အမျိုးအစား  |  odb

သန့်ရှင်းသောဝိညာဉ်တော်ထံမှ မစမှု

တက္ကသိုလ်၌ တစ်ခါတစ်ရံ အတန်းဖော်များနှင့်ကျွန်ုပ် အတန်းလစ်လေ့ရှိသော်လည်း နှစ်ကုန်စာမေးပွဲမတိုင်မီ အပတ်၌ ပါမောက္ခခရစ်၏ အတန်းကိုဖြင့် လူတိုင်း အမြဲတက်ကြသည်။ ထိုအချိန်ကား သူထုတ်ထားသည့် စာမေးပွဲမေးခွန်းနှင့် စပ်လျဥ်း၍ မပျက်မကွက် အရိပ်အမြွက် ပြောပြလေ့ရှိသည့်အချိန်ဖြစ်ပါသည်။

ပါမောက္ခခရစ်က စိတ်ရင်းဖြင့် ကျွန်ုပ်တို့ကို အမှတ်ကောင်းကောင်း ရစေလို ခြင်းကြောင့်ဖြစ်မှန်း ကျွန်ုပ်မသိမီက အဘယ်ကြောင့် သူထိုသို့လုပ်ရသနည်းဟု စဉ်းစားမိသည်။ သူက အဆင့်မြင့်မြင့်သတ်မှတ်ထားသော်လည်း ကျွန်ုပ်တို့ အဆင့်မီစေရန် သူကူညီပေးသည်။ စာမေးပွဲအတွက် ကောင်းစွာ ပြင်ဆင်ထား နိုင်ရန် ကျွန်ုပ်တို့လုပ်‌‌ဆောင်ရမည့်အရာမှာ မပျက်မကွက် အတန်းတက်ပြီး နားထောင်ရန်သာဖြစ်သည်။

ဘုရားသခင်လည်း ထိုနည်းတူဖြစ်သည့်အတွက် ကျွန်ုပ်အံ့သြရသည်။ ဘုရားသခင်သည် သူ၏စံချိန်စံနှုန်းများကို အလျော့အတင်းလုပ်၍ မရပါ။ သို့သော် ကျွန်ုပ်တို့ သူနှင့်တူလာစေရန် နက်နက်နဲနဲဆန္ဒရှိသည့်အတွက် ထိုစံချိန် စံနှုန်းများ ပြည့်မီအောင် ကျွန်ုပ်တို့ကိုကူညီရန် ဘုရားရှင်က သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးသနားခဲ့ပါသည်။

ယေရမိအနာဂတ္တိကျမ်း…

ဆုတောင်းခြင်းအားကြီးသောသူ

ကျွန်မတို့မိသားစုသည် အမြဲ မဟုတ်သော်လည်း ကျွန်မတို့၏အဘိုး Dierking (ဒီယာကင်း)ကို ယုံကြည်ခြင်းနှင့် ဆုတောင်းအားကြီးသူအဖြစ် အမှတ်ရကြသည်။ "တို့တတွေ အစာမစားခင် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းခြင်းနဲ့ စကြမယ်" ဟူ၍ ပထမဆုံးအကြိမ် မိသားစု၌ သူ့အဖေကြေညာလိုက်ခြင်းကို ကျွန်မအဒေါ်က ပြန်ပြောင်းသတိရသည်။ သူ၏ပထမဆုံးဆုတောင်းက မပြေပြစ်သော်လည်း အဘိုးသည် ဆုတောင်းခြင်း အလေ့အကျင့်ကို နောက်ထပ် နှစ်ပေါင်း (၅၀) ကျော် ဆက်လက်လုပ်ဆောင်ခဲ့ပြီး မကြာခဏဆိုသလို တစ်နေ့လုံး ဆုတောင်းတတ်သည်။ အဘိုးဆုံးသွားသောအခါ ကျွန်မ၏ခင်ပွန်းသည် "အဘိုးက ဆုတောင်းခြင်း အားကြီးသူတစ်ဦးဖြစ်တယ်" ဟုပြောပြီး အဖွားကို "Praying hands" (ဆုတောင်းနေသောလက်များ) အပင်လေးပေးခဲ့သည်။ နေ့စဥ် ဘုရားရှင်နောက်တော်လိုက်ပြီး ကိုယ်တော်နှင့်စကားပြောရန် ဟူသော သူ၏ဆုံးဖြတ်ချက်က သူ့အား ခရစ်တော်၏သစ္စာရှိသော အစေခံတစ်ဦးအဖြစ် ပြောင်းလဲ ပေးခဲ့သည်။

