တစ်ဖန်ပြန်ထနိုင်ပြီ
အိုလံပစ်အပြေးအားကစားသား Ryan Hall (ရိုင်ယန်ဟော)သည် အမေရိကန် နိုင်ငံ မာရသွန် အကွာအဝေးတစ်ဝက် အပြေးပြိုင်ပွဲ၏စံချိန်သစ်ပိုင်ရှင် ဖြစ်သည်။ အကွာအဝေး ၁၃.၁ မိုင် (၂၁ ကီလိုမီတာ) ကို မှတ်သားဖွယ် ၅၉ မိနစ် ၄၃ စက္ကန့် ဖြင့် ပန်းဝင်ခဲ့သဖြင့် အပြေးပြိုင်ပွဲကို တစ်နာရီအောက် စံချိန်ဖြင့် ပြေးနိုင်သူ၊ ပထမဦးဆုံး အမေရိကန် အပြေးသမား ဖြစ်လာခဲ့သည်။ စံချိန်တင်နိုင်သည့် အောင်မြင်မှုအတွက် အောင်ပွဲခံစဉ်မှာပင် ပြိုင်ပွဲကိုအဆုံးထိမပြေးနိုင်သည့် အရှုံးသမားဟုလည်း သူ့ကိုသိကြသည်။
အောင်မြင်မှုနှင့် ဆုံးရှုံးမှုနှစ်မျိုးလုံးကို မြည်းစမ်းခဲ့ရသည့် Ryan သည် သူ့အားခံရပ်နိုင်စွမ်းပေးသည့် သခင်ယေရှု၌ ယုံကြည်ခြင်းစိတ်ကို ဆက်လက်စွဲကိုင်ခဲ့သည်။ သူနှစ်သက်သောကျမ်းပိုဒ်အနက် တစ်ပုဒ်မှာ "ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထပြန်လိမ့်မည်" ဟူသော သုတ္တံကျမ်းမှ ခွန်အားပေးသည့် သတိပေးချက် ဖြစ်သည် (၂၄:၁၆)။ ဘုရားသခင်ကို ကိုးစားပြီး…
ကြီးမြတ်ခြင်း
အင်္ဂလန်မြောက်ပိုင်း၌ Cuthbert (ခါ့ဗက်ထ်)သည် လူအများ၏မေတ္တာခံယူရသူဖြစ်သည်။ သူသည် ၁၇ ရာစုအတွင်း ဒေသအတော်များများ၌ ဧဝံဂေလိတရားဝေငှခြင်း ကဏ္ဍ၌ တာဝန်ရှိသူဖြစ်ပြီး တော်ဝင်မျိုးနွယ်များကို အကြံပေးဆွေးနွေးခြင်းနှင့် တိုင်းပြည်အရေးကိုလည်း သြဇာလွှမ်းမိုးသူဖြစ်သည်။ သူသေဆုံးပြီးနောက်ပိုင်း သူ့အားဂုဏ်ပြုသောအားဖြင့် Durham (ဒါရမ်)မြို့ကို တည်ခဲ့သည်။ သို့သော် Cuthbert ချန်ခဲ့သောအမွေအနှစ်မှာ ဤအရာများထက်သာလွန်ပါသည်။
မြောက်ပိုင်းဒေသ၌ ပုလိပ်ကပ်ရောဂါဖြစ်ပွားချိန်တွင် Cuthbert သည် ရောဂါဘေးသင့်သည့်မြို့များရှိ လူတို့ကို သွားရောက်အားပေးနှစ်သိမ့်ခဲ့သည်။ ရွာတစ်ရွာမှထွက်ပြီး ခရီးဆက်ကာနီးတွင် ကလေးငယ်တစ်ဉီးကို ပွေ့ဖက်ထားသည့် မိခင်တစ်ဦးအတွက် ဆုတောင်းပေးရန် ကျန်နေသေးကြောင်းတွေ့ရသည်။ သူမသည် သားတစ်ဦးကိုဆုံးရှုံးခဲ့ရပြီး ယခုချီထားသည့် ကလေးမှာလည်း သေလုနီးပါးဖြစ်နေ သည်။ Cuthbert သည် အဖျားတက်နေသည့်ကလေးလက်ကို ဆုပ်ကိုင် ဆုတောင်းပေးပြီး သူ့နဖူးကိုနမ်းလိုက်ကာ မိခင်အား "မစိုးရိမ်ပါနဲ့။ နောက်ထပ် မင်းရဲ့အိမ်သားတွေ မသေတော့ပါဘူး" ဟုပြောလိုက်သည်။ ထိုသားလေးမှာ အသက်ရှင်ခဲ့သည်။
တစ်ချိန်က ရှင်ယေရှုသည်…
မမေ့ပါဘူး
