အမျိုးအစား  |  odb

ရွှင်လန်းအားရစွာ ပေးကမ်းဝေမျှသူ

တတိယရာစု၌ မွေးဖွားခဲ့သူ Nicholas (နီကိုးလပ်စ်)သည် သူသေဆုံးပြီးနောက် ရာစုနှစ်များစွာအကြာတွင် သူ့ကို စန်တာကလော့စ်ဟု လူသိများလာလိမ့်မည်ကို သိခဲ့မည်မဟုတ်ပါ။ သူသည် ဘုရားသခင်ကိုချစ်မြတ်နိုးသူ၊ လူတို့ကို အမှန်တကယ်ဂရုစိုက်သူဖြစ်ပြီး၊ သူ၏ဥစ္စာပစ္စည်းများကို ရွှင်လန်းအားရစွာ ပေးကမ်းခြင်း၊ ကြင်နာမှုပြခြင်းတို့ကြောင့် လူသိထင်ရှားသူဖြစ်သည်။ ဇာတ်ကြောင်းပြန်ရလျှင် ငွေကြေးအလွန်ကြပ်တည်းသော မိသားစုအကြောင်းကို နီကိုးလပ်စ် ကြားပြီး ညအချိန်တွင် ထိုအိမ်သို့သွား၍ ပွင့်နေသောပြူတင်းပေါက်မှတစ်ဆင့် ရွှေထုပ်တစ်ထုပ်ကို ပစ်ထည့်လိုက်ရာ မီးလင်းဖိုအနီးရှိ ဖိနပ် (သို့) ခြေအိတ်ထဲသို့ ကျသွားသည်။

နီကိုးလပ်စ် မတိုင်မီ ရှေးကာလက တမန်တော်ရှင်ပေါလုသည် ကောရိန္သုမြို့ရှိ ယုံကြည်သူများအား ပြုံးပျော်ရွှင်စွာပေးလှူသူများ ဖြစ်အံ့သောငှာ တိုက်တွန်းခဲ့သည်။ သူသည် ယေရုရှလင်မြို့ရှိ ညီအစ်ကိုမောင်နှမများ၏ ကြီးမားသော ငွေကြေးအခက်အခဲ လိုအပ်ချက်အကြောင်းကို ရေးသားပြီး ရက်ရောစွာပေးကမ်းစွန့်ကြဲရန်အတွက် တိုက်တွန်းအားပေးခဲ့သည်။ ထို့ပြင် မိမိ၏ပိုင်ဆိုင်မှုများကို ပေးကမ်းသူတို့ထံ ကျရောက်သော အကျိုးကျေးဇူးနှင့် ကောင်းချီးများကိုလည်း ရှင်းပြထားသည်။ “အနည်းငယ်သောမျိုးစေ့ကို…

သမ္မာကျမ်းစာကို ပုံဖော်ခြင်း

ဒတ်ချ်လူမျိုးတို့၏အိမ်များတွင် တွေ့ရလေ့ရှိသော အပြာရောင်နှင့်အဖြူရောင် အလှဆင်ကြွေပြားများကို Delft (ဒက်) မြို့တွင် မူလပထမပြုလုပ်ခဲ့သည်။ တစ်ခါတစ်ရံ ထိုကြွေပြားများပေါ်တွင် အကျွမ်းတဝင်ရှိလှသော နယ်သာလန်နိုင်ငံ ၏ လှပသော တောတောင်ရေမြေရှုခင်း၊ နေရာအနှံ တွေ့ရလေ့ရှိသော လေရဟတ်များနှင့် အလုပ်လုပ်နေသူ၊ ကစားနေသူများ၏ပုံများကို ရေးဆွဲထားလေ့ရှိသည်။

