အလျင်လိုချိန်၌ မျှော်လင့်စောင့်ဆိုင်းပါ
၁၉၃၀ နှစ်တွင် စီးပွားရေးပညာရှင် John Maynard Keynes (ဂျွန်မေးနာ့ဒ်ခိန်းစ်) ရေးသော ဆောင်းပါးတစ်ပုဒ်တွင် “အားလပ်နေချိန်၌ ကျွန်ုပ်တို့ဘာလုပ်မည်နည်း” ဟူသည့်မေးခွန်းက အဓိကသော့ချက်အတွေးဖြစ်သည်။ ၎င်းဆောင်းပါး၌ ခိန်းစ်က နှစ်ပေါင်း (၁၀၀)အတွင်း နည်းပညာပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ တိုးတက်မှုများသည် လူသားတို့အား တစ်နေ့လျှင် (၃)နာရီ၊ တစ်ပတ်လျှင် (၁၅)နာရီ အလုပ်လုပ်မည့် အခြေအနေတစ်ခုသို့ ဆောင်ကြဥ်းပေးလိမ့်မည်ဟု အဆိုပြုတင်ပြခဲ့သည်။
ကျော်ကြားလှသည့် ထိုစာအုပ်ကို ခိန်းစ်ရေးသားထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း (၉၀)ကျော်မျှ ကြာခဲ့ပြီဖြစ်သည်။ သို့သော် နည်းပညာများက အားလပ်ချိန်ကို ပိုမိုဖန်တီးသည်ထက် ကျွန်ုပ်တို့အား ပို၍အလုပ်ရှုပ်စေပါသည်။ နေ့စဥ်သွားလာသည့်အချိန်နှင့် အစားအသောက်ပြင်ဆင်ချိန်များ နည်းသွားသည့်တိုင် တစ်နေ့တာလုပ်ဆောင်စရာများက အချိန်ပြည့်ဖြစ်ပြီး ကျွန်ုပ်တို့အလျင်လိုနေဆဲ ဖြစ်သည်။
ကျွန်ုပ်တို့အလျင်စလိုဖြစ်နေချိန်တွင် မည်ကဲ့သို့တည်ငြိမ်စွာနေရမည်ကို ဒါဝိဒ် ၏အသက်တာမှ ထိထိမိမိပေါ်လွင်သည့် ဖြစ်ရပ်တစ်ခုက ပြသသည်။ ဒါဝိဒ်သည် (သူ့ကိုသတ်ရန် ကြိုးစားနေသည့်) ရှောလုမင်းထံမှ ထွက်ပြေးရစဥ်က…
မင်းလုပ်နိုင်တယ်
တိုက်တွန်းခွန်အားပေးခြင်းသည် အောက်ဆီဂျင်နှင့် တူ၏။ အောက်စီဂျင်မရှိလျှင် ကျွန်ုပ်တို့အသက်မရှင်နိုင်။ အသက် (၉)နှစ် အရွယ် James Savage (ဂျိမ်းဆားဗေ့) အတွက် ထိုအချက်က မှန်ကန်သည်။ သူသည် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်ကိုကမ်းခြေမှ အယ်လ်ခါထရဇ်ကျွန်းသို့ နှစ်မိုင်ကျော်အကွာအဝေးကို အသွားအပြန် ရေကူးပြီး အသက်အငယ်ဆုံး အောင်မြင်မှုစံချိန်ချိုးခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရေစကူးပြီး မိနစ် (၃၀)အကြာတွင် အလွန်အေးသောရေကြောင့် ဂျိမ်းလက်လျှော့ချင်ခဲ့သည်။ သို့သော် လှေလှော်သမားများက “မင်းလုပ်နိုင်တယ်” ဟုအော်ပြောခဲ့သည်။ ထိုစကားများက သူပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန် အားအင်ကို ပေးခဲ့သည်။
