အမျိုးအစား  |  odb

ဘုရားသခင်ကို အာရုံပြုပါ

စေ့စပ်လက်စွပ်ဝယ်စဥ်က မှန်ကန်သည့်စိန်ကိုရရှိရေးအတွက် နာရီပေါင်းများစွာ အချိန်ပေးကာ ကျွန်ုပ်ရှာဖွေခဲ့ပြီး “အကောင်းဆုံးစိန်နဲ့ လွဲသွားရင် ဘယ်လိုလုပ်မလဲ” ဟူသည့် အတွေးနှင့် ကြာမြင့်စွာ နပန်းလုံးခဲ့ရသည်။

စီးပွားရေးစိတ်ပညာရှင် Barry Schwartz (ဘယ်ရီရှဝဒ်)၏အဆိုအရ ထိုသို့အချိန်ကြာမြင့်လည်း မဆုံးဖြတ်နိုင်ခြင်းက ကျွန်ုပ်သည် “ကျေနပ်အားရသူ”နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် “ရနိုင်သမျှယူသောသူ” ဖြစ်ကြောင်း ပြနေသည်။ “ကျေနပ် အားရသူ”သည် သူတို့၏လိုအပ်ချက်များအတွက် လုံလောက်မှု ရှိခြင်း၊ မရှိခြင်းအပေါ်မူတည်၍ ရွေးချယ်မှုများပြုလုပ်သည်။ “ရနိုင်သမျှယူသောသူ”ဆိုလျှင်ကော။ လိပ်ပြာမသန့်စွာနှင့် အကောင်းဆုံးရွေးချယ်မှုကို အမြဲလုပ်ရန် လိုသည်ဟု ထင်ကြသည်။ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းများသည် ရွေးချယ်မှုများစွာ ကြုံတွေ့ရချိန်တွင် မိမိမဆုံးဖြတ်နိုင်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖြစ်နိုင်ခြေရလဒ်များဖြစ်သည်။ စင်စစ် လူမှုဗေဒပညာရှင်များက ဤဖြစ်စဉ်အတွက် “လွဲချော်မည်ကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားစုကို တီထွင်ခဲ့သည်။

သမ္မာကျမ်းစာတွင် “ရနိုင်သမျှယူသောသူ” (သို့) “ကျေနပ်အားရသူ” ဟူသောစကားလုံးမျိုး မတွေ့ရသော်လည်း အလားတူအမြင်တစ်ခုကိုဖြင့်…

မျှော်လင့်ခြင်းသက်တန့်များ တွေ့ရှိခြင်း

အောက်တိုဘာအားလပ်ရက်တစ်ခုတွင် နာတာရှည်ရောဂါကြောင့် နာကျင်ခံစားရမှုမှ ပြန်လည်နာလန်ထူနိုင်ရန် ကျွန်မအခန်းအောင်းပြီး ရက်အနည်းငယ် အချိန်ယူ အနားယူခဲ့ရသည်။ ကျွန်မ၏ခံစားချက်မှာလည်း ကောင်းကင်ပြင်ကဲ့သို့ အုံ့မှိုင်းနောက်ကျိနေခဲ့သည်။ နောက်ဆုံး ကျွန်မခင်ပွန်းနှင့် အနီးအနားရှိမီးပြတိုက်၌ ရှုခင်းကြည့်ရန် ထွက်ခဲ့သော်လည်း မီးခိုးရောင်တိမ်များက မြင်ကွင်းအတော်များများကို ပိတ်နေခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် အရိပ်ကျနေသည့်တောင်တန်းများနှင့် မှိုင်းမှုန်နေသည့် မိုးကုတ်စက်ဝိုင်းကို ကျွန်မ ဓာတ်ပုံအချို့ ရိုက်ယူခဲ့သည်။