၁၉ ရာစုနှစ်က Charles Dickens (ချားလ်စ်ဒစ်ကင်း)၏ “A Christmas Carol” (ခရစ်စမတ် နာတာလူးသီချင်း)စာအုပ်တွင် ထိုကြွေပြားများအား ကျမ်းပိုဒ်များ သရုပ်ဖော်ရေးဆွဲရာ၌ အသုံးပြုထားသည်။ ဒတ်ချ်လူမျိုးတစ်ဦး၏လက်ရာ ရှေးဟောင်းမီးလင်းဖိုတွင် “ကာဣနနှင့် အာဗြေလ၊ ဖာရောမင်း၏သမီးတော်များ၊ ရှေဘပြည်မှ မိဖုရားများနှင့် ပင်လယ်ထဲသို့ခရီးနှင်နေသော တမန်တော်ပုံများ”ပါရှိသော တစ်မူထူးခြားသော Delft ကြွေပြားများဖြင့် ဆောက်လုပ်ထားပုံကို ဖော်ပြထားသည်။ အိမ်‌ထောင်စုများစွာသည် နွေးထွေးသောမီးပုံနားတွင် မိသားစုဝင်များစုရုံးမီးလှုံရင်း ကျမ်းစာထဲမှ ပုံဝတ္ထုများကို ဝေငှလျက် ယင်းကြွေပြားများကို သင်ကြားရေးကိရိယာအဖြစ် အသုံးပြုကြသည်။ ဘုရားသခင်၏သဘောလက္ခဏာများဖြစ်သော တရားမျှတခြင်း၊…

မျက်မှောက်ခေတ်မျိုးဆက်

၁၉၆၄ ခုနှစ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Jack Weinberg (ဂျက်ဝိန်းဘာ့ဂျ်)က “အသက် ၃၀ နဲ့အထက် လူတွေကို မယုံနဲ့” ဟုပြောခဲ့သည်။ သူ့မှတ်ချက်က မျိုးဆက်တစ်ခုလုံးကို တရားသေ အမြင်ကျဥ်းမြောင်းစေကာ နောက်ပိုင်းတွင် ထိုသို့ ပြောမိသည့်အတွက် သူနောင်တရခဲ့သည်။ သူက ပြန်ပြောင်းဆင်ခြင်ရင်း “ရုတ်တရက် အမှတ်တမဲ့ ပြောလိုက်မိတဲ့စကားက လုံးဝကို မှားယွင်းပြီး နားလည်မှုလွဲမှားစေသော အရာတစ်ခုဖြစ်လာခဲ့တယ်” ဟုပြောပါသည်။

ထောင်စုဖွားမျိုးဆက်များကို ရည်ရွယ်သော ချိုးနှိမ်သည့်ဝေဖန်ချက်များ (သို့) အပြန်အလှန်အနေဖြင့် မျိုးဆက်သစ်တို့၏တုံ့ပြန်မှုကို ကြားဖူးပါသလား။ မျိုးဆက်တစ်ခုမှတစ်ခုသို့ ဦးတည်တိုက်ခိုက်နေသော မကောင်းသော အတွေးကြံစည်မှုများသည် နှစ်ဖက်စလုံးကို ထိခိုက်ပျက်စီးစေနိုင်သည်။ ပိုကောင်းသောနည်းလမ်း တစ်ခုခုရှိမည်မှာ သေချာပါသည်။

ထက်မြက်သောမင်းတစ်ပါး ဖြစ်လင့်ကစား ဟေဇကိမင်းသည် နောင်လာမည့် မျိုးဆက်အတွက် ကြောင့်ကြဝန်တာစိတ် စိုးစင်းမျှမရှိခဲ့ပါ။ လူငယ်အရွယ်၌ သူသည် သေနာစွဲကပ်ခဲ့ပြီး (၄ ရာ၂၀:၁)၊ အသက်ချမ်းသာရရန်…

