့သည်။

သို့သော် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် ကျွန်ုပ်တို့စုရုံးကြသည့်အခါ လောကီပွဲတော်တစ်ခု၏ လူမှုရေးဆိုင်ရာ “ပြုပြင်ပြောင်းလဲမှု” အတွေ့အကြုံသက်သက် သာမကဘဲ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ကျွန်ုပ်တို့ ဆက်သွယ်မိတ်သဟာရဖွဲ့ခွင့်ရသည်။ ဘုရားသခင်၏လူမျိုးတော်တို့သည် ရှေးကာလများ၌ တစ်နှစ်ပတ်လုံး…

အမှတ်တံဆိပ်ကိုယ်စားပြုသံတမန်များထက် ပိုသော

အင်တာနက်ခေတ်၌ ယှဉ်ပြိုင်မှုများ ပြင်းထန်လာသည်။ ဖောက်သည်များအား ဆွဲဆောင်နိုင်ရန်အတွက် ကုမ္ပဏီများသည် ဆန်းသစ်တီထွင်သောနည်းလမ်းများနှင့် အပြိုင်အဆိုင် တိုးမြှင့်လုပ်ဆောင်လာကြသည်။ ဥပမာ - ဆူဘာရုမော်တော်ယာဉ်ကို ကြည့်ပါ။ ဆူဘာရု မော်တော်ယာဉ်ပိုင်ရှင်များသည် သစ္စာ ရှိသည့် နေရာ၌ နာမည်ကျော်သူများ ဖြစ်သည့်အတွက် “အရေးပါသော ဆူဘာရု” ဖောက်သည်များကို ဆူဘာရုမော်တော်ယာဉ်များ၏ “အမှတ်တံဆိပ် ကိုယ်စားပြုသံတမန်များ”အဖြစ် ဆူဘာရုကုမ္ပဏီမှ ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။

ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်၌ “ဆူဘာရုသံတမန်များသည် စိတ်အားထက်သန်စွာ ဆူဘာရုအကြောင်း သတင်းဖြန့်ဝေကာ၊ ဆူဘာရုအမှတ်တံဆိပ်၏ အနာဂတ်ကို ကူညီပုံဖော်နေသူများဖြစ်သည်” ဟု ဖော်ပြထားသည်။ ဆူဘာရုကားပိုင်ဆိုင်မှုက လူတို့၏ဘဝ၏ဖြစ်တည်မှု အစိတ်အပိုင်းဖြစ်လာပြီး၊ ထိုဖြစ်တည်မှုကို မဝေမျှဘဲ မနေနိုင်သည့် စိတ်ထက်သန်မှုရှိရေးကို ကုမ္ပဏီက လိုလားသည်။
ကောရိန္သုဩဝါဒစာဒုတိယစောင် ၅ ၌ သခင်ယေရှုနောက်တော်သို့လိုက်ရန် ဖိတ်ခေါ်သည့် အခြားသော “သံတမန်” အစီအစဉ်တစ်ခုကို ရှင်ပေါလုက ဖော်ပြထားသည်။ “သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော…

မဆုတ်မနစ်ကြိုးပမ်းမှု၏အစွမ်းတန်ခိုး

၁၉၁၇ ခုနှစ်၌ အပ်ချုပ်သမငယ်တစ်ဦးသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၏ နာမည်အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်းကျောင်းတစ်ကျောင်း၌ တက်ရောက်ခွင့်ရ၍ လွန်စွာစိတ်လှုပ်ရှားခဲ့သည်။ သို့ရာတွင် Ann Lowe Cone (အဲန်းလိုဝီခုန်း)သည် အတန်းအပ်ရန် ဖလော်ရီဒါပြည်နယ်မှ ရောက်လာသည့်အခါ ကျောင်းတာဝန်ခံက “ပွင့်ပွင့်လင်းလင်းပြောရရင် မစ္စခုန်းဟာ နီဂရိုး (လူမည်း)တစ်ဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး” ဟု သူမကို မကြိုဆိုကြောင်း ပြောခဲ့သည်။ လှည့်ပြန်ရန် ငြင်းဆန်လျက် “ကျွန်မကို ဒီမှာ နေခွင့်ပေးပါ” ဟု သူမ တီးတိုးဆုတောင်းခဲ့သည်။ သူမ၏ မဆုတ်မနစ် ဇွဲကောင်းမှုကို မြင်ရပြီးနောက် တာဝန်ခံက အဲန်းအား နေထိုင်ခွင့်ပေးခဲ့သော်လည်း လူဖြူများသာ သီးသန့်တက်ခွင့်ရသည့် စာသင်ခန်းတွင် သူမအား တက်ခွင့်မပေးပေ။ သင်ခန်းစာများကို သူမနားထောင်နိုင်ရန်အတွက်စာသင်ခန်း၏ အနောက်ဖက်တံခါးကိုသာ ဖွင့်ပေးထားခဲ့သည်။

