ချစ်ခြင်းမေတ္တာ၏စွမ်းအား
တစ်ဦးသည် ဂျာမနီတွင်နေပြီး တစ်ဦးသည် ဒိန်းမတ်တွင်နေထိုင်သော အသက် ၈၀ ကျော်အရွယ် စုံတွဲတစ်တွဲသည် တစ်မူထူးခြားသည်။ သူတို့သည် မုဆိုးဖို/မများ မဖြစ်မီအထိ အိမ်ထောင်သက် ၆၀ ကျော်မျှကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦးသည် ၁၅ မိနစ်ခန့် အကွာအဝေးတွင်သာ နေထိုင်ကြသော်လည်း ၎င်းတို့၏အိမ်များသည် သီးခြားနိုင်ငံများတွင် ရှိနေသည်။ သူတို့နှစ်ဦး မေတ္တာ သက်ဝင်ခဲ့ကြပြီး ပုံမှန် အတူတကွ ချက်ပြုတ်စားသောက်ကာ အချိန်ကုန်ဆုံးစေလေ့ရှိသည်။ စိတ်မကောင်းစရာမှာ ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒိန်းမတ်အစိုးရသည် နယ်စပ်ဖြတ်သန်းမှုကို ကန့်သတ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် အတားအဆီးကိုမမှုဘဲ နေ့စဉ် ညနေ ၃ နာရီရောက်လျှင် နှစ်နိုင်ငံစပ်ကြားကျေးလက်မြို့လေး၏ လမ်းကျဉ်းလေးတွင် ကိုယ်စီသက်ဆိုင်သည့် နိုင်ငံဘက်တွင်ထိုင်ကာ ပျော်ပွဲစားထွက်ကြသည်။ “ငါတို့ဒီလိုနေရာမှာ ရှိနေတာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်တယ်”ဟု ယောက်ျားဖြစ်သူက ရှင်းပြသည်။ သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာသည် နယ်နိမိတ်စည်းများထက် ခိုင်မာပြီး ကမ္ဘာ့ကပ်ရောဂါထက် အစွမ်းကြီးမားသည်။…
မေ့လျော့သွားမည်မဟုတ်
ဆန်းသစ်၍ သမိုင်းဝင်ဖြစ်ခဲ့သော သာသနာပြုသူများအကြောင်း စဉ်းစားသည့်အခါ George Liele (ဂျော့လိုင်လီ) (၁၇၅၀-၁၈၂၀)ကို သတိမရကြပါ။ သူ့ကို မမေ့သင့်ပါ။ လိုင်လီသည် ကျွန်မိသားစုတွင်မွေးဖွားလာပြီး ဂျော်ဂျီယာပြည်နယ်၌ ခရစ်တော်ကို သိကျွမ်းခဲ့သည်။ အမေရိကန်တော်လှန်ရေး စစ်ပွဲကြီးမတိုင်မီတွင် သူသည် ကျွန်ဘဝမှ လွတ်မြောက်ခဲ့သည်။ ဂျမေးကားနိုင်ငံသို့ သခင်ယေရှု၏သတင်းကောင်းကို ဆောင်ယူခဲ့ပြီး စိုက်ခင်းတွင် လုပ်ကိုင်နေသောကျွန်များကြားတွင် အမှုတော်ဆောင်ခဲ့သည်။ ဂျော်ဂျီယာပြည်နယ်၊ ဆဗဲန်နာမြို့တွင် အာဖရိကန်-အမေရိကန် အသင်းတော် နှစ်ခုကို စတင်တည်ထောင်သူ သင်းအုပ်ဆရာဖြစ်ခဲ့သည်။ အသင်းတော်တစ်ခုမှာ “လူမည်းနှစ်ခြင်းခရစ်ယာန်များ၏ မိခင်အသင်းတော်”အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ကောင်းကင်နိုင်ငံအတွက် ထူးခြားပြောင်မြောက်သော အသက်တာဖြင့် လိုင်လီပေးဆပ်အမှုဆောင်ခဲ့ခြင်းကို အချို့သူများ မေ့သွားသော်လည်း ဘုရားသခင်က ဘယ်သောအခါမျှ မမေ့ပါ။ သင်ပြုသောအမှုကိုလည်း ဘုရားရှင်မမေ့ပါ။ ဟေဗြဲဩဝါဒစာတွင် “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည်…
ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း
ဂယ်ရီသည် လမ်းလျှောက်စဥ် ဟန်ချက် မထိန်းနိုင်သည့်ပြဿနာရှိနေသည့်အတွက် ဟန်ချက်ထိန်းညှိနိုင်မှုကောင်းလာစေရန် ရုပ်ပိုင်းဆိုင်ရာကုထုံးဖြင့် ကုသရန် ဆရာဝန်က မှာကြားခဲ့သည်။ ကုသမှုခံယူစဥ် ကုထုံးဆရာက “ခင်ဗျားက ခင်ဗျားမြင်နေတဲ့အရာက မှားနေရင်တောင် အဲ့မြင်နေရတာကိုပဲ အရမ်းယုံကြည်နေတယ်။ ခင်ဗျားခန္ဓာကိုယ်မှာဖွဲ့စည်းထားတဲ့ အခြားစနစ်တွေဖြစ်တဲ့ ခြေဖဝါးအောက်ဘက်က အာရုံခံစားမှုနဲ့ နားအတွင်းပိုင်းကအချက်ပြမှုတွေပေါ်မှာ မှီခိုမှုအားနည်းနေတယ်။ အဲ့အရာတွေကလည်း ဟန်ချက်ထိန်းညှိနိုင်ဖို့ ထောက်ပံ့ပေးတယ်” ဟု သူ့ကို ပြောသည်။
“မိမိမြင်ရသည့်အရာကိုပင် အရမ်းယုံကြည်သည်” ဆိုသောအချက်ကြောင့် ဂေါလျက်နှင့် သိုးကျောင်းသားလေးဒါဝိဒ်၏ ရင်ဆိုင်ပွဲအကြောင်းကို သတိရမိသည်။ ဖိလိတ္တိလူ ဂေါလျက်သည် “အရက်လေးဆယ်ပတ်လုံး၊ နံနက်တစ်ခါ၊ ညဦးတစ်ခါ ချဉ်းကပ်၍ ကိုယ်ကိုပြ”ပြီး (၁ ရာ ၁၇:၁၆) သူနှင့်ရင်ဆိုင်တိုက်ခိုက်မည့်သူကိုစေလွှတ်ရန် မခံချင်အောင် ခနဲ့ပြောဆိုသည်။ သို့သော် လူများသည် ၎င်းတို့ ကြောက်အောင် လုပ်သည့်အရာကိုသာ အလိုအလျောက် အာရုံစိုက်မိသည်။ ထို့နောက် ဒါဝိဒ်လေးသည် ဖခင်စေခိုင်းသည့်အတိုင်း အစ်ကိုများအတွက် ရိက္ခာလာပို့သည်…
အဘ၏အသံတော်
မကြာမီက ကျွန်တော့်သူငယ်ချင်း၏ဖခင် ဆုံးပါးသွားခဲ့သည်။ သူ့ဖခင်နေမကောင်းဖြစ်နေစဉ်တွင် အခြေအနေမှာ လျင်မြန်စွာဆုတ်ယုတ်ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် ဤလောကမှ ထွက်ခွာသွားသည်။ သူငယ်ချင်းနှင့် သူ၏ဖခင်တို့နှစ်ဦးကြားတွင် ခိုင်မြဲသောဆက်ဆံရေး အစဉ်ရှိခဲ့သော်လည်း မေးရမည့် မေးခွန်းများ၊ ရှာရမည့်အဖြေများ၊ ဆွေးနွေးတိုင်ပင်ရဦးမည့်အရာများ ကျန်ရှိနေဆဲဖြစ်သည်။ မပြောဖြစ်ခဲ့သောစကားများ ရှိနေဆဲမှာပင် သူ့ဖခင်ကွယ်လွန်သွားခဲ့သည်။ ကျွန်တော့်သူငယ်ချင်းသည် ကျွမ်းကျင်သော အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အလျောက် သူသည် ပူဆွေးသောကရောက်မှု၏ အနိမ့်အမြင့် အတက်အကျကို နားလည်ပြီး၊ အခြားသူများ၏ ခက်ခဲရှုပ်ပွေသောပြဿနာများမှ ထွက်ပေါက်လမ်းကြောင်းကို ကူညီရှာဖွေပေးနိုင်သူဖြစ်သည်။ သို့ဖြစ်စေကာမူ “တစ်ချို့နေ့တွေမှာ အဖေငါ့ကို ချစ်တယ်ဆိုတဲ့ စိတ်ချမှုကိုပေးနေတဲ့ အဖေ့ရဲ့အသံကိုကြားရဖို့ အရမ်းလိုအပ်တယ်။ အဲ့တာ ငါ့အတွက် ဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးကြီးမားတဲ့အရာပဲ” ဟု သူက ကျွန်တော့်ကို ပြောပါသည်။
သခင်ယေရှု လောကတွင် ထမ်းဆောင်ခဲ့သော သာသနာလုပ်ငန်းအစပိုင်း၏ အရေးပါသောဖြစ်စဉ်တစ်ခုမှာ ယောဟန်၏လက်၌ ဗတ္တိဇံခံခြင်းဖြစ်သည်။ ယောဟန်သည် ငြင်းဆိုရန်ကြိုးစားခဲ့သော်လည်း ယေရှုက ၎င်းသည် ဆောင်ရွက်ရန်လိုအပ်သောအမှုဖြစ်သည်။ သို့မှသာ…
ကိုယ်တော်၏အံ့ဖွယ်ကူညီမှု
၂၀၂၀ ခုနှစ် နွေဉီးကာလတွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို တောင်တန်းတွင် ‘The East Troublesome Fire’ (အရှေ့အရပ်ကို ဒုက္ခပေးသည့်မီး) တောမီးလောင်ခဲ့ရာ၊ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ဉီးက “ဆုတောင်းချက်များသည် ထောင်ပေါင်းများစွာ (သို့) သိန်းပေါင်းများစွာလောက်ရှိမယ်” ဟုခန့်မှန်းရင်း ဘုရားသခင်မစရန် တောင်းလျှောက်မှုကို သူအံ့သြခဲ့ရသည်။ စတင်မီးလောင်ချိန်မှစ၍ ၁၂ နာရီ အတွင်း သစ်တောဧကတစ်သိန်း မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၃၀၀ ခန့် ပျက်စီးခဲ့သည်။ မီးလောင်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြို့များကိုလည်း ခြောက်လှန့်ခဲ့သည်။ မိုးလေဝသပညာရှင်တစ်ဉီးက “ထာဝရဘုရားစေလွတ်သောအရာ”ဟု သူခေါ်ဆိုသည့်အရာ ရောက်လာသည်။ မိုးမဟုတ်ပါ။ အချိန်ကောင်းမှ ကျသောနှင်းဖြစ်သည်။ မီးလောင်ပြင်၌ ထိုနှစ်အတွက် စောပြီးနှင်းကျလာကာ တစ်ပေခန့်မြင့်သော နှင်းရည်ကြောင့် မီးလောင်ခြင်းကို အရှိန်လျော့စေခဲ့ပြီး နေရာအချို့တွင် မီးငြိမ်းသွားသည်။
