အမျှော်အမြင်ရှိသည့် တည်ဆောက်သူ
မွေးနာမည် Isabella Baumfree အမည်ရှိသူ Sojourner Truth (အမှန်တရားအာဂန္တု) သည် ၁၇၉၇ ခုနှစ် အမေရိကန်ပြည်၊ နယူးယောက်ရှိ Esopus တွင် ကျွန်အဖြစ်မွေးဖွားခဲ့သည်။ သူမ၏ကလေး အားလုံးနီးပါးမှာ ကျွန်အဖြစ်ရောင်းစားခံခဲ့ရသော်လည်း ၁၈၂၆ ခုနှစ်တွင် သမီးတစ်ယောက်နှင့်အတူ ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ပြီး သူတို့လွတ်ငြိမ်းချမ်းသာခွင့်အတွက် ငွေချေပေးခဲ့သည့် မိသားစု နှင့်အတူနေထိုင်ခဲ့သည်။ သူမမိသားစုကို တကွဲတပြားဖြစ်စေသော၊ တရားမျှတမှု မရှိသောစနစ်ကို အခွင့်ပေးခြင်းထက် ဥပဒေအရ သူမ၏သားလေးပီတာကို ပြန်လည်ရရှိရန်ကြိုးပမ်းခဲ့သည်။ ၎င်းသည် ထိုခေတ်အချိန်က အာဖရိကန်-အမေရိကန် အမျိုးသမီးတစ်ဦးအတွက် အံ့သြဖွယ် လုပ်ရပ်တစ်ခုပင်။ ဘုရား အကူအညီမပါဘဲ ကလေးကို မပြုစုမပျိုးထောင်နိုင်မှန်း သူမ သိသောကြောင့် ခရစ်တော်ကို သက်ဝင်ယုံကြည်သူဖြစ်လာပြီး၊ နောက်ပိုင်း၌ သူမဘဝသည် ဘုရားသခင်၏သမ္မာတရားအခြေခံအုတ်မြစ်တွင် တည်ဆောက်ထားကြောင်းကိုပြရန် Sojourner Truth သို့ နာမည် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။
သုတ္တံကျမ်း ၁၄…
ကျွန်ုပ်တို့၏စစ်မှန်သောပင်ကိုမူလ
ကျွန်တော့်မိဘများ၏ ဓာတ်ပုံ အယ်လ်ဘမ်ဟောင်းထဲတွင် သူငယ်တစ်ဦး၏ပုံ ရှိသည်။ မျက်နှာဝိုင်းဝိုင်း၊ မဲ့ခြောက်နှင့် ဖြောင့်စင်းနေသော ရွှေဝါရောင်ဖေော့ ဆံပင် ရှိသူဖြစ်သည်။ ကာတွန်းကားကို နှစ်သက်ပြီး ထောပတ်သီးကို မကြိုက်ပါ။ Abbaအဖွဲ့၏သီချင်းဓာတ်ပြားတစ်ခုကို သူပိုင်သည်။ ထိုအယ်လ်ဘမ်ဟောင်းထဲတွင် ဆယ်ကျော်သက်ကောင်လေး တစ်ဉီး၏ဓာတ်ပုံများလည်း ရှိသေးသည်။ သူ့မျက်နှာက သွယ်ပြီး ဆံပင်က လှိုင်းတွန့်များနှင့် ပြေပြေလေးကောက်နေသည်။ သူ့မျက်နှာပေါ်တွင် မဲ့ခြောက်များမရှိပါ။ ထောပတ်သီးကိုကြိုက်ပြီး ကာတွန်းထက် ရုပ်ရှင်ကို ကြည့်သည်။ သူ၌ Abba ဓာတ်ပြားရှိကြောင်းကိုလည်း ဘယ်တော့မှ ဝန်မခံပါ။ ထိုကလေးနှစ်ဦးတို့သည် အနည်းငယ် တူပါသည်။ သိပ္ပံသဘောအရ သူတို့သည် အသားရောင်၊ သွား၊ သွေးနှင့်အရိုးတည်ဆောက်ပုံတို့ ကွဲပြားကြ ပါသည်။ ထိုကောင်လေး ၂ ဉီး လုံးမှာ ကျွန်တော်ပင်ဖြစ်သည်။ ဤဝိရောဓိက အတွေးအခေါ်ပညာရှင်များကို ရှုပ်ထွေးစေပါသည်။ ကျွန်ုပ်တို့သည် ဘဝ တစ်လျှောက်တွင် ပြောင်းလဲနေသောကြောင့် ကျွန်ုပ်တို့အစစ်က…
မျှော်လင့်လျက်စောင့်ဆိုင်းနေခြင်း
