အမျိုးအစား  |  odb

ဘုရားသခင်ပြင်ဆင်ပေးသည့် ဝမ်းမြောက်ခြင်း

မာစီးရာ သည် လူစုလူဝေးကြားထဲသွားတိုင်း အခြားသူကို ပြုံးပြရန် သူအမြဲ ကြိုးစားသည်။ ၎င်းသည် ခင်မင်ဖော်ရွေသောမျက်နှာကို မြင်ရန်လိုအပ်သူ တစ်ဦးဦးကို နွေးထွေးမှုပြသရန် သူမ၏နည်းလမ်းတစ်ခုဖြစ်သည်။ များသော အားဖြင့် လူတို့၏စိတ်ရင်းမှန်ဖြင့် တုံ့ပြန်အပြုံးကိုရပါသည်။ သို့သော် မာစီးရာ သည် နှာခေါင်းစည်းကို မဖြစ်မနေတပ်ရချိန်တွင် သူ့နှုတ်ခမ်းကို လူတို့ မမြင်နိုင်တော့၍ သူ့အပြုံးကိုလည်း မမြင်နိုင်တော့ပါ။ "ဒါဟာ ဝမ်းနည်းစရာပဲ။ ဒါပေမယ့် ငါဆက်ပြုံးရမယ်။ ငါ့မျက်လုံးတွေကနေတစ်ဆင့် ငါ့အပြုံးကို သူတို့ မြင်ကောင်း မြင်မှာပဲ" ဟု သူတွေးမိသည်။

အမှန်တွင် ထိုအတွေး၏နောက်ကွယ်၌ သိပ္ပံပညာရှိသည်။ နှုတ်ခမ်းထောင့်ရှိ ကြွက်သားနှင့် မျက်လုံးများကို တွန့်စေသည့်ကြွက်သားများသည် အတိုင်အဖောက် ညီညီ အလုပ်လုပ်နိုင်သည်။ ၎င်းကို 'Duchenne (ဒူရှန်း)အပြုံး' ဟုခေါ်ပြီး ၎င်းကို "မျက်လုံးဖြင့် ပြုံးပြခြင်း" ဟု ဖော်ပြကြသည်။

"မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ်၏"…

ရှင်ယေရှုအတွက် ဖူးပွင့်ခြင်း

ကျူးလစ်ပန်းများနှင့်ပတ်သက်ပြီး ကျွန်မရိုးသားမှုမရှိခဲ့ပါ။ Amsterdam (အမ်စတာဒမ်)သို့ သွားရောက်လည်ပတ်ပြီး အမေရိကန်သို့အပြန် သမီးငယ်နှင့် အတူပါလာသော လက်ဆောင်မှာ ကျူးလစ်ပန်းဥအထုပ်ဖြစ်သည်။ ကျွန်မလည်း သမီးနှင့်ပြန်လည်ဆုံစည်းရ၍ ဝမ်းသာရသကဲ့သို့ လက်ဆောင်အတွက် အလွန် စိတ်လှုပ်ရှားဝမ်းသာဟန် ရှိုးပြလက်ခံခဲ့သည်။ သို့သော် ကျူးလစ်ပန်းကို ကျွန်မ မကြိုက်ပါ။ စောစောပွင့်ပြီး ခဏလေးနှင့် နွမ်းသွားသောပန်း ဖြစ်သည်။ ဇူလိုင်လအတွင်း ရာသီဥတု ပူလွန်းသဖြင့် စိုက်ပျိုးရန်အဆင်မပြေပါ။

သို့သော် နောက်ဆုံး၌ စက်တင်ဘာနှောင်းပိုင်းမှ သမီးအကြောင်းတွေးရင်း သမီး၏ပန်းဥများကို မေတ္တာနှင့် စိုက်ပျိုးခဲ့သည်။ ကျောက်ပေါသည့်မြေမျိုးဖြစ်၍ ပန်းဥလေးများအတွက် ကျွန်မစိုးရိမ်စိတ်ဖြစ်လာသည်။ ပန်းဥများ စိုက်ထားသည့် မြေကို ပုတ်လိုက်ပြီး နွေဦးရာသီတွင် ကျူးလစ်များပွင့်လာမည်ကို မျှော်လင့်ရင်း "ကောင်းကောင်းအိပ်တော့" ဟု မေတ္တာပို့လိုက်သည်။

ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး "မနှစ်သက်" ငြားလည်း အချင်းချင်းချစ်ကြရန် ဘုရားသခင် ကျွန်မတို့ကို ရွေးခေါ်တော်မူကြောင်း ကျွန်မ၏ပန်းစိုက်အစီအစဥ် လေးက သတိပေးလာသည်။…

