အမျိုးအစား  |  odb

ဂရုစိုက်မှုကိုပြသောစာများ

လွန်ခဲ့သာဆယ်စုနှစ်များက ဒေါက်တာဂျယ်ရီမိုတို သည် "ဂရုစိုက်မှုကိုပြသောစာ" ၏အစွမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏သုတေသနတွင် ယခင်က မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သောလူနာများ ဆေးရုံဆင်းပြီးနောက် သူတို့အား ဂရုစိုက်ကြောင်းပြသောစာများပေးပို့ရုံဖြင့် သတ်သေရန်ထပ်မံကြိုးစားမှုနှုန်းကို ထက်ဝက်အထိ လျော့ကျစေခဲ့ကြောင်း တွေ့ရှိခဲ့သည်။ မကြာမီက ပြင်းထန်စွာ စိတ်ဓါတ်ကျနေသူများအတွက် နောက်ဆက်တွဲကုသမှုအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများက "ဂရုစိုက်"သောစာများ၊ ပို့စကတ်များနှင့် လူမှုကွန်ယက်မှ ရယ်ရွှင်ဖွယ်ပုံများပို့ပေးခြင်းဖြင့် ထိုသက်ရောက်မှုအစွမ်းကို ပြန်တွေ့ရှိခဲ့ကြသည်။

သမ္မာကျမ်းစာထဲမှ ကျမ်း ၂၁ စောင်သည် အကြောင်းတရားအမျိုးမျိုးနှင့် ရုန်းကန်နေရသော ပထမရာစုနှစ်ယုံကြည်သူများထံသို့ ဖေးမသည့်အနေဖြင့် ပေးပိုခဲ့သောစာများ၊ တမန်တော်များရေးသောစာစောင်များ ဖြစ်သည်။ ရှင်ပေါလု၊ ရှင်ယာကုပ်နှင့် ရှင်ယောဟန်တို့သည် ယုံကြည်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံသဘောတရားများ၊ ပဋိပက္ခများကိုမည်သို့ဖြေရှင်းပြီး ညီညွတ်ခြင်းကို မည်သို့တည်ဆောက်ရမည့်အကြောင်း ရှင်းပြထားသောစာစောင်များဖြစ်သည်။

အထူးသဖြင့် တမန်တော် ရှင်ပေတရုက ရောမဧကရာဇ် နီရိုး၏ ညှဉ်းပန်း သတ်ဖြတ်ခြင်းခံရသော ယုံကြည်သူများအတွက် စာများရေးသားခဲ့သည်။…

စိုးရိမ်ကြောက်ရွံ့မှုမုန်တိုင်းများ

ရုပ်သံကြော်ငြာတစ်ခုတွင် အမျိုးသမီးတစ်ဦးက တီဗွီကြည့်နေသူများထဲမှ တစ်ယောက်အား "မာခ့် ဘာတွေရှာနေတာလဲ" ဟု သာမန်ကာလျှံကာ မေးလိုက်သည်။ တကယ်တော့ "ဘယ်ရုပ်သံအစီအစဥ်ကို ရှာနေတာလဲ" ဟု မေးခြင်းကို သတိမထားမိဘဲ ထိုသူက အတည်ပေါက်ကြီးနှင့် "မကြောက်ရွံ့ဘဲ ဆုံးဖြတ်ချက် ချမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပုံစံတစ်ခုကို ရှာနေတာ" ဟုပြန်ဖြေသည်။

တီဗွီကြော်ငြာတစ်ခုက ကျွန်တော့်ကို ဤသို့လေးလေးနက်နက် ထိမှန်စေ လိမ့်မည် ဟုမထင်ခဲ့ပါ။ သို့သော် သနားစရာ မာခ့်ကို ကျွန်တော် နားလည်ပေးနိုင်ပါသည်။ တစ်ခါတစ်ရံ ကြောက်ရွံ့မှုများက ဘဝကို ပဲ့ကိုင်နေသယောင် ဖြစ်နေမှု များကြောင့် ကျွန်တော်လည်း ရှက်ရွံ့ခဲ့ဖူးသည်။