ကရုဏာလွှမ်းသော ထိုကူညီမစမှုမှာ ရှင်းပြရန်မစွမ်းသာ၊ အံ့သြစရာပါ။ နှင်းကျရန်၊ မိုးရွာရန် ကျွန်ုပ်တို့ဆုတောင်းခြင်းကို ထာဝရဘုရား…
မတည်မြဲခြင်းနှင့် နှိမ့်ချခြင်း
ေခေတ်ဟောင်းဓမ္မကျမ်းပညာရှင် Jerome (ဂျရုမ်း)နှင့် Tertullian (တာတူလီယန်)တို့က ရှေးခေတ်ရောမနိုင်ငံတွင် စစ်သူကြီးတို့ မည်သို့ပြောင်မြောက်စွာ အောင်ပွဲခံကြသည်ကို ကိုးကားဖော်ပြသည်။ စစ်သူကြီးသည် မြို့တော်၏မြို့လယ်ခေါင်လမ်းမတွင် နေထွက်ချိန်မှစ၍ နေဝင်ချိန်ထိ လှည့်လည်အောင်ပွဲခံသည်။ ပြည်သူများကလည်း အားပေးသည်။ စစ်သူကြီးသည် သူ့ဘဝတွင် ဂုဏ်ယူရဆုံးအချိန်တစ်ခုကို ကောင်းမွန်စွာ ဖြတ်သန်းနေသည်။ သူ့နောက်တွင် ကျွန်တစ်ဦးက တစ်နေကုန် မတ်တပ်ရပ်ပြီး စစ်သူကြီးအား ‘Memento mori’ (“သင်လည်း တစ်နေ့သေရမှာပဲဆိုတာ သတိရပါ”)ဟု တိုးတိုးလေးရေရွတ်နေသည်။ တိုင်းသူပြည်သားများ၏ သောင်းသောင်းဖြဖြ အားပေးမှုကြားတွင် စစ်သူကြီးအနေဖြင့် သူသည် သေမျိုးဖြစ်ပြီး တစ်နေ့သေရမည်ဟုသတိရစေသည့် နှိမ့်ချမှုကို မဖြစ်မနေ လိုအပ်ပေသည်။
ရှင်ယာကုပ်က မာနထောင်လွှားသူများ၊ ကိုယ့်အကျိုးအတွက်သာ ကြည့်သော စိတ်ထားကျဉ်းမြောင်းသောသူများရှိသည့် အသိုင်းအဝန်းသို့ “ထောင်လွှားစော်ကားသောသူတို့ကို ထာဝရဘုရား ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” (ယာ ၄:၆)ဟု စာရေးလျက် သူတို့၏ မောက်မာမှုကို ထိပ်တိုက်ပြောဆိုခဲ့သည်။…
အောင်မြင်ခြင်းနှင့် စွန့်လွှတ်ခြင်း
ေနွေရာသီသင်တန်းတစ်ခုတွင် ကျွန်မသားသည် ဆွစ်ဇာလန်နိုင်ငံရှိ အယ်လ်ပိုင်း တောင်တန်းကိုတက်ချင်သော လူငယ်လေးတစ်ယောက်အကြောင်း ရေးသားထားသည့် စာအုပ်ကို ဖတ်နေသည်။ ထိုလူငယ်သည် အချိန်တော်တော်များများပေးပြီး တောင်တက်လေ့ကျင့်ခဲ့သည်။ တောင်စတက်ကြသောအခါ၊ ကိစ္စတိုင်းသည် ထင်ထားသလို မဖြစ်လာခဲ့ပါ။ တောင်တက်ခရီးစဥ် လမ်းတစ်ဝက်တွင် တောင်တက် အဖွဲ့ဝင်တစ်ဉီး ဖျားသဖြင့် ဇာတ်လိုက်လူငယ်သည် သူ၏ရည်မှန်းချက်ကို လက်လျှော့လိုက်ပြီး ဖျားနေသော အဖွဲ့ဝင်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