စစ်မှန်သောဖြစ်တည်မှု

သူငယ်ချင်းက ကျွန်မရိုက်ပေးသည့်ဓာတ်ပုံများကိုပြန်ကြည့်ရင်း သူမြင်တွေ့သော အားနည်းချက်များကို ထောက်ပြသည်။ ကျွန်မက သူမကို အနီးကပ်ကြည့်ရန် ပြောလိုက်ပြီး “ဘုရင်တကာတို့ရဲ့ဘုရင်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့ လှပပြီး ချစ်စရာကောင်းတဲ့သမီးတစ်ယောက်ကို ငါမြင်တယ်။ သူမမှာရှိတဲ့ စစ်မှန်တဲ့ ကြင်နာမှု၊ ရက်ရောစွာပေးကမ်းမှုနှင့် သစ္စာရှိမှု၊ အခြားသူတွေရဲ့ အသက်တာကို ထူးခြားမှုဖြစ်စေတဲ့ ဘုရားသခင်နှင့် အခြားသူများကိုချစ်တဲ့ သူတစ်ယောက်ကို တွေ့နေရတယ်” ဟု သူ့ကိုပြောလိုက်ပြီးမှ မျက်ရည်ဝိုင်းသောသူ့မျက်ဝန်းလေးကို သတိထားမိသဖြင့် “သရဖူလေးလိုသေးတယ် ထင်တယ်”ဟု ကျွန်မပြောလိုက်သည်။ ထို့နေ့မွန်းလွဲပိုင်းတွင် သူမ၏စစ်မှန်သောဖြစ်တည်မှုကို ဘယ်တော့မှ မေ့မသွားအောင် သူမနှင့်လိုက်ဖက်သည့် အပြစ်ဆိုဖွယ်မရှိသောသရဖူတစ်ခုကို ရွေးချယ်ဝယ်ပေးခဲ့သည်။

သခင်ယေရှုကို ကျွန်မတို့ကိုယ်တိုင်ကိုယ်ကျ သိလာသောအခါ ကျွန်မတို့ကိုသူ၏ချစ်မေတ္တာဖြင့် အုပ်မိုးကာ သူ၏သားသမီးဟု ခေါ်ပါသည် (၁ ယော ၃ :၁)။ “သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ရောက်လျှင် ရဲရင့်သောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည် အကြောင်း” (၂:၂၈) ယုံကြည်ခြင်းဖြင့်…

မတူညီကွဲပြားမှုကို ဂုဏ်ပြုခြင်း

ဒေသခံအထက်တန်းကျောင်းတစ်ခု၏ ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားတွင် ကျောင်းသား ၆၀၈ ဦးသည် ဒီပလိုမာ ဘွဲ့ယူရန် အသင့်ရှိနေသည်။ ကျောင်းအုပ်ကြီးက ကျောင်းသားများအား အာဖဂန်နစ္စတန်၊ ဘိုလီဗီးယား၊ ‌ဘော့စနီးယား စသည်ဖြင့် သူတို့မွေးဖွားရာ နိုင်ငံနာမည်များကို ဖတ်သည့်အခါ မတ်တပ်ရပ်ရန် တောင်းဆိုခြင်းဖြင့် အစပြုခဲ့သည်။ ကျောင်းအုပ်ကြီးက နိုင်ငံပေါင်း ခြောက်ဆယ်၏နာမည်ကို ခေါ်ခဲ့ပြီး ကျောင်းသားတိုင်း မတ်တပ်ရပ်ကာ လက်ခုပ်သြဘာပေးကြသည်။ အထက်တန်းကျောင်းတစ်ခုထဲတွင် နိုင်ငံ ၆၀ မှ ကျောင်းသားများရှိသည်။

မတူညီသော ကွဲပြားမှုများထဲမှ စည်းလုံးခြင်းအလှသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည့် လူများအတူတကွ ညီညွတ်စွာရှိနေခြင်းကို ထင်ဟပ်ပြသနေသော တန်ခိုးပါသောသရုပ်တစ်ခု ဖြစ်သည်။

နှစ်စဥ်ကျင်းပသည့်ပွဲတော်၌ပါဝင်ရန် ယေရုရှလင်မြို့သို့ဝင်လာသည့်လူများ သီဆိုသည့် ဆာလံသီချင်း ၁၃၃ တွင် ဘုရား၏လူများစည်းလုံးမှုရှိရန်အတွက် တိုက်တွန်းချက်ကို တွေ့ရသည်။ ကွဲပြားမှုကို ဖြစ်စေနိုင်သည့် မတူညီမှုများ ရှိလင့် ကစား စိတ်သဘောညီစွာနေထိုင်ခြင်း၏အကျိုးကို ထိုဆာလံသီချင်းက…

