အမျိုးအစား  |  odb

တည်မြဲသောဆုတောင်း

“ဆုတောင်းခြင်းသည် သက်ဝင်ရှင်သန်သည်”။ စိတ်အာရုံကိုဖမ်းစားသည့် ထိုစကားကို ပြောသူမှာ ဆုတောင်းခြင်းနှင့်ပတ်သက်၍ အထူးပြု ရေးသားကာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို လှုံ့ဆော်ခဲ့သည့် ဆရာကြီး အီးအမ်ဘောင်းဒ်စ် (၁၈၃၅-၁၉၁၃) ဖြစ်သည်။ တန်ခိုးနှင့်ပြည့်စုံပြီး တည်မြဲခြင်းသဘောရှိသည့် ကျွန်ုပ်တို့၏ ဆုတောင်းချက်များနှင့် ပတ်သက်၍ ဆရာကြီးက ဤသို့ ဝေဖန်သုံးသပ်ပြသည်။ “သေဆုံးခြင်းကြောင့် ဆုတောင်းသည့် နှုတ်ပိတ်သွားလည်း၊ ဆုတောင်းသည့် နှလုံးသား ရပ်တန့်သွားလည်း၊ ဆုတောင်းချက်များသည် ဘုရားသခင်အထံတော်၌ ရှင်သန်နေသည်။ ဘုရား၏ စိတ်နှလုံး၌ ထိုဆုတောင်းများရှိနေသည်။ ဆုတောင်းချက် များသည် ဆုတောင်းသူထက်ပို၍ သက်တမ်း ရှည်သည်။ မျိုးဆက်တစ်ခုထက်၊ ခေတ်တစ်ခုထက်၊ လောက တစ်ခုထက်ပို၍ သက်တမ်းရှည်သည်”။

အခက်အခဲ၊ နာကျင်ခံစားရမှု၊ ဝေဒနာများကြားမှ ထွက်ပေါ်လာသည့် သင်၏ဆုတောင်းချက်သည် ဘုရားသခင်ထံ ရောက်မှရောက်ပါလေစဟု သင်တွေဝေတွေးတောခဲ့ဖူးပါသလား။ ဆရာကြီး ဘောင်းဒ်စ်၏ ထိုးထွင်းအသိအမြင်ပေးသောစကား သာမက ဗျာ ၈း၁-၅
မှလည်း…

အံ့သြစရာကြီး

သတ္တမတန်းကျောင်းသားများ၏ ပထမအကြိမ် တောလမ်းခရီးကြမ်း အပြေးပြိုင်ပွဲတွင် ကလေးမတစ်ဦးသည် ပြိုင်ပွဲမဝင်လို။ ထိုပြိုင်ပွဲဝင်ရန် သူလေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း ဘိတ်ချေးဖြစ်မှာ စိုးကြောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အခြားသူများနှင့် တာထွက်ခဲ့သည်။ ထို့နောက် ၂ မိုင် ခရီး ပြေးလမ်းတွင် အခြားအပြေးသမားများ တစ်ဦးပြီးတစ်ဦး ပန်းဝင် သွားကြပြီး နောက်ဆုံး ထိုကလေးမလေးသာ ကျန်တော့သည်။ နောက်ဆုံးတွင် ပန်းဝင်လာမည့် သမီးကို စောင့်ကြိုနေသည့် မိခင်က အဝေးမှ တစ်ဦးတည်းပြေးလာသူကို လှမ်းတွေ့ပြီး ပန်းတိုင်အနီး၌ သွားကာ စိတ်ပျက်နေမည့်သမီးကို အားပေးရန် စောင့်နေသည်။ သို့သော် ပြိုင်ပွဲဝင်ကလေးမလေးက ပန်းတိုင်၌ သူ့အမေကို တွေ့သောအခါ “အံ့သြစရာကြီး” ဟု အော်ပြောလိုက်သည်။

နောက်ဆုံးမှ ပန်းဝင်လာခြင်းက ဘာအံ့သြစရာရှိသနည်း။ “ပန်းဝင်ခဲ့ခြင်း”က အံ့သြစရာဖြစ်ပါသည်။