"အန်ကယ်အာသာ၊ ကျွန်တော့်ကို ဆံပင်ညှပ်ဆိုင်နဲ့ စူပါမားကတ်ခေါ်သွားတဲ့နေ့ကို သတိရသေးလား။ အဲဒီနေ့က ကာကီရောင်နဲ့အပြာရောင်အကွက်ရှပ်အင်္ကျီ၊ အပြာရင့်ရောင် သိုးမွေးအပေါ်ခံရယ်၊ အညိုရောင်ခြေအိတ်နဲ့ အညိုရောင် ရှူးဖိနပ်ဝတ်ထားတယ်။ အဲဒီနေ့က၂၀၁၆ခု၊ အောက်တိုဘာလ ၂၀ ရက်၊ ကြာသပတေးနေ့လေ။" ကျွန်တော့်တူလေး ဂျဲရတ်၌ အော်တစ်ဇင် (အထီးကျန်စိတ်ဝေဒနာ)နှင့်ဆက်နွယ်သော အခက်အခဲများရှိသော်လည်း အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် နေ့ရက်၊နေ့စွဲနှင့်သူဝတ်ဆင်ခဲ့သည့်အဝတ်အစားများ စသည့်အရာများကိုနှစ်ပေါင်းများစွာကြာသည့်တိုင် အသေးစိတ်မှတ်မိနိုင်သည့် အံ့ဖွယ်မှတ်ဉာဏ်ရှိသည်။
ဂျဲရတ်ပိုင်ဆိုင်သော ထူးခြားသောမှတ်ဉာဏ်က အချိန်နှင့် ထာဝရကာလကို ပိုင်သထိန်းချုပ်တော်မူသော၊ အရာခပ်သိမ်းကိုသိပြီး ချစ်ကြင်နာသောဘုရား သခင်အား အမှတ်ရစေသည်။ ကိုယ်တော်သည် အကြောင်းအရာ အချက်အလက်များကိုသိရှိပြီး သူ၏ကတိတော်များ (သို့) သူ့လူမျိုးတော်တို့ကို မမေ့မလျော့ပါ။ ဘုရားသခင် သင့်ကိုမေ့လျော့သွားပြီလားဟု သင်မေးခွန်းထုတ်ခဲ့သည့် အချိန်များ ရှိဖူးပါသလား။ ကိုယ့်ထက် အခြားသူများက ပို၍ကျန်းမာနေပုံ၊ ပျော်ရွှင်နေပုံ၊ ပို၍ အောင်မြင်နေပုံ၊ ပို၍ကောင်းစားနေပုံပေါက်နေချိန်များ ရှိဖူးပါသလား။
ရှေးခေတ်ဣသရေလလူတို့၏ နိမ့်ကျသောအခြေအနေကြောင့် "ထာဝရ…
သခင်ယေရှုနှင့်အတူ လျှောက်လှမ်းခြင်း
အစားအသောက်ရိက္ခာ၊ ရေစိုခံဘွတ်ဖိနပ်နှင့် မြေပုံတို့သည် John Muir (ဂျွန် မြူယာ) တောလမ်းအတိုင်း ခြေလျင်ခရီးသွားသူများ သယ်သွားရန်လိုသောအရာအချို့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းတွင်ရှိသော John Muir တောလမ်းသည် ၂၁၁ မိုင်ရှည်လျားပြီး ချောင်းငယ်များကိုကွေ့ပတ် ဖြတ်ကျော်သွားရသည်။ ရေကန်များနှင့် သစ်တောများကိုပတ်ပြီး တောင်တက် တောင်ဆင်းဖြင့် ပေပေါင်း ၄၇၀၀၀ အမြင့်ထိ တက်သွားရသည်။ဤခရီးကိုသွားရန် အချိန် ၃ ပတ်မျှကြာသည့်အတွက် မှန်ကန်သည့်ရိက္ခာပမာဏကို သယ်သွားရန် အလွန်အရေးကြီးသည်။ ရိက္ခာများလွန်းပါက ၎င်းတို့ကို သယ်ဆောင်ရန် အားအင်ကုန်ခမ်းမည်၊ နည်းလွန်းပါကလည်း ခရီးစဉ်အတွက် လိုအပ်မည့်အရာများပါရှိမည်မဟုတ်ပေ။
သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့၏အသက်တာခရီးကို ကောင်းစွာအဆုံးသတ်ရန် မိမိသယ်ဆောင်သွားမည့်အရာများကို အသေအချာ စဉ်းစားတွက်ချက်ရန် လိုသည်။ ဟေဗြဲသြဝါဒစာ ၁၂:၁ ၌ "ခပ်သိမ်းသောဝန်(နှင့်) နှောင့်ယှက်တတ်သော ဒုစရိုက်ကို ဖယ်ရှား"ရန် ကျမ်းရေးသူက အလေးအနက် တိုက်တွန်းထားသည်။ ကျွန်ုပ်တို့၏အသက်တာကို သူက…