ဆုတောင်းချက်၊ မြေမှုန့်နှင့် ကြယ်များ

လာရာနှင့် ဒေ့ဗ်တို့သည် ကလေးအလွန်အမင်းလိုချင်ကြသော်လည်း သူတို့ ကလေးမရနိုင်ကြောင်း ဆရာဝန်ကပြောပါသည်။ လာရာက သူစိတ်ချရသည့် သူငယ်ချင်းတစ်ဉီးအား "ကျွန်မ ဘုရားသခင်နှင့် တကယ်ရိုးသားပွင့်လင်းစွာ စကား ပြောခဲ့တယ်" ဟု အတွင်းစကားဆိုခဲ့သည်။ ထိုသို့ အကြိမ်များစွာ စကားပြောခဲ့ပြီးနောက် သူတို့အသင်းတော်မှ ကလေးမွေးစားခြင်း အမှုတော်အကြောင်း သူတို့အား ဝေမျှပြောပြခဲ့သည့်သင်းအုပ်နှင့် သူတို့စကားပြောဖြစ်သည်။ တစ်နှစ် အကြာတွင် လသားအရွယ် သားယောကျ်ားလေးတစ်ဉီးကို သူတို့မွေးစားခွင့်ရခဲ့သည်။

ကမ္ဘာဉီးကျမ်း အခန်းကြီး ၁၅ တွင် အာဗြဟံနှင့် ဘုရားသခင်ကြားရှိ ရိုးသား ပွင့်လင်းစွာ အပြန်အလှန်စကားပြောဆိုသည့်အကြောင်းကို ဖတ်ရှုရသည်။ ဘုရားသခင်က "အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ သင်၏အကျိုးသည် အလွန်ကြီးလှ၏" (:၁)ဟု မိန့်တော်မူသည်။ သို့သော် အာဗြံက သူ့အနာဂတ်နှင့်ပတ်သက်၍ ဘုရားသခင်၏ကတိတော်အပေါ် မသေချာမရေရာဖြစ်လျက် "အရှင်ထာဝရ ဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ... သို့ဖြစ်၍ အဘယ်ဆုကျေးဇူးကို…

ဘုရားသခင် သင့်ကို ချီပိုက်ပို့ဆောင်သည်

၂၀၁၉ ခုနှစ်က Bahamas (ဘဟားမားစ်)ကျွန်းစု၌ Hurricane Dorian (ဒိုရီယံ ဟာရီကိန်း)မုန်တိုင်း တိုက်ခတ်ခဲ့ရာ နိုင်ငံ့သမိုင်း၌ အဆိုးဝါးဆုံးသောသဘာဝဘေးဟု ဆိုရလောက်အောင် မိုးသည်းထန်လျက်၊ လေပြင်းကျပြီး ရေလွှမ်းမိုးခဲ့ သည်။ မွေးရာပါကိုယ်အင်္ဂါမလှုပ်ရှားနိုင်သော အရွယ်ရောက်သားနှင့်အတူအိမ်ထဲခိုလှုံနေသော ဘရန့်သည် အိမ်မှ ထွက်ခွာသင့်ကြောင်း သိသည်။ သူကိုယ်၌က မျက်မမြင်ဖြစ်သော်လည်း သူ့သားကို ကယ်တင်ရန် ဘရန့် သည် သားကို ပခုံးပိုး၍ မေးစိနားထိရောက်နေသောရေထဲမှလုံခြုံရာသို့ သားကို ခေါ်ဆောင်သွားခဲ့သည်။

လောကဖခင်သည် ကြီးမားသောအခက်အခဲရင်ဆိုင်ရသော်လည်း သားကို စောင်မရန် စိတ်ပြင်းပြသည်ဆိုလျှင် ကောင်းကင်ဘုံရှင်အဘဘုရားသည် သူ့သား သမီးများအတွက် မည်မျှပူပန်ဂရုပြုမည်ကို စဉ်းစားကြည့်ပါ။ ဓမ္မဟောင်းကျမ်းတွင် မောရှေက ဘုရားလူတို့အား သူတို့အနေဖြင့် ယုံကြည်ခြင်းယိမ်းယိုင်ခဲ့သော်လည်း ဘုရားသခင်က သူတို့အား ချီပိုက်ပို့ဆောင်ခဲ့သည်ကို ပြန်ပြောင်းပြောပြသည်။ တောကန္တာရ၌ အစာရေစာထောက်ပံ့ပေးသည်။ ရန်သူများကို တိုက်ခိုက်ပေးသည်။ မိုးတိမ်တိုင်နှင့် မီးတိုင်အားဖြင့် လမ်းပြပို့ဆောင်ခဲ့သည်။ သူတို့ကိုယ်စားဘုရားသခင်…

