အမျိုးအစား  |  odb

ကျွန်ုပ်တို့လိုအပ်သောဉာဏ်ပညာ

အယ်လင်သည် သူမ၏စာတိုက်ပုံးကိုဖွင့်ကြည့်ရာ ပေးပို့သူ သူငယ်ချင်းလိပ်စာပါရှိသည့် စာအိတ်ထူထူတစ်အိတ်ကို တွေ့ခဲ့သည်။ ထိုနေ့မတိုင်မီ ရက်အနည်းငယ်က သူမရုန်းကန်ရသည့် ပေါင်းသင်းဆက်ဆံရေးပိုင်း ပြဿနာတစ်ခုနှင့်ပတ်သက်ပြီး ထိုသူငယ်ချင်းအား တိုင်ပင်ခဲ့ဖူးသည်။ စူးစမ်းစိတ်နှင့်စာအိတ်ကို ဖွင့်ကြည့်ရာ သာမန်ဂုန်နီကြိုးနှင့်သီထားသည့် ရောင်စုံပုတီးလုံးလည်ဆွဲကို တွေ့လိုက်ရသည်။ လည်ဆွဲပေါ်ချိတ်တွဲထားသောကဒ်ပြားတွင် "စကားဝှက်နှင့်ပြောပါ" ဟူသည့် ကုမ္ပဏီ၏ဆောင်ပုဒ်နှင့်အတူ ဝှက်ထားသော၊ ပညာသားပါသည့် ထိုလည်ဆွဲ၏ သတင်းစကားကို ဘာသာပြန်ထားသည်။ "ဘုရားသခင်၏လမ်းကို ရှာပါ"တဲ့။ အယ်လင် ပြုံးလိုက်ရင်း လည်ဆွဲကို သူ၏လည်ပင်း၌ ဆွဲထားလိုက်တော့သည်။

သုတ္တံကျမ်းသည် အသိပညာ အမြော်အမြင်နှင့်ပြည့်စုံသည့် အဆိုအမိန့်များကို စုစည်းထားသည့်ကျမ်းဖြစ်ပြီး အများစုသည် ထိုအချိန်က ပညာအရှိဆုံးဟု သတ်မှတ်ခံရသော ရှောလမုန်မင်း၏ကလောင်လက်ရာများဖြစ်သည် (၃ ရာ ၁၀:၂၃)။ သုတ္တံကျမ်း၌ အခန်းကြီး ၃၁ ခန်းပါရှိပြီး၊ "ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏အချုပ်အခြာဖြစ်၏" (၁:၇) ဟူသည့် အဓိကကျမ်းပိုဒ်နှင့် အစပြုကာ ဖတ်ရှုသူများအား…

အဘမဲ့ မဟုတ်ပါ

John Sowers (ဂျွန်စိုးဝါးစ်)က "Fatherless Generation" (အဘမဲ့ မျိုးဆက်) စာအုပ်တွင် ၂၅ သန်းသော ကလေးသူငယ်များသည် ဖခင်မရှိသောအိမ်ထောင်များမှ ကြီးပြင်းလာကြသူများဖြစ်ပြီး မည်သည့်မျိုးဆက်တွင်မှ မတွေ့ရှိခဲ့ဖူးပါ" ဟုရေးသားခဲ့သည်။ ကျွန်တော်၏ ကိုယ်တိုင်အတွေ့အကြုံအရ ကျွန်တော့်ဖခင်နှင့်လမ်းတွင် တိုက်မိသည့်တိုင် ကိုယ့်အဖေဖြစ်မှန်း ကိုယ်သိမည်မဟုတ်ပါ။ ကျွန်တော့်မိဘများသည် ကျွန်တော်ငယ်စဉ်ကပင် ကွာရှင်းခဲ့ကြပြီး ဖခင်၏ဓာတ်ပုံအားလုံး မီးရှို့ခံလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်သည် နှစ်ပေါင်းများစွာ ဖခင်မဲ့ဖြစ်ခဲ့ရသည်။ ထို့နောက် အသက် ၁၃ နှစ်အရွယ်တွင် သခင်ဘုရား၏ပတ္ထနာတော် (မ ၆:၉-၁၃)ကို ကြားဖူးခဲ့ပြီး "ကျွန်တော်၌ လောကဖခင်မရှိသော်လည်း ယခုအခါ ထာဝရဘုရားသည် ကျွန်တော်၏ ကောင်းကင်ဖခင်ပါလား"ဟု ရေရွတ်မိသည်။

