အမျိုးအစား  |  odb

မင်းက ဘာလဲ

ကျွန်မ၏ငါးနှစ်အရွယ် ကပြားဖြစ်သည့်သားလေးနှင့်အတူ ရေခဲမုန့်ဆိုင်သို့ဝင်သွားရာ၊ ကောင်တာရှိလူက ကျွန်မတို့ကိုကြည့်ပြီး ကျွန်မသားလေးကိုလည်း ငေးစိုက်ကြည့်ရင်း “မင်းက ဘာလဲ”ဟု မေးလိုက်သည်။

သူ၏မေးခွန်းနှင့်ရင့်သီးသောလေသံကြောင့် လူမျိုးရင်းတစ်မျိုးတည်းမဟုတ်ဘဲ အမေရိကန်-မက္ကစီကန် ကပြားအနေဖြင့် ကြီးပြင်း‌ခဲ့ရသည့် ကျွန်မ၏ရင်ထဲမှ မိမိနှင့် မစိမ်းသည့် ဒေါသနှင့်နာကျင်မှုကို ပြန်လည်ဖြစ်ပေါ်စေသည်။ သားလေး Xavier (စေဗီယာ)ကို ကျွန်မအပါးသို့ ဆွဲကပ်လိုက်ပြီး စတိုးဆိုင်ထဲဝင်လာသည့် လူမည်းအမျိုးသား ကျွန်မ၏ခင်ပွန်းကို လှမ်းကြည့်လိုက်သည်။ စတိုးဆိုင်စာရေးက မျက်မှောင်ကြုံ့ရင်း အော်ဒါများကို တိတ်ဆိတ်စွာ ထုပ်ပိုးပေးလိုက်သည်။

သားလေးက သူစားချင်သည့်ရေခဲမုန့်အရသာကို ပြောပြစဥ် ထိုသူအတွက် ကျွန်မစိတ်ထဲမှ ဆုတောင်းပေးနေခဲ့မိသည်။ ကျွန်မ၏ခါးသီးမှုအတွက် နောင်တရပြီး ခွင့်လွှတ်တတ်သည့်စိတ်နှလုံးကိုပေးရန် ဘုရားရှင်ထံ တောင်းခံခဲ့သည်။ အဖြူမဟုတ်သည့် ဖျော့တော့တော့ အသားရောင်ကြောင့် ကျွန်မမှာ နှစ်နှင့်ချီ၍ တူညီသည့်ထိုမေးခွန်း၊ ထိုမျက်စောင်းများ၏ပစ်မှတ်ဖြစ်ခဲ့သည်။ ဘုရားချစ်မြတ်နိုးသည့်ဘုရားသမီးအဖြစ် ကိုယ့်ကိုယ်ကိုယ် မည်သို့ တန်ဖိုးထားရမည်ကို စတင်သင်ယူချိန် မတိုင်မီက မလုံခြုံခြင်း၊ တန်ဖိုးမဲ့ခြင်း…

ကျွန်ုပ်သည် သူ၏လက်များ

Jia Haixia (ဂျားဟေစီရား)သည် ၂၀၀၀ ခုနှစ်တွင် အမြင်အာရုံဆုံးရှုံးခဲ့ရပြီး သူ၏သူငယ်ချင်း Jia Wengi (ဂျားဝမ်ဂီ)သည် ငယ်စဥ်ကတည်းက လက်မောင်းများ ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့သည် သူတို့၏မသန်စွမ်းပတ်ဝန်းကျင်၌ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ ဟေစီရား က “ငါက သူ့ရဲ့လက်၊ သူက ငါ့ရဲ့မျက်လုံး” ဟုပြောသည်။ သူတို့သည် တရုတ်ပြည်ရှိ သူတို့၏မွေးရပ်ရွာကို အတူတကွ တိုးတက်ပြောင်းလဲစေခဲ့သည်။