အသင်းတော်အသိုက်အဝန်းကို ကျွန်ုပ်တို့လိုအပ်ပေ

တောင်ပိုင်းနှစ်ခြင်းခရစ်ယာန် တရားဟောဆရာ၏သားဦးအဖြစ် ကျွန်တော် ကြီးပြင်းခဲ့သည်။ အပတ်စဥ် တနင်္ဂနွေနေ့တိုင်းတွင် မျှော်လင့်စရာက ရှင်းပါသည်။ ကျွန်တော်ဘုရားကျောင်း၌ ရှိနေရမည်။ ဖြစ်နိုင်ခြေချွင်းချက်အဖြစ် ကျွန်တော် နေမကောင်းဖြစ်လျှင် ဘုရားကျောင်းမသွားရပါ။ သို့သော် ဘုရားကျောင်းသွားရခြင်းကို ကျွန်တော်နှစ်သက်လှကြောင်းမှာ လုံးဝမှန်ကန်ပြီး အချို့အချိန်များတွင် အဖျားရှိလျက်ပင် သွားပါသေးသည်။ သို့သော်လည်း အခြေအနေများပြောင်းလဲကုန်ပြီး ဘုရားကျောင်းသို့ ပုံမှန်လာရောက် ဝတ်ပြုသူဦးရေမှာ ယခင်ကဲ့သို့ မဟုတ်တော့ပါ။ မည်သည့်အကြောင်းကြောင့်နည်း။ အဖြေအမျိုးစုံ ရှိပါသည်။ စာရေးဆရာမ Kathleen Norris (ကက်သလင်းနောရစ်)က “အဘယ်ကြောင့် ဘုရားကျောင်းသွားရသနည်း” ဆိုသည့်မေးခွန်း၏အဖြေတုံ့ပြန့်မှုကို သင်းအုပ်တစ်ဦးထံမှ ရရှိခဲ့သည်။ ထိုဆရာက “အခြားသူအတွက် ကျွန်ုပ်တို့ ဘုရားကျောင်းကို သွားရခြင်းဖြစ်တယ်။ တစ်စုံတစ်ယောက်က သင့်ကို လိုအပ်ကောင်းလိုအပ်နိုင်တယ်” ဟုဆိုသည်။

၎င်းသည် ကျွန်ုပ်တို့ ဘုရားကျောင်းသွားရခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက် မဟုတ်သော်လည်း သူ၏တုံ့ပြန်မှုသည် ဟေဗြဲသြဝါဒစာ ရေးသားသူ၏နှလုံးခုန်သံကို ထင်ဟပ်ပြနေသည်။ စာရေးသူက ယုံကြည်သူများအား…

ကြီးစွာသော အလင်းတော်

၂၀၁၈ ခုနှစ်က ထိုင်းလူမျိုး ယောကျ်ားလေး ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြ သည် နေ့လည်ပိုင်းခန့်တွင် ဝင်္ကဘာနှင့်တူသည့်ဂူထဲသို့ စွန့်စားစူးစမ်းကာလျှောက်လည်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ဒီရေတက်လာသဖြင့် သူတို့သည် ဆုတ်ရင်းလိုဏ်ဂူအတွင်းပိုင်း နက်သည်ထက်နက်ရာတွင် ပိတ်မိသွားသည်။ ကယ်ဆယ်ရေး အဖွဲ့မှ ၎င်းတို့ကိုလာမကယ်မီအထိ အချိန်ရက်သတ္တပတ် ၂ ပတ်အထိကြာခဲ့သည်။ ကျောက်ငူအစွန်း၌ ထိုင်နေကြသည့် ကလေးငယ်များကို ကန့်လန့်ဖြတ်ရှိနေသည့် ရေထုကိုဖြတ်ပြီး ရေငုတ်အဖွဲ့မှကယ်ရန်ကြိုးစားနေချိန်၌ သူတို့၌ဓာတ်မီး ၆ လက် သာရှိသည်။ တစ်နည်းနည်းဖြင့် အလင်းနှင့်အကူအညီထိုးဖောက်ဝင်လာပါစေဟု သူတို့မျှော်လင့်ရင်း အမှောင်ထဲ၌ နာရီပေါင်းများစွာ နေခဲ့ရသည်။

