အမျိုးအစား  |  odb

ကျရောက်မည့်နေရာ

တောဆိတ်အနွယ်ဝင် အာဖရိကတောဆိတ်သည် အမြင့် (၁၀) ပေ၊ အလျား (၃၅) ပေ အထိ ခုန်နိုင်သည်။ ၎င်းသည် အံ့ဩဖွယ်စွမ်းဆောင်မှုဖြစ်ပြီး အာဖရိကတောရိုင်းသဘာဝတွင် ၄င်းအသက်ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့သော် တိရိစ္ဆာန်ရုံတွင် ထိုတိရိစ္ဆာန်များအား (၃) ပေအမြင့်သာရှိသောတံတိုင်းများဖြင့် ထိန်းသိမ်းထားသည်ကို တွေ့ရသည်။ ဤမျှနိမ့်သောတံတိုင်းများက ဤမျှဖျက်လတ်သောတိရိစ္ဆာန်များကို မည်သို့ထိန်းသိမ်းထားနိုင်ပါသနည်း။ အာဖရိကတောဆိတ်များသည် ၎င်းတို့မည်သည့်နေရာတွင် ကျမည်ကို မမြင်ရလျှင် လုံးဝမခုန်သောကြောင့် ဖြစ်ပါသည်။ ၄င်းတို့သည် တံတိုင်း တစ်ဘက်ကို မမြင်ရသောကြောင့် ၄င်းတို့ကို ခြံဝင်းများထဲ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။

လူသားများဖြစ်သော ကျွန်တော်တို့လည်း ထူးမခြားနားပါ။ အခြေအနေတစ်ခုတွင် ရှေ့ဆက်မတိုးမီ မည်သည့်ရလဒ်ရမည်ကို ကျွန်တော်တို့ သိလိုကြသည်။ ယုံကြည်မျှော်လင့်ခြင်းရှိသော အသက်တာမူကား ထိုသို့မဟုတ်ပေ။ ရှင်ပေါလုက “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့ သည် ကျင့်ဆောင်ပြုမူသည်” ( ၂…

ဘဝတစ်လျှောက်လုံး

‘Over the Rhine’ (‘ရိုင်း’မြစ်ပေါ်တွင်)ဟု ခေါ်သည့် လျှပ်စစ်ဂီတာ နှစ်ဦးတွဲအဖွဲ့မှ တေးရေး၊ တေးဆို Linford Detweiler (လင်းဖို့တ် ဒက်ဝှီးလာ) က “ငယ်ရွယ်တဲ့အနုပညာရှင်တစ်ယောက် မေးတတ်တဲ့မေးခွန်းအမျိုးမျိုးရှိတယ်။ တစ်ခုကတော့ ငါနာမည်ကြီးအောင် ဘာလုပ်ရမလဲ ဆိုတာပဲ” ဟု ဆိုသည်။ သူက ထိုသို့သောရည်မှန်းချက်မျိုးသည် အတွင်းအပြင် နှစ်ဘက်လုံးမှ ပျက်စီးရာပျက်စီးကြောင်းအမျိုးမျိုးကို ဖိတ်ခေါ်သည်ဟု သတိပေးသည်။ သူနှင့်သူ့ဇနီးကမူ ပလွှားမှုမရှိသောဂီတလမ်းကိုရွေးချယ်ခဲ့ပြီး ထိုလမ်းမှတစ်ဆင့် “ဘဝသက်တမ်းတစ်လျှောက်လုံး အစဥ်မပြတ် ကြီးထွားရင့်ကျက်လာကြသည်”။

ယောယဒသည် မှတ်မိလွယ်သောနာမည်မျိုး မဟုတ်သော်လည်း ၎င်းသည်ဘုရားသခင်ထံသို့ တစ်ဘဝလုံးဆက်ကပ်ထားမှုနှင့် ဆက်စပ်နေသည်။ သူသည်ယောရှဘုရင်အုပ်စိုးစဥ်က ယဇ်ပုရောဟိတ်အဖြစ် တာဝန်ထမ်းခဲ့ပြီး သူ့ကြောင့်ပင် ယောရှမင်းသည် ကောင်းမွန်စွာ အုပ်ချုပ်ခဲ့သည်။

ယောရှဘုရင် (၇)နှစ် အရွယ်မှာပင် ယောရှအား ဘုရင်စစ်ဘုရင်မှန်အဖြစ် မင်းမြှောက်ရာတွင် ယောယဒက ကူညီပေးခဲ့သည် (၄ ရာ ၁၁:၁-၁၆)။ သို့သော်…

