အမျိုးအစား  |  odb

ခရစ်တော်၌ မတူညီခြားနားခြင်း

စီးပွားရေး သရုပ်ခွဲလေ့လာသူ Francis Evans (ဖရန်စစ်အဲဗန်စ်)သည် တစ်ချိန်က အာမခံပေါ်လစီရောင်းသူ (၁၂၅) ယောက်၏ အောင်မြင်မှုသော့ချက်ကို လေ့လာခဲ့ရာ၊ အံ့ဩစရာမှာ သူတို့၏ကျွမ်းကျင်မှုအရည်အချင်းက အဓိက မဟုတ်ဘဲ၊ သူတို့၏ဖောက်သည်များသည် နိုင်ငံရေး၊ ပညာရေးနယ်ပယ်များတွင် သူတို့စိတ်ဝင်စားသည့်ကဏ္ဍများ တူညီသူ၊ အရပ်အမောင်း မတိမ်းမယိမ်းတူညီသူ အရောင်းသမားများထံမှ ဝယ်ယူမှု ပိုများသည်ကို အဲဗန်စ် တွေ့ရှိခဲ့သည်။ ၎င်းကို ပညာရှင်များက ‘homophily’ (ဟိုမားဖီလီ) - မိမိနှင့်စိတ်တူကိုယ်တူဖြစ်သူများကို လိုလားခြင်း ဟုခေါ်ဆိုကြသည်။

အခြားသော ဘဝကဏ္ဍများတွင်လည်း ဟိုမားဖီလီများ ရှိနေပြီး၊ အသွင်တူသူ အချင်းချင်းသာ လက်ထပ်ခြင်း၊ မိတ်ဖွဲ့လိုခြင်း စသည်ဖြင့် တွေ့ရသည်။ ၎င်းသည် သဘာဝဖြစ်သော်လည်း သတိမချပ်ပါက ပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။ “မိမိနှင့်တူသောပုံစံ”ကိုသာ လိုလားမည်ဆိုလျှင်၊ လူ့အဖွဲ့အစည်းသည် လူမျိုးရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအက်ကြောင်းများအတိုင်း အက်ကွဲသွားနိုင်သည်။
ပထမရာစုတွင် ဂျူးလူမျိုးအချင်းချင်း၊ ဂရိလူမျိုးအချင်းချင်းသာ…

ထောင်ချီသောအလင်းစက်များ

အမေရိကန်နိုင်ငံ၊ Alabama (အလာဘားမား) ပြည်နယ်၊ အနောက်မြောက်ပိုင်းရှိ ‘Dismal Canyon’ (ဒစ်မဲလ်လျှိုကြီး)သည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဆွဲဆောင်လျက်ရှိပြီး၊ မှက်ပိုးလောင်းများ ပေါက်ပွားကာ ပိုးစုန်းကြူးများ ဖြစ်လာချိန် မေလနှင့်ဇွန်လတွင် ခရီးသွားများ အလာများသည်။ ညအချိန်တွင် ပိုးစုန်းကြူးများမှ လှပသောအပြာရောင်အလင်း ဖြာထွက်ပြီး၊ ထောင်ပေါင်းများစွာ‌သော ပိုးကောင်များက ရင်သပ်ရှုမောဖွယ် အလင်းကို ဖန်တီးဖြစ်စေသည်။

တမန်တော်ရှင်ပေါလုသည် ခရစ်တော်၌ယုံကြည်သူများကို ပိုးစုန်းကြူးများအဖြစ် ရေးသားခဲ့သည်။ သူက “အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား သခင်ဘုရား၏အလင်း ဖြစ်၏” ဟု ရှင်းပြခဲ့သည် (ဧ ၅:၈)။ သို့ရာတွင် “မိမိ၏သေးငယ်သောအလင်း”က မည်သို့ ထူးခြားမှုမျိုး ပေးနိုင်ပါမည်နည်းဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့တွေးမိမည်။ တစ်ကိုယ်တော် ထွန်းလင်းရန် မဟုတ်ဟု ရှင်ပေါလုအကြံပြုပါသည်။ သူက ကျွန်ုပ်တို့အား “အလင်း၏သား” (:၈)ဟု ခေါ်ဆိုပြီး၊ “အလင်း၌နေသော…

