အမျိုးအစား  |  odb

ကောင်းမွန်စွာ အနားယူပါ

မနက် ၁ နာရီ ၅၅ မိနစ် အထိ ဖုန်းမှစာအပြန်အလှန်ပို့ကာ စကားပြောနေခြင်းကြောင့် ကျွန်မ အိပ်မပျော်နိုင်ပါ။ ခြံုထားသောစောင်ကို ဖယ်လိုက်ပြီး ဆိုဖာခုံသို့ ခြေဖွဖွနင်း လျှောက်သွားလိုက်သည်။ အိပ်ပျော်ရန် ဘာလုပ်ရမည်ကို Google (ဂူဂဲလ်)တွင် ရှာကြည့်လိုက်သောအခါ ညနေစောင်းတွင် တစ်ရေးမအိပ်ရ၊ ညနေပိုင်းတွင် ကဖိန်းဓာတ်ပါသည့်အရည်များ မသောက်ရ၊ လေ့ကျင့်ခန်းမလုပ်ရ စသည်ဖြင့် မလုပ်သင့်သောအချက်များကို တွေ့ခဲ့သည်။ ဆက်လက်ဖတ်ရှုသောအခါ ညဥ့်နက်ချိန်တွင် ဖုန်း၊ တီဗွီတို့ မကြည့်ရန် အကြံပြုထားသည်ကိုတွေ့လိုက်ရသည်။ ညဥ့်နက်ချိန်တွင် ဖုန်းမှ စာတိုပေးပို့ခြင်းသည် အိပ်ပျော်ရန် အထောက်အကူ မပြုပါ။ ကောင်းမွန်စွာအနားယူနိုင်ရန် 'ရှောင်ရမည့်အချက်များ' ရှိပါသည်။

ဓမ္မဟောင်းခေတ်က ဥပုသ်နေ့၌ အနားယူနိုင်ရန်အတွက် မလုပ်ရမည့်အရာများနှင့် ပတ်သက်၍ စည်းမျဥ်း စည်းကမ်းများကို ဘုရားသခင်က လက်ဆင့်ကမ်းပေးခဲ့သည်။ ဓမ္မသစ်ခေတ်တွင်မူ သခင်ယေရှုက နည်းလမ်းအသစ်ကိုပေးခဲ့သည်။ စည်းမျဥ်းများကို အလေးပေးမည့်အစား ယေရှုသည် တပည့်တော်များအား…

ကျွန်ုပ်တို့ခံစားရကြောင်း ဘုရားရှင်သိသည်

စီအယ်ရာ သည် မူးယစ်ဆေးစွဲနေသည့်သားကြောင့် ၀မ်းနည်းပြီး စိတ်ထိခိုက်ေနေသည်။ "ကျွန်မစိတ်မကောင်းဘူး။ ကျွန်မဆုတောင်းနေတုန်း မငိုဘဲမနေနိုင်တဲ့အတွက် ကျွန်မမှာ ယုံကြည်ခြင်းမရှိဘူးလို့ ဘုရားသခင်ထင်မှာလား" ဟုမေးသည်။

"ဘုရားသခင်ဘာတွေးနေလဲ ကျွန်မမသိဘူး။ ဒါပေမဲ့ ကိုယ်တော်က ခံစားချက်အစစ်အမှန်တွေကို နားလည်တယ်ဆိုတာ ကျွန်မသိတယ်"ဟု ကျွန်မပြန်ဖြေလိုက်သည်။ သူမ၏သားလွတ်မြောက်မှုအတွက် ကျွန်မတို့ တောင်းပန်ဆုတောင်းရင်း စီအယ်ရာ နှင့်အတူ ကျွန်မမျက်ရည်ကျခဲ့ရသည်။

