အမျိုးအစား  |  odb

ကားတိုင်ဘာသာစကား

သင်းအုပ်ဆရာ တင်းမ်ကယ်လာက “လူဆိုတာ မိမိဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ အခြားသူ၏အပြောသက်သက်နှင့် မသိနိုင်ပါ။ လက်တွေ့ပြဖို့ လိုပါတယ်”ဟု ပြောပါသည်။ နားလည်အောင်ပြောရလျှင် “လက်တွေ့အပြုအမူဟာ အပြောထက် ပိုထိရောက်တယ်” ဟူသည့် ဆိုရိုးစကားအတိုင်းဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးက တစ်ယောက်စကားကို တစ်ယောက်ကနားထောင်ပေးပြီး အချင်းချင်း ချစ်ခြင်းမေတ္တာပြသကြသည်။ မိဘများက ကြင်နာစွာဂရုစိုက်ခြင်းဖြင့် သားသမီးများကို တန်ဖိုးထားကြောင်း ဖော်ပြတတ်ကြသည်။ နည်းပြက အားကစားသမားများ၏အလားအလာရှိကြောင်းကိုပြသရန် ၎င်းတို့၏စွမ်းရည်တိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံပေးသည်။ ပြော၍မကုန်ပါ။ သို့သော် လူတို့အတွက် နာကျင်စရာကို ထောက်ပြပေးသည့်၊ လူတို့လက်မခံချင်သည့် နှစ်သက်ဖွယ်မကောင်းသည့် သတင်းစကားကို ဆက်သွယ်ပေးသည့် လုပ်ရပ်များလည်းရှိပါသည်။

ဤစကြဝဠာတွင် လက်တွေ့လုပ်ရပ်၌ အခြေခံသောသတင်းများအနက် အရေးအကြီးဆုံးသောသတင်းတစ်ခုရှိသည်။ ဘုရား၏အမြင်၌ မိမိသည် မည်သို့ပေါ်လွင်နေသည်ကိုဖော်ပြရန် ကားတိုင်ပေါ်မှ သခင်ဘုရား၏လုပ်ရပ်အပြင် အခြားဘာမှ မလိုအပ်ပါ။ ရောမ ၅:၈တွင် ရှင်ပေါလုက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို…

အနည်းငယ် ချန်ထားပေးပါ

ပဲနိ၊ နီကယ်၊ ဒိုင်း၊ ကွာတား စသည့် အကြွေစေ့များသည် တစ်ခါတစ်ရံ တစ်ဒေါ်လာ၏တစ်ဝက်မျှ တန်ဖိုးရှိတတ်သည်။ ထိုအကြွေစေ့များကို အဖိုး၏ ခုတင်ဘေးရှိ စားပွဲပေါ်တွင် တွေ့ရပါမည်။ အဖိုးက ညတိုင်း သူ့အိပ်ထဲမှအကြွေမှန်သမျှကိုထုတ်ပြီး စားပွဲပေါ်တင်ထားလေ့ရှိသည်။ မကြာမီ မြေးများရောက်လာတော့မည်ကို သူသိနေသည်။ ဤနှစ်များအတွင်း မြေးများကလည်း အဖိုးအိမ်သို့သူတို့ရောက်တိုင်း ထိုစားပွဲသို့သာသွားသည့် အကျင့်ဖြစ်နေပါပြီ။ အဖိုးအနေဖြင့် အပိုအကြွေစေ့များကို စုဘူးထဲထည့် (သို့) ဘဏ်၌စုဆောင်းထားနိုင် သော်လည်း မစုပါ။ သူ့အိမ်သို့အလည်လာသည့် အဖိုးတန်ဧည့်သည်တော်များအတွက် ထိုသို့ပြုပေးရသည်ကို သူဝမ်းသာကျေနပ်သည်။

ထိုစိတ်သဘောကို ဝတ်ပြုရာကျမ်း ၂၃ တွင် ဖော်ပြထားပါသည်။ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်တွင် “စပါးကိုရိတ်သောအခါ လယ်ထောင့်ကို အကုန်အစင် မရိတ်ရ” (:၂၂)ဟု မောရှေမှတစ်ဆင့် ဘုရားသခင်က လူတို့ အလိုလိုမသိနိုင်သည့်အချက်ကို မိန့်တော်မူသည်။ အဓိကအားဖြင့် “နည်းနည်းချန်ထားပေးရန်”ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် လူတို့အား သူတို့၏ကောက်ပဲသီးနှံများ၏နောက်ကွယ်တွင် ဘုရားသခင်သည် အဓိကရှိနေပြီး၊…