ရက်သတ္တပတ်မျှကြာသည့် ကျွန်မတို့၏အားလပ်ရက်ခရီးစဥ်တွင် စားပွဲထိုးအဖြစ် ဆောင်ရွက်ခဲ့သူ Rogelio (ရိုဂယ်လီရို) က စကားစမြည်ပြောရင်း၊ ယုံကြည်ခြင်းကြီးမားပြီး သနားကြင်နာတတ်သည့်ဇနီး Kaly (ကယ်လီ)အား ကောင်းချီးအဖြစ် သူ့အား ပေးထားသောကြောင့် သခင်ယေရှုကို သူချီးမွမ်းကြောင်း ပြောခဲ့သည်။ သူတို့၏သားဦး ရရှိပြီးနောက် ဒေါင်း (Down)ဝေဒနာသည် တူမလေးကို ကြည့်ရှုစောင့်ရှောက်ရန် ဘုရားရှင်ကလမ်းဖွင့်ပေးခဲ့သည်။ မကြာမီမှာပင် သူ၏ယောက္ခမကို သူတို့အိမ်၌လက်ခံထား၍ ပြုစု စောင့်ရှောက်ပေးရန် လိုအပ်လာပြန်သည်။
Rogelio သည် ရွှင်လန်းစွာဖြင့် အလုပ်လုပ်သလို သူတို့ဘဝတွင် ဘုရားသခင် ယုံကြည်စွာအပ်နှံထားသူများကို ဇနီးသည်က အိမ်မှာနေပြီး သေသေချာချာ ကြည့်ရှုနိုင်ရန်အတွက် တစ်ခါတစ်ရံ အလုပ်ကို နှစ်ဆိုင်းလုပ်ပါသေးသည်။ သူတို့ ဇနီးမောင်နှံ၏ မိသားစုဝင်များကို လိုလိုလားလားနှင့်အိမ်၌လက်ခံပြီး အစေခံပုံကကျွန်မအား ပိုချစ်တတ်လာအောင် စေ့ဆော်ပေးကြောင်း ပြောပြသောအခါ သူက "သူတို့ကိုရော အစ်မကိုပါ အစေခံခွင့်ရလို့ ကျွန်တော်ပျော်ပါတယ်"ဟု ပြောသည်။
Rogelio…
ပြီးပြည့်စုံသော တရားမျှတမှု
၁၉၈၃ ခုနှစ်တွင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဉီးကို သတ်ဖြတ်မှုဖြင့် ဆယ်ကျော်သက်သုံးဉီး အဖမ်းခံရသည်။ သတင်းအစီရင်ခံချက်အရ ထိုကလေး သည် သူ၏အားကစားအင်္ကျီကြောင့် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ ထိုလူငယ်သုံးဉီးသည် ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံရပြီး သူတို့၌ အပြစ်မရှိကြောင်း သက်သေအထောက်အထားများမတွေ့မီအချိန်အထိ ၃၆နှစ်တိုင် ထောင်ထဲ၌ နေခဲ့ရသည်။ အခြားသူတစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက သူတို့ကိုလွှတ်ငြိမ်းချမ်းသာခွင့်မပေးမီခွင့်လွှတ်ရန်တောင်းပန်စာထုတ်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် မည်မျှပင်ကြိုးစားကြပါစေ (အာဏာပိုင်အရာရှိများက ကောင်းမှုမည်မျှ လုပ်ဆောင်ထားပါစေ) လူ့တရားမျှတမှုသည် မကြာခဏ ဆိုသလို အမှားအယွင်းရှိတတ်ပါသည်။ ကျွန်ုပ်တို့၌ သတင်းအချက်အလက် အစံုမရှိ။ ရိုးသားမှု မရှိသူများက အမှန်တရားကို ကြိုးကိုင် ခြယ်လှယ်ကြသေးသည်။ တစ်ခါတစ်ရံ မိမိသာ မှားနေတတ်သည်။ ကျွန်ုပ်တို့ဘ၀တွင် ဆိုးညစ်မှုများ ရှိနေ ခဲ့လျှင် ပြန်လည်တည့်မတ်ရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။ ကျေးဇူးတင်စရာမှာ ပြောင်းလဲလွယ်သော လူသားများနှင့်မတူဘဲ ဘုရားသခင်သည် စုံလင်သော တရားမျှတမှုကို ကိုင်စွဲထားသည်။…
ငိုကြွေး၍ ရပါသည်
