ဖန်ဆင်းခြင်း၏အံ့သြဖွယ်
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်ရှိ “Root Glacier” (ရေခဲမြစ်၏အမြစ်) ရေခဲပြင်လမ်းကြောတွင် တင်းမ် တောင်တက်ခဲ့စဥ် တစ်ခါမှမမြင်ဖူးခဲ့သောအရာကို မြင်ခဲ့ရသည်။ ရေခဲမြစ်များအကြောင်းကို တင်းမ် ထဲထဲဝင်ဝင်လေ့လာခဲ့ဖူးသော်လည်း ယခုမြင်တွေ့ရသော မြောက်များစွာသော ရေညှိလုံးသေးသေးများက သူနှင့် အစိမ်းသက်သက်ဖြစ်နေသည်။ ၎င်းကို နှစ်အတန်ကြာလေ့လာခဲ့ပြီးနောက် တင်းမ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက ယင်း“ကြွက်ပုံရေညှိ”များသည် သစ်ပင်များပေါ်မှရေညှိများနှင့်မတူ၊ ကပ်ညှိမနေဘဲ၊ ပိုထူးဆန်းသည်မှာ သိုးအုပ်၊ ငှက်အုပ်များကဲ့သို့ အစုလိုက် ရွေ့လျားကြသည်ကို လေ့လာတွေ့ရှိကြသည်။ အစတွင် သူတို့က ယင်းရေညှိများသည် လေနှင့်လွှင့်သွားခြင်း၊ တောင်အောက်သို့ လှိမ့်သွားခြင်းဟု ထင်မိပြီး ထိုခန့်မှန်းချက်က မဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိချက်က ပြနေသည်။
ထိုရေညှိလုံးများ မည်ကဲ့သို့ ရွေ့လျားသည်ကို တိတိကျကျရှာဖွေတွေ့ရှိခြင်းတော့ မရှိသေးပါ။ ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုသည် ထာဝရဘုရား၏ ဖန်ဆင်းခြင်းကို ထင်ဟပ်စေသည်။ ထာဝရဘုရား၏ ဖန်ဆင်းခြင်းတွင် မြေကြီးကို ကောင်းချီး ပေးကာ “သစ်သီးမျိုးကို ဖြစ်စေ”သည်ဟုဆိုရာတွင် အပင်နှင့်…
အသစ်သောအစပြုခြင်း
ဒေသအသီးသီးမှ တရုတ်လူမျိုးများ ကျင်းပလေ့ရှိသော တရုတ်နှစ်သစ်ကူးပွဲသည် တရုတ်ပြက္ခဒိန်ရက်စွဲကို ယူထားပြီး၊ ဇန်နဝါရီ နှောင်းပိုင်းနှင့် ဖေဖော်ဝါရီ အလယ်ခန့်တွင် ကျရောက်လေ့ရှိသည်။ နှစ်သစ်ကူးချိန်၌ မိသားစုဝင်များ တွေ့ဆုံခြင်းအပြင် အခြားသော အထင်ကရရိုးရာအစဥ်အလာများ ကျင်းပဆင်နွဲကြသည်။ အဝတ်အစားအသစ် ဝယ်ယူဆင်မြန်းခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အကြွေးဟောင်းများဆပ်ခြင်းဖြင့် နှစ်ဟောင်းမှအရာများကို နှစ်ဟောင်းတွင်ထားခဲ့ပြီး နှစ်သစ်တွင် အသစ်သောအရာဖြင့် စတင်ခြင်းဖြစ်သည်။