အံသြဖွယ်ခရစ်စမတ်

အစည်းအဝေးတက်ရောက်ရန် လန်ဒန်သို့ ကျွန်တော်ရောက်ရှိနေသည်။ မိုးတဖွဲဖွဲရွာနေပြီး ကျွန်တော်နောက်ကျနေခဲ့သည်။ လမ်းသွယ်များကြား အလျင်စလိုဖြတ်ဝင်ပြီး ထောင့်အကွေ့တစ်ခုမှ ချိုးအထွက်တွင် ကျွန်တော်ကြက်သေသေသွားသည်။ ဒါဇင်နှင့်ချီသော ကောင်းကင်တမန်များ ရီးဂျန့်လမ်းမထက်၌ ရစ်ဝဲနေကာ ၎င်းတို့၏တောက်ပလင်းလက်သောအတောင်ပံများက ကားတန်းတစ်လျှောက်အပေါ်ဖြန့်ကျက်ထားသည်။ လျှပ်စစ်မီးသီးထောင်ပေါင်းများစွာဖြင့် အလှဆင်ထားသည်မှာ ကျွန်တော်မြင်ဖူးခဲ့သမျှ ခရစ္စမတ်အပြင်အဆင်တွင် အံ့မခမ်းအလှဆုံးဖြစ်သည်။ ရာပေါင်းများစွာသောလူများသည်လည်း လမ်းတစ်လျှောက် တန်းစီကာ အံ့သြမှုအပြည့်နှင့် ငေးမောနေကြသည်။

အံသြမှုသည် ခရစ္စမတ်ပံုပြင်၏အဓိကအချက်တစ်ခုဖြစ်သည်။ ကောင်းကင်တမန်သည် ကိုယ်ထင်ပြကာ မာရိအား သူမသည် အလွန်ထူးခြားစွာဖြင့် ကိုယ်ဝန်ဆောင်ရမည်ကိုရှင်းပြစဥ် (လု ၁:၂၆-၃၈)၊ သခင်ယေရှုဖွားမြင်သောအခါ သိုးကျောင်းသားများကို သတင်းကောင်းပြောကြားချိန် (၂:၈-၂၀)တို့တွင် ထိုသူတို့သည် ကြောက်လန့်ခြင်း၊ အံ့သြမှင်သက်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ ရီးဂျန့်လမ်းမှ လှည့်ပတ်ကြည့်ရှုနေသော လူအုပ်ကြီးကိုကြည့်ရင်း ပထမဆုံးအကြိမ်ကောင်းကင်တမန်များနှင့် တွေ့ကြုံခဲ့ရသူတို့ကဲ့သို့ ကျွန်တော်တို့ခံစားနေရ သလားဟု ကျွန်တော်အတွေးဝင်မိပါသည်။

ခဏအကြာတွင် နောက်ထပ်အချက်တစ်ချက်ကို ကျွန်တော် သတိပြုမိသည်။ ကောင်းကင်တမန်အချို့က လက်များပင့်လျက် တစ်စုံတစ်ရာကို လှမ်းကြည့်နေသကဲ့သို့…

ညင်သာသောစကား

ကျွန်မ ဖေ့စ်ဘွတ်သုံးရင်း ငြင်းခုန်နေပါသည်။ မှားယွင်းသောအပြုအမူပင်။ လူအများစိတ်ဝင်စားသည့်၊ အထူးသဖြင့် ငြင်းခံုနိုင်ဖွယ် အကြောင်းအရာတစ်ခုနှင့်စပ်လျဥ်း၍ တစ်စိမ်းတစ်ယောက်ကို အမှန်ပြင်ပေးရန် တာဝန်ရှိသည်ဟု ကျွန်မ မည်သို့အတွေးဝင်သွားသည်မသိပါ။ ရလဒ်အားဖြင့် အမုန်းစကားနှင့် နာကျင်ရသောခံစားမှုကိုသာရရှိခဲ့သည် (ကျွန်မဘက်မှခံစားရသည့်အချက်။) သခင်ယေရှု အကြောင်းကို သက်သေခံရန် အခွင့်အရေး ဆုံးရှုံးလိုက်ရသည်။ အချုပ်ဆိုရလျှင် ၎င်းသည် ‘အင်တာနက်ဒေါသ’၏ရလဒ်ပင်ဖြစ်သည်။ ထိုအသုံးအနှုန်းသည် ဘလော့ဂ်ရေးသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်သက်ဝင်နေသည့် ခက်ထန်သောစကားလုံးများကို ရည်ညွှန်းသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက “ဒေါသအမျက်သည် လူထု၏မျှော်မှန်းချက်များကို ဖွင့်ပြသည့်နည်းလမ်းဟု လူတို့ မှားယွင်းစွာ ကောက်ချက်ချထားကြောင်း” ရှင်းပြထားသည်။

တိမောသေအား ရှင်ပေါလုပေးခဲ့သော ပညာအမြော်အမြင်နှင့်ပြည့်စုံသည့်အကြံသည် တန်းတူသတိပေးချက်လည်းဖြစ်သည်။ “မိုက်မဲ၍ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟုသိမှတ်၍ ပယ်ရှားလော့။ သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်” (၂ တိ ၂:၂၃-၂၄)။

ရောမထောင်ထဲမှ ရှင်ပေါလုရေးပေးလိုက်သည့် အကြံကောင်းသည် ဘုရားသခင်၏သမ္မာတရားကိုသွန်သင်မည့်…

သင်ဖြစ်သည့်အတိုင်း

သူ့နာမည်က Dnyan (နိုင်းယန်)၊ သူ့ကိုယ်သူ လူမှုအလွှာအသီးသီးကို ကူညီနိုင်သူဟု သတ်မှတ်ထားသည်။ သူဖြတ်သန်းခဲ့သမျှသောမြို့များနှင့်စပ်လျဥ်း၍ ဤလူမှုကမ္ဘာသည် အလွန်ကြီးမားသည်ဟု သူဆိုသည်။ သူသည် လူအများနှင့်ထိတွေ့ပြီး သူတို့ထံမှ လေ့လာသင်ယူရန်အတွက် ၂၀၁၆ခုနှစ်တွင် စက်ဘီးဖြင့်ခရီးနှင်မည့် ၄နှစ်တာခရီးကို အစပြုခဲ့သည်။ ဘာသာစကားအတားအဆီးရှိသောအခါ တစ်ခါတစ်ရံတွင် လူသည် တစ်ဉီးကိုတစ်ဉီးကြည့်ရုံဖြင့် အချင်းချင်းနားလည်နေကြောင်း သူသိခဲ့ရသည်။ လူလူချင်းဆက်သွယ်ရန်အတွက် သူ့ဖုန်းထဲမှဘာသာပြန်ပေးသော App ကိုလည်း အားကိုးခဲ့ရသည်။ သွားခဲ့သည့်ခရီးမိုင်နှင့် မြင်တွေ့ခဲ့ရသည့်အရာများအားဖြင့် သူ့ခရီးစဥ်ကို မတိုင်းတာခဲ့ပါ။ သည့်အစား "သူတို့ရဲ့ ဘာသာစကားကို ကျွန်တော်မသိဘူး။ နားမလည်ဘူး။ ဒါပေမဲ့ သူတို့ဟာ ဘယ်လိုလူလဲဆိုတာ ကျွန်တော်သိချင်တယ်။ သိအောင်လုပ်မယ်"ဟု သူ့နှလုံးသားကို ထိတွေ့စွဲထင်စေခဲ့သည့် လူများအားဖြင့်သာ တိုင်းတာခဲ့ပါသည်။

ဤကမ္ဘာကြီး မည်မျှပင်ကျယ်ပြောနေပါစေ၊ ဘုရားရှင်သည် ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်ရှိ လူများနှင့်ပတ်သက်ပြီး အရာခပ်သိမ်းကိုသိသည်။ လုံးစေ့ပတ်စေ့သိသည်။ ဆာလံဆရာဒါဝိဒ်က “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်၊ လနှင့်ကြယ်များအကြောင်းကို…