သခင်ယေရှု၏တပည့်တော်များသည် ကြောက်ရွံ့မှု၏ကြီးမားသော တန်ခိုးကို ကိုယ်တိုင်ခံစားခဲ့ရသည်။ တစ်ခါက သူတို့ဂါလိလဲပင်လယ်ကိုဖြတ်ကာ ကမ်းတစ်ဘက်သို့ကူးစဉ် (မာ ၄:၃၅) "ပြင်းစွာသော မိုးသက်မုန်တိုင်း" ကျသည် (:၃၇)။ သူတို့သည် အလွန်ကြောက်ရွံ့သဖြင့် အိပ်ပျော်နေသော သခင်ယေရှုအား…

ဘုရားသခင်၏ပုံပြင်စာအုပ်

သာယာလှပသောနေ့လေးကို ခံစားချင်သောကြောင့် ကျွန်မလမ်းလျှောက်ထွက်လာရာ ခဏအကြာတွင် အိမ်နီးချင်းအသစ်တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူက ကျွန်မ အရှေ့မှပိတ်ရပ်ကာ "ကျွန်တော့်နာမည်က ကမ္ဘာဦးပါ။ ကျွန်တော့် အသက် ၆ နှစ်ခွဲရှိပါပြီ"ဟု သူ့ကိုယ်သူမိတ်ဆက်သည်။ ကျွန်မက "ကမ္ဘာဦးဆိုတာ သိပ်ကောင်းတဲ့ နာမည်ပဲ။ ကျမ်းစာထဲက ကျမ်းစာစောင်တစ်ခုပဲ" ဟု ပြန်ပြောရာ သူက “ကျမ်းစာဆိုတာ ဘာလဲ”ဟု မေးပါသည်။

"အဲ့စာအုပ်က ကမ္ဘာကြီးနဲ့လူတွေကို ဘုရားသခင်ဘယ်လိုဖန်ဆင်းထားလဲ၊အန်တီတို့ကို သူဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေရေးထားတဲ့ ပုံပြင် စာအုပ်ပဲ" ဟုကျွန်မပြန်ဖြေလိုက်သည်။ "ဘုရားက ကမ္ဘာကြီးနဲ့ လူတွေ ကားတွေ အိမ်တွေကို ဘာလို့ဖန်ဆင်းခဲ့တာလဲ။ သားပုံရော ဘုရားသခင်ရဲ့စာအုပ်ထဲမှာ ပါလား"စသည်ဖြင့် စူးစမ်းသောသူ့မေးခွန်းများကြောင့် ကျွန်မပြုံးမိသည်။

ကျွန်မ၏မိတ်ဆွေသစ် ကမ္ဘာဦး၏ဓာတ်ပုံ (သို့) ကျွန်မတို့အားလုံး၏ပုံသည် ကျမ်းစာထဲတွင်မရှိသော်လည်း ဘုရားသခင်၏ပုံပြင်စာအုပ်ကြီးတွင် ကျွန်မတို့ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါသည်။ ကမ္ဘာဦးကျမ်းအခန်းကြီး ၁ တွင် "ဘုရားသခင် သည်…

အသက်ရှူလေတိုင်း

တီအန်း သည် ကြွက်သားများကို အားနည်းစေသော အလိုအလျောက် ကိုယ်ခံစွမ်းအားနည်းသည့် ရှားပါးရောဂါကြောင့် သေလုနီးပါးဖြစ်ခဲ့ချိန်တွင် အသက် ရှူနိုင်ခြင်းသည် ဆုလာဘ်တစ်ပါးဖြစ်ကြောင်း သိနားလည်ခဲ့သည်။ စက္ကန့်ပိုင်းသာ ခြားပြီး စက်ဖြင့်အဆုတ်ထဲသို့လေကို စုပ်ထည့်ပေးရခြင်းက ကုထုံး၏ အနာကျင်ဆုံးအပိုင်းဖြစ်ပြီး တစ်ပတ်ကျော်မျှ ကုသမှုခံယူခဲ့ရသည်။