ကျွန်ဘဝမှ လွတ်မြောက်ခြင်း

“ရှင်တို့က မောရှေလိုပဲ။ ကျွန်မတို့ကို ကျွန်ပြုခံရတဲ့ဘဝကနေ ခေါ်ထုတ်ခဲ့တယ်” ဟု Jamila (ဂျမီလာ) ကြွေးကြော်လိုက်သည်။ ပါကစ္စတန်နိုင်ငံတွင် အုတ်ဖုတ် လုပ်သားတစ်ဦးအနေဖြင့် အုတ်ဖိုပိုင်ရှင်ထံမှ မတန်တဆပမာဏမျှ အကြွေးတင်နေ၍ သူမ၏မိသားစုမှာ ဒုက္ခရောက်ခဲ့ရသည်။ သူတို့၏ဝင်ငွေအများစုကို အတိုးပေးရန် အတွက်သာ အသုံးပြုခဲ့ကြသည်။ သို့သော် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုမှ သူတို့အား အကြွေးမှ လွတ်မြောက်စေသည့် ငွေကြေးလက်ဆောင်ကို ရရှိသောအခါ ကြီးမားစွာ သက်သာရာရခဲ့သည်။ သူတို့၏ လွတ်မြောက်မှုအတွက် အဖွဲ့ကိုယ်စားလှယ်အား ကျေးဇူးတင်စကားဆိုရာ၌ သခင်ယေရှုကို ယုံကြည်သူဂျမီလာက မောရှေနှင့် ဣသရေလလူမျိုးတို့ကို ကျွန်အဖြစ်မှ ဘုရားသခင် လွှတ်ပေးသည့် ဥပမာကို ထောက်ပြခဲ့သည်။

ဣသရေလလူမျိုးများသည် အဲဂုတ္တုလူမျိုးများ၏ ကြမ်းတမ်းသောဖိနှိပ်မှုများကို အလုပ်ကြမ်းလုပ်ရခြင်းဖြင့် နှစ်ရာနှင့်ချီ၍ ခံစားခဲ့ကြရသည်။ ဘုရားသခင်ထံ အော်ဟစ်ပြီး အကူအညီတောင်းခံခဲ့သော်လည်း (ထွက် ၂:၂၃)၊ ဖာရောဘုရင်အသစ်သည် အုတ်လုပ်ရန်သာမက ဤအုတ်ဖုတ်မည့် ကောက်ရိုးများကို ရှာရန်…

ဘုရားသခင်၏အတူရှိမှုကို ဦးစားပေးခြင်း

၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ၊ Standford (စတန်းဖေါ့) တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် အလုပ်နှင့်မှတ်ဉာဏ်လေ့ကျင့်ခန်း တစ်လှည့်စီလုပ်ရသော စမ်းသပ်မှုကို ကျောင်းသား (၂၀၀) ကျော်တို့အား စမ်းသပ်လေ့လာခဲ့သည်။ ထိုလေ့လာချက်မှ မိမိကိုယ်ကို အလုပ်များစွာ လုပ်နိုင်သူအဖြစ်ရှုမြင်ပြီး တစ်ချိန်တည်း၌ အလုပ်အတော်များများလုပ်သည့် အကျင့်ရှိသော ကျောင်းသားများသည် တစ်ချိန်၌ အလုပ်တစ်ခုကိုသာ လုပ်ရန် ပိုနှစ်သက်သူတို့ထက် အခြေအနေဆိုးကြောင်း အံ့ဩဖွယ် တွေ့ရှိခဲ့ကြသည်။ အလုပ်များစွာလုပ်ခြင်းက သူတို့အတွက် အာရုံစူးစိုက်ရန်နှင့် မဆီလျော်သော သတင်းအချက်အလက်များ စစ်ဆေးရန် ပို၍ခက်ခဲစေသည်။ စိတ်အာရုံလွင့်ပါးနေချိန်၌ အာရုံစူးစိုက်မှုကို ထိန်းထားနိုင်ရေးမှာ စိန်ခေါ်ချက်ဖြစ်သည်။

မာရိ၊ မာသတို့၏အိမ်သို့ သခင်ယေရှုရောက်လာချိန်၌ မာသက အလုပ်ရှုပ် လျက် “လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိ”နေသည် (လု ၁၀:၄၀)။ သူ့ညီမ မာရိကမူ သခင်ယေရှု၏သွန်သင်ချက်ကို နားထောင်ခံယူရန် ရွေးချယ်လျက် သူမထံမှ ဘယ်သောအခါမှ မနှုတ်မယူနိုင်သည့် ပညာဉာဏ်နှင့် ငြိမ်သက်ခြင်းကို…

