မိမိလုပ်သည့်အလုပ်များ အဓိကကျသလား
“ဒီအလုပ်တွေအားလုံးပြီးအောင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု ကျွန်မ ခေါင်းကို ငုံ့ပြီး သက်ပြင်းချလိုက်သည်။ “မင်းကိုယ်မင်း အမှတ်ပြည့်ပေးလိုက်စမ်းပါကွာ။ မင်းအလုပ်တွေ အများကြီးပြီးပါတယ်” ဟု ကျွန်မသူငယ်ချင်း၏အသံပြာပြာကို ဖုန်းမှ ကြားလိုက်ရသည်။ ကျွန်မကြိုးစား၍ လုပ်ဆောင်နေသောအလုပ်များဖြစ်သည့် - ကျန်းမာစွာ ရှင်သန်နေထိုင်ခြင်း၊ အလုပ်ကြိုးစားလုပ်ခြင်း၊ အရည်အချင်း ပြည့်မီစွာဘွဲ့ရခဲ့ခြင်း၊ စာရေးသည့်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်း၊ ကျမ်းစာသင်တန်းတက်ခြင်း စသည်တို့ကို သူရွတ်ပြသည်။ ထိုအလုပ် အားလုံးကို ဘုရားအတွက် ဆက်ကပ်လုပ်ဆောင်ချင်ပါသည်။ သို့သော် ထိုအလုပ်များကို မည်သို့လုပ်ရမည်ထက် လုပ်ရမည့်အရာများကိုသာလျှင် ပို၍ အာရုံစိုက်မိခဲ့သည်။ အလုပ်ပိုပြီးအောင် ပိုကြိုးစားနေခြင်းလည်း ဖြစ်မည်။
ရှင်ပေါလုက ကောလောသဲအသင်းတော်အား ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရေးအတွက် အသက်ရှင် နေထိုင်သွားကြရန် သတိပေးခဲ့သည်။ နေ့စဉ်နေ့တိုင်းတွင် မည်သည့်အရာကို လုပ်ဆောင်ခြင်းထက် သူတို့ မည်ကဲ့သို့ အသက်ရှင်ခြင်းက ပို၍အရေးကြီးသည်။ သူတို့ လုပ်ဆောင်သော အလုပ်အပေါ်တွင်…
မာစီ၏ မြည်တမ်းခြင်း
သူမ၏ဖခင်က သူခံစားနေရသောရောဂါသည် မကောင်းဆိုးဝါးကြောင့်ဖြစ်သည်ဟု အပြစ်တင်သည်။ ထိုရောဂါသည် AIDS ဖြစ်သည်။ သူ့ဖခင်သေဆုံးပြီးနောက် အသက် ၁၀ နှစ်အရွယ် သမီးလေး မာစီ သည် မိခင်နှင့်ပို ၍နီးကပ်မှုရှိလာသည်။ သို့သော် သူ၏ မိခင်သည်လည်း ဖျားနားလျက်ရှိပြီး နောက် ၃ နှစ်အကြာတွင် သေဆုံးသွားတော့သည်။ ထိုအချိန်မှစ၍ မာစီ၏အမက သူတို့၏မွေးချင်း ၅ ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်လာရသည်။ လောကကြီးတွင်ပြင်းထန်စွာခံစားရသည့် အကြောင်းအရာများကို သူမသည် ထိုအချိန်မှစတင်ပြီး ရေးမှတ်ထားခဲ့သည်။
ထိုနည်းတူ ပရောဖက်ယေရမိသည် သူနာကျင်စွာ ခံစားရသည့်မှတ်တမ်းများကို သိမ်းဆည်းခဲ့သည်။ စိတ်မကောင်းစရာ သူ၏မြည်တမ်းခြင်းစာစောင်တွင် ဗာဗုလုန် စစ်တပ်များက ယုဒလူမျိုးတို့အား ရက်စက် ကြမ်းတမ်းစွာ ပြုမူခြင်းများကို ထည့်သွင်းရေးသားထားသည်။ အထူးသဖြင့် ထိခိုက်နာကျင်ခံစားရသည့် သူငယ်များအတွက် သူစိတ်မသက်မသာ ဖြစ်မိသည်။ “ကျွန်ုပ်၏အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌…