သမ္မာကျမ်းစာ၌ ဆုတောင်းခြင်းအကြောင်း များစွာပါရှိ၏။ ရှင်မဿဲခရစ်ဝင် ၆:၉-၁၃ ၌…

လက်ချည်းသက်သက်

မနက်စာစားရန် ရောက်လာသောအခါ သူ့ပိုက်ဆံအိတ်မေ့ကျန်ခဲ့ကြောင်းကို သိလိုက်ရ၍ ရောဘတ်ခမျာ ရှက်သွားသည်။ အစာပဲစားရမလား (သို့) သောက်စရာ တစ်ခုခုပဲ သောက်ရမလား စဉ်းစားရင်း သူစိတ်ရှုပ်နေသည်။ သူ့မိတ်ဆွေက ဒကာခံ ပေးမည်ဟုပြောမှ သူ့စိတ်ရှုပ်ထွေးမှု ပြေလျော့သွားသည်။ သူနှင့် သူမိတ်ဆွေတို့နှစ်ဦး မနက်စာကို အားရပါးရစားပြီး သူ့မိတ်ဆွေက ကုန်ကျစရိတ်ကို ဝမ်းသာစွာနှင့် ပေးချေပေးသည်။

ဤအကြပ်ရိုက်မှုမျိုး (သို့) အခြားအခြေအနေတစ်ခုခုကြောင့် မိမိဘက်မှ အကူအညီယူလိုက်ရသည့် အဖြစ်မျိုးဖြစ်သွားနိုင်သည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပေးချေလိုခြင်းက ပုံမှန်ဖြစ်သော်လည်း သဘောထားကြီးကြီးနှင့်ပေးကမ်းသည့် အရာကို နှိမ့်ချစွာဖြင့် လက်ခံရသည့်အချိန်များရှိသည်။

ရှင်လုကာခရစ်ဝင် ၁၅:၁၇-၂၄ ၌ သားငယ်က "ယခုမှစ၍ ကိုယ်တော်သား ဟူ၍ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါ" (:၁၉) ဟု ဖခင်ကြီးအားပြောရန် သူစိတ်ကူးထားသည့်အရာမှာ ဖခင်ကို တစ်နည်းနည်းဖြင့် ပြန်ပေးဆပ်ရန်အတွက် သားငယ်၏စိတ်ကူး ဖြစ်သည်။ ဖခင်ကြီး၌မူ…

သမ္မာကျမ်းစာ၏ကြီးမြတ်သောဇာတ်လမ်း

ကောလင်းသည် သူဝယ်ခဲ့သည့် ရောင်စုံမှန်များပါသည့်ပုံးကို ဖွင့်ကြည့်ရာ သူ၏အစီအစဉ် စီမံကိန်းအတွက် သူမှာယူထားသည့် မှန်အပိုင်းအစများအစား ပကတိ အထိအခိုက်မရှိသော ပြတင်းပေါက်များကို တွေ့လိုက်ရသည်။ ပြတင်းပေါက်၏မူလဇစ်မြစ်ကို စုံစမ်းကြည့်ရာ ၄င်းတို့ကို ဒုတိယကမ္ဘာစစ် အတွင်း ဗုံးဒဏ်မှကာကွယ်ရန် ဘုရားကျောင်းမှ ဖြုတ်သိမ်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ "မှန်အပိုင်းအစများ"ကို စုပေါင်းပြီး လှပသည့်ရုပ်ပုံကားချပ်ဖြစ်လာအောင် ပုံဖော်ထားခြင်းနှင့် လက်ရာအရည်အသွေးတို့ကို သူအံ့သြမိသည်။