အကြီးမြတ်ဆုံးသော တေးသွား

ဘီဘီစီဂီတမဂ္ဂဇင်းမှ ကမ္ဘာကျော် တီးဝိုင်းညွှန်ကြားသူ ၁၅၁ ဉီးတို့အား အကောင်းဆုံးဟု ၎င်းတို့ယုံကြည်သည့် ဂီတတေးသွားအပုဒ် ၂၀ ကို အစဉ်လိုက် စီပေးရန် တောင်းဆိုရာ Beethoven (ဘီသိုဗင်)၏ Third Eroica တေးသွားကို စာရင်းထိပ်ဆုံးတင်ထားသည်။ "သူရဲကောင်း"ဟု အဓိပ္ပာယ်ရှိသည့် ထိုတေးသွား သည် ပြင်သစ်တော်လှန်ရေးကာလ ပဋိပက္ခကြားမှ ပေါက်ဖွားခဲ့သည်။ ထိုမျှမက ဘီသိုဗင်ကိုယ်၌ အကြားအာရုံ တစ်စတစ်စချို့ယွင်းလာမှုကြောင့်ရုန်းကန်ရလျက် ထိုတေးသွားကို ရေးစပ်ခဲ့ရသည်။ ထိုတေးသွားက အခက်အခဲပြဿနာများ ရင်ဆိုင် ရစဉ်တွင်ပင် လူသားဆန်ခြင်းနှင့် ရှင်သန်ခြင်း၏အဓိပ္ပာယ်ကို ေဖော်ကျူးသည့် ပြင်းထန်လွန်ကဲသော စိတ်ခံစားမှု အတက်အကျကို လှုံ့ဆော်ပေးသည်။ ပျော်ရွှင်မှု နှင့် ဝမ်းနည်းမှုသရုပ်၊ ပြင်းထန်သော စိတ်ခံစားမှုပြီးနောက် တစ်ဖြည်းဖြည်းနှင့် အောင်နိုင်မှုကို ဖော်ကျူးသည့် "Third Symphony" တေးသွားသည် လူ့စိတ်ဓာတ် ကို အစဉ်အမြဲဂုဏ်ပြုသောတေးသွားအဖြစ် မှတ်ကျောက်တင်ခဲ့တော့သည်။

ရှင်ပေါလုရေးသည့် ကောရိန္သုသြဝါဒစာပဌမစောင်ကို…

ဘုရားသခင်၏မစမှုကို ရှာဖွေခြင်း

၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းကာလ၌ ၅ နှစ်နီးပါးမျှ၊ အမေရိကန်နိုင်ငံ၊ Minnesota (မင်နီဆိုတာ)ပြည်နယ်၌ ကျိုင်းကောင်ကျပြီး သီးနှံများဖျက်ဆီးခံခဲ့ရသည်။ လယ်သမားများက ကတ္တရာဖြင့် ကျိုင်းကောင်များကို ထောင်ဖမ်းပြီး လယ်ကိုမီးရှို့ကာ ကျိုင်းကောင်ဉများကို ဖျက်ဆီးသည်။ လူများစွာ ကူရာမဲ့လျက် ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုး ဆိုက်လုနီးပါးချိန်တွင် ဘုရားသခင်၏မစမှုကို အတူတကွ တောင်းခံ ရန် အားထုတ်ခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက သနားစိတ် ယိုဖိတ်ကာ ဧပြီလ ၂၆ ရက်နေ့ကို ပြည်နယ်တစ်ခုလုံးဆုတောင်းရာနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထိုသို့ စုပေါင်းဆုတောင်းပြီးသည့်နောက်ပိုင်းရက်များတွင် ရာသီဉတုပူနွေး လာသဖြင့် ကျိုင်းကောင်ဉများ အသက်ဝင်လာသည်။ သို့သော် ၄ ရက် အကြာတွင် အပူချိန်သိသာစွာ ကျဆင်းသွားသဖြင့် ကျိုင်းကောင်လေးများ အအေးဒဏ်မခံနိုင်ဘဲသေကုန်သဖြင့် လူများစွာတို့ အံ့သြဝမ်းသာဖြစ်ခဲ့ရသည်။ မင်နီဆိုတာ ပြည်နယ် သားတို့ ပြောင်း၊ ဂျုံ၊ အုတ် စသည် ကောက်နှံများကို တစ်ဖန်ရိတ်သိမ်း နိုင်ခဲ့သည်။