စကားပြောခွင့်ရခြင်းဟူသည့် ခရစ္စမတ်လက်ဆောင်

ခွဲစိတ်မှုခံယူပြီးနောက် လေဖြတ်သွားသဖြင့် တောမ် စကားမပြောနိုင်တော့ပါ။ ပြန်လည်သန်စွမ်းရေးအတွက် ကာလကြာရှည်စွာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရသည်။ ရက်သတ္တပတ်များစွာကြာပြီးနောက် အသင်းတော်၏ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်သို့ တောမ်ရောက်လာသောအခါ ကျွန်ုပ်တို့အံ့သြဝမ်းမြောက်ခဲ့ရသည်။ တစ်ဖန် သူထရပ်ပြီး စကားပြောသောအခါ ကျွန်ုပ်တို့ပို၍အံ့သြခဲ့ရပြန်သည်။ ပြောမည့်စကားလုံးများရှာနေရင်း ဗလုံးဗထွေးနှင့် ထပ်ခါတလဲလဲပြောသည်။ သူပြောလိုသည့် နေ့စွဲနှင့်အချိန်များလည်း ရောထွေးကုန်သည်။ သို့သော် သေချာသည်မှာ ဘုရားရှင်ကို သူချီးမွမ်းနေခြင်းဖြစ်သည်။ စိတ်မကောင်းဖြစ်ရသည့် တစ်ချိန်တည်းမှာပင် သူ့အားဖြင့် ကောင်းချီးဖြစ်သည်ဟု ခံစားရသည့် အခိုက်အတန့်လေးပါ။

ခရစ်စမတ်မတိုင်ခင် အဖြစ်အပျက်များတွင် စကားပြောနိုင်စွမ်းဆုံးရှုံးသွားသူတစ်ဦးအကြောင်းကို တွေ့ရသည်။ ကောင်းကင်တမန်ဂါဗြေလသည် ယဇ်ပရောဟိတ်ဇာခရိထံရောက်လာကာ သူသည် ကြီးကျယ်မြင့်မြတ်သော ပရောဖက်၏ဖခင်ဖြစ်လာမည့်အကြောင်း ပြောကြားသည် (လု ၁:၁၁-၁၇)။ သူတို့ဇနီးမောင်နှံမှာ အသက်ကြီးရင့်နေပြီဖြစ်သောကြောင့် ဇာခရိ သံသယစိတ်ဝင်ခဲ့သည်။ ထို့ကြောင့် ဂါဗြေလက ထိုသားမမွေးမီအချိန်တိုင်အောင် စကားပြောနိုင်မည်မဟုတ်ဟု သူ့အား မိန့်ကြားခဲ့သည် (:၂၀)။

ကောင်းကင်တမန်ပြောသည့်အတိုင်း အံ့သြဖွယ်ရရှိလာသည့် ကလေးငယ်၏ နာမည်ပေးကင်ပွန်းတပ်ပွဲတွင်မှ ဇာခရိ…

ဆုတောင်းအားကြီးသောနပန်းလုံးမှု

တစ်စုံတစ်ဦးက သူ့အား ဓမ္မသစ်ကျမ်းစာအုပ်ပေးပြီးနောက် ဒဲနစ်အသက်တာ ပြောင်းလဲခဲ့ပါသည်။ ကျမ်းစာကိုဖတ်ကြည့်ရင်း သူအလွန် စိတ်ဝင်စားလှသောကြောင့် ကျမ်းစာအုပ်သည် သူ့အဖော်မွန်ဖြစ်ခဲ့သည်။ ၆ လအတွင်း အသက်တာကို ပြောင်းလဲစေခဲ့သော အဖြစ်အပျက် ၂ ခု ဖြစ်ခဲ့သည်။ သူ့အပြစ်များကို ခွင့်လွှတ်သောကြောင့် သခင်ယေရှုကို သူ့ယုံကြည်ခဲ့ခြင်းနှင့် အလွန်ခေါင်းကိုက်သည့်ဝေဒနာ ခံစားရပြီးနောက် ဦးနှောက်အကြိတ်ေရောင်ရောဂါခံစားရခြင်းဖြစ်သည်။ မခံမရပ်နိုင်သော နာကျင်မှုကြောင့် အိပ်ရာ၌သာရှိနေရပြီး အလုပ်လည်း မလုပ်နိုင်တော့ပါ။ ကိုက်ခဲနာကျင်မှုကြောင့် အိပ်မရသောညတစ်ညတွင် သူသည် ဘုရားရှင်အား ဟစ်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် မနက် ၄:၃၀ မှ သူအိပ်ပျော်သွားတော့သည်။

