အမျိုးအစား  |  odb

ဘုရားသခင်နှင့်အတူ တိုက်ပွဲကို ရင်ဆိုင်ခြင်း

အမေရိကန်စစ်သား ဒက်စမန် ဒေါ့(Desmond Doss)၏ သူရဲကောင်း ဆန်သည့် လုပ်ရပ်ကို ၂၀၁၆ တွင် Hacksaw Ridge အမည်နှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ လူ့အသက်မသတ်ရ ဟူသော ခိုင်မာသည့်ခံယူချက်ဖြင့် ဆေးတပ်သားဒေါ့ သည် အသက်စွန့်ရသည့်တိုင် အသက်ကယ်တင်ရန် သူသန္နိဌာန် ချထားသည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၌ ကျင်းပသည့် ဒေါ့အား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ပွဲတွင် စစ်အတွင်းပြောင်မြောက်သောစွမ်းဆောင်မှုအတွက် ချီးကျူးမိန့်ခွန်း ၌ အောက်ပါစာသားများပါဝင်သည်။ “ပထမတန်းစားစစ်သည် ဒေါ့သည် လွတ်ရာ ကျွတ်ရာသို့ မရှောင်ဘဲ ပစ်ခတ်မှုဖြစ်ပွားနေသည့်အရပ်တွင် ကျန်ရစ်ပြီး ဒဏ်ရာရ စစ်သည်များစွာကို တစ်ဦးပြီးတစ်ဦး တောင်ကမ်းပါးစွန်းသို့ သယ်ပို့ခဲ့သည်။ … သူသည် ရန်သူ၏အမြောက်နှင့် လက်နက်ငယ်ပစ်ခတ်မှုများကို မတုံ့မဆိုင်း ရဲရင့်စွာ ရင်ဆိုင်လျက် အမြောက်တပ်၏အရာရှိစစ်ဗိုလ်အား ကူညီခဲ့သည်။”

ဆာလံကျမ်း ၁၁ ၌ ဒါဝိဒ်က…

ကျွန်ုပ်ကို ကြည့်

သုံးနှစ်အရွယ်မြေးမလေးက ကျွန်မတို့အိမ်အပြင်ဘက်ရှိခြံထဲ ပတ်ပြေးရင်း မျက်နှာ ပြုံးလေးနှင့် "သမီးရဲ့ နတ်သမီးလေးအကကို ကြည့်ပါဦးဖွားဖွား"ဟု မြူးထူးစွာ အော်ပြောသည်။ သူမ၏ "ကခုန်ခြင်း"က အပြုံးကို ဆောင်ယူလာပြီး "သူ ကနေ တာ မဟုတ်ဘူး၊ ပြေးနေတာပါ" ဟုပြောသည့် မရွှင်မပျနှင့် သူမအစ်ကိုကြီး၏ စကားက မိသားစုအပန်းပြေခရီးထွက်ချိန် သူမအပျော်ကို မလွှမ်းမိုးနိုင်ခဲ့ပါ။

ပထမဆုံးသော သံလွင်ခက်တနင်္ဂနွေနေ့သည် အတက်အကျများသောနေ့ ဖြစ်သည်။ မြည်းကိုစီးလျက် သခင်ယေရှု ယေရုရှလင်မြို့သို့ ဝင်ရောက်လာစဉ် လူအုပ်ကြီးက စိတ်အားထက်သန်စွာဖြင့် "ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း"ဟု အော်ဟစ်ကြသည် (မ ၂၁:၉)။ သို့သော် ထိုလူအုပ်ကြီးထဲမှလူများစွာသည် ထိုသီတင်းပတ်အတွင်း၌ပင် သူတို့အပြစ်အတွက် အသေခံပေးမည့် ကယ်တင်ရှင် မဟုတ်ဘဲ ရောမတို့လက်မှကယ်လွတ်မည့် မေရှိယကို မျှော်လင့်ကြသည်။

ထိုနေ့နောက်ပိုင်းတွင် ရှင်ယေရှု၏အခွင့်အာဏာကို မေးခွန်းထုတ်ကြသည့် ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများက စိတ်ဆိုးနေကြသော်လည်း…