တီအန်းသည် အံ့သြဖွယ်ပြန်လည်ကျန်းမာလာပြီး ယခုတွင် ဘဝ၏ စိန်ခေါ်မှုများနှင့်ပတ်သက်၍ မငြီးတွားရန် သူ့ကိုယ်သူ သတိပေးသည်။ "အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဘုရားသခင်ကို ကျေးဇူးတင်လိုက်တယ်"ဟု သူပြောပါသည်။

ကျွန်ုပ်တို့လိုအပ်သော (သို့) လိုချင်သောအရာများ၌သာ အာရုံစိုက်မိရန် လွယ်ကူပြီး၊ တစ်ခါတစ်ရံတွင် အငယ်ဆုံးသောအရာများက အကြီးမားဆုံး သော အံ့သြဖွယ်ရာများဖြစ်ကြောင်းကို မေ့လျော့တတ်ကြသည်။ ပရောဖက် ယေဇကျေလ၏ရူပါရုံတွင် (ယေဇ ၃၇:၁-၁၄) ဘုရားသခင်သည်သာလျှင် ခြောက်သွေ့သောအရိုးများကို အသက်သွင်းပေးနိုင်ကြောင်းကို သူ့အား ဖွင့်ပြခဲ့ သည်။ အကြောအသားအရေတို့ ပြန်တက်လာသော်လည်း "အသက်မရှိ သေး"ပါ (:၈)။ ဘုရားသခင်က…

ဆင်းရဲလျက်ပင်

ဝါရန် ဘာဖဖ်၊ ဘီ(လ်)ဂိတ်(စ်)နှင့် မလင်းဒါဂိတ်(စ်)တို့သည် သူတို့ပိုက်ဆံတစ်ဝက် ကို လှူဒါန်းမည်ဟုကတိပေးပြီး "ပေးကမ်းခြင်းကတိ" "Giving Pledge" အဖွဲ့အစည်းကို တည်ထောင်ခဲ့ခြင်းက သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ ၂၀၁၈ ခုနှစ် မှတ်တမ်းအရ ပေးလှူငွေပေါင်းမှာ ဒေါ်လာ ၉၂သန်း ဖြစ်သည်။ ထိုကတိကြောင့် စိတ်ပညာရှင် ပေါလ်ပစ်(ဖ်) သည် လူတို့၏ပေးကမ်းမှုပုံစံကို စိတ်ဝင်တစား လေ့လာစူးစမ်းခဲ့ရာ၊ ဆင်းရဲသူများသည် ချမ်းသာသူများထက် သူတို့၌ရှိသမျှမှ ၄၄ ရာခိုင်နှုန်း ပို၍ပေးကမ်းကြောင်း တွေ့ရှိခဲ့သည်။ ကိုယ်တိုင် ဆင်းရဲဖူးသူများသည် ပို၍ ပေးကမ်းစွန့်ကြဲတတ်ကြသည်။

၎င်းကို သခင်ယေရှုသိသည်။ ဗိမာန်တော်၌ ဘဏ္ဍာတိုက်ထဲသို့ လူတို့ ငွေသွင်းချနေသည်ကို ကိုယ်တော်ကြည့်နေသည် (မာ ၁၂:၄၁)။ ချမ်းသာသူ တို့က ငွေအမြောက်အမြား သွင်းချကြသော်လည်း ဆင်းရဲသောမုဆိုးမမှာ တစ်ပဲမျှသာတန်သည့် သူ၏နောက်ဆုံးကြေးနီဒင်္ဂါးနှစ်ပြားကို ပေးလှူခဲ့သည်။ ထိုအချိန်၌ သခင်ယေရှု အံ့သြပြီး ဝမ်းမြောက်ဝမ်းသာစွာ မတ်တပ်ထရပ်မည်ကို…