ကလေးမလေးသည် ခက်ခဲသောအမှုကို ကြိုးစားလုပ်ဆောင်ကြည့်ပြီး အောင်မြင်စွာ ပန်းဝင်ခဲ့ပါသည်။ အားကစား၊ ဂီတ စသည့်…

ကမ္ဘာကြီးလောက်ချစ်တယ်

ကျွန်မ၏သုံးနှစ်သားအရွယ် တူမလေးဂျီးနာ၌ ကျွန်မမချစ်ဘဲ မနေနိုင်လောက်အောင် နှလုံးသား အရည်ပျော်လောက်အောင် လုပ်တတ်သည့် အမူအရာလေးတစ်ခုရှိသည်။ သူအလွန်နှစ်သက်သော ငှက်ပျောသီးမုန့်စားရလျှင်၊ သူ့အကြိုက် ကစားနည်းများ ကစားရလျှင် “ကြိုက်လိုက်တာ၊ မီးမီးကြိုက်ကြိုက်၊ ကမ္ဘာကြီးလောက်ကြိုက်” ဟု ပြောပြီး လက်နှစ်ဘက်ကို မြောက်ပြီး အိုက်တင်လုပ်လိုက်သေးသည်။

တစ်ခါတစ်ရံ “ဘာမှမရှက်မကြောက်၊ ဘာမှတုံ့ဆိုင်း မနေဘဲ ငါဘယ်တုံးက အဲလိုဖြစ်ဖူးလဲ” ဟု ကျွန်မ တွေးကြည့်မိသည်။

ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် လက်တွေ့ ဖြစ်တည်မှုဘ၀၏ အနက်ရှိုင်းဆုံး အခြေခံအုတ်မြစ်ဖြစ်ခြင်း အမှန်တရားကို အရွယ်ရောက်သူ ကျွန်ုပ်တို့ နားလည်ရ ခက်သောကြောင့် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဟု ရှင်ယောဟန်က ထပ်ခါထပ်ခါ ဖော်ပြခြင်း (၁ ယော ၄း၈၊ ၁၆) ဖြစ်မည်။ မိမိအကြောက်ဆုံး အရာပေါ် မူတည်ပြီး လောကကြီးက ကျွန်ုပ်တို့ကို စခန်းသွင်း ခွဲခြား ပေရာ၊…

မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနှင့်

ကျွန်မသူငယ်ချင်း၏ ဆေးစစ်ချက်တွင် ‘‘ကင်ဆာ’’ ဟု အဖြေထွက်လာသောအခါ ဆရာဝန်က သူ့ဆောင်ရွက်စရာများကို စီမံပြင်ဆင်ရန် အကြံပေးခဲ့သည်။ သူက ရှိုက်ကြီးတငင်ငိုကြွေးရင်း ကျွန်မကို ဖုန်းဆက်သည်။ သူ့ခင်ပွန်းနှင့် သားသမီးများအတွက် စိတ်ပူကြောင်း ပြောသည်။ သူ့အတွက် အရေးပေါ်ဆုတောင်းချက်ကို ရင်းနှီးသော မိတ်ဆွေများထံ ကျွန်မပေးပို့ခဲ့သည်။ ထို့နောက် အခြားဆရာဝန် တစ်ဦးက မျှော်လင့်ချက်ကို မစွန့်လွတ်ရန်၊ ဆရာဝန်နှင့် သူနာပြုအဖွဲ့မှ တတ်နိုင်သမျှ အကောင်းဆုံး လုပ်နိုင်သမျှ လုပ်ပေးမည်ဟု အားပေးသောအခါ ကျွန်မတို့ ဝမ်းမြောက်သွား သည်။ အချို့နေ့များတွင် ဝေဒနာကို ပြင်းထန်ခက်ခဲစွာ ခံစားရသော်လည်း သူမ၏ ဝေဒနာထက် ဘုရားသခင်၌သာ သူမျက်မှောက်ပြုခဲ့သည်။ သူလုံးဝ အရှုံးမပေးခဲ့ပါ။

ကျွန်မသူငယ်ချင်း၏ကြံ့ကြံ့ခံသော ယုံကြည်ခြင်းက လုကာ ၈ မှ ကယ်ရာမဲ့အမျိုးသမီးအကြောင်းကို သတိရစေသည်။ သွေးသွန်နာရောဂါ ၁၂ နှစ်တာ ခံစားခဲ့ရ၍ စိတ်ပျက်အားလျော့ကာ အထီးကျန်ဖြစ်လျက်…

နောက်တစ်ခုကို လုပ်ပါ

တစ်စုံတစ်ယောက်ကို ကူညီရန် စိတ်၌လှုံ့ဆော်မှုဖြစ်ပြီး ၎င်းကို မတုံ့ပြန်ဘဲ မကူညီဘဲ နေလိုက်သည်။ မည်သည့်အချိန်က ထိုသို့ဖြစ်ခဲ့သနည်း။ “၁၀ စက္ကန့် နည်းဥပဒေသ” စာအုပ်တွင် ကလဲဒီဂရပ်ဖ် က နေ့ရက်စဉ်တိုင်းတွင် ကျွန်ုပ်တို့၏တုံ့ပြန်ပြုမူမှုသည် ဘုရားကို ချစ်ခြင်းကြောင့် နာခံမှုရှိသော အသက်တာဆီသို့ခေါ်ယူသည့်၊ သာ၍ နက်ရှိုင်းသော ဝိညာဉ်ရေးရာ လျှောက်လှမ်းမှုဆီသို့ ခေါ်ယူ သည့် ဘုရားသခင်၏နည်းလမ်းဖြစ်သည်။ ထို ၁၀ စက္ကန့်နည်းဥပဒေသ စာအုပ်ထဲတွင် “သခင်ယေရှု သင့်ကို လုပ်ဆောင်စေလိုသောအရာ မှန်သည်ဆိုပါက ထိုအရာကို လုပ်ဆောင်ပါ။ သင့်စိတ်မပြောင်းခင် ချက်ခြင်း လုပ်ဆောင်ပါ” ဟု တိုက်တွန်းထားသည်။

သခင်ယေရှုက ‘‘ငါ့ကိုချစ်လျှင် ငါ့ပညတ်တော်ကို စောင့်ရှောက်ကြလော့’’ ဟု ယော ၁၄း၁၅ တွင် မိန့်မှာထားသည်။ သို့သော် ‘‘ကိုယ်တော့်ကိုတော့ချစ်ပါရဲ့၊ သို့ပေမဲ့ အလိုတော်အားလုံးကို ဘယ်လိုလုပ် သေချာသိပြီး လိုက်လျှောက်နိုင်မလဲ’’ ဟု…

မကြောက်တော့ပါ

ကလေးမလေးတစ်ယောက် ပြန်ပေးဆွဲခံရပြီးနောက် တစ်ပတ်အကြာတွင် သူ့ကို အီသီယိုးပီးယားရဲများ ပြန်တွေ့သောအခါ လည်ဆံမွေးအမဲရောင်ရှိသည့် ခြင်္သေ့ ၃ ကောင်က သူမကို သူတို့ကလေးကဲ့သို့ စောင့်ရှောက်ထားကြောင်း တွေ့ရသည်။ လူ ၇ ယောက်က ၁၂နှစ် အရွယ် ကလေးမလေးကို တောအုပ်ထဲ ပြန်ပေးဆွဲသွားပြီး ရိုက်နှက်ခဲ့ကြသည်။ အံ့သြဖွယ်ရာမှာ ထိုကလေးမလေး၏ အော်သံကို
ခြင်္သေ့များကြားပြီး အမြန်ရောက်လာကာ ထိုသူများကို လိုက်သဖြင့် သူတို့ ထွက်ပြေးသွားကြတော့သည်။ ‘‘ကျွန်တော်တို့ သူ့ကို ရှာတွေ့ပြီး ရောက်လာချိန်အထိ ခြသေ့င်္တွေက သူ့ဘေးက စောင့်နေပြီး နောက်မှ လက်ဆောင်လေးလိုသူ့ကို ချန်ထားပြီး တောအုပ်ထဲသို့ ပြန်ဝင်သွားတယ်’’ဟု ရဲအရာရှိ ၀န်ဒီမူ က သတင်းထောက်ကို ပြောပြပါသည်။

ထိုကလေးမလေးကြုံရသကဲ့သို့ အကြမ်းဖက်မှုနှင့် ဆိုးညစ်မှုဒုစရိုက်များက ကျွန်ုပ်တို့ကို လွှမ်းမိုးလျက် ကျွန်ုပ်တို့မျှော်လင့်ချက်မဲ့အောင် ခြောက်လှန့်နေသောခေတ် ဖြစ်သည်။ ရှေးခေတ် ယုဒလူမျိုးများလည်း ထိုသို့အဖြစ်နှင့်…

လူ့ဘောင်သစ်

လန်ဒန် မြို့ရှိ Tate ခေတ် ပြတိုက် သို့ သွားရောက်လေ့လာခဲ့စဉ်က ဘရာဇီးအနုပညာရှင် Cildo Meireles ဖန်တီးထားသည့် ရာနှင့်ချီသော ရေဒီယိုဟောင်းများဖြင့် ပြုလုပ်ထားသည့် ဧရာမ မိုးပျံမျှော်စင်ပုံ အနုပညာ လက်ရာတစ်ခုက ကျွန်ုပ်အာရုံကို ဖမ်းစားသည်။ ရေဒီယိုအလုံးတိုင်းကို ဖွင့်ထားပြီး၊ မတူညီသော အသံလှိုင်းများကြောင့် နားမလည်နိုင်သောစကားသံများဖြင့် ကျွတ်ကျွတ်ဆူ ညံနေ တော့သည်။ ၎င်းကို Meireles က ဗာဗုလုန်ရဲတိုက် ဟု နာမည်ပေးထားသည်။

ထိုပုံစံနှင့် ထိုနာမည် လိုက်ဖက်ပါသည်။ မူလ ဗာဗုလုန် ရဲတိုက်ကြီးတည်ဆောက်စဉ် လူသားများ ကောင်းကင်သို့ တက်ရန် ကြိုးစားခြင်းကြောင့် ပြောစကား များကို ရှုပ်ထွေးစေခြင်းဖြင့် ဘုရားရှင် တားဆီးရပ်တန့် ပစ်ခဲ့သည် (က ၁၁း၁-၉)။ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်၍မရတော့သည့်အခါ ဘာသာစကား မတူညီသော လူမျိုးနွယ်စုအသီးသီးအဖြစ် ကွဲပြားသွားသည် (း၁၀-၂၆)။ ဘာသာစကား…

အလုံခြုံဆုံးနေရာ

ဖလောရင့်ဟာရီကိန်းမုန်တိုင်း သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်းတန် မြို့ကို အင်အားပြင်းထန်စွာ ရိုက်ခတ်ချိန်တွင် ကျွန်တော့်သမီးသည် အိမ်မှထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ မုန်တိုင်းစဲသွားမည့်အချိန်ကို နောက်ဆုံးအချိန်အထိ သူစောင့်ဆိုင်း ခဲ့သည်။ သို့သော် ယခုတွင် သူနှင့်တစ်ပါတည်း ယူဆောင်သွားမည့် အရေးကြီးသော စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် သူ့ကိုယ်ပိုင်ပစ္စည်းများကို ရွေးထုတ်လိုက်သည်။ နောက်ပိုင်းတွင် သူက ‘‘ထွက်ခွာခြင်းဟာ ဒီလောက်ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ်ပြန်လာတဲ့ အခါ ပစ္စည်းတွေက အရင်အတိုင်း ရှိနေပါ့မလားဆိုတာ မသိနိုင် ဘူးလေ’’ ဟု ကျွန်တော့်ကို ပြောခဲ့သည်။

ဘဝမုန်တိုင်းများသည်လည်း ပုံစံအမျိုးမျိုးနှင့် လာပါ သည်။ ဟာရီကိန်းမုန်တိုင်း၊ လေဆင်နှာမောင်း၊ မြေငလျင်နှင့် ရေကြီးခြင်းများ၊ မထင်မှတ်သော အိမ်ထောင်ရေးပြဿနာ၊ သားသမီးပြဿနာ၊ ရုတ်တရက် ကျန်းမာရေးပြဿနာပေါ်ခြင်း၊ ငွေကြေးများ ဆုံးရှုံးရခြင်းစသည်ဖြင့် ဝင်ရောက် လာနိုင်သည်။ တဒင်္ဂလေးအတွင်းတွင် မိမိတန်ဖိုးထားသောအရာများ ပျောက်ကွယ်သွားနိုင်ပါသည်။