တော်ဝင်မျိုးနွယ်ကို ဧည့်ခံခြင်း

စေးဗီရာနှင့် ခင်ပွန်းသည်တို့သည် အင်္ဂလန်နိုင်ငံ၏ဘုရင်မကြီးနှင့် စကော့တလန်နိုင်ငံ ကပွဲတစ်ခု၌ တွေ့ဆုံခဲ့ပြီးနောက်၊ တော်ဝင်မိသားစုသည် လဖက်ရည် အတူ သောက်ရန် သူတို့ထံအလည်လာမည်ဟု သတင်းရရှိခဲ့သည်။ စေးဗီရာသည် သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်မှုများကို စလုပ်ကာ တော်ဝင်မျိုးနွယ်အား ဧည့်ခံဖို့ အရေး စိတ်လှုပ်ရှားနေတော့သည်။ သူတို့ရောက်မလာသေးမီ ပန်းအိုးထိုးရန် အပြင်၌ ပန်းသွားခူးရင်း သူ့ရင်ခုန်မြန်နေသည်။ ထိုအခါ ဘုရားသခင်က သူသည် ဘုရင်တကာဘုရင်တို့၏ဘုရင်ဖြစ်ပြီး သူမနှင့်အတူ နေ့စဉ်ရှိကြောင်းကို သတိပေး လိုက်သကဲ့သို့ သူမခံစားလိုက်ရသည်။ ချက်ချင်းပင် ငြိမ်သက်ခြင်းကို သူမခံစား ရပြီး "တကယ်တော့ သူက သာမန်ဘုရင်မပါပဲလေ"ဟု တွေးမိသည်။

စေးဗီရာအနေနှင့် မှန်ပါသည်။ တမန်တော်ရှင်ပေါလု ရေးမှတ်ထားသည့် အတိုင်း ဘုရားသခင်သည် "ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်" ဖြစ်ပြီး (၁ တိ ၆:၁၅)၊ ကိုယ်တော်နောက်လိုက်သူများသည် "ဘုရားသခင်၏ သားသမီးများ"ဖြစ်ပါသည် (ဂလာ ၃:၂၆)။ ကျွန်ုပ်တို့သည်…

ဆင်းရဲသားရပ်ကွက်သီချင်းများ

Cateura(ခေတောရာ)သည် တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံရှိ ဆင်းရဲသား ရပ်ကွက်လေးတစ်ခု ဖြစ်သည်။ ဆင်းရဲနုံချာလွန်းလှ၍ ရွာသူရွာသားများသည် အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချခြင်းဖြင့် အသက်ဆက်နေထိုင် ကြသည်။ သို့သော် ဤမျှော်လင့်ချက်မဲ့သည့်အခြေအနေများမှ လှပသည့်တစ်စုံတစ်ရာထွက်ပေါ်လာသည်။ သံစုံတီးဝိုင်းတစ်ခုဖြစ်ပါသည်။

တယောတစ်လုံးသည် ၎င်းတို့ရပ်ကွက်ရှိ အိမ်တစ်လုံးထက် တန်ဖိုးကြီးလှ သည့်အတွက် အမှိုက်ပုံမှရရှိသည့်ကိရိယာများသုံးကာ ကိုယ်ပိုင်တူရိယာများကို တီထွင် ကြံဆဖန်တီးခဲ့ကြသည်။ တယောအိမ်ကို ဆီဘူးများနှင့် ပြုလုပ်ပြီး တယော ကြိုး တပ်ဆင်ရန် ဇွန်းခရင်းများကိုကွေးပြီး အသုံးပြုကြသည်။ ဆက်ဆိုဖုန်း လေမှုတ်တူရိယာကို ရေဆင်းပိုက်ဖြင့်လုပ်ပြီး ခလုတ်များကို ပုလင်းထိပ်ပိုင်းများကို ဖြတ်ပြီး အသုံးပြုကြသည်။ တယောကြီးများကိုမူ သံဗုံများနှင့် ပြုလုပ်ပြီး အသံညှိ ငုတ်များကို ပုံဖော်ဒလိတ်တုံးများနှင့်ပြုလုပ်ကြသည်။ ဤဆန်းပြားသော တူရိယာ များဖြင့် မိုဇက် တေးသွားကို ကြားရခြင်းက သာယာနာပျော်ဖွယ် ကောင်းလှသည်။ ထိုသံစုံ တီးဝိုင်းအဖွဲ့သည် နိုင်ငံများစွာသို့ သွားရောက်နယ်လှည့်ဖျော်ဖြေလျက် ၎င်းတို့၏…