ရုပ်ပိုင်းခန္ဓာနာကျင်မှုများကြောင့် ဘုရားရှင်ကို ကျွန်ုပ်တို့ဟစ်ခေါ်သည်။ အခြားသော နာကျင်ရသည့်ဘဝအခြေအနေများကလည်း ကိုယ်တော့်ထံ တိုးဝင်ပြေးသွားရန် လှုံဆော်သည်။ ဒဲနစ်နပန်းလုံးခဲ့ရသောညမတိုင်မီ ရှေးရာစုနှစ်ပေါင်းများစွာက ကယ်ရာမဲ့ဖြစ်နေသော ယာကုပ်သည်လည်း ဘုရားသခင်နှင့် ရင်ဆိုင်တွေ့ခဲ့သည်(က ၃၂:၂၄-၃၂)။ ယာကုပ်၏ မပြီးပြတ်သေးသော မိသားစုအမှုအရေး ဖြစ်ပါသည်။ သူ့အစ်ကိုဧသောကို…

တိမ်လွှာမြူခိုး

တစ်မနက်က ကျွန်မအိမ်နားရှိ ရေကန်သို့သွားပြီး ကုန်းပေါ်၌လှန်ထားသော လှေပေါ်တွင်ထိုင်ကာ တွေးနေရင်း ညင်သာစွာ တိုက်ခတ်သောလေပြေနှင့် ရေပြင်ပေါ် ရှိ မြူခိုးလွှာလေးကိုကြည့်နေစဥ် လေဆင်နှာမောင်းငယ်လေးများ ဝှေ့တက်လာပြီး အားပျော့သွားသည်။ များမကြာမီ နေခြည်အလင်းတန်းက တိမ်ကိုထိုးဖောက်ထွက်လာသောအခါ တိမ်လွှာမြူခိုးများ ပျောက်ကွယ်သွားပါတော့သည်။

ထိုမြင်ကွင်းလေးက ကျွန်မဖတ်ခဲ့သော “သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ” (ဟေရှာ ၄၄:၂၂) ဟူသည့် ကျမ်းပိုဒ်နှင့်ဆက်စပ်မိသောကြောင့် စိတ်သက်သာရာရခဲ့ပါသည်။ ကျွန်မ၏အတွေးထဲတွင် ရက်အတော်ကြာမျှ စိုးမိုးထားသော အပြစ်ဖြစ်နေသောအတွေးများမှ စိတ်အာရုံလွဲရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ သွားခဲ့ခြင်းဖြစ်သည်။ အပြစ်ကို ဝန်ချတောင်းပန်ခဲ့သော်လည်း ထိုအပြစ်ကို ထပ်မံပြုလုပ်မိမည်ဆိုပါက ဘုရားရှင်ခွင့်လွှတ်ပါဦးမည်လားဟု တွေးမိသည်။

ထိုမနက်က ဘုရားရှင်ခွင့်လွှတ်မည်ဟု အဖြေရရှိခဲ့သည်။ ဘုရားရှင်သည် ရုပ်တုကိုးကွယ်ခြင်းပြဿနာနှင့် အဆက်မပြတ် လုံးပမ်းနေသည့် ဣသရေလလူတို့အား ပရောဖက်ဟေရှာယအားဖြင့် ကရုဏာပြခဲ့သည်။ ၎င်းတို့အား မှားယွင်းသောဘုရားများကိုးကွယ်ခြင်းကို ရပ်တန့်ရန် တားမြစ်ခဲ့သော်လည်း “သင့်ကို…