၂၀၀၂ ခုနှစ်ကတည်းကပင် သူငယ်ချင်းနှစ်ဦးသည် ၎င်းတို့၏အိမ်အနီးရှိမြေလွတ်မြေရိုင်းကို ပြန်လည်ဖော်ထုတ်ရန် ရည်မှန်းချက်ရှိခဲ့သည်။ ဝမ်ဂီ သည် နေ့စဥ် ဟေစီရား ကို ကျောပိုး၊ မြစ်ကိုဖြတ်ပြီး ထိုနေရာသို့ သွားသည်။ ဝမ်ဂီ က သူ့ ခြေထောက်ဖြင့် ဟေစီရားထံ ဂေါ်ပြားကို အရင်လှမ်းပေးပြီး ဟေစီရားက ဝမ်ဂီ ၏ ပါးနှင့်ပခုံးကြားတွင် ထိုးဝါးတစ်ချောင်းဆင်ပြီး ဝါးလုံးပေါ်၌ ရေပုံးတင်ပေးသည်။ တစ်ဉီးက…

ကျွန်ုပ်ဘာပြောသင့်သလဲ

စာအုပ်အဟောင်းဆိုင်တွင် “C. S. Lewis” (စီအက်စ် လူးဝစ်)ဟု ရေးထားသောစာအုပ်ပုံးကို လှန်လှောကြည့်ရန် ရပ်လိုက်ချိန်တွင် စာအုပ်ဆိုင်ပိုင်ရှင် ရောက်ရှိလာသည်။ ရရှိနိုင်သော စာအုပ်ခေါင်းစဥ်များအကြောင်းပြောရင်း လူးဝစ်၏ အရေးအသားများကို လှုံ့ဆော်ပေးသောယုံကြည်ခြင်းကို ထိုသူစိတ်ဝင်စားမည်လားဟု ကျွန်မအတွေးဝင်လျက် ဘုရားလမ်းပြရန် စိတ်ထဲမှ ဆုတောင်းခဲ့သည်။ ထို့နောက် အတ္ထုပ္ပတ္တိတစ်ခုမှ အချက်အလက်များ ခေါင်းထဲရောက်လာပြီး စီအက်စ် လူးဝစ်၏ စရိုက်သဘောက ဘုရားသခင်အား မည်ကဲ့သို့ပြညွှန်နေသည်ကို ကျွန်မတို့ဆွေးနွေး ဖြစ်ခဲ့သည်။ အဆုံးတွင် အလျင်အမြန်ဆုတောင်းချက်က ကျွန်မတို့၏စကားဝိုင်းကို ဝိညာဥ်ရေးရာအကြောင်းဆီသို့ တည့်မှတ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်မိသည်။

နေဟမိသည် ပါရှားဘုရင် အာတဇေရဇ် မင်းကြီးနှင့် စကားစမြည်ပြောရန် အရေးကြီးသောအခိုက်အတန့် မတိုင်မီ ခေတ္တရပ်လျက် ဆုတောင်းခဲ့သည်။ ယေရုရှလင်မြို့ ဖျက်ဆီးခံရ၍ စိတ်ညှိုးငယ်နေသော နေဟမိအား ဘုရင်က သူမည်သို့ ကူညီနိုင်မည်နည်းဟုမေးသည်။ နေဟမိသည် ဘုရင်၏အစေခံဖြစ်ပြီး တောင်းဆိုမှုပြုရန် အနေအထားမရှိသော်လည်း ကြီးကြီးမားမား တစ်စုံတစ်ရာ တောင်းဆိုစရာရှိသည်။…

အကျိုးရှိသော စောင့်ဆိုင်းခြင်း

တရားမမျှတသောအကြီးအကဲနှင့် အလုပ်ချိန်များသောအလုပ်၏ ဖိစီးမှုများကြောင့် ဂျိမ်းစ် အလုပ်ထွက်ချင်ခဲ့သည်။ သို့သော် ဇနီးသည်နှင့်ကလေးကို စောင့်ရှောက်ရမည်၊ အာမခံချေးငွေလည်း ဆပ်ရဦးမည်။ မည်သို့ပင်ဖြစ်ဖြစ် အလုပ်ထွက်ရန် သူသွေးဆောင်ခံရသည်။ သို့သော် သူ့ဇနီးက “တောင့်ခံပြီး ကျွန်မတို့ကို ဘုရားသခင် ဘာပြင်ဆင်ပေးမလဲဆိုတာကို ကြည့်ရအောင်” ဟုသတိပေးခဲ့သည်။

လများစွာကြာပြီးနောက် သူတို့ဆုတောင်းချက်များအဖြေရခဲ့သည်။ ဂျိမ်းစ် သည် သူနှစ်သက်ပြီး မိသားစုကို အချိန်ပိုပေးနိုင်သည့် အလုပ်သစ်ကို ရရှိခဲ့သည်။ “အဲ့ဒီလတွေဟာ ရှည်ကြာလွန်းတယ်။ ... ဒါပေမဲ့ သူ့အချိန်မှာ ဖွင့်ပေးတဲ့ ဘုရားရှင်ရဲ့အကြံအစည်ကို စောင့်ခဲ့ရတာ ကျွန်တော်ဝမ်းမြောက်တယ်” ဟုသူပြောပြသည်။

ဒုက္ခအလယ်၌ ဘုရားသခင်၏မစကူညီမှုကို စောင့်ဆိုင်းရန် ခက်လှပြီး မိမိ၏ ကိုယ်ပိုင်ဖြေရှင်းနည်းများကို ဦးစားပေးရှာရန် သွေးဆောင်ခံရနိုင်သည်။ ဣသရေလလူမျိုးများသည် ထိုသို့ပြုခဲ့သည်။ ရန်သူ၏ခြိမ်းခြောက်မှုအောက်တွင် ဘုရားသခင်ထံ လှည့်ပြန်မည့်အစား အီဂျစ်ပြည်မှ အကူအညီရှာခဲ့သည် (ဟေရှာ ၃၀:၂)။ သို့သော် သူတို့နောင်တရပြီး သူ့ကိုယုံကြည်ကိုးစားလျှင်…

သူရဲကောင်း၊ အာဏာရှင်နှင့် ယေရှု

Beethoven (ဘီသိုဗင်) စိတ်ဆိုးခဲ့သည်။ သူ၏တတိယမြောက် သံစုံတေးသွားကို “The Bonaparte” (ဗိုနာပါ့ထ်)ဟု အမည်ပေးရန် ရည်ရွယ်ခဲ့သည်။ ဘာသာရေးနှင့် နိုင်ငံရေး အာဏာရှင်ခေတ်တွင် သူက နပိုလီယံဗိုနာပါ့ထ်ကို ပြည်သူ့သူရဲကောင်း၊ လွတ်လပ်ရေးကို ရပ်တည်ကာကွယ်ပေးသူအဖြစ် ရှုမြင်ခဲ့သည်။ သို့သော် ထိုပြင်သစ် ဗိုလ်ချုပ်က သူ့ကိုယ်သူဧကရာဇ်ဟု ကြေညာလိုက်သောအခါ နာမည်ကြီး တေးရေးဆရာ စိတ်ပြောင်းသွားသည်။ သူ၏ယခင်သူရဲကောင်းကို ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ဟုရှုတ်ချကာ “Bonaparte” အမည်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ဖျက်ပစ်ရာ မူလတေးသွားသံပုံစာရွက်တွင် အပေါက်တစ်ပေါက် ကျန်ရစ်ခဲ့သည်။

ရှေးဦးခရစ်ယာန်တို့၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရန် မျှော်လင့်ချက် ပျက်ပြားသွားသောအခါ သူတို့စိတ်ပျက်ခဲ့ရသည်။ ကဲသာဘုရင်ကဲ့သို့ ကြီးမားသောအခွန် အတုတ်၊ စစ်တပ်၏လွှမ်းမိုးမှုနှင့် နိုင်လိုမင်းထက်ပြုမှု မရှိဘဲ ဘဝမျှော်လင့်ချက်ကို သခင်ယေရှုနှိုးဆွပေးခဲ့သည်။ သို့သော် ဆယ်စုနှစ်များစွာကြာသည့်တိုင် ရောမတို့ ကမ္ဘာကြီးကို အုပ်ချုပ်ဆဲဖြစ်ပြီး သခင်ယေရှု၏တမန်တို့သည် ကြောက်ရွံခြင်း၊ အားနည်းခြင်းနှင့် ကျန်ရစ်ခဲ့သည်။ သူ၏တပည့်တော်များသည်…