ရိုးရိုးသားသားဝန်ခံရလျှင် ကျွန်ုပ်သည် ကျမ်းစာမှ ဆွေစဉ်မျိုးဆက်စာရင်း ကဲ့သို့သော ကျမ်းပိုဒ်များကို အကြိမ်ကြိမ် ဖွင့်ဖတ်ဖူးသော်လည်း သမ္မာကျမ်းစာ၏ အကြောင်းအရာတစ်ခုလုံးနှင့် မည်သို့ဆက်နွယ်အကြုံးဝင်သည်ကို ကျွန်ုပ် ချက်ချင်းမမြင်မိပါ။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁၁ ကဲ့သို့သော ကျမ်းပိုဒ်မျိုးတွင် ‘ရှေမ၊ ရှာလ၊ ဟေဗာ၊ နာခေါ်၊ တေရ’ (:၁၀-၃၂)စသည့် မိမိနှင့်အကျွမ်းမဝင်သည့် နာမည်များ၊ သူတို့၏ မိသားစုများပါဝင်သည်။ ဤကျမ်းအခန်းများကို ကျော်ပြီး ကျွန်ုပ်၏ “သိမြင်နိုင်စွမ်း”နှင့် ရင်းနှီးနေသော၊…

သတ်မှတ်ထားသောအချိန်

ကျွန်ုပ်တို့၏အိမ်အတွင်းပိုင်းကို အသစ်ပြင်ဆင်ရမည့်အချိန်ရောက်ပြီ။ သို့သော် အခန်းဆေးသုတ်ရန် စတင်ပြင်ဆင်ချိန်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေအိမ် ပြင်ဆင်သည့်ပစ္စည်းများအရောင်းကို ဆိုင်းငံ့ထားရန် ပြည်နယ်အစိုးရက ကြေညာလိုက်သည်။ ထိုကြေညာချက်ကို ကျွန်ုပ်ကြားကြားချင်း စတိုးဆိုင်သို့ အပြေးသွားပြီး လိုအပ်သောပစ္စည်းကိရိယာများကို ဝယ်ယူလိုက်သည်။ သင့်လျော်သည့်ပစ္စည်းများမရှိဘဲ ပြန်လည်ပြုပြင်၍မရပေ။

ရှင်ပေါလုသည် ဧဖက်သြဝါဒစာ အခန်းကြီး ၄ ကို ရေးသားခဲ့ချိန်၌ သူ့စိတ်ထဲ ပြင်ဆင်ပြုပြင်ရေး စီမံကိန်းတစ်ခုရှိနေသည်။ သို့သော် သူပြောကြားသည့် ပြောင်းလဲမှုသည် အပေါ်ယံ အပြောင်းအလဲထက် သာလွန်ပါသည်။ ကျွန်ုပ်တို့ သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်၍ အသစ်ပြုပြင်ခံရသူ ဖြစ်သော်လည်း၊ ဝိညာဉ်တော်က ဆက်လက်လုပ်ဆောင်ပေးရန် လိုအပ်သည့် အရာများရှိနေပါသေးသည်။ "မှန်သောဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းပါရမီ" တို့နှင့် (ဧ ၄:၂၃) ပြီးပြည့်စုံရန် ကိုယ်တော် အချိန်ယူလုပ်ဆောင်ရပါသည်။

ကျွန်ုပ်တို့အပြောအဆို၊ အပြုအမူများ၌ သခင်ယေရှုကို ထင်ဟပ်ဖော်ပြနိုင် အောင် မစပေးနိုင်သည့် လိုအပ်သောအတွင်းပြောင်းလဲမှုများကို…