ယောရှဖက်မင်းလက်ထက်၌လည်း…

စစ်မှန်သော ခရစ်ယာန်တရားတော်

လွန်လေသောနှစ်များစွာက ခရစ်ယာန်အဖွဲ့အစည်းတစ်ခု၌ ကျွန်တော်အလုပ် လျှောက်ခဲ့ရာ၊ ကျွန်တော့်ကို အရက်၊ ဆေးလိပ်နှင့်၊ အပျော်အပါးပုံစံအချို့တို့နှင့် ပတ်သက်ပြီး တရားဝင်ထုတ်ထားသည့် စည်းကမ်းချက်များကို ချပြသည်။ "ကျွန်တော်တို့ရဲ့ဝန်ထမ်းဆီက ခရစ်ယာန်ပီသတဲ့ အပြုအမူတွေကို မျှော်လင့်ထား ပါတယ်"ဟုလည်း ရှင်းပြသည်။ မိမိ၏ယုံကြည်ခြင်းနှင့်မသက်ဆိုင်သော ထိုအရာ များကို ကျွန်တော်မသောက်မစားခြင်းကြောင့် ထိုစည်းကမ်းများကို ကျွန်တော် လက်ခံပါသည်။ သို့သော် "မာနထောင်လွှားခြင်းမရှိရ၊ အထိမခံမဖြစ်ရ၊ ကြမ်းတမ်း စွာ မပြုမူရ၊ ဝိညာဉ်ရေးရာစိတ်ဝင်စားမှုရှိရမည်။ ဝေဖန်ကဲ့ရဲ့ခြင်းမပြုရ" စသည့် စည်းကမ်းများအဘယ်ကြောင့် မထုတ်ကြသနည်း။ ၎င်းတို့နှင့်ပတ်သက်၍ ပြောဆိုမှု မတွေ့ရပါ။

သခင်ယေရှုနောက်တော်လိုက်ခြင်းကို ထိုစည်းကမ်းချက်များနှင့် သတ်မှတ်၍ မရပါ။ သိမ်မွေ့နက်နဲသော အရည်အသွေးပြည့်မီသော အသက်တာကို တိုင်းတာရန် ခက်ပါသည်။ သို့သော် "လှပသည်" ဟူ၍ ဖော်ပြ၍ရပါသည်။

ရှင်မဿဲခရစ်ဝင် ၅:၃-၁၀ မှ မင်္ဂလာတရားတော်တွင် ထိုအလှတရားကို အကျဉ်းချုပ် ဖော်ပြထားပါသည်။ သခင်ယေရှု၏ဝိညာဉ်ကိန်းဝပ်ပြီး…

ဘုရားသခင်ပြသသော တန်ခိုးတော်

၆ နှစ် အရွယ် သမီးလေးနှင့်ကျွန်တော်သည် ကြမ်းပြင်ပေါ်ထိုင်ကာ တလက်လက် တောက်ပနေသည့် လျှပ်စီးမိုးကြိုးကိုကြည့်နေစဥ် သူမက "ဝါး၊ ဘုရားသခင်က သိပ်ကြီးမြတ်တော်မူတယ်" ဟု ထပ်တလဲလဲ ပြောသည်။ ကျွန်တော်လည်း ထပ်တူခံစားမိပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး မည်မျှသေးငယ်ပြီး ဘုရားသခင်က မည်မျှတန်ခိုးကြီးသည်ကို ကျွန်တော်တို့နှစ်ယောက်လုံးအတွက် သိသာလွန်းလှသည်။ "အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း" (ယောဘ ၃၈:၂၄)။

ယောဘသည် ဘုရားသခင်၏တန်ခိုးတော်ကို သတိရရန် လိုအပ်နေသည် (:၃၄-၄၁)။ သူ့ဘဝက တစ်စစီပြိုကွဲသွားပြီ။ သားသမီးများ သေဆုံးကုန်ပြီး စည်းစိမ် လည်း မရှိတော့သလို ရောဂါဘယလည်း ခံစားနေရသည်။ မိတ်ဆွေများကလည်း စာနာဖေးမမှုမရှိကြပေ။ ဇနီးသည်ကပင် ဘုရားသခင်ကို စွန့်ပစ်ရန် တွန်းအားပေး နေပါသည် (၂:၉)။ နောက်ဆုံးတွင် "အဘယ်‌ကြောင့်နည်း" (အခန်းကြီး ၂၄) ဟူ၍…