လမ်းကြောင်းပေါ်တွင် ရှိနေနိုင်မည့်နည်းလမ်း
ကမ္ဘာ့အမြန်ဆုံး မျက်မမြင်အပြေးသမား ဒေးဗစ်ဘရောင်း ၏အောင်မြင်မှုအတွက် အမေရိကန် မသန်စွမ်းသူများ အားကစားအဖွဲ့မှ ဘုရားသခင်အား ချီးမွမ်းသည့်ပွဲတွင် (ထိုင်ချည်းမနေနဲ့) ဟု လက်ဦး အကြံပေးခဲ့သည့်သူ့မိခင်နှင့် အတွေ့အကြုံရင့်ကျက်သည့် သူ၏နည်းပြ စစ်ပြန် ဂျရုမ်းအေဗရီ တို့ကိုပါ ဂုဏ်ပြုခဲ့သည်။ နည်းပြကြီးနှင့် ဘရောင်း တို့သည် ၎င်းတို့၏လက်ချောင်းကလေးများကို အပ်ချည်ကြိုး ရှည်ရှည်နှင့်ချည်လျက် လှန်ထားပြီး အေဗရီက စကားဖြင့် ဖြစ်စေ၊ ထိတွေ့ခြင်းအားဖြင့်ဖြစ်စေ သူအောင်မြင်ခဲ့သည့် ပြိုင်ပွဲအတွက် ပြသညွှန်ကြားပေးခဲ့သည်။
မီတာ ၂၀၀ ပြေးပွဲတွင် ပြေးလမ်းကြောင်း ကွေးနေသည့်နေရာများတွင် “ခြေလှမ်းကျဲကျဲ”နှင့် မြန်မြန် သွက်သွက် လှုပ်ရှားခဲ့သည့် ဘရောင်းက “အဓိကအားဖြင့် ဆရာ အချက်ပြသင်ကြားပေးတာကို နားထောင်ဖို့ပါပဲ။”... “နေ့စဉ် နေ့တိုင်း ပြိုင်ပွဲနည်းဗျူဟာတွေကို ကျွန်တော်တို့အတူ လေ့လာ ကြတယ်”...“စကားနဲ့ဖြစ်ဖြစ်၊ အချက်ပြတာမျိုးနဲ့ဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြတယ်” ဟု ပြောပြသည်။
ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာပြေးပွဲတွင်…
ဘုရားသခင်၏ စုံလင်သောမေတ္တာ
တစ်ခါက ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံ၊ ဆန်တိုဒိုမင်ဂိုမြို့အနီးဝန်းကျင်ရှိ ဆင်းရဲသား ရပ်ကွက်သို့ ကျွန်တော်သွားရောက်ခဲ့သည်။ သွပ်မိုးအိမ်ခေါင်မိုးပေါ်တွင် လျှပ်စစ်ဝါယာကြိုး များကို လျော့တိလျော့ရဲ သွယ်တန်းထားသည်။ မိသားစုများနှင့်ကျွန်တော်တို့ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီး အလုပ်လက်မဲ့၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရာဇဝတ်မှုပပျောက်ရေးတွင် အသင်းတော်များက မည်သို့ပါဝင်ဆောင်ရွက်ပေးသည့် အကြောင်းများကို သူတို့ထံမှ ကြားသိရသည်။
တစ်ဖန် မိခင်တစ်ဦးနှင့် သူ၏သားတို့ကိုတွေ့ဆုံရန် နောက်ဖေးလမ်းကြားရှိ အခန်းငယ်တစ်ခုသို့ ယိုင်နဲ့နေသော လှေခါးမှတက်သွားသည်။ မကြာမြင့်မီ လူတစ်ဦးက ကမန်းကတန်းထွက်လာပြီး “အခုချက်ခြင်းပြန်ရအောင်” ဟု ပြောသည်။ ဓားကိုင်ဆောင်သည့်လူဆိုးအဖွဲ့ ခေါင်းဆောင်က သူ့လူများကိုတပ်လှန့်ပြီး ကျွန်တော်တို့ကို ချောင်းမြောင်းလုယက်တိုက်ခိုက်ရန် လုပ်ဆောင် နေသည့်အသွင်ကို မြင်လိုက်ရသည်။