သခင်ယေရှုအကြောင်း မျှဝေခြင်း

Dwight Moody (ဒွိုက်မူးဒီ) (၁၈၃၇-၉၉)သည် သခင်ခရစ်တော်ကို ယုံကြည်ခဲ့ပြီး မကြာမီမှာပင် ဘုရားသခင်၏သတင်းကောင်းကို မပြောဘဲ တစ်နေ့တာ မကုန်မလွန်စေရ၊ အနည်းဆုံး လူတစ်ဦးကိုသတင်းကောင်းပြောရန် စိတ်ပိုင်းဖြတ် ခဲ့သည်။ သူအလုပ်ရှုပ်သည့်နေ့များတွင် တစ်ခါတစ်ရံ သူသံန္နိဌာန်ကို အချိန် နောက်ကျမှ သတိရသည်။ တစ်ညတွင် သူ့အိပ်ယာထဲရောက်မှသတိရပြီး ထကာအိမ်အပြင်သို့ ထွက်လိုက်သည်။ မိုးရွာချိန်ဖြစ်၍ 'အပြင်၌ မည်သူမျှ ရှိမည် မဟုတ်' ဟု သူတွေးမိသည်။ ထိုအခိုက်တွင် လူတစ်ယောက်သည် လမ်းမအတိုင်း ဆင်းလာသည်ကို တွေ့လိုက်သဖြင့် သူ့ထံအပြေးသွားပြီး ထီးအတူဆောင်းခွင့် ပေးရန် ပြောလိုက်သည်။ ထီးအတူဆောင်းခွင့်ရသည်နှင့် "ဒီလိုမုန်တိုင်းတိုက်နေ ချိန်မှာ မိုးခိုစရာနေရာ တစ်နေရာရာ မရှိဘူးလားဗျာ၊ ပြီးတော့ မိတ်ဆွေကို သခင်ယေရှုအကြောင်း ပြောပြရမလား" ဟု မေးလိုက်တော့သည်။

အပြစ်၏အကျိုးဆက်မှ ဘုရားသခင် ကျွန်ုပ်တို့ကို မည်သို့ ကယ်တင်ခဲ့သည်ကို မျှဝေပြောပြရန် မူးဒီအဆင်သင့်ပြင်ဆင်ရှိနေခဲ့သည်။…

ကရုဏာတော်နှင့် ကျေးဇူးတော်

အဝေးပြေးလမ်းမဘေး အမြန်လမ်းကြောနှင့် ပေအနည်းငယ်အကွာတွင် နေကြာပန်းပင်တစ်ပင်သည် တစ်ပင်တည်းတည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေ သည်။ ထိုနေရာကိုကားဖြတ်မောင်းသွားစဉ် ၎င်းအနီးဝန်းကျင်၌ မည်သည့် နေကြာပင်မှ မရှိပါဘဲလျက် မည်သို့ပေါက်နေပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ရှင်သန်ရန်ခဲယဉ်းသည့်နေရာ၊ ကျောက်စရစ်လွှမ်းသော ကားလမ်းနှင့်နီးလွန်းသည့်နေရာတွင် ရှင်သန်နေသည့်အပင်ကို ဘုရားသခင်သာ ဖန်ဆင်းပေးနိုင်မည်။ နေကြာပင်လေးက လေးပြေညင်းတွင် ယိမ်းနွဲ့လျက် အလျင်အမြန်သွားလာ နေသည့် ခရီးသွားများကို ရွှင်လန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်နေသည်။