သားသမီးမွေးစားခြင်း၏ အလှတရား
၂၀၀၉ ခုနှစ်၌ ထွက်ရှိသည့် The Blind Side (မမြင်မိသောဘက်) ရုပ်ရှင်သည် အိမ်ယာမဲ့ ဆယ်ကျော်သက်လေး Michael Oher (မိုက်ကယ် အိုဟာ)အကြောင်းဖြစ်သည်။ မိသားစုတစ်စုက သူတို့အိမ်၌လက်ခံပြီး ပညာသင်ယူရာ၌ ကြုံရသည့်အခက်အခဲကို အောင်နိုင်ပြီး အမေရိကန်ဘောလုံးအားကစား၌ ထူးချွန်အောင်မြင်အောင် ကူညီပေးခဲ့သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် သူတို့နှင့်အတူ လပေါင်းများစွာနေထိုင်ပြီးနောက် သူ့အား မွေးစားရန်ဖြစ်နိုင်/မဖြစ်နိုင်ကို ထိုမိသားစုက မိုက်ကယ်နှင့်စကားပြောပြီး တီးခေါက်ကြည့်ရာ သူက သူ့ကိုယ်သူ ဤမိသားစုဝင်ဖြစ်နေပြီဟုပင် ထင်မှတ်ထားကြောင်း ချိုချိုသာသာနှင့် နူးညံ့စွာ ပြန်ဖြေခဲ့သည်။
၎င်းသည် အမှန်ပင် လှပသည့်အခိုက်အတန့်ဖြစ်သကဲ့သို့ သားသမီးမွေးစား ခြင်းသည် လှပသည့်ကိစ္စဖြစ်သည်။ မိသားစုတစ်စုက လက်များဖွင့်လျက် မိသားစုဝင်သစ်တစ်ဦးကို ကြိုဆိုရာ၌ ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လက်ကမ်း ပေးခြင်းဖြစ်သည်။ သားသမီးမွေးစားခြင်းက မိုက်ကယ်၏ဘဝကို အကြီးအကျယ် ပြောင်းလဲစေသကဲ့သို့ ဘဝအသက်တာများစွာကို ပြောင်းလဲစေပါသည်။
ယုံကြည်သူများသည် ယေရှုခရစ်၌ ယုံကြည်ခြင်းအားဖြင့်…
သင့်အကူအညီကို မည်သူလိုသနည်း
Clifford Williams (ကလစ်ဖို့ဝီလျံ)သည် မိမိမကျူးလွန်ခဲ့သည့် လူသတ်မှုအတွက် သေဒဏ်စီရင် ခံခဲ့ရသည်။ သူ့အပေါ် မတရားထွက်ဆိုသည့် သက်သေများကို ပြန်လည်သုံးသပ်ရန် ထောင်အချုပ်၌ အချည်းနှီးသက်သက် အချုပ်ခံခဲ့ရသည်။ အသနားခံလွှာများ ၄၂ နှစ်တိုင် အပယ်ခံရသည်။ ထို့နောက် ရှေ့နေ Shelley Thibodeau (ရှယ်လီ ထီဘဒိုး)က သူ့အမှုကို ပြန်လေ့လာသည်။ ဝီလျံ အပြစ်ရှိကြောင်း သက်သေအထောက်အထား မရှိသည်သာမက လူသတ်မှုကို အခြားသူတစ်ဦးကသာ ကျူးလွန်ခဲ့ကြောင်း သူတွေ့ရှိခဲ့သည်။ နောက်ဆုံး၌ အသက် ၇၆ နှစ်အရွယ်ရောက်မှ ဝီလျံအား အပြစ်မရှိကြောင်း ကြေညာပြီး ပြန်လွတ်ခဲ့သည်။
ပရောဖက်ယေရမိနှင့် ဥရိယတို့လည်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့သည်။ ဘုရားသခင်၏လူမျိုးတော်တို့သည် နောင်တမရပါက သူတို့ကို ဘုရားသခင် စီရင် မည်ဖြစ်ကြောင်း ယုဒလူတို့ကို သူတို့ဟောပြောခဲ့သည် (ယေ ၂၆:၁၂-၁၃၊ ၂၀)။ ဤသတင်းစကားကြောင့် ယုဒလူများနှင့်အရာရှိများ စိတ်ဆိုးကြပြီး…
ခရစ်တော်၌ အဖိုးမဖြတ်နိုင်သောဘဝများ