သမ္မာတရားအား လက်ဆင့်ကမ်းခြင်း

ကိုဗစ်-၁၉ ကပ် ကာလအတွင်း၌ ရောဂါပိုးကူးစက်နိုင်မည့် အန္တရာယ်ကြောင့် အဘိုးအဘွားများသည် သူတို့၏မြေးများအား လူချင်းမတွေ့ရတော့သောအခါ ဆက်သွယ်နိုင်မည့် နည်းလမ်းအသစ်များကို ရှာဖွေလာကြသည်။ လတ်တလောကောက်ယူသော စစ်တမ်းတွင် အဘိုးအဘွားများသည် မြေးများနှင့် တန်ဖိုးရှိသောသံယောဇဥ်ကို ထိန်းသိမ်းနိုင်ရန် စာပို့ခြင်းနှင့် လူမှုကွန်ယက်မီဒီယာများ အသုံးပြုလာကြကြောင်း တွေ့ရသည်။ အချို့အဘိုးအဘွားများဆိုလျှင် ဗီဒီယိုဖုန်းခေါ်ကာ သူတို့၏မိသားစုအစုံအညီဖြင့် ဘုရားဝတ်ပြုကြသည်။

မိဘ၊ ဘိုးဘွားများက သားမြေးများအား နှုတ်ကပတ်သမ္မာတရားကို လက်ဆင့်ကမ်းခြင်းသည် သားမြေးတို့အပေါ် အကောင်းဆုံးသော လွှမ်းမိုးနည်း တစ်နည်းပင်ဖြစ်သည်။ တရားဟောရာကျမ်း ၄ တွင် မောရှေက ဘုရားသခင်၏ လူမျိုးတော်အား “အမှုအရာတို့ကို မမေ့မလျော့”ရန်၊ “နောက်တစ်သက်လုံး နှလုံးသွင်း”ရန် (:၉) တာဝန်ပေးခဲ့သည်။ ဤသို့ သားမြေးတို့အား သွန်သင်ခြင်းသည် သူတို့ကိုယ်၌ ဘုရားသခင်အား “ကြောက်ရွံ့”ခြင်းသဘောကို သင်ယူမိစေပြီး (:၁၀)၊ ဘုရားပေးတော်မူသောပြည်၌ ကိုယ်တော်၏သမ္မာတရားအညီ နေနိုင်စေမည်ဟု မောရှေက ဆက်၍မိန့်မြွက်သည်။

ဘုရားသခင်ပေးသနားသော…

အိမ်နှစ်အိမ်

အိမ်နှစ်အိမ်၏ခိုင်ခံ့မှုကို စစ်ဆေးရန်အတွက် အင်ဂျင်နီယာများသည် (၁)နာရီလျှင် မိုင် (၁၀၀) နှုန်းတိုက်သော လေပြင်းမုန်တိုင်းကို ဖန်တီးနိုင်သည့် အားကောင်းသောပန်ကာများကိုအသုံးပြု၍ (၁၀) မိနစ်ကြာ တတိယအဆင့် ဟာရီကိန်းမုန်တိုင်း တစ်ခု ဖန်တီးခဲ့သည်။ ပထမအိမ်ကို ဟာရီကိန်းမုန်တိုင်းဒဏ်ခံ စည်းမျဥ်းများနှင့်အညီ မဆောက်လုပ်ထားပါ။ ဒုတိယအိမ်မှာမူ ခိုင်မာအောင်အားဖြည့်ထားသော ခေါင်မိုးများ၊ ကြမ်းပြင်များနှင့် ဆောက်လုပ်ထားသည်။ ပထမအိမ်သည် လှုပ်ခါပြီး ပြိုကျသွားတော့သည်။ သို့သော် ဒုတိယအိမ်မှာမူ အပေါ်ယံထိခိုက်မှု တစ်ချို့သာရှိခဲ့ပြီး တောင့်ခံနိုင်ခဲ့သည်။ ထိုအင်ဂျင်နီယာများအနက် တစ်ဦးက “မည်သည့် အိမ်တွင် သင်နေလိုပါသနည်း” ဟူသောမေးခွန်းဖြင့် လေ့လာမှု မှတ်တမ်းကို အကျဥ်းချုပ်ဖော်ပြခဲ့သည်။

ဘုရားသခင်၏နိုင်ငံတော် စံနှုန်းများနှင့်အညီ မည်သို့နေထိုင်ရမည်ကို သင်ကြားပေးပြီးနောက် သခင်ယေရှုက “အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်” (မ ၇:၂၄)ဟု…