ဓမ္မဟောင်းကျမ်းတွင် မထင်မှတ်ဘဲ အံ့ဖွယ်သစ္စာတည်သည့် ယုဒဘုရင် တစ်ပါးအကြောင်း ဖော်ပြထားသည်။ သူ၏ဘိုးတော်နှင့်ခမည်းတော်သည် အခြားတစ်ပါးသောဘုရားကို စိတ်အားကြီးစွာ ကိုးကွယ်ခဲ့သူများ ဖြစ်သည်။ သို့သော် ယောရှိမင်းသည် သူနန်းထိုင်ပြီး "အသက်တော်ငယ်စဉ် နန်းစံ ၈ နှစ် တွင် အဘဒါဝိဒ်၏ဘုရားသခင်ကိုဆည်းကပ်စပြု၏"(၆ ရာ ၃၄:၃)။ ထာဝရ ဘုရား၏အိမ်တော်ကိုပြုပြင်ရန် လုပ်ဆောင်မည့်သူများအား စေလွှတ်ပြီး(:၈) ၎င်းတို့ ဗိမာန်တော်ကိုပြုပြင်စဥ် မောရှေရေးသည့်ပညတ္တိကျမ်း (ဓမ္မဟောင်းမှ ပထမငါးကျမ်း)ကို…

ဧဝံ‌ဂေလိတရား၏တန်ခိုး

ရှေးခေတ်ရောမလူတို့၌ ၎င်းတို့၏ကိုယ်ပိုင် ဧဝံ‌ဂေလိသတင်းကောင်းရှိသည်။ ကဗျာစာဆို Virgil (ဗာဂျယ်လ်)၏အဆိုအရ နတ်ဘုရားများ၏ဘုရင် Zeus (ဇီးယက်စ်)သည် ရောမသားတို့အတွက် အကန့်အသတ်နယ်နိမိတ်အဆုံးမရှိသည့် နိုင်ငံတော်ကို ထုတ်ပြန်ခဲ့သည်။ နတ်ဘုရားများက ငြိမ်းချမ်းသာယာဝပြောသည့် ရွှေခေတ်ကို ဆောင်ကြဉ်းလျက် Augustus (သြဂတ်စတတ်)အား ဘုရားသား၊ လောက၏ ကယ်တင်ရှင်အဖြစ် ရွေးချယ်ခဲ့ကြသည်။

သို့သော် ၎င်းကို သတင်းကောင်းဟု လူတိုင်းမခံယူပါ။ လူများစွာတို့အတွက် ၎င်းသည် ဧကရာဇ်မင်း၏စစ်တပ်နှင့် လက်မရွံ့တပ်သားများ၏ ပြင်းထန်သော ဖိနှိပ်မှုကိုသာ အခိုင်အမာဖြစ်စေသည့် လူတို့မလိုလား၊ မကြိုဆိုသော အဖြစ်မှန် တည်း။ လူဟု တရားဝင် အသိအမှတ်ပြုမခံရသူ၊ မည်သည့်ပိုင်ဆိုင်မှုမှမရှိသူ၊ ၎င်းတို့ကို အုပ်စိုးသည့်သခင်များအလိုကျ ကျွန်ပြု အစေခံနေရသူတို့ကိုနှိမ်နင်းပြီး ဧကရာဇ်နိုင်ငံတော်၏ ဘုန်းဂုဏ်ကို တည်ဆောက်သည်။

ထိုသို့သော ရောမတို့၏ကမ္ဘာသို့ ရှင်ပေါလုက သူ့ကိုယ်သူ ခရစ်တော်၏ကျွန် (ရော ၁:၁) ဟုမိတ်ဆက်ခဲ့သည်။ တစ်ချိန်က "ယေရှု" ဟူသည့်…