နှုတ်ကပတ်တော်၌ ရုန်းကန်ရချိန်များ၌ ဘုရားသခင်နှင့်နပန်းသတ်ခဲ့သူများ အကြောင်း ဥပမာများစွာ ပါရှိသည်။ ဆာလံကျမ်း အခန်းကြီး ၄၂ ကို ရေးသားသူက အစဥ်အမြဲတန်ခိုးကြီးသည့် ဘုရားသခင်၏တည်ရှိမှုမျက်မှောက်တော်ကို ခံစားရရန် ပြင်းပြသောတောင့်တမှုကို ဖော်ပြထားသည်။ သူ၏မျက်ရည်နှင့် သူသည်းခံနေရသည့် ကြေကွဲမှုကြောင့် စိတ်ဓာတ်ကျမှုတို့ကို သူဝန်ခံခဲ့သည်။ ဘုရားသခင်၏ သစ္စာတည်မှုကို ပြန်လည်ဆင်ခြင်သောအခါ သူ၏အတွင်းစိတ် မတည်ငြိမ်မှုလျော့ကျသွားပြီး ချီးမွမ်းခြင်းများနှင့်ပြည့်လျှံသွားသည်။ သူ၏ 'စိတ်ဝိညာဉ်'ကို အားပေးရင်း ဆာလံဆရာက "ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏…

မည်သည့်အရာဖြစ်စေ

သောကြာနေ့ညနေတိုင်း ကျွန်တော့်မိသားစုကြည့်လေ့ရှိသည့် နိုင်ငံသတင်းတွင် စိတ်အားတက်ဖွယ်အဖြစ်အပျက်ကို အသားပေးဖော်ပြသည့် အစီအစဉ်ပါဝင်သည်။ ဤအစီအစဉ်က အခြားသတင်းများနှင့်မတူဘဲ အမြဲတမ်းအားပြည့်စေသည်။ မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် အစီအစဥ်ကောင်းတွင် ကိုဗစ်ကူးစက် ခံခဲ့ရသည့် သတင်းထောက်အကြောင်းကို အသားပေးထားသည်။ သူသည် အပြည့်အဝ ပြန်လည်ကျန်းမာလာပြီးနောက် ဗိုင်းရပ်စ်ကို တိုက်ထုတ်နေရသည့် အခြားသူများအတွက် အကူအညီဖြစ်ရန် သွေးရည်ကြည်လှူရန် သူဆုံးဖြတ်ခဲ့သည်။ ပဋိဇီဝပစ္စည်းများက မည်မျှထိရောက်မှုရှိသည်ကို ထိုအချိန်က အကဲဖြတ်အဖွဲ့မှ တပ်အပ်မပြောနိုင်ခဲ့သေးပါ။ သို့သော် လူအတော်များများက အကူအညီမဲ့နေသကဲ့သို့ ခံစားရချိန်၊ သူမအနေနှင့် မသက်မသာနှင့် အပ်မှတဆင့် သွေးရည်ကြည် လှူဒါန်းရမည်ဖြစ်၍ "ဒီအရာဟာ အလားအလာရှိတဲ့အောင်မြင်မှု အတွက် ပေးရတဲ့ မဆိုစလောက်ပေးဆပ်မှုတစ်ခု" ဟုသာမှတ်ယူခဲ့သည်။

ထိုသောကြာနေ့ ထုတ်လွှင့်မှုအစီအစဥ် အပြီးတွင် ကျွန်တော်နှင့် ကျွန်တော့်မိသားစု စိတ်အားတက်ကြွသလိုဖြစ်ပြီး၊ မျှော်လင့်ချက်အပြည့် ဖြစ်လာသည်ဟု ကျွန်တော်ပြောရဲပါသည်။ ၎င်းသည် ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၄ ၌ ရှင်ပေါလု…

လွတ်မြောက်မှုတွင် မြူးတူးဝမ်းမြောက်ခြင်း

တတိယမြောက်မျိုးဆက် လယ်သမားလေးဂျင်းမ်သည် ထာဝရအသက်ကို ပေးမည့် သခင်၏ကမ်းလှမ်းချက်ကို ဆုတောင်းလက်ခံခဲ့ပြီး "ငါ၏နာမတော် ကို ကြောက်ရွံ့သော ... သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်" (မာလ ၄:၂) ဟူသည့်ကျမ်းချက်ကို ဖတ်ရသောအခါ သူ အလွန်စိတ်လှုပ်ရှားဝမ်းမြောက်ခဲ့သည်။ သူ၏နွားများသည် ၎င်းတို့အား ပိတ်လှောင်ထားသည့်တင်းကုပ်မှ လျင်မြန်မြူးတူးစွာ ခုန်ပေါက်ထွက်သွားပုံကို သူရှင်းလင်းစွာ သတိရလျက် စစ်မှန်သော လွတ်မြောက်ခြင်းကိုပေးသည့် ဘုရားသခင်၏ကတိတော်ကို ဂျင်းမ် နောက်ဆုံးနားလည်ခဲ့သည်။

မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၄ ၌ ပရောဖက်မာလခိ ဖော်ပြထားသည့် ဘုရားသခင်ကိုကြည်ညိုပြီး အဆုံးတိုင်အောင် သစ္စာရှိသည့်လူစုနှင့် မိမိကိုယ့်ကိုသာ ကိုးစားသည့်လူစု၏ ခြားနားကွဲပြားမှု (မာလ ၄:၁-၂)ကို ကျွန်ုပ်တို့ဆွေးနွေးစဥ် ဂျင်းမ်၏သမီးက ဤအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ဘာသာရေး ခေါင်းဆောင်များအပါအဝင် ဣသရေလလူမျိုး အတော်များများက ဘုရားသခင် နှင့် သစ္စာရှိသောအသက်ရှင်မှုအတွက် ဘုရား၏ စံညွှန်းများကို…

နားလည်မှုလွဲခြင်း မရှိပါ

ခေတ်မီနည်းပညာသုံး Alexa (အဲလက်ဇာ)၊ Siri (စီရီ)နှင့် အခြားသော အသံပိုင်းဆိုင်ရာ အထောက်အကူများသည် ကျွန်ုပ်တို့ပြောသည့်အရာကို ရံဖန်ရံခါ နားလည်မှုလွဲကြသည်။ ၆ နှစ်သမီးလေးက မိသားစု၏ အထောက်အကူကိရိယာ အသစ်လေးနှင့် ကွက်ကီးမုန့်၊ အရုပ်အိမ် အကြောင်းများ ပြောဆိုမေးမြန်းခဲ့သည်။ နောက်ပိုင်းတွင် အော်ဒါတင်ထားသည့် ၇ ပေါင် လေးသောကွက်ကီးမုန့်များနှင့် ဒေါ်လာ (၁၇၀)တန် အရုပ်အိမ်ကို အိမ်သို့လာပို့ရန် လမ်းခုလတ်တွင် ရောက်နေပြီဖြစ်ကြောင်း အီးမေးလ်စာကို သူ့မိခင်မှ လက်ခံရရှိခဲ့သည်။ လန်ဒန်မြို့မှ စကားပြောတတ်သည့် ကြက်တူရွေးပိုင်ရှင်သည် အွန်လိုင်းမှမည်သည့်ပစ္စည်းမှ တစ်ခါမှမဝယ်ခဲ့ဖူးပါ။ သို့သော် သူမသိဘဲနှင့် ရွှေရောင်လက်ဆောင်ဗူးတစ်ထုပ်ကို မှာထားပြီးသား ဖြစ်နေသည်။ လူတစ်ယောက်က သူ့စက်ကို "ဧည့်ခန်းမီးတွေ ဖွင့်လိုက်ပါ"ဟု ပြောလိုက်ရာ "ပူတင်းမုန့်လုပ်တဲ့အခန်း မရှိပါဘူး"ဟု ထိုစက်က ပြန်ဖြေသည်။

ကျွန်ုပ်တို့ ဘုရားနှင့်စကားပြောသည့်အခါ သူ့အပိုင်းမှ ယခုကဲ့သို့ နားလည်မှုလွဲစရာမရှိပါ။ ဘုရားရှင်သည် ဘယ်တော့မှ…