လိုအပ်နေသူများကို စောင့်ရှောက်ခြင်း

တံခါးလာခေါက်သဖြင့် Elvis Summers (အဲဗစ်စမ်းမား) တံခါးဖွင့်လိုက်ရာ ငွေသားနှင့်ပြန်ဖလှယ်ရန် သံဘူးအလွတ်များကို ပုံမှန်လာတောင်းတတ်သော ချည့်နဲ့နေသည့်အမျိုးသမီး Smokey (စမုတ်ကီ)ကိုတွေ့လိုက်ရသည်။ ဤငွေသည် သူမ၏အဓိကဝင်ငွေဖြစ်သည်။ အဲဗစ် စိတ်ကူးတစ်ခုရလိုက်ပြီး “အစ်မဘယ်မှာအိပ်လဲဆိုတာ ကျွန်တော့်ကိုပြနိုင်မလား” ဟုမေးရာ သူမက အိမ်တစ်အိမ်၏ဘေး ၂ ပေခန့် ကျယ် သော ဖုန်အလိမ်းလိမ်းနှင့် နေရာကျဥ်းကျဥ်းလေးသို့ သူ့ကိုခေါ်သွားသည်။ သနားကရုဏာစိတ်ဖြင့် သူမလုံခြုံစွာအိပ်စက်နိုင်ရန် ရိုးရှင်းသောခိုလှုံရာနေရာ အိမ်ငယ်လေးတစ်လုံးကို သူဆောက်ပေးခဲ့သည်။ အဲဗစ်သည် သူ့စိတ်ကူးအတိုင်းဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် “GoFundMe” (ကျွန်ုပ်ကိုထောက်ပံ့ပါ) အင်တာနက်ဝဘ်ဆိုဒ်ကို စတင်ခဲ့ပြီး အခြားအိမ်ယာမဲ့များအတွက် ခိုလှုံရာနေရာများဆောက်လုပ်နိုင်ရန် လိုအပ်သောမြေနေရာရရန် ဒေသခံအသင်းတော်များနှင့် ပူးပေါင်းခဲ့သည်။

သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဆင်းရဲနွမ်းပါးကာ လိုအပ်နေသူများကို ဂရုပြုဖေးမရန် ဘုရားသခင်၏လူများအား သတိပေးထားသည်။ ကတိထားရာပြည်သို့ဝင်ရောက်မည့် ဣသရေလလူမျိုးတို့ကို ပြင်ဆင်လျက် “သင်၏လက်ကို (ဆင်းရဲသူတို့)အဖို့ ကျယ်ကျယ်ဖွင့်၍ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်” (တရား ၁၅:၈)ဟု…

ခွန်အားကြီးမားသောရန်သူများမှ ကယ်တင်ခဲ့သည်

၂၀၁၀ ခုနှစ်၌ အသက် ၉၄ နှစ်အရွယ် George Vujnovich (ဂျော့ချ်ဗူနာဗစ်ချ်)အား ကြေးဝါကြယ်ပွင့်ကို ချီးမြှင့်ခဲ့သည်။ နယူးယောက်တိုင်းမ်စ် သတင်းစာက “ဒုတိယကမ္ဘာစစ်အတွင်း ကယ်ဆယ်ရေးအတွက် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းမှု” အတွက်ဟု ဖော်ပြခဲ့သည်။ ဗူနာဗစ်ချ်သည် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်သူ ဆားဘီးယားလူမျိုးတစ်ဉီး၏ သားဖြစ်ပြီး အမေရိကန် စစ်တပ်ထဲ ဝင်ခဲ့သည်။ ယူဂိုဆလားဗီးယား၌ အမေရိကန်လေတပ်မှလေယာဥ်မှူးများ သူပုန်များ၏ဝိုင်းရံ ဖမ်းဆီးခံထားရကြောင်း သတင်းရသောအခါ ဗူနာဗစ်ချ်သည် သူ့မိသားစု၏ဇာတိမြို့သို့ပြန်ကာ ၎င်းတို့ကိုခြေရာခံရန် လေထီးဖြင့် တောထဲခုန်ချခဲ့သည်။ စစ်သားများကို အဖွဲ့ငယ်များစွာ ခွဲကာ သူတို့အား (ဆားဘီးယားလူမျိုးကဲ့သို့ ဝတ်ဆင်၊ စားသောက်ကာ) ဆားဘီးယားတို့နှင့် မည်သို့သဟဇာတဖြစ်အောင် ရောနှောပေါင်းသင်း ရမည်ကို သင်ပေးခဲ့သည်။ လပေါင်းများစွာ ကြာပြီးနောက် လေယာဥ် ဆင်းသက်နိုင်အောင် သူတို့ရှင်းလင်းထားသည့် မြေတလင်းတွင် အသင့်စောင့်ဆိုင်းနေသော C-47 ပို့ဆောင်ရေးလေယာဥ်များဆီသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခေါ်ဆောင်သွားသည်။ ဗူနာဗစ်ချ် သည်…