ကောင်းလွန်းလှသောနိဂုံး

ကျွန်မ၏ခင်ပွန်းနှင့်သားသည် သူတို့ကြည့်မည့် ရုပ်ရှင်ကိုရွေးရာ သူတို့အကြိုက် ဇာတ်ကားများ ထုတ်လွှင့်မည်ကို တွေ့ရှိခဲ့သည်။ ဇာတ်သိမ်းခန်းကို ကြိုကြည့် ရခြင်းကလည်း သူတို့ဝါသနာ၊ သို့နှင့် ထိုသို့ဇာတ်ကားရွေးခြင်းက အပျော်တမ်း ဂိမ်းကစားသကဲ့သို့ ဖြစ်လာသည်။ နောက်ဆုံးဇာတ်ကား ၈ ကားကို သူတို့ တွေ့ခဲ့ သည်။ စိတ်ကသိအအောင့်နှင့် "ရုပ်ရှင်တစ်ကားကိုရွေးပြီး အစကနေ ဘာလို့ စမကြည့်တာလဲ" ဟု ကျွန်မမေးရာ ခင်ပွန်းသည်က "ကောင်းလွန်းလှတဲ့ ဇတ်သိမ်းခန်းကို မကြိုက်တဲ့သူ ရှိလားကွာ" ဟု ရယ်လျက် ပြန်ဖြေခဲ့သည်။

ကျွန်မနှစ်သက်သောစာအုပ် (သို့) ရုပ်ရှင်၏ နိဂံုးပိုင်းကို မျှော်တလင့်လင့် ဖြစ်ရကြောင်း ကျွန်မလည်း ဝန်ခံရပါသည်။ ကျမ်းစာဖတ်ရာ၌လည်း ပိုကောင်း ပိုနားလည်လွယ်ပုံရသည့် ကျွန်မကြိုက်သည့်အပိုင်း၊ ဇာတ်လမ်းများကို သဲ့ပြီး ဖတ်ရှုသည်။ သို့သော် ကျွန်မတို့ကို ပြုပြင်ပြောင်းလဲရန်နှင့် သခင်ယေရှုကို ယုံကြည်သူတို့အတွက် ဘုရားသခင်၏ဇာတ်လမ်းသည် ကောင်းစွာအဆုံးသတ် မည်ကို…

အကောင်းဆုံးသောအနာငြိမ်းစေသူ

ပြင်းထန်သော အစားအသောက်ဓာတ်မတည့်မှု ခံစားရသူ မိသားစုဝင်တစ်ဦးအား ဆေးကုသပေးပြီး ရောဂါသက်သာလာသောအခါ ထိုအကြောင်းကို စိတ်လှုပ်ရှားမှု ဖြင့် ကျွန်မ တစ်ချိန်လုံး ပြောမိသည်။ ကုသမှုဖြစ်စဉ်နှင့်တကွ ထိုကုသမှုအစီအစဉ်ကို တီထွင်ဉီးဆောင်ခဲ့သည့်ဆရာဝန်ကိုလည်း အလွန်အမင်း ချီးကျူးခဲ့သည်။ နောက်ဆုံးတွင် မိတ်ဆွေအချို့က "အနာငြိမ်းခြင်းအတွက် ဘုရားသခင်ကပဲ ဘုန်းအသရေ ခံရသင့်တယ်" ဟုပင် ဝေဖန်ကြသည်။ ထိုအချက်က ကျွန်မကို ခေတ္တရပ်ဆိုင်းစဥ်းစားစေသည်။ အကောင်းဆုံးသော အနာငြိမ်းစေသူကို ကျွန်မ မျက်ခြေပြတ်ပြီး အနာငြိမ်းခြင်းရုပ်ထုကို ထူထောင်မိနေပါသလား။

ဣသရေလနိုင်ငံသည်လည်း သူတို့ကို အနာငြိမ်းပေးရန် ဘုရားရှင်သုံးခဲ့သည့် ကြေးဝါမြွေရုပ်တုရှေ့၌ နံ့သာပေါင်းကို မီးရှို့ခဲ့စဉ်က ထိုထောင်ချောက်သို့ကျခဲ့ သည်။ ဟေဇကိမင်းက ၎င်းကို ရုပ်တုကိုးကွယ်မှုဟု သတ်မှတ်ပြီး "မောရှေ လုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်"၍ မဖျက်ဆီးချိန်အထိ (၄ ရာ ၁၈:၄) ထိုအစဉ်အလာ ကိုးကွယ်မှုကို ဣသရေလလူတို့ ပြုခဲ့သည်။

ရှေးရာစုနှစ်များစွာက…