ပရောဖက်ဟေရှာယက အကြမ်းဖက်မှု၊ လောဘ၊ မနာခံမှုနှင့် ဆင်းရဲဒုက္ခများနှင့်ပိတ်ဆို့လျက် နေရာအနှံ့ ဖျက်ဆီးမှုပြုသောလောက၊ မှောင်မိုက်အတိဖြစ်သော လောကကို သရုပ်ဖော်ခဲ့သည် (ဟေရှာ ၈:၂၂)။ ထိုလောက၌ ပျက်စီးယိုယွင်းမှုမှ လွဲ၍ ဘာမှမရှိ၊ ထူထပ်သောမှောင်မိုက် ဝါးမြိုမသွားမီ မျှော်လင့်ခြင်းအလင်းက…

ဆန့်ကျင်မှုများကြုံရစဥ် ဘုရားသခင်ကို ကိုးစားခြင်း

ဖိလစ်ပိုင်ကျွန်းစုနိုင်ငံမှ ခရစ်တော်ကို လက်မခံ၊ မယုံကြည်ဘဲ ဆန့်ကျင်သည့် မျိုးနွယ်စု၌ ကြီးပြင်းခဲ့ရသူ အက်စတာသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ဖျားနာမှုနှင့် လုံးပန်းရစဥ် သူမအတွက် အဒေါ်တစ်ဦးက ဆုတောင်းပေးခဲ့ပြီး၊ နောက်ပိုင်းတွင် သခင်ယေရှုပေးသည့် ကယ်တင်ခြင်းကို သူလက်ခံခဲ့သည်။ ယခုတွင် အက်စတာသည် သူမ၏ဒေသ၌ အကြမ်းဖက်မှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကိုမမှုဘဲ ကျမ်းစာသင်တန်းကို ဦးဆောင်ပို့ချလျက်ရှိသည်။ "သခင်ယေရှုအကြောင်း မပြောဘဲမနေနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့တန်ခိုးတော်၊ မေတ္တာတော်၊ ကောင်းမြတ်ခြင်းနဲ့ သစ္စာတော်ကို ကျွန်မအသက်တာမှာ လက်တွေ့ခံစားခဲ့ရလို့ပဲ"ဟု ဆိုလျက် သူဝမ်းမြောက်စွာ အစေခံပါသည်။

ဗာဗုလုန်၌ ကျွန်ခံရသည့်ဘဝတွင် ရှင်သန်နေရသည့် ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါ စသည့် ဣသရေလလူငယ် သုံးဦးတို့ကဲ့သို့ပင် ဆန့်ကျင်မှုများကြားမှ ဘုရားသခင်ကို အစေခံခြင်းသည် မျက်မှောက်ခေတ်လူများစွာတို့ အတွက် အဖြစ်မှန်ဖြစ်သည်။ ဒံယေလအနာဂတ္တိကျမ်းတွင် သူတို့သည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသော်လည်း နေဗုခဒ်နေဇာမင်း၏ ရွှေရုပ်တုကြီးကို ကိုးကွယ်ရန် ငြင်းပယ်ခဲ့ကြသည်။ ဘုရားသခင်သည်…

အနာပေါ်ဆားဖြူး

ရေဒီယိုခေတ်စားစဥ်ကာလက Fred Allen (ဖရက်ဒ်အယ်လင်) (၁၈၉၄–၁၉၅၆)သည် စီးပွားပျက်ကပ်နှင့် စစ်မက်အရိပ်မဲများကြား ရှင်သန်နေရသည့် မျိုးဆက်အတွက် ရယ်စရာကောင်းသည့် အဆိုးမြင်သဘောများတင်ဆက်ကာ သူတို့ကို ပြုံးရယ်စေခဲ့သည်။ သူ၏ကိုယ်တွေ့နာကျင်မှုမှ ထိုရယ်စရာဟာသများ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ့အသက်သုံးနှစ်မပြည့်မီကပင် သူ့မိခင်ကို ဆုံးရှုံးခဲ့ရပြီး၊ နောက်ပိုင်းတွင် အရက်စွဲသည့်ဖခင်နှင့်လည်း အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ တစ်ကြိမ်တွင် သူသည် ရှုပ်ထွေးသည့် နယူးယောက်မြို့၏ကားလမ်းမ၌ လူငယ်လေးတစ်ဦးကို "ဘာဖြစ်တာလဲချာတိတ်၊ ဆက်ကြီးပြင်းပြီး ဒုက္ခမရောက်ချင်လို့လား"ဟု မှတ်မှတ်ရရ စကားတစ်ခွန်းပြောပြီး ကယ်ခဲ့ဖူးသည်။