စစ်မှန်သောအစေခံ

ဘီစီ ၂၇ အချိန်ကာလ၊ ရောမအုပ်ချုပ်သူ အော့တေးဗီယန်သည် အထက်လွှတ်တော်တွင် သူ၏အခွင့်အာဏာကို စွန့်လွှတ်ခဲ့သည်။ သူသည် ပြည်တွင်းစစ်ကို နှိမ်နင်းအောင်မြင်ခဲ့ပြီး ထိုဒေသဝန်းကျင်ကို အုပ်စိုးသူဖြစ်လာကာ ဧကရာဇ်မင်းကဲ့သို့ ပြုမူခဲ့သည်။ သို့သော် ထိုအာဏာသည် တရားမဝင်ကြောင်း သူသိသည်။ ထို့ကြောင့် လွှတ်တော်တွင် သူသည်အာဏာကိုစွန့်ပြီး တရားဝင်ရွေးချယ်ခန့်အပ်မှုကိုသာ လက်ခံပါမည်ဟု ကျမ်းသစ္စာဆိုခဲ့သည်။ လွှတ်တော်က မည်သို့တုံ့ပြန်သနည်း။ သူ့အား ပြည်နယ်ဂုဏ်ဆောင် သရဖူကိုအပ်နှင်းပြီး ‘ရောမပြည်သူတို့၏ အစေခံ’ ဟူသောဘွဲ့ကို ချီးမြှင့်အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ‘သြဂတ်စတပ် - ကြီးမြတ်သူ’ ဟူသောဘွဲ့ကိုလည်း အပ်နှင်းချီးမြှင့်ခဲ့သည်။

ရှင်ပေါလုက သခင်ယေရှုသည် သူ၏အ‌သရေကိုစွန့်ပြီး အစေခံကျွန်၏သဏ္ဍာန်ကိုဆောင်ခဲ့သည်ဟု ရေးသားခဲ့သည်။ သြဂတ်စတပ် လည်း ထိုကဲ့သို့ပင်လုပ်ခဲ့သည်ဟုထင်ရသည်။ သို့မဟုတ် သူတကယ်လုပ်ခဲ့ပါသလား။ သြဂတ်စတပ်သည် သူ့အခွင့်အာဏာကို စွန့်လွှတ်လိုက်သကဲ့သို့ လုပ်ဆောင်ခဲ့သည်။ သို့သော် သူ့အကျိုးအတွက် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင်…

ဘုရားသခင်၏လမ်းပြမှု

တစ်ခါက စုံတွဲတစ်တွဲ၏ဘဏ်အကောင့်ထဲသို့ ဒေါ်လာ ၁၂၀၀၀၀ မတော်တဆ လွှဲပြောင်းဝင်လာရာ သူတို့ဈေး၀ယ်ထွက်ကြသည်။ ပေးဆောင်ရမည့်အခွန်အခများ ကို ပေးချေပြီးနောက် ဘက်စုံသုံးယာဉ်တစ်စီး၊ ရွေ့လျားအိမ်ကားနှင့် ထရပ်ကားနှစ်စီးဝယ်ခဲ့သည်။ ငွေလွှဲမှားကြောင်းကို သိရှိပြီးနောက် ဘဏ်မှ ငွေပြန်ပေးခိုင်းသောအခါ ထိုလင်မယားမှာ ငွေများကို အကုန်သုံးပစ်ခဲ့ပြီဖြစ်သည်။ သို့နှင့် ငွေအလွဲသုံးစားမှုဖြင့် တရားစွဲခံခဲ့ရပြီး တရားရုံးတွင် ယောက်ျားဖြစ်သူက “ကျွန်‌တော်တို့က လွဲမှားတဲ့ ဥပဒေဆိုင်ရာအကြံပေးချက်အချို့ကို ယူခဲ့မိတယ်” ဟု သတင်းထောက်ကို ပြော ကြားခဲ့သည်။ မကောင်းသည့် အကြံဉာဏ်ကိုယူမိခြင်းနှင့် မိမိဥစ္စာမဟုတ်ဘဲ သုံးစွဲမိခြင်းသည် သူတို့၏ဘဝကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း သင်ခန်းစာရခဲ့သည်။

ထို့‌ကြောင့် ဆာလံဆရာက ကျွန်ုပ်တို့ဘဝရှုပ်ထွေးပွေလီမှုကို ရှောင်ရှားနိုင် အောင် အမြော်အမြင်ရှိသောအကြံကို ပေးခဲ့သည်။ တရားတော်၌ မွေ့လျော်ပြီး မင်္ဂလာရှိသူတို့သည် ဘုရားမသိသူတို့၏အကြံဉာဏ်ပေးချက်ကို မလိုက်ဟု ရေးသားခဲ့သည်(ဆာ ၁:၁)။ ပညာမဲ့သော၊ ဘုရားအလိုမရှိသော အကြံပေးချက် များသည် မမြင်ရသောအန္တရာယ်နှင့်…