ကျွန်တော်တို့ အခြားရပ်ကွက်သို့ ထပ်မံသွားသော်လည်း မည်သည့်ပြဿနာမှ မရှိခဲ့ပါ။ နောက်မှ အကြောင်းရင်းကို ကျွန်မသိလိုက်ရသည်။ တစ်အိမ်ပြီးတစ်အိမ် ကျွန်တော် သွားတိုင်း ထိုလူဆိုးအဖွဲ့ခေါင်းဆောင်သည် အိမ်အပြင်၌ ရပ်စောင့်ကာ ကျွန်တော်တို့ကို အကာအကွယ် ပေးခဲ့သည်။…
သန့်ရှင်းသော မီး
တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်တွင် နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်းတို့ကို ကြုံတွေ့ရပြီးနောက် ထိုပြည်နယ်တွင် နေထိုင်သူများက ၎င်းသည် ဘုရားသခင်၏ လုပ်ရပ်ဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုဘေးဒုက္ခသည် သန့်ရှင်းသောမီး ဖြစ်သည်ဟု သတင်းများ၌ ဖော်ပြသောအခါ မနှစ်မြို့ဖွယ် ထိုထင်မြင်ချက်က ပြန်အသက်ဝင် လာသည်။ ထိုဒေသနှင့် အကျွမ်းတဝင် မရှိသူများ အနေဖြင့် ၎င်းသည် “Holy Jim Canyon” ဒေသကို ရည်ညွှန်း ကြောင်း မသိကြပေ။ “Holy Jim” သည် မည်သူနည်း။ ဒေသခံသမိုင်းအရ ထိုသူသည် ၁၉ ရာစု က ပျားမွေးမြူသူ ဖြစ်ပြီး ဘာသာရေး မကိုင်းရှိုင်းသည့်အပြင် ဘုကန့်လန့်သမား၊ လူ့ဂွစာဖြစ်သည်။ ထို့ကြောင့် သူ့ကို သရော်သည့်အနေဖြင့် အိမ်နီးနားချင်းများက ထိုသို့ကင်ပွန်းတပ်ပေးခြင်း ဖြစ်သည်။
“သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း” ဗတ္တိဇံပေးခြင်း ဟူ၍ နှစ်ခြင်းဆရာယောဟန် ရည်ညွှန်းသည်တွင်…
လှပခြင်းရှိရမည့်အချိန်
ဇန်နဝါရီလ၏နံနက်ခင်းတစ်ခုတွင် ကျွန်မသည် အိပ်ယာမှနိုးထလာပြီး အပတ်ပေါင်း များစွာ ကျွန်မကိုကြိုဆိုခဲ့သည့်ဆောင်းရာသီမြင်ကွင်း - နှင်းများကြားမှ ထိုးထွက်လျက်ရှိသော ညိုပြာပြာမြက်ခင်းခြောက်များ၊ မီးခိုးရောင်ကောင်းကင်၊ အရိုးပြိုင်းပြိုင်းသစ်ပင်များ ပါဝင်သည့် မှိုင်းပြပြတောင်တန်းများကိုသာ မြင်ရမည်ဟု ထင်မိသည်။ သို့သော် မထင်မှတ် သည့်အရာသည် ညတွင်းချင်းပင် ပြောင်းလဲသွားသည်။ မြေတစ်ပြင်လုံးတွင် ဆီးနှင်းခဲများ ဖုံးလွှမ်းလျက် အသက်မဝင်ထိုင်းမှိုင်းသော တောင်တန်းကြီးက နေအလင်းရောင်အောက် တွင် တင့်တယ်လှပစွာ တောက်ပလျက် ကျွန်မ၏မျက်လုံး များပင် စူးရှသွားသည်။
တစ်ခါတစ်ရံ ကျွန်မတို့သည် ယုံကြည်ခြင်းမရှိသည့် စိတ်ဖြင့် ပြဿနာများကို ရှုမြင်တတ်သည်။ နေ့စဉ် နံနက်တိုင်း ရောဂါဖိစီးမှု၊ ကြောက်ရွံ့မှု၊ စိတ်ဆင်းရဲမှုများက ကျွန်မတို့ကို ကြိုဆိုနေလိမ့်မည်ဟု မျှော်လင့်နေတတ်ပြီး တစ်မူထူးခြားသောအရာလည်း ဖြစ်လာနိုင်သည်ကို သတိမမူမိကြပါ။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပြန်လည်ကျန်းမာခြင်းအခွင့်၊ ကြီးပွားခြင်း အခွင့်နှင့် အောင်မြင်ခြင်းအခွင့်တို့ ရရှိနိုင်ကြောင်းကို ကျွန်မတို့ မမျှော်လင့်ကြပါ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်တစ်ပါးတည်းသာ…
