အရာအားလုံးကို စွန့်လွှတ်ခြင်း
လူနှစ်ဦးသည် သူတို့၏အသက်မွေးဝမ်းကြောင်း အနုပညာအလုပ်ကို စွန့်ပြီး ဘုရားသခင် သူတို့ကို စေလွတ်သည်ဟုယုံကြည်သောနေရာများသို့ သွားရောက် အစေခံခဲ့ကြသည်။ James O. Fraser (၁၈၈၆-၁၉၃၈) သည် အင်္ဂလန်၌ ပြဇာတ်များတွင် စန္ဒယားတီးပေးသည့်အလုပ်ကို ဆက်မလုပ်တော့ဘဲ တရုတ်ပြည်ရှိ လီဆူလူမျိုးများအား အစေခံရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်
အမေရိကန်လူမျိုး Judson Van DeVenter (၁၈၅၅-၁၉၃၉) သည် အနုပညာအလုပ်ဆက်လုပ်မည့်အစား ဧဝံဂေလိဆရာအဖြစ်အစေခံရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်း သူသည် “ရှိသမျှစွန့်ခြင်းကျူး”ဓမ္မသီချင်းကို ရေးစပ်ခဲ့သည်။
လူများစွာတို့အတွက် အနုပညာအလုပ်သည် အကောင်းဆုံးဟု ထင်မြင်နေချိန်တွင် ဤလူနှစ်ဦးမှာ ဘုရားသခင်သည် အခြားသောအလုပ်တစ်ခုအတွက် ဤအသက်မွေးမှုကို စွန့်လွှတ်စေပြီး သူတို့ကို ရွေးကောက်သည်ဟုယုံကြည်ခဲ့သည်။ ငယ်ရွယ်သောသူကြွယ်အရာရှိငယ်အား ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး သူ့နောက်သို့လိုက်ရန် သခင်ယေရှုပြောခဲ့သည့်အဖြစ်အပျက်မှ ၎င်းတို့ လှုံ့ဆော်မှုခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် (မာ ၁၀:၁၇-၂၅)။ ထိုသို့ ဖလှယ်ခြင်းသဘောကို မြင်ပြီး…
အနက်ရှိုင်းဆုံးသောနေရာများ
၁၉ ရာစု ပြင်သစ် လူမှုရေးနှင့်နိုင်ငံရေးပြောင်းလဲမှုအတွင်း ကဗျာနှင့်၀တ္ထုရေးဆရာ ဗစ်တာဟူဂို(၁၈၀၂-၁၈၈၅)သည် သူ၏ Les Miserables ဂန္တ၀င်၀တ္ထုဖြင့် ထင်ရှားလူသိများခဲ့သည်။ ရာစုနှစ်တစ်ခုကျော်ကြာပြီးနောက် သူ့၀တ္ထုကို ဂီတ ရုပ်ရှင်အဖြစ်ဖန်တီးလိုက်ရာ ၎င်းသည် ကျွန်ုပ်တို့မျိုးဆက်၏အကျော်ကြားဆုံးသော ဖန်တီးထုတ်လုပ်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သည်။ ၎င်းကို ကျွန်ုပ်တို့ မအံ့သြသင့်ပါ။ ဟူဂို ပြောခဲ့သလိုပင် “ဂီတဆိုသည်မှာ ပြောပြ၍မရသည့်အရာနှင့် နှုတ်ဆိတ်နေရန်လည်း မဖြစ်နိုင်သည့်အရာများကို ဖော်ပြပေးသည်။”
ဆာလံဆရာများလည်း သဘောတူပါလိမ့်မည်။ သူတို့၏သီချင်းများနှင့် ဆုတောင်းများတွင် ဘ၀၏ပုံရိပ်နှင့် ရှောင်လွှဲ၍မရသည့် နာကျင်မှုများကို ပကတိ အရှိတိုင်း ဖော်ပြပြီး သိနားလည်ရန် ခက်ခဲသည့်အမှုအရာများသို့ ကျွန်ုပ်တို့ကို ဆွဲခေါ်လျက် ထိတွေ့ဖော်ပြသည်။ ဥပမာအားဖြင့် ဆာလံ ၆:၆ တွင် ဒါဝိဒ်က “အကျွန်ုပ်သည် ညည်းတွား၍ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညဉ့်လုံး မျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏”ဟု အော်ဟစ်ခဲ့သည်။