ခိုလှုံကိုးစားသူများ

Phil (ဖီလ်)နှင့် Sandy (စန္ဒီ)တို့မှာ ဒုက္ခသည်ကလေးသူငယ်များ၏ ဇာတ်လမ်းအဖြစ်အပျက်များ ကြားရသောအခါ စိတ်၌ခံစားရလျက် သူတို့နှလုံးသားတံခါးနှင့် အိမ်တံခါးဖွင့်ပြီး ကလေးနှစ်ဦးကို ကြိုဆိုလက်ခံပေးခဲ့သည်။ ၎င်းတို့ကို လေဆိပ်၌ သွားကြိုခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာနှင့် တိတ်ဆိတ်မှုဖြင့် အိမ်သို့ ကားမောင်းလာခဲ့သည်။ ဤအခြေအနေအတွက် သူတို့စိတ်ပြင်ဆင်ထားပြီးပြီလား။ ယဥ်ကျေးမှု မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်မှုလည်း မတူကြပါ။ သို့သော် ဤအဖိုးတန်သူငယ်များအတွက် ၎င်းတို့သည် ခိုလှုံရာ ဖြစ်ခဲ့ပါပြီ။

ရုသ၏ဇာတ်လမ်းကြောင့် ဘောဇ၏စိတ်၌ ခံစားခဲ့ရသည်။ နောမိကို မစရန် ရုသသည် သူ့လူမျိုးကို ချန်ရစ်ခဲ့ကြောင်း သူသိခဲ့ရပြီး၊ ရုသက သူ့လယ်၌ စပါးကျန် လာကောက်သောအခါ သူက “သင့်အမှု၏အကျိုးကို ထာဝရဘုရားပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဥ်းကပ်သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် စုံလင်သောဆုကို
ချတော်မူပါစေသော” ဟု ကောင်းချီးပေးခဲ့သည် (ရုသ ၂:၁၂)။

တစ်ည၌…

အစစ်အမှန်ဖြစ်ပြီး ခံနိုင်ရည်မဲ့အားနည်းသော

“ဟေး Poh Fang (ဖိုးဖန်)၊ ငါတို့မိတ်သဟာယအဖွဲ့မှာ ဒီလ ရှင်ယာကုပ်သြဝါဒစာ ၅:၁၆ မှာပါတဲ့အတိုင်း လက်တွေ့လုပ်ရအောင်။ ယုံကြည်စိတ်ချလို့ရပြီး၊ နှုတ်လုံတဲ့ လုံခြုံတဲ့ဝန်းကျင်လေး ဖန်တီးရအောင်။ အဲဒါမှ ကိုယ့်အသက်တာမှာ ရုန်းကန်နေရတဲ့ကိစ္စတွေကို ပြောပြမျှဝေနိုင်ပြီး တစ်‌ယောက်နဲ့တစ်ယောက် ဆုတောင်းပေးလို့ရမယ်” ဟု အသင်းတော်မှ မိတ်ဆွေတစ်ဦးက ကျွန်မထံ မက်ဆေ့ဂျ် စာပို့လာသည်။

ရုတ်တရက် မည်သို့စာပြန်ရမည်ကို ကျွန်မမသိပါ။ ကျွန်မတို့၏အဖွဲ့လေးတွင် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာသိကျွမ်းလာကြပြီး၊ မိမိ၏နာကျင်စရာနှင့် ရုန်းကန်ရမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းများ မရှိခဲ့ပါ။ မိမိ၏ အားနည်းမှုကိုဖွင့်ပြရန်မှာ ကြောက်စရာ မဟုတ်ပါလား။

သို့သော် ကျွန်မတို့အားလုံးသည် အပြစ်ပြုသူများဖြစ်ပြီး၊ အသီးသီး ရုန်းကန်နေရခြင်းက အမှန်တရားဖြစ်သည်။ ဘုရားရှင်၏အံ့ဖွယ်ကျေးဇူးတော်နှင့် သခင်ခရစ်တော်၌ အမှီပြုကိုးစားခြင်းနှင့်ပတ်သက်၍ အဖြစ်မှန်ကို အမှန်အတိုင်းပြောဆိုခြင်းက ကိုယ်တော်ကို ဆက်၍ကိုးစားနိုင်အောင် မစအားပေးသည့် နည်းတစ်ခု ဖြစ်သည်။ သခင်ယေရှုနှင့်ဆိုလျှင် ဒုက္ခအခက်အခဲကင်းသည့် အသက်တာဟု…