ကျောင်းစာသင်ခန်းတွင် သား၏ဆရာမက “တောင်ဆက်မတက်ခြင်းကြောင့် ၎င်းသည် ဇာတ်ကောင်၏အရှုံးလား”ဟု မေးရာ ကျောင်းသားတစ်ဉီးက “ဟုတ်ပါတယ်၊ သူ့ရဲ့ဗီဇထဲမှာ ရှုံးနိမ့်ဖို့ကို ပါလာတာ”ဟု ဖြေသည်။ သို့သော် အခြားကလေးတစ်ဉီးက ထိုအဆိုကိုသဘောမတူ၊ “ဇာတ်လိုက်ကောင်လေး၏ ရှုံးနိမ့်မှု မဟုတ်ပါ။ တစ်ဉီးတစ်ယောက်ကို ကူညီဖို့ အရေးကြီးသည့်အရာတစ်ခုကို သူလက်လွှတ်လိုက်ခြင်းပါ” ဟု ဖြေခဲ့သည်။
ကျွန်ုပ်တို့၏အစီအစဉ်များကို ဘေးဖယ်ပြီး သူတစ်ပါးအား ဂရုစိုက်ခြင်းသည် ယေရှုခရစ်တော်ကဲ့သို့ အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင်၏…
မိမိလိုချင်သမျှကို ရယူရာဝယ်
Aaron Burr (အယ်ရန်ဘာ)သည် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ မဲရလဒ်ကို ရင်ခုန်စွာ စောင့်နေသည်။ သမ္မတရွေးကောက်ပွဲတွင် Thomas Jefferson (သောမတ်(စ်) ဂျက်ဖာဆန်)နှင့် သရေပူးတွဲဖြစ်နေရာမှ အယ်ရန်ဘာ က အိမ်ဖြူတော်သည် သူ့အား အနိုင်ရသူအဖြစ်ကြေညာမည်ဟု ယုံကြည်နေ သည်။ သို့သော် သူရှုံးနိမ်ခဲ့ပြီး သူ၏စိတ်ဝိညာဉ်တွင် ခါးသီးမှုက တစစ်စစ်ထိုးနှက်လာသည်။ Alexander Hamilton (အလက်ဇန်းဒါ ဟမ်မင်တန်) သူ့အား မဲမပေးခဲ့ခြင်းကို တေးမှတ်ထားပြီး ဝမ်းနည်းနာကြည်းမှုကို ဖြစ်စေလျက် နောက် ၄ နှစ်မတိုင်ခင်တွင် အယ်ရန်ဘာသည် ဟမ်မင်တန်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုသို့ ပစ်သတ်မှုအပေါ် အံ့သြတုန်လှုပ်လျက် နိုင်ငံသားတို့မှာ အယ်ရန်ဘာအား ရွံ့မုန်းခဲ့ပြီး ခေါင်းမာပြီး မုန်းဖို့ကောင်းသည့် အဖိုးကြီးအဖြစ် သူ့ဘဝနိဂုံးချုပ်ခဲ့ရသည်။
နိုင်ငံရေးအားပြိုင်မှု လှည့်ကွက်များသည် သမိုင်းတွင် ဝမ်းနည်းစရာကောင်း သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသည်။ ဒါဝိဒ်မင်း ကွယ်လွန်ခါနီးတွင်…
ချိုမြိန်သောအိပ်စက်ခြင်း
ကျွန်မသူငယ်ချင်း ဖလော့(စ်)သည် ညအချိန်၌ အိပ်မရတိုင်း “ယေရှုရှင်၊ ကိုယ်တော်ကို ချစ်ပါ၏ကျူး” ဓမ္မသီချင်းမှစာသားများကို ဆင်ခြင်သည်။ သူမက ၎င်းသီချင်းကို “သန်းခေါင်ယံသီချင်း” ဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား၏ ကတိတော်နှင့် ထာဝရဘုရားကို သူမချစ်ရသည့် အကြောင်းပြချက်များစွာကို သတိရစေသောကြောင့် ဖြစ်သည်။