ဤအရာများကို လေ့ကျင့်ပါ

သား၏သင်္ချာအိမ်စာကို ကူညီပေးရင်း သားလေးက သဘောတရားတူသည့် ဆတိုးကိန်းပုစ္ဆာများ တွက်ရသည်ကို စိတ်အားထက်သန်မှုမရှိကြောင်း တဖြည်းဖြည်း ထင်ရှားသိသာလာသည်။ ကျန်အိမ်စာအကုန်လုံးကို မလုပ်ခိုင်းလောက်တော့ဘူးအထင်ဖြင့် "ဖေဖေရေ သားရပြီ"ဟု သူအခိုင်အမာပြောသည်။ သို့နှင့် ကျွန်တော်က သားအား လက်တွေ့လေ့ကျင့်မှု မလုပ်မိမချင်း သဘောတရားများသည် အယူအဆတစ်ခုမျှသာဖြစ်ကြောင်း ဖြည်းဖြည်းချင်း ရှင်းပြရသည်။

ရှင်ပေါလုက ဖိလိပ္ပိရှိ သူ့အပေါင်းအသင်းများကို အလေ့အကျင့်နှင့်စပ်လျဥ်း၍ "သင်တို့သည် အထက်က သင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့" (ဖိ ၄:၉)ဟု စာရေးသားပေးခဲ့သည်။ ရှင်ပေါလုက အချက် ၅ ချက် ကို လုပ်ဆောင်ရန်ပြောထားသည်။ ဧဝေါဒိနှင့် သုန္တုတ်တို့အား 'ရန်ငြိမ်းပြေလည်လျက် သင့်မြတ်ခြင်း'ကို လေ့ကျင့်ရန် တိုက်တွန်းသည် (:၂-၃)။ စာဖတ်သူများအား 'ဝမ်းမြောက်ခြင်း'ကို ပြုစုပျိုးထောင်ရန် သတိပေးသည် (:၄)။ လောကသားတို့နှင့် ဆက်ဆံပြုမူရာတွင် 'ဖြည်းညင်းခြင်း' သဘောကို ကျင့်ဆောင်ရန် တိုက်တွန်းသည် (:၅)။…

ဆီးနှင်းများက ဖန်တီးသောအနုပညာ

အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီရှိ လက်လုပ်လက်စားရပ်ကွက်တွင် "Over the Rhine"တေးဂီတအဖွဲ့သည် တစ်နှစ်တာအတွင်း သူတို့မြို့လေး၏ပြောင်းလဲမှု အကြောင်းများကို ရေးသားစပ်ဆိုကြသည်။ ထိုအဖွဲ့၏တွဲဖက်တည်ထောင်သူ လင်းဖို့ဒက်ဝိုင်လာ က "နှစ်တစ်နှစ်ရဲ့ ပထမဆုံး နှင်းကျချိန်မှာ ထူးမြတ်တဲ့အရာ ဖြစ်လာနေသလို ခံစားရတယ်။ အသစ်တစ်ဖန် အစပြုသလိုမျိုးပေါ့။ မြို့ကြီးက တစ်ဖြည်းဖြည်း အရှိန်ကျလာပြီး တိတ်ဆိတ်မှု ကြီးစိုးလာတယ်"ဟု ရှင်းပြသည်။

နှင်းထူထပ်စွာကျခြင်းကို ကြုံခဲ့ဖူးလျှင် သီချင်းတစ်ပုဒ်မည်သို့ထွက်ပေါ် လာနိုင်သည်ကို သင်သဘောပေါက်လိမ့်မည်။ ဆီးနှင်းများက အမှိုက်နှင့် မွဲပြာ နေသောအရာများကို ဖုံးကွယ်လိုက်ရင်း ကြည်နူးဖွယ် ဆိတ်ငြိမ်အေးချမ်းမှုက တစ်လောကလုံးကို လွမ်းခြုံလိုက်သည်။ ထိုအချိန် တစ်ခဏလေးတွင် မှုန်မှိုင်း သော ဆောင်းရာသီ၏အငွေ့အသက်များ အသက်ဝင်လာကာ ၎င်းကို ခံစား ပျော်မွေ့ရန် ဖိတ်ခေါ်နေတော့သည်။

ယောဘ၏မိတ်ဆွေများထဲမှ ဘုရားကိုမှန်ကန်စွာရှုမြင်တတ်ရန် မစခဲ့သူ ဧလိဟုက ဖန်ဆင်းခြင်းအရာများသည် ကျွန်ုပ်တို့၏အာရုံကို ထိန်းချုပ်နိုင်စွမ်းရှိ ကြောင်း မိန့်ဆိုခဲ့သည်။…

စာရေးရသည့်အကြောင်းအရင်း

"ထာဝရဘုရားသည် ငါ၏ရဲတိုက်၊ ... သီချင်းဆိုရင်း အကျဥ်းစခန်းမှ ခွါခဲ့သည်။" ၁၉၄၃ ခုနှစ် စက်တင်ဘာ ၇ နေ့တွင် အက်တီဟေးလစမ် သည် ထိုစာသားများကို ပို့စကတ်ပေါ်တွင်ရေးပြီး ရထားပေါ်မှပစ်ချခဲ့သည်။ ၎င်းကို သူမ၏ နောက်ဆုံးစာ အဖြစ် မှတ်တမ်းတင်ထားသည်။ ၁၉၄၃ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အော့စ္စ်ဝှချ် မြို့၌ သူမလုပ်ကြံခံရသည်။ နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ထားရာ အကျဉ်းစခန်းမှ အတွေ့အကြုံများကို ရေးသားထားသော ဟေးလစမ်၏ နေ့စဉ် မှတ်တမ်းကို ဘာသာပြန်ကာ ထုတ်ဝေခဲ့ကြသည်။ နာဇီတို့၏ရက်စက် ကြမ်းကြုတ် သောသိမ်းပိုက်မှုအပေါ် သူမ၏အမြင်နှင့် ဘုရားသခင်၏လှပတင့်တယ်သော ကမ္ဘာကြီးကို တွဲလျက်မှတ်တမ်းတင်ထားသည်။ ၎င်းကို ဘာသာစကားပေါင်း ၆၇ မျိုးဖြင့် ဘာသာပြန်ဆိုခဲ့ပြီး၊ သူမ၏ဒိုင်ယာရီကိုဖတ်ရှုသူများအတွက် အဆိုးေရော အကောင်းကိုပါ လက်ခံယုံကြည်စေသည့် လက်ဆောင်တစ်ခုဖြစ်သည်။

တမန်တော်ယောဟန်သည် လောကတွင် ကျင်လည်ခဲ့သော သခင်ယေရှု၏…

ဘုရားသခင်အား တောင်းလျှောက်ခြင်း

မနက်ခင်းတစ်ခုတွင် မိသားစုဆုတောင်းချိန်သည် အံ့အားသင့်စရာအဖြစ်နှင့် အဆုံးသတ်ခဲ့သည်။ အဖေက အာမင်ထူးပြီးပြီးချင်း ငါးနှစ်အရွယ် ကိတ်လင်း က "ဆုတောင်းနေချိန်မှာ လိုဂန် မျက်လုံးမမှိတ်တဲ့အတွက် သမီး ဆုတောင်းပေးပါ၏ ဘုရား" ဟုဆုတောင်းလိုက်သည်။ ၁၀ နှစ်အရွယ် အစ်ကိုအတွက် ဆုတောင်းခြင်း သည် ကျွန်ုပ်တို့သိပြီးသား ကျမ်းစာထဲတွင် ဖော်ပြထားသော အခြားသူအတွက် ကြားဝင်ဆုတောင်းပေးသောနည်းများထဲမှ တစ်ခုမဟုတ်သော်လည်း သူတစ်ပါး အတွက် ဆုတောင်းပေးနိုင်ကြောင်းကိုဖြင့် ကိတ်လင်း သိပုံရသည်။