နှုတ်ကပတ်တော်မှ လှုံ့ဆော်မှုပေးသောသီချင်းများ၌…
ပြောကြားဖို့ရန် ပြေးသွားခြင်း
ဂရိသတင်းပေးပို့သူ ဖိုင်းဒပိုင်စ်(Pheidippides) ၏ရာဇ၀င်ပေါ်မူတည်ပြီး မျက် မှောက်ခေတ် မာရသွန်ပြေးပွဲ ပေါ်ပေါက်ခဲ့သည်။ ဒဏ္ဍာရီအရ ဘီစီ ၄၉၀ အတွင်း ဂရိတို့၏ ကြောက်စရာကောင်းသော ကျူးကျော်ရန်သူ ပါရှန်းများကို ဂရိတို့ နှိမ်နင်းနိုင်ခဲ့၍ အောင်မြင်မှုကို ကြေညာရန် သူသည် မာရသွန် မှ အေသင်အထိ ၂၅မိုင်နီးပါး(ကီလိုမီတာ ၄၀)ပြေးခဲ့သည်။ ယနေ့ခေတ်၌ မိမိစိတ်ကျေနပ်အားရမှု ရရှိရန်၊ အားကစားပွဲ၌ အောင်မြင်မှုရရန် စသည်ဖြင့် လူတို့ မာရသွန်အပြေးပြိုင်ကြသည်။ သို့သော် ဖိုင်းဒပိုင်စ်၏ကြိုးစားအားထုတ်မှုနောက်ကွယ်တွင်မူ ပို၍ ကောင်းမြတ် သောရည်ရွယ်ချက် ရှိခဲ့သည်။ သူ့အမျိုးသားချင်းတို့ထံသို့ သတင်းကောင်းကို ကြားပြောရန်ဖြစ်၍ သူ့ခြေတစ်လှမ်းစီတိုင်းကို အလွန်၀မ်းမြောက်စွာ ပြေးခဲ့သည်။
နောက်နှစ်ပေါင်း ၅၀၀ အကြာတွင် လူ့သမိုင်းကြောင်း၏ အဓိက သတင်းကောင်းကို ကြားပြောရန် အမျိုးသမီးနှစ်ဦးသည်လည်း ပြေးခဲ့သည်။ ခရစ်တော်အသေခံပြီးနောက် သခင့်ကိုမြှုပ်နှံသောဂူသချိုင်းသို့ မာရိနှင့် မာဂဒလ မာရိတို့သွားခဲ့ရာ သင်္ချိုင်းဗလာဖြစ်နေသည်ကို…
သေးငယ်သောငါး
လွန်ခဲ့သောနှစ်ပေါင်းများစွာက အနောက်အာဖရိက၌ နေထိုင်သော ဗြိတိသျှလူမျိုး ဇနီးမောင်နှံတို့သည် သူတို့မြို့၌ နေထိုင်သူတစ်ဦးနှင့် ခိုင်မာသောရင်းနှီးမှုရှိခဲ့ပြီး သခင်ယေရှု၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတရားကို သူ့အား ဝေမျှ ပြောပြ ခဲ့သည်။ သို့သော် ခရစ်တော်၌ယုံကြည်ခြင်းသည် သာ၍ကြီးမြတ်သော အမှန်တရားဖြစ်ကြောင်းကို ထိုမိတ်ဆွေသိသော်လည်း အခြားဘာသာအတွက် သူတစ်သက်လုံးသစ္စာရှိခဲ့သည့်ဘာသာကို စွန့်လွှတ်ရန် တွန့်ဆုတ်ခဲ့သည်။ သူ၏စိုးရိမ်မှုတစ်စိတ်တစ်ပိုင်းမှာ ငွေကြေးကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ဘာသာရေးတွင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရရှိသည့်ဝင်ငွေ အပေါ်တွင် သူမှီခိုနေရသည်။ ထို့ပြင် သူသည် သူ၏ရပ်ရွာအသိုင်းအဝန်းတွင် သူ၏ဂုဏ်သိက္ခာဆုံးရှုံး မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။