ဤဓလေ့ထုံးစံများသည် ခရစ်တော်အားဖြင့်ရရှိသည့် ကျွန်ုပ်တို့၏ အသက်တာသစ်ကို သတိရစေသည်။ ကျွန်ုပ်တို့ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာဘဲလုပ်ခဲ့လုပ်ခဲ့၊ အရာအားလုံးကိုထားခဲ့ကာ ဘဝသစ်ကို စတင်နိုင်ပါပြီ။ ကားတိုင်ထက် အသေခံခဲ့သော ရှင်ယေရှုအားဖြင့် ခွင့်လွှတ်ခြင်း ခံခဲ့ရပြီကိုသိလျက် အတိတ်တွင် ဖြစ်ပျက်ခဲ့သည့်အရာများအတွက် မိမိကိုယ်ကို ထိုးနှက်ခြင်း၊ အပြစ်တင်ခြင်းများကို ရပ်ပစ်နိုင်ပါပြီ။ ရှင်ယေရှုနှင့်တူလာအောင် ကျွန်ုပ်တို့ကိုနေ့စဉ်ပြုပြင်ပြောင်းလဲပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီပြုနိုင်ကြောင်း သိမှတ်လျက် ဘဝသစ်ကို စတင်နိုင်ပါသည်။
ထို့ကြောင့် ရှင်ပေါလုက “ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်း သောအရာတို့သည် အသစ်ဖြစ်ကြပြီ”ဟု…
နှိမ့်ချသော ကိုယ်အမူအရာ
“လက်ကို နောက်ပစ်ထားလိုက်ပါ။ မင်းအဆင်ပြေမှာပါ” ဤသည်မှာ လူအုပ်စုကို ဂျန် စကားမပြောမီတိုင်း သူမ၏ခင်ပွန်းသည်၏ ချစ်ဖွယ်သောသတိပေးပုံဖြစ်သည်။ လူလေးစားအောင်၊ အခြေအနေတစ်ခုကို တည်ငြိမ်အောင် ပြုလုပ်ရာ၌ သူမ ခံယူနိုင်အောင်၊ နားထောင်ပေးနိုင်သည့် အနေအထား၌ ရှိစေသောကြောင့် ဤအမူအရာကို သူသုံးခြင်းဖြစ်သည်။ သူ့ရှေ့၌ရှိနေသူများကို ချစ်ရန်၊ နှိမ့်ချလျက် သန့်ရှင်းသောဝိညာဉ်တော်ကို နေရာပေးရန် သူမကိုယ်ကို သတိပေးသည့်အခါတွင် သုံးသော ကိုယ်အမူအရာ ဖြစ်သည်။
ဂျန် ၏နှိမ့်ချခြင်းကို နားလည်မှုသည် “အရာရာတိုင်းသည် ဘုရားထံမှ လာသည်” ဟူသော ဒါဝိဒ်မင်း၏ ခံယူတွေ့ရှိချက်၌ အခြေတည်သည်။ “ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူသည်။ ... ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌မရှိပါ” (ဆာ ၁၆:၂)ဟု ဒါဝိဒ်က ထာဝရဘုရားအား လျှောက်ဆိုသည်။ ဒါဝိဒ်က “ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏” (:၇)ဟု ထာဝရဘုရားကို ရှာပြီး တိုင်ပင်အကြံဉာဏ်ရယူရန်…
သွားလေရာရာမှာ ချစ်ပါ