ကြီးမားမြောက်များလှစွာသောလူထုကြီး

တနင်္ဂနွေနေ့မနက်၌ အတူတကွ ဝတ်ပြုကိုးကွယ်ရန် ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းအပြည့်နှင့် ဘုရားကျောင်းသို့ ကျွန်ုပ်တို့ရောက်လာခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် နေရာခြားပြီး ခပ်ကွာကွာနေရသော်လည်း ဂါဗင်နှင့် တီဂျာနာ တို့၏မင်္ဂလာပွဲကို ဆင်နွဲရန်အခွင့်ကို ရယူခဲ့ကြသည်။ နည်းပညာပိုင်းတွင် ပါရမီရှိသော အီရန်မိတ်ဆွေများက စပိန်၊ ပိုလန်၊ ဆားဘီးယားနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၌ ဖြန့်ကျက်နေထိုင်ကြသော သူငယ်ချင်းများ၊ မိသားစုဝင်များအတွက် မင်္ဂလာအခမ်းအနားကို ထုတ်လွှင့်ပြသပေးကြသည်။ ဆန်းသစ်‌ေသော နည်းပညာ သည် ကန့်သတ်မှုများကို ကျွန်ုပ်တို့ကျော်လွှားနိုင်အောင် ကူညီပေးပြီး လက်ထပ် ထိမ်းမြားခြင်းပဋိညာဥ်ပြုပွဲတွင် ရွှင်လန်းဝမ်းမြောက်ခဲ့ကြရသည်။ ဘုရားသခင်၏ ဝိညာဥ်တော်သည် ကျွန်ုပ်တို့အားလုံးကိုပေါင်းစည်းပေးပြီး ပျော်ရွှင်မှုကိုပေးပါသည်။

အံ့သြဖွယ် နိုင်ငံပေါင်းစုံမှဧည့်ပရိသတ်များ တက်ရောက်နိုင်သော ထိုတနင်္ဂနွေနေ့နံနက်ကား ကောင်းကင်နိုင်ငံတွင် တိုင်းနိုင်ငံများ၊ လူအမျိုးအနွယ်အသီးသီးနှင့် ဘာသာစကားမျိုးစုံပြောသူများ ဘုရားသခင်ရှေ့မှောက်ရပ်ချိန်တွင် ပေါ်ထွန်းမည့်ဘုန်းအသရေ တစ်စိတ်တစ်ဒေသကို ခံစားရစေသည် (ဗျာ ၇:၉)။ သခင်ချစ်သော တပည့်တော်ယောဟန်သည် ကြီးမားသောလူအစုအဝေးနှင့် စပ်လျဥ်း၍ ဖွင့်ပြခံရသည့်ရူပါရုံကို…