ရှင်မဿဲခရစ်ဝင် ၆:၉ တွင် "ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော ..."ဟု ဆုတောင်းရန် သွန်သင်ထားသည်။ အခန်းငယ် ၇…

ယုံကြည်ခြင်းကို မျှဝေရာ၌

လူများရှေ့စကားဟောပြောရန် ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ အကြံဉာဏ် တောင်းရန် ကျွန်မကို အယ်လဲန် လာတွေ့သည်။ အခြားသူများနည်းတူ နှလုံးခုန်မြန်ခြင်း၊ ပါးစပ်ထဲ အာစေးထည့်ခံရသကဲ့သို့ ဖွင့်မရဘဲ အာခေါင်ခြောက်လာခြင်း၊ မျက်နှာနီမြန်းလာခြင်းများ ခံစားရသည်။ "Glossophobia" သည် လူအများ ဖြစ်လေ့ဖြစ်ထရှိသော လူမှုရေးကြောက်ရွံ့မှုတစ်ခုဖြစ်ပြီး သေရမှာထက် အများရှေ့ စကားပြောရမည်ကို ပို၍ပင်ကြောက်သည်ဟု လူအများက ဟာသလုပ် ပြောဆိုကြသည်။ "ပီပြင်စွာ မလုပ်ဆောင်နိုင်"မှာကို စိုးကြောက်သောစိတ်ကို အောင်နိုင်ရန် ကောင်းမွန်စွာ ပြောဆိုနိုင်မှုအပေါ် အာရုံမထားဘဲ မိမိပြောလိုသော အချက်အပေါ်၌သာ အလေးထားရန် အယ်လဲန် ကို ကျွန်မအကြံပြုခဲ့သည်။

လူတစ်ဦး၏နှုတ်စွမ်းရည်ထက် သူဝေမျှသည့် "အကြောင်းအရာ"အပေါ်၌သာ အာရုံပြောင်းခြင်းသည် အခြားသူများအား ဘုရားသခင်ထံ ပြညွှန်သော ရှင်ပေါလု၏နည်းလမ်းနှင့် အလားတူပင်ဖြစ်သည်။ ကောရိန္သုအသင်းတော်သို့ ရေးပို့သောစာတွင် သူ့စကားနှင့်ဒေသနာသည် "လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွရှိသည်မဟုတ်" (၁ ကော၂:၄)၊ သခင် ယေရှုခရစ်တစ်ပါးတည်းနှင့် လက်ဝါးကပ်တိုင်ပေါ်တွင် သခင်၏အသေခံတော်မူခြင်း၌…

ဘုရားသခင်၌ ယုံကြည်ကိုးစားပါ၏

အမေရိကန်တော်လှန်ရေးစစ်ပွဲ အစပိုင်းရက်များတွင် Quebec(ကွီးဘက်)မြို့၌ရှိသည့် ဗြိတိသျှတပ်များကို တိုက်ထုတ်ရန် စစ်ဆင်ရေးအဖွဲ့ကို စေလွှတ်လိုက်သည်။ထိုအဖွဲ့သည် Massachusetts (မက်စက်ချူးဆက်)ပြည်နယ် Newburyport (နယူးဘယ်ရီပို့တ်)မြို့ကို ဖြတ်ကျော်ပြီး ကနေဒါနိုင်ငံသို့သွားသောလမ်းတွင်ရှိသည့် နာမည်ကျော် ဧဝံဂေလိဆရာ George Whitefield (ဂျော့ဂျ်ဝှိုက်ဖီးလ်)၏အုတ်ဂူ သို့သွားရောက်လည်ပတ်ခဲ့သည်။ သူ၏ခေါင်းတလားသည် ပွင့်လျက်ရှိပြီး သူ၏ ဘုန်းတော်ကြီးဝတ်စုံ လည်ပတ်နှင့်လက်ပတ်တို့ကို ဖယ်ရှားထားသည်။ သူ့ဝတ်စံုကို အပိုင်းပိုင်းဆုတ်ဖြဲပြီး အဖွဲ့ဝင်များဆောင်ထားရန် ဝေပေးသည်။ ၎င်းသည် စစ်သည်များအား စစ်အောင်လိမ့်မည်ဟု ယုံမှားစေသည်။