အသံတော်ကိုသိကျွမ်းခြင်း

တစ်နှစ်တွင် နွေရာသီအားလပ်ရက်ကျမ်းစာသင်တန်းအတွက် သမ္မာကျမ်းစာပါ ဇာတ်လမ်းများကို တိရိစ္ဆာန်အစစ်များကိုအသုံးပြုလျက် သရုပ်ဖော်တင်ဆက်ရန် ကန်၏အသင်းတော်က ဆုံးဖြတ်ခဲ့သည်။ ကန်အနေဖြင့် သိုးတစ်ကောင်ကို ယူဆောင်လာရန် တာဝန်ပေးခံရသည်။ ကန်သည် အမွေးထူထူသိုးကို ကြိုးဖြင့် ထိန်းလျက် အသင်းတော်အားကစားရုံထဲသို့ ယူဆောင်လာခဲ့သည်။ သို့ရာတွင် အဆိုပါ ရက်သတ္တပတ်ကုန်ဆုံးလာသည်နှင့်အမျှ ထိုသိုးလေးသည် တွန့်ဆုတ်မနေ တော့ဘဲ ကန့်နောက်သို့ လိုက်သည်။ ရက်သတ္တပတ်အဆုံးတွင်မူ ကန်သည် ကြိုးကိုသုံးပြီး ထိန်းကျောင်းစရာမလိုတော့ဘဲ လှမ်းခေါ်လိုက်ရုံနှင့် သိုးလေးသည် ယုံကြည်စိတ်ချသည့်သဘောဖြင့် ကန်၏နောက်သို့ လိုက်လာခဲ့သည်။

ဓမ္မသစ်ကျမ်းတွင် ခရစ်တော်သည် မိမိကိုယ်ကို သိုးထိန်းတစ်ဦးနှင့် နှိုင်းယှဉ် ခဲ့ပြီး သိုးအဖြစ်တင်စားခံရသည့် သူ၏လူတို့သည် သူ့အသံကိုသိ၍ သူ့နောက်သို့ လိုက်ကြကြောင်းကို ဖော်ပြထားသည် (ယော ၁၀:၄)။ သို့သော် ထိုသိုးတို့သည် မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြ၏(:၅)။ သိုးများကဲ့သို့ပင် ဘုရားသားသမီးများဖြစ်သည့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သိုးထိန်းကြီးနှင့် ရင်းနှီးဆက်ဆံမှုမှတစ်ဆင့် သူ၏အသံတော်ကို ကြားသိအကျွမ်းဝင်ကြသည်။…

သာ၍ကြီးမားသောတစ်စုံတစ်ရာ

အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မြို့ရှိ October Books(အောက်တိုဘာ စာအုပ်များ) အမည်ရှိ စာအုပ်ဆိုင် တစ်ဆိုင်သည် လက်ရှိဆိုင်တည်ရှိရာလမ်း၏ အောက်ဘက် နေရာတစ်ခုသို့ ပစ္စည်းများ ပြောင်းရွှေ့ရာ လုပ်အားပေးသူပေါင်း ၂၀၀ ကျော်က ပါဝင်ကူညီ ပြောင်းရွှေ့ပေးခဲ့သည်။ လုပ်အားပေးသူများသည် တန်းစီလျက် "လူသားရွေ့လျားစက်"ပုံစံဖြင့် စာအုပ်များကို လက်ဆင့်ကမ်းကာရွှေ့ပြောင်းခဲ့ကြသည်။ လုပ်အားပေးသူများ၏ကူညီဆောင်ရွက်မှုကို မြင်တွေ့ခဲ့ရသည့် စာအုပ်ဆိုင် ဝန်ထမ်းတစ်ဦးက "အခုလိုမျိုး လူတွေကူညီပေးနေတာကိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံ တစ်ခုပါပဲ။ သာ၍ကြီးမားတဲ့တစ်စုံတစ်ရာထဲမှာ တစ်စိတ်တစ်ဒေသ ပါဝင်ဖို့ သူတို့ဆန္ဒရှိခဲ့ကြတယ်" ဟုဆိုသည်။

မိမိထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာတွင် ကျွန်ုပ်တို့လည်း တစ်စိတ် တစ်ဒေသ ပါဝင်နိုင်ပါသည်။ သူ၏မေတ္တာသတင်းစကားဖြင့် လောကကြီးကို ထိတွေ့ရန် ဘုရားသခင် ကျွန်ုပ်တို့ကို အသုံးပြုသည်။ တစ်စုံတစ်ဦးက ထိုသတင်း စကားကို ကျွန်ုပ်တို့အား ဝေမျှခဲ့ခြင်းကြောင့် ကျွန်ုပ်တို့လည်း ထိုသတင်းစကားကို အခြားသူတစ်ဦးအား ပြန်လည်လက်ဆင့်ကမ်းဝေမျှနိုင်ပါသည်။…