အပြည့်အဝ အာရုံစူးစိုက်ခြင်း
ယခုခေတ်နည်းပညာများသည် ကျွန်ုပ်တို့၏အာရုံကို အမြဲပင် ဆွဲဆောင်နေသည်။ လူတို့ သိလိုသည့် အချက်အလက်များစွာကို အင်တာနက်မှတစ်ဆင့် လက်ဖဝါးပေါ်၌ပင် ရှာဖွေ လေ့လာနိုင်သည်။ သို့သော် ထိုအချက်အလက်များရရှိရန် ရင်းရမည့်အရာများရှိသည်။
ပြင်ပတွင် ဖြစ်ပျက်နေသည့်အရာများကို သိရှိလိုသည့် ခေတ်ပေါ် စိတ်လှုံ့ဆော်မှု၊ မိမိလွတ်သွားသောအရာ၊ မသိရှိလိုက်သောအရာမရှိကြောင်းကို ဖော်ပြရန် စာရေးဆရာမ လင်းဒါစတုန်း က “စဉ်ဆက်မပြတ် အာရုံစူးစိုက်မှု တစ်စိတ်တစ်ပိုင်း” ဟူသောစကားစုကို ထွင်လိုက်သည်။ ၎င်းသည် နာတာရှည် ပူပန်သောက ဝေဒနာကို ဖြစ်စေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
တမန်တော်ကြီးရှင်ပေါလုသည် အခြားသော စိတ်ပူပန်စရာများနှင့် ရုန်းကန်လှုပ်ရှားနေရသော်လည်း ကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် ဘုရားသခင်ထံမှ ငြိမ်သက်မှုကို ရှာဖွေနေကြောင်းကို သူသိသည်။ ထို့ကြောင့် ညှဥ်းပန်း နှိပ်စက်ခြင်းခံရသော ယုံကြည်သူလူသစ်များထံသို့ ပေးပို့သော စာတွင် (၁ သက် ၂:၁၄)၊ ရှင်ပေါလုက ယုံကြည်သူများအား “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိရန်၊ မခြားမလပ်…
သွားပြီ၊ သွားပြီ၊ ကုန်ပြီ
နောက်တီးနောက်တောက်လုပ်တတ်သော ပန်းချီဆရာ ဘဲန့်စီသည် လက်တွေ့ကျကျ ပြက်လုံးတစ်ခု ထုတ်ခဲ့သည်။ သူ၏ “ပူဖောင်းနှင့်မိန်းကလေး” ပန်းချီကားကို လန်ဒန်ရှိ စိုဘီ လေလံပွဲတွင် ပေါင်တစ်သန်းနှင့် ရောင်းချခဲ့သည်။ လေလံပစ်သူက “ရောင်းပြီး” ဟု အော်ပြီး ခဏအကြာ သတိပေးသံထွက်ပေါ်လာပြီး ပန်းချီကားသည် ဘောင်အတွင်း အောက်ခြေ၌ တပ်ဆင်ထားသည့် စက္ကူဖြတ်စက်အတွင်းသို့ တစ်ဝက်လောက် ကျဆင်းသွားသည်။ ဘဲန့်စီ က ပျက်စီး သွားသော သူ၏လက်ရာမြောက်ပန်းချီကားကို အလန့်တကြား မှင်သက်စွာကြည့်နေသည့် လေလံပစ်သူများ၏ ဓာတ်ပုံကို “သွားပြီ၊ သွားပြီ၊ ကုန်ပြီ” ဆိုသည့် ခေါင်းစဉ်ဖြင့် တွစ်တာပေါ် တင်ခဲ့သည်။
ကြွယ်ဝခြင်းစည်းစိမ်၏လှည့်စားမှုအပေါ် လူတို့၏ တုံ့ပြန်မှုကို ဘဲန့်စီ သဘောခွေ့သွားသည်။ သို့သော် သူက စိတ်အနှောင့်အယှက်မဖြစ်ပါ။ ကြွယ်ဝခြင်းစည်းစိမ်သည် လှည့်စားခြင်းသဘောရှိပြီးသားဖြစ်သည်။ ဘုရားသခင်က “ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ... ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြု သင့်သလော။…