အားလပ်ရက်ခရီးထွက်စဥ်က ကျွန်မသည် ဘောတံတားတွင်ထိုင်ကာ ကျမ်းစာဖတ်ရင်း၊ ခင်ပွန်းသည် ငါးမျှားသည်ကို ကြည့်နေသည်။ ထိုစဉ် လူငယ်တစ်ဦး ရောက်လာပြီး တစ်ခြားငါးစာသုံးကြည့်ရန် အကြံပြုသည်။ သူက ကျွန်မကိုကြည့်ပြီး ဆုတ်တွန့်သောခြေလှမ်းဖြင့် လှမ်းရင်း “ကျွန်တော် ထောင်ကျဖူးတယ်”ဟု ပြောသည်။ ထိုနောက် သမ္မာကျမ်းစာကို လက်ညှိုးထိုးပြီး သက်ပြင်းချကာ “ကျွန်တော်တို့လိုလူမျိုးကို ထာဝရဘုရား တကယ်ဂရုစိုက်တယ်လို့ အစ်မထင်သလား”ဟု မေးသည်။
ထောင်ကျနေသူများကို တပည့်တော်တို့ သွားတွေ့သည့်အကြောင်း သခင်ယေရှုပြောပြသော ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅ ကို ကျွန်မဖွင့်ဖတ်ပြလိုက်သည်။
သူ၏သားသမီးများအပေါ် လူတစ်ဦးဦးက ကရုဏာကြင်နာမှုပြခြင်းကို သူ့အပေါ်ပြခြင်းအဖြစ် ထာဝရဘုရားမှတ်ယူကြောင်း (မ ၂၅:၃၁-၄၀) ကျွန်မပြောပြသည့်အခါ လူငယ်လေး၏မျက်ဝန်း၌ မျက်ရည်ဝိုင်းသွားသည်။ “ကျမ်းစာထဲမှာ အဲ့လိုပြောတာလား။ ထောင်ထဲကအကြောင်းလေ” ဟု မေးရှာသည်။
“ကျွန်တော့်မိဘတွေလည်း ကျွန်တော့်ကို ခွင့်လွတ်ရင်ကောင်းမှာပဲ”ဟု ခေါင်းငိုက်စိုက်နှင့်ပြောပြီး “ကျွန်တော်ပြန်လာခဲ့မယ်” ဟုပြောကာ ထွက်သွားသည်။ ထို့နောက် စုတ်ပြဲနေသည့်…
တောင်းပန်စရာမလိုသည့်မျက်ရည်စက်များ
“တောင်းပန်ပါတယ်” ဟု ခယ်ရန်က မျက်လုံးမှစီးဆင်းလာသော မျက်ရည်အတွက်တောင်းပန်သည်။ သူမသည် ခင်ပွန်းသည်ဆုံးခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ်ကလေးများကို ပြုစုပျိုးထောင်လျက် အစွမ်းကုန် ရုန်းကန်နေရသည်။ သူမ၏မိသားစု အပန်းဖြေနိုင်အောင်၊ သူလည်း အနားရအောင် အသင်းတော်မှအမျိုးသားများက စနေ၊ တနင်္ဂနွေစခန်းချ ခရီးစဥ်လေးစီစဥ်ပေးသဖြင့် ခယ်ရန် အလွန်ဝမ်းမြောက် ကျေးဇူးတင်ပြီး မျက်ရည်ကျမိသည့်အတွက် အဖန် တလဲလဲတောင်းပန်သည်။
ကျမျက်ရည်များအတွက် ကျွန်မတို့အဘယ်ကြောင့် တောင်းပန်ကြသနည်း။ ဖါရိရှဲရှိမုန်က သခင်ယေရှုကို ညစာစားပွဲသို့ခေါ်ဖိတ်ခဲ့သည်။ စားသောက်ပွဲ၌ သခင်ယေရှု လဲလျောင်းနေစဉ် အပြစ်၌ ကျင်လည်ခဲ့သော အမျိုးသမီးတစ်ဦးသည် ဆီမွှေး နံ့သာထည့်ထားသည့် ကျောက်ဖြူခွက်ကို ယူလာကာ “ကိုယ်တော်၏နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်းနမ်း၍ ဆီမွှေးနှင့်လိမ်းလျက်နေလေ၏” (လု ၇: ၃၈)။ တောင်းပန်ခြင်းမရှိဘဲ သူမ၏ဆံပင်အထုံးကိုဖြေလျက် သခင့်ခြေတော်ခြောက် သွားအောင် ဆံပင်ဖြင့် သုတ်ပေးခြင်းဖြင့် သခင့်အပေါ်ထားသည့်မေတ္တာကို ဖော်ပြ…