ဆင်းရဲဒုက္ခလှိုင်းကြမ်းများကြောင့် ခရစ်တော်ကိုယုံကြည်သူများ လက်လျှော့လိုကြသောအခါ ရှင်ပေါလုနှင့်ဗာနဗတို့က သူတို့အား ရှေ့ခရီးဆက်ရန် အားပေးတိုက်တွန်းခဲ့သည်။ ဒေရဗေမြို့တွင် သတင်းကောင်းကို ဟောကြားပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့များသို့ပြန်လာကာ တပည့်တော်များကို ခိုင်ခံ့စေလျက် စစ်မှန်သောယုံကြည်ခြင်း၌တည်ရန် နှိုးဆော်ခဲ့သည် (တ ၁၄:၂၁-၂၂)။ ရှင်ယေရှု၌ ယုံကြည်ခြင်းစိတ် ခိုင်မြဲရန်…
ပညာ နှင့် နားလည်နိုင်သောဉာဏ်
၁၃၇၃ ခုနှစ်တွင် အသက် (၃၀)အရွယ် အင်္ဂလန်နိုင်ငံ၊ နော်ဝစ်ချ်မြို့သူ Julian (ဂျူလီယန်)သည် နာမကျန်းဖြစ်ပြီး သေလုနီးပါးဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးက သူမအတွက် ဆုတောင်းပေးသောအခါ ရူပါရုံများစွာကို သူမြင်ခဲ့ရပြီး၊ ၎င်းတို့အနက် ယေရူကားစင်တင်သတ်ခံရခြင်းကို သူမ ဆင်ခြင်ခဲ့မိသည်။ အံ့ဩဖွယ်ကောင်းလှစွာ ပြန်လည်ကျန်းမာလာပြီးနောက် သူမသည် ဘုရားကျောင်း၏ဘေးခန်းတွင် တစ်ဦးတည်းနေထိုင်ကာ နောက်အနှစ် (၂၀)ထိတိုင် သူမကြုံတွေ့ခဲ့ရသောအရာများကို ဆင်ခြင်ဆုတောင်းခဲ့သည်။ သူမက “ဘုရားဖော်ပြသော ချစ်ခြင်းမေတ္တာ” ဟုဆို၍ ခရစ်တော်၏စွန့်လွှတ်ပူဇော်မှုသည် ဘုရားသခင်၏မေတ္တာကို အကြီးမြတ်ဆုံး ထင်ရှားဖော်ပြခြင်းဟု ကောက်ချက်ချခဲ့သည်။
ဂျူလီယန်၏ဖွင့်ပြချက်များသည် ထင်ရှားကျော်ကြားသည်။ သို့သော် ဘုရား သခင် သူမအား ဖွင့်ပြသည့်အရာကို အချိန်ပေး အားထုတ်၍ ဆုတောင်းပြီးအဖြေရှာ ခဲ့ရခြင်းကို လူအများသတိမမူမိပါ။ ထိုအနှစ် (၂၀)အတွင်း ဘုရားရှင်၏ ဉာဏ်ပညာနှင့်မစမှုကို တောင်းခံလျက် သူမခံစားရသည့် ဘုရားရှင်တည်ရှိခြင်း အတွေ့အကြုံသည် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို ပိုင်းခြားသိနိုင်ရန် ရှာဖွေခဲ့သည်။…
သာ၍မြတ်သောမေတ္တာ မရှိ