အတူနေထိုင်ပါ

ကြက်ပေါင်တစ်ချောင်းကြောင့် Dewberry နှစ်ခြင်းခရစ်ယာန်အသင်းတော်သည် ၁၈၀၀ ပြည့်နှစ်များတွင် ပြိုကွဲခဲ့သည်။ ဇာတ်လမ်းအမျိုးမျိုး ပြောကြသော်လည်း လက်ရှိအသင်းသားတစ်ဦး၏ ပြောပြချက်အရ ဘုရားကျောင်းမိတ်ဆုံစားပွဲတွင် နောက်ဆုံးကျန်သော ကြက်ပေါင်တစ်ချောင်းကို လူနှစ်ဦး လုရာမှစခဲ့သည်။ တစ်ဦးက ဘုရားသခင် သူ့ကို့စားစေချင်သည်ဟုပြောရာ၊ အခြားတစ်ယောက်က ဤကိစ္စကို ဘုရားသခင် အလေးမထားပါ။ သူသာ အမှန်တကယ် ကြက်ပေါင်စားချင်ကြောင်း ပြန်ပြောသည်။ ထိုလူနှစ်ဦးသည် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ တစ်ယောက်က တစ်လမ်းတည်းရှိ ၂ ကီလိုမီတာအကွာလောက်တွင် Dewberry အသင်းတော် အမှတ်-၂ ကို အစပြုခဲ့သည်။ အသင်းတော်နှစ်ပါးလုံးသည် သူတို့၏ ကွဲပြားခြားနားမှုများကိုဖြေရှင်းနိုင်ခဲ့ခြင်းက ကျေးဇူးတင်စရာဖြစ်ပြီး သူတို့ကွဲရသည့် အကြောင်းရင်းမှာ အဓိပ္ပာယ်မဲ့ပြီး ရယ်စရာဖြစ်ကြောင်း ပြောစမှတ်တွင်ခဲ့သည်။

၎င်းကို သခင်ယေရှု သဘောတူပါသည်။ သူအသတ်မခံရမီညက “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်း ဖြစ်စေခြင်းငှာ…

စုံလင်သောနာမည်

ပူနွေးစွတ်စိုသော သြဂုတ်လ ၁ ရက်တွင် ကျွန်တော့်ဇနီးသည် ကျွန်တော်တို့၏ ဒုတိယသားကို မွေးဖွားခဲ့သည်။ သားအတွက် နာမည်ရွေးပြီးအတည်ပြုရန် လုပ်နေရင်း သားလေးမှာ ခေါ်စရာနာမည် မရှိဖြစ်နေခဲ့သည်။ ရေခဲမုန့်ဆိုင်ထဲတွင် နာရီပေါင်းများစွာထိုင်၊ ကားအကြာကြီးပတ်မောင်းပြီး စဥ်းစားသော်လည်း မည်သို့နာမည်မှည့်ခေါ်ရမည်ကို မဆုံးဖြတ်နိုင်ခဲ့ပါ။ နောက်ဆုံး Micah (မိက္ခာ)ဟု နာမည်မမှည့်ခင် သုံးရက်လောက်အထိ “Baby Williams”ဟုသာ ရိုးရိုးပင်ခေါ်ဆိုခဲ့သည်။

သင့်လျော်သောနာမည်ရွေးချယ်ခြင်းသည် အနည်းငယ် စိတ်ရှုပ်စရာကောင်း နိုင်သည်။ သင်သာ အရာရာကို ထာဝရပြောင်းလဲစေမည့် သူတစ်ယောက်အတွက် ပြီးပြည့်စုံသည့် နာမည်ပေးခဲ့သူ ဘုရားသခင် ဖြစ်ခဲ့လျှင်တော့ စိတ်မရှုပ်ရတော့ပါ။ ရေဇိန်မင်းအား သူ့ယုံကြည်ခြင်းကိုခိုင်ခံ့စေရန်အတွက် “ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို” (ဟေရှာ ၇:၁၀-၁၁) တောင်းရန် ပရောဖက်ဟေရှာယအားဖြင့် ဘုရားရှင်မိန့်ကြားသည်။ ရေဇိန်မင်းကြီးသည် နိမိတ်လက္ခဏာတောင်းရန် ငြင်းဆန်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား နိမိတ်တစ်ခုပေးခဲ့သည်။ “သတို့သမီးကညာသည် ပဋိသန္ဓေယူ သားယောက်ျားကို ဘွားမြင်လတံ့။…