အဖြေမရသည့် ဆုတောင်းချက်များ
“ရောက်ပြီလား/ မရောက်သေးဘူး။ ရောက်ပြီလား/ မရောက်သေးဘူး။” သားသမီးများ ငယ်စဉ်က အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှ ကျွန်ုပ်တို့အိမ်တည်ရှိရာ အာကန်ဆာသို့ ပထမဆုံးသော ၁၆ နာရီကြာသည့် အပြန်ခရီးတွင် ရှေ့တိုးနောက်ဆုတ် ဂိမ်းကို ကစားနေခြင်း ဖြစ်သည်။ ကျွန်ုပ်၏သားကြီးနှစ်ယောက်က ထိုဂိမ်းကို ပါးနပ်စွာကစားနိုင်ပြီး သူတို့မေးတိုင်း ကျွန်ုပ်တစ်ဒေါ်လာရပါက ကျွန်ုပ်၌ ဒေါ်လာအထပ်လိုက်ရှိနေမည်ပင်။ ထိုမေးခွန်းကို ကျွန်ုပ်ကလေးများ အလွန်စွဲလန်းသကဲ့သို့ (ကားမောင်းသူ) ကျွန်ုပ်လည်း သူတို့နှင့်ထပ်တူ “ရောက်ပြီလား”ဟု တွေးမိပါသည်။ အဖြေကတော့ “မရောက်သေးဘူး။ သို့သော် မကြာခင်ရောက်မည်ပေါ့။”
အမှန်အတိုင်းဆိုရလျှင် ကျွန်ုပ်တို့သည် အသံထွက် မပြောသော်လည်း အရွယ်ရောက်သူတိုင်းက ထိုမေးခွန်းကို ပုံစံမျိုးစုံနှင့် မေးတတ်ကြသည်။ ကျွန်ုပ်တို့သည် “ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်”ကြပြီး (ဆာ ၆:၇) တူညီသောအကြောင်းရင်းဖြင့် မေးခွန်းထုတ်ကြသည်။ ညစဥ်ကြားရသည့်သတင်းမှအစ နေ့စဉ်ဖြစ်ပျက်သည့် အလုပ်ခွင်ပြဿနာများအထိ၊ မဆုံးနိုင်သောကျန်းမာရေးပြဿနာများမှအစ မိသားစုတွင်းတင်းမာမှုများအဆုံး မကုန်ဆုံး နိုင်သောပြဿနာအသွယ်သွယ်ကြောင့် ကျွန်ုပ်တို့…
ခရစ်တော်ကဲ့သို့ စုံလင်ခြင်းရှိကြလော့
“စုံလင်ခြင်းဝါဒ ဟူသည် ကျွန်မအား အခြောက်လှန့်ဆုံးသော စကားလုံး ဖြစ်သည်” ဟု Kathleen Norris (ကက်သလင်းနောရစ်)က ခေတ်သစ်စုံလင်ခြင်းဝါဒနှင့် ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည့် “စုံလင်ခြင်း”ကို အလေးအနက်ဆင်ခြင်လျက် နှိုင်းယှဉ်ဖော်ပြသည်။ ခေတ်သစ်စုံလင်ခြင်းဝါဒ ဆိုသည်မှာ “လူတို့အရဲစွန့်ပြီး တာဝန်မခံရဲလောက်အောင် ကြောက်ရွံ့ခံစားရစေသည့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဝေဒနာ”ဟု သူမက ဖော်ပြထားသည်။ သို့သော် ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဖော်ပြသည့် “စုံလင်ခြင်း”သည် ရင့်ကျက်ခြင်း၊ ပြည့်စုံခြင်း (သို့) အလုံးစုံကောင်းမွန်ခြင်း ဟူသောအဓိပ္ပာယ်ကို ဆောင်သည်။ “ပြည်စုံကောင်းမွန်ခြင်းသို့ ရောက်ရှိရန် ‘တိုးတက်မှုကို နေရာပေးရမည်’ဖြစ်ပြီး၊ အခြားသူအတွက် ကိုယ့်ကိုယ်ကို ပေးဆပ်နိုင်သည်ထိ ရင့်ကျက်လာခြင်းဖြစ်သည်ဟု နောရစ်က နိဂုံးချုပ်သည်။
စုံလင်ခြင်း၏အဓိပ္ပာယ်ကို ဤသို့နားလည်ခြင်းက ရှင်မဿဲခရစ်ဝင်ကျမ်း ၁၉ တွင် ဖော်ပြသည့် လူတစ်ယောက်က “ထာဝရအသက်ကိုရအံ့သောငှာ” (:၁၆) မည်သို့သောကောင်းမှုကို ပြုရမည်နည်းဟုမေးလျှောက်သည့် လေးနက်သောအကြောင်းအရာကို ရှင်းလင်းစွာ နားလည်စေသည်။ “ပညတ်တော်တို့ကို…
ဘုရားသခင်ကို ကိုးစားပုံအပ်ပါ၏
ကလေးမွေးဖွားရန် ၆ ပတ်ခန့် လိုသေးသော်လည်း ဝစ်နီတွင် ကိုယ်ဝန်ဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော အသည်းအဆီဖုံးရောဂါ ရှိနေကြောင်း ဆရာဝန်ကပြောသည်။ စိတ်ထိခိုက်နေသော ဝစ်နီအား ဆေးရုံတင်ပြီး ဆေးကုသမှုခံယူနေစဉ် အခြေအနေအရ ၂၄ နာရီအတွင်း ဆေးသွင်းပြီး ကလေးမွေးရမည်ဟု ပြောသည်။ ဆေးရုံ၌လည်း ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားနေရသောလူနာများအတွက် အသက်ရှုကရိယာများနှင့် အခြားလိုအပ်သော ပစ္စည်းကရိယာများကို တပ်ဆင်နေကြသဖြင့် ဝစ်နီအား အိမ်သို့ပြန်လွှတ်လိုက်ရသည်။ ဘုရားသခင်အား ကိုးစားရန်နှင့် ကိုယ်တော်၏အကြံအစည်အတိုင်း ဝန်ခံရန်သာ သူမဆုံးဖြတ်ချက်ချလိုက်ပြီး နောက်ရက်အနည်းငယ်တွင် ကျန်းမာသောကလေးကို မွေးဖွားခဲ့သည်။
ကျွန်ုပ်တို့အထဲ၌ နှုတ်ကပတ်တော်အမြစ်တွယ်နေလျှင် ၎င်းသည် အခက်အခဲ ကြုံရသည့် အခြေအနေတွင် ကျွန်ုပ်တို့၏တုံ့ပြန်ပုံကို ပြောင်းလဲစေသည်။ ယေရမိသည် လူအများစုက မဟာမိတ်များအပေါ် အားကိုးအားထားပြုလျက် ရုပ်တုကိုးကွယ်မှုများ လွှမ်းမိုးခေတ်စားသည့် ခေတ်ကာလ၌ ရှင်သန်ခဲ့ရသည်။ ပရောဖက်ကြီးက “လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ…
ရန်ငြိုးကို ဆုပ်ကိုင်မထားပါ