ခွန်အားအစွမ်းကြီးသူနှင့် အားနည်းသူ

အမေရိကန်နိုင်ငံ၊ Iowa (အိုင်ဝါ) ပြည်နယ်တက္ကသိုလ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခု သည် စိတ်အားတက်စရာ အကောင်းဆုံး အစဥ်အလာတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။ Stead Family Children's Hospital (စတက်မိသားစုပိုင် ကလေးဆေးရုံ)သည် အိုင်ဝါပြည်နယ်၏ ‘Kinnick’ (ကင်းနစ်) ဘောလုံးကွင်းနှင့် ကပ်ရက်တည်ရှိပြီး၊ ဆေးရုံ၏အပေါ်ဆုံးအလွှာပတ်လည်ကို ခန်းလုံးပြည့်မှန်များဖြင့် ကာရံထားသဖြင့် ဘောလုံးကွင်းကို ကောင်းကောင်းမြင်ရသည်။ ပြိုင်ပွဲရှိသည့်နေ့ဆိုလျှင် ထိုအထပ်၌ လူမမာကလေးများနှင့် ၎င်းတို့၏မိသားစုတို့ဖြင့် ပြည့်နေပြီး၊ အောက်ရှိအားကစားပွဲကို ကြည့်ကြသည်။ ပြိုင်ပွဲပထမအချီအပြီးတွင် နည်းပြများ၊ အားကစားသမားများနှင့် ထောင်နှင့်ချီသည့် အားကစားပရိသတ်များက ဆေးရုံဘက်သို့လှည့်ပြီး လက်ဝှေ့ယမ်းပြကြသည်။ ထိုအချိန်များ၌ ကလေးများ၏မျက်လုံးလေးများမှာ တောက်ပသွားသည်။ အားကစားသမားများ၊ ကွင်းထဲရှိ ပြည့်ကြပ်နေသည့်ပရိသတ်များ၊ ထောင်ချီသော ရုပ်မြင်သံကြားမှ ကြည့်ရှုအားပေးနေသူများက ထိုသို့ မေတ္တာပြခြင်းကို ကြည့်ရသည်မှာ အားရနှစ်သက်ဖွယ်ဖြစ်သည်။

ကျွန်ုပ်တို့၌ အားအစွမ်း တစ်ခုမဟုတ် တစ်ခုတော့ ရှိကြပြီး အားရှိသူ၊…

သူငယ်တစ်ဦး၏ ယုံကြည်ခြင်း

ကျွန်မတို့၏မွေးစားဘွားဘွားကြီး လေအကြိမ်ကြိမ်ဖြတ်ကာ ဆေးရုံတက်ရသောအခါ သူမ၏ဆရာဝန်များက သူမ၏ဦးနှောက်မည်မျှ ပျက်စီးသွားသည်ကို အသေအချာ မပြောနိုင်ခဲ့ပါ။ ဦးနှောက်အလုပ် လုပ်ဆောင်မှုကို စမ်းသပ်ရန် သူမ အတန်ငယ် နေပြန်ကောင်းလာသည့်အချိန်အထိ စောင့်ဆိုင်းခဲ့ရသည်။ သူမ စကားအနည်းငယ်သာပြောပြီး သူပြောသမျှကို နားလည်နိုင်သည်။ သို့သော် ကျွန်မသမီးကို (၁၂) နှစ်တာမျှ ထိန်းကျောင်းကြည့်ရှုခဲ့သည့် အသက် (၈၆) နှစ်အရွယ် ဘွားဘွားက ကျွန်မကို မြင်သောအခါ ခြောက်သွေ့သောပါးစပ်ကိုဖွင့်ပြီး “ကေလာ ကော၊ နေကောင်းလား”ဟု မေးခဲ့သည်။ ကျွန်မကို သူပထမဆုံးပြောခဲ့သည့်စကားများက သူအချည်အနှောင်မဲ့စွာ အပြည့်အဝချစ်ခဲ့သည့် ကျွန်မသမီးကိုမေးသည့်စကား ဖြစ်နေသည်။

သခင်ယေရှုသည်လည်း ကလေးသူငယ်များကိုချစ်ပြီး သူ၏တပည့်တော်များ သဘောမကျသော်လည်း သူငယ်များကိုရှေ့ဆုံးမှ ဦးစားပေးခဲ့သည်။ မိဘအချို့က ခရစ်တော်ကို ရှာပြီး သူ့ထံသို့ ကလေးများကို ခေါ်ဆောင်လာခဲ့သည်။ သခင်သည် သူငယ်တို့အပေါ်မှာ လက်ကိုတင်လျက်(လု ၁၈:၁၅) ကောင်းချီးပေးခဲ့သည်။ သူငယ်များအား ကောင်းချီးပေးခြင်းကို…