ထွန်းလင်းတောက်ပလျက် လွင့်မျောသူများ

၂၀၂၀ ခုနှစ် နွေဦးရာသီ၏ ညကောင်းကင်အောက်တွင် ရေလွှာလျှောစီးသူများ သည် အမေရိကန်နိုင်ငံ၊ စန်ဒီရေဂို ကမ်းရိုးတန်းတစ်လျှောက် ဇီဝအလင်းဖြာထွက်နေသောလှိုင်းများကို စီးနေကြသည်။ ဤအလင်းပြပွဲသည် ‘Phytoplankton’ (ဖိုင်တိုပလန်တန်)ဟုခေါ်သော အဏုကြည့်သက်ရှိများကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုဝေါဟာရသည် ‘wanderer - လှည့်လည်သူ’ (သို့) ‘drifter - လွင့်မျောသူ’ ဟုအဓိပ္ပာယ်ရသော ဂရိစကားမှ ဆင်းသက်လာသည်။ နေ့ခင်းဘက်တွင် ထိုသက်ရှိများက အနီရောင် ဒီရေများကို ဖန်တီးပြီး ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲ‌ပေးသည့်နေရောင်ခြည်ကို ဖမ်းယူကြသည်။ အမှောင်ထုက ထိုးဖောက်နှောင့်ယှက်လာသောအခါ ၎င်းတို့သည် အပြာရောင်လျှပ်စစ်အလင်းတန်းကို ထုတ်ပေးပါသည်။

သခင်ယေရှုကို ယုံကြည်သူများသည် ကောင်းကင်နိုင်ငံတော်သားများဖြစ်ပြီး အနီရောင်ရေညှိဒီလှိုင်းများပမာ လောကကြီးထဲတွင် လှည့်လည်သွားလာသူများ (သို့) လွင့်မျောသူများကဲ့သို့ ဖြစ်သည်။ အခက်အခဲများက ကျွန်ုပ်တို့၏အကြံအစည်ကောင်းများကို နှောင့်ယှက်သောအခါ၊ လောက၏အလင်းဖြစ်သော သခင်ယေရှုကဲ့သို့ အမှောင်ထဲတွင် ရောင်ပြန်ထွန်းလင်းသောစရိုက်လက္ခဏာကို ကျွန်ုပ်တို့ထင်ဟပ်ပြသနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က မစပေးနေသည်။ တမန်တော်…

သံကဲ့သို့ ခိုင်ခံ့သည်

သံထည်ပိုးထိုးကောင်သည် သားရဲများရန်မှကာကွယ်ပေးသော ၎င်းတို့၏မာကြောသော အပြင်ပန်းကြောင့် လူသိများသည့်အင်းဆက်ပိုး ဖြစ်သည်။ တစ်မူထူးခြားသော မျိုးကွဲမျိုးစိတ်ဆိုလျှင် ဖိအားဒဏ်ခံနိုင်သော ထူးကဲသည့်ခွန်အားရှိသည်။ ၎င်း၏ မာကျောသော အပြင်ဘက်အခွံနှစ်ခုကို ပူးလိုက်ပါက ဆက်ရာကွဲကြောင်းဖြစ်သွားခြင်းထက် ထိုအဆက်နေရာက ဆန့်ထွက်ကာ ပူးတွဲသွားသည်။ ၎င်း၏ ချပ်လျပြီး မသိသာသော ကျောပုံစံက ကျိုးပဲ့ကွဲကြေမွမှုမှ ကာကွယ်ပေးသည်။ သိပ္ပံနည်းကျစမ်းသပ်ချက်များအရ ၎င်းသည် သူ့ခန္ဓာကိုယ်အလေးချိန်ထက် အဆပေါင်း (၄၀,၀၀၀) နီးပါးရှိသောဖိအားကို ခံနိုင်ကြောင်း ဖော်ပြထားသည်။

ဘုရားရှင်သည် ဤပိုးကို အထူးခိုင်မာအောင် ဖန်ဆင်းထားသကဲ့သို့၊ ပရောဖက်ယေရမိကိုလည်း ခံနိုင်ရည်အား ပေးခဲ့သည်။ သူသည် ဣသရေလလူမျိုးတို့အား သတင်းဆိုးကို ပြောပြသောအခါ ပြင်းထန်သောဖိအားကို ရင်ဆိုင်ရနိုင် သောကြောင့် ဘုရားရှင်က သူ့အား “သံတိုင်၊ ကြေးဝါထရံအရာ၌ ငါခန့်ထား၏” (ယေ ၁:၁၈)ဟု ကတိတော်ပေးခဲ့သည်။ ပရောဖက်ကြီး ကြေမွမသွားရန်၊ ပျက်စီးမသွားရန်နှင့် စိတ်မပျက်သွားရန်အတွက် ဖြစ်သည်။ ဘုရား၏မျက်မှောက်တော်နှင့်…

