ဘက်လိုက်ခြင်းနှင့် ခွင့်လွှတ်ခြင်း
တရားမမျှတမှုကို ပြုပြင်သည့်အကြောင်း တရားဟောချက်ကိုကြားရပြီးနောက် အသင်းသားတစ်ဦးသည် သင်းအုပ်ထံသို့ ငိုကြွေးလျက်ချဥ်းကပ်လာပြီး အကျိုး အကြောင်းပေါ်အခြေမခံဘဲ သူ၏ကိုယ်ပိုင်ဘက်လိုက်ယူဆချက်အရ လူမည်း ဓမ္မဆရာအား သူတို့ဘုရားကျောင်း၏သင်းအုပ်အဖြစ် ခန့်အပ်ခြင်းကို မထောက်ခံ ခဲ့ကြောင်းဝန်ခံပြီး "ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ဖို့ တကယ့်ကို လိုအပ်တယ်။ အယူဝါဒစွဲတွေ၊ လူမျိုးစွဲ စိတ်ဓာတ်တွေ ကျွန်တော့် ကလေးတွေဆီ ကူးစက်သွားမှာ ကျွန်တော်မလိုလားဘူး။ ခင်ဗျားကို ကျွန်တော်မဲမပေးခဲ့ဘူး။ ကျွန်တော်မှားခဲ့ ပါတယ်"ဟု ခွင့်လွှတ်မှုကို တောင်းခံသည်။ သူ့မျက်ရည်များနှင့် ဝန်ချတောင်းပန်ခြင်း တို့သည် ထိုဓမ္မဆရာကို မျက်ရည်ကျစေပြီး သူ့ကို ခွင့်လွှတ်ခဲ့ပါသည်။ တစ်ပတ် အကြာတွင် ထိုသူ၏နှလုံးသားတွင် ဘုရားရှင် မည်သို့အလုပ်လုပ်ခဲ့ကြောင်း သက်သေခံချက်ကို ကြားရသည့် အသင်းတော်တစ်ခုလုံး ဝမ်းမြောက်ခဲ့သည်။
ယေရှု၏တပည့်တော်နှင့် ကနဦးအသင်းတော်ခေါင်းဆောင် ပေတရုသည် ယုဒလူ မဟုတ်သူများအပေါ် မလိုမုန်းထားစိတ်ရှိနေသောကြောင့် သွန်သင်ခြင်း ခံခဲ့ရသည်။ သန့်ရှင်းခြင်းမရှိသူများဟု သတ်မှတ်ခံရသည့် တစ်ပါးအမျိုးသားများနှင့်အတူစားသောက်ခြင်းသည်…
ဘဝမုန်တိုင်းများအတွက် လမ်းပြမှု
၁၉၉၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် John F. Kennedy Jr. (ဂျွန်အက်ဖ်ကနေဒီ ဂျူနီယာ) မောင်းနှင်လာသော လေယာဥ်ငယ်သည် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့သည်။ စုံစမ်းစစ်ဆေးသူများက ဤမတော်တဆမှုသည် ဖြစ်လေ့ရှိသည့် Spatial disorientation ချို့ယွင်းချက် (ထောင့်ချိုး၊ အမြင့်နှင့် အမြန်နှုန်းကို မဆံုးဖြတ်နိုင်ခြင်း)ကြောင့်ဟု အတည်ပြုခဲ့ကြသည်။ ရှေ့ကို ရှင်းလင်းစွာ မမြင်ရသော အခါ လေယာဥ်မှူးများသည် လမ်းလွဲသွားကာ ဦးတည်ရာကို အောင်မြင်စွာ ပို့ဆောင် ပေးမည့်ကိရိယာများအပေါ်အမှီပြုရန် မေ့သွားသောအခါ ဖြစ်တတ်သည်။
ဘဝရှင်သန်ရာ၌ မကြာခဏဆိုသလို စိုးရိမ်စရာများ အလွန်အမင်း လွှမ်းမိုး လာသောအခါ စိတ်ရှုပ်ထွေးပြီး လမ်းပျောက်တတ်ကြပါသည်။ ကင်ဆာရောဂါ၊ ချစ်ရသူများ ကွယ်လွန်သွားခြင်း၊ မိတ်ဆွေ၏ သစ္စာဖောက်မှု အစရှိသည့် ဘဝ၏ ထင်မှတ်မထားသော အဖြစ်ဆိုးများကြောင့် ကျွန်ုပ်တို့လမ်းစပျောက်ပြီး ရှုပ်ထွေးမှု များကို ခံစားရပါသည်။
ထိုသို့သော…
စိတ်ချမှုအပြည့်ရှိသောဆုတောင်းချက်
ရစ်ချတ်နှင့် စူစန်တို့သည် ကလေးရရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ပြီးနောက် စူစန်ကိုယ်ဝန်လွယ်ရသောအခါ အလွန်၀မ်းမြောက်ခဲ့ကြသည်။ သို့သော် သူမ၏ ကျန်းမာရေးအခြေအနေအရ ကလေးအသက်စိုးရိမ်ရသဖြင့် ဇနီးသည်နှင့် ကလေးအတွက် ရစ်ချတ် ညတိုင်းဆုတောင်းခဲ့သည်။ တစ်ညတွင် ဘုရားသခင်က အရာရာကို ဂရုစိုက်ကာ စောင်မနေမည်ဟု ကတိတော်ရှိသည့်အတွက် ယခုကဲ့သို့ အပူတပြင်းဆုတောင်းရန်မလိုဟု သူခံစားမိသည်။ သို့သော် တစ်ပတ်အကြာတွင် စူစန် ကိုယ်ဝန်ပျက်ကျသွားသည်။ ရစ်ချတ်လည်း ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရပြီး ပြင်းထန်စွာဆုမတောင်းခဲ့၍ ကလေးကို ဆုံးရှုံးခဲ့ရလေသလားဟု သူတွေးမိသည်။
ယနေ့ဖတ်ရန်ကျမ်းချက်ကို ပထမဆုံးဖတ်လိုက်သည်နှင့် ပုံဥပမာလေးက ထိုအတွေးကို ဆိုလိုသည်ဟု ထင်မှတ်မိလိမ့်မည်။ ပံုပြင်ထဲ၌ စိတ်ညစ်ရလောက်အောင် ဆက်တိုက် အကူအညီတောင်းနေသောမိတ်ဆွေကြောင့် အိမ်နီးချင်းသည် အိပ်ရာ မှထခဲ့ခြင်းသာဖြစ်သည် (လု ၁၁:၅-၈) (ထိုအိမ်နီးချင်းသည် ဘုရားသခင်ကို ရည်ညွှန်း သည်ဟု တစ်ခါတစ်ရံ ယူဆသည်)။ ကျွန်ုပ်တို့တကျည်ကျည်တောင်းမှ လိုရာများကိုဘုရားသခင်ပေးမည်၊ ကျွန်ုပ်တို့ လုံလောက်စွာကြိုးစားပြီး ဆုမတောင်းလျှင်…
နားထောင်ပြီး သင်ယူပါ။
လမ်းတစ်ဘက်ရှိအိမ်၌ အိမ်ပိုင်ရှင်သည် ကြီးမားသောလင်းယုန်ကြီးပါသည့် အမေရိကန်နိုင်ငံအလံကို သူ၏ခြံဝင်းထဲတွင် စိုက်ထူထားသည်။ ကားဝင်သည့် လမ်းတွင်လည်း ထရပ်ကားကြီးတစ်စီး ရပ်ထားသည်။ ကားဘေး ပြတင်းပေါက်ကို အလံပုံဆေးရောင်ခြယ်ထားပြီး ကားနောက်ဘန်ပါ၌လည်း မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်သောစတစ်ကာများက အပြည့်ကပ်ထားသည်။ လမ်းမျက်စောင်းထိုးရှိ အိမ်နီးချင်း၏ခြံဝင်းထဲ၌မူ သတင်းတွင်ပါသော လက်တလော တရားမျှတမှုနှင့် ဆိုင်သော ကြွေးကြော်သံဆောင်ပုဒ်များကို မီးမောင်းထိုးပြသည်။
ထိုအိမ်မှလူများသည် ကမ္ဘာ့ရန်သူလား၊ မိတ်ဆွေလား။ ထိုမိသားစုနှစ်စုလုံး သည် ယုံကြည်သူများရော ဖြစ်နိုင်မလား။ "ခပ်သိမ်းသောသူတို့သည် နားကြား ခြင်းငှာ လျင်မြန်စေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာ လည်းကောင်း နှေးကြစေ" (ယာ ၁:၁၉) ဆိုသည့်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်ရန် ဘုရားသခင် မှာကြားခဲ့သည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့သည် ခေါင်းမာစွာနှင့် မိမိထင်မြင်ချက်များကို စွဲကိုင်ထားတတ်ကြပြီး အခြားသူများ၏အတွေးကို ထည့်သွင်းစဥ်းစားရန် ဆန္ဒမရှိကြပေ။ Matthew Henry ၏အနက်ဖွင့်ကျမ်း တွင် "ကျွန်ုပ်တို့သည်…
ဘုရားသခင်ကိုတောင့်တခြင်း
ကော်နာ နှင့် စာရာစမစ် တို့သည် လမ်းမကြီးမှ အထက်ပိုင်း ၅ မိုင်အကွာရှိနေရာသို့ ပြောင်းသွားသောအခါ သူတို့၏ကြောင် စမိုးစ် သည် ထိုနေရာကို မနှစ်သက် ကြောင်း အိမ်မှထွက်ပြေးခြင်းဖြင့် ဖော်ပြခဲ့သည်။ တနေ့တွင် စာရာက သူတို့ယခင် အိမ်ပုံကို လူမှုကွန်ယက်တွင်တွေ့လိုက်ပြီး ဓာတ်ပုံထဲ၌ စမိုးစ် လည်း ပါနေသည်။
ဝမ်းမြောက်ဝမ်းသာစွာဖြင့် စမစ်တို့ဇနီးမောင်နှံသည် ကြောင်လေးကိုပြန်ရှာ တွေ့ခဲ့သည်။ သို့သော် စမိုးစ် သည် တစ်ဖန် ထွက်ပြေးပြန်သည်။ သူဘယ်ကို သွားသနည်း။ ဤတစ်ကြိမ်တွင် ထိုအိမ်ကို ဝယ်လိုက်သည့်မိသားစုက စမိုးစ် လေး ကိုလည်း ဆက်လက် လက်ခံထားရန် သဘောတူခဲ့သည်။ စမိုးစ် လေး "အိမ်"သို့ အမြဲပြန်နေသည့် ရှောင်လွဲမရသည့်ကိစ္စကို စမစ် တို့ မဟန့်တားနိုင်ခဲ့ပါ။
နေဟမိသည် ရှုရှပြည်ရှိ ဘုရင့်နန်းတော်တွင် ရာထူးဂုဏ်ရှိန်မြင့်မြင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်…
သခင်ယေရှု ကျွန်ုပ်တို့ကိုပြန်လည်ဖြစ်တည်စေသည်
ဆမ်သည်ဘာအမှားမျှမလုပ်ခဲ့သော်လည်း ကားထုတ်လုပ်တပ်ဆင်သည့်အလုပ်မှ အလုပ်ပြုတ်ခဲ့သည်။ အခြားဌာန၏ပေါ့ဆမှုကြောင့် သူတို့တပ်ဆင်သည့်ကားများ၌ ပြဿနာဖြစ်ခဲ့သည်။ ယာဥ်တိုက်မှုသတင်းများစွာကြောင့် သတိပြုမိသည့် ဝယ်ယူ သူများသည် သူတို့ကုမ္ပဏီထုတ် ကားကို မဝယ်ကြတော့ပါ။ ဆမ်သည် ကုမ္ပဏီမှ လုပ်သားလျော့ချမှုထဲ ပါခဲ့ပြီး ချေးငွေအတွက် သူအာမခံထားသောပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် တရားမျှတမှု မရှိပါ။ ဘယ်တော့မှရှိလာမည်မဟုတ်ပါ။
လောကသို့ ပထမဦးဆုံးသောအပြစ်ဝင်ရောက်ပြီးနောက် ချက်ချင်းဆိုသလို သမိုင်း၏ပထမဦးဆုံးသော အာမခံပျက်စီးသွားခဲ့သည်။ အာဒံနှင့်ဧဝသည် သူတို့ အဝတ်အချည်းစည်းနှင့် ရှက်ရွံ့ခဲ့ရသောကြောင့် ဘုရားသခင်သည် ကရုဏာ အပြည့်ဖြင့် လူလင်မယားဖို့ သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံ စေတော်မူခဲ့သည် (က ၃:၂၁)။ တွေးကြည့်ယုံနှင့်ပင် နာကျင်ရသည်။ ဧဒင်ဥယျာဥ်ထဲတွင် ဘေးကင်း လုံခြုံခဲ့သော တိရစ္ဆာန်တစ်ကောင် (သို့) အများအပြားသည် ယခုအခါ သတ်ဖြတ် ခံရပြီး အရေဆုတ်ခံရလေပြီ။
နောက်ထပ်ဖြစ်သောအရာများစွာ ရှိသေးသည်။ ဘုရားရှင်သည် ဣသရေလ…
ပူဆွေးခြင်းထဲမှ မျှော်လင့်ရာ
လန်ဒန်မြို့ ဟီးသရိုး လေဆိပ်သို့ တက္ကစီစီးပြီးသွားခဲ့စဥ် ယာဥ်မောင်းက သူ အကြောင်း ပြောပြသည်။ စစ်ဘေးနှင့်ဆင်းရဲနွမ်းပါးမှုဘေးမှ လွတ်မြောက်ရေး အတွက် အသက် ၁၅နှစ်အရွယ်တွင် United Kingdom သို့ သူတစ်ကိုယ်တည်း ရောက်ရှိခဲ့သည်။ ယခု ၁၁ နှစ်အကြာတွင် သူ့မိသားစုလေးရှိလာပြီး မိသားစုကို ထောက်ပံ့နိုင်ပြီဖြစ်သည်။ သူ့တိုင်းပြည်၌ဆိုလျှင် ထိုသို့ မဖြစ်နိုင်ပါ။ သို့သော် မိဘ မောင်နှမများနှင့် ခွဲခွာခဲ့ရ၍ ဝမ်းနည်းရကြောင်းဆိုသည်။ သူ့မိသားစုနှင့် ပြန်လည် မဆုံစည်းမချင်း ခက်ခဲသော မဆုံးသောခရီးကိုနှင်ခဲ့ရကြောင်း ပြောပါသည်။
ဤဘဝ၌ မိမိချစ်မြတ်နိုးရသူများနှင့် ကွဲကွာရခြင်းမှာ ခက်ခဲပါသည်။ သို့သော် ချစ်ခင်သူများနှင့် သေကွဲကွဲရခြင်းက ပိုခက်ခဲပြီး သူတို့နှင့်ပြန်လည် မပေါင်းစည်းမချင်း ဆုံးရှုံးလိုက်ရသည့်ခံစားမှုက သက်သာလိမ့်မည်မဟုတ်ပါ။ သက်သာလောနိတ်မြို့မှ အသစ်သောယုံကြည်သူများသည် ထိုသို့သောဆုံးရှုံးမှုများနှင့်စပ်လျဥ်း၍ ဇဝေဇဝါဖြစ်ကြသောအခါ ရှင်ပေါလုက "ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည်…
အမှန်တရားရောနှောသည့် မုသားများ
သမ္မာကျမ်းစာအုပ်ကို ပလ္လင်ပေါ်တွင်တင်လိုက်ပြီး ဆုတောင်းခြင်းဖြင့် ပြင်ဆင်လာသည့် ဒေသနာကို စတင်ဟောကြားရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော ပရိသတ်မျက်နှာကို ကျွန်မလှမ်းကြည့်လိုက်သည်။ အဘယ်ကြောင့် ကျွန်မ မပြောနိုင်ဖြစ်နေရသနည်း။
"ဟောပြောတဲ့အလုပ်က မင်းနဲ့မတန်ဘူး။ ဘယ်သူမှ မင်းစကားနားထောင်မှာ မဟုတ်၊ အထူးသဖြင့် မင်းနောက်ကြောင်းကို လူတွေသိသွားရင်ပေါ့။ မင်းကို ဘုရားသခင် သုံးမှာမဟုတ်ဘူး။" စသည့်မုသားစကားများကို ကျွန်မအယုံလွယ်၍ ဆယ်နှစ်ကြာမျှ ၎င်းတို့သည် နည်းမျိုးစုံဖြင့် ကျွန်မ၏စိတ်နှလုံးထဲသို့ဝင်ရောက် လောင်မြိုက်ခဲ့သည်။ မမှန်ကြောင်းသိသော်လည်း စိတ်မလုံခြုံခြင်း၊ ကြောက်ရွံ့ခြင်း မှ ကျွန်မ မရုန်းထွက်နိုင်ခဲ့ပါ။ သို့နှင့် ကျွန်မ သမ္မာကျမ်းစာအုပ်ကို ဖွင့်လိုက်သည်။
သုတ္တံကျမ်း ၃၀:၅ သို့ လှန်လိုက်ပြီး ဖြည်းညင်းစွာ အသက်ရှုသွင်းရှုထုတ်ပြုကာ "ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်း တို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏" ဟုအသံကျယ်ကျယ်ဖြင့် ဖတ်လိုက်သည်။ ကျွန်မမျက်လုံးကို မှိတ်လိုက်သောအခါ ကျွန်မအား ငြိမ်သက်ခြင်း လွှမ်းခြုံသွားသလိုခံစားရပြီး…
ဘုရားသခင်၏ကျေးဇူးတော်၌ ကြီးထွားခြင်း
အင်္ဂလိပ်တရားဟောဆရာကြီး Charles H. Spurgeon (ချားလ်စ် အိတ်ချ် စပါဂျင်) (၁၈၃၄-၁၈၉၂)သည် လူ့လောကတွင် "အစွမ်းရှိသ၍ အပြည့်အဝ" အသက်ရှင်သွားခဲ့သည်။ အသက် ၁၉ နှစ်တွင် သင်းအုပ်တစ်ဦးဖြစ်လာပြီး မကြာမီတွင် လူအုပ်ကြီးကို စတင်တရားဟောသည်။ သူကိုယ်တိုင်တည်းဖြတ်သော သူ၏ တရားဟောချက်များမှာ အတွဲ ၆၃ တွဲမျှရှိသည်။ သမ္မာကျမ်းစာ အနက်ဖွင့်ကျမ်းများ၊ ဆုတောင်းခြင်းစာအုပ်များနှင့် အခြားစာအုပ်များစွာကို ရေးသားခဲ့သည်။ တစ်ပတ်လျှင် စာအုပ် ၆ အုပ် ပုံမှန်ဖတ်လေ့ရှိသည်။ သူ၏ဒေသနာတစ်ခုတွင် စပါဂျင် က "ဘာမှ မလုပ်ဘဲ ငြိမ်နေခြင်းဟာ အကြီးဆုံးသောအပြစ် ဖြစ်တယ်။ အဲဒီထဲမှာ အပြစ် များစွာ ပါဝင်နေတယ်။ အလုပ်မရှိဘဲ အလဟဿနေနေတာက ဆိုးဝါးလိုက်တာ။ ကျွန်ုပ်တို့ကို အဲဒီအခြေအနေကနေ ဘုရားရှင်ကယ်နှုတ်ခဲ့တယ်" ဟုပြောခဲ့သည်။
ချားလ်စ်စပါဂျင် သည် ဘုရားသခင်၏ကျေးဇူးတော်၌ တည်လျက်တိုးပွားရန်၊ ကိုယ်တော်အတွက် အသက်ရှင်ရန်…
ဟန့်တားခံရသောဆုတောင်းချက်များ
၁၄ နှစ်တာကာလအတွင်း အင်္ဂါဂြိုဟ်သို့လွှတ်တင်ခဲ့သော "Opportunity" (အော်ပိုကျူနတီ) ယာဉ်ငယ်လေးမှ မြေပြင်ပေါ်ရှိ နာဆာအာကာသစခန်း ဓာတ်ခွဲ ခန်းသို့ သတင်းအချက်အလက်များကို ပို့ပေးခဲ့သည်။ ၂၀၀၄ ခုနှစ် အင်္ဂါဂြိုဟ် ပေါ် သို့ ဆင်းသက်ပြီးနောက် ၂၈ မိုင်ရှည်လျားသောခရီးကို ဖြတ်သန်းပြီး Martian (မာရှန်) မျက်နှာပြင်၏ ပုံရိပ်ထောင်ပေါင်းများစွာကို ပို့ပေးခဲ့ပြီး လေ့လာဆန်းစစ် ခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် ပြင်းထန်သောသဲမုန်တိုင်း တိုက်ခတ်မှုကြောင့် အော်ပိုကျူနတီယာဉ်၏ နေစွမ်းအင် အာရုံခံကရိယာကို သဲများဖုံးသွားပြီး စွမ်းအင်ကျဆင်းသွားသဖြင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်။
ဖုံမှုန့်ဖြင့် ကမ္ဘာ့အပြင်ဘက်ရှိ ပုဂ္ဂိုလ်တစ်ပါးနှင့် ဆက်သွယ်မှု ပြတ်တောက် အောင် လုပ်ဆောင်နိုင်စွမ်းရှိပါသလား။ ဆုတောင်းလျက် ဘုရားသခင်နှင့် ကျွန်ုပ်တို့ဆက်သွယ်သည့်အခါ ကြားဖြတ်၍ ဝင်လာနိုင်သောအရာများ ရှိပါသည်။
အပြစ်ဒုစရိုက်က ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ဆက်သွယ်မှုကို ပြတ်တောက် စေနိုင်ကြောင်း သမ္မာကျမ်းမှ ပြောကြားထားသည်။…