ယောဘ၏အသက်တာသည်လည်း ဒုက္ခဆင်းရဲခြင်း အမှန်တကယ်ရှိသောလောကကို ဖွင့်ပြနေသည်။ အစောပိုင်းက ဖော်ပြခဲ့သောသူ၏ယုံကြည်ခြင်း၌ တဖြည်းဖြည်းနှင့် စိတ်ပျက်အားလျော့ခြင်းက ဝင်လာသည်။ ခံစားရသည့် နာကျင်မှုများတွင် မိတ်ဆွေများ၏ကဲ့ရဲ့မှုက အနာပေါ်ဆားဖြူးသလို ဝေဒနာကို တိုးစေခဲ့သည်။ ကောင်းမွန်ဆီလျော်သည့် အခြေအတင်ငြင်းခုံမှုများဖြင့် သူ့အမှားကိုဝန်ခံပြီး (၄:၇-၈) ဘုရားသခင်၏ဆုံးမမှုကို ခံယူရန်သာ ဖိအားပေးခဲ့ကြသည်။ သို့ပြုလျှင် ဒုက္ခပြဿနာများကြားတွင် ရယ်မောနိုင်လိမ့်မည်ဟု ဆိုကြသည်…

ရဲရင့်သော ယုံကြည်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်းက Prem Pradham (ပရမ်ပရာဒဲမ်) (၁၉၂၄-၁၉၉၈)၏ လေယာဥ်ပစ်ချခံရပြီးနောက် လုံခြုံရာသို့ လေထီးဖြင့်ဆင်းသက်စဥ် ဒဏ်ရာရသွားပြီး ကျန်ရှိသည့်တစ်ဘဝလုံး ခြေထောက်ချိနဲ့သွားသည်။ "ကျွန်တော်က ခြေမသန်ဘူး။ သို့သော် ဘုရားသခင်က ကျွန်တော့်ကို ဟိမဝန္တာတောင်တန်းမှာဧဝံဂေလိတရားဟောပြောဖို့ စေစားတယ်။ ဒါဟာ ဘုရားသခင်ရဲ့ထူးဆန်းမှုမဟုတ်ပါလား" ဟု သူရေးသားခဲ့သည်။ နီပေါနိုင်ငံ၌ သူတရားဟောခဲ့ပြီး ဆန့်ကျင်တားမြစ်ခံခဲ့ရသည်။ ဆိုးရွားလွန်းသည့်အခြေအနေကို အကျဥ်းသားများ ကြုံတွေ့ခံစားရသည့် ‘သေမင်းထောင်’၌ပါ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်။ (၁၅) နှစ်တာကာလအတွင်း ထောင် (၁၄) ခုတွင် သူ (၁၀) နှစ် အကျဥ်းကျခဲ့သည်။ သို့သော် သူ၏ရဲရင့်သောသက်သေခံမှုကြောင့် ထောင်လုံခြုံရေးအစောင့်နှင့် အကျဥ်းသားများသည် ခရစ်တော်ထံသို့ အသက်တာပြောင်းလဲပြီး၊ သခင်ယေရှု၏သတင်းစကားကို သူတို့လူမျိုးများထံသို့ ပြန်လည်ဆောင်ယူသွားကြသည့် ပြောင်းလဲခြင်းအသီးအပွင့်ကို တွေ့ခဲ့ရသည်။

တမန်တော်ပေတရုသည်လည်း ယေရှုကို ယုံကြည်ခြင်းကြောင့်၊ ခြေဆွံ့သူတစ်ဦး၏အနာကိုငြိမ်းစေရန် ဘုရားရှင်၏အသုံးတော်ခံပြီးသည့်နောက် (တ ၄:၉) ဆန့်ကျင်မှုများရင်ဆိုင်ရသည်။ သို့သော် ခရစ်တော်အတွက်…