အမှန်တရား၊ မုသားနှင့် မိမိသဘောအလျောက်စီရင်သူ

၂၀၁၈ ဘေ့စ်ဘောရာသီတွင် Chicago Cubs (ချီကာဂိုဝံပေါက်) အသင်း၏ နည်းပြသည် ကျင်းအနားထိုင်နေသည့် လူငယ်လေးထံ ဘေ့စ်ဘောဘောလုံးကို ပို့ပေးချင်ခဲ့သည်။ လူငယ်လေးထံချိန်ပြီး ဘောလုံးကို လွှဲရိုက်လိုက်သော်လည်း သူ့အစား လူတစ်ယောက်က ဖြတ်ပြီး ဘောလုံးကို ဖမ်းလိုက်သည်။ ထိုပွဲ၏ ဗီဒီယိုမှာ ဟိုးလေးတကျော်ဖြစ်သွားပြီး သတင်းဌာနနှင့် လူမှုကွန်ရက်မီဒီယာများမှ ထိုသူ၏ရိုင်းပျမှုကို ထိုးနှက်ခဲ့သည်။ ကြည့်ရှုသူများသည် ဖြစ်စဉ်အစအဆုံးကို မသိပါ။ စစခြင်းကတည်းက ထိုသူသည် လူငယ်လေး ပြစ်ဒဏ်ဘောရရန် ကူညီပေးခဲ့ပြီး သူတို့ထံလာသည့် မည်သည့် ထပ်ပေါင်းဘောလုံးမျိုးကိုမဆို အတူဖမ်းရန် သဘောတူခဲ့သည်။ အကြောင်းမလှစွာနှင့်ပင် ၂၄ နာရီလွန်သွားပြီးမှ အဖြစ်မှန် ပေါ်ပေါက်ခဲ့သည်။ သို့သော် ပရိသတ်ကြီးက အပြစ်ကင်းသူကို မကောင်းဆိုးဝါး ဖြစ်စေလျက် အဖြစ်မှန်ကို ဖျက်ဆီးပြီးခဲ့ပြီဖြစ်သည်။

မကြာခဏဆိုသလို မိမိ၌အချက်အလက်အချို့သာရှိနေချိန်တွင် အားလုံးရှိနေပြီဟု ကျွန်ုပ်တို့ထင်တတ်ကြသည်။ ခေတ်ကိုက 'မိပြီဟေ့' ဟုဖော်သည့်ခေတ်။ ဗီဒီယိုအပိုင်းအစနှင့် ဖောင်းပွနေသည့်…

မျှော်လင့်မထားသောဧည့်သည်

ဇက်သည် အထီးကျန်ဆန်စွာ တစ်ယောက်တည်းနေသူဖြစ်သည်။ မြို့လမ်းမပေါ် လျှောက်သွားပြီဆိုလျှင် လူတို့၏ရန်လိုသောအကြည့်များကို သူခံစားမိသည်။ သို့သော် သူ့ဘဝအလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်။ ဇက် သည် ကဲသရိပြည်ရှိ အသင်းတော်တစ်ပါး၏သင်းအုပ်၊ ထင်ရှားသောခရစ်ယာန်ခေါင်းဆောင် ဖြစ်လာသည်ဟု အသင်းတော်ခေါင်းဆောင် ဘုန်းတော်ကြီး Clement of Alexandria က ပြောခဲ့သည်။ မှန်ပါသည်။ ယေရှုရှင်ကိုမြင်နိုင်ရန် သင်္ဘောသဖန်းပင်ပေါ် တက်ခဲ့သော အခွန်ခံဇက္ခဲ အကြောင်း ပြောနေခြင်းဖြစ်သည် (လု ၁၉:၁-၁၀)။