၂၀၁၉ ခုနှစ်တွင် (၇၅) နှစ်မြောက် ဒီဒေး (ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ ပြင်သစ်သို့ ဝင်ရောက်သောနေ့) အထိမ်းအမှတ်ပွဲသည် အနောက်ဥရောပဒေသ လွတ်မြောက်ရေးအတွက် အကြီးမားဆုံးသော ပင်လယ်ရေကြောင်းထိုးစစ်၌ ပါဝင်ခဲ့ကြသောတပ်ဖွဲ့ဝင် ၁၅၆,၀၀၀ ကျော်ကို ဂုဏ်ပြုခြင်းဖြစ်သည်။ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် နေ့တွင် ရေဒီယိုမှ ထုတ်လွှင့်သော သမ္မတ Roosevelt (ရုစဗက်)၏ ဘုရားသခင်ကာကွယ်စောင့်ရှောက်ရန် ဆုတောင်းချက်တွင် “သူတို့သည် သူတစ်ပါးအပေါ် အနိုင်ယူလိုသည့်ရမက်စိတ်ဖြင့် တိုက်ပွဲဝင်ခြင်း မဟုတ်ပါ။ သူတစ်ပါးအပေါ် အနိုင်ယူစိုးမိုးချုပ်ကိုင်လိုမှုကို အဆုံးသတ်ရန်နှင့် လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခြင်းသာဖြစ်သည်”ဟု ဖော်ပြပါရှိသည်။
မကောင်းမှုကိုထိန်းချုပ်ပြီး အဖိနှိပ်ခံများကို လွတ်မြောက်မှုပေးနိုင်ရေး အန္တရာယ်ကို ခါးစည်းခံယူလျက် မိမိကိုယ်ကို ပေးဆပ်ရန် စိတ်ဆန္ဒရှိခြင်းက “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ” (ယော ၁၅:၁၃)ဟူသည့် ရှင်ယေရှု၏စကားများကို သတိရစေသည်။ နောက်တော်လိုက်တပည့်တော်များ…
ကျွန်ုပ်စိတ်နှလုံးကို သူသိသည်
ကုန်စုံဆိုင်တစ်ခု၏ ကိုယ်တိုင်ငွေရှင်းရသည့်နေရာတွင် စျေးဝယ်သူတစ်ဦးသည် ငွေပေးချေပြီးသွားသဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏ကုန်ပစ္စည်းများကို စကင်န်ဖတ်ပြီးငွေပေးချေရန် ထိုငွေရှင်းသည့် နေရာသို့သွားရောက်ခဲ့သည်။ ထိုစဥ် မမျှော်လင့်ဘဲ သိသိသာသာ ဒေါသထွက်နေသူတစ်ဦးကို ရင်ဆိုင်လိုက်ရသည်။ ငွေရှင်းရန်တန်းစီနေသော သူမအလှည့်ဖြစ်သည်ကို ကျွန်ုပ်သတိမထားမိခြင်းပါ။ ကိုယ့်အမှားကို ကိုယ် သတိပြုမိလိုက်ပြီးနောက် “တောင်းပန်ပါတယ်”ဟု ရိုးသားစွာ ပြောလိုက်သော်လည်း သူမက “မဟုတ်ဘူး၊ ရှင်တောင်းပန်နေတာ မဟုတ်ဘူး” အစရှိသည့် စကားလုံးများစွာဖြင့် ကျွန်ုပ်ကို ပြန်ပက်ခဲ့သည်။
မိမိမှားခဲ့ပြီး၊ ထိုအမှားကို ဝန်ခံလျက်၊ အခြေအနေကို မှန်ကန်တည့်မတ်ရန် ကြိုးစားခဲ့လည်း စိမ်းကားစွာ အငြင်းပယ်ခံလိုက်ရသည့် အဖြစ်မျိုး သင်ကြုံဖူးပါသလား။ နားလည်မှုလွဲခြင်း (သို့) အထင်မှားမှုများကြောင့် ခံစားရချက်က မသက်သာ၊ မိမိစော်ကားမိသူ (သို့) မိမိကိုစော်ကားသူများက မိမိနှင့်အသိအကျွမ်းများဖြစ်ပါက ပိုနာကျင်လေဖြစ်သည်။ ကျွန်ုပ်တို့၏ခံစားချက် စိတ်နှလုံးသားကို သူတို့အား မြင်စေချင်စမ်းပါဘိ။