မုန်တိုင်းများအကြားတွင် အလုံခြုံဆုံးသောနေရာကို…

ပြန်လည်သင့်မြတ်ခြင်းတံခါး

အိုင်ယာလန်နိုင်ငံ ဒါဘလင် မြို့ရှိ စိန်ပက်ထရစ်ဘုရားကျောင်းအတွင်း၌ ၅ရာစုခေတ်မှ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည့် တံခါးတစ်ပေါက်ရှိသည်။ ၁၄၉၂ ခုနှစ်က ဘတ်တလာ နှင့် ဖဇ်ဂျဲရယ် မိသားစုနှစ်စုသည် ရာထူးမြင့်သည့်နေရာကိုလုရင်း အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲပြင်းထန်လာသောအခါ ဘတ်တလာ မိသားစုသည် ဘုရားကျောင်းအတွင်း၌ ခိုလှုံခဲ့ကြရသည်။ ဖဇ်ဂျဲရယ် သည်
တိုက်ခိုက်မှု ရပ်စဲရန် လာရောက်ကမ်းလှမ်းသောအခါ ဘတ်တလာ တို့သည် တံခါးဖွင့် မဖွင့်ပေးရဲဘဲ ကြောက်ရွံ့ နေခဲ့ကြသည်။ ထို့ကြောင့် ဖဇ်ဂျဲရယ် သည် တံခါးကို အပေါက်ဖောက်ကာ ခေါင်းဆောင်က ထိုအပေါက်မှ တစ်ဆင့် လက်ကမ်းပေးပြီး ငြိမ်းချမ်းရေး လက်ဆွဲ နှုတ်ဆက် ခဲ့ကြသည်။ ထိုမိသားစုနှစ်စုသည် ပြန်လည်သင့်မြတ်သွား ကြပြီး ရန်သူမှ မိတ်ဆွေဖြစ်သွားကြသည်။

ကောရိနသုအသင်းတော်ရှိ ယုံကြည်သူများထံ ရှင်ပေါလု ရေးသောစာစောင်တွင် ဘုရားသခင်ထံ၌လည်း ပြန်လည်သင့်မြတ်ခြင်းတံခါး ရှိကြောင်း ဖော်ပြထားသည်။ ဘုရားရှင်သည်…

ဒဏ်ရာအမာရွတ်များ၏ဇာတ်လမ်း

မေမေစိုက်ထားသည့် ပန်းခင်းထဲ၌ လိပ်ပြာလေးက တောင်ပံတဖြတ်ဖြတ်နှင့် ကူးချည် သန်းချည် ပျံသန်းနေသည်။ ကလေးသဘာဝမို့ လိပ်ပြာလေးကို ကျွန်မ ဖမ်းချင်မိ သွားသည်။ သို့နှင့် အိမ်နောက်ဖေး မီးဖိုထဲသို့ အပြေးသွားကာ ဖန်ခရားတစ်လုံးကို သွားယူလိုက်သည်။ သို့သော် အလောတစ်ကြီး ပြန်ပြေးလာစဉ် ခြေချော်ပြီး အိမ်ရှေ့ဆင်ဝင် သံမံတလင်းပေါ် လဲကျသွားရာ ဖန်ခရားကွဲပြီး ကျွန်မခါးကို ရှကာ ဟက်တက်ကွဲဒဏ်ရာရသွားသည်။ ထိုဒဏ်ရာကို ၁၈ ချက် ချုပ်ခဲ့ရသည်။ ယခုတွင် ထိုဒဏ်ရာအမာရွတ်က ကျွန်မခါး၌ ခူကောင်ပမာ ရှိနေပြီး ဒဏ်ရာရခြင်း၊ အနာပျောက်ခြင်း ဇာတ်လမ်းတစ်ပုဒ်ကို ပြောနေတော့သည်။

သခင်ယေရှု အသေခံပြီးနောက် တပည့်တော်များ ရှေ့မှောက်သို့ အမာရွတ်များနှင့် သခင် ကိုယ်ထင်ရှား ပေါ် လာသည်။ သောမက လက်တော်မှ သံရိုက်ရာ သံချက်ကို မြင်လိုသဖြင့် သခင်က သူ့အား ‘‘သင်၏လက်ညှိုးကို ဆန့်၍…