အနားယူရသည့်အကြောင်းအရင်း

အသက်ရှည်ရှည်နေထိုင်လိုပါက အပန်းဖြေအနားယူပါ။ ဖင်လန်နိုင်ငံ၏မြို့တော် ဟယ်လ်စင်ကီးရှိ သုတေသနပညာရှင်များသည် နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသူ သက်လတ်ပိုင်းအမျိုးသားအရာရှိများကို နှစ်ပေါင်း ၄၀ ကြာ လေ့လာဆန်းစစ်ခဲ့ပြီး နောက် ရလဒ်သိရှိရန် ၎င်းတို့ကို နောက်ဆက်တွဲလေ့လာမှုပြုလုပ်ခဲ့သည်။ သိပ္ပံပညာ ရှင်များ မျှော်လင့်မထားသည့် တွေ့ရှိချက်တစ်ခုမှာ အားလပ်ရက် အနားယူကြသူ များထက် အနားမယူသူများသည် သေဆုံးမှုနှုန်း ပိုများကြောင်း တွေ့ရှိခဲ့ကြသည်။

အလုပ်လုပ်ခြင်းသည် ဘဝ၏လိုအပ်သောကဏ္ဍတစ်ခုဖြစ်ပြီး ကမ္ဘာဦးကျမ်း အခန်းကြီး (၃) တွင်ဖော်ပြထားသည့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး မပျက်စီးမီအချိန်ကတည်းကပင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးအပ်ထားသည့် တာဝန်တစ်ရပ်ဖြစ်သည်။ ဘုရားသခင်၏ဘုန်းထင်ရှားစေရန် အလုပ် လုပ်ကြသူ မဟုတ်သူများ ကြုံတွေ့ရသော "အလွန်စိတ်စွဲလမ်းပူပင်ခြင်း၊ ဝမ်းနည်းငြိုငြင်ခြင်း" ကို သိမှတ်လျက် ထိုအလုပ်အတွေ့အကြုံ၏ အနတ္တသက်သက်ဖြစ်ခြင်းသဘောကို ရှောလမုန်က ရေးသားခဲ့သည် (ဒေ ၂:၂၂-၂၃)။ သူတို့သည် တက်ကြွစွာလုပ်ဆောင် နေခြင်းမရှိသည့်တိုင် ဆက်ပြီးလုပ်ဆောင်စရာရှိသည်များကို တွေးတောရင်း "သူတို့၏စိတ်နှလုံးသည် ငြိမ်သက်မှုမရှိကြောင်း"…

ပျားရည်ထက်ပိုချိုသော

၁၈၉၃ ခုနှစ်၊ အောက်တိုဘာလ၊ အမေရိကရှိ ချီကာဂိုမြို့တော်၏ပွဲနေ့တွင် ကျင်းပခဲ့သည့် ကိုလံဘတ် နယ်မြေသစ်ကို တွေ့ရှိခြင်း နှစ် ၄၀၀ ပြည့် ပွဲတော် (World's Fair) သို့ လူတိုင်း ပါဝင်ဆင်နွှဲကြမည်ဟု ယူဆသဖြင့် ပြဇာတ်ရုံ ပိုင်ရှင်များသည် မြို့ထဲရှိ ပြဇာတ်ရုံအားလုံးကို ပိတ်ထားလိုက်သည်။ လူပေါင်း ၇ သိန်းကျော် ပါဝင်ဆင်နွှဲ ခဲ့ကြသော်လည်း ဆရာကြီး ဒွိုက်မူးဒီ (Dwight Moody) (၁၈၃၇-၁၈၉၉)ကမူ ချီကာဂိုမြို့၏ အခြားတစ်နေရာ ဂီတခန်းမ၌ တရားဒေသနာ ဟောကြားခြင်းနှင့် ကျမ်းစာသင်ကြားခြင်းများဖြင့် လူပြည့်လျှံနေရန် ဆန္ဒရှိခဲ့သည်။ ပွဲတော်ကျင်းပသည့်နေ့နှင့် တစ်နေ့တည်းဖြစ်၍ မူးဒီအနေဖြင့် တရားပွဲသို့ လူများလာရအောင်ဆွဲဆောင်နိုင်မည်ဟု သူ့မိတ်ဆွေ ဆရာ အာရ် အေ တော်ရီ (R. A. Torrey) (၁၈၅၆-၁၉၂၈) မထင်ပါ။ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်…