ပျောက်နေသည့်မင်္ဂလာလက်စွပ်နှင့် မင်္ဂလာနှစ်ပတ်လည်လက်စွပ်ကို ထိတ်ထိတ်ပြာပြာနှင့် ကျွန်မရှာရင်း ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာသည်။ ထိုင်ခုံကူရှင်ကို လှန်လှော၊ ချောင်ကြိုချောင်ကြားနှင့် တွင်းပေါက်လေး များပါမကျန် တစ်နာရီကြာမျှ ပိုက်စိပ်တိုက်ရှာဖွေခဲ့၏။ အယ်လန်က "စိတ်မကောင်းဘူးကွာ။ တို့ပြန် ဝယ်ကြ မယ်" ဟု ပြောသည်။ "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပစ္စည်းတန်ဖိုးထက် ခံစားမှုပိုင်းဆိုင်ရာ တန်ဖိုးထားမှုက သာတယ်။ ခံစားချက်ကို အစားထိုးလို့ မရဘူး" ဟု ကျွန်မ ပြန်ပြောခဲ့သည်။ "ဘုရားရှင်၊ ကျေးဇူးပြုပြီး ပြန်ပြီးရှာတွေ့အောင် ကူမတော်မူပါ" ဟု ကျွန်မ ဆုတောင်းပြီး လက်စွပ်များကို ဆက်ပြီးရှာဖွေခဲ့သည်။
နောက်ပိုင်း ယခုသီတင်းပတ်အတွင်းဝတ်ခဲ့သော အပေါ်ခံအင်္ကျီအိတ်ကိုနှိုက်ကြည့်ရာ တန်ဖိုးမဖြတ်နိုင်သည့် ရတနာများကို ပြန်ရှာတွေ့ခဲ့သဖြင့် "ကျေးဇူးတင် ပါတယ်၊ သခင်ယေရှု"ဟု ကျွန်မ အော်ပြောလိုက်မိသည်။ ကျွန်မတို့ဇနီးမောင်နှံနှစ်ဦး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ လက်စွပ်များကို ကျွန်မပြန်စွပ်လိုက်စဥ် ပျောက်သော ဒင်္ဂါး ပုံဥပမာကို…
မနာလိုငြူစူမှုကို အောင်နိုင်ခြင်း
Amadeus (အမေးဒီးရပ်စ်) ရုပ်ရှင်ဇာတ်ကားထဲ၌ သက်ကြွယ်တေးရေးဆရာ Antonio Salieri (အန်တိုနီရို စလေးရီး)က သူရေးဖွဲ့ထားသောတေးဂီတ အချို့ကို အလည်လာသောဘုန်းတော်ကြီးအား စန္ဒရားဖြင့် တီးခတ်ဖျော်ဖြေသည်။ ရှက်ရှက် နှင့် ဘုန်းတော်ကြီးက သူမမှတ်မိကြောင်းဝန်ခံသည်။ "ဒါဆို ဒီတစ်ပုဒ်ရော"ဟု မေးပြီး အတော်လေးအကျွမ်းဝင်သည့် သံစဉ်ကို Salieri တီးပြသည်။ "ဒီသီချင်းကို မင်းရေးမှန်း ငါမသိဘူး"ဟုဘုန်းတော်ကြီးကဖြေရာ "ကျွန်တော် မရေးပါဘူး။ အဲဒါကို Mozart (မိုဇက်)ရေးတာ"ဟု သူပြန်ပြောလိုက်သည်။ မိုဇက် သေဆုံးပြီး မိုဇက်၏တေးသွားကို တီးခတ်နေသည့်တိုင် မိုဇက်၏ အောင်မြင်မှုက Salieri ကို အတော်လေး မနာလိုဖြစ်စေကြောင်း ရုပ်ရှင်ကြည့် ပရိတ်သတ်များ တွေ့ရှိရသည်။
နောက်ထပ် မနာလိုငြူစူသည့်ဇာတ်လမ်းတစ်ပုဒ်မှာ အဓိကအားဖြင့် သီချင်းတစ်ပုဒ်ကြောင့် ဖြစ်လာသည်။ ဒါဝိဒ်သည် ဂေါလျတ်အား အောင်မြင်ပြီးနောက် "ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကား ..." (၁ ရာ…
ယေရှုသည် ကျွန်ုပ်တို့၏ရန်ငြိမ်းခြင်းဖြစ်သည်