နှုတ်ကပတ်တော်သင်ကြားပို့ချသူ ဆရာကြီး အော့စ်ဝဲလ်ချိန်းဘား (Oswald Chambers) က အခြားသူအတွက် ဆုတောင်းပေးခြင်း၏အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။ သူက "ကြားဝင်အသနားခံဆုတောင်းခြင်းသည် မိမိကိုယ်ကို ဘုရားသခင် နေရာတွင်ထားပြီး ဘုရား၏စိတ်သဘောနှင့်အမြင် ရှိခြင်းဖြစ်သည်" ဟု ဆိုသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့အပေါ်တွင်ထားရှိသော ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုသိရှိပြီး အခြားသူအတွက် ကျွန်ုပ်တို့ဆုတောင်းပေးခြင်းဖြစ်သည်။

ဒံယေလအခန်းကြီး ၉ တွင်…

ကိုယ်ကိစ္စကိုသာ အာရုံစိုက်ပါ

လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်သားဂျော့ရှ်နှင့်ကျွန်တော်တို့ တောင်တက်ကြစဉ် လေထုထဲ၌ ဖုန်ထနေသည်ကို လှမ်းတွေ့လိုက်သည်။ ကျွန်တော်တို့ရှေ့ဆက်သွားသောအခါ ခွေးတူဝက်တူလေးတစ်ကောင်မှာ အမှိုက်ပုံတွင် တွင်းတူးကာ အလုပ်ရှုပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့ခေါင်းနှင့်ပခုံးသည် တွင်းထဲတွင်ရှိပြီး ရှေ့လက်များဖြင့် အားသွန်ခွန်စိုက်မြေတူးရင်း နောက်ခြေက တွင်းထဲမှ ဖုန်အမှိုက်သရိုက်များကို အပြင်သို့ယက်ထုတ်သည်။ သူ့အလုပ်ထဲ၌ အလွန်အာရုံစူးစိုက်နေသောကြောင့် ကျွန်တော်တို့ရောက်လာသည်ကိုပင် မကြားပါ။

ကျွန်တော်သည် အနီးအနားရှိ တုတ်ရှည်နှင့် အကောင်လေးကို အနောက်မှ တို့လိုက်သည်။ ၎င်းကို အနာတရဖြစ်အောင် မလုပ်မိသော်လည်း ခွေးတူဝက်တူ လေးက လေထဲသို့မြှောက်ခုန်သွားပြီး ကျွန်တော်တို့ဘက်သို့ လှည့်လာရာ သားအဖနှစ်ဦးသားမှာ ကိုက်တစ်ရာအကွာအဝေးသို့ ကမ္ဘာ့စံချိန်သစ်တင်မတတ် တစ်ဟုန်ထိုး ပြေးခဲ့ရလေတော့သည်။

ထိုသို့ကသောကမျောပြေးရခြင်းမှ တစ်ခါတစ်ရံ သူတစ်ပါးကိစ္စကို ဝင်ရောက်မစွက်ဖက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သင်ခန်းစာရရှိခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူချင်း - အခြားခရစ်ယာန်များနှင့် ဆက်ဆံရေးတွင်လည်း ထိုအချက်က အထူးသဖြင့် မှန်ပါသည်။ တမန်တော်ကြီးရှင်ပေါလုက ကောရိန္သု အသင်းသားများအား…