၀မ်းနည်းစွာဖြင့် သူက “ကျွန်တော်ဟာ စမ်းချောင်းထဲမှာ လက်နဲ့ငါးဖမ်း နေတဲ့လူလိုပဲ။ လက်ထဲမှာ ငါးသေးသေးလေးတစ်ကောင် ဖမ်းမိထားတယ်။ ဒါပေမဲ့ ငါးကြီးတစ်ကောင်က ဖြတ်ကူးသွားတော့ ငါးကြီးကိုဖမ်းဖို့အတွက် ပိုသေးတဲ့ငါးလေးကို ကျွန်တော်လက်လွှတ်လိုက်ရတယ်”ဟု သူရှင်းပြခဲ့သည်။
ရှင်မဿဲရေးသားသည့် မဿဲ ၁၉ မှ ချမ်းသာသောလူရွယ်တစ်ဉီး၌လည်း အလားတူပြသနာရှိခဲ့သည်။…
ဘုရားသခင်၏ခြေရာများ
“ဘုရားသခင် ဘယ်မှာနေလဲဆိုတာ သားသိတယ်”ဟု ၄နှစ်အရွယ် မြေးလေးက ပြောရာ ကျွန်တော့်ဇနီးကာရီက သိလိုစိတ်ဖြင့် “ဘယ်မှာနေတာတုံး” ဟု မေးလိုက်သည်။ “အဘွားရဲ့အိမ်ဘေးနားက တောအုပ်ထဲမှာနေတယ်”ဟု သူပြန်ဖြေသည်။
ထိုအကြောင်းကို ကာရီက ကျွန်တော့်ကိုပြန်ပြောရင်း ထိုအတွေးမျိုး မြေးလေး ဘယ်ကရလာပါလိမ့်ဟု တွေးမိသည်။ “ငါသိပြီ။ သူနောက်ဆုံးတစ်ခါ လာလည်တုန်းက တို့မြေးဖိုးနှစ်ယောက် တောအုပ်ထဲလမ်းလျှောက်ထွက်ပါရောလား။ ဘုရားသခင်ကို မမြင်နိုင်ပေမယ့် ဘုရားဖန်ဆင်းတဲ့အရာတွေအားဖြင့် ဘုရားကို မြင်နိုင်တယ်လို့ သူ့ကိုပြောပြခဲ့တယ်”။ မြစ်ကမ်းဘေး သဲသောင်ပေါ် လမ်းလျှောက်ရင်း “ဘိုးဘိုးရဲ့ခြေရာတွေကို တွေ့လား။ တိရစ္ဆာန်တွေ၊ သစ်ပင် တွေနဲ့ မြစ်ချောင်းတွေဟာ ဘုရားသခင်ရဲ့ခြေရာနဲ့တူတယ်။ ဘုရားဖန်ဆင်း ထားတဲ့ အရာတွေကို မြင်တွေ့နိုင်တဲ့အတွက် ဘုရားသခင် ဒီနေရာမှာရှိတာကို ဘိုးဘိုးတို့ သိနိုင်တယ်”ဟုပြောပြဖူးကြောင်း ကာရီအား ကျွန်တော်ပြောပြသည်။
၁၀၄ ခုမြောက်သောဆာလံကိုရေးသည့် ဆာလံဆရာကလည်း “အိုထာဝရ ဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို…
ချိုးနှိမ်၍မရသော ယုံကြည်ခြင်း
သူတို့၏သားဦး၌ အော်တစ်ဇင်(အထီးကျန်စိတ်ဝေဒနာ) လက္ခဏာရှိကြောင်း ဆရာဝန်များစစ်ဆေးတွေ့ရှိပြီးနောက် ဒါယန်းဒိုကိုကင်နှင့် ခင်ပွန်းတို့သည် ဉာဏ်ရည်မသန်စွမ်းကလေးကို တစ်သက်လုံးစောင့်ရှောက်ရမည့်အရေးအတွက် ဝမ်းနည်းခဲ့သည်။ ချစ်သားလေး၏အနာဂတ်အတွက် သူတို့၏အိပ်မက်၊ မျှော်လင့်ချက်များကို ပြောင်းလျက် ရုန်းကန်ခဲ့ရမှုကို Unbroken Faith စာအုပ်၌ သူဝန်ခံထားသည်။ သို့သော် နာကျင်မှုဖြစ်စဉ်တစ်လျှောက်လုံး ဘုရားသခင်သည် သူတို့၏ဒေါသ၊ သံသယနှင့်ကြောက်ရွံ့မှုများကို ဖြေရှင်းပေးခဲ့ကြောင်း သူတို့ သင်ယူခဲ့ရသည်။ ယခု သားလေးအရွယ်ရောက်လာချိန်၌ သူ့အတွေ့အကြုံ များကို အသုံးချကာ အထူးဂရုစိုက်မှုလိုသောကလေးများ၏ မိဘများကို ဒါယန်း အားပေးမစသည်။ ဘုရား၏မပျက်ကွက်သည့်ကတိတော်၊ အကန့်သတ်မဲ့ တန်ခိုးတော်၊ မေတ္တာနှင့်သစ္စာတော် တို့ကို ပြောပြလျက် ဘဝလမ်းတစ်ကွေ့ကွေ့၌ အိပ်မက်နှင့်မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားပါက ဝမ်းနည်းကြေကွဲမှုကိုခံစားရရန် ဘုရားရှင် အခွင့်ပေးကြောင်း သူအခိုင်အမာ ပြောပြ၏။