နောက်ပိုင်းတွင် တစ်ညလုံးမိုးရွာသွန်းမှုကြောင့် စိတ်ပျက်ခဲ့ရပြီး ဒစ်ဂျစ်တယ်ကင်မရာမှ ဓာတ်ပုံများကို သာမန်ကာလျံကာ ကြည့်ဖြစ်သည်။ ပြီးနောက် ပင့်သက်ရှိုက်ရင်း ကျွန်မခင်ပွန်းကို ကင်မရာ ပေးလိုက်သည်။ “သက်တန့်!”။ စောစောက စိတ်ညှိုးငယ်မှုကိုသာ အာရုံစိုက်ခဲ့သဖြင့် ဘုရားသခင်က ပင်ပန်းနွမ်းနယ်နေသည့် ကျွန်မစိတ်ကို မျှော်လင့်မထားသည့် မျှော်လင့်ချက်ဖြင့် လန်းဆန်းစေခဲ့သည့်အရာကို မမြင်ဘဲ လွတ်သွားခဲ့ပါသည် (က ၉:၁၃-၁၆)။

ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာဝေဒနာများသည် ကျွန်မတို့ကို စိတ်ပျက်အားငယ်မှုဆီသို့ မကြာခဏ ဆွဲခေါ်သွားနိုင်သည်။ ပြန်လည်လန်းဆန်းမှုကို…

သီးခြားခွဲထုတ်ထားသည်

၁၇၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် Charles Wesley (ချားလ်စ်ဝက်စလေ) ဟောပြောနေသည့် ဧဝံဂေလိသတင်းစကားကို ဆန့်ကျင်ရန် အင်္ဂလန်နိုင်ငံ Staffordshire (စတာ့ဖော့ဒ်ရှိုင်းယား)၌ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ချားလ်စ်နှင့် သူ့အစ်ကိုဂျွန်တို့သည် နှစ်ရှည်လများ ဘုရားရှိခိုးကျောင်းဓလေ့ထုံးတမ်းများကို ပြောင်းလဲနေပုံပေါ်ခြင်းကြောင့် ထိုအမှုအရာသည် မြို့နေလူထုအဖို့ သည်းခံရန် အလွန်ခက်နေပါသည်။

အဓိကရုဏ်းအကြောင်းကို ဂျွန်ဝက်စလေ ကြားသောအခါ သူ့ညီကို ကူညီရန် စတာ့ဖော့ဒ်ရှိုင်းယားသို့ သူအလျင်အမြန်သွားခဲ့သည်။ မကြာမီမှာပင် ဂျွန် ရှိသည့်နေရာကို ကြမ်းရမ်းသည့်လူအုပ်ကြီးက ဝိုင်းထားလိုက်သည်။ ရဲဝံ့စွာပင် ဂျွန်သည် ထိုလူစု၏ခေါင်းဆောင်များနှင့် ရင်ဆိုင်တွေ့ဆုံပြီး အေးဆေးတည်ငြိမ်စွာ စကားပြောသဖြင့် တစ်ယောက်ပြီးတစ်ယောက် ဒေါသများပြေလျှော့သွားသည်။

ဂျွန်ဝက်စလေ၏ နူးညံ့သိမ်မွေ့သောစိတ်ထားက လူအုပ်ကြီးကို ငြိမ်သက်စေခဲ့သည်။ ၎င်းသည် သူ့အလိုလိုဖြစ်ပေါ်လာသည့် နူးညံ့သိမ်မွေ့မှုသဘောထက် သူအလွန်နီးကပ်စွာ လိုက်လျှောက်ခဲ့သော ကယ်တင်ရှင်သခင်၏စိတ်နှလုံးသာ ဖြစ်သည်။ သခင်ယေရှုက “ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့…