သနားကြင်နာတတ်သည့်ဖခင်

(၈) နှစ်အရွယ် ဂေဘရယ်သည် ဦးနှောက်အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင် သူ့ခေါင်းတစ်ဘက်တွင် သိသာထင်ရှားသော အမာရွတ်ကြီးကျန်ရစ်ခဲ့သည်။ သူက “ကြောက်စရာသတ္တဝါလို ခံစားရတယ်”ဟု ပြောရာ၊ သူ့ဖခင် ဂျော့ရှ် သည် အကြံတစ်ခုရပြီး၊ ဂေဘရယ်၏အမာရွတ်ကဲ့သို့ ပုံကို သူ့ခေါင်းတွင် ဆေးမင်ကြောင်ထိုးခြင်းဖြင့် သားဖြစ်သူကို မည်မျှချစ်ကြောင်း ဖော်ပြခဲ့သည်။

ဆာလံဆရာ၏ရေးသားချက်အရ ၎င်းသည် သူ့သားသမီးတို့အပေါ် ထားရှိသော ဘုရားသခင်၏ကရုဏာနှင့်သနားကြင်နာမှုမျိုး ဖြစ်သည်(ဆာ ၁၀၃:၁၃) ။ ဒါဝိဒ်သည် လူ့ဘဝကို ဥပမာပြလျက် ဘုရားသခင်၏ချစ်မေတ္တာကို သရုပ်ဖော်ခဲ့သည်။ သားသမီးများအပေါ် ဖခင်ကောင်းတစ်ယောက်၏စောင့်ရှောက်ပြုစုမှု ပမာ ဘုရားရှင်၏မေတ္တာသည် နူးညံ့သိမ်မွေ့သည် (:၁၇)။ လူသားဖခင်သည် မိမိ၏သားသမီးများကို သနားကြင်နာမှုပြသကဲ့သို့၊ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင် အဘသည် ကြောက်ရွံ့သူတို့အား ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကို ပြသသည်။ သူသည် မိမိလူမျိုးအပေါ် သနားစာနာတတ်သော ကရုဏာရှင်အဘဖြစ်သည်။

ကျွန်ုပ်တို့သည် ဘဝ၏ဒဏ်ရာဒဏ်ချက်များကြောင့် အားငယ်ကာ ချစ်ဖွယ် မကောင်းသူဟု…

မိမိ၏ဖြစ်တည်မှုအရင်းခံ

(၇) နှစ်သား‌‌ေလေး Thomas Edison (သောမတ်စ် အယ်ဒီဆင်)သည် ကျောင်းကို မနှစ်သက်သလို စာလည်း မတော်ပါ။ တစ်နေ့၌ ဆရာတစ်ဦးမှ သူ့ကို “ကျပ်မပြည့်” ဟုပင်ခေါ်သဖြင့် သူသည် ဆောင့်ကြီးအောင့်ကြီးဖြင့် အိမ်ပြန်လာခဲ့သည်။ ဆရာဖြစ် သင်တန်း အောင်ထားသူ သူ့မိခင်က နောက်တစ်နေ့တွင် ဆရာနှင့်သွားတွေ့ပြီးနောက် သောမတ်စ်ကို အိမ်၌ပင် စာသင်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏မေတ္တာနှင့်အားပေးကူညီမှုများ (နှင့် သူ့အား ဘုရားသခင်ပေးထားသောပညာပါရမီ) တို့ကြောင့်သောမတ်စ်သည် ထူးချွန်သောတီထွင်သူတစ်ဦးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူက “ကျွန်တော့် ဖြစ်တည်မှုရဲ့အရင်းခံ၊ ကျွန်တော့်ကိုပုံသွင်းခဲ့တဲ့သူက ကျွန်တော့် အမေဖြစ်တယ်။ ကျွန်တော့်အပေါ် အမေ့အမြင်က သိပ်မှန်ကန်၊ သိပ်သေချာနေခဲ့တယ်။ တစ်စုံတစ်ယောက်အတွက် ငါဆက်ပြီးအသက်ရှင်ရမယ်။ အဲ့လူကိုလည်း ဘယ်တော့စိတ်မပျက်စေရဘူးဆိုပြီး ကျွန်တော်ခံစားခဲ့ရတယ်” ဟု ရေးသားခဲ့သည်။