၂၀၁၁ ခုနှစ် အရောင်းမြှင့်တင်ရေးကာလအတွင်း အသက် ၇၂ နှစ်အရွယ် ကနေဒါဘောလုံးအသင်းမှ အားကစားသမားဟောင်းနှစ်ဦးသည် စင်ပေါ်တွင် လက်သီးချင်း ယှဥ်ထိုးကြသည်။ ၁၉၆၃ ခုနှစ် ချန်ပီယံလုပွဲတွင် အငြင်းပွားစရာ ကစားပွဲတစ်ခုကြောင့် သူတို့နှစ်ဦး၌ “အငြိုးအတေး” (မနာလို မုန်းတီးမှုနှင့် ရန်ငြိုးရန်စများ) ရှိနေကြသည်။ တစ်ဦးက အခြားတစ်ဦးကို စင်ပေါ်မှတွန်းချလိုက်သောအခါ ပရိသတ်ကြီးက အော်ဟစ်၍ “ထားလိုက်ပါတော့”။ “ရန်ငြိုးရန်စကိုအဆုံးသတ်လိုက်ပါတော့”ဟု သူ့အား ပြောကြသည်။
လူတို့၏“အငြိုးအတေးထားခြင်း”နှင့် ပတ်သက်သည့် ပုံသက်သေများစွာကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘုရားသခင်သည် သူ့ထက် အာဗေလ၏ပူဇော်သက္ကာကို လက်ခံခြင်းကြောင့် ကာဣနသည် သူ့ညီအပေါ် အငြိုးထားခဲ့သည် (က ၄:၄-၅)။ အငြိုးအတေး အဘယ်မျှကြီးသည်ဆိုလျှင် အဆုံး၌ ကာဣနသည် ညီအရင်းကိုသတ်သည်အထိ ဖြစ်ခဲ့သည် (:၈)။ ယာကုပ် သည် သားဦး၏အရိုက်အရာကို ခိုးယူသဖြင့် ဧသောသည် သူ့ညီအပေါ် အငြိုး…
စစ်မှန်သောပျော်ရွှင်ခြင်း
၁၀ ရာစုနှစ်အတွင်း၌ တတိယမြောက် Abd al-Rahman III (အဘ်ဒ် အဲလ်ရာမန်) သည် စပိန်နိုင်ငံ၊ ကော်ဒိုဘာပြည်ကို အုပ်ချုပ်သောဘုရင်ဖြစ်သည်။ (ပြည်သူတို့ ၏ချစ်မြတ်နိုးမှုခံရသည့်အပြင် သူ့ကို ရန်သူများက ကြောက်ရွံ့ပြီး မဟာမိတ်များက ရိုသေလေးမြတ်ကြသည့်) နှစ်ပေါင်း ၅၀ ထိ အောင်မြင်စွာ အုပ်ချုပ်ခဲ့ပြီးနောက် အဲလ်ရာမန်က သူ့အသက်တာကို အလေးအနက် ပြန်သုံးသပ်ခဲ့သည်။ “စည်းစိမ်၊ ဂုဏ်သိက္ခာ၊ အာဏာနှင့် သာယာမှုတွေက ကျွန်ုပ်လက်ဖျောက်တီးမည့်အချိန်ကို စောင့်နေကြတယ်”ဟု သူ၏အခွင့်ထူးများကိုပြောပြပြီး စစ်မှန်သောပျော်ရွှင်မှု ခံစားခဲ့ရသည့် ရက်ပေါင်းကို ပြန်လည်ရေတွက်ကြည့်ရာ ၁၄ ရက်ခန့်သာရှိသည်ကို တွေ့ခဲ့ရသည်။ အဘယ်မျှ အလေးထားစဥ်းစားစရာ ကောင်းလိုက်သနည်း။
ဒေသနာကျမ်းရေးသားသူသည် အလွန်ချမ်းသာပြီး ဂုဏ်သရေရှိသူ (၂:၇-၉)၊ အာဏာရှိပြီး သာယာမှုများကိုပိုင်ဆိုင်သူ (၁:၁၂၊ ၂:၁-၃) ဖြစ်သည်။ သူ့အသက်တာအပေါ် ဆင်ခြင်သုံးသပ်ချက်ကလည်း အလားတူစဥ်းစားစရာပင်။ စည်းစိမ်ကြွယ်ဝခြင်းသည် ပို၍လိုချင်တပ်မက်စိတ်ကိုသာ ဖြစ်စေပြီး…