စစ်ဆင်ရေးအဖွဲ့သည် မအောင်မြင်ခဲ့ပါ။ ကျွန်ုပ်တို့လူသားများသည် ဘုရားသခင်နှင့်ဆက်ဆံ‌‌ရေးထက် မိမိကောင်းစားရေးအတွက် ငွေကြေး၊ လူ၏ ခွန်အားအစွမ်း (သို့) ဘာသာရေးဓလေ့ အဆောင်များကိုသာ ပို၍ မှီခိုလိုကြောင်း စစ်သည်များက သက်သေပြနေသည်။ အာရှုရိလူတို့ ကျုးကျော်ခြိမ်းခြောက်လာ စဥ် ဣသရေလလူတို့သည် အပြစ်မှနောင်တရပြီး ဘုရားရှင်ထံလှည့်ပြန်ရမည့် အစား ဖာရောမင်းထံ အကူအညီတောင်းခဲ့သည်။ "ဣသရေလအမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ အရှင်ထာဝရဘုရား…

သန့်ရှင်းရေးနည်းလမ်း

ကလေးနှစ်ဦးသည် Happy Birthday သီချင်းကို တစ်ယောက်နှစ်ခေါက်စီဆိုပြီး လက်ဆေးကြသည်။ "ထိုအချိန်လောက်ထိဆေးမှ သာလျှင် ရောဂါပိုးမွှားများကို ဖယ်ရှားနိုင်မည်" ဟုသူတို့၏မိခင်က ပြောပြထားသည်။ ကိုဗစ်-၁၉ ကပ်ဆိုးကြီး မတိုင်မီကပင် မည်ကဲ့သို့ လက်ဆေးရမည်ကို သူတို့ သင်ယူပြီးသားဖြစ်သည်။

အရာရာကို သန့်ရှင်းအောင်ထားရခြင်းက ငြီးငွေ့ဖွယ်ဖြစ်ကြောင်း ကပ်ရောဂါ ကျသည့်ကာလတွင် ကျွန်ုပ်တို့သိခဲ့ရလည်း အပြစ်များကိုဆေးကြောတိုက်ချွတ်ခြင်း သည် ဘုရားသခင်ထံသို့ ပြန်လည်ဦးတည်လျှောက်လှမ်းခြင်း အဓိပ္ပာယ် ဖြစ်သည်။

ရောမအင်ပါယာ အရပ်ရပ်သို့ ကွဲပြန့်သွားသော ယေရှုကိုယုံကြည်သူများအား ဘုရားထံဦးလှည့်ပြန်လာကြရန် ရှင်ယာကုပ် နှိုးဆော်ခဲ့သည်။ ငြင်းခုံမှုနှင့် တိုက်ခိုက်မှုများ ဝိုင်းရံလျက်၊ တစ်ဦးတည်း ထင်ပေါ်ကျော်ကြားလိုခြင်း၊ စည်းစိမ်၊ လောက ပျော်ပါးမှု၊ ငွေကြေးနောက်လိုက်ခြင်း၊ အသိအမှတ်ပြုခံလိုခြင်းတို့က သူတို့ကို ဘုရား ရှင်၏ရန်သူအဖြစ်သို့ တွန်းပို့နေသည်။ ထို့ကြောင့် "ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သင်တို့ထံက ထွက်ပြေး သွားလိမ့်မည်။…

ဘုရားသခင်အား ချီးမြှောက်ရန် ရွေးချယ်ခြင်း

Leo Tolstoy (လီယိုတော်စတွိုင်း) ရေးသားသည့် ‘မိသားစုပျော်ရွှင်မှု’ လုံးချင်းဝတ္ထုတိုတွင် အဓိက ဇာတ်ကောင် ဆာဂေးနှင့် မားရှာ တို့သည် မားရှာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသည့်အရွယ်တွင် တွေ့ဆုံခဲ့ကြသည်။ ဆာဂေး က အသက်ပိုကြီးပြီး မားရှာနေထိုင်သော ကျေးလက်မက လောကကြီးအကြောင်းကို ကောင်းစွာသိကျွမ်းသူ၊ နေရာအနှံ့ နှံ့စပ်သွားလာသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ အချိန်ကြာသော် သူတို့နှစ်ဦးသည် မေတ္တာမျှပြီး ထိမ်းမြားလက်ထပ်ခဲ့ကြသည်။

တောနယ်ဒေသတွင် အခြေချကြသော်လည်း မားရှာ ခမျာ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့သဖြင့် သူ့ကိုချစ်သော ဆာဂေး က စိန့်ပီတာစ်ဘတ် မြို့တော်သို့ သွားရောက် လည်ပတ်စေခဲ့သည်။ မြို့ကြီးပြကြီးတွင် မားရှာ၏ အလှနှင့်ဆွဲဆောင်မှုသည် ပေါ်လွင်ထင်ရှားသွားသည်။ သူတို့ဇနီးမောင်နှံ အိမ်ပြန်ခါနီးတွင် မင်းသားတစ်ပါး သည် သူမကို တွေ့ဆုံရန် ရောက်လာသည်။ ဆာဂေး သည် မားရှာ အား အတင်း အကြပ် ပြန်ခေါ်သွားနိုင်သော်လည်း…

အလောတကြီး ဆုတောင်းချက်မဟုတ်

ဟာဝိုင်ယီကျွန်းသားတို့သည် ဂူဘုရားအပြင်ဘက်တွင် ကြာမြင့်စွာထိုင်လျက် ဂူဘုရားထဲသို့ဝင်ရန် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ကြသည့်အကြောင်းကို Alice Kaholusuna (အဲလစ်ကာဟိုလူစူနာ)က ဆိုသည်။ ဂူဘုရားထဲသို့ဝင်လာပြီးနောက် တွင်လည်း ယဇ်ပလ္လင်သို့ ရိုကျိုးစွာ တိုးဝင်ချဉ်းကပ်ပြီး မိမိတို့ဆုတောင်းချက်များကိုဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဂူဘုရားအပြင်ဘက်သို့ထွက်ပြီး တစ်ဖန် ကြာမြင့်စွာပြန်ထိုင်လျက် ဆုတောင်းချက်အတွက် "အသက်ရှူသွင်း"ကြသည်။ ထိုကျွန်းသို့ သာသနာပြုများရောက်လာသောအခါ ၎င်းတို့၏ဆုတောင်းပုံသည် ဒေသခံများအတွက် ထူးဆန်းနေပါသည်။ သာသနာပြုများသည် မတ်တပ်ရပ်ကာ စကားလုံးအနည်းငယ်ရွတ်ဆို ဆုတောင်းပြီး 'အာမင်' ဟု အဆုံးသတ်လိုက်သည်။ ဟာဝိုင်ယန်များက ၎င်းကို "အသက်မရှုဘဲဆုတောင်းခြင်း" ဟုခေါ်ဆိုကြသည်။

အဲလစ် ပြောပြသည့်အဖြစ်အပျက်က ဘုရားသားသမီးများသည် "ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင်ကို သိမှတ်ရန်”အခွင့်အရေး (ဆာ ၄၆:၁၀)ကို မရယူကြောင်း ဖော်ပြနေသည်။ အလွှဲမယူပါနှင့်။ ကျွန်ုပ်တို့၏ဆုတောင်းသံများ မြန်ဆန်သည် ဖြစ်စေ၊ နှေးကွေးသည်ဖြစ်စေ၊ ဘုရားသခင် နားညောင်းပါသည်။ သို့သော် ဘဝ အသက်တာသည် နှလုံးသား၏တည်ငြိမ်မှုအဟုန်ကို…

ကျေနပ်ရောင့်ရဲခြင်း၏လျှို့ဝှက်ချက်

Joni Eareckson Tada (ဂျိုနီ အဲရစ်စန် တာဒါ)သည် ရေကူးခြင်း၌ မတော်တဆဖြစ်မှုကြောင့် တစ်ကိုယ်လုံးအကြောသေသွားပြီး အိမ်သို့ပြန်လာ သောအခါ သူမဘဝ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဘီးတပ်ကုလားထိုင်ဖြင့် ဝင်ရန် တံခါးပေါက်များက ကျဉ်းနေပြီး လက်ဆေးကန်လည်း အရမ်းမြင့်သွား သည်။ မိမိဘာသာ စားသောက်နိုင်ရန် မသင်ယူခင် တစ်စုံတစ်ဦးက သူမကို အစာခွံ့ရသည်။ ဇွန်းကို ပါးစပ်ထဲသွင်းရန် လက်မောင်းကို ပထမဆုံးအကြိမ် လှုပ်လိုက်သည့်အခါ ပန်းသီးဆော့စ်များ အင်္ကျီပေါ် ဖိတ်စင်သွားသည့်အတွက် ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။ သို့သော် သူမရှေ့ဆက်ခဲ့သည်။ သူမပြောခဲ့သလိုပင် "ကျွန်မရဲ့ လျှို့ဝှက်ချက်က သခင်ယေရှုအပေါ်မှီခိုပြီး၊ အိုး ... ဘုရားသခင် ဒါလုပ်နိုင်ဖို့ ကျွန်မကိုကူညီပါလို့ ပြောနိုင်ဖို့ သင်ယူခဲ့ရခြင်း"ပင်ဖြစ်သည်။ ယနေတွင် သူသည် ဇွန်းကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီဖြစ်သည်။

Joni က သူမ၏အကန့်အသတ်သည် အခြားသောချုပ်နှောင်မှုတစ်ခုကို မြင်လာစေသည်ဟု…

ဘ၀၏နှစ်သက်စွဲလန်းမှု

လွန်ခဲ့သောနှစ်များစွာက ညနေခင်းတစ်ခုတွင် ကျွန်တော်တို့ဇနီးမောင်နှံသည် သူငယ်ချင်းနှစ်ယောက်တို့နှင့်အတူ တောင်လမ်းကြောတစ်လျှောက် ပြန်ဆင်းခဲ့ ကြသည်။ လမ်းက ကျဉ်းမြောင်းပြီး တစ်ဘက်ခြမ်းတွင် မတ်စောက်သော တောင်စောင်းများ ပတ်လည်၀န်းရံနေသည်။ အခြားတစ်ဘက်ခြမ်းတွင် ပြန်တက် ၍မရနိုင်သော ချောက်ကမ်းပါးတစ်ခုရှိသည်။

တောင်အကွေ့တစ်ခုသို့အရောက်တွင် ကြီးမားသောဝက်ဝံကြီးတစ်ကောင်က ခေါင်းကိုဝှေ့ယမ်း၊ နှာမှုတ်ထုတ်‌ရင်း လှည့်ပတ်သွားနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့က လေညာဘက်၌ရှိနေခြင်းကြောင့် ကျွန်တော်တို့ ရှိသည်ကို သူမရိပ်မိသေးပါ။ သို့သော် မကြာမီ သူသတိထားမိလိမ့်မည်။

ကျွန်တာ့်သူငယ်ချင်းက "အိုး၊ ငါဓာတ်ပုံရိုက်သင့်တယ်" ဟုဆိုကာ သူမ၏ ဂျာကင်ထဲ၌ ကင်မရာကို လှန်လှောရှာနေသည်။ ကျွန်တော်ကမူ ဤအခြေအနေ အပေါ် သက်တောင့်သက်သာမရှိလှသဖြင့် "မရိုက်နဲ့။ ငါတို့ ဒီနေရာက ထွက်ရ မယ်" ဟု ပြောလိုက်သည်။ သို့နှင့် ကျွန်တော်တို့ကို မမြင်ရလောက်သည့်နေရာ အထိ တိတ်တဆိတ် ဆုတ်ခွာခဲ့ပြီးနောက် ထွက်ပြေးခဲ့ကြသည်။

ချမ်းသာကြွယ်ဝလိုသည့် တပ်မက်မှုနှင့်စပ်လျဥ်း၍ ကျွန်တော်တို့…

ဘုရားသခင်၏ကွယ်ကာမှု

ချုပ်အပ်၊ နွားနို့၊ မှို၊ ဓာတ်လှေကား၊ မီးဖွားခြင်း၊ ပျားများ၊ မွှေစက်ထဲရှိ ပျားများသည် Monk အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းမှ စုံထောက်လည်းဖြစ်၊ အဓိက ဇာတ်ကောင်လည်းဖြစ်သော Mr Adrian Monk (ဦးအေဒယန်မော့)၏ မှတ်သား လောက်ဖွယ် ကြောက်စိတ်လွန်ကဲမှုအချို့ဖြစ်သည်။ သို့သော် သူနှင့် နှစ်ရှည် ပြိုင်ဘက် ဖြစ်သူ Harold Krenshaw (ဟေးရတ်ခရန်းရှော) တို့သည် ကားပစ္စည်း ခန်းထဲ၌အတူအပိတ်ခံရချိန်၌ သူ၏ကြောက်စိတ်လွန်ကဲမှုကို သူအောင်မြင်ခဲ့သည်။

Monk နှင့် Harold တို့နှစ်ယောက်လုံး ေကြောက်လန့်နေစဉ် ဒိန်းခနဲအသိ တစ်ချက်ဝင်လာပြီး Monk ၏ထိတ်လန့်မှုများ ရုတ်တရတ်ရပ်တန့်သွားသည်။ "ငါ့အထင်တော့ ငါတို့က မမှန်ကန်တဲ့အမြင်နဲ့ ကြည့်နေမိတယ်နဲ့တူတယ်။ ... ဒီအခန်း၊ ဒီနံရံတွေက ငါတို့ကို ပိတ်လှောင်ထားတာ မဟုတ်ဘူး။ တကယ်တော့ အဲဒါတွေက ငါတို့ကို ကာကွယ်ပေးနေတာ။ ပိုးမွှား၊ မြွေ၊…