ကျွန်မ ဒူးထောက်ထိုင်ချရင်း မျက်ရည်များ ကြမ်းပြင်ပေါ်ကျလျက် "ဘုရားသခင် ဘာလို့ကျွန်မကို ဂရုမစိုက်တာလဲ"ဟု ငိုယိုမေးမိသည်။ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း တစ်လနီးပါးမျှ ကျွန်မ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အလုပ်လျှောက်ခြင်းတစ်ခုမှ အဆင်မပြေခဲ့ပါ။ မည်သည့်ငွေမှလည်း ဝင်မလာ၊ တိုင်းပြည်အစိုးရထံမှ အခွန်ဆောင်သူများအား ပြန်လည်ပေးမည်ဟူသော ငွေကလည်း ရောက်မလာသေးပါ။ အရာအားလုံးအဆင်ပြေအောင် ဘုရားသခင် လုပ်ပေးမည်ကို ကျွန်မအကြွင်းမဲ့ ယုံကြည်သည်။ ဘုရားသခင်သည် ကျွန်မကို အမှန်တကယ်ချစ်ပြီး ကျွန်မအား ဂရုစိုက်မည်ကို ယုံကြည်သည်။ သို့သော် ထိုအချိန်အတောအတွင်း၌ အစွန့်ပစ် ခံရသည်ဟု ကျွန်မခံစားမိပါသည်။
ယေရမိမြည်တမ်းစကားက ငိုကြွေးမြည်တမ်းနိုင်ကြောင်း ကျွန်မတို့ကို သတိပေးနေပါသည်။ ဘီစီ ၅၈၇ တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုးတို့ ဖျက်ဆီးစဉ်ကာလ (သို့) ဖျက်ဆီးပြီး မကြာမီတွင် ထိုစာစောင်ကို ရေးသားခဲ့ခြင်း ဖြစ်လိမ့်မည်။ လူမျိုးတော်များ ရင်ဆိုင်နေရသော ဆင်းရဲငြိုငြင်ခြင်း (၃:၁၊…
မှတ်သားထိုက်သောအသက်တာ
မှတ်သားထိုက်သော သြစတြေးလျလူမျိုး ခွဲစိတ်ဆရာ၀န် Catherine Hamlin (ကက်သရင်း ဟမ်လင်း) ၏အကြောင်းကို သူမ၏နာရေးအတ္ထုပ္ပတ္တိမှ ကျွန်မဖတ်ရှု သိရှိခဲ့ရသည်။ အီသီယိုးပီးယားတွင် သူမနှင့်ခင်ပွန်းသည်တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ မီးဖွားချိန်တွင် ဖြစ်လေ့ရှိသောဒဏ်ရာဖြစ်သည့် မီးဖွားပြွန်တွင် ပုံမှန်မဟုတ်သော အပေါက်ဖြစ်လာခြင်းကို အဓိကကုသသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဆေးရုံကိုတည်ထောင်ခဲ့သည်။ ထိုဒဏ်ရာကြောင့် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာခံစားနေရသော အမျိုးသမီးများအတွက် ရည်ရွယ်ခဲ့ပါသည်။ ကက်သရင်း သည် အမျိုးသမီး ၆၀,၀၀၀ ကျော် အား ကုသရေးတွင် ကြပ်မတ် ကွပ်ကဲခဲ့ခြင်းအတွက် အသိအမှတ်ပြု ခံခဲ့ရသည်။
သူမအသက် ၉၂နှစ်အရွယ်အထိ ဆေးရုံကိုသွားဆဲ၊လက်ဖက်ရည်တစ်ခွက်နှင့် သမ္မာကျမ်းစာလေ့လာခြင်းဖြင့် နေ့ရက်တိုင်းကို အစပြုမြဲဖြစ်သည်။ စူးစမ်း မေးမြန်းလာသူများအား သူသည် ဘုရားရှင်ပေးအပ်သော အလုပ်ကို လုပ်ဆောင် နေသည့် သာမန် ယေရှုကိုယုံကြည်သူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့သည်။
ဘုရားသခင်ကို အဆက်မပြတ် ငြင်းပယ်သူများပင်လျှင် "သင်တို့၏ကောင်း…
တရားသဖြင့်စီရင်သောဘုရား