ဘုန်းတော်ကြီး Telemachus (ထီလဲ့မခက်စ်)သည် အေးချမ်းသောဘဝဖြင့် နေထိုင် ခဲ့သော်လည်း လေးရာစုနှစ်အကုန် သူ၏ပျံလွန်ခြင်းက လောကကို ပြောင်းလဲစေခဲ့ သည်။ အရှေ့အရပ်မှ ရောမသို့သွားလည်ရာ Telemachus သည် လူလူချင်း (သို့) တိရစ္ဆာန်နှင့် သတ်ပုတ်သည့်ပွဲကို သူဝင်ရောက်ဖျန်ဖြေခဲ့သည်။ အရီနာကွင်း အုတ်တံတိုင်းကို ခုန်ကျော်ဝင်ပြီး ယှဉ်ပြိုင်နေသူများ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ် နေခြင်းကို တားဆီးရန် ကြိုးစားခဲ့သည်။ သို့သော် ဒေါသထွက်နေသည့် ပရိတ်သတ်က သူ့ကို ကျောက်တုံးနှင့်ပစ်သတ်ခဲ့ကြသည်။ သို့သော် Telemachus ၏ အပြုအမူက ဧကရာဇ်မင်း Honorius (ဟဲနိုးရီးယက်စ်)ကို စိတ်သဘောထား ပြောင်းလဲစေပြီး နှစ် ၅၀၀မျှ ကျင့်သုံးခဲ့သည့်လူသတ်ကစားပွဲကိုရပ်ဆိုင်းပစ်ရန် အမိန့်ချမှတ်ခဲ့သည်။
ရှင်ပေါလုက သခင်ယေရှုကို "ကျွန်ုပ်တို့၏ရန်ငြိမ်းခြင်း" ဟု ခေါ်ဆိုရာတွင် ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားတို့ကြား ရန်လိုမုန်းတီးမှုကို အဆုံးသတ်ရန် ရည်ညွှန်းခြင်းဖြစ်သည် (ဧ ၂:၁၄)။ ဘုရားသခင်ရွေးကောက်သော…
ဘုရားသခင်၏ချစ်မေတ္တာသည် ပို၍ခိုင်မြဲ၏
၂၀၂၀ ခုနှစ်တွင် Alyssa Mendoza (အဲလစ်စာ မန်ဒိုဇာ) သည် ဖခင်ထံမှ အံ့သြဖွယ်အီးမေးလ်ကို သန်းခေါင်ချိန်၌ ရရှိခဲ့သည်။ စာထဲတွင် သူ့မိဘများ၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်၌ သူ့အမေအတွက် လုပ်ပေးရမည့်အရာ များကို ညွှန်ကြားထားသည်။ ဘာများအံ့သြတုန်လှုပ်စရာရှိပါသနည်း။ Alyssa၏ဖခင်မှာ လွန်ခဲ့သည့် ၁၀ လက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ သူနာမကျန်း ဖြစ်နေသည့် အတောအတွင်း မင်္ဂလာနှစ်ပတ်လည်အချိန်ထိ မနေရတော့မှာကို သိသောကြောင့် ထိုအီးမေးလ်ကို ရေးသားစီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း Alyssa တွေ့ရှိခဲ့သည်။ ဇနီးသည်၏မွေးနေ့၊ နောက်ရောက်လာမည့် နှစ်ပတ်လည်နေ့များနှင့် ချစ်သူများနေ့တို့အတွက်လည်း ပန်းစည်းများကို ကြိုတင်စီစဉ် ငွေပေးချေ ခဲ့ပြီးဖြစ်သည်။
ဤအကြောင်းက ရှောလမုန်သီချင်း၌ အသေးစိတ်ဖော်ပြထားသည့် ချစ်မေတ္တာမျိုးကို ပုံပမာပြပေးသည်။ "မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ ၏။ ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏာနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏"(၈:၆)။ ချစ်ခြင်းမေတ္တာကို သေခြင်း၊ မရဏာနိုင်ငံတို့နှင့်…