မေတ္တာဖြင့် ပေးကမ်းခြင်း

ဂလန်း(န်)သည် အနီးအနားရှိ လူမဆင်းဘဲ ကားရပ်၍ လှမ်းမှာယူနိုင်သောဆိုင်မှတစ်ဆင့် သူ၏နံနက်ခင်းကော်ဖီကို နေ့စဉ်၀ယ်သည်။ နေ့စဥ်ပင် သူ့ကားနောက်၌ တန်းစီနေသောကားမှပုဂ္ဂိုလ်အတွက် ငွေကြိုချေပေးပြီး ငွေကိုင်မှတစ်ဆင့် “ကောင်းသောနေ့”ဟု နှုတ်ဆက်ဆန္ဒပြုပေးရန် မှာခဲ့သည်။ ဂလန်း(န်) သည် ထိုသူများနှင့် အသိလည်းမဟုတ်၊ အဆက်အသွယ်လည်း မရှိပါ။ သူတို့မည်သို့ တုံ့ပြန်မည်ကိုလည်း သူအလေးမထားပါ။ ဤအပြုအမူလေးက “သူအနည်းဆုံးလုပ်နိုင်သောအရာ”ဟု သူရိုးရှင်းစွာ ယုံကြည်သည်။ သို့သော် တစ်ကြိမ်တွင် သူ၏ ဒေသခံသတင်းစာ၏ အယ်ဒီတာထံပေးစာကဏ္ဍ၌ ရေးသားသူအမည်မသိသည့် စာတစ်စောင်ကို ဖတ်လိုက်ရသောအခါ သူ့လုပ်ရပ်၏သက်ရောက်မှုကို သူသိလာရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့တွင် သူပြခဲ့သည့် ကြင်နာမှု လက်ဆောင်ကြောင့် သူ့ကားနောက်မှလိုက်ပါလာသူသည် ထိုနေ့နှောင်းပိုင်းတွင် သေကြောင်းကြံစည်မည့် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်စရာ ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဂလန်း(န်)သည် နောက်ကားမှလူများ၏အသိအမှတ်ပြုမှု မရရှိပါဘဲ သူနေ့စဉ်ပြုနေကျအတိုင်း ပြုခဲ့ပြီး၊ ဖော်ပြပါတစ်ခုတည်းသော…

မုန်တိုင်းကို ဖောက်ထွက်သည့် မျှော်လင့်ခြင်း

၂၀၂၁ ခုနှစ် နွေကူးရာသီ၌ မုန်တိုင်းနောက်လိုက်သူများက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ လေဆင်နှာမောင်းမုန်တိုင်းအနီးမှ သက်တံပေါ်နေပုံကို ဗီဒီယိုနှင့်ဓာတ်ပုံများဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။ ဗီဒီယိုတစ်ခုတွင် လယ်ကွင်းထဲမှ ဂျုံပင်များသည် ပတ်ချာလည်နေသည့် လေဝဲဖိအားအောက်၌ ကွေးညွတ်လျက် မီးခိုရောင် ကောင်းကင်အနားသတ်၌ လေးကိုင်းသဏ္ဌာန်တောက်ပသော သက်တံပေါ်နေသည်။ အခြားဗီဒီယိုတစ်ခုတွင် လမ်းသွားလမ်းလာများက ကားလမ်းဘေး၌ရပ်ပြီး လည်ပတ်နေသည့် ကတော့ပုံ တိမ်စိုင်အနီး၌ ခိုင်မာစွာတည်ရှိနေသည့် မျှော်လင့်ခြင်းနိမိတ်ကို စောင့်ကြည့်ခဲ့ကြသည်။

ဆာလံကျမ်း ၁၀၇ တွင် ဆာလံဆရာက ခက်ခဲသောအချိန်များတွင် ဘုရားသခင်ထံသို့ ဉီးလှည့်ရန် အားပေးလျက် မျှော်လင့်ခြင်းကို ပေးသည်။ မုန်တိုင်းအလယ်၌ ရောက်နေသူတို့အား “တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြှုပ်ခြင်းရှိကြ၏” (:၂၇)ဟု သရုပ်ဖော်ထားသည်။ သူတို့သည် “ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏” (:၂၈)။

ဘဝလောကဓံကို မုန်တိုင်းပမာခံစားရသောအခါ သူ၏သားသမီးတို့သည် မျှော်လင့်ခြင်းကိုရှာဖွေလျက် ရုန်းကန်ရမည်ကို ဘုရားသခင်သိနားလည်သည်။ အထူးသဖြင့် မိုးကုတ်စက်ဝိုင်း၌…

တစ်လောကလုံး၏အနာငြိမ်းခြင်း

စလိုဗီးနီးယားနိုင်ငံအနောက်ပိုင်း ချောင်ကျပြီး ဝေလံခေါင်သီသည့် ကျဉ်းမြောင်းသော လျှိုမြောင်ရှိ Franja Partisan (ဖရန်ဂျာ ပါတီစန်)ဆေးရုံ၏ လျှို့ဝှက်ဆေးဝါးထောက်ပံ့ရေးဌာနသည် နာဇီတို့လက်မှလွတ်အောင် ပုန်းရှောင်နေရသည့် ဆေးဝန်ထမ်းများအား နေရာထိုင်ခင်းပေးလျက် ဖွက်ထားပေးပြီး၊ ထိုဝန်ထမ်းများက ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရ စစ်သားထောင်ပေါင်းများစွာကို ကြည့်ရှုပြုစုခဲ့ရသည်။ ထိုဌာနကို စုံစမ်းဖော်ထုတ်ရန် နာဇီတို့၏ကြိုးပမ်းမှုအတော်များများကို ခြေရာဖျောက်ရှောင်လွဲနိုင်ခြင်းက မှတ်သားလောက်သည့် အောင်မြင်မှုဖြစ်သော်လည်း ပိုထူးခြားသည်မှာ စလိုဗီးနီးယား တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့က တည်ထောင်ပြီး လှုပ်ရှားလည်ပတ်နေသည့် ထိုဆေးရုံသည် မဟာမိတ်တပ်များသာမက နာဇီစစ်သားများကိုပါ လက်ခံကုသပေးခဲ့သည်။ ဆေးရုံမှ လူတိုင်းကို လက်ခံကြိုဆိုခဲ့သည်။

သမ္မာကျမ်းစာက လောကသားအပေါင်းတို့၏ ဝိညာဉ်ရေးရာ အနာငြိမ်းရေး အတွက် ကူညီပေးရန် ကျွန်ုပ်တို့ကို စေစားခေါ်ယူသည်။ ဆိုလိုရင်းမှာ လူတို့၏အမြင် မည်သို့ပင်ရှိနေကွဲပြားနေလည်း သူတို့အပေါ် ကရုဏာထားရန် ဖြစ်သည်။ လူတို့၏ အတွေးအမြင် မည်သို့ပင်ရှိရှိ၊ လူတိုင်းသည် ခရစ်တော်၏ မေတ္တာနှင့်ကရုဏာတော်ကို ခံယူထိုက်သည်။ ရှင်ပေါလုက…

ဆုတောင်းရန် ခေတ္တရပ်ပါ

လမ်းထဲရှိ မီးသတ်ဘုံပိုင်ခေါင်းမှ ပန်းထွက်လာသောရေများကို မြင်ရသည့်အခိုက် အခွင့်အရေးတစ်ခုကို ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်ရှေ့မှကားများပေါ်သို့ ရေဖြန်းသကဲ့သို့ ရေစင်သည်ကို တွေ့ရသဖြင့် “အို၊ ကားကို အလကား ရေဆေးခွင့်ရတော့မယ်”ဟု တွေးမိသည်။ ကားရေမဆေးရသည်မှာ တစ်လခန့်ရှိပြီဖြစ်၍ ဖုန်ထူနေပါသည်။ ရေပန်းအောက်သို့ ကားကို ကျွန်ုပ်မောင်းချလိုက်သည်။