Mrs. O’Leary ၏နွားမသည် မြို့နေလူထု ၃ ပုံ ၁ပုံကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် ၁၈၇၁ ခုနှစ် ချီကာဂိုမြို့မီးလောင်မှုကြီးအတွက် အပြစ်တင်ခံခဲ့ရသည်။ တစ်သုန်သုန်တိုက်ခတ်သည့် လေပြင်းကြောင့် သစ်သားအဆောက်အအုံများကို ၃ ရက်တိုင် မီးလောင်ကျွမ်းခဲ့ပြီး လူ ၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ကြရသည်။ ၎င်းသည် သမိုင်း တစ်လျှောက်တွင် အကြီးဆုံး အပြစ်တင်ခံရသည့်နွားမ ဖြစ်နိုင်သည်။
နွားက မီးအိမ်ကို တိုက်ချမိပြီး နွားတင်းကုပ်ကို မီးစွဲသွားသောကြောင့် မီးစတင်လောင်ခဲ့သည်ဟု အများက နှစ်ပေါင်းများစွာတိုင် ယုံကြည်ခဲ့ကြသည်။ ၁၂၆ နှစ် အကြာ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသောအခါ မြို့မီးသတ် ရဲဌာနကော်မတီက နွားမနှင့်သူ့သခင်၌ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပြီး၊ အိမ်နီးချင်းများကို တရားဝင် စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ရန် အကြံပြုခဲ့သည်။
တရားမျှတမှုရရန် တစ်ခါတစ်ရံ အချိန်ကြာလေ့ရှိပြီး နှုတ်ကပတ်တော် မှလည်း ထိုအရာသည် မည်မျှခက်ခဲကြောင်းကို ပြောထားသည်။ "အဘယ်မျှ…
လျှို့ဝှက်စွာပေးကမ်းသူ
ခန္ဓာပိုင်းမသန်စွမ်းသည့် စစ်ပြန်ကြီးခရစ္စတိုဖာ၏ တစ်နေ့တာလှုပ်ရှားမှုလုပ်ငန်း ဆောင်တာများမှာ ကြာလေအခက်တွေ့လေဖြစ်သည်။ အလုပ်လုပ်လျှင် တော်တော်နှင့်မပြီး၊ နာကျင်မှုက တိုးလာသည်။ သည့်တိုင် ဇနီးနှင့်ကလေးတို့ကို အကောင်းဆုံးကြိုးစားပြုစုသည်။ အပတ်စဉ်တိုင်း လက်တွန်းမြက်ရိတ်စက်နှင့် မြက်ရှင်းနေသောသူ့ကို ဖြတ်သွားဖြတ်လာသူတို့ တွေ့နေရသည်။
တစ်နေ့တွင် အမည်မဖော်သူ အလှူရှင်တစ်ဉီးထံမှ စာတစ်စောင်နှင့် စျေးကြီးသည့် မြက်ရိတ်စက်တစ်ခုကို သူလက်ခံရရှိခဲ့ရသည်။ လိုအပ်သူတစ်ဉီးကို ကူညီရန် အခွင့်ရခဲ့ခြင်းအပေါ် လျှို့ဝှက်စွာ ပေးကမ်းသူက ကျေနပ်မှုခံစားခဲ့ရသည်။
ကျွန်ုပ်တို့ကို အမြဲတမ်းလျှို့ဝှက်စွာပေးကမ်းရန် သခင်ယေရှု မမိန့်ကြားသော်လည်း ကျွန်ုပ်တို့ပေးကမ်းရသည့် ရည်ရွယ်ချက်ကိုစစ်ဆေးရန် သတိပေး ပါသည် (မ ၆:၁)။ သင်တို့သည် အလှူဒါနကို ပေးသောအခါ သူတော်ကောင်း ယောင်ဆောင်သူတို့သည် လူအများ အချီးအမွမ်းကို ခံလို၍ ပွဲသဘင်၊ လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည့်နည်းတူ မပြုနှင့် ဟုမိန့်ကြားပါသည် (:၂)။ ကျွန်ုပ်တို့လက်ကိုဖွင့်လျက် စေတနာစိတ်ဖြင့် ပေးလှူရန် ဘုရားရှင်မျှော်လင့်သည့် တစ်ချိန်တည်းမှာပင်…
တန်သလား (သို့) ထိုက်တန်သလား