အိပ်စက်ခြင်းသည် ဘဝ၏တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့် လိုအပ်ပါသော်လည်း တစ်ခါတစ်ရံ အိပ်မပျော်နိုင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ ဝန်မခံသောအပြစ်များကို ဖော်ပြသည့် သန့်ရှင်းသောဝိညာဉ်တော်၏အသံကို ခံစားရ၊ ကြားရသည်။ သို့မဟုတ် အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး၊ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ သားရေးသမီးရေးအတွက် စိတ်ပူနေမိသည်။ မကြာမီမှာပင် ဉီးနှောက်အတွင်း ရှေ့လာမည့်အနာဂတ်ကို စတင်စိတ်ကူးယဉ်ပုံဖော်မိသည်။ မှေးခနဲအိပ်ပျော်သွားသည်ဟု ထင်သော်လည်း နာရီကြည့်မိသည့်အခါ အချိန်ကုန်ခဲလှပါဘိ။
သုတ္တံကျမ်း ၃:၁၉-၂၄ တွင် ထာဝရဘုရား၏ပညာတော်၊ ဉာဏ်ေတော်၊ သိပ္ပံအတတ်တို့ကို ကိုင်စွဲလျှင် ကောင်းစွာ အိပ်ပျော်ရလိမ့်မည်ဟု ရှောလမုန်မင်းကြီးက…
ကျွန်ုပ်တို့ သက်သောင့်သက်သာဖြစ်ဖို့မဟုတ်
ကားတစ်စီးမှာ လမ်းချော်ကာ သူ့လမ်းကြောထဲဝင်လာပြီး ဒန် စီးနေသောမော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့မှုကြောင့် စိတ်ဒဏ်ရာ ကုသဆောင်တွင် ၂ ပတ် ကြာမျှ သတိမေ့နေပြီးမှ သူနိုးလာခဲ့သည်။ အဆိုးဆုံးဒဏ်ရာမှာ ကျောရိုးထိခိုက်ခဲ့ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းသေသွားသည်။ ဒန်သည် ခံစားရသောဝေဒနာပျောက် ကင်းရန် ဆုတောင်းသော်လည်း အနာမပျောက်ခဲ့ပါ။ “ဒီဘဝမှာ အသက်ရှင်ရတဲ့ရည်ရွယ်ချက်က ခရစ်တော်ရဲ့သဏ္ဌာန်တော်နဲ့အညီ ပြောင်းလဲဖို့ဖြစ်တယ်။ အဲလိုပြောင်းလဲဖို့ဆိုတာ အစစအရာရာ အဆင်ပြေနေတယ်ဆိုရင် မဖြစ်နိုင်ဘူး။ ဘဝက ကြမ်းတမ်းခက်ခဲနေမှ၊ အသက်ရှင်ရတဲ့နေ့ရက်တွေကို ကျော်ဖြတ်နိုင်ဖို့ ဘုရားရှင်ကို ဆုတောင်းခြင်းဖြင့် အားကိုးမှီခိုမှ ပြောင်းလဲနိုင်တယ်”ဟု ဘုရားရှင်သည် သူ့အား မေတ္တာကရုဏာဖြင့် သွန်သင်ခြင်းဖြစ်သည်ဟု သူယုံကြည်ကြောင်း ပြောပြသည်။
ရှင်ပေါလုက “သည်းခံခြင်းနှင့် ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်း” (ရော ၅:၃-၄) ဟူသည့် ထာဝရဘုရား၌ မှန်ကန်စွာတည်နေခြင်း၏ ကောင်းကျိုးနှစ်ခုကို ရှင်းပြထားသည်။ ဤအချက်နှစ်ချက်သည် ဆင်းရဲဒုက္ခကို မညည်းတွားဘဲ သည်းခံရန်၊ နာကျင်ဝေဒနာခံရသည့်အမှု၌ ပျော်မွေ့ရန်…