အဖြစ်အပျက်က မြန်ဆန်သည်။ ထိုမနက်က ကျွန်ုပ်၏အနက်ရောင်ကားလေးမှာ နေထိခဲ့သဖြင့် ကားမှန်ရော၊ ကားအတွင်း၌ ပူနေပါသည်။ မီးသတ်ရေပိုက်ခေါင်းမှ ရေများ ကားရှေ့မှန်ပေါ်သို့ ကျလာသည်နှင့် လျှပ်စီးပြက်သကဲ့သို့ ကားမှန်က အထက်မှ အောက်သို့ အက်သွားတော့သည်။ ကားအလကား ဆေးရမလား မှတ်တယ်။ ငွေများစွာ ကုန်ကျသည့်အဖြစ်၌ ကျွန်ုပ်ဂိတ်ဆုံးသွားသည်။

စဉ်းစားရန် (သို့) ဆုတောင်းရန် ကျွန်ုပ်ခေတ္တမျှ ရပ်မိခဲ့လျှင် အကောင်းသား။ ထိုအချိန်မျိုး အမြဲဖြစ်နေပါသလား။ ဣသရေလလူမျိုးတို့သည် သာ၍လေးလံဖိစီး သည့် အခြေအနေများ၌ ထိုသို့ဖြစ်သည်။ ဘုရားသခင်ပေးသောပြည်သို့ ၎င်းတို့ ဝင်ရောက်စဉ်…

ဝင်ပေါက်ကျဉ်းသည့် ကော်ဖီဆိုင်

‘Narrow Door Cafe’ (ဝင်ပေါက်ကျဥ်းသည့် ကဖေး)ဆိုင်ကို ရှာတွေ့ပြီး ဆိုင်ထဲဝင်လာသူတို့အား လခြမ်းကွေးပေါင်မုန့်၊ ပေါက်စီ၊ ဝက်သားဟင်းလျာနှင့် ချိုမြိန်စားဖွယ်အမျိုးမျိုးက ဆီးကြိုနေပါသည်။ ထိုင်ဝမ်လူမျိုးတို့၏မြို့တော် Tainan (ထိုင်နန်)မြို့၌တည်ရှိသော ဤကော်ဖီဆိုင်သည် နံရံပေါ်ရှိ အပေါက်တစ်ခုသာဖြစ်သည်။ ဝင်ပေါက်က (၄၀) စင်တီမီတာ (၁၆ လက်မပင် မရှိသည့်) အကျယ်ရှိပြီး မပိန်မဝ သာမန်ခန္ဓာကိုယ်ပိုင်ရှင်တို့သာ ကပ်သပ်ဝင်ရောက်နိုင်သည်။ ဤသို့ပင်ဖြစ်လင့်ကစား တစ်မူထူးသည့် ဤကဖေးက လူများစွာကို ဆွဲဆောင်နေသည်။

ရှင်လုကာခရစ်ဝင် ၁၃:၂၂-၃၀ ၌ ဖော်ပြပါရှိသည့် ကျဉ်းသောတံခါးဆိုလျှင် ထိုသို့ ဖြစ်ပါမည်လော။ လူတစ်ဉီးက သခင်ယေရှုအား “သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလော” (:၂၃)ဟု မေးရာ၊ ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သို့ ပို့ဆောင်မည့် “ကျဉ်းမြောင်းသောတံခါးဝသို့ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့” (:၂၄)ဟု ပြန်ဖြေခဲ့သည်။ “ကယ်တင်ခြင်းသို့ ရောက်သောသူတို့တွင် သင်ပါပြီလား”ဟု ကိုယ်တော်က…