ဟေရှာယ ၂၆ ၌ “ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာဖြစ်တော်မူ”၍ (:၄) ဘုရား၏လူများအဖို့ ကိုယ်တော်ကို အစဉ်ကိုးစားနိုင်ကြောင်း ပရောဖက်ကြီး ပြောထားသည်။…
လက်ခံပေးခြင်းအမွေအနှစ်
၁၉၆၈ ခုနှစ်၌ ပြည်သူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာ အသတ်ခံရပြီးနောက်တွင် ဂလဲန်ကာရိန်း က ချီကာဂိုမြို့ရှိ သူတက်ရောက်နေသည့် ကောလိပ်ကျောင်း၏အမိုးခုံးသို့ တက်သွားခဲ့သည့်အကြောင်း Breaking Down Walls စာအုပ်၌ သူရေးသားခဲ့သည်။ “ကြီးမားတဲ့အဆောင်တွေထဲမှာ သေနတ်သံ တရွှီးရွှီးနဲ့ အသည်းယားစရာပေါ့။ အမိုးထိပ်ကို ကျွန်တော်ရောက်သွားတော့ တကယ့်ကြောက်စရာ မြင်ကွင်းကျယ်ကြီးကို မြင်ခဲ့ရတယ်။ ဝစ်ကွန်စင်ပြည်နယ် ပြောင်းခင်းထဲကနေ ချီကာဂိုမြို့လယ်က စစ်ဇုံထဲကို ၂ နှစ် အတွင်း ငါဘယ်လိုလုပ် ရောက်လာတာပါလိမ့်လို့ တွေးမိခဲ့တယ်”ဟု ရေးသားခဲ့သည်။ သခင်ယေရှုကို ချစ်သည့်စိတ်၊ သူနှင့်မိသားစုနောက်ခံချင်း မတူညီသည့်လူသားများကို ချစ်သည့်စိတ်၏ လှုံဆော်မှုဖြင့် ဂလဲန် သည် ချီကာဂိုအနောက်ခြမ်းတွင်နေထိုင်ကာ အစာရေစာ၊ အဝတ်အထည်၊ နေစရာနှင့်အခြားသောဝန်ဆောင်မှုများပေးသည့် အမှုတော်ကို ၂၀၁၁ ခုနှစ် သူကွယ်လွန်ချိန်ထိတိုင် ဦးဆောင်လုပ်ကိုင်သွားခဲ့သည်။
ဂလဲန်၏အသက်တာသည် မိမိနှင့်မတူ၊ ကွဲပြားသူများအား ပွေ့ဖက်နှစ်သိမ့် ပေးရန်ဟူသည့် လိုအပ်မှုကို…
အံ့သြဖွယ်ဘုရား
The Wonderful Wizard of Oz ကလေးစာအုပ်၌ ဒေါရသီ၊ စာခြောက်ရုပ်၊ သံဘူးလူသားနှင့် သူရဲဘောကြောင်သည့်ခြင်္သေ့တို့သည် အနောက်အရပ်မှ ကောက်ကျစ်သောစုန်းမကို အစွမ်းထက်စေသည့် တံမြက်စည်းကိုရယူပြီး အော့ဇ် မြို့သို့ ပြန်လာခဲ့သည်။ အော့ဇ် မြို့မှ မှော်ဆရာက တံမြက်စည်းကို ပြန်ပေးပါက သူတို့အလိုချင်ဆုံးဆန္ဒများဖြစ်သည့် ဒေါရသီကို အိမ်ပြန်ပို့ပေးမည်၊ စာခြောက်ရုပ်အတွက် ဦးနှောက်၊ သံဘူးလူသားအတွက် နှလုံးသားနှင့် သူရဲဘောကြောင် ခြင်္သေ့အတွက် သတ္တိတို့ကို ပေးမည်ဟု ကတိပေးထားသော်လည်း သူတို့ရောက်လာ သောအခါ မှော်ဆရာက အချိန်ဆွဲပြီး နောက်နေ့မှ ပြန်လာရန် ပြောသည်။
မှော်ဆရာကို သူတို့တောင်းပန်နေစဉ် ဒေါရသီ၏ခွေးက မှော်ဆရာကို ကာထားသည့် ကုလားကာကို ဆွဲလိုက်ရာ မှော်ဆရာမှာ မှော်ဆရာလုံးဝ မဟုတ်ကြောင်း ပေါ်သွားသည်။ သူသည် နီဘရာစကားမှ ကြောက်တတ်ပြီး ဂနာမငြိမ်သည့် လူတစ်ဦးမျှသာဖြစ်သည်။