အခိုင်အမာငြင်းဆိုမှု

ဒုတိယကမ္ဘာစစ်အတွင်း နာဇီများသည် Franz Jägerstätter (ဖရန်စီရာ ရှတယ်တာ)ကို စစ်မှုထမ်းရန် ခေါ်သွားပြီး စစ်ရေးအခြေခံသင်တန်း ပြီးဆုံးသွား သော်လည်း Adolf Hitler (အဲဒေါ့ဖ် ဟစ်တလာ)အပေါ် သစ္စာခံရန် ကတိကဝတ် ပြုရန် သူငြင်းဆိုခဲ့သည်။ Franz ကို အာဏာပိုင် များက သူ့ယာတောသို့ ပြန်ခွင့်ပြုခဲ့ သော်လည်း နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခံခဲ့ရသည်။ နာဇီ တို့၏အတွေးအခေါ်ကို အနီးကပ်ရှုမြင်ခဲ့ရပြီး ဂျူးလူမျိုးများကို မျိုးတုံးသတ်ဖြတ်မှု အကြောင်း သိရပြီးနောက်တွင် Franzသည် နာဇီဘက်မှ ဘယ်သောအခါမှ တိုက်ခိုက်ပေးမည်မဟုတ်ဟု ဘုရားရှင်ထံ သစ္စာပြုခဲ့သည်။ သူအဖမ်းခံရပြီး ကွပ်မျက်ခြင်းခံခဲ့ရသည်။ ဇနီးသည်နှင့် သမီးသုံးယောက် ကျန်ရစ်ခဲ့သည်။

သမိုင်းတစ်လျှောက် ယုံကြည်သူများအား အသက်ကိုခြိမ်းခြောက်ပြီး ဘုရား သခင်ကို စွန့်ပစ်ရန် အမိန့်ပေးသောအခါ သူတို့အခိုင်အမာငြင်းဆိုခဲ့ကြသည်။ ဒံယေလ၏အဖြစ်အပျက်သည် ထိုသို့သောအကြောင်းအရာများထဲမှ တစ်ခုပင် ဖြစ်သည်။ "ကိုယ်တော်မြတ်မှတစ်ပါး…

ဘုရားသခင်၏ပြန်လည်ထူထောင်ခြင်းနည်းလမ်း

"The Greatest Showman" (အကောင်းဆံုး ပွဲကျစေသူ) ဂီတရုပ်ရှင်၏ သီချင်းများအနက် “From Now On” (ယခုမှစ၍) သီချင်းကို စိတ်အထိတွေ့ဆုံး ဖြစ်သည်။ အဓိကဇာတ်ကောင်သည် သူ့မိသားစုနှင့်မိတ်ဆွေများကို အနာတရ ဖြစ်စေခဲ့ကြောင်း နာကျင်မှုနှင့်နားလည်ခဲ့ပြီးနောက် သီကျူးသောသီချင်းဖြစ်သည်။ သီချင်းလေးက အိမ်အပြန် ဝမ်းမြောက်မှုနှင့် ကျွန်ုပ်တို့တွင် ရှိနှင့်သောအရာများ သည် လုံလောက်သည်ထက်မက သာလွန်ကြောင်း သီကျူးဖွဲ့ဆိုထားသည်။

အလားတူပင်၊ ဟော‌ရှေအနာဂတ္တိကျမ်းတွင် ဘုရားသခင်ထံ ပြန်လှည့်လာသူတို့အတွက် ဘုရားပြင်ဆင်ပေးသော မှင်သက်ရလောက်သည့် ၀မ်းမြောက်ခြင်း နှင့် ကျေးဇူးတင်ခြင်းစသည့် ခံစားမှုများဖြင့် အဆုံးသတ်ထားသည်။ ဤကျမ်း၏ အပိုင်းအတော်များများက ဘုရားနှင့်သူ၏လူမျိုးတော်အကြား ဆက်နွယ်မှုကို သစ္စာမဲ့သော အိမ်ထောင်ဘက်တစ်ဦးနှင့် နှိုင်းထားပြီး ဣသရေလလူမျိုးတို့ ဘုရားကို မချစ်ခြင်း၊ သူ့အတွက်အသက်မရှင်ခဲ့ခြင်းကြောင့် ဝမ်းနည်းကြောင်း ရေးထားသည်။

အခန်းကြီး ၁၄ တွင်မူ ဘုရားရှင်အား ပစ်ပယ်ခဲ့ခြင်းအတွက် စိတ်နှလုံးကြေကွဲမှု ဖြင့်…