ခန့်မှန်းသူတစ်ယောက်၏အမှား

၁၉၃၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နေ့ခင်းတွင် ငယ်ရွယ်သော မိုးလေဝသ ခန့်မှန်းသူ ပညာရှင် Charles Pierce က နယူးအင်္ဂလန်ဆီသို့ မြောက်ဘက်မှ အင်အားနှစ်ဆရှိ သည့် ဟာရီကိန်းမုန်တိုင်းဝင်လာမည့်ဟု အမေရိကန်နိုင်ငံ မိုးလေဝသဌာနအား သတိပေးလိုက်သည်။ သို့သော် မိုးလေဝသခန့်မှန်းသည့်ဌာနအကြီးအကဲမှုးသည် Charles Pierce ၏ခန့်မှန်းချက်ကို သရော်လိုက်သည်။ အပူပိုင်းမုန်တိုင်းသည် မြောက်စွန်းဘက်မှဘယ်သောအခါမှ မတိုက်ခတ်သောကြောင့်ဖြစ်သည်။

နှစ်နာရီအကြာတွင် ဟာရီကိန်းမုန်တိုင်းကြီးဝင်ပြီး Long Island တွင် မြေပြိုခဲ့သည်။ ညနေ ၄ နာရီတွင် နယူးအင်္ဂလန်သို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး သင်္ဘောများ မြေပေါ်သို့မှောက်လှန်လျက်၊ အိမ်ခြေများလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်တော့ သည်။ လူပေါင်း ခြောက်ရာကျော် သေဆုံးခဲ့ကြသည်။ ခိုင်လုံသော အချက်အလက်နှင့် စေ့စပ်သောမြေပုံကိုအခြေခံပြီး သတိပေးခဲ့သော Pierce ၏ သတိပေးမှုကို ရခဲ့မည် ဆိုပါက ၎င်းတို့အသက်ရှင်ကောင်းရှင်ကြလိမ့်မည်။…

အပူရှိန်ကို မြှင့်လိုက်ပါ

ကျွန်မတို့နေထိုင်သည့် အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်၌ အပူချိန်ပြောင်းလဲမှု မြန်ဆန်လှသည်။ တစ်ခါတစ်ရံ မိနစ်ပိုင်းအတွင်း ပြောင်းလဲသည်။ ထိုကြောင့် ကျွန်မခင်ပွန်း Dan (ဒန်)က ကျွန်မတို့ အိမ်ထဲ၌ အပူချိန် ခြားနားမှုအမျိုးမျိုးကို စိတ်ဝင်စားပြီး စူးစမ်းသည်။ သို့နှင့် ပစ္စည်းအသစ်အဆန်းကို စိတ်ဝင်စားသူ ဖြစ်သည့်အလျောက် ဒန်သည် ကျွန်မတို့အိမ်၏နေရာ (၄) နေရာ၏ အပူချိန်ကို တိုင်းတာသိရှိနိုင်ရန် နောက်ဆုံးပေါ် ပစ္စည်းသစ်တစ်မျိုးကို စိတ်လှုပ်ရှားစွာ တပ်ဆင်ခဲ့သည်။ “ကြံကြံဖန်ဖန်”ဟု ကျွန်မနောက်ပြောင်ခဲ့သော်လည်း ကျွန်မကိုယ်တိုင် အပူချိန်ကို မကြာခဏ ကြည့်မိသဖြင့် ကိုယ့်ကိုကိုယ် အံ့သြမိသည်။ အိမ်တွင်းအိမ်ပြင် အပူချိန် ခြားနားမှုက စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

သခင်ယေရှုသည် လောဒိကိအသင်းတော်၏ ‘နွေးရုံရှိသည့်’ အခြေအနေကို အပူချိန်အားဖြင့် ပြခဲ့သည်။ ၎င်းသည် ဗျာဒိတ်ကျမ်း၌ ဖော်ပြသည့် အကြွယ်ဝဆုံး အသင်းတော် (၇) ပါးအနက် တစ်ပါးဖြစ်သည်။ စည်းစိမ်ဉစ္စာများပြားခြင်း၊…