ဟယ်လင် ရို့စ်ဗွီရေး (Helen Roseveare) သည် အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံ၌ အစေခံသည့် အင်္ဂလိပ်လူမျိုး သာသနာပြုဆရာဝန်တစ်ဉီးဖြစ်ပြီး၊ ၁၉၆၄ ခုနှစ် စင်ဘာတော်လှန်ရေး အတွင်း သူပုန်များ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ အကျဉ်းသား ဘဝ၌ ရိုက်နှက်ခံရပြီး မတရားစော်ကားခံရသဖြင့် သူမခံရသည့် ဆင်းရဲဒုက္ခက ဆိုးဝါးလှသည်။ ထိုကာလနောက်ပိုင်းတွင် "ဒီလိုခံရတာ တန်သလား"ဟု သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။
သခင်ယေရှုနောက်တော် လိုက်လျှောက်ခြင်း၏အဖိုးအခကို ဆင်ခြင်ရင်း၊ ဘုရားရှင် သူမကိုစကားပြောနေကြောင်း သူမသိလာရသည်။ နှစ်များစွာကုန်လွန်ပြီးနောက် "တော်လှန်ပုန်ကန်သည့်ကာလမှာ ဆိုးဝါးတဲ့အခိုက်အတန့်ကြုံလာရပြီး ပေးရတဲ့အဖိုးအခကြီးလေးလိုက်တာလို့ ထင်မိတဲ့အခါ ဘုရားသခင်က 'မေးခွန်းကို ပြင်လိုက်ပါ။ တန်သလားလို့ မမေးဘဲ ငါခံထိုက်သလားလို့ မေးလိုက်ပါ' လို့ ပြောနေသလို ပဲ။ ဆင်းရဲဒုက္ခနာကျင်မှု ခံစားရသည့်တိုင် အဖြေကတော့ အမြဲတမ်းပဲ 'ဟုတ်တယ်၊ ကိုယ်တော်ဟာ ထိုက်တန်သူဖြစ်တယ်'"ဟု အင်တာဗြူးမေးသူကို ဖြေခဲ့သည်။
မည်သို့ပင်ရင်ဆိုင်ကြုံတွေ့ရပါစေ၊ သူမအတွက် အသေခံသည့်တိုင်…
သေခြင်းစက်ကွင်း
၂၀၁၉ ခုနှစ်တွင် တောင်တက်သမားတစ်ဉီးသည် ဧဝရက်တောင်ထိပ်မှ နေထွက်လာခြင်းကို နောက်ဆုံးမြင်ခဲ့ရသည်။ အန္တရာယ်များသည့်တောင်တက် ခရီးကို သူအောင်မြင်ခဲ့ သော်လည်း ထိုတောင်အမြင့်တွင် သူ့နှလုံးမှာခံနိုင်ရည်မရှိဘဲ အဆင်းလမ်း၌ ကွယ်လွန်ခဲ့သည်။ ဆေးပညာဆိုင်ရာကျွမ်းကျင်သူတစ်ဉီးက တောင်ထိပ်ရောက်လျှင် ခရီးစဉ်ပြီးဆုံးပြီဟု မထင်မှတ်ရန် တောင်တက်သမားများကို သတိပေးသည်။ "သူတို့သည် သေခြင်းစက်ကွင်း၌ ရှိနေသည်"ကို သတိရလျက် အမြန်ဆုံး ပြန်ဆင်းလာရန် လိုသည်။
ဒါဝိဒ်သည်လည်း အန္တရာယ်များကို အောင်မြင်ကျော်လွှားလျက် ထိပ်ဆံုးသို့ ရောက်ခဲ့သည်။ ခြင်္သေ့နှင့် ဝက်ဝံများကို သူသတ်ဖြတ်ခဲ့သည်။ ဂေါလျတ်ကြီးကို လောက်လွှဲနှင့် အနိုင်ယူခဲ့သည်။ ရှောလု၏လှံချက်နှင့် သူ့ကို လိုက်လံဖမ်းဆီးသည့် စစ်တပ်၏အန္တရာယ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ ဖိလိတ္တိနှင့်အာမုန်အမျိုးကို အောင်နိုင်ပြီး တောင်ကို အစိုးရသူဖြစ်လာသည်။
သို့သော် သူသည် သေခြင်းစက်ကွင်း၌ရှိနေကြောင်း ဒါဝိဒ်မေ့သွားသည်။ "ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားစောင့်တော်မူ"သော်လည်း (၂ ရာ ၈:၆) ထိုသို့အောင်မြင်မှု အထွတ်အထိပ်၌ ဒါဝိဒ်သည်…