လှုပ်နေသော ဒူးများကို ခိုင်ခံ့စေခြင်း
ကျွန်မငယ်စဥ်က ၁၉၆၇ ခုနှစ်၌ ဒေါ့တီရမ်ဘို ရေးသားသည့် “ကျွန်ုပ်အပြစ်များကို ကျော်လွန်၍ ကျွန်ုပ်လိုအပ်ချက်(need)ကို တွေ့သည်” ဆိုသည့် သီချင်းခေါင်းစဉ်ကို “ကျွန်ုပ်အပြစ်များကို ကျော်လွန်၍ ကျွန်ုပ်ဒူး (knees) ကို တွေ့သည်” ဟု ထင်ခဲ့ဖူးသည်။ ‘need’ နှင့် ‘knees’ ကို မှားခြင်းဖြစ်သည်။ ကလေးအတွေးနှင့် “ဘုရားသခင်က ဘာလို့ ဒူးတွေကို ကြည့်မှာလဲ” ဟု စဉ်းစားမိခဲ့ဖူးသည်။ ဒူးက အားနည်းသည့်အရာမို့လို့လား။ အားနည်းသည့်ဒူးသည် ကြောက်ဒူးတုန်ခြင်းသဘောဖြစ်ကြောင်း ကျွန်မသိပါသည်။ ဒေါ့တီ သည် သူ့အစ်ကို အယ်ဒီ၏ သူပြုခဲ့သောအမှားများ ကြောင့် သူသည် နှစ်သက်ဖွယ်မကောင်းဟု ယုံကြည်မှတ်ယူနေမှုကို တုံ့ပြန်ရှင်းပြရန် ဘုရားသခင်၏ အခြေအနေပေါ် မမူတည်သည့် ချစ်ခြင်းမေတ္တာအကြောင်းကို ရေးစပ်ခဲ့ခြင်း ဖြစ်ေကြောင်း နောက်မှ ကျွန်မပြန်သိခဲ့ရသည်။ ဘုရားသခင်က သူ၏အားနည်းခြင်းများကိုမြင်ပြီး မည်သို့ပင်ဖြစ်ဖြစ် သူ့ကိုချစ်ကြောင်း ဒေါ့တီက သူ့ကို…
ပြည့်စုံသောအသက်တာ
ပထမကမ္ဘာစစ်ပြီးခါနီး ၁၉၁၈ ခုနှစ်တွင် ဓာတ်ပုံဆရာ အဲရစ် အဲန်စတောမ်သည် သူ့လက်ရာ ဓာတ်ပုံများကိုတင်ဆက်ရန် ပြန်လည်စုစည်းခဲ့သည်။ လူများစွာက ဘာမှမရှိသကဲ့သို့ ခံစားနေရချိန်၌ ပြီးပြည့်စုံခြင်းခံစားချက်ကိုဖော်ပြသည့်ဓာတ်ပုံ တစ်ပုံကို သူထည့်သွင်းဖော်ပြလိုသည်။ ထိုဓာတ်ပုံမှာ မုတ်ဆိတ်မွှေးနှင့်အဖိုးအိုတစ်ဉီးသည် စားပွဲ၌ထိုင်ပြီး ခေါင်းငုံ့ဆုတောင်းနေပုံဖြစ်သည်။ သူ့ရှေ့တွင် စာအုပ်၊ မျက်မှန်၊ ဆန်ပြုတ်တစ်ခွက်၊ ပေါင်မုန့်တစ်လုံးနှင့် ပေါင်မုန့်လှီးဓားတစ်လက်ရှိသည်။ ထိုအရာများအပြင် အပိုမရှိ၊ သို့သော် ဘာမှမလို၊ ဘာတစ်ခုမှ လျော့မနေပါ။ ယခုတွင် ထိုဓာတ်ပုံကို အများက အလွန်နှစ်သက် သဘောကျကြသည်။
ဓာတ်ပုံဆရာသည် ရှားပါးမှုကို ထုတ်ဖော်နေခြင်းဟု အချို့ကဆိုမည်။ သို့သော် အဲန်စတောမ်၏ရှုထောင့်က ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းသည် ပြည့်စုံသည့်ဘဝ ဖြစ်သည်။ ဓာတ်ပုံထဲမှအဖိုးအိုသည် ကျေးဇူးသိတတ်မှုဖြင့် ပြည့်စုံသည့်ဘဝကို ရှင်သန်နေသည်။ သင်နှင့် ကျွန်ုပ်လည်း အခြေအနေ မည်သို့ပင် ရှိရှိ၊ ထိုဘဝကို ခံစားနိုင်ပါသည်။ သခင်ယေရှုက ယော…