သစ်ပင်ပေါ်သို့တက်ရန် မည်သည့်အရာက သူ့ကို လှုံ့ဆော်ပေးခဲ့ပါသနည်း။ အခွန်ခံများသည် ရောမအင်ပါယာအတွက် အမှုထမ်းသူဖြစ်ပြီး မိမိလူမျိုးအပေါ် အဆမတန်အခွန်ကောက်ခြင်းကြောင့် သူတို့ကို သစ္စာဖောက်အဖြစ် သတ်မှတ် ထားကြသည်။ သို့သော် သူတို့ကို ယေရှုလက်ခံခဲ့ကြောင်း ရာဇဝင်ရှိသည်။ ဇက္ခဲလည်း ယေရှုသူ့ကို လက်ခံပါ့မလား စဥ်းစားမိပေလိမ့်မည်။ အရပ်ကလည်း ပုသောကြောင့် လူအုပ်ကြီးကိုကျော်လွန်ပြီး ယေရှုရှင်ကို မမြင်ရပါ (:၃)။ ထို့ကြောင့် ယေရှုရှင်ကို…

သခင်ယေရှုအားဖြင့် မကျိုးပဲ့ မပျက်စီးနိုင်

Louis Zamperini (လူးဝစ်ဇန်ပါရီနီ)၏ စစ်လေယာဥ်သည် စစ်အတွင်း၌ ပင်လယ် ထဲသို့ ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်ရှိ လူ ၁၁ ဦးတွင် ၈ ဦး သေဆုံးခဲ့သည်။ လူးဝစ်နှင့် ကျန်လူနှစ်ဦးတို့သည် အသက်ကယ်ဖောင်ပေါ်သို့ ဖက်တွယ်ကုပ်တက်ခဲ့ကြ သည်။ ငါးမန်းရန်ကို ခုခံကာကွယ်လိုက်၊ မုန်တိုင်းထဲမျောပါလိုက်၊ ရန်သူ့ လေယာဥ်မှ ကျည်ဆံများကိုရှောင်လိုက်၊ ငါးနှင့်ငှက်များကို အစိမ်းစားလိုက်နှင့် ပင်လယ်ထဲတွင် ၂ လ ကြာမျှ မျောနေခဲ့သည်။ နောက်ဆုံးကျွန်းတစ်ကျွန်း၌ ကမ်းတင်သွားပြီး ချက်ချင်းအဖမ်းခံလိုက်ရသည်။ ၂ နှစ်နီးပါးမျှ အရိုက်ခံရ၊ ညှဥ်းပမ်း နှိပ်စက်ခံရကာ စစ်သုံ့ပန်းအဖြစ် မညှာမတာ အလုပ်လုပ်ခဲ့ရသည်။ မှတ်သားဖွယ် သူ့အဖြစ်အပျက် များကို Unbroken (မကျိုးပဲ့ မပျက်စီးနိုင်) စာအုပ်တွင် ဖော်ပြထားပါသည်။

ယေရမိသည်လည်း ကျမ်းစာထဲရှိ မပြိုလဲမပျက်စီးသွားသောဇာတ်ကောင်များထဲမှ တစ်ဉီးဖြစ်သည်။ ရန်သူ၏လုပ်ကြံမှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး (ယေ ၁၁:၁၈)…