တမန်တော်ဝတ္ထု ၁၅ တွင် သာသနာပြုအဖြစ် ဗာနဗနှင့် တမန်တော်ရှင်ပေါလုတို့သည် အတူအစေခံသူများဖြစ်ပြီး၊ ခရီးစဥ်တစ်ခုတွင်…

ကျိုးပဲ့ကြေမွမှုနှင့် အလှတရား

Makoto Fujimura (မာကိုတို ဖူဂျီမူရာ) ရေးဆွဲသော ‘Consider the Lilies’ (လီလီပန်းများကို ဆင်ခြင်ပါ) ပန်းချီကားကို ပထမဆုံး အကြည့်တစ်ချက်တွင် လီလီပန်းကို အနောက်၌ ဝှက်ထားသည့်ဟန်ပေါ်သည့် အရောင်တစ်မျိုးတည်းနှင့် ရေးခြယ် ထားသည့် သာမန်ပန်းချီကားအဖြစ်သာ ထင်မှတ်ခဲ့ပြီး အမှုမဲ့အမှတ်မဲ့ နေခဲ့သည်။ သို့သော်လည်း ဤပန်းချီကားသည် ထွင်းထုထားသောသတ္တုအလွှာပေါင်း (၈၀) ကျော်ဖြင့် ရေးဆွဲထားပြီး၊ ဖူဂျီမူရာက “ဖြည်းညင်းသောအနုပညာ”ဟု ခေါ်သည့် Nihonga (နီဟွန်းဂါ) ဂျပန်အနုပညာဖြင့် ရေးဆွဲထားကြောင်း သိရသောအခါ ပန်းချီကားသည် အမှန်တကယ် အသက်ဝင်လာသည်။ သေသေချာချာကြည့်လျှင် ရှုပ်ထွေးပြီးလှပသော အလွှာများစွာကို မြင်နိုင်သည်။ သခင်ယေရှု၏ ဝေဒနာခံစားခဲ့ရခြင်းသည် လောကအတွက် စုံလင်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို ယူဆောင်လာသကဲ့သို့ “ကျိုးပဲ့ပျက်စီးမှုမှ အလှတရား”ကို ဖော်ဆောင်ခြင်းနည်းပညာတွင် ဧဝံဂေလိတရားထင်ဟပ်နေသည်ကို မြင်ရကြောင်း ဖူဂျီမူရာ ရှင်းပြသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ကျိုးပဲ့ပျက်စီးသော ဘဝကဏ္ဍများကို…

အိမ်ထောင်ဥပမာ

Merryn (မယ်ရင်း)နှင့်ကျွန်တော်၏ (၂၂) နှစ်ကြာ အိမ်ထောင်ရေးသည် မည်သို့အဆင်ပြေခဲ့သည်ကို တစ်ခါတစ်ရံတွေးမိသည်။ ကျွန်တော်က စာရေးဆရာ၊ သူမက စာရင်းအင်းပညာရှင်။ ကျွန်တော့်အလုပ်က စကားလုံးများနှင့်သက်ဆိုင်ပြီး သူမက ကိန်းဂဏန်းကိုင်ရသည်။ ကျွန်တော်က အလှအပကိုဦးစားပေးပြီး သူမက လက်တွေ့ကျမှုကို နှစ်သက်သည်။ ကျွန်တော်တို့သည် ဆန့်ကျင်ဘက်ဖြစ်ကြသည်။

မယ်ရင်းသည် ချိန်းထားသောနေရာသို့ စောရောက်တတ်ပြီး ကျွန်တော်က တော့ နောက်ကျလေ့ရှိသည်။ အစားအသောက်မီနူးတွင် ကျွန်တော်က စားစရာအသစ်ကို စမ်းစားကြည့်တတ်သော်လည်း သူမကတော့ ပုံမှန်စားနေကျကိုသာ မှာလေ့ရှိသည်။ ပန်းချီပြခန်းတွင် မိနစ် (၂၀) အကြာခန့်မှ ကျွန်တော် စကြည့်မည်ရှိသေး၊ သူမက အောက်ထပ် ကဖေးဆိုင်တွင် ကျွန်တော်နောက်ထပ် မည်မျှကြာဦးမည်နည်းဟု တွေးနေပြီဖြစ်သည်။ သည်းခံခြင်းကို သင်ယူရန် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အခွင့်ရေးများစွာ ပေးခဲ့ကြသည်။

ဟာသဉာဏ်ရွှင်ခြင်း၊ ခရီးသွားရခြင်းကို နှစ်သက်ခြင်း၊ ရွေးချယ်မှုပြုရမည့်အချိန်၊ အပေးအယူလုပ်ရန် လိုချိန်များ၌ ဆုတောင်းရန်…