ဘုရားသခင် အလုပ်လုပ်တော်မူလျက်ရှိသည်

သခင်ယေရှုကိုယုံကြည်သူ လူမျိုးပေါင်းစုံပါဝင်သည့်အဖွဲ့နှင့်အတူ မိုးရေထဲရပ်ခဲ့စဉ် ဘေလ်ဟာလီ၏ ၁၀ နှစ် အရွယ်သမီးလေးက "ဘုရားသခင် ငိုနေတယ်"ဟု တီးတိုးရွတ်ဆိုခဲ့သည်။ ဘုရားသခင်ကို ရှာဖွေရန်နှင့် အမေရိက၌ လူမျိုးရေး ပဋိပက္ခ၏ဆိုးမွေနှင့်ပတ်သက်ပြီး သိရှိနားလည်ရန်အတွက် ဗာဂျီးနီးယားရှိ ရှန်နာဒို ချိုင့်ဝှမ်းသို့ သူတို့သွားရောက်ခဲ့သည်။ ယခင်က ကျွန်များကို မြှုပ်နှံထားရာ မြေပေါ်တွင် သူတို့ရပ်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး လက်တွဲကာ ဆုတောင်းကြ သည်။ ထို့နောက် ရုတ်တရက် လေတိုက်ခတ်လာပြီး မိုးရွာလာသည်။ လူမျိုးရေး ပဋိပက္ခကြောင့် ရရှိခဲ့သည့်ဒဏ်ရာများအတွက် အနာငြိမ်းစေရန် အဖွဲ့ခေါင်းဆောင် က ကြွေးကြော်ဆုတောင်းလိုက်သည်တွင် မိုးက ပိုမိုသည်းလာသည်။ ပြန်လည် သင့်မြတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ယူဆောင်လာရန် ဘုရားသခင် လုပ်ဆောင် လျက် ရှိကြောင်း ဤနေရာတွင်ရောက်ရှိစုရုံးကြသူအားလုံးက ယုံကြည်ကြသည်။

ကရာနီတောင်ကုန်း၌ ဘုရားသခင် ထိုကဲ့သို့ပင် ပြုလုပ်တော်မူခဲ့သည်။ ကားစင် တင်သတ်ခြင်းခံရပြီး သခင်ယေရှု၏နောက်ဆုံးထွက်သက်အချိန်တွင် "ဗိမာန်တော်…

မေတ္တာဖြင့် ဆုံးမခြင်း

ကျွန်မ၏ဖခင်သည် အနှစ် ၅၀ ကျော်ထိ စာတည်းဖြတ်ခြင်းလုပ်ငန်းကို ထူးချွန်စွာ လုပ်ကိုင်ခဲ့သည်။ သူ၏စိတ်အားထက်သန်မှုသည် အမှားရှာရန်သာ မဟုတ်ဘဲ ပိုရှင်းလင်းရန်၊ ယုတ္တိရှိရန်၊ အံဝင်ဂွင်ကျရှိရန်နှင့် သဒ္ဒါမှန်ကန်အောင် လုပ်ဆောင် ရန် ဖြစ်သည်။ အဖေသည် အမှားပြင်ဆင်ရန်အတွက် မင်အနီရောင်အစား အစိမ်း ရောင်ကို သုံးသည်။ အစိမ်းရောင်ဘောပင်သည် ပို၍ရင်းနှီးမှုရှိကြောင်းသူခံစား ရပြီး အနီရောင်မျဉ်းစောင်းများသည် အတွေ့အကြုံမရှိသေးသော စာရေးဆရာ အသစ်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သူ့ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန်သောနည်းလမ်းကို ညင်ညင်သာသာထောက်ပြရန် ဖြစ်သည်။

သခင်ယေရှုသည် လူတို့အား အမှားပြင်ဆင်ပေးသောအခါ၌ မေတ္တာဖြင့် လုပ်ဆောင်ခဲ့သည်။ သူတော်ကောင်းယောင်ဆောင်သောဖာရိရှဲများနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန် စသည့်အခြေအနေအချို့တွင် (မ ၂၃) သူတို့ကို ပြင်းထန်စွာ ဆံုးမခဲ့ သော်လည်း ၎င်းသည် သူတို့၏အကျိုးအတွက်သာဖြစ်သည်။ သို့သော် သူ့မိတ်ဆွေ မာသအတွက်မူ ညင်သာစွာ ထောက်ပြမှုသာ လိုအပ်သည် (လု ၁၀:၃၈-၄၂)။…