ခရစ်တော်၏အမွေးအကြိုင်

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် လိုမီးတာမြို့အနီးတွင် နေထိုင်သည့် ကျွန်တော့်အသိ လယ်ပိုင်ရှင်တစ်ဦးရှိသည်။ သူ့မြေးလေးနှစ်ယောက်မှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သည်။ မြို့ထဲသို့ သူနှင့်အတူလိုက်သွားပြီး သူ့အသိမိတ်ဆွေများနှင့် ရပ်ကာ စကားစမြည်ပြောလျှင်လည်း ကျွန်တော်က အနောက်မှတစ်ကောက်ကောက် လိုက်လေ့ရှိသည်။ ဘကြီးက ထိုသူတို့ကို နာမည်နှင့်တကွ သိသလို သူတို့အကြောင်းကိုလည်း သိသည်။ ဟိုဒီဝင်လိုက် နားလိုက်နှင့် နေထိုင်မကောင်းသောကလေးကို သတင်းမေးသည်။ အိမ်ထောင်ရေး ပြဿနာရှိသူများကို မေးမြန်းပြီး အားပေးစကား တစ်ခွန်းစနှစ်ခွန်းစ ပြောပေးသည်။ အကြောင်းသင့်ပါက ကျမ်းပိုဒ်များကိုလည်း ဝေငှပြီး ဆုပါတောင်းပေးလိုက် သေးသည်။ ထိုဘကြီးကို ကျွန်တော့်မေ့နိုင်မည် မဟုတ်ပါ။ သူသည် တစ်မူထူးသူဖြစ်သည်။ သူ့ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သူ့ကိုမှ ဖိအားမပေးသော်လည်း ထိုယုံကြည်ခြင်းကိုတော့ သူတို့နှင့် ချန်ထားလေ့ရှိသည်။

ထိုလယ်ပိုင်ရှင်ဘကြီးထံတွင် ရှင်ပေါလုခေါ်တွင်ထားသည့် "ခရစ်တော်၏ အမွေးအကြိုင်" ကို တွေ့ရပါသည် (၂ ကော ၂:၁၅)။ "ထိုသခင်(ခရစ်တော်)ကို သိခြင်း၏အမွေးအကြိုင်"ကို…

ခြံစည်းရိုးကို ရွှေ့လိုက်ပါ

ကျေးရွာဘုန်းတော်ကြီးသည် မအိပ်နိုင်ပါ။ ဒုတိယကမ္ဘာစစ် အရှိန်ကောင်းနေစဥ်တွင် ဘုရားကျောင်းနှင့်ကပ်လျက် ခြံစည်းရိုးခတ်ထားသည့်သင်္ချိုင်းတွင် ကျဆုံးသွားသောရဲဘော်များကို မြေမြှုပ်သင်္ဂြုလ်ခွင့်မပြုနိုင်ကြောင်း အမေရိကန် စစ်သားအဖွဲ့လေးအား သူပြောခဲ့သည်။ အသင်းသားများကိုသာ သီးသန့် မြှုပ်နှံရန်အတွက် ဖြစ်သောကြောင့်ပါ။ ဤသို့ဖြင့် စစ်သားများသည် သူတို့ ချစ်ရသော သူငယ်ချင်းများကို ခြံစည်းရိုးအပြင်ဘက်တွင် မြှုပ်နှံခဲ့ကြသည်။

နောက်နေ့မနက်တွင် စစ်သားများက အုတ်ဂူများကို ရှာမတွေ့သဖြင့် "ဘာဖြစ်သွားတာလဲ။ အုတ်ဂူတွေ မရှိတော့ဘူး" ဟုသင်းအုပ်ဆရာကိုပြောရာ၊ ဆရာက "အို အဲ့ဒီမှာပဲ ရှိပါသေးတယ်" ဟုပြောသဖြင့် သူတို့တွေဝေသွားသည်။ ထိုအခါ ဆရာက "ငါငြင်းခဲ့မိလို့ စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့် မနေ့ညက ထပြီး ခြံစည်းရိုးကိုရွှေ့လိုက်တာ" ဟုရှင်းပြလိုက်သည်။

ကျွန်ုပ်တို့ရှာဖွေကြည့်ပါလျှင် ဘုရားသခင်သည် ဘဝ၏စိန်ခေါ်မှုများကို အမြင်ရှုထောင့်အသစ်တစ်မျိုးဖြင့် မြင်စေပါသည်။ ၎င်းသည် ပရောဖက် ဟေရှာယက တန်ခိုးအာဏာဖြင့် အဖိနှိပ်ခံနေရသော ဣသရေလလူမျိုးများကို ပေးခဲ့သော သတင်းစကားဖြစ်သည်။ ပင်လယ်နီတွင် ကယ်တင်ပေးခဲ့သောအမှုကို…