ဘုရားနှင့်အတူ လမ်းကြောင်းပေါ်တွင် ရှိနေခြင်း

လွန်ခဲ့သောနှစ်များက စပိန်နိုင်ငံအနောက်မြောက်ဘက်တွင် ခရီးသည် (၂၁၈) ဦး တင်ဆောင်လာသော မီးရထားတစ်စီးသည် လမ်းချော်တိမ်းမှောက်ခဲ့ပြီး (၇၉) ဦး သေဆုံးကာ (၆၆) ဦးထက်မက ဒဏ်ရာရခဲ့သည်။ ရထားမောင်းသူက ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ မရှင်းပြနိုင်သော်လည်း ဗွီဒီယိုမှတ်တမ်းက ဖော်ပြနိုင်ခဲ့သည်။ အန္တရာယ်ရှိသည့် အကွေ့မရောက်မီတွင် ရထားသည် အရှိန်ပြင်းစွာ မောင်းလာသည်ကို တွေ့ရသည်။ အမြန်နှုန်းသတ်မှတ်ရခြင်းသည် ရထားပေါ်၌ပါလာသော ခရီးသည်များ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် အတွက်ဖြစ်ပါသည်။ စပိန်အမျိုးသားမီးရထားဌာနတွင် အတွေ့အကြုံ နှစ်သုံးဆယ်ရှိသော ဝါရင့် ရထားမောင်းသူသည် သတ်မှတ်အမြန်နှုန်းကိုလျစ်လျူရှုခဲ့၍ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

တရားဟောရာကျမ်း ၅ တွင် မောရှေသည် သူ၏လူမျိုးများအတွက် မူလ ဘုရားသခင်နှင့်ပြုသောပဋ္ဋိညာဉ်ကို ပြန်လည်ဆန်းစစ်ပြီး၊ မျိုးဆက်သစ် တို့အား ဘုရားသခင်နှင့်သူတို့ ပဋ္ဋိညာဉ်ပြုသည့်အလား မှတ်ယူရန် အားပေးတိုက်တွန်းလျက် (:၃)၊ ပညတ်တော်ဆယ်ပါးကို ပြန်လည်မိန့်ကြားခဲ့သည် (:၇-၂၁)။ ပညတ်တော်များကို ထပ်မံပြောကြားပြီး ယခင်မျိုးဆက်များ၏…

သင်္ဘောကုန်းပတ်အောက်ထပ်တွင် ရှိသူများ

ကျွန်တော့်သူငယ်ချင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ‘Africa Mercy’ (အာဖရိက ကရုဏာ) အမည်ရှိ သင်္ဘောဆေးရုံပေါ်တွင် အလုပ်လုပ်သည်။ ရာနှင့်ချီသောလူနာများစွာကို ဝန်ထမ်းများက နေ့စဉ်ဆေးကုသပေးရသည်။ သို့မဟုတ်ပါက သူတို့အနာသက်သာမည် မဟုတ်ပေ။

အခါအားလျော်စွာ တီဗွီရိုက်ကူးရေးအဖွဲ့များသည် သင်္ဘောပေါ်သို့ တက်လာကာ အာခေါင်ကွဲလူနာ၊ ခြေပြားခွင်သော လူနာများကို အံ့သြဖွယ်ကုသပေးနေသော ဝန်ထမ်းများအား ကင်မရာများချိန်၍ ရိုက်ကူးလေ့ရှိသည်။ တစ်ခါတစ်ရံ သူတို့သည် ကုန်းပတ်အောက်ထပ်ရှိ အခြားသောဝန်ထမ်းများကို တွေ့ဆုံမေးမြန်းတတ်သော်လည်း Mick (မစ်ခ်) လုပ်နေရသောအလုပ်ကို သတိမထားမိကြပေ။
မစ်ခ် သည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူအား အလုပ်ခန့်သည့်နေ့က သင်္ဘော၏ အညစ်အကြေးများစွန့်ပစ်ရာ မိလ္လာဌာန၌ တာဝန်ချသည့်အတွက် သူအလွန်အံ့သြမိသည်။ နေ့စဉ် အဆိပ်အတောက် အညစ်အကြေး လီတာ (၄၀,၀၀၀) ခန့်ကို ရှင်းထုတ်ပေးရသောအလုပ်သည် အလွန်အရေးကြီးသောအလုပ်ဖြစ်သည်။ မစ်ခ် သာ ထိုပိုက်များ၊ ပန့်စုပ်စက်များကို ဂရုမစိုက်ပါက…