စာရေးဆရာ L. Frank Baum…
အားကြီးသော
ကိုယ်ဝန် ၂၃ ပတ် အချိန်၌ အလေးချိန် ၈.၆ အောင်စသာရှိသည့် ပေါင်မပြည့် သည့် ကလေးအဖြစ် ဘေဘီစေးဘီလေး မွေးဖွားလာသည်။ ဆရာဝန်များက စေးဘီလေး အသက်မရှင်နိုင်ဟုယူဆပြီး သူ့မိဘများအား သူတို့၏သမီးလေးနှင့် တစ်နာရီသာ အတူရှိနေနိုင်မည်ဟု ပြောခဲ့သည်။ သို့သော် စေးဘီလေးက ဆက်ပြီး တိုက်ပွဲဝင်ခဲ့သည်။ သူ့ပုခက်ရှိ ပန်းရောင်ကတ်လေးက “သေးငယ်သော်လည်း အားကြီး၏ ”ဟု ကြွေးကြော်နေသည်။ ဆေးရုံ၌ ငါးလမျှ ကြာခဲ့ပြီးနောက် စေးဘီလေးသည် အံ့သြဖွယ် ကျန်းမာစွာနှင့် ၅ ပေါင်အရွယ် ကလေးငယ်လေးအဖြစ် အိမ်သို့ ပြန်နိုင်ခဲ့သည်။ ထို့အပြင် သူသည် ကမ္ဘာ့ အသေးငယ်ဆုံး အသက်ဆက်နိုင်သည့်ကလေးအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။
ဖြစ်နိုင်ချေမရှိသော်လည်း ဖြစ်မြောက်အောင်မြင်ကြသည့် အကြောင်းအရာများ ကြားရသည်မှာ အားရဖွယ်ကောင်းသည်။ ကျမ်းစာ၌လည်း ဤသို့သော အဖြစ်အပျက်တစ်ခုကို ပြောပြသည်။ သိုးကျောင်းသားဒါဝိဒ်က ဘုရားသခင်၏ နာမတော်ကို ရှုံ့ချပြီး…
လမ်းအားလုံးက ဘုရားထံပို့ဆောင်လား
တစ်နေ့တွင်အလုပ်မှအိမ်ပြန်ခါနီး “အဝေးပြေးလမ်းမကြီးပေါ်က မသွားနဲ့” ဟု သမီးက ဖုန်းဖြင့် ကျွန်ုပ်ကိုစာပို့လာသည်။ လမ်းမကြီးမှာ ကားရပ်နားစခန်းပမာဖြစ်နေသည်။ အခြားလမ်းမှသွားရန် ကြိုးစားခဲ့သော်လည်း ကားကြပ်လွန်း၍ လက်လျော့လိုက်သည်။ အိမ်ပြန်ရောက်အောင် နေအတော်စောင်းသည်ထိ စောင့်ရမည့်ကိန်းရှိသည့်အတွက် ဆန့်ကျင်ဘက်အရပ်၊ ကျွန်ုပ်၏မြေးမလေး ဝင်ရောက်ယှဥ်ပြိုင်သည့် အားကစားပွဲဆီသို့ ကားမောင်းထွက်ခဲ့သည်။
အိမ်သို့ပြန်ရောက်နိုင်မည့် လမ်းတစ်လမ်းမှမရှိကြောင်း သိရခြင်းက မည်သည့်လမ်းမဆိုသည် ဘုရားသခင်နှင့်ထာဝရဆက်နွယ်မှုကို ပို့ဆောင်ပေးနိုင် သည်ဟု ပြောတတ်သည့်လူများအကြောင်းကို ကျွန်ုပ်စဉ်းစားမိသည်။ သနားကြင်နာခြင်းနှင့် ကောင်းသောအကျင့်နည်းလမ်းက ဘုရားထံပို့ဆောင် ပေးမည်ဟု လူအချို့တို့ ယုံကြည်ကြသည်။ အချို့ကလည်း ဘုရားတရား ကိုင်းရှိုင်းသည့် နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြသည်။
ထိုနည်းလမ်းများကို အမှီပြုသော်လည်း ၎င်းသည် ဆုံးရှုံးခြင်းဆီသို့သာ ပို့ဆောင်သည်။ ဘုရားသခင်၏ထာဝရမျက်မှောက်တော်သို့ရောက်အောင် သွားနိုင်သည့်လမ်း တစ်လမ်းတည်းသာရှိသည်။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယော ၁၄:၆) ဟု…