ဟေရှာယအနာဂတ္တိကျမ်း ၁၁:၁-၅ တွင် ပြီးပြည့်စုံသော တရားစီရင်ခြင်းအတွက်…
ရှင်သန်ခြင်းနှင့် တိုးတက်ကြီးပွားခြင်း
‘The Croods’ ဂူတွင်းနေ ခရုဒ်မိသားစု ကာတွန်းရုပ်ရှင်တွင် အသက်ရှင်သန်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့မိသားစုလေး တစ်စုတည်းနေထိုင်ရန် ဖြစ်သည်ဟု သူတို့ယုံကြည်ထားသည်။ သူတို့သည် ကမ္ဘာကြီးနှင့်အခြားသူများကို ကြောက်ကြသည်။ ထို့ကြောင့် လုံခြုံသောနေရာကို ရှာဖွေရင်း သူတို့ရွေးချယ်သောဒေသတွင် ထူးဆန်းသောမိသားစုတစ်စုရှိနေသည်ကို တွေ့သောအခါ သူတို့အလွန်ကြောက်ရွံ့စိုးရိမ်မိသည်။ သို့သော် များမကြာမီ အိမ်နီးချင်းအသစ်များနှင့် သူတို့၏ မတူညီမှုများကို လက်ခံတတ်လာပြီး ၎င်းတို့ထံမှ ခွန်အားယူကာ အတူတကွ ရှင်သန်ကြသည်။ ဘဝကို ပြည့်ဝစွာရှင်သန်နိုင်ရေး အခြားသူများကို သူတို့ လိုအပ်ပြီး အမှန်တကယ် ပျော်ရွှင်စွာ အတူနေနိုင်ကြောင်း သူတို့တွေ့ရှိလာသည်။
ပေါင်းသင်းဆက်ဆံရေးအမှုသည် ဘေးရန်မကင်းပါ။ ကျွန်ုပ်တို့ကို သူတစ်ပါးက နာကျင်စေနိုင်သည်။ သို့သော် အသင်းတော်တည်းဟူသော အဖွဲ့အစည်းတစ်ခုတည်းတွင် ဘုရားရှင်သည် သူ၏လူများကို ပေါင်းစည်းထားခြင်းသည် ကောင်းကျိုးအတွက်ပင်ဖြစ်သည်။ အခြားသူများနှင့် မိတ်သဟာယဖွဲ့သောအခါ ကျွန်ုပ်တို့ရင့်ကျက်လာသည် (ဧ ၄:၁၃)။ “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်ခြင်း”…
အာကာသမှပွဲတော်မင်္ဂလာ
၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် အပိုလို ၁၁ ၏ Eagle lunar module (အီးဂဲ လူနာ မော်ဂျူး) အာကာသယာဥ်သည် လပေါ်ရှိ Sea of Tranquility (ငြိမ်သက်ခြင်းပင်လယ်)စခန်း၌ ဆင်းသက်သောအခါ အာကာသယာဥ်မှူးများသည် လမျက်နှာပြင်ပေါ်ခြေမချမီ ကိုယ်ခန္ဓာတည်ငြိမ်မှုရရန် အချိန်ယူခဲ့ရသည်။ အာကာသယာဉ်မှူး Buzz Aldrin (ဘဇ်အောဒရင်း)သည် ပွဲတော်သုံးဆောင်ရန်အတွက် မုန့်နှင့်စပျစ်ရည်ယူဆောင်လာရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်။ ကျမ်းစာဖတ်ပြီးနောက် လပေါ်တွင် ပထမဆုံးသောအစာကို အရသာခံစားခဲ့ရသည်။ “အသင်းတော်က ပေးလိုက်တဲ့ခွက်ထဲ စပျစ်ရည်လောင်းထည့်လိုက်တဲ့အခါ လရဲ့ခြောက်ပုံတစ်ပုံဆွဲငင်အားမှာ စပျစ်ရည်က ခွက်တစ်ဘက်ကို ဖြည်းညင်းစွာ ကွေးညွှတ်တက်သွားတယ်”ဟု နောက်ပိုင်းတွင် သူရေးသားခဲ့သည်။ အောဒရင်းသည် အာကာသ၌ ပွဲတော်ခံယူခြင်းအမှုကို ကြည်နူးသည်နှင့်အမျှ သူ၏လုပ်ရပ်က ခရစ်တော်ကားတိုင်ပေါ်တွင် အသက်စွန့်ပူဇော်ခဲ့ခြင်းနှင့် ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်း အာမခံချက်ကို သူ့ယုံကြည်ကြောင်း ကြွေးကြော်ခြင်းဖြစ်သည်။
“ရန်သူလက်သို့အပ်နှံခြင်းကို ခံသောနေ့ည”တွင်…
မိမိအလုပ်ကို ဘုရားသခင်အား ပေးလိုက်ခြင်း
ကျွန်မစာရေးပေးသည့် မဂ္ဂဇင်းက “အရေးကြီးသည်”ဟု ခံစားရ၍ ရာထူးကြီးစာတည်းထံမှ မှတ်ချက်ကောင်းရရန် အကောင်းဆုံးဆောင်းပါးတစ်ပုဒ်ဖြစ်အောင် ကျွန်မကြိုးစားပြီးရေးခဲ့သည်။ သူမ၏စံနှုန်းကိုမီရန် စိတ်ဖိစီးမှုခံစားရလျက် ကျွန်မ၏ အတွေးနှင့်အကြံဉာဏ်များကို အပြန်ပြန်အလှန်လှန် ချရေးနေခဲ့သည်။ သို့သော် မည်သည်က ပြဿနာဖြစ်နေသနည်း။ ခေါင်းစဥ်က စိန်ခေါ်မှုဖြစ်နေ၍လား။ ဒါမှမဟုတ် တစ်ကယ်စိုးရိမ်နေသည်က “တည်းဖြတ်သူက ကျွန်မဆောင်းပါးကိုသာမက ကျွန်မကိုရော သဘောကျ လက်ခံပါ့မလား” ဆိုသည့် မိမိ၏သောကကြောင့်လား။
အလုပ်အကိုင်နှင့်ပတ်သက်ပြီး ကျွန်မတို့၏စိုးရိမ်မှုများအတွက် အဖြေကို ရှင်ပေါလုက စိတ်ချရသောလမ်းညွှန်တစ်ခု ပေးထားသည်။ ကောလောသဲ အသင်းတော်သို့ ရေးပို့သောစာတွင် ရှင်ပေါလုက ယုံကြည်သူများအား လူ၏လက်ခံမှုကိုရရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ တမန်တော်ကြီးပြောထားသကဲ့သို့ပင် “လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍ အမွေတော်တည်းဟူသောအကျိုးကို ထိုသခင်ဘုရား၏လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့” (ကော…
အပြစ်ဒုစရိုက်နှင့်ဝေးရာသို့ ထွက်ပြေးပါ
ဤနှစ်နွေရာသီတွင် ကျွန်တော်သည် တိုက်ကပ်နွယ်ပင်အဆိပ်ဒဏ်ကို နှစ်ကြိမ်တိုင် ခံစားခဲ့ရသည်။ နှစ်ကြိမ်စလုံးသည် ခြံထဲ မစိုက်ဘဲပေါက်နေသောအပင်များကို ခုတ်ထွင်ရှင်းလင်းရင်းမှ ဖြစ်ခဲ့သည်။ နှစ်ကြိမ်စလုံး ထိုအန္တရာယ်ပေးသော၊ အရွက်သုံးခုပါသည့်ရန်သူသည် အနီးအနားတွင် ပုန်းလျှိုးကွယ်လျှိုး ရှိနေသည်ကိုလည်း မြင်ပါသည်။ ကျွန်တော့်အတွက် မည်သည့်အန္တရာယ်မှ မရှိဘဲ အနားကပ်နိုင်မည်ဟု ထင်လိုက်မိသည်။ ခဏအကြာတွင် မှားသွားကြောင်းကို သိလိုက်သည်။ ပြေးမလွတ်သော အစိမ်းရောင်အန္တရာယ်အနီးသို့ တိုးသွားမည့်အစား ဝေးရာသို့ ပြေးထွက်ခဲ့သင့်သည်။