အဲန်းသည် ထူးချွန်စွာဖြင့် (၆) လစောကာ အတန်းပြီးမြောက် အောင်မြင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ သမ္မတကတော်…

ကျွန်ုပ်တို့၏ညီအစ်ကို သခင်ယေရှု

သူ၏ညီမငယ်လေး ခွေးရူး ခုန်အုပ်ခံရလုနီးနီးဖြစ်ချိန်တွင် Bridger Walker (ဘရစ်ဂျာဝေါ့ကာ)သည် (၆) နှစ်အရွယ်သာ ရှိသေးသည်။ ဘရစ်ဂျာလေးသည် အလိုလိုပင် ညီမလေးရှေ့ပြေးဝင်ပြီး၊ ခွေးရူး၏ဆွဲရမ်းကိုက်ဖြတ်မှုမှ ကာကွယ်ပေးခဲ့သည်။ မျက်နှာ၌ အချက် (၉၀) အချုပ်ခံလိုက်ရကာ အရေးပေါ်ကုသမှု ခံယူပြီးနောက် သူ့လုပ်ရပ်နှင့်စပ်လျဥ်း၍ “တစ်စုံတစ်ယောက် သေရမယ်ဆိုရင် အဲ့လူဟာ ကျွန်တော်သာဖြစ်သင့်တယ်” ဟူ၍ရှင်းပြခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ပလတ်စတစ်ဆာဂျရီ ဆရာဝန်များသည် ဘရစ်ဂျာ၏မျက်နှာ သက်သာပျောက်ကင်းအောင် ကူညီခဲ့ကြသည်။ လတ်တလောရိုက်ထားသည့် ညီမငယ်လေးကိုသူဖက်ထားသည့် ဓာတ်ပုံများတွင် သူ၏အကိုရင်းချာမေတ္တာသည် ယခင်ကဲ့သို့ပင် ခိုင်မာဆဲဖြစ်ကြောင်းတွေ့ရသည်။

မိသားစုဝင်များက ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။ စစ်မှန်သောညီအစ်ကိုများသည် ဒုက္ခရောက်ချိန်တွင် ဝင်ရောက်ကူညီပြီး၊ ကျွန်ုပ်တို့ ကြောက်ရွံ့နေချိန် (သို့) တစ်ဦးတည်းဖြစ်နေချိန်များတွင် ကျွန်ုပ်တို့နှင့်အတူ ရှိနေပေးသည်။ လက်တွေ့ဘဝတွင်မူ ကျွန်ုပ်တို့၏ အကောင်းဆုံး ညီအစ်ကိုများသည် ပြီးပြည့်စုံသူများ မဟုတ်ပေ။ အချို့ဆို ကျွန်ုပ်တို့ကို…

အထီးကျန်သော်လည်း အမေ့ခံ မဟုတ်ပေ

အကျဉ်းသားတစ်ဦးအတွက် အခက်ခဲဆုံးအရာမှာ သီးခြားခွဲထားခံရခြင်းနှင့် အထီးကျန်မှုဖြစ်ကြောင်း သူတို့၏ဘဝဇာတ်ကြောင်းများ နားထောင်ရမှ ပိုမိုရှင်းလင်းလာခဲ့သည်။ လေ့လာချက်တစ်ခုအရ ထောင်ဒဏ်မည်မျှပင်များများ ထောင်သားအများစုသည် သံတိုင်နောက်၌ ရှိနေစဉ်အတွင်း သူငယ်ချင်းများ (သို့) ချစ်ရသူများက သူတို့ထံ နှစ်ကြိမ်သာ လာရောက်တွေ့ဆုံကြသည်။ အထီးကျန်ခြင်းသည် မပြောင်းလဲသော လက်တွေ့အဖြစ်မှန်တစ်ရပ်ပင်။

ရာဇဝတ်သားဟု မဟုတ်မမှန်စွပ်စွဲခံခဲ့ရသည့် ယောသပ် ထောင်ထဲ၌ ရှိနေစဉ်အတွင်း သူ့ခံစားချက်က နာကျင်‌နေပေမည်။ သို့သော် မျှော်လင့်ချက်ရောင်ခြည် မျှင်မျှင်လေးရှိသည်။ ဖာရောဘုရင်၏ လူယုံအစေခံဖြစ်ခဲ့သည့် အကျဉ်းသားတစ်ဦး၏အိပ်မက်ကို ယောသပ်အနက်ပြန်နိုင်ရန် ဘုရားသခင်မစခဲ့သည်။ ထိုသူသည် မိမိ၏နဂိုရာထူး၌ ပြန်လည်ခန့်ထားခံရမည်ဖြစ်ပြီး၊ ထိုသို့ချီးမြှောက်ခံရလျှင် သူလွတ်မြောက်စေရေး ဖာရောဘုရင်အား သူ့အကြောင်းကို ပြောပြရန် ယောသပ်တောင်းဆိုခဲ့သည် (က ၄၀:၁၄)။ သို့သော်ထိုသူသည် “ယောသပ်ကို မအောက်မေ့ဘဲ၊ မေ့လျော့”ခဲ့သည် (:၂၃)။ ၂ နှစ်ကြာသည်အထိ ယောသပ်စောင့်နေခဲ့ရသည်။ စောင့်နေသည့် ထိုနှစ်များအတွင်း ယောသပ်၏အခြေအနေက ပြောင်းလဲမည့်အရိပ်အယောင်မရှိခဲ့ပေ။ သို့သော်…

မတူညီသောနည်းလမ်း

၁၈၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီး David Livingstone (ဒေးဗစ် လစ်ဗင်းစတုန်း)၏ သာသနာလုပ်ငန်းကို စိတ်ထက်သန်စွာ ဆက်လက်ထမ်းရွက်ရန် Mary Slessor (မေရီစလက်စာ)သည် အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် Calabar (ခလေဘာနိုင်ငံ - ယခု နိုင်ဂျီးရီးယား)သို့ ရေလမ်းခရီးပြုခဲ့သည်။ သူမ၏ပထမဦးဆုံး တာဝန်မှာ အခြားသာသနာပြုများနှင့်အတူ နေထိုင်ရင်း ကျောင်း၌စာသင်ပေးရန် ဖြစ်သော်လည်း သူမသည် အခြားတစ်နည်းဖြင့် ထိုတာဝန်ကို ဆောင်ရွက်လိုသည်။ သို့နှင့် သူမသည် ထိုပတ်ဝန်းကျင်၌ ကြုံတောင့်ကြုံခဲအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ မေရီသည် သူအစေခံနေသူများကြား ပြောင်းရွှေ့နေထိုင်ကာ သူတို့၏ဘာသာစကားကို သင်ယူပြီး သူတို့နေထိုင်သည့်အတိုင်း နေ၍ သူတို့စားသလို စားခဲ့သည်။ စွန့်ပစ်ခံရသည့် ကလေးပေါင်းများစွာကိုလည်း ခေါ်ယူမွေးစားခဲ့သည်။ နှစ်ပေါင်း (၄၀) နီးပါးမျှ မျှော်လင့်ခြင်းနှင့် ဧဝံဂေလိတရားကို လိုအပ်နေသူများထံ သူမယူဆောင်ပေးခဲ့သည်။

ကျွန်ုပ်တို့ဝန်းကျင်ရှိ လူများ၏လိုအပ်မှုကို ဖြည့်ဆည်းပေးခြင်း၏အရေးပါမှုကို ရှင်ပေါလုသိသည်။…

ထာဝရသစ္စာရှိသောဘုရား

Xavier (ဆေဗီယာ)လေး မူလတန်းကျောင်းသားဘဝက ကျွန်မကျောင်းအသွားအပြန် ကြိုပို့ ပေးခဲ့ဖူးသည်။ တစ်နေ့တွင် စီစဉ်ထားသလို ဖြစ်မလာဘဲ၊ သူ့ကိုကြိုရန် နောက်ကျခဲ့သည်။ ကားထိုးရပ်ပြီး သူ့အတန်းဆီပြေးသွားရင်း ထိပ်ထိပ်ပြာပြာ ဆုတောင်းနေမိသည်။ သူ့လွယ်အိတ်ကလေးပိုက်ပြီး ဆရာတစ်ယောက်နှင့်ထိုင်နေသည့် သူ့ကို တွေ့လိုက်ရသည်။ “မေမေအရမ်းတောင်းပန်တယ်။ သားအဆင်ပြေရဲ့လား” ဟုမေးရာ၊ သူက သက်ပြင်းချရင်း “သားအဆင်ပြေပါတယ်။ ဒါပေမဲ့နောက်ကျတဲ့အတွက် မေမေ့ကို သားစိတ်ဆိုးတယ်” ဟု ပြန်ဖြေသည်။ သူ့ကို အပြစ်မတင်ရက်ပါ။ ကိုယ့်ကိုယ်ကိုလည်း ကျွန်မစိတ်ဆိုးမိသည်။ သားကို ကျွန်မချစ်သည်။ သို့သော် သူ့ကို စိတ်ပျက်စေမည့် အချိန်များရှိနေဦးမည်ကို ကျွန်မသိသည်။ တစ်ချိန်ချိန်တွင် ဘုရားသခင်အပေါ် သူစိတ်ပျက်မည်ကိုလည်း ကျွန်မသိသည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အခါမျှ ကတိ မဖျက်ကြောင်းကို သူသိအောင် ကျွန်မကြိုးစားသင်ပေးခဲ့သည်။

ဆာလံကျမ်း ၃၃ တွင် “ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသောအမှုတို့သည်လည်း သစ္စာတရားနှင့်ညီ”သောကြောင့် (:၄)…

ငါဘယ်သူလဲ

Robert Todd Lincoln(ရောဘတ်တော့ဒ်လင်ကွန်း)သည် သူ၏ဖခင် ပြည်သူ ချစ်သော အမေရိကန်သမ္မတ Abraham Lincoln (အာဗြဟံလင်ကွန်း)၏ လောင်းရိပ်ကြီးအောက်တွင် နေခဲ့ရသည်။ ဖခင်ဆုံးပါးပြီးနောက် ဖခင်၏ထူးကဲ သော ဖြစ်တည်မှုက ရောဘတ်၏ဖြစ်တည်မှုကို ဝါးမျိုခဲ့သည်။ သူ၏ သူငယ်ချင်း Nicholas Murray Butler (နီကိုလပ်စ် မားရီ ဘတ်တလာ) က “ဘယ်သူကမှ ကျွန်တော့်ကို စစ်ဗျူဟာမှူးအဖြစ် မလိုချင်ကြဘူး။ သူတို့လိုချင်တာ အာဗြဟံလင်ကွန်းရဲ့သား။ ဘယ်သူကမှ ကျွန်တော့်ကို အင်္ဂလန်ရဲ့ဝန်ကြီးအဖြစ် မလိုချင်ကြဘူး။ သူတို့လိုချင်တာ အာဗြဟံလင်ကွန်းရဲ့သား။ ဘယ်သူမှ ကျွန်တော့်ကို Pullman (ပူးမန်း) ကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ် မလိုချင်ကြဘူး။ သူတို့အလိုရှိတာ အာဗြဟံ လင်ကွန်းရဲ့သားပဲ” ဟု ရောဘတ် ပြောနေကျစကားကို ရေးသားခဲ့သည်။

ကျော်ကြားသူတို့၏သားသမီးများသာ ဤခံပြင်းမှုကို ခံစားရခြင်း မဟုတ်ပါ။ မိမိ၏ကိုယ်ပိုင်ဖြစ်တည်မှုကို တန်ဖိုးမထားသည့်ခံစားချက်ကို ကျွန်ုပ်တို့အားလုံး သိသည်။…

နေ့ရက်တိုင်းအတွက် ရှိတော်မူသောဘုရားသခင်

ခွဲစိတ်မှု မအောင်မြင်သဖြင့်၊ Joan (ဂျိုအန်း)၏ ဆရာဝန်က ငါးပတ်အတွင်း နောက်ထပ် ခွဲစိတ်မှုတစ်ခုပြုလုပ်ရန် လိုသည်ဟု သူမကို ပြောခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်စိတ်များဝင်လာသည်။ သက်ကြွယ်များဖြစ်သော ဂျိုအန်း နှင့်ခင်ပွန်းတို့၏ မိသားစုမှာ အဝေးတွင် နေထိုင်ကြသည်။ သူတို့အကျွမ်းတဝင်မရှိသည့်မြို့သို့ ကားမောင်းသွားရခြင်း၊ ဆေးကုသမှုအတွက် လိုအပ်သည်များကို လမ်းကြောင်းရှာရခြင်း၊ အထူးကုအသစ်နှင့် ကုသခြင်းတို့ လိုအပ်မည်ဖြစ်သည်။

ဤအခြေအနေများသည် ခက်ခဲရှုပ်ထွေးပုံရသော်လည်း ဘုရားသခင်သည် သူတို့ကို ဂရုစိုက်ခဲ့သည်။ ခရီးစဉ်အတွင်း သူတို့၏ကား လမ်းညွှန်စနစ် ပျက်သွားသော်လည်း မြေပုံစာရွက်ရှိသဖြင့် ဆေးရုံသို့အချိန်မီရောက်သွားသည်။ ဘုရားသခင် ဉာဏ်ပညာပေးခဲ့သည်။ ဆေးရုံတွင် ခရစ်ယာန်သင်းအုပ်တစ်ပါးက သူတို့ကို ဆုတောင်းပေးပြီး အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။ လိုအပ်သောအကူအညီကို ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါသည်။ ခွဲစိတ်မှုအပြီးတွင် ခွဲစိတ်မှုအောင်မြင်ကြောင်း သတင်းကောင်းကို ဂျိုအန်း ရရှိခဲ့သည်။

ရောဂါပျောက်ကင်းခြင်း (သို့) ကယ်တင်ခံရခြင်းကို ကျွန်ုပ်တို့အမြဲ မခံစားရသော်လည်း၊ ဘုရားသခင်သည်…

ဘုရားသခင်အတွက် ပြဿနာကောင်း

တစ်နေ့တွင် ဆဌမတန်းကျောင်းသူတစ်ဦးသည် အတန်းဖော်တစ်ဦးက သူ့လက်မောင်းကို သင်တုန်းဓားငယ်နှင့် လှီးဖြတ်နေသည်ကို သတိပြုမိခဲ့သည်။ မှန်ရာကို ပြုရန်အတွက် သူမသည် ထိုသူ၏လက်မှ ဓားငယ်ကို လွှင့်ပစ်လိုက်သည်။ အံ့ဩစရာမှာ ချီးကျူးခံရမည့်အစား သူမကို ကျောင်းမှ (၁၀) ရက် ခေတ္တရပ်ဆိုင်းခဲ့သည်။ အဘယ့်ကြောင့်နည်း။ ကျောင်းမှခွင့်မပြုသော သင်တုန်းဓားကို သူမလက်ထဲ၌တွေ့၍ဖြစ်သည်။ နောက်တစ်ခါ ထပ်လုပ်မည်လားဟု သူမကိုမေးရာ သူမက “ကျွန်မဒုက္ခရောက်ရင်တောင် ကျွန်မထပ်လုပ်မှာပဲ” ဟုဖြေဆိုခဲ့သည် (နောက်ပိုင်းတွင် ကျောင်းမှ ခေတ္တရပ်ဆိုင်းခံရခြင်းကို ပယ်ဖျက်ပေးခဲ့သည်)။ ကောင်းသောအမှုကိုပြုရန် ကြိုးစားသည့်လုပ်ရပ်က သူမအား ပြဿနာဖြစ်စေသကဲ့သို့၊ နိုင်ငံတော်နှင့်ပတ်သက်၍ သခင်ယေရှု၏စွက်ဖက်မှုလုပ်ရပ်သည် သူ့အား ဘာသာရေးခေါင်းဆောင်များနှင့် ပြဿနာကောင်းကောင်း ဖြစ်စေခဲ့သည်။

လက်သေနေသူကို ကုသပေးသည့် သခင်ယေရှုအား ဖာရိရှဲများက ၎င်းတို့၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဟု ကောက်ချက်ချခဲ့ကြသည်။ ထိုအခါခရစ်တော်က ဥပုသ်နေ့တွင် တွင်းထဲကျနေသည့်တိရိစ္ဆာန်ကို ကယ်ရန် ဘုရား၏ လူများအား ခွင့်ပြုသည်ဆိုလျှင်…