ဓမ္မဟောင်းကျမ်းမှ ယောသပ်အကြောင်းတွင် နွယ်ပင်အဆိပ်ထက်ပိုဆိုးသည့် အပြစ်ဒုစရိုက်နှင့်ဝေးရာသို့ ပြေးခြင်းဟူသည့်နိယာမကို တွေ့ရသည်။ ယောသပ်သည် အဲဂုတ္ထုသခင် ပေါတိဖာ၏နေအိမ်၌နေရစဥ် သခင့်မယားက သူ့ကို သွေးဆောင်ခဲ့သော်လည်း သခင်မအနီးသို့ သူတိုးမသွားဘဲ ထွက်ပြေးခဲ့သည်။
ပေါတိဖာမိန်းမက ယောသပ်ကို မတရားစွပ်စွဲပြီး ထောင်ထဲရောက်စေခဲ့သော်လည်း ယောသပ်သည် တစ်ချိန်လုံးသန့်ရှင်း စင်ကြယ်ခဲ့သည်။ ကမ္ဘာဦးကျမ်း ၃၉:၂၁ တွင် ဖတ်ရှုရသည့်အတိုင်း “ထာဝရဘုရားသည် သူ့ဘက်၌ရှိ”နေခဲ့ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား…
ဘုရားသခင်၏မိတ်ဆွေများ၏မိတ်ဆွေ
လူနှစ်ယောက် ပထမဆုံး မိတ်ဖွဲ့ကြချိန်တွင် ၎င်းတို့၌ နှစ်ဘက်သိမိတ်ဆွေတစ်ဦး ရှိကြောင်းသိလိုက်ရလျှင် အူလိုက်သည်းလိုက်နှင့် ဖော်ရွေစွာ ဆက်ဆံတတ်ကြပါသည်။ “တွေ့ရတာဝမ်းသာပါတယ်၊ ဆမ် (သို့) ဆမယ်သာရဲ့ သူငယ်ချင်းက ကျွန်တော့်သူငယ်ချင်းပါပဲ” ဟုပြောပြီး ဧည့်သည်ကို သဘောထားပြည့်ဝစွာဖြင့်ကြိုဆိုနေသော အိမ်ရှင်၏အပြုအမူသည် အမှတ်ရစရာအကောင်းဆုံး ဖြစ်သည်။
သခင်ယေရှုက အလားတူပြောခဲ့သည်။ သူသည် လူများစွာကို အနာရောဂါငြိမ်းပေးခြင်းအားဖြင့် လူများကို ဆွဲဆောင်ခဲ့သည်။ သို့သော် မိမိ၏သြဇာလွှမ်းမိုးမှုကို အလွဲသုံးစားလုပ်ပြီး ဗိမာန်တော်ကို စီးပွားရေးဆန်စွာ စျေးရောင်းသည့်နေရာ ဖြစ်အောင် လုပ်နေသည့် ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် သဘောထားချင်း မတိုက်ဆိုင်ဘဲ သူတို့နှင့် ရန်သူဖြစ်ခဲ့သည်။ ကြီးထွားလာသော ပဋိပက္ခများ အလယ်တွင်၊ သူသည် ပျော်ရွှင်မှု၊ အဖိုးအခနှင့် သူ့မျက်မှောက်တော်၏ အံ့သြဖွယ်ရာများကို လက်ဆင့်ကမ်း ဆပွားတိုးနိုင်သောအရွေ့များ လုပ်ဆောင်ခဲ့သည်။ သူသည် တပည့်တော်များအား အခြားသူများကို အနာရောဂါငြိမ်းပေးနိုင်သည့် တန်ခိုးကိုပေးခဲ့ပြီး ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီဟု…